← Chapters

ဧကရာဇ်ဆေးနတ်ဘုရားမျှော်စင်

Vol. 7 Ch. 92

ဧကရာဇ်ဆေးနတ်ဘုရားမျှော်စင်

Vol. 7 Ch. 92

ချွမ်အန်ရဲ့ မီးတောက်လက်ဖဝါးအပြင် ခန္ဓာကိုယ်တစ်ခုလုံးသည် ရုတ်တရက် ထုံဆိုင်းရပ်တန့်သွားခဲ့ပြီး ကျစ်ယန်ကို မထိခိုက်နိုင်ခဲ့ပေ။ ကျစ်ယန်သည် မျက်တောက်တစ်ချက်ခတ်လိုက်တဲ့အခါ ချွမ်အန်သည် အရှိန်အဝါဖိအားမှုတစ်ချက်နဲ့တင် ပေါက်ကွဲ၍ သေဆုံးသွား၏။

ဧရာမရေခဲနဂါးကြီးနဲ့ နတ်သူငယ်အဆင့်ရုပ်သေးရုပ်သည်လည်း အားလုံးကို ရှင်းလင်းပြီးပြီ ဖြစ်သည်။ ဧရာမရေခဲနဂါးကြီးနဲ့ ရုပ်သေးရုပ်သည် ပြန်လည်၍ ပျောက်ကွယ်သွားခဲ့၏။ ကျစ်ယန်သည် ​အလွန်ပင်သန်မာနေလိမ့်မည်လို ယန်ရှန်သည် မထင်ထားခဲ့ပေ။

ယန်ရှန်သည် ကျစ်ယန်ရှေ့သို့ သွားကာ ဒူး၂ဖက် ထောက်ချလိုက်ပြီး " ကျေးဇူးပါ......အကြီးအကဲ " လို့ ပြောလိုက်သည်။

ကျစ်ယန်သည် ယန်ရှန်ရဲ့ ရှေ့မှာတင် ပျောက်ကွယ်၍ သွားခဲ့ပြီး လေလံခန်းမရေရှည်တည်မြဲဖို့အတွက် ခြေတစ်လှမ်း

နောက်ဆုတ်ဖို့ သတိပေးခဲ့၏။

ကျစ်ယန်သည် လေဟာနယ်အက်ကွဲကြောင်းမှ တဆင့် ခရီးအဝေးကြီးအား ခရီးနှင်လာခဲ့သည်။ ကျစ်ယန်သည် နေရာတစ်ခုသို့ ရောက်တဲ့အခါ ရပ်တန့်လိုက်၏။ ကျစ်ယန်မြင်တွေ့လိုက်ရသည့်နေရာမှာ ဧကရာဇ်ဆေးနတ်ဘုရားမျှော်စင်ဟု အမည်တွင်သောမှော်အဂ္ဂိတ်ဆေးဆရာစမ်းသပ်ခြင်းမျှော်စင်ပင် ဖြစ်သည်။

ကျစ်ယန်သည် မြေပြင်သို့ ဆင်းသက်လိုက်ပြီး ဝင်ပေါက်ကို ဦးတည်လာခဲ့၏။ ကျစ်ယန်လမ်းလျှောက်နေစဥ်တွင် ရွှေရောင်ဓားမြှောင်တစ်ခုသည် လျင်မြန်သော နှုန်းဖြင့် နောက်ကွယ်မှ ရောက်ရှိလာခဲ့သည်။

ကျစ်ယန်သည် နောက်သို့ပင် မလှည့်ဘဲ ရွှေရောင်ဓားမြောင်အား ထိန်းချုပ်လိုက်ပြီး ရှေ့သို့ဆက်သွားခဲ့၏။ အနီရောင်ဂါဝန်ဖြင့်မိန်းမပျိုသည် မြေကြီးပေါ်သို့ ပြုတ်ကျနေသော သူ့ဓားမြှောင်အား ပြန်စုပ်ယူလိုက်ပြီး "စိတ်ဝင်စားစရာပဲ...." လို့ ပြုံးကာ ပြောလိုက်သည်။

ကျစ်ယန်သည် ဆေးနတ်ဘုရားမျှော်စင်အတွင်းသို့ ရောက်တဲ့အခါ တန်းစီနေသော လူများစွာကို တွေ့လိုက်ရ၏။ ကျစ်ယန်ဝင်လာသည်ကို မြင်တဲ့အခါ ဧည့်ကြိုမိန်းကလေးသည် ချက်ချင်းပင် ရောက်ရှိလာခဲ့ပြီး "မင်္ဂလာပါ...သခင်လေး ၊ အဂ္ဂိရတ်ဆရာအဆင့်ကို စမ်းသပ်ဖို့ အရင်ဆုံး ဒီနေရာမှာ တန်းစီရပါမယ် " လို့ ချိုသာစွာ ပြောလိုက်၏။

အနီရောင်ဂါဝန်ဖြင့် မိန်းမပျိူသည် ကျစ်ယန်ဘေးသို့ ရောက်ရှိလာခဲ့ပြီး "သခင်လေးအဆင်ပြေမယ်ဆိုရင် ကျွန်မနဲ့အတူ အကြီးအကဲချင်းဆီမှာ လိုက်စမ်းသပ်လို့ရတယ် " လို့ ပြုံးရယ်ကာ ပြောလိုက်သည်။

ကျစ်ယန်သည် ထိုမိန်းကလေးမှာ သူ့အား ဓားမြှောင်ဖြင့် နောက်ကွယ်မှ တိုက်ခိုက်သူမှန်း သိလိုက်ရ၏။

သို့သော် သူ့အား သေစေလိုသော ရည်ရွယ်ချက် မရှိကြောင်း ကျစ်ယန်သည် သိရှိထားပြီးဖြစ်သည်။ ဧည့်ကြိုမိန်းကလေးသည် "သခင်မလေးချွေကို အကြီးအကဲကြီးက မျှော်လင့်နေတာကြာပါပြီ" လို့ ပြောလိုက်၏။

တန်းစီနေသော လူများသည် ကျစ်ယန်ကို ကြည့်၍ "အဲ့ကောင်ကံအရမ်းကောင်းတာပဲ ၊ မိန်းကလေးချွေဟန်ရဲ့ ဖိတ်ကြားခြင်းခံရတာပဲ " လို့ ပြောလိုက်သည်။ ကျစ်ယန်ရောက်ရှိနေသော တိုင်းပြည်မှာ ယင်အသူရာ တိုင်းပြည်ပင် ဖြစ်၏။

ယင်အသူရာတိုင်းပြည်တွင် ကျင်းဖန်နတ်ဓားဂိုဏ်း ၊ လောင်ချန်းဝိညဥ်​ဖြိုဂိုဏ်း နဲ့ ချွေတီဂိုဏ်းတို့သည် အင်အားအကြီးဆုံး ဂိုဏ်းသုံးဂိုဏ်းပင် ဖြစ်သည်။ ချွေဟန်သည် ချွေတီဂိုဏ်းရဲ့အစစ်အမှန် တပည့်

တစ်ယောက်ဖြစ်သည့်အပြင် အဂ္ဂိရတ်ပညာရပ်မှာလဲ ထူးချွန်သော မိန်းကလေးဖြစ်၏။

ကျစ်ယန်သည် လက်နှစ်ဖက်ဆုပ်လိုက်ပြီး "ကျေးဇူးပါ......မိန်းကလေးချွေဟန်" လို့ ဆိုလိုက်သည်။ ချွေဟန်နဲ့ ကျစ်ယန်သည် ဧည့်ကြိုမိန်းကလေးခေါ်ဆောင်လာသော အခန်းထဲကို ရောက်ရှိလာခဲ့၏။

ဆံပင်အဖြူရောင်ရှိသော လူလတ်ပိုင်းယောကျာ်းတစ်ဦးသည် ချွေဟန်ကို မြင်သည့်အခါ ပြုံးသွားပြီး "ငါ့ရှိလာဖို့.....

သတိရသေးတယ်ပေါ့ " လို့ ပြောလိုက်သည်။ ချွေဟန်သည် ပြုံးရွင်စွာဖြင့် "ချွေဟန်....ဂိုဏ်းမှာကိစ္စလေးရှိနေလို့ပါ အကြီးအကဲခုန်း" လို့ ဆိုလိုက်၏။

ထူးခုန်းလို့ခေါ်သည့် လူသည် ငွေအဆင့်ကြယ်၃ပွင့်အဂ္ဂိရတ်ဆရာတစ်ပါးပင်ဖြစ်၍

ဧကရာဇ်ဆေးနတ်ဘုရားမျှော်စင်ရဲ့ အရေးပါသော အကြီးအကဲတစ်ယောက်ပင် ဖြစ်သည်။ ထူးခုန်းသည် ချွေဟန်နဲ့အတူပါလာသော ကျစ်ယန်ကို တစ်ချက်ကြည့်လိုက်ပြီး "သူက......ဘယ်သူလဲ" လို့ မေးလိုက်၏။

ချွေဟန်သည် လူတစ်ယောက်ရဲ့အရည်အချင်းကို စမ်းသပ်ချင်စိတ်ရှိတဲ့အခါ သူ့ရဲ့ဓားမြှောင်ဖြင့် နောက်ကွယ်တိုက်ခိုက်လေ့ရှိသည်။ သူသည် ကျစ်ယန်ကို နောက်ကွယ်မှ တိုက်ခိုက်ခဲ့ကြောင်းနဲ့ တောင်းပန်တဲ့အနေနဲ့ သူနဲ့အတူ ခေါ်လာကြောင်း ပြောပြလိုက်၏။

ထူးခုန်းသည် ရေနွေးခွက်ကို လှုပ်သောက်လိုက်ပြီး "အတော်ဆိုးတဲ့.....ကလေးမပဲ ! လို့ ရေရွတ်လိုက်သည်။ ထူးခုန်သည် ထိုင်နေရာမှ ထလိုက်ပြီး "မင်းတို့၂ယောက် စာမေးပွဲဖြေဖို့ အဆင်သင့် ဖြစ်ပြီလား " လို့ မေးလိုက်သည်။

ချွေဟန်နဲ့ကျစ်ယန်သည် ခေါင်းငြိမ့်လာတဲ့အခါ ထူးခုန်းသည် မျှော်စင်အတွင်းတွင်ရှိသော အဂ္ဂိတ်ဆရာစစ်ဆေးစမ်းသပ်ခြင်းခန်းမကို ခေါ်ဆောင်လာခဲ့သည်။

ထူးခုန်းသည် အခန်း၃ခန်း ရှိသောနေရာသို့ ရောက်တဲ့အခါ ရပ်တန့်လိုက်ပြီး "အခန်းတိုင်းမှာ မင်းတို့ရဲ့ ရလာဒ်တွေကို စစ်ဆေးပေးမယ့် ဆရာအကြီးအကဲတွေရှိတယ် ၊ သူတို့ကို မစော်ကားမိစေနဲ့ " လို့ ပြောကာ ထွက်ခွာသွားခဲ့၏။

ချွေဟန်သည် အခန်း၃ခန်းအကြောင်း ရှင်းပြလိုက်သည်။ ပထမဆုံးအခန်းသည် ကြေးအဆင့်အဂ္ဂိရတ်ဆေးဖော်စပ်သူများစမ်းသပ်ရန်ဖြစ်၏။ ဒုတိယအခန်းသည် ငွေအဆင့်အဂ္ဂိရတ်ဆေးဖော်စပ်သူများစမ်းသပ်ဖို့ဖြစ်ပြီး တတိယအခန်းကတော့ ရွှေအဆင့်အဂ္ဂိရတ်ဆေးဖော်စပ်သူများစမ်းသပ်ရန်သာ ဖြစ်သည်။

All Chapters