ရွှေအဆင့်အဂ္ဂိရတ်ဆရာ
Vol. 7 Ch. 93
ဧကရာဇ်ဆေးနတ်ဘုရားမျှော်စင်တွင် ရွှေအဆင့်အဂ္ဂိတ်ဆေးဆရာမှာ ၂ယောက်ပင်ရှိပြီး ၁ယောက်သည် အခန်းထဲမှ မထွက်လာသည် နှစ်ပေါင်းများစွာ ကြာမြှင့်နေပြီ ဖြစ်၏။
ချွေဟန်သည် ရှင်းပြပြီးတဲ့နောက် ကျစ်ယန်ကို နှုတ်ဆက်၍ ဒုတိယအခန်းထဲကို ဝင်သွားခဲ့သည်။ကျစ်ယန်သည် စိတ်ဝိညဥ်တစ္ဆေကျင့်စဥ်ကို ကျွမ်းကျင်သွားပြီးနောက် စိတ်ဝိညဥ်စွမ်းအား ထိန်းချုပ်မူသည် ထိပ်ဆုံးကို ရောက်ရှိသွားပြီဖြစ်၏။
ကျစ်ယန်သည် တည်ငြိမ်အေးစက်စွာနဲ့ပဲ တတိယတံခါးပေါက်သို့ ဝင်သွားခဲ့သည်။
ကျစ်ယန်သည် အထဲသို့ ရောက်ရှိသွားတဲ့အခါ လူသုံးယောက်ကို တွေ့လိုက်ရ၏။
ထိုလူသုံးယောက်ရဲ့ ရင်ဘတ်တွင် အဂ္ဂိရတ်ရင်ထိုးတံဆိပ်ပြားကို တပ်ဆင်ထားသည်။
၂ယောက်သည် ငွေအဆင့်အဂ္ဂိရတ်ဆေးဆရာဖြစ်ပြီး ကျန်၁ယောက်ကတော့ ရွှေအဆင့်အဂ္ဂရိတ်ဆေးဆရာတစ်ယောက်ပင် ဖြစ်၏။ကျစ်ယန်သည် တည်ငြိမ်စွာနဲ့ပဲ နှုတ်ဆက်လိုက်သည်။
စစ်ဆေးသူအကြီးအကဲ၃ယောက်သည် ကျစ်ယန်ရဲ့ စိတ်ဝိညဥ္စွမ်းအားကို စမ်းသပ်တိုက်ခိုက်လိုက်၏။ ၃ယောက်လုံးသည် ကျစ်ယန်ရဲ့ စိတ်ဝိညဥ္စွမ်းအားအနားတောင် မကပ်နိုင်တဲ့အခါ ကြောင်အ၍ သွားသည်။
ကျစ်ယန်ရဲ့စိတ်ဝိညဥ်စွမ်းအားမှာ သူတို့၃ယောက်ထက်ပင် သာလွန်နေလိမ့်မည်လို့ မထင်ထားကြပေ။ ငွေအဆင့်ဆေးဖော်စပ်ဆရာတစ်ယောက်သည် သူ့လက်ချောင်းများကို လှုပ်ရှားလိုက်တဲ့အခါ ဆေးအမယ်များစွာထည့်ထားသော အိုးလေးများ ထွက်ပေါ်လာခဲ့၏။
ရွှေအဆင့်ဆေးဖော်စပ်ဆရာသည် "အငယ်လေး....ဒီဆေးအမယ်တွေနဲ့ မင်းကြိုက်တဲ့ဆေးလုံးဖော်စပ်နိုင်တယ် ၊ စည်းကမ်းတွေကတော့ ငါပြောဖို့လိုမယ်မထင်ဘူး " လို့ ပြောလိုက်သည်။ ကျစ်ယန်သည် ခေါင်းငြိမ့်လိုက်ပြီး ဆေးအမယ်အများစုကို စုပ်ယူလိုက်ပြီး ဗန်းလေးတစ်ခုပေါ်သို့ တင်လိုက်၏။
ရွှေအဆင့်အဂ္ဂိရတ်ဆရာသည် ကျစ်ယန်ယူလိုက်သောဆေးအမယ်များကို ကြည့်လိုက်ပြီး "မဟုတ်မှလွဲရော သူက အဲ့ဆေးလုံးကို ဖော်စပ်ချင်နေတာလား " လို့ ရေရွတ်လိုက်သည်။ ကျစ်ယန်သည် သူ့ရဲ့ဆေးမီးဖိုအိုးအား ထုတ်လိုက်ပြီး ဆေးအမယ်တစ်ချို့ကို စတင်သန့်စင်လိုက်၏။
ငွေအဆင့်အဂ္ဂိရတ်ဆရာအကြီးအကဲသည် "အကြီးအကဲကြီး...သူက ဘယ်လိုဆေးလုံးမျိူးဖော်စပ်နေတာလဲ " လို့ ဟု မေးလိုက်သည်။ ရွယ်တဟု ခေါ်သော ရွှေအဆင့်အဂ္ဂိရတ်ဆရာသည် တီတိုးစွာဖြင့် "ငါလဲသေချာမသိသေးဘူး ၊ ဆရာတူအကိုသာ ဒီနေရာမှာ ရှိနေရင်တော့ သူသိနိုင်တယ် " လို့ ပြောလိုက်၏။
နာရီအနည်းငယ်ကြာပြီးတဲ့အခါ ကျစ်ယန်သည် ဆေးအမယ်များကို သန့်စင်ပြီးနောက် "ဆေးလုံးဖြစ်ဖို့ အချိန်တန်ပြီ " လို့ ရေရွတ်လိုက်၏။ဆေးမီးဖိုထဲရှိ သန့်စင်သောဆေးရည်လေးများသည် တစ်ခုနဲ့တစ်ခု ရောစပ်၍ ဆေးလုံးအသွင်ကို စတင်ပြောင်းလဲနေပြီ ဖြစ်သည်။
ကြည်လင်နေသော ကောင်းကင်ယံကြီးသည် ရုတ်တရက် မဲမှောင်၍သွားပြီး ကောင်းကင်ယံတွင် လျှပ်စီးတလပ်လပ်ဖြစ်နေသော မိုးကြိုးတိမ်ကြီး စတင်ဖြစ်ပေါ်လာခဲ့၏။
ယင်အသူရာတိုင်းပြည်အတွင်းရှိ လူအများစုသည် ဧကရာဇ်ဆေးနတ်ဘုရားမျှော်စင်ရဲ့ ကောင်းကင်ယံထက်တွင် ထွက်ပေါ်လာသော တိမ်လျှပ်စီးမိုးကြိုးအား ထူးဆန်းစွာဖြင့် ကြည့်နေခဲ့ကြသည်။
တိတ်ဆိတ်ငြိမ်သက်လွန်းသည့် သားရဲတောတစ်ခုထဲတွင် ရှိနေသော လူတစ်ယောက်သည် ကောင်းကင်ယံကို ကြည့်လိုက်ပြီး "ကပ်ဘေးလျှပ်စီးမိုးကြိုးဒုက္ခလား ၊ ငါ့ဘဝမှာ ကပ်ဘေးလျှပ်စီးမိုးကြိုးကို နောက်၁ခေါက် မြင်နိုင်ဖို့ မဖြစ်နိုင်တော့ဘူး ထင်ထားတာ.......ဟားဟားဟား " လို့ အော်ဟစ်ကာ ရယ်မောလိုက်၏။
ရှှီချောင်လို့ ခေါ်သောသူသည် အော်ဟစ်ကာ ရယ်မောလိုက်ပြီးနောက် ဧကရာဇ်ဆေးနတ်ဘုရားမျှော်စင်သို့ လျင်မြန်သော နှုန်းဖြင့် ပျံသန်းလာလေသည်။
ကျစ်ယန်ရှေ့ရှိ အကြီးအကဲသုံးယောက်သည် ထိုင်နေရာမှ ထလိုက်ကြီး တိမ်လျှပ်စီးမိုးကြိုးကို ကြည့်လိုက်ကြပြီး ရွယ်တသည် အံ့အားသင့်စွာအသံဖြင့် "ကမ္ဘာမြေပေါ်မှာ အထွပ်အထိပ်အဆင့်၇ဆေးလုံးတွေ ထွက်ပေါ်လာရင် ဖျက်ဆီးတက်တဲ့ကပ်ဘေးလျှပ်စီးမိုးကြိုးဆိုတာ ဒါလား " လို့ ရေရွတ်လိုက်၏။
ကျစ်ယန်သည် ဆေးဖော်စပ်ရင်း တိမ်လျှပ်စီးမိုးကြိုးကိုကြည့်၍ "ငါရဲ့ကြိုးစားမှုလမ်းမပေါ်ကို ဘယ်သူမှတားခွင့်ရှိမယ်မထင်နဲ့ " လို့ ရေရွတ်လိုက်သည်။တိမ်မြူခိုးကြီးအတွင်းမှ စွမ်းအားကြီးမားသည့် လျှပ်စီးကြောင်းကြီးသည် ကျစ်ယန်တည်ရှိနေသော နေရာအား လျင်မြန်စွာ သက်ဆင်းလာခဲ့၏။
ကျစ်ယန်သည် သူ့စွမ်းအားဖြင့် ကာကွယ်မည့်ချိန်တွင် "သခင်....ဒီကိစ္စလုံရှန် တာဝန်ထားလိုက်ပါ " ဟုသော အသံထွက်ပေါ်လာခဲ့သည်။ ရွယ်တတို့သည် လျှပ်းစီးမိုးကြိုးကို ကြောက်ရွံသည့်အတွက် ရှေ့သို့ မတိုးခဲ့ပေ။
သို့သော် သူတို့နောက်ကို ရောက်ရှိလာသော
ရှီချောင်သည် သူ့ရဲ့စွမ်းအားများဖြင့် လျှပ်စီးမိုးကြိုးကို ကြားမှ တိုက်ခိုက်လိုက်သည်။ လျှပ်စီးမိုးကြိုးကြီးရဲ့ အင်အားသည် အလွန်သန်မာလွန်းသဖြင့် ရှီချောင်သည် တစ်ချက်လေးတောင် ဒဏ်မခံနိုင်ဘဲ လွင့်ပြန်ထွက်သွားခဲ့၏။
လျှပ်စီးမိုးကြိုးကြီးသည် ကျစ်ယန်နဲ့ အလွန်နီးကပ်စွာ ရောက်ရှိသွားသဖြင့် ကျစ်ယန် ထိခိုက်တော့မည်လို့ ထင်မှတ်သွားကြသည်။ သို့သော် ဧရာမရေခဲနဂါးကြီးသည် လေထဲတွင် အလိုအလျောက် ပေါ်လာခဲ့ပြီး ရေခဲစွမ်းအင်အလင်းတန်းကြီးဖြင့် မိုးကြိုးလျှပ်စီးကြီးအား ခုခံလိုက်၏။
မိုးကြိုးလျှပ်စီးစွမ်းအားနဲ့ ရေခဲစွမ်းအင်အလင်းတန်းတို့ထိတွေ့သွားတဲ့အခါ ကောင်းကင်ယံတွင် ကြောက်စရာကောင်းသည့် ပေါက်ကွဲမှုများ ထွက်ပေါ်လာခဲ့သည်။
ကျစ်ယန်သည် ပေါက်ကွဲမှုုကို ဂရုမစိုက်ဘဲ ဆေးလုံးဖော်စပ်မှုတွင်သာ အာရုံစိုက်နေခဲ့၏။ အချိန်အနည်းငယ်ကြာပြီးနောက် ကျစ်ယန်သည် လက်ချောင်းများကို လှုပ်ရှားလိုက်တဲ့အခါ အဆင့်၇ဆေးလုံးဖြစ်သော မရဏသွေးမိစ္ဆာဆေးလုံး ထွက်ပေါ်လာခဲ့၏။
ဆေးလုံးထွက်ပေါ်လာတဲ့အခါ ကောင်းကင်ယံတစ်ခုလုံး ပြန်ရှင်းလင်းသွားခဲ့ပြီး လုံရှန်သည်လည်း ပြန်ပျောက်ကွယ်သွားခဲ့သည်။
မရဏသွေးမိစ္ဆာဆေးလုံးသည် ကျင့်ကြံမှုအဆင့်ကို တိုးမြှင့်ပေးနိုင်သော အကျိူးအာနိသင်ရှိသည်။
ရှီချောင်နဲ့ ရွယ်တတို့သည် ဆေးမီဖိုအိုးအပေါ်ယံတွင် ရှိနေသော ဆေးလုံးလေးအား သေချာကိုင်ကြည့်လိုက်၏။
ရှီချောင်သည် အံ့အားသင့်စွာ မျက်နှာထားဖြင့် "ဒီဆေးလုံးပဲ......ဒါတကယ် မရဏသွေးမိစ္ဆာဆေးလုံးပဲ" လို့ ရေရွတ်လိုက်သည်။
ကျစ်ယန်သည် တည်ငြိမ်စွာဖြင့်" အကြီးအကဲတို့ ဒီစစ်ဆေးမှုမှာ ကျွန်တော်အောင်မြင်ရဲ့လား " လို့ မေးလိုက်၏။ရှီချောင်သည် ဆေးလုံးအား ကျစ်ယန်ကို ပြန်ပေးလိုက်ပြီး ရွှေအဆင့်အဂ္ဂိရတ်ဆရာတံဆိပ်နဲ့ အမိန့်တံဆိပ်ပြားကို ပေးအပ်လိုက်သည်။