အခန်း (၉၄)
Vol. 7 Ch. 94
ကျစ်ယန်သည် ပစ္စည်းများကို သိုလှောင်ကွင်းထဲသို့ ထည့်သွင်းလိုက်ပြီး ရှီချောင်တို့ကို နှုတ်ဆက်လိုက်၏။ ကျစ်ယန် လှည့်ထွက်တော့မည်ချိန်တွင် ရှီချောင်သည် "အငယ်လေး......မင်းဧကရာဇ်ဆေးနတ်ဘုရားမျှော်စင်မှာ အကြီးအကဲလုပ်ဖို့ စိတ်ဝင်စားလား " လို့ မေးလိုက်သည်။
ကျစ်ယန်သည် ခေါင်းခါ၍ ငြင်းလိုက်ပြီး ဧကရာဇ်ဆေးနတ်ဘုရားမျှော်စင်မှ ထွက်ခွာလာခဲ့၏။ ကျစ်ယန်သည် လေပေါ်သို့ ပျံသန်းတက်လိုက်ပြီး လေဟာနယ်အက်ကွဲကြောင်းကို ဖန်တီးကာ ဝင်သွားခဲ့သည်။
တိတ်ဆိတ်နေသော တောတစ်ခုအတွင်းတွင် လူတစ်စုသည် ထင်းမီးဖိုများဖို၍ အနွေးဓာတ်ရယူနေကြပြီး တချို့မှာ ကင်းလှည့်နေကြ၏။ ကျစ်ယန်သည် ထိုနေရာနဲ့ မလှမ်းမဝေး တစ်နေရာ၏ လေဟာနယ်အက်ကွဲကြောင်းမှ ထွက်ပေါ်လာခဲ့သည်။
ကျစ်ယန်သည် လူစုကြီးကို တွေ့တဲ့အခါ စိတ်ဝိညဥ်စွမ်းအားဖြင့် ကျင့်ကြံမှုအဆင့်များကို စစ်ဆေးလိုက်၏။ ထိုအဖွဲ့ထဲတွင် နတ်သူငယ်အဆင့်ကျင့်ကြံသူ၂ယောက်ပင် ပါနေခဲ့သည်။
မုဖန်ဟု ခေါ်သည့် နတ်သူငယ်အဆင့်ကျင့်ကြံသူသည် ကျစ်ယန်ကို သတိထားမိသွားတဲ့အခါ "ဘယ်ကမိတ်ဆွေလဲ ကျေးဇူးပြုပြီး ထွက်လာခဲ့ပေးပါ "'လို့ ပြောလိုက်၏။
ကျစ်ယန်သည် လျှပ်တစ်ပြက်နှုန်းဖြင့် အားလုံးရှေ့တွင် ထွက်ပေါ်လာခဲ့ပြီး ခရီးသွားတစ်ယောက်ဖြစ်ကြောင်း ပြောလိုက်သည်။
ထိုအဖွဲ့ထဲတွင် မိန်းကလေးငယ်တစ်ယောက်သည် ကျစ်ယန်အား မြင်ဖူးသလို ဖြစ်နေ၍ "ငါ့သူကို ဘယ်နေရာမှာ မြင်ဖူးတာလဲ" လို့ ရေရွတ်လိုက်၏။ ကျစ်ယန်သည် မုဖန်အား လက်နှစ်ဖက်ဆုပ်၍ "အကြီးအကဲ.....ဒီနေရာက ဖုန်းတောက်ဂိုဏ်းနဲ့ ဝေးသေးလား " လို့ မေးလိုက်သည်။
ကျစ်ယန်ရဲ့စကားကြောင့် အဖွဲ့ထဲတွင် ပါသောလူငယ်များစွာသည် ကျစ်ယန်အား စိုက်ကြည့်လိုက်ကြ၏။ မုဖန်သည် တည်ငြိမ်စွာနဲ့ပဲ "ဒီနေရာက ဖုန်းတောက်ဂိုဏ်းနဲ့ မဝေးတော့ဘူးဆိုပင်မယ့် မင်းတစ်ယောက်ထဲသွားရင်တော့ သားရဲတွေရဲ့အစာဖြစ်သွားလိမ့်မယ် " လို့ ပြောလိုက်သည်။
မုဖန်နဲ့ ဆရာတူညီကို ဖြစ်သော ဟောင်လန်သည် "ဆရာတူအကို.....ဘာလို့စကားကို ဝေ့ဝိုက်ပြောနေတာလဲ " လို့ ဝင်ပြောလိုက်၏။ မုဖန်သည် ဒေါသထွက်စွာအမှုအယာဖြင့် ဟောင်လန်ကို ကြည့်လိုက်ပြီး "အဟမ်....အဟမ်......ငါတို့အဖွဲ့ကလဲ ဖုန်းတောက်ဂိုဏ်းကို သွားမှာ ၊ မင်းလိုက်ပါချင်ရင်တော့ တခြားသူတွေလိုပဲ အခကြေးငွေ ပေးရလိမ့်မယ် " လို့ ပြောလိုက်သည်။
ကျစ်ယန်သည် သူ့သိုလှောင်ကွင်းထဲမှ ရွှေဒင်္ဂါးတစ်ချိူ့နဲ့အတူ အဆင့်နိမ့်ဆေးပုလင်းတို့အား မုဖန်ထံသို့ ပေးလိုက်၏။ မုဖန်သည် ပြုံး၍ ယူလိုက်ပြီး "ရှေ့က ရေခဲဘုရင်တောင်နက်ကို ဖြတ်ပြီးရင် မင်းတို့ရောက်ချင်တဲ့ ဖုန်းတောက်ဂိုဏ်းကို ရောက်ပြီ " လို့ အားလုံးကြားအောင် ပြောလိုက်သည်။
ဟောင်လန်သည် ရေခဲဘုရင်တောင်နက်လို့ ကြားလိုက်ရတဲ့အခါ သက်ပြင်းတစ်ချက်ချလိုက်ပြီး အေးစက်စွာအသံဖြင့်"ချင်လင်.......ဒီတစ်ခေါက် မင်းငါလက်ထဲက မလွတ်မြောက်စေရဘူး " လို့ တီးတိုးရေရွတ်လိုက်၏။
အချိန်သည် တစ်ညတာ ကုန်ဆုံးသွားပြီး မနက်နေရောင်သည် ပြန်လည် ထွက်ပေါ်လာခဲ့သည်။ မုဖန်သည် လူများကို စိစစ်လိုက်ပြီးနောက် ရေခဲဘုရင်တောင်နက်ကို ဖြတ်ကျော်ရာလမ်းတွင် အဖွဲ့ထဲမှ ခွဲထွက်မသွားမိစေဖို့ သတိပေးလိုက်၏။
ကျစ်ယန်တို့ အဖွဲ့သည် ဝိညဥ်လှေကြီးဖြင့် နာရီပိုင်းအနည်းငယ်ပျံသန်းထွက်ခွာလာပြီးတဲ့နောက် မုဖန်သည် ဝိညဥ်လှေကြီးပေါ်မှ မြေပြင်ပေါ်ကို ဆင်းသက် စေခိုင်းလိုက်သည်။ ရေခဲဘုရင်တောင်နက်ရောက်ပြီ ဖြစ်၍ တိတ်ဆိတ်စွာ ဖြတ်သန်းသွားလာရမည်ဖြစ်၏။
ရေခဲဘုရင်တောင်နက်အတွင်းတွင် ကျစ်ယန်တို့ အားလုံးသည် လျင်မြန်သောနှုန်းဖြင့် ပြေးလွှားနေကြသည်။ ကျစ်ယန်သည် သတ်ဖြတ်ခြင်းဆန္ဒပြင်းထန်နေသော အငွေ့အသက်ကို ခံစားလိုက်ရတဲ့အခါ ရပ်တန့်လိုက်၏။
ကျစ်ယန်သည် စိတ်ဝိညဥ်စွမ်းအားဖြင့် ဖြန့်ကျက်စစ်ဆေးပြီးတဲ့နောက် ဧရာမပုရွတ်ဆိတ်အနီကောင်ကြီးကို တွေ့လိုက်ရသည်။
ဧရာမပုရွတ်ဆိတ်အနီကောင်ကြီးသည် လူအုပ်စုကြီး ရှိရာသို့ လျင်မြန်သော ခြေချောင်းကြီးများဖြင့် ပြေးလွှားလာနေခဲ့၏။
ကျစ်ယန်သည် အချိန်မနှောင်းချင်တဲ့အတွက် ပုရွတ်ဆိတ်နီကောင်နဲ့ တိုက်ခိုက်ဖို့ စေခိုင်းလိုက်သည်။ဧရာမရေခဲနဂါးကြီးဖြစ်သော လုံရှန်းသည် ကျစ်ယန်ခန္ဓာကိုယ်အတွင်းမှ လျှပ်စီးအလျင်နှုန်းဖြင့် ထွက်ခွာသွားခဲ့၏။
မုဖန်သည် ဧရာမပုရွတ်ဆိတ်အနီကောင်ကြီးရဲ့ အငွေ့အသက်ကို တိကျစွာခံစားမိလိုက်သော်လည်း ပြန်လည်ပျောက်ကွယ်သွားတဲ့အတွက် ထူးဆန်းသလို ဖြစ်သွားခဲ့၏။ အားလုံးသည် ပြေးလွှားနေရင်း ရုတ်တရက် ပြင်းထန်သော စွမ်းအားအရှိန်အဝါတစ်ခုသည် အားလုံးကိုယ်ပေါ်သို့ ကျရောက်လာခဲ့သည်။
နတ်သူငယ်အဆင့် မရောက်ရှိသေးသော
သူတိုင်း ဖိအားဒဏ်ကို မခံနိုင်တဲ့အခါ မြေပြင်ပေါ်သို့ ဒူးထောက်ကာ ကျသွားကြ၏။ ဧရာမပင့်ကူကြီးတစ်ကောင်သည် သစ်ပင်တစ်ခုအပေါ်မှ အားလုံးရှေ့ကို ထွက်ပေါ်လာလေသည်။
ဟောင်လန်သည် ထိုပင့်ကူကြီးကို မြင်တဲ့အခါ နတ်သူငယ်အဆင့်စွမ်းအားကို ထုတ်လွှတ်လိုက်ပြီး "ချင်လင်.....နောက်ဆုံးတော့ မင်းထွက်ပေါ်လာပြီပဲ " လို့ ရေရွတ်လိုက်ပြီး
စတင်တိုက်ခိုက်လေသည်။ဟောင်လန်သည် လေပေါ်သို့ တက်လိုက်ပြီး သူ့လက်ချောင်းများကို လှုပ်ရှားကာ "သေလမ်းဓါးစီရင်ခြင်းကျင့်စဥ် " လို့ ရေရွက်လိုက်၏။
ဧရာမဓားဝိညဥ်စွမ်းအားကြီးသည် ပင့်ကူနီကြီးရဲ့ ကောင်းကင်ယံပေါ်မှ ထိုးဆင်းလာခဲ့သည်။သို့သော် ဧရာမဓားဝိညဥ္ကြီးသည် ပင်ကူနီကြီးရဲ့ ခြေလက်နှစ်ဖက်တိုက်ခိုက်မှုအောက်တွင် ပျောက်ကွယ်သွားခဲ့သည်။
ဟောင်လန်သည် သူ့စွမ်းအားများကို ထပ်မံစုစည်းရင်း " မုဖန်.....မင်းသူတို့အားလုံးကို ဒီနေရာက အမြန်ဆုံးခေါ်သွားတော့ "လို့ မြန်မြန်ပြောလိုက်၏။ မုဖန်သည် သူ့လက်ဖဝါးအတွင်းမှ တြိဂံသဏ္ဍာန်ရတနာကို အသက်သွင်းလိုက်တဲ့အခါ ရွှေရောင်တြိဂံဒိုင်းကာကြီး ထွက်ပေါ်လာခဲ့သည်။
မုဖန်သည် သူ့ရဲ့ ဒိုင်းကာအတွင်းကို ဝင်လာဖို့ မိန့်ကြားလိုက်၏။ ခဏလေးအတွင်းမှာပဲ လူစုံသွားတဲ့အခါ မုဖန်သည် တိုက်ခိုက်နေသော ဟောင်လန်ကို ကြည့်လိုက်ပြီး "ချင်လင်တိုင်းပြည်ရဲ့ ဝင်ပေါက်ဝမှာ ငါစောင့်နေမယ် " လို့ အသံစွမ်အင်လှိုင်းဖြင့် ပြောလိုက်ပြီး အားလုံးနဲ့အတူ ထွက်ခေါ်လာခဲ့သည်။
ပင့်ကူနီကြီးသည် ချင်လင်မြို့၏ အစောင့်သားရဲတစ်ကောင်ဖြစ်၏။ ပင့်ကူနီကြီးနဲ့ ဟောင်လန်သည် အပြန်အလှန်တိုက်ခိုက်ရင်း ကျန်နေခဲ့သည်။
အချိန်အနည်းငယ် ကြာပြီးနောက် ကျစ်ယန်တို့အဖွဲ့သည် ချင်လင်မြို့ ဝင်ပေါက်ကို ရောက်ရှိလာခဲ့၏။ ချင်လင်မြို့အတွင်းတွင် အဆင့်၄ထပ်ရှိသော မျှော်စင်တစ်ခုရှိ၏ ။ မျှော်စင်၏ အပေါ်ဆုံးအထပ်
ရှိ အခန်းတစ်ခုထဲတွင် ရှိနေသော လူ၁၀ယောက်လုံးသည် တစ်ပြိုင်နက်ထဲ သွေးများအန်လိုက်ကြရသည်။