ဂိုဏ်းတပည့်ပြိုင်ပွဲ (၁)
Vol. 7 Ch. 95
လန်းရီလို့ ခေါ်သော အဖွဲ့ခေါင်းဆောင်သည် ပေနေသော သူ့သွေးများကို သုတ်လိုက်ပြီး ဒေါသထွက်စွာအသံဖြင့် "နတ်သူငယ်အဆင့်၅ရှိတဲ့ ရေခဲနဂါးက ဘယ်လိုလုပ်ပြီး ရေခဲဘုရင်တောင်နက်ထဲ ရောက်နေတာလဲ " လို့ ပြောလိုက်၏။
လန်းရီသည် ဖန်တီးထားသော အစီအရင်စက်ဝိုင်းထဲမှ ထလိုက်ပြီး "မဖြစ်ဘူး.....ဒီကိစ္စကို အမြန်သတင်းပို့ရမယ် " လို့ ရေရွတ်ပြီး အခန်းအတွင်းမှ ထွက်ခွာ၍ သွားခဲ့သည်။ လန်းရီတို့ ၁၀ယောက်သည် နတ်ဝိ္ဇ္ဇာအဆင့်ကျင့်ကြံသူများဖြစ်ပြီး အဖွဲ့နှစ်ဖွဲ့ခွဲ၍ သားရဲအစီအရင်မျိူးကို အသက်သွင်းထားခြင်းပင် ဖြစ်၏။
မုဖန်သည် မြို့ဝင်ပေါက်သို့ ရောက်တဲ့အခါ "မင်းတို့သွားချင်တဲ့ ဖုန်းတောက်ဂိုဏ်းက ဒီချင်လင်မြို့ထဲမှာပဲ ၊ အားလုံးကို နှုတ်ဆက်ခဲ့ပါတယ် " လို့ ရေရွတ်ကာ ပျောက်ကွယ်သွားခဲ့သည်။ ကျစ်ယန်သည် ကောင်းကင်ယံကို ကြည့်လိုက်ပြီး "ငါရဲ့မူရင်းဇစ်မြစ်က ဒီနေရာမှာဆိုတော့ ငါသေချာစုံစမ်းရမယ် " လို့ ရေရွတ်လိုက်၏။
အတူလာခဲ့သောအဖွဲ့ထဲမှ ရှင်းရှောက်ယွီလို့ ခေါ်သော မိန်းကလေးသည် "ဖုန်းတောက်ဂိုဏ်းရဲ့ဂိုဏ်းတပည့်ခေါ်ယူခြင်းပြိုင်ပွဲစဖို့ ၂ရက်ပဲကျန်တော့တဲ့အတွက် ၊ ငါတို့စာရင်း အမြန်ပေးရမယ် " လို့ ပြောကာ ရှေ့မှ ထွက်ခွာသွားခဲ့သည်။
ဖုန်းတောက်ဂိုဏ်းသည် ဂိုဏ်းတပည့်သားခေါ်ယူနေတဲ့အတွက် ကျစ်ယန်သည် ချဥ်းကပ်ဖို့ လွယ်ကူသွားလိမ့်မယ်လို့ မထင်ထားခဲ့ပေ။ ဖုန်းတောက်ဂိုဏ်းရဲ့ ဝင်ပေါက်ဝတွင် လူများစွာ ပြည့်ကျပ်နေခဲ့၏။
အားလုံးသည် ဂိုဏ်းတပည့်ဝင်ခွင့်ပြိုင်ပွဲကို
စာရင်းသွင်းနေကြခြင်းပင် ဖြစ်သည်။ စုဖန်လို့ခေါ်သည့် လူကြီးတစ်ယောက်သည် မှင်စုတ်တံတစ်ချောင်းကိုင်ထား၍ "အငယ်လေး....မင်းနာမည်နဲ့ မင်းလာခဲ့တဲ့ ဂိုဏ်းနာမည်က ဘာလဲ " လို့ မေးလိုက်၏။
ကျစ်ယန်သည် တည်ငြိမ်စွာအသံနဲ့ပင် "ကျစ်ယန် ၊ သီးသန့်ကျင့်ကြံသူ " လို့ ပြောလိုက်သည်။ လူများစွာသည် ကျစ်ယန်အား ကြည့်လိုက်ကြ၏။ လူအများစုသည် အင်အားအလွန်ကောင်းသော နောက်ခံဂိုဏ်းများရဲ့စွမ်းအားအရင်းအမြစ်များ ထောက်ပံပေးမှုကြောင့် ကျင့်ကြံမှုတိုးတက်လာကြခြင်းဖြစ်သည်။
ကျစ်ယန်သည် တစ်ကိုယ်တော်ကျင့်ကြံသူဖြစ်၍ ကျင့်ကြံမှုအဆင့်မှာ သူတို့ထက်နိမ့်မည်လို့ ထင်မှတ်သွားကြခြင်း ဖြစ်၏။ စုဖန်သည် စာရွက်ပေါ်တွင် မှင်စုတ်တံဖြင့် ရေးချလိုက်ပြီးနောက် စာရွက်အား ဖြဲစုတ်လိုက်သည်။
စုဖန်သည် စာရွက်နောက်တစ်ရွက်ယူလိုက်ပြီး "နောက်တစ်ယောက်......"လို့ရေရွတ်လိုက်၏။ ကျစ်ယန်သည် ရပ်တန့်နေသောအခါ နောက် မှလူများသည် "ဆောက်ရူးကောင်....အကြီးအကဲစုဖန်ပြောနေတာ မင်းမကြားဘူးလား " လို့ အော်ဟစ်လိုက်ကြသည်။
ကျစ်ယန်လှည့်ထွက် မည့်ချိန်တွင် "ဂိုဏ်းသားစုဆောင်းမူပြိုင်ပွဲလူစာရင်းကိုတောင် ပယ်ချဖို့အာဏာရှိတယ်ဆိုတော့......အကြီးအကဲစုဖန်ကို လေးစားမိပါတယ်" လို့ ဆိုလိုက်သော မိန်းကလေးတစ်ယောက်အသံထွက်လာခဲ့၏။
စုဖန်သည် ထိုအသံကို ကြားလိုက်ရတဲ့အခါ ကြောက်လန့်သွားပြီး "ဆရာတူအမဖူးဟန်က ဒီရောက်နေတာလား " လို့ တီတိုးရေရွတ်လိုက်သည်။ စုဖန်သည် ချက်ချင်းပင် ကျစ်ယန်ရဲ့အမည်ကို ရေးချလိုက်ပြီး "အငယ်လေး.....ငါတို့မနက်ဖြန် ပြိုင်ပွဲမှာ ပြန်တွေ့ကြတာပေါ့" လို့ ချိုသာစွာ ပြောလိုက်၏။
ကျစ်ယန်သည် စုဖန်အား ခေါင်းငြိမ့်ပြလိုက်ပြီး ထွက်ခွာလာခဲ့၏။ကျစ်ယန်သည်
နေစရာ တစ်ခုရှာလိုက်ပြီး ဖုန်းတောက်ဂိုဏ်းအတွင်းသို့ စိတ်ဝိညဥ်စွမ်းအားဖြင့် ထောက်လှမ်းစစ်ဆေးကြည့်လိုက်သည်။ ကျစ်ယန်သည် များစွာသော ကျင့်ကြံရေးခန်းမဆောင်များ ၊ ကျင့်စဥ်စာလိပ်များ အပြင် ဆေးလုံးသန့်စင်နေသူများနဲ့ အစီအရင်ရေးဆွဲနေသော လူများကို တွေ့လိုက်ရ၏။
ကျစ်ယန်သည် ခန်းမဆောင်များစွာကို ဖြတ်ကျော်စစ်ဆေးပြီးတဲ့နောက် စိတ်ဝိညဥ်စွမ်းအားသည် တားဆီးထားသော အစီအရင်နေရာတစ်ခုအား ထိတွေ့မိသွားခဲ့သည်။ ကျစ်ယန်သည် စိတ်ဝိညဥ်စွမ်းအားကို ချက်ချင်းရုတ်သိမ်းလိုက်၏။
မှောင်မဲနေသည့်အခန်းငယ်အတွင်းတွင် ရှိနေသော အဖွားကြီးတစ်ယောက်သည် နှစ်ပေါင်းများစွာ ပိတ်ထားခဲ့သော သူရဲ့မျက်လုံးတစ်စုံကို ဖွင့်ဟလိုက်ပြီး " ဘယ်သူလဲ.....ငါနေတဲ့နေရာကို ထောက်လှမ်းရဲတာ " လို့ ရေရွတ်လိုက်သည်။
အဖွားအိုသည် အခန်းအပြင်ဘက်သို့ ထွက်လာခဲ့ပြီး ပျောက်ကွယ်သွားခဲ့၏။ အချိန်သည် တစ်ရက်ကုန်ဆုံးသွားခဲ့တဲ့အခါ ဂိုဏ်းတပည့်ဝင်ခွင့် ပြိုင်ပွဲကြီးသည် စတင်လာခဲ့သည်။ ကျစ်ယန်သည် လူအုပ်ကြီးနဲ့အတူ ရောနှောရှိနေခဲ့၏။
ပြိုင်ပွဲကွင်းပြင်သည် သေးငယ်သောတောင်ထိပ်၅ခု ပေါ်တွင် တည်ဆောက်ထားသည်။ ပြိုင်ပွဲဝင်ဦးရေသည် အယောက်၅၀ကျော်ခန့်သာ ရှိ၏။မာရှန်ဟုခေါ်သောလူသည် လေဟာနယ်အက်ကွဲကြောင်းထဲမှ ထွက်လာခဲ့ပြီး အားလုံးကို ဝေ့ပတ်ကြည့်လိုက်သည်။
မာရှန်သည် သူ့လက်ချောင်းများကို လှုပ်ရှားလိုက်တဲ့အခါ ကျစ်ယန်တို့ရှေ့တွင် ဒိုင်ဗားရှင်းအစီအရင်အလင်းတန်းများ ထွက်ပေါ်လာခဲ့၏။ မာရှန်သည် သူ့လက်နှစ်ဖက်ကို နောက်ပြန်ဆုတ်ကိုင်လိုက်ပြီး အစီအရင်အလင်းတန်းထဲကို ဝင်ဖို့ စေခိုင်းလိုက်သည်။
အားလုံးသည် အလင်းတန်းထဲသို့ ဝင်လိုက်တဲ့အခါ တောင်ထိပ်၅ခုပေါ်ရှိ တိုက်ခိုက်ရေးကွင်းပြင်များထံကို ရောက်ရှိသွားကြ၏။ ကွင်းပြင်၁ခုလျှင် နောက်ဆုံးကျန်ခဲ့သော လူ၁ယောက်သာ အနိုင်ရမည်ဖြစ်သည်။
တိုက်ခိုက်ရေးကွင်းပြင်ပေါ်သို့ ရောက်လာကြတဲ့အခါ အားလုံးသည် ကျင့်ကြံရေးစွမ်းအားအရှိန်အဝါကို ထုတ်လွှတ်လိုက်ကြ၏။ ကျစ်ယန်ကတော့ ငြိမ်သက်စွာပင် ရှိနေခဲ့သည်။
ရန်ထင်းလို့ ဆိုသောသူသည် သူ့ရဲ့လက်နက်ဖြစ်သော မှော်စုတ်တံအကြီးကြီးကို ထုတ်လိုက်ပြီး "မင်းတို့အတွက်နဲ့ ငါအချိန်ကုန်ခံမယ်ထင်နေလား " လို့ ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်၏။
ရန်ထင်းရဲ့ မှော်စုတ်တံသည် စွမ်းအားကုန်ခမ်းစရာမလိုပဲ အစီအရင်ဖန်တီးနိုင်သော လက်နက်ဖြစ်သည်။ ဇန်ကျွယ်လို့ ခေါ်သောသူသည် သူ့ရဲ့သံမဏီလက်သီးအား စွမ်းအင်အသက်သွင်းလိုက်ပြီး "ငါကိုအရင်အနိုင်ယူလိုက်အုံး " လို့ အော်ဟစ်ပြီး ရန်ထင်အား ဦးတည်တိုက်ခိုက်လိုက်၏။
ရန်ထင်းသည် သူ့ရဲ့မှော်စုတ်တံဖြင့် လေထဲတွင် အနက်ရောင်စကားလုံးတချို့ ရေးသားလိုက်သည်။ ဇန်ကျွယ်သည် ခွန်အားအပြည့်နဲ့ တိုက်ခိုက်ဖို့ ကြံရွယ်ထားသော်လည်း ရန်ထင်းအနားသို့ မရောက်ခင်မှာပဲ သူ့ရဲ့စွမ်းအင်များ အားလုံးမှာ ရုတ်တရက် လုံးဝပြတ်တောက်သွားခဲ့၏။
ရန်ထင်းသည် ပြုံးလိုက်ပြီး သူ့ရဲ့ ခြေထောက်ဖြင့် ကန်ထုတ်လိုက်တဲ့အခါ ဇန်ကျွယ်သည် ကွင်းပြင်အောက်ကို ကျရောက်သွားခဲ့သည်။ ရန်ထင်းသည် သူ့ရဲ့
မှင်စုတ်တံကို လက်ထဲတွင် ဆော့ကစားလိုက်ပြီး "မင်းတို့အားလုံးအလှည့်ရောက်ပြီ" လို့ ပြောလိုက်၏။