← Chapters

ဂိုဏ်းတပည့်ပြိုင်ပွဲ (၂)

Vol. 7 Ch. 96

ဂိုဏ်းတပည့်ပြိုင်ပွဲ (၂)

Vol. 7 Ch. 96

ရှန်ရှောင်ဟူလို့ခေါ်သော မိန်းကလေးသည် ရန်ထင်အနားကို တဖြည်းဖြည်းကပ်သွားခဲ့ပြီး "စီနီယာအကိုက ရှောင်ဟူကိုရော တိုက်ခိုက် မှာလား " လို့ ​ချွဲနွဲစွာ ပြောလိုက်သည် ။ ရန်ထင်းသည် ချိုသာစွာအပြုံးဖြင့် "မလုပ်ဝံပါဘူး.... " လို့ ပြောလိုက်ပြီးနောက်

ရှန်ရှောင်ဝူရဲ့ မျက်နှာအား

မှော်စုတ်တံဖြင့် ရိုက်ချလိုက်၏။

ရှန်ရှောင်ဟူသည် လွင့်ပြန်ထွက်သွားပြီး ပြိုင်ပွဲမှ ထွက်ခွာသွားရသည်။ ရှန်ရှောင်ဟူရှုံးနိမ့်သွားပြီးနောက် ကျန်ရှိသောသူတွေသည် ရန်ထင်းကို ပူးပေါင်းချဖို့ ကြံစည်လိုက်ကြ၏။ သို့သော် ရန်ထင်းရဲ့ တိုက်ခိုက် မှုကြောင့် တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားခဲ့ရသည်။

တိုက်ပွဲစင်ပေါ်၌ ကျစ်ယန်အပါအဝင်လူ၄ယောက်သာ ကျန်ပါတော့သည်။ ရန်ထင်းသည် စွမ်းအင်အတော်ကုန်ခမ်းသွားသော်လည်း ပုံမှန်အတိုင်းဟန်ဆောင်ကာ မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး

"ငါ့ကို နှောက်ယှက်တဲ့လူကို သတ်ဖို့ ငါဝန်လေးမှာမဟုတ်ဘူး " လို့ အေးစက်စွာအသံဖြင့် ခြိမ်းခြောက်ပြောလိုက်၏။

ဂိုပီချန်နဲ့ ကျုံးဟော ဆိုသောလူ၂ယောက်သည် ကျစ်ယန်အားတစ်ချက်ကြည့်လိုက်ပြီး "မင်းနဲ့ငါ၂ယောက်ထဲက ဘယ်သူအရင်ကျန်ခဲ့မလဲ ကြည့်ရသေးတာပေါ့ " လို့ ပြောဆိုလိုက်ကြပြီး စတင်တိုက်ခိုက်လိုက်ကြသည်။

ရန်ထင်းသည် အကာအကွယ်ဒိုင်းကာ တစ်ခုအသက်သွင်းလိုက်ပြီး စွမ်းအားအမြန်ပြည့်ဝဖို့ ဆေးလုံးတစ်လုံးအား သောက်ချလိုက်၏။။ ဂိုပီချန်နဲ့ကျုံးဟောသည် အရည်အချင်းတူညီနေသည့်အတွက် အနိုင်အရှုံူးမပေါ်သေးပေ။ ကျစ်ယန်သည် ကွင်းထောင့်အစွန်းတွင် ငြိမ်သက်စွာပင် ရှိနေခဲ့သည်။

ရန်ထင်းသည် သူ့ရဲ့စွမ်းအားများ အနည်းငယ်ပြန်ပြည့်ဝသည်နှင့် "မင်းတို့သေဖို့ အချိန်တန်ပြီး....." လို့ ပြောဆိုလိုက်ပြီး မှော်စုတ်တံအား ကောင်းကင်ယံသို့ ပစ်တင်လိုက်၏။မှော်စုတ်တံသည် လေပေါ်သို့ ရောက်ရှိသည်နှင့် ခရမ်းရောင်ချီစွမ်းအင်များအဖြစ်ပြောင်းလဲကာ တိုက်ပွဲကွင်းပြင်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။

အပြင်ဘက်တွင် ကြည့်ရှု့နေသော အဆင့်နိမ့်အကြီးအကဲအများစုသည် ခရမ်းရောင်ချီစွမ်းအင်များလွှမ်းခြုံထားသည့် တိုက်ပွဲကွင်းပြင်ကို ထိုးဖောက်စွာ မမြင်ရတော့ပေ။

အဆင့်မြင့်အကြီးအကဲများကတော့ ရန်ထင်းရဲ့ သိုင်းကျင့်စဥ်ကိုကြည့်ကာ စိတ်ဝင်စားနေကြ၏။ တိုက်ပွဲစင်ပေါ်တွင် ရန်ထင်းမှ ကျန်သော ၃ယောက်သည် ကျောက်ရုပ်သဖွယ် ရပ်တန့်နေခဲ့သည်။

ရန်ထင်းသည် သူ့လက်သီးတွင် စွမ်းအားများစုစည်းလိုက်ပြီး ဂိုပီချန် နဲ့ ကျုံးဟောတို့ ၂ယောက်အား တချက်ထဲပင် ထိုးချလိုက်၏။ တိုက်ပွဲစင်ပေါ်တွင် ရန်ထင်းနဲ့ ကျစ်ယန်သာ ကျန်ရှိတော့သည်။

ရန်ထင်းသည် သူ့ရဲ့အနုမြူရောင်ရှိသော ဓားတိုတစ်လက်ဖြင့် ကျောက်ရုပ်သဖွယ်ဖြစ်နေသည့် ကျစ်ယန်အား ထိုးချလိုက်၏။

ရန်ထင်းထိုးချလိုက်သော နေရာသည် ကျင့်ကြံသူတို့အတွက် အရေးပါသော ဒန်တျန်နေရာပင် ဖြစ်သည်။

ရန်ထင်းသည် သူ့ရဲ့ဓားအားပြန်ဆွဲနှုတ်လိုက်ပြီး " ဂိုဏ်းနောက်ခံမရှိတဲ့ မင်းလိုကောင်မျိုးရဲ့ ကျင့်ကြံမှုကို ဖျက်ဆီးပစ်တော့ရော ဘယ်သူက ငါ့ကိုအပြစ်တင်မှာလဲ....ဟားဟားဟား " လို့ အော်ဟစ်ကာပြောရင်း ရယ်မော လိုက်၏။

ရန်ထင်းသည် ရယ်မောနေစဥ်တွင် "သာမန်လှည့်စားတဲ့အကွက်လေးက ငါကိုထိခိုက်နိုင်မယ်ထင်နေတာလား " ဟုသော အသံသည် ထွက်ပေါ်လာခဲ့သည်။ ရန်ထင်းသည်

ထိုအသံကြောင့် ကြောင်အ၍ သွားပြီး ကျောက်ရုပ်ဖြစ်နေသော ကျစ်ယန်ကို ကြည့်လိုက်၏။

ကျစ်ယန်ရဲ့ ခန္ဓာကိုယ်သည် သူ့ရှေ့တွင် ပျောက်ကွယ်သွားတဲ့အခါ ရန်ထင်းသည် နေရာအနှံကို ရှာဖွေပတ်ကြည့်လိုက်ပြီး "ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ၊ ငါ့ရဲ့ စိတ်ဝိညဥ်ထိန်းချုပ်ခြင်းအတက်ပညာက သူ့အပေါ်မသက်ရောက်ဘူးလား " လို့ ရေရွတ်လိုက်သည်။

ကျစ်ယန် ပျောက်ကွယ်သွားသည့်အခါအလယ်အလတ်အဆင့်အကြီးအကဲများသည်လည်း တိုက်ပွဲစင်အတွင်းကို ထိုးဖောက်၍ ကြည့်မရတော့တဲ့အတွက် မယုံကြည်နိုင်ဖြစ်သွားကြ၏။

အချိန်အနယ်းငယ်အတွင်းမှာပဲ ကျစ်ယန်သည် ရန်ထင်း၏ ကျောနောက်ကွယ်တွင် လျှပ်တစ်ပြက်ပေါ်လာခဲ့သည်။ ရန်ထင်းသည် ကျစ်ယန်ကို တွေ့သည်နှင့် ဓားတိုဖြင့် တိုက်ခိုက်ဖို့ ရွယ်လိုက်၏။သို့သော် ရန်ထင်းသည် ဓားလွတ်ကျသွားပြီး ​နောက်သို့ တဖြည်းဖြည်း ဆုတ်သွားလေသည်။

ရန်ထင်းသည် နောက်ဆုတ်ရင်း တစ်ကိုယ်လုံး တုန်တုန်ရီရီဖြစ်နေသဖြင့် ချော်လဲ ကျသွားပြီး "အသူရာနတ်ဆိုးအရှိန်အဝါလား....." လို့ ထိပ်လန့်တုန်လှုပ်စွာအသံဖြင့် တိုးညှင်းစွာ ပြောလိုက်၏။ ကျစ်ယန်ခန္ဓာကိုယ်တစ်ခုလုံးတွင် အနီရောင်အခိုးအငွေ့နဲ့အနက်ရောင်အခိုးအငွေ့များသည် ရောထွေးကာ ထွက်ပေါ်နေလေသည်။

ကျစ်ယန်သည် အေးစက်စွာအသံဖြင့် "ငါ့အလှည့်ရောက်ပြီ....."လို့ ရေရွတ်ကာ စိတ်ဝိညဥ်တစ္ဆေကျင့်စဥ္ဖြင့် ရန်ထင်းရဲ့ကျင့်ကြံမှုအရင်းအမြစ်နဲ့ သွေးကြောများကို ဖျက်ဆီးပစ်လိုက်၏။

ကျစ်ယန်သည် သူ့ရဲ့စွမ်းအင်များကို ပြန်လည်ရုတ်သိမ်းလိုက်တဲ့အခါ မြူခိုးများမှာ တိမ်ပါးလာတ​ဲ့အတွက် အကြီးအကဲများသည် တိုက်ပွဲစင်နေရာကို သေသေချာချာကြည့်နေကြလေသည်။

ကျစ်ယန်၁ယောက်သာလျှင် တည်ငြိမ်စွာ ကျန်ရှိနေတဲ့ အကြီးအကဲများသည် ကြောင်အ၍ သွား၏။

မာရှန်သည် ကျစ်ယန်ကို မှတ်မိသွားပြီး

"ဖူးဟန်က တကယ်အမြင်ရှိတာပဲ...." လို့ ရေရွတ်လိုက်သည်။ တခြားတိုက်ပွဲစင်မှ အနိုင်ရရှိသူတွေလည်း ထွက်ပေါ်လာခဲ့ပြီးနောက် အကြီးအကဲမာရှန်သည် သူ့စွမ်းအင်များကို ပြန်လည်အသက်သွင်းလိုက်၏။

အနိုင်ရရှိသော ကျစ်ယန်တို့ ၅ယောက်သည် တိုက်ပွဲကွင်းပြင်တစ်ခုထဲတွင် တစ်စုထဲထွက်ပေါ်လာခဲ့သည်။ အပြင်စည်းဂိုဏ်းရှိ ခန်းမသခင် များဖြစ်သော အကြီးအကဲ

များသည် ကျစ်ယန်တို့ ရှေ့ရောက်ရှိလာခဲ့၏။

ဖုန်းတောက်ဂိုဏ်းတွင် အပြင်စည်းဂိုဏ်းနဲ့အတွင်းစည်းဂိုဏ်းဟု၍ ခွဲခြားထားသည်။

မာရှန်သည်လည်း အပြင်စည်းဂိုဏ်းရှိ ခန်းမသခင်တစ်ယောက်ပင်ဖြစ်၏။အပြင်စည်းဂိုဏ်းနှင့် အတွင်းစည်းဂိုဏ်းတွင် အဂ္ဂိရတ်ဆေးပညာခန်းမ ၊ အစီအရင်အတက်ပညာခန်းမ ၊ ကျင့်ကြံရေးခန်းမ ၊ အပြစ်ပေးခြင်းခန်းမနဲ့ ရတနာရှာဖွေရေးခန်းမ ဟု၍ ခွဲခြားထားသည်။

မာရှန်သည် ကိုယ်ကြိုက်နှစ်သက်ရာ ခန်းမကို ရွေးချယ်နိုင်ကြောင်း ရှင်းပြလိုက်၏။

ကျစ်ယန်သည် သူ့ရဲ့ကျင့်ကြံမှုကို လျင်မြန်စွာတိုးတက်နိုင်ဖို့အတွက် ရတနာရှာဖွေရေးခန်းမကို ရွေးချယ်လိုက်၏။

မာရှန်သည် ရတနာရှာဖွေရေးခန်းမသခင် ဖြစ်နေခဲ့သည်။ မာရှန်သည် ကျစ်ယန်ရဲ့ကျင့်ကြံမှုကို ထိုးဖောက်ကြည့်၍ မရသဖြင့် စိတ်ထင့်နေခဲ့၏။ကျစ်ယန်သည် သူ့ခန်းမကို ရွေးချယ်လိုက်ပြီဖြစ်၍ မာရှန်သည် ကျန်သောအကြီးအကဲများကို နှုတ်ဆက်လိုက်သည်။

All Chapters