မိုးကောင်းကင်သစ်တော
Vol. 7 Ch. 97
မာရှန်သည် ကောင်းကင်ယံသို့ ပျံသန်းတက်သွားပြီး သူ့နောက်လိုက်ခဲ့ဖို့ စေခိုင်းလိုက်၏။ မာရှန်သည် လမ်းတစ်လျှောက်လုံးရှိ ခန်းမမျှော်စင်များအကြောင်းရှင်းပြနေခဲ့သည်။
ဒါ့အပြင် နောက်၃လအကြာတွင် အတွင်းစည်းတပည့်ပြိုင်ပွဲရှိတဲ့အတွက် ကြိုးစားလေ့ကျင့်ဖို့ ပြောလိုက်၏။ကျစ်ယန်တို့သည် အနည်းပြန်ပျံသန်းလာပြီးတဲ့နောက် ကျယ်ဝန်းသော ခန်းမမျှော်စင်တစ်ခုကို ရောက်ရှိလာခဲ့သည်။
မာရှန်ကို မြင်သည့်အခါ အားလုံးသည် အရိုအသေပြုကာ နှုတ်ဆက်လိုက်ကြ၏။
လျှိုယွမ်လို့ခေါ်သော မိန်းမလှလေးသည် မာရှန်အနားကို ပြေးလာခဲ့ပြီး ချိုသာစွာအပြုံးဖြင့် "ဆရာ.....လျိုယွမ်ရဲ့မောင်လေးအသစ်က ဘယ်မှာလဲ" လို့ မေးလိုက်သည်။
မာရှန်သည် ရှေ့သို့ဆက်လှမ်းသွားခဲ့ရင်း "မင်းရဲ့စီီနီယာအမနာမည်က လျိုယွမ်ပဲ ၊ မင်းသူ့ဆီမှာ ပညာသင်ယူရလိမ့်မယ် " လို့ ပြောကာ ထွက်ခွာသွားခဲ့၏။ လျှိုယွမ်သည် ကျစ်ယန်အား သေချာကြည့်လိုက်ပြီး "ဂျူနီယာမောင်လေး နင်နာမည်ဘယ်လိုခေါ်လဲ " လို့ မေးလိုက်သည်။
ကျစ်ယန်သည် လက်နှစ်ဖက်ဆုပ်ကာဖြင့်လ"မင်္ဂလာပါ.....စီနီယာအမ ၊ ငါ့နာမည်ကျစ်ယန် " ဟု နှုတ်ဆက်လိုက်၏။ လျိုယွမ်သည် ပြုံးလိုက်ပြီး "အတော်ပဲ.....ဒီနေ့ည ငါမိုးကောင်းကင်သစ်တောထဲကိုသွားမလို့ ၊ နင်ငါနဲ့တစ်ခါထဲလိုက်ခဲ့ပြီး လေ့လာမယ်မလား " လို့ မေးလိုက်သည်။
ကျစ်ယန်သည် ခေါင်းငြိမ့်ပြကာ သဘောတူလိုက်၏။ အချိန်သည် ညဘက်ရောက်လာတဲ့အခါ မိုးကောင်းကင်သစ်တောရဲ့ အဝင်ဝတွင် ကျစ်ယန်နဲ့လျိုယွမ်သည် ရောက်ရှိလာခဲ့သည်။
လျိုယွမ်သည် ပြုံးစွာဖြင့် "ဂျုနီယာမောင်လေး.....နင်ငါနဲ့အနီးဆုံးမှာပဲနေနော် " လို့ သတိပေးလိုက်၏။ လျိုယွမ်သည် မြေပုံအသေးလေးကို ထုတ်ကြည့်လိုက်ပြီး ပျံသန်းသွားခဲ့သည်။ ကျစ်ယန်သည်လည်း လျိုယွမ်နောက် မှ လိုက်ပါသွားခဲ့၏။
ပျံသန်းနေစဥ်တွင် လျိုယွမ်သည် ရပ်တန့်၍ သွားပြီး မြေပြင်ကို ချက်ချင်းဆင်းသက်လိုက်သည်။ ကျစ်ယန်သည် ရှေ့အနီးနားတွင် ကျင့်ကြံသူ၅ယောက်ပင် ရှိနေမှန်း သိရှိပြီးသားဖြစ်၏။
လျိုယွမ်သည် သစ်ပင်အကွယ်မှ ချောင်းကြည့်လိုက်ပြီး "အတွင်းစည်းတပည့်တွေလား ၊ ဒီနေရာကို ဘယ်လိုလုပ်ရောက်နေတာလဲ ၊ မဟုတ်မှလွဲရော သူတို့လဲ ရတနာကို သတိထားမိသွားတာလား " လို့ တီးတိုးစွာ ရေရွတ်လိုက်သည်။
အတွင်းစည်းတပည့်၅ယောက်ထဲမှ ယီချန်ဆိုသောသူသည် စိတ်ဝိညဥ်ကျင့်ကြံသူတစ်ယောက်ဖြစ်၍ လျိုယွမ်ရဲ့ မတည်ငြိမ်တဲ့စိတ်ဝိညဥ်ကို ခံစားမိသွား၏။ ယီချန်သည် သူ့လက်ချောင်းများကို လှုပ်ရှားလိုက်ပြီး နဖူးစပ်ကို ထိတွေ့လိုက်တဲ့အခါ စိတ်ဝိညဥ်အပ်ချောင်းမျှင်တစ်ခုထွက်ပေါ်လာခဲ့ပြီး လျိုယွမ်ရှိသော နေရာကို တရှိန်ထိုး ပြေးဝင်သွားသည်။
လျိုယွမ်သည် လျှပ်စီးဒိုင်းကာ တစ်ခုဖြင့် လျင်မြန်စွာ ကာကွယ်လိုက်သော်လည်း စိတ်ဝိညဥ်အပ်ချောင်းမျှင်သည် ဒိုင်းကာကိုဖျက်ဆီးပစ်ကာ သူ့ခန္ဓာကိုယ်၏ ၁ပေအကွာခန့်ကို ရောက်ရှိလာခဲ့၏။
လျိုယွမ်သည် သူသေတော့မယ်ဟု ထင်မှတ်နေချိန်တွင် စိတ်ဝိညဥ်အပ်ချောင်းသည် အလိုအလျောက် ပျက်စီးကာ ပျောက်ကွယ်သွားလေသည်။စိတ်ဝိညဥ္အပ်ချောင်းမျှင် ဖျက်ဆီးခံလိုက်ရခြင်းကြောင့် ယီချန်သည် ဒူးတစ်ဖက်ထောက်ကျသွားကာ သွေးအနည်းငယ်အန်လိုက်ရ၏။
သူ့ရဲ့အပေါင်းအပါများသည် ယီချန်အား ထူမလိုက်ကြပြီး "ယီချန်.....ဘယ်လိုဖြစ်တာလဲ "လို့ ဝိုင်းမေးလိုက်ကြသည်။ ယီချန်သည် အလွန်ပင်သန်မာသော စိတ်ဝိညဥ်စွမ်းအားပိုင်ရှင်ကို ရန်စမိသွားသည်ကို သိရှိလိုက်သဖြင့် ထိုနေရာမှ အမြန်ဆုံးထွက်ခွာဖို့သာ ဆုံးဖြတ်လိုက်၏။
စက္ကန့်ပိုင်းအတွင်း ယီချန်တို့ တစ်ဖွဲ့လုံးမှာ ထွက်ခွာသွားလေသည်။ လျိုယွမ်သည် သူ့အား ကူညီလိုက်သောသူမှာ အပြင်စည်းအကြီးအကဲတစ်ယောက်ဟု ထင်မှတ်လိုက်သဖြင့် "ကျေးဇူးတင်ပါတယ် အကြီးအကဲ " လို့ ပြောလိုက်၏။
လျိုယွမ်သည် ကျစ်ယန်အား တချက်လှည့်ကြည့်လိုက်ပြီး "ဂျူနီယာမောင်လေး......ငါနဲ့အမြန်လိုက်ခဲ့" လို့ ပြောကာ ပျံသန်းသွားလေသည်။ လျိုယွမ်သည် နေရာတစ်ခုကို ရောက်တဲ့အခါ လေပေါ်တွင် ရပ်တန့်လိုက်ပြီး " ဂျူနီယာမောင်လေး.....နင်သေချာကြည့်ထားနော် " လို့ ပြောလိုက်ပြီး မိုးကြိုးလျှပ်စီးများ ဖြာထွက်နေသည့် ဆူးချွန်ပါသောရတနာလက်နက်ဖြင့် မြေကြီးအတွင်းကို ပစ်သွင်းလိုက်၏။
မိနစ်အနည်းငယ်ကြာပြီးနောက် လျိုယွမ်သည် သူ့လက်နက်အား ပြန်စုပ်ယူလိုက်တဲ့အခါ မီးခိုးရောင်မှော်ကျောက်တုံးသည် မိုးကြိုးဆူးချွန်လက်နက်နဲ့အတူ ကပ်ပါလာခဲ့သည်။
လျိုယွမ်သည် ပျော်ရွင်စွာဖြင့်ကျစ်ယန်အား မီးခိုးရောင်မှော်ကျောက်တုံးပေးလိုက်ပြီး " ဂျူနီယာမောင်လေး......ဒါကို နင်နဲ့ငါပထမဆုံးတွေ့ဆုံတဲ့ရက်အနေနဲ့ အမှတ်တရအဖြစ် ငါပေးတာပဲ " လို့ ပြောလိုက်၏။
ကျစ်ယန်သည် ငြင်းမနေဘဲ "ကျေးဇူးပါ.....စီနီယာအမ" လို့ ပြောကာ မီးခိုးရောင်မှော်ကျောက်တုံးကို သိုလှောင်ကွင်းထဲ ထည့်သိမ်းလိုက်သည်။ လျိုယွမ်သည် မြေပုံအား ပြန်ထုတ်ကြည့်လိုက်ပြီး "ငါတို့ နောက်ထပ်တစ်နေရာ ဆက်သွားကြတာပေါ့ " လို့ ပြောကာ ၂ယောက်သား ဆက်လှမ်းလာခဲ့၏။
ကျစ်ယန်တို့သည် ပျံသန်းနေစဥ်အတွင်း သတ္တုရောင်အကာအကွယ်အစီအရင်ကို တွေ့တဲ့အခါ ရပ်တန့်လိုက်ရသည်။ လျိုယွမ်သည် အံအားသင့်စွာဖြင့် "အတွင်းစည်းအကြီးအကဲတွေပါ ရောက်နေတာလား....." လို့ ရေရွတ်လိုက်၏။
လူ၃ယောက်သည် အကာအကွယ်အစီအရင်ထဲမှ ထွက်ပေါ်လာခဲ့သည်။ ၂ယောက်သည် အတွင်းစည်းတပည့်ဝတ်စုံကို ဝတ်ဆင်ထားပြီး နောက်တစ်ယောက်သည် အကြီးအကဲဝတ်စုံကို ဝတ်ဆင်ထား၏။
လျိုယွမ်သည် လက်နှစ်ဖက်ဆုပ်၍ "အပြင်စည်းတပည့်လျိုယွမ်.....အကြီးအကဲကို အရိုအပေပေးပါတယ် ၊ တပည့်တို့မှာ ကိစ္စလေးရှိလို့ ခွင့်ပြုပါအုံး " လို့ ပြောကာ ထွက်ခွာလိုက်သည်။လျိုယွမ်ရဲ့နာမည်ကို ကြားလိုက်တဲ့အခါ အတွင်းစည်းတပည့်တစ်ယောက်သည် တီတိုးစွာအသံဖြင့် လျိုယွမ်ရဲ့ ဆရာမှာ အပြင်ဂိုဏ်းမျှော်စင်သခင်ဖြစ်ကြောင်း ပြောပြလိုက်၏။
လျိုယွမ်မှာ မာရှန်ရဲ့ တပည့်ဖြစ်မှန်း သိသွားတဲ့အခါ ဇောင်မန်ဟိုလို့ခေါ်သည့် အကြီးအကဲသည် "သူတို့နှစ်ယောက်ကို မလွတ်စေနဲ့......"လို့ ချက်ချင်းပင် အမိန့်ပေးစေခိုင်းလိုက်သည်။ ဇောင်မန်ဟိုရဲ့တပည့်နှစ်ယောက်လုံးသည် "စိိ်တ်ချပါ.....ဆရာ " လို့ ပြောကာ ကျစ်ယန်တို့ ထွက်သွားသော ဘက်ကို ချက်ချင်းပင် ပျံသန်းထွက်ခွာလာခဲ့၏။
လျိုယွမ်သည် စိုးရိမ်ပူပန်စွာစိတ်ဖြင့် ပျံသန်းနေရင်း "ဂျူနီယာမောင်လေး.....ငါတို့လမ်းခွဲပြီး သွားကြရင် ပိုကောင်းမယ် " လို့ ပြောလိုက်သည်။ ကျစ်ယန်လည်း အခြေအနေကို ခန့်မှန်းမိသဖြင့် လျိုယွမ်စကားကို ခေါင်းငြိမ့်ကာ သဘောတူလိုက်၏။
လျိုယွမ်နဲ့ကျစ်ယန်သည် မတူညီသော လမ်း၂ခုအား ခွဲထွက်၍ သွားလေသည်။ ကျစ်ယန်တို့ ခွဲထွက်သွားပြီးနောက် ဇောင်မန်ဟိုရဲ့ တပည့်၂ယောက်သည် ချက်ချင်းပင်ရောက်ရှိလာခဲ့၏။