← Chapters

အစွမ်းအသစ်များ

Vol. 17 Ch. 169

အစွမ်းအသစ်များ

Vol. 17 Ch. 169

ကလိုင်းရဲ့ မျက်လုံးအရောင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားတဲ့အခါ ခရက်စတစ် စက်စမာက အပြုံးမျက်နှာနဲ့ ပြောပါတယ်။

“လှုပ်လှုပ်ရှားရှားလုပ်ပြီး မင်းခန္ဓာကိုယ်ထဲက ပြောင်းလဲမှုနဲ့ အသားကျအောင်လုပ်... ပြီးရင် လူရွှင်ဆေးရည်က ဘယ်လို စွမ်းအားကို အဓိက ပေးလဲဆိုတာ ရှာကြည့်ချည်”

ကလိုင်းဟာ ခေါင်းညိတ်လိုက်ပါတယ်။ သူဟာ ဂိုဏ်းထောက် ဘုန်းတော်ကြီးဆီက လမ်းညွှန်မှု လိုကောင်း လိုနိုင်တဲ့အတွက် ဂိုဏ်းထောက် ဘုန်းတော်ကြီး ရှိနေတာကို စိတ်ထဲ မထားပါဘူး။ သူဟာ သူ တစ်ချိန်လုံး လေ့ကျင့်ထားတဲ့အတိုင်း ရှေ့တစ်လှမ်းတိုးပြီး လက်သီးတစ်ချက် ထိုးထုတ်လိုက်ပါတယ်။

“ဝှစ်”

ကလိုင်းဟာ သူ့လက်သီးက လေထုကို ထိုးခွဲသွားသံ ကြားလိုက်ရပါတယ်။ ဒီလက်သီးအားက သူ ထင်ထားတာထက် အများကြီး ပိုပြင်းနေပါတယ်။

အဲဒီ တစ်ခဏအတွင်းမှာပဲ သူဟာ ရုတ်တရက် ဘရိတ်နင်းလိုက်တဲ့ မြင်းလှည်းပေါ်မှာ ထိုင်နေသလိုမျိုး ဟန်ချက်ပျက်ပြီး ရှေ့ကို လဲကျသွားပါတယ်။

‘အို သွားပြီ... လန်နာ့ဒ်လိုမျိုး ရှက်စရာကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်တော့ ဖြစ်တော့မယ်...’ ကလိုင်းဟာ စိတ်ထဲမှာ တွေးမိလိုက်ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ သူ့ကြွက်သားတွေ သူ့ခန္ဓာကိုယ်နဲ့ ဟန်ချက်ကိုပါ လိုသလို ထိန်းချုပ်လို့ရတယ်ဆိုတာ သူ သတိထားမိလိုက်ပါတယ်။

သူဟာ ကျောရိုး၊ အကြောတွေနဲ့ အရွတ်တွေကို အားထည့်ပြီး ရုတ်ခြည်း ဟန်ချက်ထိန်းကာ ရှေ့လဲကျမဲ့ အခြေအနေကနေ မတ်တပ် ပြန်ရပ်နိုင်သွားပါတယ်။

ဒီဟာကို နားလည်သလို ရှိသွားတဲ့ ကလိုင်းဟာ တခြားလှုပ်ရှားမှု လေးငါးမျိုးကို စမ်းကြည့်ပြီး သူ့ခန္ဓာကိုယ်ရဲ့ အကြီးမားဆုံး ပြောင်းလဲမှုက ဟန်ချက်ညီအောင် ထိန်းတဲ့နေရာမှာ အများကြီး တိုးတက်သွားတယ်ဆိုတာ အတည်ပြုလိုက်ပါတယ်။ သူဟာ အရမ်းဆိုးရွားလွန်းတဲ့ အခြေအနေကို မရောက်ရင် ဘယ်တော့မှ ဟန်ချက်ပျက်တော့မှာ မဟုတ်ပါဘူး။

‘ငါက ပစ်တိုင်းထောင်လိုပဲ.. ဆက်ကပ် ပြစားလို့ရပြီ... ကြိုးပေါ်လမ်းလျှောက်ဖို့ သိပ်ခက်မှာ မဟုတ်တော့ဘူး... လူရွှင်ဆေးရည်ဆိုတဲ့အတိုင်း နာမည်နဲ့ လိုက်ဖက်ပါပေတယ်...’ ကလိုင်းရဲ့ စိတ်ထဲမှာ အတွေးတွေ လျှပ်တစ်ပြက် ပေါ်လာပါတယ်။ ကလိုင်းဟာ သူ့ရဲ့ ခွန်အား၊ လျင်မြန်မှုနဲ့ အလျင်က ဘယ်လောက်ထိ တိုးတက်သွားလဲဆိုတာကို နောက်တစ်ခါ ထပ်ပြီးတော့ စမ်းသပ်ပါတယ်။

‘အင်း... ငါအဆင့်က နည်းပြဂဝန်း အဆင့်လောက် ရှိမယ်... ငါ ဒါကို ကျင့်သားရသွားပြီး သေသေချာချာ လေ့ကျင့်ရေး ဆင်းလိုက်ရင် ဒီထပ် ပိုပြီးတော့ စွမ်းအားကြီးလာမှာ သေချာတယ်... နောက်ပြီး ငါရဲ့ ခန္ဓာကိုယ်ကို လိုသလို ထိန်းချုပ်နိုင်စွမ်းရှိတဲ့အတွက် တိုက်ခိုက်ရေး နည်းလမ်းတွေကို တတ်မြောက်ဖို့ လွယ်သွားပြီ’ ကလိုင်းဟာ လှုပ်ရှားနေတာရပ်ပြီး တွေးလိုက်ပါတယ်။

သူ့ရဲ့ နဂိုအစီအစဉ်အရဆိုရင် နှစ်ဝက်ကြာမှ တိုက်ခိုက်ရေး နည်းလမ်းတွေကို အတော်အတန် ကျွမ်းကျင်မှာပါ။ ဒါပေမဲ့ လူရွှင်ဆေးရည်ကို သောက်ပြီးတဲ့အခါမှာတော့ အဲဒီအဆင့်ကို တစ်လ ဒါမှမဟုတ် နှစ်ပတ် သုံးပတ် အတွင်း ရောက်နိုင်တယ်လို့ ခံစားလိုက်ရပါတယ်။

ဒါက သာမန်လူနဲ့ သာလွန်သူကြားက ကွာခြားချက်ပါပဲ။ ပြောရရင် သာလွန်သူတွေရဲ့ အရည်အချင်းက သာမန်လူသားတွေရဲ့ အလွန်မှာ ရှိပါတယ်။

ခရက်စတစ်ဟာ အဆင့်တက်ခါစ လူရွှင်တစ်ယောက် လှုပ်ရှားမှု အမျိုးမျိုးကို စမ်းကြည့်ပြီး နောက်ဆုံး ရပ်သွားတာကို ဘာမှမပြောဘဲ ကြည့်နေပါတယ်။ အဲဒီနောက် သူဟာ ခေါင်းညိတ်ပါတယ်။

“တကယ်ကို တိုက်ခိုက်ရေး ကျွမ်းကျင်စေတဲ့ ဆေးရည်ပဲ”

ကလိုင်း ဘာမှမပြောနိုင်ခင်မှာဘဲ သူက ဆက်မေးပါတယ်။

“ခုနက မင်း ဘာသံကြားလဲ”

“တစ်ယောက်ယောက်က ဟွန်းနာဆစ်လို့ ရေရွတ်နေတာ ကြားတယ်” ကလိုင်းဟာ ဖလဲဂွေယာဆိုတဲ့ စကားလုံးကိုတော့ လောလောဆယ်မှာ ထိမ်ချန်ထားလိုက်ပါတယ်။

သူဟာ ဂိုဏ်းထောက် ဘုန်းတော်ကြီး စက်စမာရဲ့ တုံ့ပြန်ပုံကို စောင့်ကြည့်ပါတယ်။ စက်စမာကသာ ဟွန်းနာဆစ်တောင်တန်းနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေ ထာဝရညနိုင်ငံတော် အကြောင်းတွေကိုသာ ပြောပြမယ်ဆိုရင် သူလည်း တခြားစကားလုံးကို ကြားသေးတယ်လို့ ထုတ်ပြောမှာပါ။

ခရက်စတစ်ဟာ ခေါင်းမသိမသာ ညိတ်ပြီး အဲဒီအကြောင်းကို‌ ကျော်ပြောပါတယ်။

“မင်း မှတ်ထားရမှာက ဆုံမှတ်လမ်းကြောင်းတူရင် အဆင့်မြင့် သာလွန်သူက အဆင့်နိမ့် သာလွန်သူကို အတိုင်းအတာ တစ်ခုအထိ လွှမ်းမိုးနိုင်တယ်... တချို့လမ်းကြောင်းတွေမှာက နတ်တစ်ပိုင်းတွေ ရှိတယ်... ရေရွတ်သံတွေ အော်ဟစ်သံတွေက သူတို့မင်းကို ကြားစေချင်တာလည်း ဖြစ်နိုင်တယ်... သူတို့က မင်းကို မကောင်းကြံချင်တာလည်း ဖြစ်နိုင်တယ်”

“မကောင်းဆိုးဝါး နတ်ဘုရားပိုင်တဲ့ ဆုံမှတ်လမ်းကြောင်းဆိုရင် ပိုပြီးတော့ ဂရုစိုက်ရတယ်... ငါ ခုနက ဒန်းနဲ့ စကားပြောခဲ့တယ်... မင်းတို့ ညသိမ်းငှက်အဖွဲ့က မကြာသေးခင်က စိတ်လွတ်သွားတဲ့လူက အဲဒီလို အခြေအနေမျိုး ကြုံသွားတာ”

‘လူအိုကြီးနီးလ်... ကွယ်ဝှက်ပညာရှိ...’ ကလိုင်းရဲ့ မျက်နှာဟာ မည်းမှောင်သွားပါတယ်။ သူဟာ လေးလေးနက်နက် ခေါင်းညိတ်ပါတယ်။

“ဘုန်းတော်ကြီး... ကျွန်တော် မှတ်ထားပါ့မယ်... ကျွန်တော် ရေရွတ်သံတွေ အော်ဟစ်သံတွေ သွေးဆောင် ဖြားယောင်းတာကို မခံပါဘူး... သူတို့တွေ ကျွန်တော့်ကို မတိုက်စားနိုင်စေရဘူး”

တစ်ချိန်တည်းမှာပဲ သူဟာ တစ်စုံတစ်ခုကို တွေးမိလိုက်ပါတယ်။

‘ဒီအကြောင်းကြောင့် ဘုရားကျောင်းက တခြားလမ်းကြောင်းတွေကို ဖွက်ထားပြီး အအိပ်မဲ့နဲ့ အလောင်းကောက်သမား လမ်းကြောင်းပဲ ထောက်ပံ့တာလား... အအိပ်မဲ့လမ်းကြောင်းကို ပိုင်တာက ထာဝရည နတ်ဘုရားမ... အလောင်းကောက် လမ်းကြောင်းနဲ့ ဆိုင်တဲ့ သေခြင်းက ကျဆုံးသွားပြီ... လျှို့ဝှက်ဆန်းကြယ် စပ်စုသမားနဲ့ အမြင်ဆရာကို ထောက်ပံ့တာကတော့ ဒီနှစ်ခုက အကူသာလွန်သူ ဖြစ်ပြီးတော့ အအိပ်မဲ့နဲ့ အလောင်းကောက်သမား လမ်းကြောင်းရဲ့ ဆုံမှတ် ၉ နဲ့ ဆုံမှတ် ၈ က အားနည်းချက်တွေကို ဖာထေးချင်လို့ ဖြစ်မယ်... နောက်ပြီး ဒီနှစ်ခုက အစဆုံမှတ်တွေဆိုတော့ လွှမ်းမိုးမှုက သိပ်သိသာမှာ မဟုတ်ဘူး’

‘ဒါပေမဲ့ ဒီဟာက သူတို့တွေ ဆေးရည်နာမည်နဲ့ တစ်မူထူးခြားလက္ခဏာတွေကို ဘာဖြစ်လို့ ဖွက်ထားလဲဆိုတာ မရှင်းပြနိုင်ဘူး... ဒါမှမဟုတ် သူတို့ကို ရင်ဆိုင်တဲ့အခါမှာ သတိထားရမဲ့ အချက်အလက်တွေက လုံလုံလောက်လောက် မရှိလို့လား...’

ကလိုင်းဟာ ခရက်စတစ် စက်စမာက သေတ္တာဆွဲပြီး ထွက်သွားဖို့ လုပ်တာ တွေ့လိုက်ရတဲ့အခါ တွေးနေတာ ရပ်ပြီး စပ်စုသံနဲ့ မေးလိုက်ပါတယ်။

“ဘုန်းတော်ကြီး... ကျွန်တော် လူရွှင်ဖြစ်အောင် ဘယ်လို သရုပ်ဆောင်ရမှာလဲ... ဆပ်ကပ်သွားရမှာလား”

ခရက်စတစ်ဟာ အင်္ကျီကော်လာကို ပြန့်နေအောင်လုပ်ပြီး ရယ်ပါတယ်။

“ငါတို့တွေ လက်ရှိ နားလည်ထားသလောက်နဲ့ ပြောရရင် မင်းက အနှစ်သာရထက် အသွင်သဏ္ဌာန်ကို အသားပေးနေတယ်”

“မင်း နားလည်ထားရမှာက ဆေးရည်နာမည်က အလုပ်ကိုပဲ ရည်ညွှန်းတာ မဟုတ်ဘူး... အမူအကျင့်တူတဲ့ အုပ်စုတစ်စုကိုလည်း ရည်ညွှန်းတယ်... ဥပမာပြောရရင်ကွာ ငါတို့တွေ အမြင်ဆရာကို တခြားတစ်မျိုးနဲ့ ‌ဖော်ပြလို့ရတယ်... ကံကြမ္မာကို သိမြင်ပေမဲ့ ကံကြမ္မာကို ဆက်ပြီးတော့ လေးစားနေတဲ့လူတွေပေါ့ကွာ... ငါ အရင်က ပြောခဲ့သလိုပဲ... ဆေးရည်တူ သောက်ရင်တောင် လူတိုင်းရဲ့ ဥပဒေသတွေက မတူဘူး... အဲဒါကြောင့် တခြားလူတွေရဲ့ အတွေ့အကြုံတွေကို အကုန်လုံး ကူးချလို့ မရဘူး... ငါ ပြောတာ နားလည်လား”

ကလိုင်းဟာ တွေးတွေးဆဆနဲ့ ခေါင်းညိတ်ပါတယ်။

“ကျွန်တော် နည်းနည်း နားလည်ပြီလို့ ထင်တယ်... ကျွန်တော် လူရွှင်ရဲ့ အနှစ်သာရကို ဖမ်းဆုပ်မိတာနဲ့ အဲဒါကို ကျွန်တော်ရဲ့ နေ့စဉ်ဘဝမှာ သရုပ်ဆောင်လို့ရပြီမလား”

“သီအိုရီအရပေါ့” ခရက်စတစ်က စကားလုံး‌ သေချာရွေးပြီး ဖြေပါတယ်။

“...ကျွန်တော် နားလည်ပြီ” ကလိုင်းဟာ ရင်ဘက်မှာ ကြက်သွေးရောင်လပုံ တို့ထိလိုက်ပါတယ်။

“ကျေးဇူးပါပဲ ဘုန်းတော်ကြီး... အရှင်မက ဘုန်းတော်ကြီးကို ကောင်းချီးပေးပါစေ”

‘အင်း... လူရွှင်ရဲ့ အနှစ်သာရက ဘာလဲ... ငါ ၂၁ ရာစုက လူရွှင်ကို ထည့်မစဉ်းစားရင် ဒီလောကမှာ လူရွှင်ဆိုတာက ရယ်စရာ နည်းလမ်းတွေသုံးပြီး လူတွေကို ဖျော်ဖြေပေးတာပဲ... ဥပမာ ရယ်စရာကောင်းတဲ့ ဝတ်စုံတွေ ဝတ်တာ၊ မဟုတ်တရုတ်တွေ လုပ်တာ၊ နောက်ပြောင် ကျီစယ်တာပဲ... အဓိကက ရယ်ဖို့ ကောင်းရမယ်... တခြားလူတွေကို ဖျော်ဖြေမှု ပေးနိုင်ရမယ်... ဒါက နည်းနည်း မဟုတ်သေးသလိုပဲ... ဒါမှမဟုတ် ငါ ရှေးခေတ်က ပျော်တော်ဆက်တွေ နေရာကနေ စဉ်းစားရမှာလား’

ကလိုင်းဟာ တိတ်တဆိတ် စဉ်းစားရင်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်သွားပါတယ်။

ခရက်စတစ်ဟာ သူ့ကို ကြည့်ပြီး ရင်ဘက်မှာ ကြက်သွေးရောင်လပုံ တို့ထိလိုက်ပါတယ်။ သူဟာ မျက်လုံးထောင့်က အရေးအကြောင်းတွေ ပေါ်တဲ့အထိ ပြုံးပြီး...။

“မင်းကိုလည်း အရှင်မက ကောင်းချီးပေးပါစေ”

အဲဒီအချိန်မှာ ကလိုင်းဟာ တစ်စုံတစ်ခုကို ရုတ်တရက် သတိမူမိလိုက်ပါတယ်။ ဆဋ္ဌမအာရုံလိုမျိုးပါပဲ။ သူဟာ ဂိုဏ်းထောက် ဘုန်းတော်ကြီး စက်စမာက ဘယ်ဘက်ခြေထောက်ကို အရင်လှမ်းလိမ့်မယ်လို့ ခံစားမိလိုက်ပါတယ်။

အဲဒီနောက် သူဟာ စက်စမာက ငွေသေတ္တာကို ကောက်ယူပြီး အဂ္ဂိရတ်ခန်းဝဆီ ဘယ်ဘက်ခြေထောက် အရင်လှမ်းကာ လျှောက်သွားတာ တွေ့လိုက်ရပါတယ်။

ခြေတစ်လှမ်း၊ ခြေနှစ်လှမ်း၊ ခြေသုံးလှမ်း။

ကလိုင်းဟာ စက်စမာ အခန်းထဲကနေ ထွက်သွားပြီး စင်္ကြံမှာ ပျောက်ကွယ်သွားတဲ့အထိ ရပ်ကြည့်နေမိပါတယ်။

‘ဒါ...’ သူသာ တစ်ခဏ ကြောင်နေပြီးမှ တော်တော်လေး စိတ်လှုပ်ရှားသွားပါတယ်။

လူရွှင်ဆေးရည်ရဲ့ သာလွန်စွမ်းအားက သူ ထင်ထားတာထက် အများကြီး စွမ်းအားပိုကြီးနေပါတယ်။ သူဟာ လူတစ်ယောက်ရဲ့ နောက်ထပ် အပြုအမူကို အလိုလို ခန့်မှန်းနိုင်နေပါတယ်။

‘ဒီအစွမ်းနဲ့ ငါ့ရဲ့ ဟန်ချက် ထိန်းနိုင်မှု၊ လျင်မြန် ဖျတ်လတ်မှုနဲ့ ခွန်အားကို ပေါင်းလိုက်ရင် ပရိယာယ်ဝေဝုစ်နဲ့ တိုက်ခိုက်တဲ့နေရာမှာ ကျွမ်းကျင်တယ်လို့ ယူဆလို့ရပြီ ထင်တယ်’

‘ဒီတော့ အမြင်ဆရာ အစွမ်းက ဆုံမှတ် ၈ မှာ သရုပ် ပေါ်လာတယ်လို့ ယူဆရမှာလား... ဒါပေမဲ့ ဒါက မလုံလောက်သေးဘူး... ဒီလမ်းကြောင်းက ငါ အဆင့်မြင့် သာလွန်သူ မဖြစ်ခင်အထိ အဆင့်တက်တိုင်းမှာ တစ်မူထူးခြားအစွမ်း တစ်ခုစီ ပေးတာ ဖြစ်ရမယ်... ဒါပေမဲ့ ငါရတဲ့ ဆဋ္ဌမအာရုံက တဒင်္ဂဆိုတော့ အချိန်တိုင်းမှာ အသုံးချလို့ရမှာ မဟုတ်ဘူး... ဒီလိုဆိုပေမဲ့ ဒီဟာနဲ့တင် တော်တော် စွမ်းအားကြီးနေပြီ... တစ်ခါ အသုံးချနိုင်တာနဲ့တင် အရှုံးကို အနိုင် ပြောင်းနိုင်တယ်...’

‘အင်း... ငါ လူရွှင်ဆေးရည်ရဲ့ ဘေးထွက်ဆိုးကျိုးကို လျှော့ချနိုင်တာနဲ့ ငါ့ကိုယ်ငါ ပြန်ဆင့်ဆိုတဲ့ အစီအရင်ကို စမ်းကြည့်ရမယ်... ဒီဟာကို မေ့တေ့တေ့တောင် ဖြစ်နေပြီ... ကပ္ပတိန်ရဲ့ မေ့တတ်တဲ့အကျင့်က ငါ့ဆီ ကူးလာတယ်နဲ့တူတယ်’

အတွေးတွေကြားထဲမှာ ကလိုင်းဟာ သူ့ကိုယ်သူ ထပ်ပြီးတော့ အကဲခတ်ပါတယ်။ လူရွှင်ဆေးရည်က တခြား ဘာအစွမ်းများ ယူလာသေးလဲဆိုတာ သိချင်လို့ပါ။

ညသိမ်းငှက်တွေရဲ့ လျှို့ဝှက်မှတ်တမ်းတွေအရ ဆေးရည်က မန္တန်တစ်မျိုးမျိုးကို တတ်မြောက်စေနိုင်စွမ်း ရှိတယ်ဆိုရင် အဲဒီလူက အဆင့်တက်ပြီးတာနဲ့ သူ ဘယ်လို မန္တန်မျိုး ရသွားတယ်ဆိုတာကို အလိုလို သိသွားပါတယ်။

ဒါပေမဲ့ သူဟာ အဲဒါမျိုးကို အာရုံမခံမိပါဘူး။ တခြားစကားနဲ့ ပြောရရင် လူရွှင်ဆေးရည်က ညသိမ်းငှက်တွေရဲ့ လျှို့ဝှက် မှတ်တမ်းထဲကလိုမျိုး မန္တန်မြန်မြန် သုံးနိုင်တဲ့အစွမ်း မရှိဘူး။

‘ပရိယာယ်များတယ်ဆိုတာက ငါ့အမူအရာနဲ့ ကိုယ်ဟန်ကို သုံးပြီး လူတွေကို အရူးလုပ်နိုင်တာလား...’

ကလိုင်းဟာ လည်ပင်းဆန့်ပြီး သူ့ရဲ့ လက်ရှိအခြေအနေကို လေးလေးနက်နက် သုံးသပ်ပါတယ်။

အဲဒီအချိန်မှာ သူဟာ အရင်တုန်းက ကြုံခဲ့ရတဲ့ ဝတ်စုံနဲ့လူပြက်ကို ပြန်မတွေးမိဘဲ မနေနိုင်ပါဘူး။ ဝတ်စုံနဲ့လူပြက်ရဲ့ ထူးခြားမှုနဲ့ မန္တန်အမျိုးမျိုး အသုံးပြုပုံက သူ့စိတ်ထဲမှာ စွဲကျန်နေခဲ့ပါတယ်။

‘အင်း... အဲဒီ လျှို့ဝှက်ဂိုဏ်းသားက ဆုံမှတ် ၇ သာလွန်သူ ဖြစ်လောက်တယ်... သူ့ရဲ့ လူပြက်ဝတ်စုံက ဖမ်းဝရမ်း ထုတ်မခံရအောင် ရုပ်ဖျက်ထားတာ ဖြစ်မယ်... သူက ဆုံမှတ် ၇ သာလွန်သူ နှစ်ယောက်နဲ့ ဆုံမှတ် ၈ သာလွန်သူ တစ်ယောက်ကို ရင်ဆိုင်နိုင်တာ အံ့ဩစရာ မရှိတော့ပါဘူး... သူသာ ချိပ်ပိတ်လက်နက် ၂-၀၄၉ က ငါ့ကို မလွှမ်းမိုးနိုင်ဘူး ဆိုတာသာ တွက်ချက်မိခဲ့ရင် ငါဆယ်ယောက်ပေါင်းလည်း သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး’

သို့ပေမဲ့ လူရွှင်က မန္တန်တစ်ခုမှ မတတ်တာတော့ မဟုတ်ပါဘူး။ တချို့ မန္တန်တွေကိုတော့ သုံးနိုင်ပါတယ်။

ကလိုင်းဟာ စားပွဲရှည်ဆီ လျှောက်သွားပြီး လူရွှင်ဆေးရည် ဖော်မြူလာ ရေးထားတဲ့ စာရွက်ကို ကောက်ယူလိုက်ပါတယ်။ သူ့မျက်ဆံဟာ မည်းနက်သွားပြီး စာရွက်ကို လေထဲ လွှင့်ပစ်လိုက်ပါတယ်။

“ဝှစ်”

ပျော့ပျောင်းတဲ့ စက္ကူဟာ ဓားမြှောင်တစ်ချောင်းလို ဖြစ်သွားပြီး အဂ္ဂိရတ်ခန်း နံရံကို သွားစိုက်ပါတယ်။

‘ငါ တဲရော့တစ်ထုပ် ဆောင်ထားရမယ်... ဗေဒင်တွက်ဖို့ရော လက်နက်အဖြစ်ရော သုံးလို့ရတယ်’

ကလိုင်းဟာ ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်ပြီး ဆေးရည်စပ်တာကနေ ကျန်ခဲ့တဲ့ပစ္စည်းတွေကို ရှင်းလင်းပါတယ်။ အဲဒီနောက် ဆေးရည်ဖော်မြူလာကို မီးရှို့ပြီး အသက်ပြင်းပြင်း ရှူကာ အဂ္ဂိရတ်ခန်းကနေ ထွက်ပါတယ်။ ပြီးတဲ့အခါမှာတော့ လျှို့ဝှက်ခန်းတံခါးကို ပိတ်လိုက်ပါတယ်။

လောလောဆယ်မှတော့ သူဟာ ရယ်စရာတွေလုပ်ပြီး တခြားလူတွေကို ဖျော်ဖြေဖို့ စိတ်ကူးမရှိပါဘူး။ လူအိုကြီးနီးလ်ကိစ္စက သိပ်မကြာသေးဘူး မဟုတ်ပါလား။ အဲဒါကြောင့် သူဟာ တွေးခေါ်မှု သုံးပြီး ဆေးရည်ရဲ့ လွှမ်းမိုးမှုကို လျှော့ချဖို့ ကြံပါတယ်။

‘အင်း... ဒါက နောက်ထပ် အတွေ့အကြုံအသစ် ရမှာပဲ... ဘာပဲဖြစ်ဖြစ် ငါက အကူသာလွန်သူ မဟုတ်တော့ဘူး... ဟုတ်တယ်... လူအိုကြီးနီးလ် ဆုံးသွားကတည်းက ငါက ထင်းဂန်မြို့ ညသိမ်းငှက်အဖွဲ့ထဲမှာ တစ်ဦးတည်းသော အကူသာလွန်သူပဲ... သန့်စင်မွန်မြတ် ဘုရားရှိခိုးကျောင်းက လျှို့ဝှက်ဆန်းကြယ် စပ်စုသမားပဲဖြစ်ဖြစ် အမြင်ဆရာပဲ ဖြစ်ဖြစ် တစ်ယောက်ယောက်တော့ စေလွှတ်လောက်တယ်...’

ကလိုင်းဟာ နံရံမှာ စီတန်းနေတဲ့ မီးအိမ်တွေအတိုင်း မှောင်မိုက်တဲ့ စင်္ကြံမှာ လမ်းလျှောက်ပြီး လှေကားကနေ ဆူးနက် လုံခြုံရေးကုမ္ပဏီဆီ ပြန်တက်ပါတယ်။

အဲဒီနောက် သူဟာ ညသိမ်းငှက်တွေရဲ့ ဖျော်ဖြေရေးခန်းမှာ နေရောင်ခြည်ကို မြင်လိုက်ရပါတယ်။ နွေးထွေး သန့်စင်တဲ့ နေရောင်ခြည်ဟာ အပြင်ထွက်နေတဲ့ ပြတင်းပေါက်ကို ဖြတ်သန်းပြီး ဖျော်ဖြေရေးခန်းကို အလင်းရောင် ပေးနေပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters