ဝီဗာအရိုး
Vol. 31 Ch. 451
'ဝီဗာ အရိုး..'
ဆန်နီဟာ မဖော်ပြနိုင်တဲ့ ပျော်ရွှင်မူကြောင့် ဒီအသံကို စိတ်ထဲကနေ ထုတ်ဖော်ပြီးတောင် ရေရွတ်လိုက်မိပါတယ်။သူ့ကို ပေးအပ်လိုက်တဲ့ စွမ်းရည်က ဘာမှန်း မသိသေးပေမယ့်..ဒါက ထူးခြားတဲ့အရာတစ်ခုခု ဆိုတာကတော့ သေချာပါတယ်။ဘာပဲဖြစ်ဖြစ် ဝီဗာသွေးက သူ့ကို အကြိမ်များစွာ ကယ်တင်ပေးခဲ့တာပါ။
နာကြည်းသောဟန်ဆောင်သူ နဲ့တွေ့ဆုံပြီးတဲ့ နောက်မှာ သန်မာတဲ့ အရိုးတွေရှိနေတာကလည်း..အားကောင်းတဲ့ သွေးတွေ ရှိတာလောက် အရေးကြီးတယ် ဆိုတာ နားလည်သွားခဲ့တယ်။
သူ့ရဲ့ အကြည့်တွေကို စာသားတွေကနေဖယ်ရှားပြီး ၊ သူ့ရဲ့လက်တစ်ဖက်ကို ကြည့်ကာ လက်သီးဆုပ်ကြည့်လိုက်တယ်။ဒါက ရက်စက်တဲ့သတ္တဝါကြောင့် ကျိုးကြေသွားခဲ့တဲ့ လက်ဖြစ်ပြီး..သူ အောက်ဘက်ကောင်းကင်ကို ပြုတ်ကျတဲ့ အချိန်မှာ ဖြည်းဖြည်းချင်းစီ..ပြန်ကောင်းလာခဲ့ပါတယ်။ဒီလက်ကို လွန်ခဲ့တဲ့ ရက်အနည်းငယ် ကတည်းက ဆန်နီ ပြန်ပြီး အသုံးပြုနိုင်နေပြီဖြစ်ပေမယ့်..ဒါက အားနည်းပြီး ၊ အနည်းငယ် ထိခိုက်ခံထားရသလို ခံစားနေရဆဲပါ။
သို့ပေမယ့် အခုတော့ ဒီဟာက အသစ်တစ်ခုလိုကို ကောင်းမွန်နေခဲ့တယ်။
....ထပ်ပြောရရင်..တကယ်တော့ ဒါက အရင်ကထက်တောင် ကောင်းမွန်နေခဲ့ပါသေးတယ်။
သူ့ရဲ့ အရိုးတွေအားလုံးက ပိုပြီး အားကောင်းကာ ၊ ခံနိုင်ရည်ရှိသလို ခံစားနေခဲ့ရတယ်။ပိုသန်မာလာပြီ။သူ့ရဲ့ အဆစ်တွေကလည်း ပိုပြီး ဖြတ်လတ်လာသလိုပါပဲ။သူ့ရဲ့ သွားတွေကလည်း ကျောက်တုံးတွေ ၊ သတ္တုတွေကိုတောင် ဖျက်ဆီးနိုင်စွမ်းရှိသလို ခံစားနေခဲ့ရတယ်။
သို့ပေမယ့် အထူးဆန်းဆုံး ပြောင်းလဲမူက..သူ့ရဲ့ လက်ချောင်းတွေမှာ ဖြစ်နေခဲ့တာပါ။သို့ပေမယ့် ဒါက သိပ်ပြီး မသိသာခဲ့ပေ။အပြင်ပန်းမှာတော့ ဒီအရာက ပိုပြီး အာရုံခံစားနိုင်လာခဲ့ပြီး ထိတွေ့တဲ့အရာတွေကို ပိုပြီး နက်နက်ရှိုင်းရှိုင်း ခံစားလာခဲ့ရတယ်။သို့ပေမယ့် စစ်မှန်တဲ့ ပြောင်းလဲမူက ပိုပြီးနက်ရှိုင်းမူ ရှိနေတယ် ဆိုတာကို ဆန်နီ သံသယဖြစ်မိပါတယ်။အဲတာက ဘာလဲ ဆိုတာကိုပဲ သူက မသိရှိထားခဲ့တာပါ။
ဝီဗာသွေးက သူ့ရဲ့မျက်လုံးတွေထဲကို အခြေခံကျတဲ့နည်းလမ်းနဲ့ ဝင်ရောက်ထားတာကြောင့်..ဝီဗာအရိုးမှာလည်း သူ့ရဲ့နည်းလမ်းတွေ ရှိနိုင်ပါလိမ့်မယ်။
သူက သူ့ရဲ့လက်ချောင်းတွေကို ရုပ်သေးဆရာဝတ်ရုံတော်ရဲ့ နူးညံ့တဲ့ ပိုးချည်သားပေါ်တင်ပြီး..သူ့ရဲ့အရည်ပြားနဲ့ ထိတွေ့မူကို ခံစားကြည့်လိုက်တယ်။
'..သေသပ်တယ်..'
ဆန်နီ သူ့ရဲ့ လက်ချောင်းတွေနဲ့ အသစ်တွေ့ရှိလာတဲ့ အရာကို ခံစားနေခဲ့ပါတယ်။သူက အရိပ်ကခုန်မူကို လေ့ကျင့်ထားတာကြောင့် သူ့ အကြောတွေက ထူးဆန်းစွာ ပြေလျော့နေကြပြီး..လေ့ကျင့်သူရဲ့ ခန္တာကိုယ်ကို ပျော့ပြောင်းမူ အဆင့်တစ်ခုရောက်အောင်ဖန်တီးပေးထားပါတယ်။အခုတော့ နောက်ထပ်တောင် ပိုပြီး တိုးမြှင့်လိုက်ပါသေးတယ်။
ဆန်နီ ကျေနပ်သွားခဲ့ပြီး အချက်အလက်ဇယားဆီ ပြန်သွားကာ ဖတ်လိုက်တယ်။
စွမ်းရည် : [ ဝီဗာ အရိုး ]
ဖော်ပြချက် : [ သင်က ဝီဗာရဲ့ တားမြစ်မျိုးရိုးရဲ့ တစ်စိတ်တစ်ပိုင်းကို ဆက်ခံနိုင်ခဲ့သည်။သင့်ရဲ့ အရိုးတွေက ပြောင်းလဲသွားခဲ့ပြီး..ခိုင်မာတဲ့အရာအဖြစ် နှိုးဆွပေးခြင်းခံခဲ့ရသည် ]
ဆန်နီ စိတ်ဝင်စားသွားပြီး မျှော်လင့်ထားတဲ့အရာကြောင့် အံ့ဩသွားခဲ့တယ်။ဒါတောင်မှ ဒီအံ့ဩစရာ အချက်အလက်က သူ့အတွက် စိတ်လှုပ်ရှားစရာ ကောင်းနေပါသေးတယ်။
"ဝီဗာ ရဲ့ ဆက်ခံသူ "
ဒီတော့ လက်မောင်းက..ဆန်းကျယ်တဲ့ ကံတရားနတ်ဆိုး ပိုင်ဆိုင်ထားတဲ့ အရာပေါ့။ဝီဗာက သူ့အမျိုးရဲ့ တာဝါထဲကို ဆိုးဝါးတဲ့ ဒဏ်ရာနဲ့ ခိုးဝင်လာပြီး သူ့ရဲ့ဆွေးမြေ့နေတဲ့ လက်ကို ဖြတ်တောက်သွားခဲ့တာပေါ့..။ပြီးတော့ သူက..ကျိုးပဲ့နေတဲ့ အရုပ် တွေနဲ့ စိန်ကြိုးတွေကို သုံးပြီး ခန္တာကိုယ်မှာ လက်အသစ်တစ်ချောင်းကို ချုပ်သွားခဲ့တယ်။
မီးတောင်ကျောက်စေတီ ရဲ့ မြေအောက်ခန်းမှာ ဆန်နီတွေ့ခဲ့ရတဲ့ ခြေရာတွေက..ဝီဗာရဲ့ ခြေရာတွေပါ။
သူ တုန်ရီသွားခဲ့တယ်။
ဆန်နီက သူ့ဘဝတစ်လျောက်လုံးမှာ မယုံနိုင်စရာ အခြေအနေတွေ ၊ အံ့ဩစရာ တွေ ကြောက်မက်ဖွယ်ရာတွေကို ကြုံခဲ့ရဖူးပေမယ့်..အံ့ဩမူကို ခံစားနေခဲ့ရတယ်။ဒါက..ဒါက..သူကိုယ်တိုင် နတ်ဘုရားတစ်ပါးရဲ့ တည်ရှိမူကို ရောက်နေသလိုပါပဲ။
ကံတရားနတ်ဆိုးက ဒီ အမှောင်ကျွန်းကို ရောက်လာခဲ့ပြီး ဆန်နီလမ်းလျောက်တဲ့ ခန်းမမှာ လမ်းလျောက်ကာ..သူနဲ့ တူညီတဲ့လေကို ရူရှိုက် ခဲ့တာပါ။သူ့ရဲ့သွေးတွေ စွန်းပေနေတဲ့ အပ်က လတ်တလောမှာ သူ့ရဲ့ သိုလှောင်တဲ့ မှတ်သားမူထဲမှာ ရှိနေပြီး..အလားတူစွာပဲ အပ်ချည်အဖြစ် လက်မောင်းအသစ်ကို ချုပ်ခဲ့တဲ့ စိန်ကြိုးတွေလည်း ရှိနေပါသေးတယ်။ဆန်းကျယ်တဲ့ မျက်နှာဖုံးနဲ့မတူတာက..အပ်က မှတ်သားမူတစ်ခု မဟုတ်ခဲ့ပါဘူး။
ဒါက တကယ့်အစစ်အမှန် အရာပဲ။
သို့ပေမယ့် အရေးကြီးဆုံးက ဆန်နီက မေးခွန်းထုတ်ခံနေရတဲ့ နတ်ဘုရားတစ်ပါးရဲ့ အရိုးကို စားသုံးခဲ့ပါတယ်။
'ရူးသွပ်စရာပဲ...ဒါက ရူးသွပ်စရာပဲ..'
သူ အကြိမ်အနည်းငယ် မျက်တောင်ခတ်ပြီးကာမှ ရုတ်တရက် တွေးလိုက်တယ်။
' ဒါက..ဒါက..နစ်ဖီ ကိုင်ကို စတွေ့တုန်းက ဖြစ်သွားတဲ့ ခံစားချက် မျိုးလား..ငါသိချင်မိတယ်..'
ဘယ်လို ကျပမ်းဖြစ်ပြီး ၊ ရယ်စရာကောင်းတဲ့ အတွေးမျိုးလဲ...
ယင်းနောက် သူ မျက်မှောင်ကျုတ်လိုက်တယ်။
...ဝီဗာ က ဘာလို့ သူ့ ညီငယ်လေးရဲ့ စွန့်ပစ်ထားတဲ့ အလုပ်နေရာကို ခိုးကြောင်ခိုးဝှက်လာရတာလဲ။သူ့ရဲ့လက်မောင်းမှာ ဆွေးမြေ့နေတဲ့ အရာကရော ဘာတွေလဲ။ဘယ်လို သတ္တဝါမျိုးက သူ့ကို ဆိုးဆိုးဝါးဝါး ဒဏ်ရာရစေတာလဲ။
နတ်ဘုရားတစ်ပါးကို ဘယ်အရာက ထိခိုက်စေတာလဲ...
ဆန်နီ မှာ မေးခွန်းတွေ အများကြီးရှိနေခဲ့တယ်။
ကံကောင်းချင်တော့..ဝီဗာအရိုးရဲ့ ဖော်ပြချက်က မပြီးဆုံးသေးပါဘူး။အချက်အလက်မှာ စာသားအချို့ ဆက်ပြီး ရှိနေခဲ့ပါသေးတယ်။
သူက အာရုံစိုက်ပြီး ဖတ်လိုက်တယ်။
[ ...အမည်မသိ ရဲ့ သားတော်တွေက နတ်ဘုရားတွေကို စစ်ကြေညာလိုက်တဲ့ အချိန်မှာ ၊ ဝီဗာက စစ်ပွဲကို ဆန့်ကျင့်ခဲ့သည့် တစ်ယောက်တည်းသောသူ ဖြစ်ခဲ့သည်။နှစ်ဖက်စလုံး၏ အမဲလိုက်ခြင်းကို ခံခဲ့ရသောကြောင့် သူက ပျောက်ကွယ်သွားခဲ့၏။အရမ်းနောက်ကျတဲ့ အချိန်အထိ ဝီဗာ ဘယ်ကိုသွားလဲ ..ဘာတွေ လုပ်ခဲ့ကြလဲဆိုတာ ဘယ်သူမှ မသိရှိခဲ့ကြပေ ]
ဆန်နီ ကြက်သီးထသွားခဲ့တယ်။
ဒီ တိုတောင်းတဲ့ ဖော်ပြချက်ကနေတဆင့် ကိစ္စတစ်ချို့က ရှင်းလင်းလာခဲ့ပါတယ်။ပထမဆုံးအချက်အနေနဲ့ သူ သံသယဖြစ်မိတာက - ကိုယ့်ကိုကို ဖန်တီးသူတွေလိူ့ ပြောတဲ့ အမည်မသိရဲ့ ဆန်းကျယ်တဲ့ သားတော်တွေက..နတ်ဘုရားတွေကို ဆန့်ကျင်ပြီး စစ်ပွဲခေါ်ဆောင်ခဲ့ကြပါတယ်။ဒီအရှုပ်ထဲမှာ ဝီဗာက နှစ်ဖက်စလုံးကနေ မပါဝင်ခဲ့တာကြောင့်..သူတို့က ခြောက်ယောက်တည်းသာ ရှိနေခဲ့ကြတယ်။
ဒုတိယအချက်အနေနဲ့ - စစ်ပွဲမှာ ဝီဗာက ပါဝင်ဖို့ ငြင်းဆန်နေတာကြောင့်..နတ်ဘုရားတွေ နဲ့ ဒဲလ်မွန် တွေ နှစ်ဖက်စလုံးမှာ ကြီးကြီးမားမား ပြသနာတက်ခဲ့ကြတယ်။အံ့ဩဖို့ မကောင်းစွာပဲ ..တစ်ဖက်ကတော့ ကံကြမ္မာနတ်ဆိုး ရဲ့ မျိုးရိုးဗီဇကြောင့် သူ့ကို ရန်သူတွေထဲက တစ်ယောက်အဖြစ်ပဲ မြင်နေကြမှာပါ။တစ်ခြားတစ်ဖက်ကတော့ တူညီတဲ့ အကြောင်းပြချက်နဲ့ပဲ သူ့ကို သစ္စာဖောက်တစ်ယောက်အဖြစ် မြင်ကြပါလိမ့်မယ်။
ဒါက ဝီဗာဘယ်လို ဒဏ်ရာရခဲ့တာလဲ ဆိုတာကို ရှင်းပြထားခဲ့ပြီး..ဘာလို့ မီးတောင်ကျောက်တာဝါ ထဲကို လျိုဝှက်ပြီး ဝင်ရောက်ခဲ့တာလဲ ဆိုတာကိုပါ ဖော်ပြထားခဲ့ပါတယ်။
ဒီအချက်အလက်နှစ်ခုက အတော်လေးကို အံ့ဩသင့်ဖို့ကောင်းပြီး တတိယတစ်ခုကတော့ ဆန်နီကို ရပ်တန့်စေခဲ့တယ်။
'အရမ်းနောက်ကျတဲ့ အချိန်မတိုင်ခင်အထိ ..ဝီဗာဘယ်သွားလဲဆိုတာကို ဘယ်သူမှ မသိခဲ့ကြဘူး..'
ဒီ အသံက အတော်လေး နိမိတ်မကောင်းပါဘူး။ဒါက အဆုံးသတ်မှာ ဝီဗာရဲ့အခြေအနေက..ဒဲလ်မွန် ခြောက်ပါး နဲ့ နတ်ဘုရား ခြောက်ပါး ပေါင်းစပ်ထားတာ ထက်တောင် ပိုပြီး ဆိုးဝါးသွားပုံ ရပါတယ်။
တကယ်ပဲ ဝီဗာက ဘာလုပ်ခဲ့တာလဲ...
ဆန်နီ က ဒီအဖြေကို သိချင်စိတ်ဖြစ်ယုံတင်မကပဲ အမှန်တကယ်ကို သိချင်နေခဲ့တယ်။
ဘာပဲဖြစ်ဖြစ် အခုချိန်မှာ သူက ဝီဗာရဲ့ မျိုးရိုး အစိတ်အပိုင်း နှစ်ခုကို ဆက်ခံထားခဲ့တာပါ။
..တားမြစ်ခံထားရတယ်လို့ ဖော်ပြထားတဲ့ မျိုးရိုး..။
ဒါက ဝီဗာ လုပ်ခဲ့တဲ့ အရာနဲ့များ ဆက်နွယ်နေနိုင်မလား..။
ခါတိုင်းလိုပဲ..ဆန်နီရဲ့ အဖြေက နောက်ထပ် မေးခွန်းအများကြီးကိုပါ ယူဆောင်လာခဲ့ပြန်ပါတယ်။
'ချီးပဲ..'
သူ သက်ပြင်းချလိုက်ပြီး..အချက်အလက်ဇယားကို ပယ်ဖျက်ကာ မတ်တတ်ထရပ်လိုက်တယ်။နတ်ဘုရား တွေ နဲ့ ဒဲလ်မွန်တွေ အကြောင်း အချက်အလက်တွေ ထပ်မရသေးပဲနဲ့ အခုချိန်မှာ ဒါကို စဥ်းစားနေလို့ အဓိပ္ပာယ် မရှိသေးပါဘူး။
ဘာပဲဖြစ်ဖြစ် သူက အသွင်ပြောင်းထားတာကြောင့်မယုံနိုင်စရာကောင်းလောက်အောင် ပင်ပန်းပြီး ဆာလောင်နေခဲ့တယ်။
...သို့ပေမယ့် ဆာလောင်တာက ပိုများပါတယ်။
ဆန်နီ နောင်တရစွာ သက်ပြင်းချလိုက်ပြီး..သူတော်စင်ကို နောက်ကနေ လိုက်ခဲ့ဖို့ အချက်ပြကာ..ပထမအထပ်ကို ဦးတည်ပြီး ဆင်းသွားလိုက်ပါတယ်။
အပ်ိုင်း ( ၄၅၁ ) ပြီး၏။