← Chapters

အထက်ကို ကျော်လွန်ပြီး

Vol. 31 Ch. 452

အထက်ကို ကျော်လွန်ပြီး

Vol. 31 Ch. 452

ရက်အနည်းငယ် ကြာပြီးနောက် ၊ ဆန်နီက မီးတောင်ကျောက် တာဝါရဲ့ ပထမထပ်မှာရှိနေတဲ့ ခန်းမရဲ့ အလယ်မှာ ထိုင်နေခဲ့တယ်။တပ်မက်ခြင်း ဘဏ္ဌာတိုက် က သူ့ရဲ့ အနားမှာရှိနေခဲ့ပြီး သူ့ရဲ့အဖုံးက ပွင့်ကာ ထက်ရှတဲ့ သွားတွေ ပေါ်ထွက်နေခဲ့ပါတယ်။

သူ့ရဲ့လက်ထဲမှာတော့ ရက်စက်သော မြင်ကွင်းကို ကိုင်ဆောင်ထားခဲ့တယ်။ဖြူဖျော့တဲ့ လှံရဲ့ ငွေရောင်အသွားက နတ်ဘုရားမီးတောက် တွေ ပါဝင်တဲ့ အဖြူရောင် အလင်းတေွ ဖြာထွက်နေခဲ့ပါတယ်။

…လတ်တလောမှာတော့ ဆန်နီက ပုတ်ဆွေးနေတဲ့ အနက်ရောင် အသားကို ကင်ဖို့ လုပ်နေခဲ့တယ်။ဒါက သေတ္တာကြီး မီးတောက် ပင်လယ်ထဲကို ပြုတ်ကျမသွားခင်မှာ သိုလှောင်ထားခဲ့တဲ့ ဟန်ဆောင်သူရဲ့ နောက်ဆုံးအသားပါ။

သူတော်စင်ကတော့ အနားမှာ ရှိနေခဲ့ပြီး သူမရဲ့ ခါတိုင်းလို အေးစက်တဲ့ အမူအရာနဲ့ အဝေးကို အေးစက်စွာ ကြည့်နေခဲ့ပါတယ်။

သူက သူမကို ကြည့်ပြီး သက်ပြင်းချလိုက်တယ်။

“ငါ မင်းကို အတော်ကြအောင် အစာမကျွေးနိုင်တဲ့ အတွက် စိတ်မကောင်းပါဘူး”

အရိပ်ကတော့ သူ့ရဲ့ စကားလုံးတွေကို ဘယ်လိုနည်းနဲ့မှ တုန့်ပြန်မလာခဲ့ပေ။

တိတ်ဆိတ်တဲ့ စစ်သည်တော်က သူ့ကို စိတ်မဝင်စားပုံပေါ်နေခဲ့ပေမယ့် ဆန်နီကတော့ ဆက်ပြီး စကားတွေ ပြောနေခဲ့ပါတယ်။

“ဟေး..ဒါက မှန်တော့ မမှန်ဘူး နော်။ဒါက ငါ့အပြစ်လည်း မဟုတ်ဘူးလေ။အဲဒီအစား ငါ့ရဲ့ မယုံနိုင်စရာ ကံတရားကိုသာ အပြစ်တင်လိုက်တော့ ။ငါရှာတွေ့တဲ့ မှတ်သားမူတိုင်းက မယုံနိုင်စရာကောင်းနေတာကို ငါလည်း ဘယ်လိုလုပ် တတ်နိုင်မှာလဲ။ငါ ဒါတွေကိုတော့ မင်းကို စားခိုင်းလို့ မဖြစ်ဘူးလေ..”

သူ ပြုံးလိုက်ပြီး အနံ့ထွက်နေတဲ့ အနက်ရောင် အသားကို ကြည့်ကာ သက်ပြင်းချလိုက်တယ်။

“ဒါက ကျတ်သွားပြီလို့ ထင််တာပဲ “

ဆန်နီက ရက်စက်သော မြင်ကွင်းကို ပြန်သိမ်းလိုက်ပြီး အသားကို ပါးစပ်ထဲထည့်ကာ တစ်ကိုက်ကိုက် လိုက်ပါတယ်။သူ့ဝါးနေတဲ့ အချိန်မှာတော့ အတော်လေးကို ဆိုးဝါးတဲ့ မျက်နှာအမူအရာက သူ့ဆီမှာ ပေါ်မှာခဲ့တယ်။

“အဲဒါက ငါပြောချင်တဲ့ အရာပဲ။သူတော်စင် ၊ ဒီအသားက တကယ်ကို အရသာရှိတာနော် ။ငါမင်းကို တကယ်သနားမိတယ်။မင်းက ဒီလို အရသာကောင်းမွန်လွန်းတဲ့..အရာကို မစား…အိုး ချီးပဲ ဘာလို့ အရမ်းဆိုးဝါးနေတာလဲ။..ဒါက နတ်ဘုရား ဟင်းလျာပဲ။ဒါက ဘဝမှာ တစ်ကြိမ်သာ စားခွင့်ရတဲ့ နတ်ဘုရား အစားအသောက်ပဲ။ဒီတိုင်း တစ်ကိုက်ကိုက် လိုက်တာနဲ့ ..တကယ်..တကယ်ကို မင်းဘဝကို ပြောင်းလဲသွားစေနိုင်တယ်”

‘အဆိုးဆုံး အခြေအနေကိုပေါ့’

အနည်းဆုံးတော့ ဒီသောက်ကျိုးနဲ အရာကို ဝါးရတာက အတော်လေးကို လွယ်ကူနေခဲံတာပါ။ဝီဗာအရိုးကို အရခင်တုန်းကတော့ ဟန်ဆောင်သူရဲ့အသားကို ဝါးရတာက လည်သာဖိနပ်ကို ဝါးစားနေရသလိုပါပဲ။ဒီအသားက အတူတူပဲ ရှိနေသေးပေမယ့် ဆန်နီရဲ့ သွားတွေကတော့ ကွာခြားသွားခဲ့ပါပြီ။

ဒီသွားတွေက နတ််ဆိုးရဲ့ အသားတွေကို လွယ်လွယ်ကူကူပဲ ဖြတ်တောက် နိုင်နေခဲ့ပါတယ်။

ထပ်ပြောရရင် ဒါက အစိမ်းမဟုတ်ပေ။ဒါက အောင်ပွဲခံလို့ ရလောက်တဲ့ အကြောင်းပြချက်ပါပဲ။

ဒီအသားကို စားရတာကြောင့် မျက်ရည်တွေပါဝဲလာတဲ့ ဆန်နီဟာ သူတော်စင်ကိုကြည့် ရင်း မျက်နှာပေါ်က အပြုံးကို ကြိုးစားထိန်းချုပ်နေခဲ့ရတယ်။

“ငါ့ရဲ့ ဟင်းချက်စကေးတွေ ကြောင့် ပြောစရာစကား မရှိတော့ဘူးမလား။မျှတပါတယ်..မျှတပါတယ်”

သို့ပေမယ့် ခနအကြာမှာတော့ အသံတစ်ခုက မီးတောင်ကျောက် တာဝါရဲ့ အထဲမှာ ထွက်ပေါ်လာခဲံပါတယ်။

“..မင်းက အတကယ် အသက်ရှင်နိုင်ခဲ့တာပဲ “

ဆန်နီ သူစားနေတဲ့ အသားတွေ သည်းသွားခဲ့တယ်။တစ်ခနလောက် သူ့ရဲ့ သစ္စာရှိတဲ့ အရိပ်က သူနဲ့စကားပြောရမှာ စိုးတာကြောင့် တစ်ချိန်လုံး မပြောတတ်ချင်ယောင်ဆောင် နေတယ်လို့တောင် ထင်သွားခဲ့တာပါ။

သို့ပေမယ့် မဟုတ်ပေ။သူ ဒီအသံကို မှတ်မိပါတယ်။

ဝမ်းနည်းစွာပဲ ဒါက သူတော်စင်ရဲ့ အသံ မဟုတ်ခဲ့ပါဘူး။

ဒါက မော်ဒရက်ပါ။ဘာမှမရှိတဲ့ မင်းသားက ပြန်လာခဲ့ပါပြီ။

‘ကျေးဇူးပါ ဘုရားသခင်တို့ ‘

ဆန်နီက အမှောင်ကျွန်းပေါ်မှာ တစ်ယောက်တည်းနေရတာဟာ သူ ဝန်ခံနိုင်တာထက်ကို ပိုပြီး ဝန်ထုတ်ဝန်ပို ဖြစ်နေခဲ့ပါတယ်။သူက ဆန်းကျယ်တဲ့ အသံကို မယုံကြည်ပေမယ့်လည်း သူ့အသံကို ကြားနေရတာက သူ့ကို စိတ်သက်သာရာ ရစေပါတယ်။

အသားကို မြိုချလိုက်ပြီး အဆုံးမရှိစမ်းချောင်းထဲက ရေကို သောက်ပြီးကာမှ သူက ခန်းမထဲကို ဝေ့ပတ်ကြည့်လိုက်တယ်။

“မင်းမြင်တဲ့ အတိုင်းပဲလေ။ငယ်ရွယ်တဲ့ လူတစ်ယောက်အနေနဲ့ အရိုးသားဆုံးဝန်ခံ ရမယ်ဆိုရင် ဒါက တကယ်ကို မလွယ်ကူလှဘူး။တကယ်တော့ ငါ အသက်ရှင်နေတယ်ဆိုတာတောင် ကိုယ့်ကိုကို ယုံကြည်ဖို့ အတော်ခဲယဥ◌်းတယ်”

အခြေအနေတွေ ဆိုးဝါးနေဆဲဖြစ်တဲ့ သူ့ရဲ့ ခန္တာကိုယ်ကို ပြန်ငုံ့ကြည့်လိုက်တယ်။လောင်ကျွမ်းပြုတွေကို ပြန်လည်ကုသနေတယ် ဆိုပေမယ့် ခါတိုင်းကုသမူတွေထက် ပိုပြီး‌ေနှးကွေးပါတယ်။နတ်ဘုရားမီးတောက် တွေက သူ့ကို တိုက်ရိုက် မထိတွေ့ခဲ့ဘူးဆိုပေမယ့် အပူချိန်တွေကနေ ဖြစ်ပေါ်ပြီး ရရှိလာတဲ့ ဒဏ်ရာကတောင်မှ ဝီဗာသွေးက အလျင်အမြန်ပြန်ပြီး မကုသနိုင်လောက်အောင် ဖြစ်နေခဲ့တယ်။

မော်ဒရက်ကတော့ ခါတိုင်းလိုပဲ နောက်တစ်ခေါက် စကားမပြောခင်မှာ တိတ်ဆိတ်နေခဲ့ပါတယ်။သူ့ အသံပေါ်လာတဲ့ အချိန်မှာတော့ အံ့ဩလေးစားမူတွေ ပြည့်နေခဲ့တယ်။

“မင်းက တကယ်ပဲ မီးတောက်ပင်လယ်ထဲက အက်ကွဲကြောင်းကို ရှာတွေ့သွားတာလား “

ဆန်နီ ပုခုံးတွန့်လိုက်ပြီး

“ငါက ဒီချိန်လုံး အဲဒီအနားကိုပဲ ဆင်းသက်နေသလို ဖြစ်နေခဲ့တာလေ။ဒါပေမယ့် အဲတာတောင် ငါက ဒီကိုရောက်ဖို့သေလောက်အောင် လောင်ကျွမ်းတာ ခံခဲ့ရသေးတယ်။ငါ့ရဲ့အားအကောင်းဆုံး မှတ်သားမူတွေက ဆိုးဆိုးဝါးဝါး ဒဏ်ရာရခဲ့ကြပြီး ကံကောင်းလိုသာ ငါအသက်ရှင်ခဲ့ရတာ “

အမှန်တရားအားလုံးနဲ့ မနီးစပ်ဘူး ဆိုပေမယ့် လက်တွေ့အရတော့ ဒါက မှန်ကန်ပါတယ်။

ဆန်ကျယ်တဲ့ မင်းသားက တွေဝေနေပြီးကာမှ မေးလိုက်တယ်.

“ မင်းက အခုဘယ်မှာလဲ”

ဆန်နီ စိတ်ဝင်စားသွားခဲ့ပြီး

‘ ငါ့ပတ်ဝန်းကျင်ကို ဘယ်လောက်အထိမြင်နေရတာလဲ ဆိုတာကို သိချင်မိတယ်’

ပထမဆုံးတွေ့ဆုံချိန်တုန်းက မော်ဒရက်က ဘာလို့ အရမ်းမှောင်နေရတာလဲ လို့ မေးခဲတာကြောင့် သူက အနည်းဆုံးတော့ ပတ်ဝန်းကျင်က တစ်ခုခုကို မြင်နေရပုံပေါ်ပါတယ်။

“ ငါ ဘယ်မှာရှိနေတာလဲ မင်းမမြင်ရဘူးလား “

အသံက ရိုးရိုးသားသားပဲ ပြန်ဖြေလာခဲ့တယ်။

“ငါက ဟောင်းနွမ်းပြီး ကျိုးပဲ့နေတဲ့ အရာတွေတော့ မြင်နေရတယ်။ဒါတွေက ငါ့ကို အများကြီး မပြောပြနိုင်ဘူးလေ”

‘အဓီပ္ပာယ်ရှိတယ်’

အားနည်းချက်ရဲ့ ဖိအားက အဖြေကို ပြန်ပေးဖို့အတွက် သူ့ရဲ့ ဝိဥာဥ◌်ကို လာရောက်ထိခိုက်နေပြီဖြစ်တာကြောင့် ဆန်နီ ခေါင်းညိမ့်လိုက်တယ်။

သူက မီးတောင်ကျောက် တာဝါရဲ့ အတွင်းပိုင်းကို ညွှန်ပြလိုက်ပြီး

“ကောင်းပြီလေ..ကြယ်အတုတွေရဲ့ အကျော်မှာ အောက်ကို ဆက်ပြီး ကျဆင်းနေတဲ့ လေဟာနယ်တစ်ခု ရှိနေသေးတယ်။ဒါပေမယ့် မီးတောက်တွေရဲ့ အဝေးတစ်နေရာမှာ တကယ်ပဲ လွင့်မျောနေတဲ့ ကျွန်းတစ်ခုရှိနေခဲ့တယ်လေ။အဲတာက ဆင်စွယ်ရောင်တာဝါနဲ့ တစ်ပုံစံတည်းပဲ။အဲတာက ငါရောက်နေတဲ့ နေရာပဲ။စေတီထဲမှာ “

ယင်းနောက် ဆန်နီက ခေါင်းနောက်ဖက်ကို ကုတ်လိုက်ပြီး ထပ်ပြောလိုက်တယ်။

“ဒါပေမဲ့ ဘာပဲဖြစ်ဖြစ်ပါ။ငါက မင်းပြောတာကို ဘယ်လိုဖြစ်ပြီး ကြားနေရတာလဲ။မင်းက ကြယ်တွေကို ကျော်လွန်ပြီး ရောက်မလာနိုင်ဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား “

မော်ဒရက် သက်ပြင်းချလိုက်ပြီး

“ ငါလည်း အဲလိုထင်ထားတာပဲ။ကံကောင်း ချင်တော့ ငါမှားသွားခဲ့တာ ထင်တယ်”

ခနလောက် ရပ်နေပြီး ကာမှ သူက ထူးဆန်းတဲ့ အသံနဲ့ ပြောလာခဲ့တယ်။

“အနက်ရောင် တာဝါ .. ဒီတော့ အဲတာက တကယ်ရှိတယ်ပေါ့”

ဆန်နီ မျက်တောင်ခတ်လိုက်တယ်။

‘ ဒါက နောက်တစ်မျိုးခေါ်တဲ့ နာမည် ထင်တာပဲ’

သိူ့ပေမယ့် ရှုတ်ထွေးတဲ့ မျက်နှာ အမူအရာတစ်ခုပေါ်လာခဲ့ပါတယ်။

“ခနလေး မင်းဒါကို သိတယ်လား”

ဆန်းကျယ်တဲ့ မင်းသားက အတော်ကြာအောင် တိတ်ဆိတ်နေပြီးကာမှ ပြန်ဖြေလာခဲ့တယ်။

“ဒါက ငါအရင်က ရှာဖွေနေခဲ့တဲ့ အရာတစ်ခုပဲ။ ငါ ထပ်ပြီး မရှာနိုင်တော့တဲ့ အချိန်အထိပေါ့။အောက်ဘက်ကောင်းကင်မှာ ဆင်စွယ်ရောင်တာဝါနဲ့ တူတဲ့ အရာတစ်ခုရှိနေတယ်ဆိုတဲ့ သဲလွန်စတွေကို ငါတွေ့ခဲ့ရတယ်လေ။ငါက အဲဒီကို ရောက်ဖို့ မျှော်လင့်ခဲ့တာ။

ဆန်နီက သူ့ရဲ့နောက်ထပ်စကားလုံးတွေကို သေချားရွေးချယ်လိုက်တယ်။

“ အိုး တကယ်လား ။မင်း ဒီနေရာအကြောင်း ဘာသိထားသေးလဲ “

မော်ဒရက်က ခနလောက်တွေးနေပြီး မှ ပြန်ဖြေလိုက်တယ်။

“အလင်းနတ်ဘုရားရဲ့ ဖျက်ဆီးမူအပြီးမှာ အရမ်းကို သန်မာတဲ့ သက်ရှိတစ်ယောက်က ဒီပျက်ဆီးနေတဲ့ နေရာကို ရောက်လာခဲ့တယ်လို့တော့ ပြောထားတာပဲ။အရင်တုနး်က အောက်ဘက်ကောင်းကင်က အရမ်းမကျယ်ပြန့်ပဲ နတ်ဘုရားမီးတောက်တွေကလည်း လောင်ကျွမ်းနေခဲ့တယ်လေ။အဲဒီအရာက မီးတောက်တွေကို ရိတ်သိမ်းချင်ခဲ့တာ”

ရုတ်တရက် အမှောင်ကျွန်း နဲ့ မီးတောင်ကျောက်တာဝါရဲ့ သေးငယ်တဲ့ အချက်အလက်လေးတွေက ပိုမိုရှင်းလင်းလာခဲ့တယ်။ဆန်နီက ဒီနေရာရဲ့ ရည်ရွယ်ချက်ကို အစောကတည်းက သံသယဖြစ်မ်ိပေမယ့် အခုတော့ အမှန်တကယ်ပဲ အတည်ပြုခဲ့ပါတယ်။စေတီရဲ့ အပြင်ဖက်မှာ ရှိနေတဲ့ ပျက်ဆီးနေတဲ့ စက်တွေ၊ အလုပ်စားပွဲတွေ ၊ ငွေရောင် မီးပြင်းဖိုကြီးတွေ…

မြေအောက်ကမ္ဘာရဲ့ မင်းသားက ဒီကြီးမားတဲ့ စေတီမှာ အမှန်တကယ‌် နေထိုင်ခဲ့တာ မဟုတ်ပါဘူး။ဒါက သူ့ရဲ့ အိမ်မဟုတ်ပဲ မီးတောက်ပင်လယ်ထဲမှာ တည်ဆောက်ထားတဲ့ အဆောက်အဥ◌ီးတစ်ခုသာ ဖြစ်ပြီး ကောင်းကင်မီးတောက် တွေကို ရီတ်သိမ်းဖို့အတွက်ပါ။သူဘာလို့ ဒီအရာကို လိုအပ်တာလဲ ဆိုတာကိုတော့ ဆန်နီလည်း မသ်ိပေ။

ဂုဏ်ယူရတဲ့ ဒဲလ်မွန်က ဒီအရာကို အောင်မြင်ခဲ့လား ကျရှုံးခဲ့တာလား ဆိုတာကို သူမသိပေမယ့် ဒီဟာကြောင့်ပဲ သူက မီးတောင်ကျောက်တာဝါကနေ ထွက်သွားခဲ့ပြီး နှစ်ထောင်ပေါင်းများစွာ ကြာအောင် ချိတ်ပိတ်ပြီး စွန့်ပစ်ခဲ့တာပါ။

..ပြီးတော့ အဲဒီအချိန်အတောအတွင်းမှာပဲ အမည်မသ်ိရဲ့ နောက်ထပ်သားတော် တစ်ပါးက မတူညီတဲ့ ရည်ရွယ်ချက်နဲ့ ခနလောက် ဝင်ရောက်လာခဲ့တယ်။

ဆန်နီက နောက်ထပ် အသားအပိုင်းကို ဝါးလိုက်ရင်း သိချင်စွာမေးလိုက်တယ်။

“ကောင်းကင်မီးတောက်ကို ရိတ်သိမ်းတာလား။အတော် စိတ်ဝင်စားဖို့ကောင်းတယ်။မင်းလည်း အဲတာကြောင့်ပဲ ဒီကို လာချင်ခဲ့တာလား “

ဒါမှမဟုတ် မော်ဒရက်က တစ်ခုခုကို ရှာဖွေနေတာလား။

…တစ်ခြားတစ်ခုခုလား

ပျောက်ဆုံးသူ မင်းသားက ရယ်မောလိုက်ပြီး

“ အဲလိုလည်း မဟုတ်ပါဘူး။တကယ်တော့ ငါက အစကတည်းက မီးတောင်ကျောက် တာဝါကို စိတ်ဝင်စားတာ မဟုတ်ဘူး”

ဆန်နီ မျက်မှောင်ကျုတ်လိုက်တယ်။

“ မင်းစိတ်မဝင်စားဘူး ဆိုရင် ဘာလို့ ဒီဟာကို ရှာဖွေနေတာလဲ”

မော်ဒရက် သက်ပြင်းချလိုက်တယ်။

အတော်ကြာအောင် ရပ်နေပြီးကာမှ သူပြန်ဖြေလာခဲ့ပါတယ်။သူ့ရဲ့ နက်မှောင်တဲ့ အသံမှာတော့ ခံစားချက်တွေ အပြည့်ပါပဲ။

“ငါစိတ်ဝင်စားတာက ပုံတူကူးထားတာကို မဟုတ်ဘူး။အစစ်အမှန်ဖြစ်တဲ့ ဆင်စွယ်ရောင် တာဝါကိုပဲ။ဒီနှစ်ခုက တစ်နည်းနည်းနဲ့ ဆက်နွယ်နေလောက်တယ်။တကယ်လို တစ်စုံတစ်ယောက် အဲဒီဆက်နွယ််မူကို တွေ့မယ်ဆိုရင် ..သူက ဖိနပ်မူကို ကျော်လွန်နိုင်ပြီး..ကောင်းကင်ကျွန်းဆီကို ခြေချနိုင်လိမ့်မယ်လေ..”

အပိုင်း ( ၄၅၂ ) ပြီး၏။

All Chapters