ကြယ်ပွင့်များ၏ မြင့်မြတ်နေရာ..
Vol. 31 Ch. 453
ဆန်နီ ခနလောက်တိတ်ဆိတ်ပြီး စိတ်လှုပ်ရှားစွာ တွေးတောနေခဲ့တယ်.။
တာဝါ နှစ်ခုကြားထဲက တံတား တစ်ခု …
ဒါက သူဒီနေရာကနေ ထွက်သွားပြီး အစစ်အမှန်ကမ္ဘာကို ပြန်သွားနိုင်မယ့် အခွင့်အရေး တစ်ခုပါ။
..ပြသနာက မော်ဒရက် ပြောပြတဲ့ ဆက်နွယ်မူနဲ့ ပတ်သက်ပြီး သူသိထားတဲ့ အရာဘာမှ ရှိမနေခဲ့ပါဘူး။သို့ပေမယ့် သူ့မှာ အကြံဥာဏ်တစ်ခု ရှိပါတယ်။
လွန်ခဲ့တဲ့ ရက်အနည်းငယ် အတွင်းမှာ ဆန်နီက မီးတောင်ကျောက် တာဝါအတ္င်းက ကျန်တဲ့နေရာတွေ အားလုံးကို ရှာဖွေခဲ့တယ်။သူက အံ့ဩစရာ ရှာဖွေတွေ့ရှိမူတွေနဲ့ ကြုံတွေ့ခဲ့ရပေမယ့် ..အများစုက အညစ်အကြေးတွေနဲ့ပဲ ဖုံးလွှမ်းနေခဲ့တာပါ။သူ ဂိတ်ပေါက်ဝကို ဖွင့်လိုက်တဲ့ အချိန်ကနေစပြီး စေတီထဲမှာ ရှိနေတဲ့ အရာမှန်သမျှကလည်း ပျောက်ကွယ်သွားခဲ့ ကြပါတယ်။
သူ့ရဲ့ ရှာဖွေ တွေ့ရှိမူထဲမှာ အဆန်းကျယ်ဆုံးအရာကတော့ တာဝါရဲ့ နောက်ဆုံးအထပ်မှာ သေးငယ်တဲ့ အဝိုင်းပုံစံ ခန်းမရဲ့ အလယ်ထဲမှာ ထည်ဝါတဲ့ ကျောက်တုံးပေါင်းကူး တစ်ခုက နေရာမှားထားသလို ဖြစ်နေခဲ့တယ်။
ဒီအရာနဲ့ ပတ်သက်ပြီး ဆန်းကျယ်တဲ့ အရာက သူ့ရဲ့ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ရူးနစ်တွေ ဖြစ်ပြီး ကြက်သွေးရောင် ထိပ်ဖျားရဲ့ ထွက်ပေါက်နဲ့ တူနေခဲ့ပါတယ်။
တကယ်တော့ ဆန်နီက ဒီအရာကို အသက်မသွင်းရသေးတဲ့ ထွက်ပေါက်တစ်ခုအဖြစ် ယူဆထားခဲ့တယ်။ဒီအကြောင်းပြချက်ကြောင့်ပဲ သူက ရက်အနည်းငယ်လောက် ကြာအောင် ဒီအရာကို အသက်သွင်းဖို့ ကြိုးစားနေခဲ့တာပါ။သူက ဒီအရာအထဲကိုရော ..အခန်းရဲ့ နံရံတွေကိုရော..အရိပ်အဆီအနှစ်တွေ လောင်းထည့်ပြီး စမ်းသပ်ခဲ့တယ်။သူက မရင်းနှီးတဲ့ ရူးနှစ်တွေက်ို လေ့လာပြီး ဒီအရာတွေကို နားလည်နိုင်ဖို့ မျှော်လင့်တာ..ထိခိုက်ဒဏ်ရာရတဲ့ နေရာကို ရှာတွေ့နိုင်မလား လျောက်ကြည့်တာတွေ လုပ်နေခဲ့ပါတယ်။ဘယ်အရာက ပေါင်းကူးကို အလုပ်မလုပ်ပဲ ဖြစ်နေတာလဲ။
သိုပေမယ့် ..အခုထိ ဘယ်အရာကမှ အလုပ်မဖြစ်သေးပေ။
မော်ဒရက် ပေးထားတဲ့ အချက်အလက်တွေက သူ ပေါင်းကူးပေါ်မှာ ထားရှိတဲ့ အမြင်တွေကို ပြောင်းလဲသွားစေခဲ့တယ်။ပျောက်ဆုံးနေတဲ့ မင်းသားပြောတာသာ မှန်မယ်ဆိုရင် ဒီအရာက အစစ်အမှန်ကမ္ဘာကိုယ် ပြန်နိုင်မယ့် ထွက်ပေါက် မဟုတ်တော့ပါဘူး။ဒါက အနကရောင် တာဝါနဲ့ ဆင်စွယ်ရောင် တာဝါကို ဆက်သွယ်ပေးထားတဲ့ တံတားတစ်စင်း ဖြစ်နေနိုင်ပါတယ်။
ဒါတောင်မှ သူက ဒီသောက်ကျိုးနဲ အရာကို ဘယ်လို အလုပ်လုပ်အောင် လုပ်ရဥ◌ီးမှာလဲ။
သူ့မျက်နှာမှာ အတွေးနက်နေတဲ့ ပုံစံနဲ့ ဆန်နီက မေးလိုက်တယ်။
“တကယ်လို့ ဒီအရာက ဆင်စွယ်ရောင်တာဝါကို ဆက်သွယ်ထားတယ်ဆိုရင် အဲဒီ ဆက်သွယ်မူကို ဘယ်လို အသုံးချရမှာလဲ။မင်းမှာ အကြံဥာဏ် တစ်ခုခုရှိနေလား..။အဲဒီမှာ ပေါ်တယ်လို အရာမျိုး တစ်ခုတော့ ရှိတယ်။ဒါပေမဲ့ အလုပ်မလုပ်ဘူး။ငါ အဲဒါကို ဖွင့်ဖို့ အကြိမ်တစ်ရာလောက် ကြိုးစားပြီး သွားပြီ..အလုပ်မဖြစ်ဘူး”
မော်ဒရက် ခနလောက်တွေးပြီးကာမှ မသေချာစွာ ပြောလာခဲ့တယ်။
“ မင်း အဆီအနှစ်တွေ ဖြည့်ပြီး စမ်းသပ်ခဲ့သေးလား “
ဆန်နီ မျက်နှာ ရှုတ်မဲ့သွားခဲ့တယ်။
“ဒါပေါ့ ..ငါ့ကို အရူးများထင်နေတာလား ။ဒါက ငါပထမဆုံး ကြိုးစားခဲ့တဲ့ အရာပဲ”
သူက ခနလောက် တိတ်ဆိတ်နေပြီး ကာမှ သူ့ကို တစ်ချိန်လုံးစိုးရိမ်နေစေတဲ့ အရာကို ထုတ်ပြောလိုက်တယ်။
“ဖြစ်နိုင်တာက..ဖြစ်နိုင်တာက ဒါကို ဖွင့်ဖို့ သော့တွေ ဘာတွေ လိုအပ်နေတာလား မသ်ိဘူး “
မော်ဒရက်ရဲ့ အသံက အတော်ကြာပြီး နောက်မှာ ထွက်ပေါ်လာခဲ့တယ်။
“ဟင့်အင် … ငါတော့ အဲလို မထင်ဘူး “
ဆန်နီက မျက်ခုံးပင့်တင်လိုက်ပြီး
“ တကယ်လား ဘာလို့လဲ “
ပျောက်ဆုံးနေတဲ့ မင်းသားက ပြန်ဖြေလိုက်တယ်.။
“ဘာလို့လဲဆိုတော့ ကန်ဖွင့်ပြီး ဝင်လာလို့ ရတဲ့ တံခါးတွေကပဲ သော့လိုမျိုးတွေကို လိုအပ်ကြတာလေ။ဒီနေရာရဲ့ ပိုင်ရှင်က မဖိတ်ခေါ်ထားတဲ့ ဧည့်သည်တွေကို မောင်းထုတ်ဖို့ အဲလို အရာတွေကို လိုအပ်တဲ့ ပုဂ္ဂိုလ်မျိုး မဟုတ်ဘူး”
‘ ဟင် .. အဓိပ္ပာယ်ရှိတယ်။ထင်တာပဲ။သူ့ ကြည့်ရတာ မြေအောက်ကမ္ဘာရဲ့ မင်းသားအကြောင်းကို အများကြီး သိထားခဲ့တဲ့ ပုံပဲ။ငါက ဒဲလ်မွန် တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ရှားပါးတယ်လို့ ထင်ထားတာ..’
ဆန်နီ သက်ပြင်းချလိုက်ပြီး
“ ဒီတော့ ငါက အဲဒီဆက်သွယ်မူကို ဘယ်လို အသက်သွင်းရင် ကောင်းမလဲ”
မော်ဒရက်က ဒီမေးခွန်းကို တစ်စက္ကန့် နှစ်စက္ကန့်လောက် တွေးတောလိုက်ပြီး သံသယတွေ အပြည့်နဲ့ ပြန်ဖြေလိုက်တယ်။
“အနက်ရောင်တာဝါ ရဲ့ တည်ဆောက်သူက အရာဝတ္တုတွေကို ဖန်တီးတဲ့ သူပဲ။သူရဲ့ ကျန်နေခဲ့တဲ့ အသိပညာတွေ အရဆိုရင် သူက တကယ်ကို ဂျီးနီးယပ်တစ်ယောက်ပဲ။သူက သူ့လက်ထဲမှာ ရှိနေတဲ့ အရာအားလုံးကို အသုံးပြုပြီး အရိုးရှငိးဆုံး အဖြေကို ထုတ်နိုင်တယ်။ဘာပဲဖြစ်ဖြစ် တည်ဆာက်သူတွေက ရှုပ်ထွေးတဲ့ အရာတွေကို သဘောမကျကြဘူးလေ”
ဆန်နီ သူ့ရဲ့ စကားလုံးတွေကို ပြန်စဥ◌်းစားနေခဲ့တယ်။
‘အရိုးရှင်းဆုံး အဖြေထုတ်မူ ‘
အကြံဥာဏ်တစ်ခုက သူ့ရဲ့ စိတ်ထဲကို ဝင်ရောက်နေခဲ့ပါပြီ။
အတွေးနက်တဲ့ အမူအရာနဲ့ ပဲ သူက အသားကိုနောက်တစ်ကိုက် ကိုက်ကာ အားနဲ့မာန်နဲ့ ဝါးစားလိုက်တယ်။
ပျောက်ဆုံးနေတဲ့ မင်းသားကတော့ ဆန်နီ စားသောက်နေချိန်မှာ ယဥ◌်ကျေးစွာပဲ တိတ်တဆိတ် စောင့် ဆိုင်းနေခဲ့ပါတယ်။အတော်ကြာပြီး တဲ့ နောက်မှာတော့ သူက ပြောလာခဲ့တယ်။
“အိုး စကားမစပ်..။ငါမင်းကို စိတ်ပူစေတာတော့ မဟုတ်ဘူး ဆန်းလပ်စ်..။ဒါပေမဲ့ မင်းရဲ့နောက်ဘက်မှာ အားကောင်းတဲ့ အိပ်မက်ဆိုးသားရဲ တစ်ကောင် ရပ်နေသလိုပဲ”
ဆန်နီ နောက်တစ်ကြိမ် သီးသွားခဲ့တယ်။သူက အရိပ်တွေရဲ့ အကူအညီနဲ့ ရှေ့ကိုရော နောက်ကိုရော ကြည့်နေတာ မဟုတ်ဘူးဆိုရင် ဒီစကားကြောင့် ထခုန်ပြီး ရက်စက်သော မြင်ကွင်းကို ချက်ချင်း ထုတ်ယူမိမှာပါ.။သို့ပေမယ့် သူ့ရဲ့ ဘေးနားမှာ သူတော်စင်ကလွဲပြီး ဘယ်သူမှ မရှိဘူးဆိုတာကို သိနေခဲ့ပါတယ်၊
သူက အသားကို မြိုချလိုက်ပြီး အားနည်းစွာပြုံးပြလိုက်တယ်။
“ချီးပဲ..မင်းက ငါ့ကို နှလုံးလျော့ရအောင် လုပ်နေတာလား.။အဲတာက အိပ်မက်ဆိုးသားရဲ မဟုတ်ဘူးလေ။မင်းက တကယ့်သားရဲ နဲ့ ထပ်တူညီမူကိုတောင် မခွဲခြားနိုင်တော့ဘူးပဲ”
မော်ဒရက်က တိတ်ဆိတ်နေပြီးကာမှ ကျေနပ်စွာပြောလိုက်တယ်။
“အိုး သူမက ထပ်တူညီမူလား ။အံ့ဩစရာပဲ “
ဆန်နီ မျက်မှောင်ကျုတ်လိုက်ပြီး
“ဘယ်ဟာက အံ့ဩဖို့ကောင်းလို့လဲ”
သိုပေမယ့် အဖြေက ရောက်မလာခဲ့ပေ။ဆန်းကျယ်တဲ့ မင်းသားက သူပေါ်လာခဲ့တဲ့ အတိုင်း နောက်တစ်ကြိမ်ပျောက်ကွယ်သွားခဲ့ပါပြီ။ပုံမှန်အားဖြင့် ဆန်နီက ဒီလို စိတ်အနှောက်အယှက်ဖြစ်ရတာ ကို သဘောမကျပေမယ့်.. ဒီတစ်ကြိမ်တော့…
ဒီတစ်ကြိမ်တော့ သူကျေနပ်နေခဲ့တယ်။
ဆန်နီက ခြောက်ထပ်မြောက်ကို သွားဖို့ မစောင့်နိုင်လောက်အောင် ဖြစ်နေပြီး ဒီအရာကို လည်း မော်ဒရက်ကို မမြင်စေချင်ခဲ့ပေ။
မော်ဒရက်က အစကနေ အခုထိ ဘာတောင်းဆိုမူမှ မရှိပဲ ကူညီပေးရုံသက်သက် ရှိနေခဲ့ပေမယ့် ..သူက ပျောက်ဆုံးနေတဲ့ မင်းသားကို မယုံကြည်သေးပါဘူး။တကယ်တော့ ဆန်နီက သူ့ရဲ့ လမ်းညွှန်မူတွေ မပါပဲ အခုချိန်အထိ အသက်ရှင်သန်နိုင်လိမ့်မယ်လို့ မထင်ထားခဲ့ပေ။
‘နောက်ပိုင်း..ငါခံတပ်ကို အကောင်းအတိုင်း ပြန်ရောက်နိုင်မယ်ဆိုရင်တော့ သူ့ကို စတင်ပြီး ယုံကြည်လိုက်မယ်ကွာ..။နည်းနည်းလောက် ပေါ့ ‘
သူ့ အစားအသောက်ကို လက်စသတ်လိုက်ပြီး ..ဆန်နီ မတ်တတ်ထရပ်ရင်း အကြောဆန့်လိုက်ကာ..လှေကားဆီကို ဦးတည်သွားခဲ့ပါတယ်။
….
ဆန်နီက ဝီဗာအရီုးကို ရပြီး အနားယူပြီးတဲ့ အချိန်မှာတော့ စေတီရဲ့ ကျန်နေတဲ့ သုံးလွှာကို လေ့လာခဲ့ပါတယ်။သိုပေမယ့် ထူးထူးခြားခြား သူဘာကိုမှ မတွေ့ခဲ့ပေ။သူက ဝီဗာချန်ထားခဲ့တဲ့ ဘယ်အရိပ်အယောင်ကိုမှ မတွေ့ရတော့တာကြောင့် အနည်းငယ်တောင် စိတ်ပျက်ခဲ့ရပါသေးတယ်။
သို့ပေမယ့် လေးထပ်မြောက်ကတော့ အတာ်လေး စိတ်ဝင်စားဖို့ကောင်းခဲ့တယ်။
ဟောခန်းမရဲ့ အလယ်မှာတော့ သေချာအလှဆင်ထားတဲ့ မြင့်မြတ်နေရာတစ်ခု ရှိနေခဲ့ပါတယ်။သူ့ရဲ့အလယ်တည့်တည့်မှာ မဟူရာကျောက်တုံးတစ်ခုတည်းကနေ ဖြတ်တောက်ထားခဲ့တဲ့ ယဇ်ပုလ္လင်တစ်ခုကိုလည်း တွေ့ခဲ့ရပါသေးတယ်။သူ့ရဲ့နောက်မှာတော့ ..ညအိပ်အက်ျီကို ဝတ်ဆင်ထားပြီး မယုံနိုင်လောက်အောင် လှပတဲ့ အမျိးသမီးတစ်ယောက်ရဲ့ ရုပ်ထုတစ်ခုရှိနေခဲ့တယ်။သူမရဲ့ မျက်နှာကိုတော့..ပုဝါတစ်ထည်နဲ့ ကာရံထားခဲ့ပါတယ်။ငယ်ရွယ်တဲ့ အမျိုးသမီးက လက်တစ်ဖက်မှာ ကြယ်တစ်ပွင့်ကို ကိုင်ထားခဲ့ပြီး တစ်ဖက်မှာတော့ မိုးကြိုးလျှပ်စီး တစ်ခုကို ကိုင်ထားခဲ့တယ်။
..သူမက အနက်ရောင်ကောင်းကင်ရဲ့ နတ်သမီးလို့ လူသိများတဲ့ မုန်တိုင်း နတ်ဘုရားကလွဲပြီး တစ်ခြားမဖြစ်နိုင်ဘူး ဆိုတာကို သေချာနေခဲ့ပါတယ်။ဒါက သမုဒ္ဒရာတွေ ၊ အမှောင်ထုတွေ ၊ ကြယ်ပွင့်တွေ ၊ ခရီးသွားလာမူ ၊ လမ်းပြမူ နဲ့ ကပ်ဘေးတွေရဲ့ နတ်ဘုရားပါ။
တကယ်ကို စိတ်ဝင်စားစရာပဲ။
မြေအောက်ကမ္ဘာရဲ့ မင်းသားက အနက်ရောင်တာဝါရဲ့ မြင့်မြတ်နေရာလို နေရာမျိုးမှာ ဘာလို့ ရန်သူတစ်ယောက်ရဲ့ ရုပ်ထုကို ထားထားရတာလဲ။
ဆန်နီ တွေးမိသလောက်တော့ သူတို့ကြားထဲက ဆက်ဆံရေးက မရိုးရှင်းလောက်ပါဘူး။
သူက တော့ ယဇ်ပလ္လင်ကိုပဲ ပိုပြီး စိတ်ဝင်စားမိနေခဲ့တယ်။မြင့်မြတ်နယ်မြေကို ရှာတွေ့ပြီးနောက်မှာ ဆန်နီက သူ့ရဲ့ ဆန်းကျယ်တဲ့ ဒဂ်််ါးတွေကို မဟူရာ မျက်နှာပြင်ပေါ်မှာ တင်ကြည့်ခဲ့ပါသေးတယ်။ပြီးတော့ သွေးအနည်းငယ်တောင် ဖောက်ချခဲ့သေးတယ်။
သို့ပေမယ် ဒီတစ်ကြိမ်မှာတော့ နတ်ဘုရားတွေက ဘာမှ ပြန်မဖြေခဲ့ပါဘူး။ဒဂ်ါးပြားတွေကလည်း အရိပ်အပိုင်းအစ အဖြစ်ပြောင်းလဲရမယ့်အစား ဒီတိုင်း သာ လဲလျောင်းနေခဲ့တယ်။
ကြည့်ရတာတော့ ယဇ်ပုလ္လင်က ဘာဆန်းကျယ်မူမှ မရှိတဲ့ ပုံပါပဲ။တကယ်တော့ ဒီတစ်ခုက သာမန်အတိုင်းပဲ ရှိနေတဲ့ အရာတစ်ခုပါ။ဆန်နီက လျင်မြန်စွာပဲ စိတ်ဝင်စားမူ ပျောက်ဆုံးသွားခဲ့ပြီး စေတီကို ဆက်လက်စူးစမ်း ရှာဖွေလိုက်တယ်။
ယင်းနောက်မှာတော့ သူက ဒီဆုံးဖြတ်ချက်အတွက် နောင်တမရခဲ့ပါဘူး။
ဘာလို့လဲဆိုတော့ အနက်ရောင် တာဝါရဲ့ ငါးထပ်မြောက်မှာ အရမ်း..အရမ်းကို အရေးကြီးတဲ့ အရာတစ်ခုကရှိနေခဲ့တာမို့လို့ပါ