← Chapters

မျှော်လင့်ချက်ရဲ့ ခြေကျင်းများ

Vol. 31 Ch. 458

မျှော်လင့်ချက်ရဲ့ ခြေကျင်းများ

Vol. 31 Ch. 458

ဆန်နီ အေးခဲသွားခဲ့ပြီး နောက်ကို ဂရုတစိုက်ဆုတ်ကာ..ကြီးမားတဲ့ နံရံကြီးတွေကို ကြည့်လိုက်တယ်။

ဒီတစ်ကြိမ်မှာတော့..မော်ဒရက် ရဲ့ ချိန်သားကိုက်ရောက်ရှိလာမူက ပြီးပြည့်စုံနေခဲ့ပါတယ်။

ဆန်နီက အမှောင်ထုထဲကို အရမ်းကြီးကပ်သွားဖို့ စီစဥ်ထားတာ မဟုတ်ပေမယ့်..သူက အန္တရာယ်ရဲ့ တည်ရှိနေမူကို လျော့တွက်ခဲ့တာတော့ အမှန်ပါပဲ။အရိုးသားဆုံးပြောရမယ်ဆိုရင် သူက မှန်မှန်ကန်ကန်တောင် တွေးတောနိုင်တဲ့ အခြေအနေမှာ ရှိမနေခဲ့ပေ။ဒါက သူအသိစိတ်လွတ်နေတာ မဟုတ်ပေမယ့်..အပြင်ဘက်မှာတုန်းက ခံစားခဲ့ရတဲ့ ထူးဆန်းတဲ့ ဆွဲငင်အားက..ဒီနေရာမှာ ပိုသန်မာလာခဲ့ပြီး သူ့စိတ်ကို သက်ရောက်နေခဲ့တယ်။

ဆန်နီ သတိထားလိုက်ပြီး..ရွေ့လျားနေတဲ့ အနက်ရောင် အက်ကွဲကြောင်းကို ကြည့်လိုက်တယ်။ဆွဲငင်အားတွေ ဖြစ်ပေါ်နေတဲ့ အရင်းအမြစ်က ခြေကျင်းတွေကနေ ထွက်ပေါ်နေတာ ကို သူ နားလည်လိုက်ပါတယ်။

"ဘာလို့လဲ..ဒီအရာက ဘာမို့လို့လဲ.."

ပျောက်ဆုံးတဲ့ မင်းသား က ခနလောက် ငြိမ်သက်နေပြီးမှ သက်ပြင်းချလိုက်တယ်။

"ငါ မင်းကို တကယ် အဓိပ္ပါယ်ရှိအောင် မတွေးပေးနိင်တော့ဘူး.."

ဆန်နီ မျက်တောင်ခတ်လိုက်တယ်။

ဒါက သူ ထင်ထားခဲ့တဲ့ အဖြေမဟုတ်ပါဘူး။

"ဘာလဲ..။အဲတာက ဘာကိုဆိုလိုတာလဲ.."

မော်ဒရက်က သံသယအချို့နဲ့အတူ ပြန်ဖြေလိုက်တယ်။

"ဘာမှ မဟုတ်ဘူး..။ဒီတိုင်း..မင်းရဲ့တစ်ချို့အကြောင်းအရာ တွေက..နောက်ခံကောင်းတယ်လို့ ယူဆရပေမယ့်..ကွဲလွဲမူတွေကလညိး အများကြီး ရှိနေပြန်တယ်..။မင်းက အိပ်မက်ဆိုးအစေ့ က ဘာလဲဆိုတာကို မသိတာလား.."

ဆန်နီ နောက်ကို ခုန်ဆုတ်လိုက်ပြီး တောက်ပနေတဲ့ အမှောင်ထုကို နောက်ထပ်တစ်ကြိမ် ထပ်ကြည့်လိုက်ပါတယ်။

ဒီတော့..အဲတာက အိပ်မက်ဆိုးအစေ့ပေါ့..။အိပ်မက်ကမ္ဘာထဲက အခိုက်အတန့်ရဲ့ သရုပ်အမှန်ကို မြင်ရတဲ့အရာတစ်ခု။ဒါက နောက်ဆုံးမှာ ပွင့်လန်းလာပြီးဘအိပ်မက်ဆိုးသားရဲတွေ ကမ္ဘာပေါ်ကို ဝင်ရောက်နိုင်တဲ့ ဂိတ်ပေါက်တစ်ခု ဖြစ်လာလိမ့်မယ်..။နိုးထသူတွေက ဒီအရာကို ရှာဖွေပြီးတော့ အထဲမှာရှိနေတဲ့ အိပ်မက်ဆိုးကို စိန်ခေါ်ပြီး ဖျက်ဆီးပစ်ရမယ်..။

ဒါက ငါ့ကို ဆွဲခေါ်နေတာ အံ့ဩစရာ မရှိတော့ဘူး။

သူ မျက်နှာရှုတ်မဲ့သွားပြီး စိတ်ပျက်တဲ့အမူအရာနဲ့ ပြောလိုက်တယ်။

"အိပ်မက်ဆိုးမျိုးစေ့က ဘယ်လိုပုံစံမျိုးလဲဆိုတာကို ငါက ဘယ်လိုလုပ် သိမှာလဲ..။ငါက လွန်ခဲ့တဲ့ လအနည်းငယ်ကမှ နိုးထသူ တစ်ယောက်ဖြစ်လာတာလေ.."

မော်ဒရက်က ယဥ်ကျေးတဲ့ လေသံနဲ့ ပြန်ပြောလာခဲ့တယ်။

"မင်းရဲ့ ကလန်အကြီးအကဲ တွေက မင်းက်ို မသင်ထားကြဘူးလား.."

ဆန်နီ မျက်လုံး ပြူးကျယ်သွားခဲ့ပြီး..သူ့မျက်နှာပေါ်မှူ အံ့ဩတဲ့အမူအရာတစ်ခု ပေါ်လာခဲ့တယ်။

"ကလန်..။ဘာ ကလန်လဲ..။မင်းမျက်လုံးထဲမှာ ငါ့ကို ဆက်ခံသူတစ်ယော်လို့ မြင်နေတာလား.."

ပျောက်ဆုံးတဲ့မင်းသားက ပြန်မဖြေခဲ့ပေ။သူက ဆန်နီ ဒေါသထွက်နေတာကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့တယ်..။နောက်ဆုံးမှာတော့..သူ ဖြည်းဖြည်းချင်း အသက်ရူထုတ်ပြီး မေးလိုက်ပါတယ်။

"ဘာပဲဖြစ်ဖြစ်ပါ..အဲတာက အဲတစ်ခုဆိုတာ မင်းသေချာရဲ့လား.."

မော်ဒရက် အတော်ကြာအောက် တွေဝေနေပြီးကာမှ တိတ်တဆိတ် ပြောလိုက်တယ်။

"သေချာတယ်..။ဘာပဲဖြစ်ဖြစ် ငါက ဒါကို အချိန်အကြာကြီး ရှာဖွေနေခဲ့တာလေ.."

ဒီစကားတွေကို ကြားတဲ့အချိန်မှာ ဆန်နီ မျက်မှောင်ကျုတ်လိုက်တယ်။

'ဘာ...'

"ခနလေး...အဲတာကြောင့် မင်းက ဆင်စွယ်ရောင် တာဝါကို သွားချင်နေရတာလား..။အိပ်မက်ဆိုးတစ်ခုကို စိန်ခေါ်ဖို့အတွက်..."

သူက မျက်မှာကို ရှုတ်ထွေးစွာပွတ်လိုက်ပြီး ဒီစကားကို အဓိပ္ပါယ်ရှိအောင် ကြိုးစားကြည့်လိုက်ပေမယ့် ခေါင်းခါယမ်းလိုက်တယ်။

"ဘယ်လိုငရဲမို့လို့ မင်းက ဒီလိုလုပ်ရတာလဲ..။အိပ်မက်ကမ္ဘာထဲမှာက အိပ်မက်ဆ်ိုးမျိုးစေ့တွေက ရှားပါးနေတာ မဟုတ်ဘူးလေ..။အဆုံးမရှိတဲ့လေဟာနယ် နဲ့ နတ်ဘုရား မီးပင်လယ် တွေကြားထဲမှာ မဟုတ်တဲ့ အရာတွေအများကြီးပဲ..။

ဒီအရာတွေ့ နေ့တိုင်းတွေ့မြင်နေရလောက်အောင် ပေါများနေတာတော့ မဟုတ်ပါဘူး။သို့ပေမယ့်..ဒီလောက်အဝေးကြီး လာရှာရလောက်အောင် ရှားပါးနေတာမျိုးလည်း မဟုတ်ပေ။မော်ဒရက်က ဘာတွေ စဥ်းစားနေတာလဲ..။

ပျောက်ဆုံးတဲ့မင်းသားက ခနလောက်တုန့်ဆိုင်းပြီးမှ သဘောကျစွာ ပြန်ဖြေလိုက်တယ်။

"...မင်းက တကယ်ကို ဆက်ခံသူ မဟုတ်ဘူးပ​ဲ.."

ဆန်နီ လေးလံစွာ သက်ပြင်းချလိုက်ပြီး..

"ဒီနေ့ မင်းကပဲ ပိုပြီး လျို့ဝှက်နေတာလား ဒါမှမဟုတ် ငါကပဲ အကြောင်းပြချက်တစ်ချို့ကြောင့် မင်းကို နားမလည်နိုင်တော့တာလား..။အခုကိစ္စက ဆက်ခံသူတွေနဲ့ ဘယ်လိုသက်ဆိုင်သွားရပြန်တာလဲ.."

မော်ဒရက် ခနလောက်တွေးလိုက်ပြီးမှ ပြောလိုက်တယ်။

"ဒီ အိပ်မက်ဆိုးမျိုးစေ့ က...အရမ်း ..အရမ်းကို ထူးခြားတဲ့ တစ်ခုပဲ.."

'သူက ဘာအကြောင်းကို ပြောနေတာလဲ..'

ဆန်နီ ရဲ့ စိတ်ထဲမှာသိထားတဲ့ မျိုးစေ့တွေရဲ့ မတူညီမူက သူတို့ရဲ့ အမျိုးအစားတွေပါ။အမျိုးအစားနှစ် မျိုးစေ့က အမျိုးအစား နှစ် ဂိတ်ပေ့က်အဖြစ်ပွင့်လာမှာဖြစ်ပြီး အထဲမှာ ဒုတိယအိပ်မက်ဆိုး ပါဝင်နေပါလိမ့်မယ်..။တကယ်လို့ နိုးထသူတစ်ယောက်က ဒီအရာကို စိန်ခေါ်ပြီး အောင်မြင်သွားမယ် ဆိုရင်..မာစတာ တစ်ယောက် ဖြစ်လာမှာပါ။တကယ်လို့ မာစတာ တစ်ယောက်က မျိုးစေ့ အမျိုးအစား သုံး ကို စိန်ခေါ်ပြီး တတိယအိပ်မက်ဆိုးမှာ ရှငိသန်ခဲ့မယ်ဆိုရင် ၊ သူတို့ကသူတော်စင်တစ်ယောက် ဖြစ်လာပါလိမ့်မယ်။

ဆန်နီ သိသလောက်တော့ သမိုင်းတစ်လျောက်လုံးမှာ လေးခုမြောက် အိပ်မက်ဆိုးကို သုံးယောက်တည်းသာကျော်ဖြတ်နိုင်ခဲ့ပေမယ့်..အုပ်စိုးသူတွေလည်း အတူတူပါပဲ။ပြီးတော့ သူက တစ်ခြားသူတွေထက် ပိုသိထားပါတယ်။

မျိုးစေ့တစ်ခုက ဘယ်လိုလုပ် ထူးခြားနိုင်မှာလဲ..။

သူ ဘာကိုစဥ်းစားနေလဲဆိုတာကို တွေးမိတဲ့အလားမော်ဒရက်က ပြောလာခဲ့တယ်..။

"မာစတာအဆင့်တွေ အများကြီးရှိကြပေမယ့်..မာစတာတွေ အားလုံးက တူညီကြတာမဟုတ်ဘူး..။သူတော်စင်အဆင့်တွေ အနည်းငယ်လောက်ပဲ ရှိပေမယ့်..သူတော်စင်တိုင်းက မတူညီကြဘူး..။ပြီးတော့..အလားတူပ​ဲ..အိပ်မက်ဆ်ိုးတွေ အများကြီးရှိပေမယ့်..အိပ်မက်ဆိုးအာလုံး တူညီကြတာမဟုတ်ဘူး.."

ဆန်နီ ရေရွတ်လိုက်တယ်။

"ဘယ်လိုမျိုးလဲ..။ပိုလွယ်ကူတာ..ပိုခက်ခဲတာမျိုးလား.."

ပျောက်ဆုံးတဲ့ မင်းသားက သက်ပြင်းချလိုက်ပြီး..

"တစ်ခုမှမဟုတ်ဘူး..။စမ်းသပ်မူခက်ခဲပုံအရကတော့..အခိုက်အတန့်က သူ့နည်းလမ်းနဲ့သူ အမြဲတမ်း မျှတတယ်..။ဒါပေမဲ့ ဒါနဲ့ပဲ..ရလာဒ်က တူညီတယ်လို့ မပြောနိုင်ဘူးလေ..။မင်းဘယ်လိုရန်သူကိုသတ်လိုက်တာလဲ ဆိုတာက မင်း ဘယ်လို မှတ်သားမူ နဲ့ ထပ်တူညီမူတွေ ရမလဲဆိုတာကို ဆုံးဖြတ်ပေးတာပဲ..။မင်း ဘယ်လိူတိုက်ပွဲကို တိုက်ခိုက်မလဲဆိုတာက ဘယ်လိုအတွေ့အကြုံတွေကို ရမလဲဆိုတာ ကို ဆုံးဖြတ်ပေးလိမ့်မယ်.."

ဆန်နီ သူ့ရဲ့ မှတ်သားမူလက်နက်တိုက်ကို ပြန်စဥ်းစားလိုက်ပြီး..ပြိုင်ဖက်ကင်းတဲ့ အိပ်မက်ဆိုးသားရဲတွေကို သတ်တာက..ပိုကောင်းတဲ့ ဆုလာဒ်တွေဆိုတာကိုရနိုင်တယ် ဆိုတာကို ဝန်ခံရပါလိမ့်မယ်..။ဒီလိုဆိုရင်တော့..' ပြိုင်ဖက်ကင်း ' အိပ်မက်ဆ်ိုးက အတော်လေး အန္တရာယ်များပေမယ့်..ပိုကောင်းမွန်တဲ့ ဆုလာဒ်ကို အာမခံပေးနိုင်မှာပါ။

မျိုးနွယ်မှတ်သားမူတွေကိုပါ ထပ်ပေါင်းထည့်လိုက်မယ် ဆိုရင် ..

သူမျက်နှာက မျက်မှောင်ကျုတ်ထားခဲ့တယ်။

သို့ပေမယ့် မော်ဒရက်ကတော့ စကားပြောတာ မပြီးသေးပါဘူး။

"ဒါပေမဲ့ အဲတာထက် မင်းစိန်ခေါ်တဲ့ အိပ်မက်ဆိုးရဲ့သဘာဝက မင်း ဘယ်လို အသိပညာတွေ ၊ လျိုဝှက်ချက်တွေကို သိမြင်နိုင်မလဲဆိုတာကို ​မြင်တွေ့ရမလဲဆိုတာကို ဆုံးဖြတ်ပေးလိမ့်မယ်..။စူးစမ်းရှာဖွေသူတစ်ယောက် အနေနဲ့..အိပ်မက်ကမ္ဘာထဲက အပျက်အစီးတွေထဲကနေ လူသားတွေလေ့လာနိုင်တဲ့..အရာတွေက မနက်ရှိုင်းဘူးဆိုတာ မင်းလည်း သိမှာပဲ..။အသိပညာ အများစုက ဘယ်ကနေ ရောက်လာခဲ့တယ်လို့ မင်းထင်တာလဲ..။ဒါပေါ့ အဲတာက သူတို့တွေ အိပ်မက်ဆိုးကနေ ပြန်လာပြီး ရရှိလာခဲ့ကြတာ.."

ဒါက အဓိပ္ပါယ်ရှိတယ်..။ဘာပဲဖြစ်ဖြစ် အိပ်မက်ဆိုးတွေထဲမှာ အိပ်မက်ကမ္ဘာရဲ့ မူလယဥ်ကျေးမူတွေ ရှိပါတယ်။ကိုးယောက်မြောက် အူရို လိုပါပဲ။

သူက တကယ်ပဲ ပုံရိပ်ယောင်တစ်ခုဆိုရင် အခိုက်အတန့်က ဖန်တီးထားတဲ့ ပုံရိပ်ယောက်က ရိုးရှင်းမှာမဟုတ်ပေ။

ဆန်နီ ပိုင်ဆိုင်ထားတဲ့ အသိပညာအများစုက..ဂုဏ်သိက္ခာရှိတဲ့ ဓားသမား နဲ့ ပညာရှင် တို့ဆီကနေ အခြေခံထားတာပါ။သူက အိပ်မက်ဆိုးတစ်ခုတည်းကို အသက်ရှင်သန်ဖို့ ရည်ရွယ်ချက်တစ်ခုတည်း မဟုတ်ပဲနဲ့..လေ့လာသင်ယူဖို့အတွက်ပါ သွားမယ် ဆိုရင် ဘာတွေဖြစ်သွားမလဲ။

ဆန်နီ အနက်ရောင် မျိုးစေ့ကိုကြည့်လိုက်တယ်။

ဒီအရာက တစ်ချိန်က ဒဲလ်မွန် ခုနှစ်ပါးထဲက တစ်ပါးပိုင်ဆိုင်ထားတဲ့ တာဝါထဲမှာ ကြီးထွားလာခဲ့တာပါ။ဒီအိပ်မက်ဆိုးမှာ ဘယ်လို ဆန်းကျယ်မူတွေ သယ်ဆောင်ထားနိုင်မလဲ..။

မော်ဒရက်က သူ့ကို စဥ်းစားဖို့အချိန်ပေးပြီးကာမှ ပုံမှန်အတိုင်းပြောလိုက်တယ်။

"အဲဒီအကြောင်းပြချက်ကြောင့်..ဆက်ခံသူကလန်တွေ - အားလုံးမဟုတ်ပေမယ့် အားကောင်းတဲ့ ကလန်တွေ - က သူတို့ရဲ့ အဖွဲ့ဝင်တွေ စိန်ခေါ်ဖို့အတွက် အိပ်မက်ဆိုးတွေကို ဂရုတစိုက်ရွေးချယ်ပေးကြတာပဲ.."

ဆန်နီ ခနလောက်တွေဝေပြီးကာမှ မျက်ခုံးပင့်တင်လိုက်တယ်။

"....ဒီကျိန်စာသင့် မျ်ိုးစေ့ကို ရှာဖွေပြီးကြိုးစားဖို့ မင်းကို ဘယ်လိုရူးသွပ်တဲ့ ကလန်က စေခိုင်းခဲ့တာလ​ဲ.."

ပျောက်ဆုံးတဲ့မင်းသားက ရယ်မောလိုက်ပြီး..

"အိုး..နိုး..။ဘယ်သူကမှ ငါ့ကို မရှာခိုင်းပါဘူး။ဒါက ငါ့တစ်ယောက်တည်းရဲ့ ဆုံးဖြတ်ချက်ပဲ။တကယ်တော့..ဒီကမ္ဘာကြီးနှစ်ခုလုံးမှာ လူနှစ်ယောက်ကပဲ သူ့ရဲ့တည်ရှိမူကို သိလိမ့်မယ်လို့ ငါထင်တယ်..။ငါ နဲ့ အခုတော့ မင်းပဲ..."

သူ နောက်တစ်ခါ ထပ်ရယ်လိုက်ပြီး ထပ်ပြောလိုက်ပါတယ်။

"ဒါပေမယ့်..အဲတာကပဲဲ ဒီအရာကို အရမ်းထူးခြားစေတာပဲ..။သူတို့တွေအားလုံးက သူ့ရဲ့တည်ရှိမူ ကို မသိနိုင်ဘူး ၊ ရောက်မလာနိုင်ကြဘူး ။ပြီးတော့ သူတို့ရဲ့ ကိုယ်ပိုင်ဆုလာဒ်အဖြစ် ဆောင်ကျဥ်းနိုင်ကြမှာ မဟုတ်ဘူး.."

ပြီးတဲ့နောက်မှာတော့ မော်ဒရက်က ရုတ်တရက်တိတ်ဆိတ်သွားခဲ့တယ်။သူက အတော်ကြာအောင် တိတ်ဆိတ်နေပြီးကာမှ တိတ်တဆိတ် ပြောလာခဲ့ပါတယ်။

"ကောငိးပြီလေ...ငါလည်း လုပ်နိုင်တော့မယ့်ပုံမပေါ်ဘူး.."

သူ သက်ပြင်းချလိုက်ပြီး ခနလောက်တွေဝေနေပြီးကာမှ...

"မျိုးစေ့ရဲ့ အတွင်းထဲမှာ ဘယ်လိုလျို့ဝှက်ချက်တွေ ရှိနိုင်မလဲ မင်းတွေးကြည့်နိုင်လား..။အိပ်မက်ဆိုးထဲကနေ တစ်စုံတစ်ယောက်က ဘာတွေ သင်ယူနိုင်မလဲ..။အိပ်မက်ဆိုးတစ်ခု...'မျှော်လင့်ချက်' ကိုယ်တိုင်ချုပ်နှောင်ခြင်း ခံထားခဲ့ရတဲ့..သံကြိုးတွေကနေ ဖန်တီးလိုက်တဲ့ အိပ်မက်ဆိုးတစ်ခု..."

အပိုင်း ( ၄၅၈ ) ပြီး၏။

All Chapters