← Chapters

မျှော်လင့်ချက်

Vol. 31 Ch. 454

မျှော်လင့်ချက်

Vol. 31 Ch. 454

အနက်ရောင်တာဝါ ရဲ့ ငါးထပ်မြောက်က ဆန်နီကို အသက်ဆုံးရှုံးတော့မလိုတောင် ဖြစ်စေခဲ့တယ်။

အဲ့နေရာမှာတော့ လုံးဝကို ဘာမှရှိမနေခဲ့ပဲ..အနက်ရောင်နံရံတွေက အမှောင်ထုထဲမှာ လုံးဝ နစ်မြုပ်နေခဲ့ပါတယ်။အဲ့နေရာမှာ ဖုန်တွေ ၊ ပရိဘောဂတွေရဲ့ ပျက်စီးနေတဲ့ အပိုင်းအစတွေ ၊ လက်နက်တွေ ဒါမှမဟုတ် ထူးဆန်းတဲ့ သတ္တုပစ္စည်းတွေ ရှိမနေတော့ပါဘူး။မီးအိမ်တွေတောင် ရှိမနေခဲ့ပေ။

သို့ပေမယ့် သူတို့ရဲ့ နံရံမှာတော့ မရေမတွက်နိုင်တဲ့ စာသားတွေ ထွင်းထားခဲ့တယ်။ပြီးတော့..အဲဒီစာသားတွေအားလုံးမှာ..တစ်စုံတစ်ယောက်ရဲ့ စိတ်တွေကို ပျက်စီးစေလုနီးပါး ဖြစ်နိုင်မယ့်..မူးနောက်ချင်စရာ ၊ လိုအင်ဆန္ဒတွေ ပါဝင်နေခဲ့ပါတယ်။

ဒီအရာက အခိုက်အတန့်က အမည်မသိလိူ့ ဖော်ပြတတ်တဲ့ ဆန်းကျယ်တဲ့ ရူးနစ် တွေနဲ့ အတူတူပဲဖြစ်ပြီး..အမှောင်မြို့တော်ရဲ့ ဘုရားကျောင်းပျက်ရဲ့အောက်က အခန်းငယ်လေးထဲမှာ အကျဥ်းသားတစ်ယောက်က ရေးထားခဲ့တာကို ဆန်နီ မြင်ဖူးခဲ့ပါတယ်။

အဲဒီတုန်းကတော့ ဆန်နီကို အတော်လေးရိုက်ခတ်ခဲ့ပေမယ့် သူက တောင့်ခံပြီး..အကျဥ်းသားရေးထားခဲ့တဲ့ စာတစ်ကြောင်းကို ဖတ်နိုင်ခဲ့တယ်။အဲတာက တစ်ခြားဟာနဲ့ မတူပဲ ကိုယ်နဲ့ ရင်းနှီးနေသလို ခံစားရတာကြောင့်ပါ။

ဟေးလ် ဝီးဗာ..ကံတရားရဲနတ်ဆိုး။ အမည်မသိရဲ့ ပထမဆုံး သားတော်...

သို့ပေမယ့် အနက်ရောင်တာဝါရဲ့ အပေါ်ဘက်ဒုတိယမြောက် အထပ်မှာတော့..ပိုပြီးဆိုးဝါးတဲ့ ရူးနစ်တွေ ရှိနေခဲ့ပါတယ်။ပြီးတော့..အများစုကလည်း ပိုသိပ်သည်း ပြီး..ပို အားကောင်းနေခဲ့တယ်။

ဆန်နီ အနက်ရောင်ခန်းမ ထဲကို ပထမဆုံးခြေချလိုက်တဲ့ အချိန်တုန်းကဆိုရင်..အော်ဟစ်ပြီး အောက်ကို ပြန်လန်ထွက်သွားခဲ့ပါတယ်။ယင်းနောက် သူက လှေကားအတိုင်းပြန်လိမ့်ကျသွားခဲ့ပြီး မုန်တိုင်းနတ်ဘုရားရဲ့ မြင့်မြတ်နယ်မြေဆီကို ​ပြန်ရောက်သွားခဲ့တယ်။

...ကောင်းမွန်တဲ့ အချက်က သူ့ရဲ့အရိုးတွေဟာ အခုချိန်မှာ ပိုပြီးမာကျောနေခဲ့ပါပြီ။

သို့ပေမယ့် နောက်ဆုံးမှာတော့..သူက ရူးနစ်တွေရှိတဲ့ ခန်းမ ဆီကို ပြန်ရောက်လာခဲ့တယ်။

ဒီ ဆိုးဝါးတဲ့ ရေးသားမူတွေကို ကြည့်ရူတာက သူ့ရဲ့ စိတ်ကို ပျက်စီးသွားတာ ၊ သူ့ရဲ့အသက်ကို နုတ်ယူသွားတာတွေ ဖြစ်နိုင်တယ်ဆိုတာကို ဆန်နီ သိထားပေမယ့်..အရိပ်တွေကို ရှေးဟောင်းနံရံတွေကို မမြင်ရအောင် နောက်မှာချန်ထားခဲ့ပြီး မျက်စိမှိတ်ကာ ရှေ့ကိုတက်လာခဲ့ပါတယ်။

ဒီလိုဆိုရင်တောင်မှ သူက ပြင်းထန်တဲ့ဖိအားတစ်ရပ်က သူ့ရဲ့စိတ်ကို လာပြီးရိုက်ခတ်တာကို တွေ့မြင်နေခဲ့ရတယ်။

အနည်းဆုံးတော့..ဒီလျို့ဝှက်ချက်တွေရှိတဲ့အခန်းကနေ တစ်ခုခု သင်ယူနိုင်ခြင်းမရှိပဲ ထွက်သွားမှာမဟုတ်ပါဘူး။

အစစ်အမှန် ဒဲလ်မွန် တစ်ယောက်ရေးထားတဲ့ လက်ရေးတွေကို သူက တစ်ခြားဘယ်နေရာမှာများ သွားရှာလို့ ရနိုင်ဦးမှာလဲ။

ဒီတော့ သူက မြင်နိုင်တဲ့အကန့်အသတ်ကို ရောက်အောင် ကြိုးစားပြီး..မီးတောင်ကျောက်နံရံကို နည်းနည်းလေး ထပ်ကြည့်လိုက်တယ်။

ခံစားရမူက အတော်လေးကို ဆိုးဝါးသွားပေမယ့် အနည်းဆုံးတော့ တောင့်ခံနိုင်ပါသေးတယ်။

...ဆန်နီ ဝီဗာမျက်နှာဖုံးကို တတ်လိုက်တဲ့အချိန်ကြမှ ဖိအားတွေထဲက တစ်ချို့က လျော့ကျသွားခဲ့ပြီး ၊ ခန်းမကြီးရဲ့ နံရံတွေကို သတိလစ်ခြင်း ၊ လဲကျခြင်းတွေ မရှိပဲ ကြည့်နိုင်ခဲ့ပါတယ်။

တားမြစ်ခံထားရတဲ့ ရူးနစ်တွေက အရင်ကလောက် သေစေနိုင်လောက်တဲ့ အငွေ့အသက်တွေ မရှိတော့ပေမယ့်..သူတို့ရဲ့ လျို့ဝှက်ချကိကိုတော့ လက်မလျော့ကြပါဘူး။ဘာပဲဖြစ်ဖြစ်..သူက သူတို့ရဲ့ ဘာသာစကားကို သိနေတဲ့ လူတစ်ယောက် မဟုတ်ပေ။အခိုက်အတန့်လည်း ဒီလိုပဲဖြစ်ပြီး..သူတို့ကို ဘာသာပြန်ဖို့အတွက် ..ငြင်းဆန်တာ သိုမဟုတ် ကျရှုံးတာ ဖြစ်နေခဲ့ပါတယ်။

သို့ပေမယ့် သူ့ရဲ့ ရှာဖွေမူတွေက အလဟသ မဖြစ်ခဲ့ပေ။ဘာလို့လဲဆိုတော့..သူ အနက်ရောင်ခန်းမကို လျောက်သွားနေတဲ့ အချိန်မှာ သူက အရမ်းကို တန်ဖိုးရှိတဲ့ အရာတစ်ခုကို တွေ့လိုက်ရပါတယ်။

ဒါကတော့..မြေပုံတစ်ခုပါ..။

သို့မဟုတ်..အတော်လေးကို ထူးခြားစွာ ဆင်တူနေတဲ့အရာပါပဲ။

စာသားတွေနဲ့ ရုပ်ပုံတွေ အားလုံးက..ကျောက်တုံးတွေမှာ နက်ရှိုင်းစွာ ထွင်းထုထားတဲ့ မြေပုံတစ်ခုနဲ့တူနေခဲ့ပါတယ်။မြေအောက်ကမ္ဘာရဲ့မင်းသားက ဒီလို အမှတ်အသားတွေကို ချန်ထားရစ်ဖို့အတွက် ဘယ်လို ကိရိယာမျိုးကို အသုံးပြုခဲ့လဲဆိုတာ မသိပေမယ့်..သူက နတ်ဘုရားမီးတောက်တွေရဲ့ ဖျက်ဆီးမူကို မခံရဖို့အတွက် ဒီတိုင်းသူ့ရဲ့ လက်သည်းတွေနဲ့ ရေးခဲ့တာလည်း ဖြစ်နိုင်ပါတယ်။

မြေပုံရဲ့အလယ်ဗဟိုမှာတော့ မြူတွေဝန်းရံနေတဲ့ ချွန်ထက်တဲ့ တောင်တန်းတွေကို ရေဆွဲထားခဲ့တယ်။တောင်ဘက်တည့်တည့်အခြမ်းမှာတော့..မီးတောက်တွေရဲ့ အပေါ်တည့်တည့်မှာ ထည်ဝါစွာ လွင့်ပျံနေတဲ့ ရင်းနှီးတဲ့ စေတီတစ်ခုကို တွေ့ရပါတယ်။တောင်ဘက် အစွန်ဆုံးနေရာမှာတော့..တောင်တန်းတွေကို ကျယ်ပြန့်တဲ့ လေဟာနယ်တစ်ခုနဲ့ ခြားထားတဲ့ ကြီးမားတဲ့ ရဲတိုက်တစ်ခုကို တွေ့ရတယ်။

အနောက်ဘက် အဝေးမှာတော့ နှင်းတောင်ထိပ်တစ်ခုက ပေါက်ကွဲနေတဲ့ မီးတောင်တစ်ခုရဲ့အနားမှာ ရှိနေခဲ့ပြီး..သူတို့နှစိခုရဲ့ကြားမှာ တံတားတစ်စင်း ထိုးထားခဲ့ပါတယ်။အနောက်တောင် ဘက်မှာတော့..ထူးဆန်းတဲ့ လှေတစ်စင်းက..တစ္ဆေလှိုင်းတွေကြားထဲမှာ..ရွက်လွင့်နေခဲ့တယ်။တောင်တန်းတွေရဲ့ အရှေ့တောင်ဘက်မှာတော့..မီးတောင်ကျောက်နံရံတွေကို ပြီးပြည့်စုံစွာ ဖြည့်တောက်ထားတဲ့

ပိရမစ်တွေ ရှိနေခဲ့ပြီး ကြထဲမှာ ဘာမမရှိတဲ့ လေဟာနယ်က ပိုင်းခြားထားပါတယ်။

ပြီးနောက် နောက်ဆုံးဖြစ်တဲ့ မြောက်ဘက်ပိုင်း .ပုံတွေအားလုံးရဲ့ အဝေးတစ်နေရာမှာတော့..ရင်းနှီးတဲ့ ပုံရိပ်တစ်ခု ရှိနေခဲ့တယ်။သရဖူပုံစံ ဦးချိုသုံးခုပါဝင်တဲ့ မျက်နှာဖုံးတစ်ခုက ​ဆန်နီကို စိုက်ကြည့်နေခဲ့ပါတယ်။

..ဝီဗာရဲ့ မျက်နှာဖုံး။

သို့ပေမယ့် မြေပုံက ထူးဆန်းနေခဲ့တယ်။ဘာလို့လဲဆိုတော့ သူ ထွင်းထုထားတဲ့ အရာတွေက တစ်နည်းနည်းနဲ့ ဆက်နွယ်မူ ရှိမနေလို့ပါပဲ။ဒီမှာ နယ်စပ်မျဥ်းတွေ ၊ တစ်နေရာနဲ့တစ်နေရာ တိုင်းတာထားတဲ့ အကွာအဝေးတွေ ရှိမနေခဲ့ပေ။အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက်ဆိုတာကလည်း ဆန်နီက မြေပုံကို ကြည့်ပြီး သူသိထားတဲ့အတိုင်း လိုက်ပြီး သတ်မှတ်နေခဲ့တာပ့။အမှန်တော့ ဒါက ဆန့်ကျင်ဖက်လည်း ဖြစ်နေနိုင်ပြီး..မြေပုံမှာ တူညီတဲ့လောဂျစ်ကို အသုံးပြုဖို့ဆိုတာက မဖြစ်နိုင်ပေ။

သို့ပေမယ့် တစ်ချိန်တည်းမှာပဲ..သူသိသလောက်ဆိုရင် ဒီအရာက အိပ်မက်ကမ္ဘာရဲ့ မြေပြင်အနေအထားနဲ့ အတော်လေးကို ဆက်စပ်မူရှိနေပါတယ်။

ပုံတစ်ပုံချင်းစီတိုင်းရဲ့ အနားမှာ ဆန်နီ နားလည်ဖို့ ခက်ခဲတဲ့ ရူးနစ်ဘာသာစကားနဲ့ ရေးထားတဲ့ စာကြောင်းတွေ ရှိနေခဲ့တယ်။ဒါက အခိုက်အတန့်အသုံးပြုတဲ့ စကားလုံးတွေနဲ့ ဆင်တူသလိုရှိပေမယ့် ဒီအရာကို ဘာသာပြန်ဖို့အတွက်တော့ မဖြစ်နိုင်လောက်အောင် ခက်ခဲနေခဲ့ပါတယ်။

သို့ပေမယ့် ရေးထားတဲ့စာသားတွေကို မဖတ်ပဲနဲ့တောက် ဒီပုံတွေက ဘာကိုဆိုလိုတာလဲ ဆိုတာကို သူ လွယ်လွယ်ကူကူ ခန်မှန်းနိုင်ခဲ့တယ်။

​ဒါပေါ့ မြေပုံရဲ့အလယ်မှာ ထွင်းထုထားတဲ့ တောင်တန်းတွေက..ဟောလိုးတောင်တန်း ပါ။ဒီပုံရိပ်တစ်ခုတည်းနဲ့ မမှတ်မိနိုင်ဘူးဆိုရင်တောင်..အရင်းနှီးဆုံးဖြစ်တဲ့ ဆင်စွယ်ရောင် တာဝါကတော့ သိသာနေခဲ့ပါတယ်။ဒါပေါ့ ဆင်စွယ်ရောင်တာဝါက ချိန်းကျွန်းစုကို ကိုယ်စားပြုတာပါ။

တောင်ဘက်မှာ ရှိနေတဲ့ ရဲတိုက်ကတော့ ဘတ်ရှင်ပါပဲ။ဆန်နီ သူ့ရဲ့ကိုယ်ပိုင်မျက်လုံးနဲ့ တစ်ခါမှ မမြင်ဖူးပေမယ့်..သူ့ရဲ့ အရိပ် နဲ့ ပုံသဏ္ဍာန်ကို အစစ်အမှန်ကမ္ဘာက တစ်ခြားကလေးတွေလိုမျိုး ငယ်စဥ်ကတည်းက သိခဲ့ရတာပါ။ဘာပဲဖြစ်ဖြစ် သူ့ရဲ့ ပုံရိပ်က မရေမတွက်နိုင်တဲ့..ဒရမ်မာတွေ ၊ ဇာတ်ကားတွေနဲ့ ကာတွန်းတွေမှာ ပါဝင်ခဲ့ပါတယ်။အလားတူစွာပဲ သူက နှင်းတောင်ထိပ် နဲ့ မီးတောင် ကြားထဲက တံတားတစ်စင်းကိုလည်း မှတ်မိနေခဲ့တယ်။အဲတာကတောဘ ဆောင်ကလန် အုပ်ချုပ်မူအောက်မှာရှိနေတဲ့ ကြီးမြတ်တဲ့ ခံတပ်ဖြစ်တဲ့ အနက်ရောင်နှလုံးသား ဆီကို သွားတဲ့လမ်းတစ်ခုပါ။

ဘတ်ရှင် နဲ့ အနက်ရောင်နှလုံးသား တို့ရဲ့တည်နေရာကို သိနေတာကြောင့်..တစ္ဆေလှိုင်းတွေထဲမှာ ရွက်လွင့်နေတဲ့ လှေငယ်က..မုန်တိုငိးပင်လယ်က်ို ကိုယ်စားပြုထားတယ်ဆိုတာ ခန့်မှန်းဖို့ မခက်ခဲတော့ပေ။အဲတာကတော့ တတိယမြောက်ကြီးမြတ်တဲ့ကလန်ရဲ့ ခံတပ်ဖြစ်တဲ့ ညအိမ်တော် တည်ရှိနေတဲ့နေရာပါ။

အရှေ့ဘက်မှာရှိနေတဲ့ ပိရမစ်တွေက ဘာကိုကိုယ်စားပြုတာလဲ ဆိုတာကတော့ ဆန်နီလည်း မသိပါဘူး။သို့ပေမယ့် ခုနှစ်ခုမြောက် ပုံကတော့ အတော်လေး..ရှင်းလင်းပါတယ်။ဒါက ဝီဗာကို ဆိုလိုတာပါ။ဘယ်သူ့ကို ဖော်ပြတာလဲ ဆိုတာကို နားလည်နေတာကြောင့်..သူက မျက်နှာဖုံးနားက ရေးသားထားတဲ့ စာသားကိုပါ ဘာသာပြန်နိုင်ခဲ့တယ်။

ဒါကတော့..

" ကံတရား.."

သူ့ရဲ့ ဘေးနားမှာ..မေးခွန်းပုံစံ နဲ့ ဆင်တူတဲ့ သင်္ကေတလေးတစ်ခု လည်း ရှိနေခဲ့တယ်။ဒီတော့ အမှန်တကယ်တော့ ဒါက ' ကံတရားလား ' ဆိုပြီး ရေးသားထားတာပါ။အခြေခံအားဖြင့်..မြေအောက်ကမ္ဘာရဲ့မင်းသား ကိုယ်တိုင်ကတောင်..သူ့ရဲ့ အကြီးဆုံးအစ်ကိုကြီး ဘယ်မှာနေတာလဲ ဆိုတာကို မသိရှိခဲ့ပေ။

...ပြီးတော့ ဆန်နီရဲ့ စိတ်ထဲမှာ ဒီပုံရိပ်တွေက..ဒဲလ်မွန်ခုနစ်ပါး ဒါမှမဟုတ် သူတို့ရဲ့ နယ်မြေတွေကို ကိုယ်စားပြုတာပါ။

ဒီအရာက အတော်လေးစိတ်လှုပ်ရှားဖို့ ကောင်းတဲ့အပြင် တစ်ချို့အကြောင်းအရာတွေကိုလည်း အဓိပ္ပါယ်သက်ရောက်နေစေခဲ့တယ်။

ပထမအချက်ကတော့..ကြီးမြတ်တဲ့ ကလန်သုံးခုက သူတို့ရဲ့ ခံတပ်တွေကို ဒဲလ်မွန်သုံးပါး ဆီကနေ ဆက်ခံထားကြတာပါ။သို့မဟုတ် အနည်းဆုံးတော့ သူတို့ရဲ့ ခံတပ်တွေကို အိမ်မက်ကမ္ဘာထဲမှာ တစ်ချိန်တုန်းက ဒဲလ်မွန်တွေ နေထိုင်ခဲ့ကြတဲ့နေရာမှာ တည်ဆောက်ထားခဲ့ကြတာပါပဲ။

ဒုတိယအချက်အနေနဲ့ မြေအောက်ကမ္ဘာက ဟောလိုးတောင်တန်းရဲ့ အောက်ဘက်တည့်တည့်မှာ တည်ရှိနေခဲ့ပါတယ်။ဒီသေဆုံးခြင်းနယ်မြေက အတော်လေးကို မှောင်မိုက်ပြီး..ဂူများနဲ့ ပြည့်နှက်နေတဲ့နယ်မြေဖြစ်ကာ..မြေအောက်ကမ္ဘာရဲ့မင်းသားက..အနက်ရောင်ကောင်းကင် နတ်ဘုရားမ နဲ့ ပဋိပက္ခဖြစ်ပြီး နောက်ကိုဆုတ်လာခဲ့တာပါ။

ပြီးတော့ နောက်ဆုံးမှာ..ဒီလှပပြီး သယံဇာတကြွယ်ဝတဲ့ ကုန်းမြေကြီးရဲ့ အုပ်ချုပ်သူဟာ နေနတ်ဘုရားကို ဒေါသထွက်စေခဲ့ပြီး သူ့ရဲ့ တိုင်းပြည်ကို ပျက်စီးခြင်းအတိနဲ့ ကြုံတွေ့စေခဲ့ကာ..ချိန်းကျွန်းစုအဖြစ် ပြောင်းလဲသွားစေခဲ့တယ်။သူကလည်း ဒဲလ်မွန် တစ်ပါး ပါပဲ။

တိုင်ဆိုင်စွာပဲ..ဆင်စွယ်ရောင်တာဝါရဲ့ အနားမှာ ရေးသားထားတဲ့ စာသားက..ဝီဗာမျကိနှာဖုံးနဲ့ပတ်သက်တဲ့ စာသားအပြီးမှာ ဆန်နီ ဖတ်ရူနိုင်ခဲ့တဲ့ ဒုတိယမြောက် စာသားပါ။ဒါကလည်း ဒီစာသားက အခိုက်အတန့်အသုံးပြုတဲ့ စာသားနဲ့ အတော်လေးကိုဆင်တူနေလို့ပါပဲ။

ဒါကတော့.." လိုအင်ဆန္ဒ "

သို့ပေမယ့် စာသားရဲ့ နောက်ထပ် အဓိပ္ပါယ်တစ်မျိုးကတော့..မျှော်လင့်ချက် ပါ။

တစ်ချိန်တုန်းက ဆင်စွယ်ရောင်တာဝါ ဟာ..မျှော်လင့်ခြင်းနတ်ဆိုး ပိုင်ဆိုင်ခဲ့တဲ့ အရာတစ်ခုဖြစ်ခဲ့ပါတယ်။

အပိုင်း ( ၄၅၄ ) ပြီး၏

All Chapters