ကောင်းကင်ဘုံ သို့ တံခါးပေါက်
Vol. 31 Ch. 455
ဒီလို သိလိုက်ရတဲ့အကြောင်းအရာတွေက ဆန်နီ အတွက်တော့ တွေးတောစရာတွေ အများကြီး ရှိနေခဲ့တယ်..။
မျှော်လင့်ခြင်း နတ်ဆိုး...ဒါမှမဟုတ် လိုအင်ဆန္ဒ။ဝိဥာဥ် နဲ့ စိတ် ကို အများဆုံး ချည်နှောင်ထားတဲ့..ဒဲလ်မွန် တစ်ယောက်ရဲ့ စွမ်းအားတွေ။ဒီလို သက်ရှိတစ်ယောက်က သူတို့ရဲ့ပိုင်နက်ကို ဖျက်ဆီးခံရလောက်တဲ့အထိ နေနတ်ဘုရားကို ဘယ်လိုတွေ ဒေါသထွက်စေခဲ့တာလဲ။
ပြီးတော့ အဲဒီနောက်မှာရော ဘာတွေဆက်ဖြစ်ခဲ့တာလဲ။
ခါတ်ိုင်းလိုပဲ..အဖြေတော့ ရှိမနေခဲ့ပါဘူး။
ဆန်နီက ဖြည်းဖြည်းချင်း ပိုပိုပြီး သင်ယူနေခဲ့တယ်။အခုချိန်မှာတော့ သူရရှိထားတဲ့ အချက်အလက်တွေက ပျံ့ကျဲပြီး..ဆက်စပ်မူမရှိဖြစ်နေခဲ့ပါတယ်။သို့ပေမယ့် သူသာ အသိပညာတွေကို ဖြည်းဖြည်းချင်း စုစည်းနေမယ် ဆိုရင် တစ်နေ့မှာ ဒီအရာတွေက တစ်ခုနဲ့တစ်ခု ချိတ်ဆက်သွားကြမှာပါ။ပြီးတဲ့နောက်မှာ ဆိုးဝါးပြီး အံ့ဩစရာကောင်းလောက်တဲ့ အမှန်တရားတွေကို ဖုံးကွယ်ထားလို့ ရတော့မှာမဟုတ်ပါဘူး။
ဘာဝတစ်လျောက်လုံး လှည့်စားခံခဲ့ရတာတွေကို ပြန်ပြီး ကာကွယ်ပေးနိုင်လောက်တဲ့ အဖြေတွေတောင် ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။
...ဝီဗာ နဲ့ ဆင်စွယ်ရောင် တာဝါရဲ့ စာသားတွေကလွဲပြီး ဆန်နီဟာ ကျန်တဲ့အရာတွေကို ဘာသာပြန်ဆိုခြင်း မပြုလုပ်နိုင်ခဲ့ပေ။သို့ပေမယ့် သူက ဟောလိုးတောင်တန်း ၊ ဘတ်ရှင် ၊ အနက်ရောင်နှလုံးသား ၊ မုန်တိုင်းပင်လယ်ပေါ်မှာရွက်လွင့်နေတဲ့ လှေ နဲ့ အရှေ့ဘက်က ပိရမစ်တွေနဲ့ ပတ်သက်စာသားတွေကို..အနည်းငယ် မှတ်သားထားခဲ့တယ်။
'ငါ အစစ်အမှန်ကမ္ဘာကို ပြန်ရောက်ရင် ဆရာ ဂျူးလီယက် ဆီကို သွားရမယ်..။သူကတော့ ဒီစာသားတွေနဲ့ပတ်သက်ပြီး တစ်ခုခူတော့ သိနေမှာပဲ..ဟုတ်တယ်မလား..'
မြေပုံအကြောင်းတွေးနေရင်းပဲ..ဆန်နီကာ..စာသားတွေနဲ့ ပြည့်နေတဲ့ ခန်းမထဲကို မျကိလုံးမှိတ်ပြီး ဝင်သွားကာ..ခြောက်ထပ်မြောက်ဆီကို ဦးတည်နေတဲ့ လှေကားဆီ လျောက်သွားခဲ့ပါတယ်။
နောက်ဆုံးတစ်ခု။
သူက ကျောက်တုံးပေါင်းကူးလေး..ရှိနေတဲ့ အခန်းထဲကို ဝင်သွားရင်း သက်ပြင်းချလိုက်တယ်။ရူးနစ်တွေကနေ ဝင်ရောက်လာတဲ့ ကြောက်မက်ဖွယ်ရာ ဖိအားက နောက်ဆုံးမှာ ပျောက်ကွယ်သွားခဲ့ပြီး သူ့စိတ်ကို သက်သာရာရစေခဲ့ပါတယ်။သ်ို့ပေမယ့် သူတို့ကြောင့် ဖြစ်ပေါ်လာတဲ့ ခေါင်းကိုက်မူကတော့ နောက်ထပ် မိနစ်အနည်းငယ်အထိ ကျန်ရှိနေပါသေးတယ်။
ဆန်နီ ထိုင်ချလိုက်ပြီး..နံရံတွေကို နောက်ကျောနဲ့ မှီထားကာ..ပေါင်းကူးကို ကြည့်ပြီး အပြည့်အဝ ပြန်ကောင်းလာတဲ့အထိ စောင့်ဆိုင်းနေခဲ့ပါတယ်။
ကြီးမြတ်တဲ့ စေတီရဲ့ အမြင့်ဆုံးအပိုင်းက..တစ်ခြားခြောက်ထပ်နဲ့ယှဥ်မယ်ဆိုရင် အရမ်းကြီး ကြီးမနေခဲ့ပေ။ဒါကြီး ခန်းမကြီးတစ်ခုဖြစ်ပြီး အဝိုင်းပုံသဏ္ဍာန်ရှိကာ..ဘာမှကို ရှိမနေခဲ့ပါဘူး။အထဲမှာရှိနေတဲ့ တစ်ခုတည်းသောအရာက အပေါ်ကို မြင့်တက်နေတဲ့ ပေါင်းကူးလေးတစ်ခုတည်းပါ။
အမှန်တော့ ဒီ ပေါင်းကူးက တည်ဆောက်ထားတာနဲ့ မတူပဲ..အဲဒီအစား ကြမ်းပြင်ပေါ်ကနေ ရိုးရှင်းစွာမြင့်တက်နေပုံပေါက်ကာ..အနက်ရောင်ကျောက်သားနဲ့ လုံးဝကို ပိုင်းခြားနေတဲ့ ပုံစံမရှိပေ။ဒါက အခန်းရဲ့အလယ်မှာ တစ်စုံတစ်ယောက်က အကြောင်းပြချက်တစ်ချို့ကြောင့် ထားရှိထားတဲ့ တံခါးပေါက်တစ်ခုနဲ့ တူညီပြီး..တံခါးတပ်ဖို့အတွက် မေ့နေသလိုပါပဲ။
ဒါက ဆန်နီ လွတ်မြောက်ဖို့အတွက် တစ်ခုတည်းသော မျှော်လင့်ချက်ပါ။
သူက ဒါကို အချိန်အတော်ကြာအောင်ကြည့်ပြီး..ပေါ်တယ်ကို အလုပ်လုပ်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို စဥ်းစားနေခဲ့တယ်။
အရင်တုန်းကလည်း ဒီပေါင်းကူးကို အသက်သွင်းဖို့ သူ အများကြီး ကြိုးစားတာတွေ ၊ သူ့ရဲ့ ပတ်ဝန်းကျင်မှာရှိနေတဲ့ ရူးစ် တွေကို လေ့လာတာတွေ ပြုလုပ်ခဲ့ပါသေးတယ်။သိူ့ပေမယ့် ဘယ်အရာကမှ ပြီးမြောက်အောင် မလုပ်နိုင်ခဲ့ပေ။
သို့ပေမယ့် မော်ဒရက် နဲ့ လတ်တလော စကားပြောဆိုခဲ့မူက ဆန်နီကို အကြံဥာဏ်တစ်ချို့ရစေခဲ့ပါတယ်။
မော်ဒရက်က ဘာပြောခဲ့တာလဲ..။မြေအောက်ကမ္ဘာရဲ့ မင်းသားက နတ်ဘုရားတစ်ပါးလိုမျိုး အရာဝတ္တုတွေကို တည်ဆောက်နိုင်စွမ်းရှိပေမယ့်..လက်တွေ့ကျအောင်လည်း လုပ်ဆောင်ပါတယ်။သူက သူ့လက်ထဲမှာရှိတဲ့ ဘယ်အရာကိုမဆို အသုံးပြုနိုင်ပြီး အရိုးရှင်းဆုံး အဖြေကို ရှာဖွေနိုင်ပါတယ်။
ဒီအရာက..ဆန်နီ သိထားပြီးသားဖြစ်တဲ့ ဂုဏ်ယူရတဲ့ ဒဲလ်မွန် အကြောင်းကို အတည်ပြုပေးပါတယ်။ဘာပဲဖြစ်ဖြစ်..သူတော်စင် နဲ့ သူမရဲ့.မျ်ိုးနွယ်တွေကို မြေအောက်ကမ္ဘာရဲ့ မင်းသားက တည်ဆောက်ပေးထားခဲ့တာပါပဲ။အတိတ်ကိုပြန်တွေးကြည့်တဲ့ အချိန်မှာတော့..ဆန်နီက ဒီအောင်မြင်မူရဲ့ ကြီးမားတဲ့စွမ်းဆောင်ရည်ကို နားမလည်နိုင်ခဲ့ပေ။
ဘာမှမရှိတဲ့အနေအထားကနေ..အသက်ရှင်နေတဲ့ မျိုးနွယ်တစ်ခုကို အမှန်တကယ် ဖန်တီးဖို့..။ဒါကြီးက နတ်ဘုရားတစ်ပါးကပဲ လုပ်ဆောင်နိုင်မယ့် အရာမျိုးလို့ ထင်စရာပဲ မဟုတ်ဘူးလား...။
သို့ပေမယ့် မြေအောက်ကမ္ဘာရဲ့ မင်းသားက နတ်ဘုရားတစ်ပါး မဟုတ်ပါဘူး။သူက နိမ့်ကျတဲ့ နတ်ဘုရားတစ်ပါး ဖြစ်တဲ့ ဒဲလ်မွန်တစ်ပါးပါ။သူတော်စင်နဲ့ သူမရဲ့ မျိုးနွယ်တစ်ခုလုံးကို ဖန်တီးပြီး သူ့ရဲ့ နတ်ဘုရားစွမ်းရည်တွေကို အသုံးပြုခဲ့တာက..နတ်ဘုရားတွေထက် သူက ဘယ်အရာမှာမှ နိမ့်ပါးမူမရှိဘူးဆိုတာကို သူ့နည်းလမ်းနဲ့ ပြသခဲ့တာလား..။ဒါမမဟုတ် သူက တစ်ခြားရည်းမှန်းချက် တစ်ခုခုကြောင့်လား..။
' နတ်ဘုရားတွေ ဘယ်လိုတုန့်ပြန်မလဲ ငါ သိချင်မိတယ်..'
ဆရာဂျူးလီယက်ကတော့..ဒဲလ်မွန်တွေရဲ့ မသိနိုင်တဲ့မူလရင်းမြစ်နဲ့ ထူးဆန်းတဲ့စွမ်းအားတွေကြောင့်..ဆိုးဝါးပြီး ကြောက်လန့်စရာ အရာအဖြစ် ဖော်ပြခဲ့ပါတယ်။နတ်ဘုရားတွေရဲ့ လုပ်ပိုင်ခွင့်အတွင်းမှာသာ ရှိသင့်တဲ့အရာတစ်ခုကို ဒဲလ်မွန်တွေထဲက တစ်ပါးက လုပ်ပြလိုက်တဲ့ အချိန်မှာ ဘာဖြစ်သွားမလဲ။ထပ်တူညီမူဖြစ်တဲ့ သူတော်စင်ရဲ့ ဖော်ပြချက်မှာ ပြောထားတာကတော့..သူမ နဲ့ သူမရဲ့မျိုးနွယ်တွေက ငြိမ်းချမ်းမူကို ယူဆောင်ဖို့ အတွက်..ဖန်တီးခဲ့ပေမယ့် အဆုံးမရှိတဲ့ စစ်ပွဲတွေကိုသာ ဆောင်ကျဥ်းလာခဲ့တယ်...
'ဟင်..'
သို့ပေမယ့် ဒါက အဓိကအချက် မဟုတ်သေးဘူး။အဓိက အချက်က သူတော်စင်ကို ကျောက်တုံးကနေ ပြုလုပ်ထားခဲ့တာပဲ..။သူတို့ကို ဖန်တီးတဲ့ နေရာမှာ ဒါက အခြေခံအကျဆုံးအချက်ပါပဲ။သူမကို ဖန်တီးသူရဲ့အမြင်မှာ သကိရှိရုပ်ထုတွေကို သန်မာစေဖို ဒါမှမဟုတ် ဖျက်ဆီးဖို့အတွက် မာကျောစေဖို့ ဒါက အခြေခံအကျဆုံးအချက် ဖြစ်နိုင်ပါတယ်။
သို့ပေမယ့်..စကျင်ကျောက် အရုပ်တွေ ကို မြင်ပြီး ၊မော်ဒရက် နဲ့ စကားပြောပြီးတဲ့နောက်မှာ သူက ထပ်ပြီးမသေချာတော့ပေ။ကျိုးပဲ့နေတဲ့အရုပ်တွေကနေ ပြနေတဲ့အချက်ကတော့ မြေအောက်ကမ္ဘာရဲ့မင်းသားလက်ထဲမှာ ရှိနေတဲ့အရာက..ပြသနာမဟုတ်ပါဘူး။
'လက်ထဲမှာရှိနေတဲ့..အရိုးရှင်းဆုံး အဖြေက ဘာများဖြစ်မလဲ..'
သူတော်စင်ကို ကျောက်တုံးနဲ့ ရိုးရှင်းစွာပြုလုပ်ထားတာက..ဟောလိုးတောင်တန်းမှာ မင်းသားအသုံးပြုဖို့အတွက် ကျောက်တုံးတွေ အများကြီးရှိနေတဲ့ အတွက်ကြောင့်လား..။အဲဒီမှာတော့ ကျောက်တုံးကလွဲပြီး ဘာမှ ရှိမနေခဲ့ပါဘူး..။
'ဒါ..ဒါတော့ မဟုတ်သေးဘူးမလား..'
သို့ပေမယ့် တစ်နည်းအားဖြင့်..ဒီအရာက မှန်ကန်နေနိုင်တယ်လို့ ဆန်နီ ခံစားနေခဲ့ရတယ်။
သူ သူတော်စင်ကိုကြည့်ပြီး အကြိမ်အနည်းငယ် မျက်တောင်ခတ်လိုက်တယ်။
'..အပျင်းထူတဲ့ ခွေးသားလေး..'
ဒဲလ်မွန်တစ်ယောက်ကို မကောင်းတဲ့ အတွေးတွေနဲ့ ကျိန်ဆဲနေခဲ့တာကြောင့် အပြစ်ပေးခံရနိုင်မလားဆိုတာကို တွေးမိလိုက်ပြီး ဆန်နီ ကျောချမ်းသွားခဲ့ပါတယ်။ဘာမှမဖြစ်လာခင်မှာပဲ..သူ ခေါင်းခါယမ်းလိုက်ပြီး တွေးတောနေတဲ့ နေရာကို ဆက်လက်စဥ်းစားလိုက်တယ်။
ဟောလိုးတောင်တန်းမှာ ကျောက်တုံးတွေ အများကြီး ရှိနေပေမယ့်..အနက်ရောင်တာဝါ ဝန်းကျင်မှာတော့ ဘာမှရှိမနေခဲ့ပါဘူး။ဒါပေမဲ့ အရင်တုန်းကရော ဘာရှိခဲ့လဲ..။မြေအောက်ကမ္ဘာရဲ့ မင်းသား အောက်ဘက်ကောင်းကင် မှာအကြာကြီးနေခဲ့တုန်းက သူ့ပတ်ဝန်းကျင်မှာ ဘာတွေ အများဆုံးရှိခဲ့တာလဲ..။သူက ဒီ ဆန်းကျယ်တဲ့အင်ဂျင်ကို နှိုးဖို့ ဘယ်စွမ်းအင်ကို အသုံးပြုခဲ့လောက်မလဲ..။
ဘာပဲဖြစ်ဖြစ်..ဒီ စေတီက..ကောင်းကင်မီးတောက်တွေကို ရိတ်သိမ်းဖို့အတွက် တည်ဆောက်ထားခဲ့တာပါ။
နောက်ဆုံးမှာ ခေါင်းကိုက်မူက ပျောက်ကွယ်သွားခဲ့တာကြောင့်..ဆန်နီက မတ်တတ်ထရပ်ပြီး ပေါင်းကူးဆီကို လျောက်သွားခဲ့တယ်။ယင်းနောက် သူက ရက်စက်သောမြင်ကွင်းကို ထုတ်ယူလိုက်ပြီး..[ အနက်ရောင်မှန် ] စွမ်းရည်ကို အသက်သွင်းကာ..သူ့ရဲ့ အဆီအနှစ်ကို ထည့်သွင်းလိုက်ပါတယ်။ယင်းနောက် ငွေရောင်ဓားသွားမှာ တောက်ပတဲ့အဖြူရောင်အလင်းတွေ ဖြစ်ပေါ်လာတာကို ကြည့်နေခဲ့တယ်။
ပြီးတာနဲ့ သူ ခနလောက် တွေဝေနေခဲ့ပြီးမှ လှံရှည်ရဲ့ထိပ်ဖျားကို အေးစက်နေတဲ့ အနက်ရောင်ကျောက်တုံးရဲ့ အပေါ်ယံမှာ ထောက်လိုက်တယ်။
..ချက်ချင်းဆိုသလိုပဲ..သူ့ရဲ့ ဝိဥာဥ်ထဲက ရေတံခါးတွေက ပွင့်ထွက်လာခဲ့သလိုပါပဲ။အရိပ်အဆီအနှစ်တွေက ရက်စက်သောမြင်ကွင်းဆီကို တလဟော စီးဝင်နေခဲ့ပြီး..အဲဒီကနေတဆင့် နတ်ဘုရားမီးတောက်တွေက..ပေါင်းကူးထဲကို စီးဆင်းနေခဲ့ပါတယ်။
ဆန်နီ တုန်လှုပ်သွားခဲ့တယ်။
စက္ကန့်အနည်းငယ်အတွင်းမှာပဲ သူ့ရဲ့အဆီအနှစ်တွေက ကုန်ဆုံးသွားခဲ့ပါပြီ။
သို့ပေမယ့် ပေါ်တယ်က ပွင့်မလာခဲ့သေးပေ။
ခန်းမထဲက တစ်ခုခုကတော့ ပြောင်းလဲသွားခဲ့တယ်။
မီးတောင်ကျောက်ပေါင်းကူး ရဲ့ ပတ်ဝန်းကျင်မှာရှိနေတဲ့ ရူးစ် တွေက..စတင်ပြီးတော့ အားနည်းတဲ့ အလင်းရောင်တွေ တောက်ပလာခဲ့တယ်။အလင်းရောင်တွေက မှိန်နေပေမယ့် သံသယရှိစရာမလိုအောင်ပဲ..တည်ရှိနေတာကို မြင်နေရပါတယ်။
ဆန်နီဟာ ရူးစ်တွေကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေပြီးမှ ကြီးမားတဲ့ အပြုံးတစ်ခုက သူ့မျက်နှာပေါ်မှာ ပေါ်လာခဲ့ပါတယ်။
"...ဘင်ဂို..."
အပိုင်း ( ၄၅၅ ) ပြီး၏။