← Chapters

အပိုင်း ( ၄၅၆ ) ဘာမှမရှိတဲ့အရာကို နောက်မှာချန်ထားရစ်ခဲ့ခြင်း

Vol. 31 Ch. 456

အပိုင်း ( ၄၅၆ ) ဘာမှမရှိတဲ့အရာကို နောက်မှာချန်ထားရစ်ခဲ့ခြင်း

Vol. 31 Ch. 456

နောက်ရက်အနည်းငယ်အတွင်းမှာတော့..ဆန်နီရဲ့ဘဝက အတော်လေး ပျင်းစရာကောင်းလာခဲ့တယ်။ဝိဥာဥ်မြွေရဲ့ ရစ်ပတ်မူနဲ့ ..အရိပ်အဆီအနှစ်တွေရဲ့ ပြန်လည်ဖွံ့ဖြိုးတဲ့နှုန်းကို နှစ်ဆတိုးမြှင့်နေတဲ့အချိန်မှာ သူကတော့ တရားထိုင်နေခဲ့ပါတယ်။သူက အဆီအနှစ်တွေကို မီးတောင်ကျောက် ပေါင်းကူးထဲကို လောင်းထည့်ရတဲ့ အလုပ်ကိုလည်း ထပ်ခါထပ်ခါ လုပ်နေရပါသေးတယ်။

တစ်ပတ်ပြည့်ပြီးတိုင်းမှာတော့..ပေါ်တယ်ရဲ့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ရူးတွေက ပိုပိုပြီး တောက်ပလာခဲ့တယ်..။ပေါ်တယ်က ဖြည်းညှင်းစွာ အသက်ဝင်လာတာနဲ့အမျှ ဆန်နီရဲ့ မြင့်တက်လာတဲ့ မျှော်လင့်ချက်တွေက ထိန်းသိမ်းဖို့ ခက်ခဲလာခဲ့တယ်။သူက ဒီပေါင်းကူးကို အသက်သွင်းနိုင်တယ် ဆိုတာကိုတော့ သံသယဖြစ်စရာ မလိုတော့ပါဘူး။

ယင်းနောက်..သူက ဆင်စွယ်ရောင် တာဝါဆီကိုဘသွားမှာဖြစ်ပြီး..ချိန်းကျွန်းစူဆီကို ဆင်းမယ့်နည်းလမ်းကို တစ်နည်းနည်းနဲ့ရှာဖွေကာ..အစစ်အမှန် ကမ္ဘာဆီကို ပြန်သွားတော့မှာပါ။

ပြီးတော့..ရေခဲသေတ္တာ အသစ်တစ်ခု ဝယ်လိမ့်မယ်။

'ပြီးတော့ ဒီထဲကို အစားအသောက် မျိုးစုံထည့်ထားရမယ်..'

အနက်ရောင်တာဝါရဲ့ အမြင့်ဆုံးအထပ်က ကျောက်တုံးကြမ်းပြင်ပေါ်မှာထိုင်ရင်း..ဆန်နီဟာ..အနားမှာရှိနေတဲ့ တပ်မက်ခြင်းဘဏ္ဍာတိုက်ကို နောင်တရတဲ့ အမူအရာနဲ့ကြည့်နေခဲ့တယ်။ဒီထဲမှာ အသားတွေရော ၊ စားစရာရော ဘာမှမကျန်တော့ဘူးဆိုတာကို သူသိထားပြီးသားပါ။

သူက လိမ်ညာတဲ့ဟန်ဆောင်သူ ရဲ့ ရွံ့စရာအသားကို တစ်နေ့မှာ လွမ်းနေရလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ..။

' တစ်စုံတစ်ယောက်က ဘယ်တော့မှ ဆိုတဲ့ စကားလုံးကို လုံးဝ မသုံးသင့်ဘူးလိူ့ ငါထင်တယ်..'

အရိပ်အဆီအနှစ်တွေက အပြည့်ပြန်ဖြစ်ဖို့ နီးကပ်လာပြီ ဖြစ်တာကြောင့်..သူ့ရဲ့ အတွေးတွေကလည်း စတင်ပြီး လွင့်မျောလာခဲ့ပါတယ်။

ပျင်းရိစရာကောင်းနေခဲ့တာကြောင့်..သူက ဝိဥာဥ်ပင်လယ်ထဲကို တိုးဝင်သွားပြီး..အရိပ်တွေကို အချိန်အတော်ကြာအောင် ကြည့်နေခဲ့တယ်။ယင်းနောက် သူ့ရဲ့ မှတ်သားမူတစ်ချို့ကို ထုတ်ယူပြီး ဖော်ပြချက်တွေကို အကြိမ်တစ်ရာလောက် လိုက်ဖတ်နေခဲ့ပါတယ်။ယင်းနောက် အရိပ်အမြုတေရဲ့ အနက်ရောင်နေလုံးတွေကိုကြည့်ပြီး မှတ်သားမူအချို့ကို ထပ်ကြည့်နေလိုက်တယ်။

'ပျင်းစရာပဲ..အရမ်းပျင်းဖို့ကောင်းတယ်..'

အတော်ကြာပြီးကာမှ နောက်ဆုံးမှာ တစ်စုံတစ်ခုက သူ့အာရုံကို ဖမ်းစားသွားနိုင်ခဲ့တယ်။

ဝီဗာမျက်နှာဖုံးရဲ့ စာသားတွေက အနည်းငယ် ပြောင်းလဲသွားခဲ့တာပါ။

အရင်ကတော့..တတိယတိုးမြင့်မူရဲ့ နေရာမှာ [ ??? ] ဆိုပြီး ရှိနေခဲ့တယ်။ဆန်နီက ဒီတိုးမြှင့်မူကို အသက်သွင်းပြီးတဲ့နောက်မှာတော့..သူ့ရဲ့ ဦးနောက်ကို ပျက်စီးလုမတတ်ဖြစ်စေပြီးနောက်မှာ ဒီတိုင်းမြင့်မူရဲ့နာမည်က ပြောင်းလဲသွားခဲ့တယ်။

သူက မျက်တောင် အကြိမ်အနည်းငယ် ခတ်လိူက်ပြီး စာသားကို နောက်တစ်ကြိမ်ပြန်ကြည့်လိုက်တယ်။

'ငါ..ငါ ဖတ်တာတော့ မှန်ပါတယ်နော်..'

သို့ပေမယ့် မဟုတ်ပေ..ဒီမှာ မှားနိုင်စရာ အကြောင်းမရှိပါဘူး။ပထမ တိုးမြှင့်မူနှစ်ခုကတော့..အရင်တုန်းက အတိုင်းပဲ.. [ အလိမ်အညာ ဝတ်ရုံ ] နဲ့ [ ရိုးရှင်းတဲ့လှည့်စားမူ ] တို့ ရှိနေခဲ့တယ်။သို့ပေမယ့် တတိယတစ်ခုအဖြစ်..အခုချိန်မှာ အသစ်ဖော်ပြထားတာကတော့..

မှတ်သားမူ တိုးမြင့်ချက် : [ ငါ့မျက်လုံးတွေဘယ်မှာလဲ ]

[ ငါ့မျက်လုံးတွေ ဘယ်မှာလဲ ] တိုးမြင့်မူဖော်ပြချက် :

"အသုံးပြုသူကို ကံတရားရဲ့လှပမူအား မြင်နိုင်အောင် ကူညီပေးသည် "

ဆန်နီဟာ စာသားကို အချိန်အတော်ကြာအောင် ကြည့်နေခဲ့ပြီးကာမှ..ဝိဥာဥ်ပင်လယ်ထဲကနေ အပြင်ကိုရောက်သွားတဲ့အထိ ရယ်မောနေခဲ့ပါတယ်။

"အိုး..အိုး..ဘုရားရေ..ငါ့မျက်လုံးတွေ ဘယ်မှာလဲ..။အံ့ဩစရာပဲ.."

သူ ဝီဗာရဲ့ ထူးခြားတဲ့ နာမည်ပေးနိုင်စွမ်းကို ရယ်မောလို့ပြီးတဲ့ အချိနိမှာတော့..အရိပ်အဆီအနှစ်တွေ ပြန်လည် ဖြည့်တင်းတဲ့ လည်ပတ်မူကလည်း ပြည့်သွားခဲ့ပါပြီ။

ဆန်နီ ခေါင်းခါယမ်းလိုက်ပြီး..ပြုံးလိုက်ကာ..ရက်စက်သောမြင်ကွင်းကို ထုတ်လိုက်တယ်။

အခုချိန်မှာတော့..အဝိုင်းပုံသဏ္ဍာန် ရူးစ် တွေက ဒေါသတကြီး လောင်ကျွမ်းနေကြပြီး ..အနက်ရောင်ခန်းမကို အမှောင်နဲ့အလင်း အလှအပကို ဖော်ကျူးနေခဲ့တယ်။ကြည့်ရတာတော့ ပေါင်းကူးအတွင်းက လေထုကလည်း အပူကြောင့် လှုပ်ခတ်လာခဲ့သလိုပါပဲ။

သူက မီးတောင်ကျောက် ပေါင်းကူးဆီကို လျောက်သွားလိုက်ပြီး အချိန်ထပ်ဖြုန်းမနေတော့ပဲ..ငွေရောင်လှံရဲ့ ထိပ်ဖြားနဲ့ ထိတွေ့လိုက်ပါတယ်။နောက်တစ်ကြိမ်ဆိုသလိုပဲ..သူ့ရဲ့ အရိပ်အဆီအနှစ်တွေက ပြင်းထန်တဲ့ အရှိန်နဲ့ စုပ်ယူခြင်းခံလိုက်ရတယ်။

သို့ပေမယ့် ဒီတစ်ကြိမ်မှာတော့ တစ်ဝက်လောက်ပဲ ကုန်ခမ်းသွားခဲ့ပါတယ်။

တောက်ပတဲ့ အလင်းရောင်က ဆန်နီရဲ့ မျက်လုံးတွေထဲကို ဝင်ရောက်လာတဲ့ အချိန်မှာတော့..သူက နောက်ကို ခြေတစ်လှမ်းဆုတ်လိုက်ပြီး..လက်ကိုမြှောက်ကာ မျက်လုံးတွေကို ကာကွယ်ထားလိုက်ရတယ်။အေးစက်တဲ့လေထုက သူ့ရဲ့မျကိနှာကို တိုက်ခတ်လာခဲ့ပြီး ၊ ရုတ်တရက် သစ်ခေါက် ၊ မြက် ၊ မြေဆီလွှာတို့ရဲ့ ရနံ့ကို ရလာခဲ့ပါတယ်။

အသက်ဓာတ်တွေ..။

သူ့ရဲ့ မျက်လုံးတွေက အလင်းရောင်နဲ့ အသားကျသွားတဲ့ အချိန်မှာတော့ ဆန်နီက လက်ကိုဖြည်းညှင်းစွာချပြီး..ပေါင်းကူးကို အံ့ဩတဲ့အမူအရာနဲ့ကြည့်နေခဲ့တယ်..။

ဒါက အနက်ရောင်တာဝါထဲမှာ အမှန်တကယ် အက်ကွဲကြောင်းတစ်ခု ပေါ်လာခဲ့သလိုပါပဲ။

ပေါ်တယ်ရဲ့ ပတ်ဝန်းကျင်မှာတော့..ခန်းမကြီးက ခါတိုင်းလ်ို အနက်ရောက်ကျောက်နဲ့ ဆောက်လုပ်ထားပြီး မှောင်မိုက်နေခဲ့ပါတယ်။

...သို့ပေမယ့် ပေါ်တယ်ထဲမှာတော့..ရှင်းလင်းတဲ့ အပြာရောင် ကောင်းကင်ကြီးရှိနေခဲ့တယ်။နှစ်ပေါင်းထောင်ချီ ကြာမြင့်ပြီးတဲ့နောက်မှာ နေရောင်ခြည်က အနက်ရောင်တာဝါထဲကို နောက်တစ်ကြိမ် ပြန်လည်ဝင်ရောက်လာခဲ့ကာ..လေတိုက်ခတ်သံ တွေ ၊ သစ်ရွက်လှုပ်ခတ်သံတွေကို ဆောင်ကျဥ်းလာခဲ့တယ်။

ဆန်နီက ကောင်းကင်တွေကို မြင်နိုင်သလို..မြေကြီးကိုလည်း မြင်နေရပါတယ်။လှပတဲ့ အစိမ်းရောင် မျက်ခင်းပြင်က..မီးတောင်ကျောက်ကြမ်းပြင်ကနေ အပြည့်ဖြစ်ကာ အသက်ဝင်နေခဲ့တယ်။သစ်ပင်ကြီးတစ်ပင်ရဲ့ အရိပ်ကလည်း..ပေါ်တယ်ရဲ့ နယ်နိမိတ်ထဲကို ကျဆင်းနေခဲ့ကာ..အဲဒီမှာတော့ လျောက်သွားဖို့အတွက် အဖြူရောင်ကျောက်နဲ့ပြုလုပ်ထားတဲ့ လမ်းတစ်ခု ရှိနေခဲ့ပါတယ်။

အဝေးမှာတော့..ဆန်နီထက်မြင့်တဲ့ အဖြူရောင်နံရံကြီးတစ်ခုကို ပေါ်တယ်ထဲကနေ တွေ့မြင်နေခဲ့ရတယ်။ဒီအရာကို အပြာရောင်ကောင်းကင်တွေ ၊ တိမ်တိုက် တွေ နဲ့ အစိမ်းရောင်မြင်ခင်းတွေ ဝန်းရံထားတဲ့ပုံစံက..လှပမူနဲ့ တည်ငြိမ်မူကို ပုံဖော်ထားသလိူဖြစ်နေခဲ့ပါတယ်။

မြင်ကွင်းတစ်ခုလုံးက နိဗ္ဗာန်ဘုံလိုပါပဲ။

သူ တံတွေးမြိုချလိုက်တယ်။

' ဆင်..ဆင်စွယ်ရောင် တာဝါ..။မော်ဒရက်ပြောတာ မှန်တယ်..'

မြက်ခင်းတွေ ညှင်သာစွာလှုပ်ယမ်းနေတာ ၊ သစ်ပင်ရဲ့ အက်ိုင်းအခတ်တွေ ပျင်းရိစွာ ဝေ့ယမ်းနေကြတာကို ကြည့်ရင်..ဒီ ကောင်းကင်ဘုံကျွန်းက..တကယ်ကိုပဲ ဖိနိပ်မူရဲ့ သက်ရောက်မူကို မခံထားရပါဘူး။

ဒီအနေအထားအရ အနည်းဆုံးတော့ လုံခြုံပါတယ်။

' ဟုတ်ပြီ ..'

ဆန်နီက အဝိုင်းပုံစံ ရူးစ် တွေကို အလျင်အမြန်ကြည့်ပြီး တင်းကြပ်သွားခဲ့တယ်။သူထင်ထားခဲ့သလိုပဲ ဒီအရာတွေက မှေးမှိန်စပြုလာနေပါပြီ။ဒီ ရက်ပိုင်းအတွင်းမှာ ပေါ်တယ်ထဲကို ဆန်နီ ထည့်သွင်းပေးထားတဲ့ နတ်ဘုရားမီးတောက်တွေနဲ့ အသက်ဝင်နေတာဖြစ်ပြီး အခုချိနိမှာ ဒီအရာက..မကြာခင် ပိတ်သွားပါတော့မယ်။

" ချီးတဲ့မှပဲ.."

ကောင်းပြီလေ..ပေါ်တယ်ပွင့်လာတာနဲ့ သူက တန်းပြီးထွက်သွားဖို့ အဆင်သင့်မဖြစ်တဲ့လူမှ မဟုတ်တာ။သူက အနက်ရောင်တောင်ဝါထဲမှာ လုပ်ချင်တဲ့အရာတွေ အားလုံးကို လုပ်ထားခဲ့ပြီးပါပြီ။အစကတည်းက ဒီနေရာမှာ ဘာမှလုပ်စရာ မကျန်တော့ပေ။အချိန်က သူရရှိနိုင်လောက်တဲ့ အကျိုးအမြတ်အားလုံးနီးပါးကို ဖျက်ဆှးသွားခဲ့တယ်။ဝီဗာအရိုးနဲ့ မြေအောက်ကမ္ဘာမင်းသားရဲ့မြေပုံကတော့ သူ့ရဲ့ပိုင်ဆိုင်မူအဖြစ် ရှိနေပါပြီ။

အခုတော့..သူက အသက်ရှက်လျက်ထွက်သွားနိုင်ဖို့ပဲ လိုအပ်ပါတော့တယ်။

ဆန်နီက မှတ်သားမူအားလုံးကို ပြန်သိမ်းလိုက်ပြီး အရိပ်နှစ်ခုစလုံးကို သူ့ရဲ့ ခန္တာကိုယ်မှာ ရစ်ပတ်လိုက်ကာ..အလင်းရောင်ထဲကို ပြေးဝင်သွားခဲ့တယ်။

'ကျေးဇူးပြုပြီး..ကျေးဇူးပြုပြီး ပုံရိပ်ယောင်တော့ မဖြစ်လိုက်ပါနဲ့..'

သူက ပေါ်တယ်နားမှာပေါ်လာခဲ့ပြီး အထဲကိုရောက်သွားကာ ဒူးထောက်လျက်သား ကျဆင်းသွားခဲ့တယ်။

သူ့ရဲ့ လက်ချောင်းတွေက နူးညံ့တဲ့ မြက်ခင်းတွေနဲ့ ထိတွေ့သွားခဲ့ပြီး ဝီဗာအရိုးရဲ့စွမ်းရည်ကြောင့် အာရုံခံနိုင်စွမ်း ပိုမိုကောင်းမွန်နေခဲ့ပါတယ်။ဆန်နီက သေးငယ်တဲ့ ထိတွေ့မူလေးတွေကိုတောင် ကောင်းကောင်းခံစားနေခဲ့ရတယ်။အောက်ဘက်က ကြွယ်ဝတဲ့ မြေဆီလွှာ နဲ့ သူ့ရဲ့ အရည်ပြားပေါ်ကို ထိတွေ့နေတဲ့ နေရောင်တွေကိုပါ။

ဒါတွေအကုန် အစစ်အမှန်ပဲ။

ဒါက အံ့ဩဖို့ကောင်းတယ်။

ပေါ်တယ်က အရောင်မှိန်လာခဲ့ပြီး သူ့ရဲ့နောက်ဘက်မှာ ပိတ်သွားတဲ့ အချိန်မှာတော့..ဆန်နီဟာ မျက်လုံးတွေးကို တင်းတင်းကြပ်ကြပ်ပိတ်ထားပြီး..တိုးညှင်းစွာ ငိုကြွေးလိုက်တယ်..။စကားလုံးတွေအဖြစ် ပြောင်းလဲဖို့အတွက် သူ့ရဲ့ ရင်ထဲမှာ စိတ်ခံစားချက်တွေ အများကြီး ဆူပွက်နေခဲ့ပါတယ်။

သူ လုပ်နိုင်ခဲ့ပြီ။သူက လေဟာနယ်ထဲက လွယ်မြောက်သွားခဲ့ပြီ..။

သူက ဘာမှမရှိတဲ့အရာကို နောက်မှထားနိုင်ခဲ့ပြီ။

***

ဆန်နီက အောက်ဘက်ကောင်းကင်ကနေ လွတ်မြောက်သွားတာကြောင့် ပျော်ရွှင်နေတဲ့ အချိန်မှာ တစ်ခုခု ဖြစ်သွားခဲ့တယ်။

အဝေးတစ်နေရာရာ ဒါမှမဟုတ် အနီးအနားမှာတော့..အေးစက်တဲ့ ကျောက်တုံးတွေနဲ့ တည်ဆောက်ထားတဲ့ အခန်းတစ်ခုရှိနေပြီး တိတ်ဆိတ်မူတွေသာ ကြီးစိုးနေခဲ့ပါတယ်။ဒါက အနက်ရောင်အရိပ်တွေနဲ့ ပြည့်နေတဲ့ ထောင့်ခုနစ်ခုပုံစံ အခန်းအဖြစ်တည်ဆောက်ထားကာ..မှောင်မိုက်ပြီး ဘာမှရှိမနေခဲ့ပေ။

အခန်းရဲ့ နံရံတစ်ခုချင်းစီတိုင်းမှာတော့ မှန်ခုနှစ်ချပ်ကို အသီးသီးထောင်ထားခဲ့ကာ..အလယ်တည့်တည့်ကို ဦးတည်ထားခဲ့တယ်။

အဲဲဒီမှာ ဘာမှရှိမနေခဲ့ပါဘူး။

..သို့ပေမယ့်..မှန်ခုနှစ်ချပ်ထဲမှာတော့ လူငယ်လေးတစ်ယောက်ရဲ့ ပုံရိပ်က အလင်းပြန်နေခဲ့တယ်။သူက ကျောက်တုံးကြမ်းပြင်ပေါ်မှာ ထိုင်နေခဲ့ပြီး သူ့ရဲ့လက်တွေကိုတော့ နောက်ကျောဖက်မှာ ချည်နှောင်ထားခြင်းခံခဲ့ရပါတယိ။

လူငယ်လေးက သက်ရှိတစ်ယောက်နဲ့မတူပဲ ရုပ်ထုတစ်ခုလိုပဲ..ခံစားချက်မဲ့စွာ ရှိနေခဲ့တယ်။

ယင်းနောက် တစ်ခုခု ပြောင်းလဲသွားခဲ့ပါတယ်။

ဆန်နီ ပေါ်တယ်ကို ဖြတ်ကျော်သွားပြီး..ဆင်စွယ်ရောင်တာဝါရှိတဲ့ ကျွန်းပေါ်မှာ ပေါ်လာပြီး ခနအကြာမှာတော့...

လူငယ်လေးရဲ့ နှုတ်ခမ်းအပေါ်ထောင့်နားက တွန့်ကွေးသွားကာ..ပြုံးရယ်တဲ့ အရိပ်အယောင်တစ်ခုပေါ်လာခဲ့တယ်။

ဆန်နီ လွတ်မြောက်သွားခဲ့တာကို မော်ဒရက်လည်း ဝမ်းသာနေခဲ့ပါတယ်။

အပိုင်း ( ၄၅၆) ပြီး၏။

All Chapters