ဆင်စွယ်ရောင် တာဝါ
Vol. 31 Ch. 457
“သူတော်စင် ..ဒီကို လာကြည့်လိုက်ပါဦး “
ဆန်နှီက မြက်ခင်းပြင်ပေါ်မှာ ထိုင်ရင်း နေရောင်ခြည်နဲ့ အေးစက်တဲ့လေကို အရသာခံနေခဲ့တယ်။သူက ဒီအရာတွေကို ဘယ်လောက်တောင် လွမ်းဆွတ်သတိရနေလဲဆိုတာကို ပြောတောင် မပြောတတ်တော့ပါဘူး။ပြန်ပြီးကြည့်လိုက်မယ်ဆိုရင် သူက ဘာမှမရှိတဲ့ အရာကို တစ်လကျော်လောက် အသိစိတ်မလွတ်ပဲ တောင့်ခံနိုင်ခဲ့တယ်ဆိုတာ အတော်လေးကို စိတ်ကူးယဥ◌်ကြည့်ဖို့ ခက်ခဲပါတယ်။ကြည့်ရတာတော့ အနက်ရောင်မြို့တော်က သူ့ရဲ့ အတွေ့အကြုံတွေကြောင့် ပိုပြီး ခံနိုင်ရည်ရှိလာတဲ့ ပုံပါပဲ။
..ညနေရောက်လာတဲ့ အချိန်မှာတော့ ဆင်စွယ်ရောင်တာဝါ ရဲ့အရိပ်က အနားကို ပိုပိုကပ်လာခဲ့ပြီး အချိန်ရဲ့ ရွေ့လျားမူကို မှတ်သားနေခဲ့တယ်။ကောင်ကင်ကျွန်းရဲ့ စ◌ိမ်းစိုတဲ့ မြက်ခင်းပြင်ပေါ်မှာ အတော်လေးကို အေးချမ်းပြီး ငြိမ်သက်နေခဲ့တာပါ။
သူ့ရဲ့ ခေါ်ဆိုမူကို ဖြေဆိုလိုက်သလိုပဲ တိတ်ဆိတ်တဲ့ နတ်မိစ္ဆာက အနားမှာ တိတ်တဆိတ်ပေါ်ထွက်လာခဲ့ကာ…ကြီးမားတဲ့ အဖြူရောင်တာဝါကြီးကို ကြည့်နေခဲ့ပါ်တယ်။သို့ပေမယ့် သူမရဲ့ ပတ္တမြားရောင် မျက်လုံးတွေကတော့ ..ဘာခံစားချက်ကိုမှ မပြသခဲ့ပေ။
သူ သက်ပြင်းချလိုက်တယ်။
“ကောင်းပြီလေ..ငါကတော့ အဲတာက အတော်လေးကို လှတယ်လို့ ထင်တာပဲ”
လွင့်မျောနေတဲ့ကျွန်းက အရမ်းကြီးတော့ ကြီးမားနေတာ မဟုတ်ပါဘူး။အရမ်းအဝေးမှာ ရှိမနေတဲ့ ကျွန်းရဲ့အစွန်းကို သူ့အနေနဲ့ မြင်နေခဲ့ရပါတယ်။အဲ့ပတ်ဝန်းကျင်မှာတော့ လွင့်မျောနေတဲ့ မာဗယ်ကျောက်တွေက ဝန်းရံထားခဲ့တယ်။အဲဒီဘက်မှာတော့ မြက်ခင်းစိမ်းတစ်ခု ၊လေတိုက်တဲ့ အချိန်မှာ အသံတွေ ထွက်ပေါ်နေတဲ့ အပင်တွေ..၊ ဆင်စွယ်ရောင်တာဝါနဲ့တူညီတဲ့ အရာဝတ္တုနဲ့တည်ဆောက်ထားတဲ့ ရူခင်းကြည့်ဖို့ အဆောက်အအုံငယ်တို့ ရှိနေခဲ့ပါတယ်။ပြီးတော့ ပေါ်တယ်ကတော့ ရှိမနေတော့ပေ။
အဝေးတစ်နေရာမှာတော့..လေသာဆောင် အဆောက်အဦးကို ကျောက်တုံးလမ်းတစ်ခုကို ဆက်သွယ်ထားတဲ့နေရာမှာ ၊ တစ်ချိန်က မျှော်လင့်ခြင်းနတ်ဆိုးပိုင်ဆိုင်ထားတဲ့ ကြီးမားတဲ့ စေတီကြီးတစ်ဆူရှိနေခဲ့ပါတယ်။အောက်ဘက်ကောင်းကင်မှာ ရှိနေတဲ့ သူ့ရဲ့ ပုံတူက နက်မှောင်ပြီး ကြောက်ဖို့ကောင်းတယ်ဆိုရင် ဒီအရာကတော့ လုံးဝကို ဆန့်ကျင်ဖက်ပါပဲ။ဒီအရာက လှပ ၊ ထည်ဝါ ပြီး အနည်းငယ် အိပ်မက်ဆန်နေခဲ့တယ်။လူသားကမ္ဘာမှ ဒီလိုအရာတစ်ခုရှိနေတာကကို အရမ်းမြင့်မြတ်လွန်းနေသလိုပါပဲ။
..တစ်နည်းအားဖြင့်တော့ ဒီလိုမဟုတ်ခဲ့ပါဘူး။
သို့ပေမယ့် ဆင်စွယ်ရောင်တာဝါနဲ့ ပတ်သက်ပြီး တစ်ခုခုက ဆန်နီကို မသက်မသာ ဖြစ်နေစေခဲ့တယ်။သူက ခံစားချက်ကို ဖော်ပြနိုင်စွမ်းမရှိပေမယ့် သူက ဒီအရာဆီကို ဆွဲဆောင်ခံနေရပြီး ခြိမ်းခြောက်မူတွေကိုပါ ခံစားနေခဲ့ရပါတယ်။ဒီခံစားချက်က သူ့ရဲ့ အလိုလိုသိစိတ်ထဲကနေ ရောက်လာနေခဲ့တာ မဟုတ်ပေ။ဒါက သူ့ဝိဥာဥ◌်ရဲ့ အနက်ရှိုင်းဆုံး အပိုင်းထဲကနေ ရောက်လာနေခဲ့တာပါ။ဒါက အတော်လေးကို သန်မာပါတယ်။
ပြီးတော့ တာဝါရဲ့ တည်ဆောက်ပုံမှာလည်း ထူးဆန်းတာ တစ်ခုခုက ရှိနေခဲ့သေးတယ်။
စေတီတစ်ခုလုံးရဲ့ အောက်ခြေကို ရစ်ပတ်ပြီး မြင်ကွင်းကနေပျောက်ကွယ်သွားတဲ့ ထူးဆန်းတဲ့ အရာတစ်ခုက အဲဒီမှာ ရှိနေခဲ့ပါတယ်။ဒီတစ်ခုက အရောင်တစ်ထပ်တည်းနီးပါ တူညီနေပေမယ့် အနည်းငယ်ဖြူဖျော့ကာ..ရှည်လျားပြီး ရာသီဥတုဒဏ်ကို ခံထားရတဲ့ အပိုင်းနဲ့ ပြုလုပ်ထားခဲ့ပါတယ်။
အတော်ကြာပြီးတဲ့နောက်မှာမှ ဆန်နီက နောက်ဆုံးမှာ ဒီအရာက ဘာလဲဆိုတာကို နားလည်သွားခဲ့တယ်။
..အရိုး ..။တာဝါကို ရစ်ပတ်နေတဲ့အရာက ကြီးမားပြီး သေဆုံးနေတဲ့ သတ္တဝါကြီးတစ်ကောင်ရဲ့ အမြီးတစ်ခုပါ။သူ မျက်မှောင် ကျုတ်လိုက်တယ်။
‘ အဲဒါကြီးက သေဆုံးနေတာ ကောင်းမွန်တဲ့ အရာပဲ။အမြဲတမ်း အဲလိုမျိုးသေဆုံး နိုင်ပါစေ ‘
ဆန်နီသက်ပြင်းချလိုက်ပြီး ရက်စက်သောမြင်ကွင်းကို အသုံးပြုပြီး မတ်တတ်ထရပ်လိုက်ကာ..ကျွန်းရဲ့ အစွန်းဆီကို ဦးတည်သွားလိုက်တယ်။သူတော်စင်ကတော့ သန်းခေါင်ယံ အမြုတေကို သူမရဲ့ ပုခုံးပေါ်ကိုတင်ပြီး နောက်ကနေ လိုက်လာခဲ့ပါတယ်။
အစွန်းကို ရောက်တဲ့အချိန်မှာတော့ သူအောက်ကို ငုံ့ကြည့်လိုက်တဲ့အချိန်မှာ ချိန်းကျွန်းစုရဲ့ ပြတ်တောက်နေတဲ့ အစိတ်အပိုင်းတွေကို တွေ့လိုက်ရပါတယ်.။ဒီအမြင့်ကနေ ကြည့်တဲ့အချိန်မှာတော့..ဒီအရာက ကြယ်တွေနဲ့တောက်ပနေတဲ့ အမှောင်ထုကြီးကို နောက်ခံအဖြစ်ထားထားတဲ့ လှပတဲ့ ပန်းချီကားကြီးတစ်ချပ်နဲ့ တူနေခဲ့ပါတယ်။
ဆန်နီအတော်ကြာအောင် ကြည့်နေပြီးကာမှ မြေကြီးပေါ်က ကျောက်တုံးတစ်တုံးကို ကောက်ကိုင်လိုက်ကာ အစွန်းကနေ အောက်ကို လှမ်းပစ်ချလိုက်တယ်။
ကျောက်တုံးက မီးတာတစ်ရာကျော်လောက်အထိ အတားအဆီးမရှိပဲ ဆက်တိုက်ကျဆင်းသွားခဲ့တယ်။သိူ့ပေမယ့် ယင်းနောက်မှာတော့ ဒါက ရုတ်တရက် အက်ကွဲကာ အပိုင်းပိုင်း အစစအဖြစ် ပေါက်ကွဲသွားခဲ့ပါတယ်။ပြီးတာနဲ့ ဒီဟာက အမှုန့်တွေဖြစ်သွားကာ..လေထဲမှာ ပြန့်နှံ့သွားခဲ့တယ်။
‘ ချီးတဲ့မှပဲ ‘
ကြည့်ရတာတော့ အက်ကွဲမူက ဒီမှာ ရှိနေတုန်းပါပဲ။ဒါက ဆင်စွယ်ရောင်တာဝါ ၊ ကျွန်း နဲ့ ပတ်ဝန်းကျင်က သေးငယ်တဲ့ဧရိယာ လောက်ပဲ ဒီရဲ့သက်ရောက်မူကို မခံထားရတဲ့ ပုံပါပဲ။
သူအောက်ကို ဘယ်လိုလုပ်ပြီး ဆင်းရမှာပဲ။
ဆန်နီက ကျွန်းရဲ့ အစွန်းမှာ နောင်တရတဲ့ အမူအရာနဲ့ အချိန်အတော်ကြာအောင် ရပ်နေခဲ့တယ်။ပြီးတာနဲ့ သူ နောက်ကိုလှည့်ပြီး ..ကျွန်းရဲ့ အထဲကို လျောက်သွားခဲ့ကာ..ဆင်စွယ်ရောင်တာဝါကို ဘယ်ဘက်ကနေ လှည့်ပတ်သွားခဲ့ပါတယ်။
ကြီးမားတဲ့ စေတီရဲ့ ဘယ်ဘက်မှာတော့..သန့်ရှင်းတဲ့ရေကန်တစ်ခုက ရေတွေစီးဆင်းနေခဲ့ပြီး ကျွန်းရဲ့အစွန်းကနေ ရေတံခွန်လို ပြုတ်ကျသွားခဲ့ကြတယ်။တောက်ပတဲ့ နေရောင်ခြည်ရဲ့အောက်ဘက်မှာတော့ ရေကန်ရဲ့မျက်နှာပြင်တစ်ခုလုံးက ရွှေရောင်တွေ တောက်ပနေသလိုပါပဲ။ဆန်နီက ရေကန်ထဲက သူ့ရဲ့ ပုံရိပ်ကိုသူ ကြည့်နေခဲ့ပြီး မှ ဘေးနားမှာရှိနေတဲ့ အဖြူရောင်ကျောက်နဲ့ ထွင်းထုထားတဲ့ ခုံတစ်လုံးကို ကြည့်လိုက်တယ်။
နောက်ဆုံးမှာတော့..သူက ဆက်လျောက်သွားခဲ့ပြီး ထည်ဝါတဲ့တာဝါကြီး ရဲ့ ဂိတ်ပေါက်ဝကို မြင်နိုင်တဲ့ နေရာကို ရောက်သွားခဲ့ပါတယ်။
‘အိုး..’
ဒီဂိတ်ပေါက်တွေက သူ အောက်ဘက်ကောင်းကင်က စေတီမှာ ဖွင့်လှစ်ခဲ့တဲ့ အရာတွေနဲ့ တစ်ပုံစံတည်းပါပဲ။အဓိက ကွာခြားချက်ကတော့ သူ့ရဲ့အရောင်နဲ့ အခိုးအငွေ့တွေ ရှိမနေခဲ့တာပါ။
အလားတူစွာပဲ သူတို့ရဲ့ရှေ့မှာတော့..ကြီးမားတဲ့ သားရဲကြီးရဲ့ အရိုးအကြွင်းအကျန်တွေ ရှိနေခဲ့ပါတယ်။သူ့ရဲ့ ခန္တာကိုယ်ကတော့..တာဝါကြီးတစ်ခုလုံးကို ရစ်ပတ်ထားခဲ့တယ်။ကြီးမားတဲ့ အရိုးခေါင်းကြီးက အဖြူရောင်ရှည်လျားတဲ့ တံခါးတွေရဲ့ အနီးနားမှာ ရှိနေခဲ့ပါတယ်။ကြီးမားတဲ့ သတ္တဝါကြီးရဲ့ အစွယ်တစ်ချောင်းချင်းစီက အနည်းဆုံးတော့ ဆန်နီ ရဲ့ အရပ်လောက်ကို ရှည်လျားနေခဲ့တယ်။သူ့ရဲ့ ဘာမှမရှိတဲ့ မျက်လုံးတွေထဲမှာတော့ အမှောင်ထုက ကြီးစိုးနေခဲ့ပါတယ်။
သူ ကြက်သီးမွှေးညှင်းတွေ ထသွားခဲ့တယ်။
‘ဒါက နဂါးတစ်ကောင်လား’
အမှန်တကယ်ပါပဲ။ဆန်နီရဲ့ အရှေ့တည့်တည့်မှာတော့ စစ်မှန်တဲ့ နဂါးတစ်ကောင်ရဲ့ အဖြူရောင် အရိုးတွေရှိနေခဲ့ပါတယ်။ခမ်းနားထည်ဝါတဲ့ သတ္တဝါတစ်ကောင်က တောက်ပတဲ့ မျှော်စင်ရှေ့မှာ သေဆုံးနေတာက အတော်လေးကို ဆန်းကျယ်ပြီး ကြောက်မက်ဖွယ်ရာကောင်းပါတယ်။
ဒီလိုသက်ရှိတစ်ကောင်ကို ဘယ်လိုအရာက သတ်ပစ်နိုင်တာလဲ။
အဖြေကို သူမသိချင်တာကို တွေးမိလိုက်တာကြောင့် ဆန်နီ ခနလောက်တွေဝေလိုက်ပြီး နဂါးရဲ့ ကျန်တဲ့ အစိတ်အပိုင်းတွေဆီကို ဦိးတည်သွားလိုက်တယ်။ဒီကြီးမားတဲ့ သတ္တဝါကြီးက တစ်ဖန်ပြန်ပြီး အသက်ဝင်မလာဖို့ကိုပဲ သူက မျှော်လင့်နေခဲ့တာပါ။တကယ်လို့ ဒီလိုသာဖြစ်လာမယ်ဆိုရင်….ကောင်းပြီ။ဒီအကြောင်း မတွေးပဲနေတာ အကောင်းဆုံးပဲ။
ကြောက်မက်ဖွယ်ရာ သတ္တဝါကြီးဆီကို ရောက်တဲ့အချိန်မှာတော့..ဆန်နီ ခနလောက်တွေဝေသွားခဲ့တယ်။ယင်းနောက် သူက ကြောက်မက်ဖွယ်ရာ ဦးချိုကြားထဲကို လျောက်သွားကာ..ဂိတ်ပေါက်ဝကို ချည်းကပ်သွားခဲ့ပါတယ်။
..တံခါးတွေက အနည်းငယ် ပွင့်နေပြီးဖြစ်တာကြောင့် သူက အဆီအနှစ်တွေကို အသုံးပြုပြီး ဖွင့်စရာမလိုအပ်တော့ပါဘူး။
ဆန်နီ သတ္တိကိုမွေးပြီး လက်ကိုမြောက်ကာ ဂိတ်တံခါးပေါက်ကို တွန်းဖွင့်လိုက်တယ်။
ရုတ်တရက် သူ အနည်းငယ် အိပ်ငိုက်လာသလို ခံစားလိုက်ရပါတယ်။
သူ့ခေါင်းကို ခါယမ်းကာ အိပ်ချင်စိတ်တွေကို မောင်းထုတ်လိုက်ပြီး ..ဆန်နီက တာဝါထဲကို ဝင်သွားလိုက်တဲ့ အချိန်မှာ ကြီးမားတဲ့ ဟောခန်းကြီးကို တွေ့လိုက်ရတယ်။တောက်ပတဲ့ အလင်းရောင်တွေကတော့ ပြတင်းပေါက်ကနေတဆင့် တိုးဝင်နေခဲ့ပါတယ်.။
ပြီးတော့..သူ့ရဲ့ အလယ်မှာတော့..
ချိန်းကြိုးတွေ…
အဖြူရောင်ကြမ်းပြင်ကနေ ချိန်းကြိုးခုနှစ်ကြိုးက ထွက်ပေါ်နေခဲ့ပြီး တစ်ခုချင်းစီမှာလဲ ကျိုးပျက်နေတဲ့ ခြေကျင်းတွေ ရှိနေခဲ့ပါတယ်။သံခြေချင်းတွေမှာ ရူးစ်တွေ အများကြီး ရေးသားထားခဲ့ပြီး သူတို့ရဲ့ သတ္တုတွေက တွန့်ကြေနေခဲ့ပါတယ်။အဲဒီနေရာတွေကနေပဲ ထူးဆန်းတဲ့ အလင်းတန်းတွေက ထွက်ပေါ်နေခဲ့တာဖြစ်ပြီး သူတို့ရဲ့ မျက်နှာပြင်ပေါ်က နူးညံ့တဲ့ အမျှင်တန်းတွေကနေ ထွက်လာခဲ့တာပါ။
ကြီးမားတဲ့ ခန်းမကြီးရဲ့ အလယ်မှာတော့ အမြဲမပြတ်ပြောင်းလဲနေတဲ့ ..စစ်မှန်တဲ့ အမှောင်ထုကြီးတစ်ခုရှိနေခဲ့တယ်။မဟုတ်ဘူး..ဒါက အမှောင်ထုမဟုတ်ဘူး..။ဒါက စစ်မှန်စွာ တည်ရှိနေတဲ့ အက်ကွဲကြောင်းတစ်ခုနဲ့တူညီပြီး အလင်းကိုတောင် ဝါးမြိုချနိုင်တဲ့ ပုံပါပဲ။
ဆန်နီတောင့်တင်းသွားခဲ့ပြီး အမှောင်ထုရဲ့နောက်ကွယ်မှာ ဘာရှိနေမလဲဆိုတာကို သိရဖို့မျှော်လင့်ကာ..ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်ပါတယ်။
သို့ပေမယ့် သူ ဒီလိုလုပ်ပြီး သိပ်မကြာခင်မှာပဲ ရင်းနှီးတဲ့ အသံတစ်ခုက တိတ်ဆိတ်နေတဲ့ ခန်းမကြီးထဲမှာ ထွက်ပေါ်လာခဲ့တယ်။
“ ရပ်လိုက် ..ဆန်းလပ်စ်..။မင်း မသေချင်ဘူးဆိုရင် နောက်ကို ပြန်ဆုတ်လိုက်..”
အပိုင်း ( ၄၅၇ ) ပြီး၏။