အိပ်မက်ဆိုး မျိုးစေ့
Vol. 31 Ch. 459
‘မျော်လင့်ချက်..သူမကိုယ်တိုင် ‘
ဆန်နီဟာ ရူးစ်တွေရေးသား ထားတဲ့ ခြေကျင်းတွေရဲ့ ရက်စက်တဲ့ ပုံစံနဲ့ ပုံပျက်နေတဲ့ အပိုင်းအစ သံကြိုးခုနှစ်ခုကို အဓိပ္ပါယ်အသစ်တွေ့ရှိမူနဲ့အတူ ကြည့်ရူလိုက်တယ်။
ဒီတော့ နေနတ်ဘုရားရဲ့ ဒေါသက သူမရဲ့ နိုင်ငံကို ဖျက်ဆီးယုံနဲ့တင် ပြီးဆုံးသွားတာ မဟုတ်ဘူးပေါ့။သူက ရှေ့ကို ခြေတစ်လှမ်းဆက်တိုးလာပြီး မျှော်လင့်ခြင်း နတ်ဆိုးကို သူမရဲ့ ပိုင်နက်နှလုံးသားထဲမှာ အချိနိတွေအကြာကြီး ချုပ်နှောင်ထားခဲ့တာလား။
ပြီးတော့ အဆုံးမှာ သူမကို ဘယ်လိုမျိုး လွတ်မြောက်သွားခဲ့တာလဲ။
သူ စိတ်ဝင်စားနေခဲ့တယ်။
“ဒီတော့ မျှော်လင့်ခြင်းနတ်ဆိုးက ဒီနေရာမှာ ချုပ်နှောင်ခံထားရတာပေါ့”
မော်ဒရက်က အံ့ဩတဲ့ အသံနဲ့ ပြန်ဖြေလာခဲ့တယ်။
“မင်းက ဒဲလ်မွန် တွေကို သိထားတာလား”
ဆန်နီရဲ့မျက်နှာပေါ်မှာ အပြုံးတစ်ခုပေါ်လာခဲ့ပါတယ်။
“ငါလည်း နည်းနည်းတော့သိထားတယ်။အမှန်အတိုင်း ပြောရရင် ..အိပ်မက်ကမ္ဘာရဲ့ စူးစမ်းရှာဖွေသူတွေမှာတောင် လုံလောက်တဲ့ အချက်အလက်တွေ ရှိမနေဘူး။ဒီတော့..မင်းငါ့ကို ပြောတဲ့ အုပ်ချုပ်သူတွေထဲက တစ်ယောက်က ဒဲလ်မွန် တွေထဲက တစ်ယောက်လား ။အငယ်တန်း နတ်ဘုရား “
မော်ဒရက် ခနလောက် တိတ်ဆိတ်နေပြီးကာမှ ပြန်ပြောလိုက်တယ်။
“ဟုတ်တယ်။ဒီစကားလုံးနှစ်လုံးက တကယ်ပဲ အတူတူ ယှဥ◌်တွဲပြီး သုံးလို့ရသလား ဆိုတာကတော့ ငါလည်း သေချာ မသိဘူး။အလင်းနတ်ဘုရား ရဲ့ ဒေါသထွက်ခြင်းကို ခံရလောက်အောင် မျော်လင့်ချက် က ဘာတွေလုပ်ခဲ့တာလဲဆိုတာကို လည်း ငါမသိဘူး။ဒါပေမယ့် ဒီချိန်းကြိုး ခုနှစ်ခုက ချိန်းကျိန်းစုကြီး အောက်ကို ပြုတ်ကျမသွားအောင် ထိန်းထားပေးတဲ့ အရာတွေ ဆိုတာကို တော့ ငါသိထားတယ်”
ဆန်နီ မျက်ခုံးပင့်တင်လိုက်ပြီး
“ ဘာ.. “
ပျောက်ဆုံးတဲ့ မင်းသားက သက်ပြင်းချလိုက်ပြီး..
“လူတွေက ချိန်းကျွန်းစုကို များပြားလှတဲ့ ချိန်းကြိုးတွေနဲ့ ဆက်သွယ်ထားတယ်လို့ ထင်ကြပေမယ့် အမှန်တကယ်တော့ ခုနှစ်ခုပဲ ရှိတယ်။ပြီးတော့ မင်းက သူတို့ရဲ့ အရင်းအမြစ်ကို မြင်နေရတာပဲ။သူတို့တစ်ခုချင်းစီတိုင်းက ဆင်စွယ်ရောင်တာဝါ လွတ်မြောက်ဖို့အတွက် ပျက်ဆီးနေကြတာ။ဒါပေါ့ ကျွန်းတွေကို မူလ ချိန်းကြိုး ခုနှစ်ချောင်းရဲ့ အပိုင်းအစတွေနဲ့ ဆက်သွယ်ထားတဲ့ ဆိုပေမယ့် အများစုကတော့ တစ်ခုနဲ့ တစ်ခု ထိန်းပေးထားကြရတယ်။ဒါကြောင်းလည်း သူတို့က တစ်ခုပြီးတစ်ခု ဖြည်းဖြည်းချင်း ပြုတ်ကျနေကြတာ”
ဆန်နီ ခနလောက်တွေးတောပြီး ချိန်းကျွန်းစုအကြောင်း သူတစ်ချိန်လုံးတွေးတော ခဲ့တဲ့ အရာတွေကို ပြန်လည် ပြင်ဆင်ဖို့ ကြိုးစားနေခဲ့တယ်။အချက်အလက် အသစ်က အတော်လေး စိတ်ဝင်စားဖို့ကောင်းပေမယ့် အသုံးဝင်မူတော့ မရှိပါဘူး။
သူခေါင်းခါယမ်းလိုက်ပြီး ..အိပ်မက်ဆိုး မျိုးစေ့ကို ပြန်ကြည့်လိုက်တယ်။
‘ဒီတော့..ဒီအရာရဲ့ အမျိုးအစားက ဘာဖြစ်မလဲ။မင်းက ဒီဟာကို စိန်ခေါ်ချင်နေမှတော့ ဒါက ဒုတိယအိပ်မက်ဆိုးပဲ ဖြစ်လိမ့်မယ်..”
မော်ဒရက် အတည်ပြုစွာ ပြန်ဖြေလိုက်တယ်။
‘ အမှန်ပဲ “
‘ ..ဒါဆိုရင် ဒီအရာက ငါ အိပ်မက်ကမ္ဘာထဲကနေ ထွက်သွားနိုင်တဲ့ နည်းလမ်းတစ်ခုပဲ။ဒါပေမဲ့ ဒုတိယ အိပ်မက်ဆိုးထဲကို တစ်ယောက်တည်းသွားရင် ငါ အောင်မြင်နိုင်ပါ့မလား။အတွေ့အကြုံရှိကြတဲ့ နိုးထသူတွေတောင် သူတို့ရဲ့ မာစတာ ဖြစ်ဖို့ လမ်းကြောင်းမှာ သတ်ဖြတ်ခံနေကြရတာ။ဘယ်သူကမှ ငါ့ရဲ့နောက်ကျောကို ကာကွယ်ပေးထားတာ မရှိပဲ အသက်ရှင်နိုင်မယ့် အခွင့်အရေးက ငါ့ဆီမှာ ဘယ်လောက်များ ရှိနေနိုင်မလဲ’
မာစတာ ဂျက် ပြောခဲ့သလိုပဲ ၊ အိပ်မက်ကမ္ဘာထဲမှာ ဘယ်သူကမှ တစ်ယောက်တည်း မရှင်သန်နိုင်ပါဘူး။သူမက ဒီအရာကို အတွေ့အကြုံအရ သိရှိခဲ့တာ ဖြစ်နိုင်ပါတယ်။
သူ မျက်နှာပျက်သွားခဲ့တယ်။
“ခနလေး..ဒီမျိုးစေ့ကို မဖျက်ဆီးဘူးဆိုရင် ..အစစ်အမှန်ကမ္ဘာဆီကို ရောက်မယ့် ဂိတ်ပေါက်တစ်ခု ပွင့်လာမှာ မဟုတ်ဘူးလား”
မော်ဒရက် က ပုံမှန်အသံနဲ့ပဲ ပြန်ဖြေလာခဲ့တယ်။
“အမှန်ပဲ..။ဒါပေမဲ့..ချက်ချင်းကြီးတော့ ပွင့်လာမှာ မဟုတ်ဘူး။ဒါက နောက်နှစ်အနည်းငယ် ဒါမှမဟုတ် ဆယ်စုနှစ်တစ်ခုလောက်မှ လည်း ဖြစ်နိုင်တယ်။ဒါက ပွင့်လန်းလာလောက်ါအောင် အထိ ရင့်ကျတ်လာတာမျိုး မရှိသေးဘူး”
ဆန်နီ တွေဝေနေခဲ့တယ်။
“ဒါပေမဲ့ သူ့ကို စိန်ခေါ်လို့ရတယ်မလား”
ပျောက်ဆုံးနေတဲ့ မင်းသားက အချိန်အတော်ကြာတဲ့အထိ တိတ်ဆိတ်နေပြီးကာမှ..နောက်ဆုံးမှာ ပြောလာခဲ့တယ်။
“ဟုတ်တယ်။မျိုးစေ့က ပွင့်လန်းမလာခင်မှာ စိန်ခေါ်လို့ရသလို ပွင့်ပြီးတဲ့ အချိန်မှလည်း စိန်ခေါ်လို့ရတယ်။တကယ့်လို့ အစေ့ကို အချိန်မှီမတွေ့နိုင်ပဲ ဂိတ်ပေါက်က ပွင့်သွားလို့ရှိရင် ..စိန်ခေါ်သူတွေက ..သူ့တို့ရဲ့ လမ်းကြောင်းအတိုင်း တိုက်ခိုက်ပြီး အိပ်မက်ဆိုးထဲကို တိုက်ရိုက်ဝင်သွားလို့ ရတယ်။ဂိတ်ပေါက်ကိုယ်တိုင်ကလည်း အနားမှာရှိတဲ့ ရိတ်သိမ်းသူတွေကို တိုက်ခိုက်နိုင်တာကြောင့်..အိပ်မက်ကမ္ဘာထဲမှာ ရှိပြီးသားဖြစ်တဲ့ မာစတာတွေ၊ သူတော်စင်တွေက အနားကို လာပေးကြတယ်။ပြီးရင်တော့ သူတို့က နိုးထသူတွေ ဝင်နိုင်အောင် ကူညီပေးကြတယ်လေ..”
သူ ရပ်တန့်ပြီးကာမှ ထပ်ပြောလိုက်တယ်။
“တကယ်တော့ အိပ်မက်ကမ္ဘာက အရမ်းကို ကျယ်ပြောလွန်းတာကြောင့် မျိုးစေ့ အများစုကို အချိန်မှီမတွေ့နိုင်ကြဘူးလေ..။ဒါကြောင့်လည်း အိပ်မက်ဆိုးသားရဲတွေက ငါတို့ကမ္ဘာထဲကို မကြာခန ဝင်လာနေကြတာ။မျိုးစေ့တစ်ခုကို မရင့်မှည့်ခင်မှာ စိန်ခေါ်တာက ပိုပြီးကောင်းမွန်တယ်။ဒါပေမဲ့ ဒီအခြေအနေမှာတော့..ဒါကို မလုပ်ဖို့ ငါ အကြံပေးချင်တယ်”
ဆန်နီဟာ တောက်ပနေတဲ့ အမှောင်ထုကို အကြည့်လွဲလိုက်ပြီး ပုံမှန်အသံနဲ့ မေးလိုက်တယ်။
“ဟုတ်လား ..။ ဘာဖြစ်လို့လဲ..”
“ဒုတိယအိပ်မက်ဆိုးကို တစ်ယောက်တည်းကြိုးစားဖို့ ဆိုတာက မဖြစ်နိုင်တဲ့ အရာတစ်ခုတော့ မဟုတ်ဘူး။ဒါပေမဲ့ ဒါက မင်းရဲ့ အသက်နဲ့ အလောင်းအစား လုပ်နေသလို ဖြစ်လိမ့်မယ်။အသက်ရှင်လျက် ပြန်လာနိုင်မယ့် အခွင့်အရေးက အရမ်းကို နည်းလွန်းတယ်လေ။ဒါကြောင့်လည်း နိုးထသူတွေက သူတို့ရဲ့ အတွေ့အကြုံရှိပြီး စည်းလုံးတဲ့ အဖွဲ့သားတွေနဲ့ အတူတူ စိန်ခေါ်မူတွေ ပြုလုပ်ကြတာ။ဒါတောင်မှ အများစုက အသက်မရှင်သန် နိုင်ခဲ့ကြဘူး..အများစုက နော်။ဒါပေမဲ့ ဒီအိပ်မက်ဆိုးကတော့ အတော်လေးကို ပိုဆိုးဝါးတယ်။စိန်ခေါ်သူတွေ အရေအတွက် ဘယ်လောက်ပဲ များနေပါစေ..ဒီအရာက အသက်သေဆုံးဖို့ကို အာမခံချက် ပေးလိမ့်မယ်..။တစ်ခုက လွဲရင် ပေါ့..”
ဆန်နီက သေချာနားစိုက်ထောင်နေခဲ့ပြီး..ရုတ်တရက် တက်ကြွစွာ ထမေးလိုက်တယ်။
“ ဘယ်အရာက လွဲလို့လဲ..”
ပျောက်ဆုံးနေတဲ့ မင်းသားက အချိန်ခနလောက်ရပ်တန့်နေပြီးကာမှ ..ပြောလာခဲ့တယ်။
“မင်း ညဘုရားကျောင်းလို့ ခေါ်နေတဲ့ နေရာမှာ အနက်ရောင် ယဇိပုလ္လင်တစ်ခုရှိတယ်။အဲဒီအပေါ်မှာ ဆင်စွယ်ရောင် ဓားတစ်ချောင်းရှိတယ်။ယဇ်ပုလ္လင်ပေါ်မှာ သွေးစက်လောင်းချပြီး ၊ ဓားရဲ့ မှတ်သားမူကို ရထားတဲ့ လူကပဲ ဒီမျိုးစေ့ထဲက အိပ်မက်စိုးကို စိန်ခေါ်နိုင်စွမ်းရှိလိမ့်မယ်”
ဆန်နီ အကြိမ်အနည်းငယ် မျက်တောင်ခတ်လိုက်ပြီး
‘ခနလေး..ဒီအသံက အတော်လေးကို ရင်းနှီးနေသလိုပဲ..’
သူခနလောက် တွေးပြီးကာမှ မေးလိုက်တယ်။
“နိုတစ်မြင့်မြတ်နယ်မြေရဲ့ အဖြူရောင် ယဇ်ပုလ္လင်ပေါ်က မီးတောင်ကျောက်ဓားကရော အလုပ်ဖြစ်နိုင်လောက်လား..”
မော်ဒရက် ရယ်မောလိုက်တယ်။
“သေချာတာပေါ့..။နှစ်ခုစလုံးရှိထားရင် ဒါက မယုံနိုင်စရာကောင်းလောက် အောင်တောင် ပိုကောင်းမွန်ဦးမယ်။ဒါပေမဲ့ မီးတောင်ကျောက်ဓားကို ဘယ်လိုယူရမလဲ ဆိုတာကိုတော့ ငါလည်း တကယ် မသိထားဘူး။အဲဒါရဲ့ ဓလေ့ထုံးတမ်းတွေက ည ဘုရားကျောင်းမှာ ရှိနေတဲ့ ..တစ်ခုနဲ့ ယှဥ◌်ရင်တော့..ကွဲပြားတယ်။ငါ ဘယ်တော့မှ ရှာလို့ မတွေ့နိုင်ဘူး “
‘မင်းမသိပေမယ့် ..ငါ သိနိုင်တယ်လေ..”
ရွှေဒဂ်ါးတွေနဲ့ ပြည့်နှက်နေတဲ့ တပ်မက်ခြင်းသေတ္တာရဲ့ ပုံရိပ်က သူ့ရဲ့ စိတ်ထဲမှာ ပေါ်လာခဲ့တယ်။အထဲမှာတော့ အခုငါးရာကျော်လောက် ရှိမှာပါ။ဒါက သူက ယဇ်ပုလ္လင်ပေါ်က မီးတောင်ကျောက်ဓားကို မ. ဖို့အတွက် လုံလောက်နိုင်ပါ့မလား..။
ဒါက အလုပ်ဖြစ်နိုင်တယ်ဆိုတဲ့ ခံစားချက်တွေက သူ့စိတ်ထဲမှာ ဖြစ်ပေါ်နေခဲ့ပါတယ်။
“ဒီဓားတွေက တကယ်ပဲ လုပ်နိုင်စွမ်းတွေ ရှိတာလား။ပြီးတော့ မင်းကရော ဘယ်လိုလုပ် ဒီအရာတွေကို သိနေရတာလဲ”
သိူ့ပေမယ့် ပြန်ပြီး တုန့်ပြန်သံကို မကြားရတော့ ပေ။မော်ဒရက်က နောက်ထပ်တစ်ကြိမ် ထွက်သွားခဲ့ပါပြီ။
ဆန်နီက ဆင်စွယ်ရောင် စေတီရဲ့ လှပတဲ့ ခန်းမကြီးထဲမှာ နောက်ထပ်တစ်ကြိမ်တစ်ယောက်တည်း ကျန်နေခဲ့ပြီး အဖြူရောင် နံရံ နဲ့ သူ့ရဲ့ကြားထဲမှာ အမြစ်တွယ်နေတဲ့ အမှောင်ထုကိုသာ စိုက်ကြည့်နေပါတော့တယ်။
အိပ်မက်ဆိုးရဲ့မျိုးစေ့ကတော့..လာရောက်စိန်ခေါ်ပြီး ဖျက်ဆီးဖို့အတွက် သူ့ကို သွေးဆောင်နေခဲ့ပါတော့တယ်။ဒါမှမဟုတ် သူက သူက ရိုးရှင်းစွာပဲ လူသားတစ်ယောက်ရဲ့ အရသာရှိတဲ့ ဝိဥာဥ◌်ကို စားသုံခြင်နေခဲ့တာပါ။
‘ရူးသွပ်စရာပဲ..ဒါက ရူးသွပ်စရာပဲ..’
ဒုတ်ိယ အိပ်မက်ဆိုးကို တစ်ယောက်တည်း စိန်ခေါ်တာက ကိုယ့်ရဲ့ အသက်ကို စွန့်ပစ်လိုက်သလိုပါပဲ။ဒါက သူ့ကို မော်ဒရက်ပေးထားတဲ့ အချက်အလက်ကိုတောင် ထည့်မတွက်ရသေးပေ။ယဇ်ပုလ္လင် ဓား နှစ်လက်ထဲက တစ်လက် ၊ ဒါမှမဟုတ် နှစ်လက်စလုံးကို ပိုင်ဆိုင်ထားခြင်းမရှိပဲနဲ့ ဘယ်သူကမှ ဒီအထူးခြားဆုံး အိပ်မက်ဆိုးတစ်ခုကနေ ရှင်သန်နိုင်မှာ မဟုတ်ပါဘူး။
မေးခွန်းကတော့..ဘယ်အရာက ပိုဆိုးသလဲ..။
အိပ်မက်ဆိုးတစ်ခုကို စိန်ခေါ်တာလား..ဒါမှမဟုတ်..ဖိနိပ်မူကနေ ရှင်သန်ဖို့ ကြိုးစားတာလား။
အပိုင်း ( ၄၅၉ ) ပြီး၏။