တိုက်ခိုက်မှာလား..ပျံသန်းမှာလား..
Vol. 31 Ch. 460
ဆန်နီက ချိန်းကြိုးတွေရှီနေတဲ့ ခန်းမမှာ အချိန်အတော်ကြာအောင် ရှိနေပြီး..အိပ်မက်ဆိုးရဲ့ မျိုးစေ့ နဲ့ တောင်ပနေတဲ့ အမှောင်ထုကို ကြည့်နေခဲ့တယ်။
ယင်းနောက် သူ အပြင်ဖက်ကို လျောက်ထွက်သွားခဲ့ပါတယ်။အတွေးတွေနက်နေတဲ့ ဆန်နီဟာ သေဆုံးနေတဲ့ နဂါးရဲ့ မေးရိုးတွေကြားကနေ ဖြတ်သွားပြီး ရေကန်ဆီကိုဖြည်းဖြည်းချင်း ဦိးတည်သွားလိုက်တယ်။အဲဒီမှာတော့ သူက ကျောက်တုံးခုံတန်းရှည်ပေါ်မှာထိုင်ပြီး ရေကန်ထဲကို နက်မှောင်တဲ့ အမူအရာနဲ့ စိုက်ကြည့်နေခဲ့ပါတယ်။လေထုက သူ့ရဲ့ မျက်နှာနဲ့ သူ့ရဲ့ ဖြူဖျော့နေတဲ့ ..အရည်ပြားကို ပေါ့ပါးစွာ ဂရုစိုက်ပေးနေပြီး အောက်ဘက်ကောင်းကင်မှာ သူ ရရှိခဲ့တဲ့ မီးလောင်ဒဏ်ရာတွေကို သက်သာစေခဲ့ပါတယ်။
သူတော်စင်ကတော့ သူ့ရဲ့ ဘေးနားမှာ ရပ်နေခဲ့ပြီး ..သူမရဲ့ မဟူရာ ပုံရိပ်က ရေကန်ရဲ့ ကြည်လင်တဲ့ရေတွေထဲမှာ အရောင်ပြန်နေခဲ့တယ်။
လေးလံတဲ့ သက်ပြင်းချသံတစ်ခုက သူ့ရဲ့ ပါးစပ်ကနေ ထွက်ပေါ်လာခဲ့တယ်။
“…ငါက အိမ်ပြန်ရောက်ခါနီးနေပြီ “
လွန်ခဲ့တဲ့ တစ်လကျော်တုန်းက သူက သဘော်ပျက်ကျွန်းကို စူးစမ်းရှာဖွေပြီး..ဆန်းကျယ်တဲ့ နိုတစ် ချန်ထားရစ်ခဲ့တဲ့ ရတနာတွေရဲ့ သဲလွန်စတွေကို လိုက်ရှာခဲ့တယ်။သူက ဒီအစီစဥ◌်ကို တစ်ပတ်လောက်ပဲ ကြာမြင့်ဖို့ စီစဥ◌်ထားခဲ့တာပါ။
သူက ရတနာတွေကို ရှာတွေ့ခဲ့သလို..ကျဆင်းမူ အဆင့်နဲ့ တက်ရောက်မူအဆင့် နတ်ဆိုးနှစ်ကောင်ကို အနိုင်ယူခဲ့ကာ..ဒီဖြစ်စဥ◌်တစ်ခုလုံးမှာ အားကောင်းတဲ့ မှတ်သားမူ နှစ်ခုကို ရရှိခဲ့ပါတယ်။ပြီးတဲ့နောက်မှာတော့..သူက နတ်ဘုရားမျက်နှာဖုံးကနေ တဆင့် ကံတရားရဲ့လှပမူကို မြင်တွေ့ခဲ့ရပြီး..အဆုံးမရှိတဲ့ ချောက်နက်ထဲကို ပြုတ်ကျသွားခဲ့ပါတယ်။
သူက ဘာမှမရှိတဲ့..ပင်လယ်ထဲကို ရက်သတ္တပတ်များစွာ ကြာအောင် ကျဆင်းနေခဲ့ရတယ်။ အနက်ရှိုင်းဆုံးအဆုံးမှာတော့ မီးတောက်ပင်လယ်ကြီးကိုသာ တွေ့ခဲ့ရပါတယ်။မီးတောက်ကြီးရဲ့ တစ်ခြားတစ်ဖက်မှာတော့ ရှေးဟောင်းနတ်ဆိုးတစ်ကောင် တည်ဆောက်ထားခဲ့တဲ့ အနက်ရောင်တာဝါကြီးတစ်ခု ရှိနေခဲ့တယ်။ပြီးတော့ ဆွေးမြေ့မူတွေရဲ့ စားသုံးခြင်းကို ခံထားရတဲ့ နတ်ဘုရားတစ်ပါးရဲ့ လက်ကိုလည်း တွေ့ခဲ့ရပါသေးတယ်။အဲဒီမှာတော့ ဆန်နီက ဝီဗာရဲ့အရိုးငယ်ကို မြိုချပြီး ..သူ့ရဲ့ ဒုတိယမြောက် အမွေကို ရရှိခဲ့ပါတယ်။
ပြီးတဲ့နောက်မှာတော့..သူက နတ်ဘုရားမီးတောက်တွေကို အသုံးပြုပြီး အနက်ရောင် လေဟာနယ်နဲ့ ကောင်းကင် ကြားထဲက ပေါ်တယ်ကို ဖွင့်ဖို့ကြိုးးစားခဲ့ပါတယ်။အဲ့နောက်မှာ သူက တစ်ချိန်က မျှော်လင့်ချက််နတ်ဆိုး ရဲ့ လိုအင်ဆန္ဒတွေကို ချုပ်နှောင်ထားတဲ့ သံကြိုးခုနှစ်ခုကို တွေ့ခဲ့ရပါတယ်။
ပြီးတော့ လမ်းတစ်လျောက်လုံးမှာလည်း..သူက သူကိုယ်သူ မော်ဒရက်လို့ ခေါ်တဲ့ ပျောက်ဆုံးနေတဲ့ ဝိဥာဥ◌်တစ်ခုကိုလည်း တွေ့ခဲ့ရပါတယ်။ဘာမှမရှိတဲ့ မင်းသား..ဖြစ်တဲ့ ခန္တာကိုယ် ကင်းကွာနေသူ ရဲ့အသံက ဘယ်ကမှန်းမသိပဲ ထွက်ပေါ်လာခဲ့တာပါ။သူက လမ်းတစ်လျောက်လုံးမှာလည်း သူ့ကို ကူညီခဲ့ပါသေးတယ်။
အခုတော့ ဆန်နီက နောက်ဆုံးလုပ်စရာတစ်ခုသာ ကျန်ရှိနေခဲ့တော့တယ်။သူက သေစေနိုင်လောက်တဲ့ အိပ်မက်ဆိုးထဲကို ဝင်သွားမလား..ဒါမှမဟုတ်..ဆင်စွယ်ရောင်ကျွန်းရဲ့ အစွန်းကနေ..ခုန်ချပြီး..ဒေါသတကြီး ဖျက်ဆီးနေတဲ့ ဖိနိပ်မူတွေနဲ့ တွေ့ဆုံမလား ဆိုတာပါ။
လေးလံတဲ့ သက်ပြင်းချမူနဲ့ အတူပဲ..သူက တစ်ဖက်ကိုလှည့်ပြီး..ကြီးမားတဲ့ သားရဲကြီးရဲ့ အဖြူရောင်အရိုးကို ကြည့်လိုက်တယ်။သူရဲ့ ကြီးမားတဲ့ ခန္တာကိုယ်ကြီးက ..မျှော်လင့်ချက်ရဲ့ လှပတဲ့ တာဝါကြီးရဲ့ အောက်ခြေကို တစ်ချိန်က ဖုံးအုပ်ထားခဲ့တာပါ။လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာ ..သူ မသေဆုံးခင်အချိန်က ဖြစ်နိုင်ပါတယ်။
‘..ဒီ ပြပွဲကို ဆက်ပြီး ရိုက်ကူးလိုက်ကြရအောင်..’
….
အချိန်တစ်ချို့ကြာပြီးတဲ့ နောက်မှာတော့..ဆန်နီက ဆင်စွယ်ရောင်တာဝါ ရဲ့ နံရံကို မှီပြီး ရပ်နေခဲ့တယ်။သူက သေဆုံးနေတဲ့ နဂါးကြီးရဲ့ အမြီး နဲ့ ကြီးမားတဲ့ အဖြူရောင် စေတီကြီးရဲ့ အဖြူရောင် မျက်နှာပြင်ကြားထဲက ကျဥ◌်းမြောင်းတဲ့ နေရာတစ်ခုမှာ ရှိနေခဲ့တာပါ။သူတော်စင်ကတော့ သူမရဲ့ လက်နက်ကို ပြန်သိမ်းထားရင်း သူ့ရဲ့ ဘေးနားမှာ ရပ်နေခဲ့တယ်။
ဆန်နီ ပြုံးလိုက်ပြီး ..အရိပ်နှစ်ခုကို သူ့ရဲ့ခန္တာကိုယ်ပေါ်မှာ ရစ်ပတ်ကာ..အရိပ်အဆီအနှစ်တွေက်ို ဝိဥာဥ◌်မြွေကနေတဆင့် လှည့်ပတ်ပြီး ဖြစ်ပျက်လာတော့မယ့် အရာအတွက် ပြင်ဆင်လိုက်ပါတယ်။
ယင်းနောက် သူက တိတ်ဆိတ်နေတဲ့ နတ်မိစ္ဆာကို ကြည့်ပြီး မျက်ခုံးပင့်တင်လိုက်တယ်.။
“ ဘာလုပ်နေတာလဲ..။တွန်းတော့လေ..”
သူတော်စင်က သူ့ကို ဂရုမစိုက်တဲ့ အကြည့်နဲ့ ကြည့်လိုက်ပြီး ရှေ့ကိုခြေတစ်လှမ်းတိုးကာ..ကြီးမားတဲ့ အရိုးကြီးးရဲ့ မျက်နှာပြင်ကို သူမရဲ့လက်ကို တငိလိုက်ကာ..နတ်ဆိုးဆန်တဲ့ ခွန်အားနဲ့ စတင်ပြီး တွန်းပါတော့တယ်။သူမရဲ့ ခြေထောက်တွေက မြေကြီးထဲကို မီတာ အနည်းငယ် ဝင်သွားခဲ့ပေမယ့် ရှေးဟောင်းအရိုးကြီးကတော့ ရွေ့လျားမလာခဲ့ပေ။
…အဲတာက ဆန်နီ က သူ့ရဲ့ အရိပ်တွေကို မပူးပေါင်းခိုင်းသေးတဲ့ အချိန်အထိပါ။
သူ့ရဲ့ ပုခုံးကို အဖြူရောင်မျက်နှာပြင် ပေါ်ကို တင်လိုက်ပြီး အရိပ်အဆီအနှစ်တွေကို လောင်းထည့်ကာ သူပါ ဝင်ပြီး တွန်းပါတော့တယ်။အားစိုက်ထုတ်ရတာက သူ့ကို သေမလိုဖြစ်စေခဲ့ပေမယ့်..နောက်ဆုံးမှာတော့ အရိုးက ရွေ့လျားသွားခဲ့တယ်။
သေဆုံးနေတဲ့ နဂါးရဲ့ အမြီးပိုင်းက..ဖြုတ်ထွက်သွားပြီး ကျန်တဲ့ အစိတ်အပိုင်းတွေကို ထားခဲ့ကာ..လိမ့်လာခဲ့တယ်။
“လုပ်စမ်းပါ..။ဆက်တွန်းထား..”
..ဒါပေါ့ ဆန်နီက ဒုတိယအိပ်မက်ဆိုးကို တစ်ယောက်တည်းတော့ သွားပြီး စိန်ခေါ်မှာ မဟုတ်ပါဘူး။သူက ဘာလဲ..အရူးမို့လို့လား။ကောင်းပြီလေ..နည်းနည်းတော့ ရူးနေနိုင်တာပဲ။သိူ့ပေမယ့် ကိုယ့်ကိုကို သတ်သေတာက တော့ သူ့ရဲ့ ရူးသွပ်မူထဲမှာ..အစိတ်အပိုင်းအဖြစ်ရှိမနေပါဘူး။
အဲဒီအစား သူက သေဆုံးနေတဲ့ နဂါးရဲ့ အမြီးကို ဆငိစွယ်ရောင် တာဝါရဲ့ အစွန်းကနေ..ပစ်ချပြီး မြေကြီးကို ရောက်တဲ့အထိ စီးသွားကာ..ဒီအရာက ဖိနိပ်မူကို တောင့်ခံနိုင်လိမ့်မယ်လို့ မျှော်လင့်နေတော့ မှာပါ။
နဂါးတစ်ကောင်က တောင့်မခံနိုင်ဘူးဆိုရင် ဘယ်အရာက တောင့်ခံနိုင်တော့မှာလဲ။
“ နောက်ကျောဘက်နဲ့ တွန်းထား..”
အမှန်တကယ်တော့..သူတော်စင်က သူ့ရဲ့ တွန်းအားပေးမူတွေ..အကြံဥာဏ်တွေကို တစ်ခုမှ မလိုအပ်ပေ။ဒီတော့ ဆန်နီက ကိုယ့်ကိုကို အားတက်ဖို့အတွက် လျောက်အော်နေခဲ့တာပါ။အကြောင်းပြချက်တစ်ချို့ကြောင့် အခုလိုမျိးအော်ဟစ်နေတာက..ရှေးဟောင်းအရိုးကြီးကို အားစိုက်ထုတ်ပြီး တွန်းနေရတာကို သက်သာစေတဲ့ပုံပါပဲ။
ကံကောင်းချင်တော့..အခုချိန်မှာ ဒါက အဆင်းပိုင်းကို ရောက်နေခဲ့ပါပြီ။ဖြစ်စဥ◌်က ပိုပြီး မြန်ဆန်နေခဲ့တယ်။
အတူတကွဆိုသလိုပဲ သူတို့က ကြီးမားတဲ့ အရိုးကြီးကို အသက်မဝင်ပဲ ရှိနေတဲ့ ပေါ်တယ်နားက လေသာဆောင်အဆောက်အဦိးကို ဖြတ်ပြီး တွန်းသွားခဲ့ကြတယ်။ပြီးတော့ နောက်ဆုံးမှာ ကျွန်းရဲ့ အစွန်းကို ရောက်လာခဲ့ကြပါတယ်။
အဲ့ဒီမှာတော့..ဆန်နီက ခနလောက် ရပ်နားလိုက်ပြီး..အမောဖြေဖို့ ကြိုးစားလိုက်တယ်။ယင်နောက် သူက သိချင်စွာပဲ..အောက်ကို ငုံ့ကြည့်လိုက်ပါတယ်။
ဒါ..ဒါက မှားယွင်းမူ တစ်ခုပဲ။
အစတုန်းက အောက်မှာရှိနေကြပြီး အရောင်အသွေးစုံလင်ကြတဲ့ ပျံသန်းနေတဲ့ ကျွန်းတွေက အတော်လေးကို လှပနေကြတယ်ဆိုရင် အခုအမှန်တကယ် ခုန်ချရတော့မယ်ဆိုတော့..ဒီမြင်ကွင်းက ဆန်နီကို ခေါင်းမူးပြီး ထိပ်လန့်နေစေခဲ့တယ်။
“အာ..”
သို့ပေမယ့် သူ့ရဲ့စိတ်ကို ပြောင်းဖို့ဆိုတာက နောက်ကျသွားခဲ့ပါပြီ။
ဟုတ်တယ်မလား…
ဆန်နီ အံကိုကြိတ်ပြီး..အဆင်အပြေတဲ့ အမြင့်အကြောင်းကို မတွေးဖို့ ကြိုးစားကာ..အရိုးကြီးရဲ့ အထဲကို တွယ်တက်လိုက်တယ်။ဒါပေါ့ သူ့ရဲ့ အလယ်ခေါင်မှာက အေခါင်းကြီးတစ်ခုလို ရှိနေခဲ့တာပါ။အဲဒီမှာတော့ သူ့ရဲ့ခန္တာကိုယ် ဝင်ရောက်ဖို့အတွက် လုံလောက်တဲ့ နေရာလွတ်တစ်ခု ရှိနေခဲ့ပြီး…ဒါကြောင့်လည်း ဒီအရာကို ရွေးချယ်ခဲ့တာပါ။
သူအတော်ကြာအောင် တွေဝေနေရင်း သူ့ရဲ့ သတ္တိတွေကို စုစည်းနေခဲ့တယ်။
‘နောက်မကျသေးတာလဲ ဖြစ်နိုင်တာပဲ။ငါ ဒီတိုင်း မျိုးစေ့ထဲကိုပဲ ဝင်လိုက်ရင် ကောင်းမလား။ဘာတွေကများ ခက်ခဲ နေလို့လဲ။ဒါက..ဒီတိုင်း ဒုတိယအိပ်မက်ဆိုးလေးပဲကို..’
သို့ပေမယ့်..သူဒီလိုလုပ်လိုက်မယ် ဆိုရင် ရိုးရှင်းစွာပဲ ပြန်လမ်းမရှိတော့ပါဘူး။
ဆန်နီ အသက်ကို ဝအောင် ရူသွင်းလိုက်ပြီး..ခနလောက် အသက်အောင့်ထားခဲ့ကာ..ပြီးမှ အော်ပြောလိုက်တယ်.။
“သူတော်စင်.. တွန်းချလိုက်တော့..”
ကြီးမားတဲ့ အရိုးကြီးရဲ့ အပြင်ဖက်မှာတော့ တိတ်ဆိတ်တဲ့ နတ်မိစ္ဆာက ရှေးဟောင်းအရိုးရဲ့ မျက်နှာပြင်ကို ခနလောက် ကြည့်နေခဲ့တယ်။
ယင်းနောက်..ပြင်းထန်စွာ ကန်ချလိုက်ပါတယ်။
နဂါးရဲ့ အမြီးပိုင်းက ဆင်စွယ်ရောင်တာဝါကျွန်းရဲ့ အောက်ကို ကျဆင်းသွားတဲ့ အချိန်မှာတော့ ဆန်နီက အော်ဟစ်လိုက်ပြီး..သူတော်စင်ကို ရုတ်သိမ်းလိုက်တယ်။ပြီတော့..အရိုးကြီးရဲ့ အခေါင်းပေါက် အတွင်းမှာ နေထိုင်သူလိုမျိုး..အရိပ်အသွင်ကို ပြောင်းလိုက်ပါတယ်။
ဒါပေါ့..သူက သူ့ရဲ့ခန္တာကိုယ် ရုပ်ပိုင်းဆိုင်ရာ ပုံစံနဲ့ ဖိနိပ်မူကို ရင်ဆိုင်မှာ မဟုတ်ပါဘူး။သူက ပုန်းအောင်းနေဖို့အတွက် အရိပ်အဆီအနှစ် ပမာဏ အများကြီးပဲ လိုအပ်တာပါ။နဂါးရဲ့ အရိုးက ခုခံနိုင်နေသ၍ အရိပ်ကလည်း လုံလုံခြုံခြုံ နေနေနိုင်ပါလိမ့်မယ်။
..တကယ်လို့ ခံနိုင်ခဲ့ရင်ပေါ့။
စက္ကန့်အနည်းငယ် အကြာလောက် အရာရာတိုင်းက အဆင်ပြေနေခဲ့တယ်။သို့ပေမယ့်..အရိုးက ကောင်းကင်ကျွန်းရဲ့ လုံခြုံတဲ့ အတိုင်းအတာကို ကျော်လွန်သွားတဲ့ အချိန်မှာတော့..ရုတ်တရက်..မခံမရပ်နိုင်လောက်တဲ့ ဖိအားက နေရာမျိုးစုံကနေ နတ်ဘုရားတစ်ပါးရဲ့ တူနဲ့ ထုနေသလို ဝင်ရောက်လာခဲ့ပါတယ်။ဒါက အရိုးကြီးကို အက်ကွဲတဲ့ အသံတွေ မြည်လာစေခဲ့တယ်။
နောက်တစ်ကြိမ်ဆိုသလိုပဲ ဆန်နီက ကောင်းကင်ပေါ်ကနေ ပြင်းထန်တဲ့ အရှိန်နဲ့ ပြုတ်ကျနေခဲ့ရတယ်။ဒီတစ်ကြိမ်မှာတော့..သူ သွားလာဖို့အတွက် ရွေးချယ်ထားတဲ့ ယဥ◌်က သူနဲ့ရင်းနှီးကျွမ်းဝင်မူ မရှိပဲ..ရူးသွပ်လောက်အောင်ကို လှည့်ပတ်နေခဲ့ပါတယ်။လေထုကလည်း နေရာမျိုးစုံကနေ နားစည်ကွဲလုမတတ် ဝင်ရောက်နေခဲ့ပါတယ်။ကံကောင်းချင်တော့..အရိပ်တစ်ခုအနေနဲ့ သူ့ကို မူးဝေမူတွေက မသက်ရောက်နိုင်ခဲ့ပေ။မဟုတ်ရင် သူ့ရဲ့ ဘာမှမရှိတဲ့ အစာအိမ်က..နောက်ထပ်တစ်ကြိမ် ဘာမှ မရှိတော့ပဲ ဖြစ်နေတော့မှာပါ။
‘ချီးတဲ့မှပဲ..။မင်းရဲ့ သောက်ကျိုးနဲ့ အရိုးက မကျိုးကြေစေနဲ့’
သေဆုံးနေတဲ့ နဂါးရဲ့ အရိုးက အက်ကွဲပြီး ဖြည်းဖြည်းချင်း ပျက်စီးစပြုလာခဲ့ပေမယ့် ဆန်းကျယ်စွာပဲ..တောင့်ခံထားဆဲပါပဲ။
ဒီအမြင့်ကနေဆိုရင် ဖိနိပ်မူရဲ့အားက..သူတော်စင်ရဲ့ အသွေးအသားတွေကိုတောင် တစ်စစီဖြစ်သွားစေဖို့အတွက် လုံလောက်ပါလိမ့်မယ်။ဒါက ကြီးမားတဲ့ အနီရောင် တိမ်တိုက်ကြီးတွေတောင် ဖြစ်လာစေနိုင်လောက်တယ်။သို့ပေမယ့် အဖြူရောင် နဂါးအရိုးကတော့..အခုမှ စတင််အက်ကွဲရုံလောက်ပဲ ရှိနေပါသေးတယ်။
ဒီဖြစ်စဥ◌် စတင်ပြီးသွားပြီ ဆိုတာနဲ့ ရပ်တန့်သွားတာမျိုးက မရှိတော့ပါဘူး။
ဆန်နီဟာ သူ့ရဲ့ပတ်ဝန်းကျင်မှာ ကျယ်လောင်စွာဖြစ်ပေါ်လာတဲ့ အပေါက်ကြီးကို ကြည့်ပြီး ထိပ်လန့်သွားခဲ့တယ်။ယင်းနောက် အရိုးအပိုင်းအစ တစ်ခုက လွင့်ပျံထွက်သွားပြီး အလင်းရောင်တွေကို အရိုးထဲဝင်လာစေခဲ့ပါတယ်။သူ ကျိန်ဆဲလိုက်ရင်း..အလင်းရောင်နဲ့ ဝေးတဲ့နေရာကို ရွေ့လျားလိုက်တယ်။သို့ပေမယ့် စက္ကန့်အနည်းငယ် အကြာမှာပဲ နောက်ထပ်တစ်ခုက ထွက်ပေါ်လာခဲ့ပြီး..နောက်ထပ် နောက်ထပ်တွေပါ ပေါ်လာခဲ့ပါပြီ။သူပုန်းအောင်းနေနိုင်တဲ့ အရိပ်တွေရဲ့ ပမာဏကလည်း ပိုပိုပြီး သေးငယ်လာခဲ့တယ်။
‘ခရက်’
မကြာခင်မှာပဲ..အပေါက်တွေက ပိုမိုများပြာလာခဲ့ပြီး သူ ရေတွက်နိုင်တာထက်ကို ကျော်လွန်သွားခဲ့တယ်။
ယင်းနောက် ဒါက လုံးဝကို အက်ကွဲသွားခဲ့ပါတယ်။
နောက်ဆုံးစက္ကန့်လေးမှာပဲ ဆန်နီက အကြီးဆုံးအပိုင်းဖြစ်တဲ့ ရှေးဟောင်းအရိုးတစ်ခုစီကို ကူးပြောင်းသွားနိုင်ခဲ့တယ်။အရိုးက ရူးသွပ်လောက်အောင်..လည်ပတ်နေပြီ. အပေါက်တွေကနေ တဆင့်နေရောင်ခြည်ကို ဝင်ရောက်လာနေစေတဲ့ အချိန်မှာတော့..သူက တစ်နေရာကနေ တစ်နေရာ ကူးပြောင်းရင်း..အရူးအမူးကို ကခုန်နေခဲ့ရပါပြီ။
သေးငယ်တဲ့ အစိတ်ပိုင်းလေးတွေကလည်း ဒီကနေ ကွဲအက်နေခဲ့ပြီး..နောက်ဆုံးမှာ အစိတ်အပိုင်းကိုယ်တိုင်ကပါ အက်ကွဲသွားခဲ့ပါတယ်။
‘အာ..’
နောက်ဆုံးမှာတော့..ဒီအရာက မိုးရွာချသလို အပိုင်းပိုင်းအစစ ဖြစ်သွားတာကြောင့် ဆန်နီရဲ့ အရိပ်ပုန်းအောင်းနိုင်ဖို့အတွက် လုံလောက်တဲ့..အရိပ်မရှိတော့ပေ။ဘယ်နေရဦမှာမှ ပုန်းအောင်းစရာမရှိတော့တာကြောင့် သူ့ခန္တာကိုယ်က ချက်ချင်းဆိုသလို ရုပ်ပိုင်းဆိုင်ရာ ပုံစံကို ပြန်ပြောင်းလဲသွားခဲ့ပြီး အရိုးကွဲလောက်တဲ့ ဖိနိပ်မူတွေရဲ့ သားကောင်ဖြစ်သွားခဲ့တယ်။
…ကံကောင်းချင်တော့..သူ့အရိုးတွေက အခုဆိုရင် အတော်လေးကို မာကျောနေခဲ့ပါပြီ။
ပြီးတော့ ဖိနိပ်မူကလည်း..အထက်ပိုင်းကလောက် အရမ်းကြီး ပြင်းထန်နေတာမျိုး မဟုတ်တော့ပါဘူး။
ဆန်နီ ရဲ့ ပါးစပ်ထဲကနေ ကျယ်လောင်တဲ့ အော်သံတစ်ခုထွက်ပေါ်လာခဲ့ပြီး ဆက်လက်ကျဆငိးနေခဲ့တယ်။ဒါက သူ့ရဲ့ ခန္တာကိုယ်တစ်ခုလုံး အသားကြိတ်စက်ထဲကို ထည့်ခံထားရတဲ့ အတိုင်းပါပဲ။သို့ပေမယ့် အရိပ်နှစ်ခုရဲ့ အကူအညီနဲ့ အတူ..အရိပ်အဆီအနှစ်တွေကိုပါ ဆက်တိုက်သုံးနေခဲ့တာကြောင့်..ဒီအရာက သူ့ကို သတ်ဖြတ်ဖို့အတွက် လုံလောက်နိုင်ခြင်းမရှိခဲ့ပေ။ဒါမှမဟုတ် ပြင်းထန်အောင် ဒဏ်ရာရနိုင်စွမ်းတောင် မရှိပါဘူး။ဒါက ရိုးရှငိးစွာပဲ..နာကျင်၊ ထိခိုက်ပြီး..သက်သောင့်သက်သာ မရှိမူတွေပါ။
နဂါးရဲ့ အရိုးက သူ့ကို ဖိနိပ်မူရဲ့ အထက်ပိုင်း အလွှာတွေ အားလုံးဆီကိုသယ်သွားပေးခဲ့ပါတယ်။
..အခုတော့ သူလုပ်ဖို့လိုအပ်တာက အောက်ကိုဆင်းသက်ဖို့ပဲ ဂရုစိုက်ရတော့မှာပါ။
ဆန်နီ ညဥ◌်းညူမူကို ဖိနိပ်ပြီး..သူ့ရဲ့ကျဆင်းမူကို ရုန်းကန်ရင်း ထိန်းချုပ်ဖို့ ကြိုးစားလိုက်တယ်။..နောက်ဆုံးမှာတော့ သူ့ရဲ့ခန္တာကိုယ်ကို ငြိမ်သက်အောင် လုပ်နိုင်ခဲ့ပြီး..ရူးသွပ်စွာလည်ပတ်နေရာကနေ တားဆီးထားနိုင်ခဲ့ပါတယ်။
ချိန်းကျွန်းစုက အခုဆိုရင် အစတုန်းက မြင်နေရတာထက် အရမ်းအရမ်းကို နီးကပ်နေခဲ့ပါပြီ။
တကယ်တော့..သူက တစ်ချို့အရာတွေကို တောင် မှတ်မိနေခဲ့ပါသေးတယ်။
‘ မင်း လွဲရဲ လွဲကြည့်စမ်း..ခွေးသား..’
သူက တကယ်..တကယ်ကို ဒီသောက်ကျိုးနဲ့ဖြစ်စဥ◌်ကြီးကို နောက်တစ်ကြိမ် ထပ်မဖြစ်ချင်တော့ပေ။
ဆန်နီ အနက်ရောင်တောင်ပံကို ထုတ်လိုက်ပြီး..နဂါးပျံသန်းမူ ဝတ်ရုံ ကို အသက်ဝင်လာစေတဲ့အထိ စောင့်ဆိုင်းတယ်။ပြီးတဲ့နောက်မှာတော့..သူက သူ့ရဲ့ ကျဆင်းမူကို စတင်ပြီး လျောဆင်းမူ ဖြစ်ပေါ်စေခဲ့ပါတယ်။
သူ့စိတ်ထဲမှာ အတွေးတစ်ခုက စတင်ပြီး ဝင်ရောက်လာခဲ့တယ်။
‘ ငါလုပ်နိုင်ခဲ့ပြီ။ ငါ တကယ်ကို လုပ်နိုင်ခဲ့ပြီ။တကယ်ကို..’
…..
အချိန်တစ်ချို့ကြာပြီးတဲ့ နောက်မှာတော့..လူငယ်လေးတစ်ယောက်ဟာ..တိတ်ဆိတ် ငြိမ်သက်နေတဲ့ ကျွန်းပေါ်က ကြီးမားတဲ့ သံလက်ဝါးကြီး ရဲ့ လက်ညိုးပေါ်ကို ကောင်းကင်ပေါ်ကနေ ကျလာခဲ့ပါတယ်။လူငယ်လေးကို ကြည့်ရတာတော့ အနည်းငယ် ထူးဆန်းနေခဲ့တယ်။သူက ခါးရဲ့အပေါ်ပိုင်းမှာ ဗလာကျင်းဖြစ်နေပြီး..သူ့ရဲ့အရည်ပြားပေါ်မှာတော့ အပူလောင်းကျွမ်းမူတွေကနေ သက်သာလာတဲ့ အမာရွတ်တွေ ရှိနေခဲ့တယ်။သူ့ရဲ့ လက်မောင်းနဲ့ ခန္တာကိုယ်နဲ့ လက်မောင်းပေါ်မှာတော့ ရစ်ပတ်နေတဲ့ အနက်ရောင် မြွေတစ်ကောင်ရဲ့ တက်တူးပုံကို မြင်တွေ နေခဲ့ရပါတယ်။
သူ့ရဲ့ အနက်ရောင် ဆံပင်တွေက ရှုပ်ပွနေခဲ့ပြီး..သူ့ရဲ့ အနက်ရောင် မျက်လုံးတွေက အနည်းငယ် ရူးသွပ်နေသလို ဖြစ်နေခဲ့ပါပြီ။
ဆန်နီ အနည်းငယ် ဒယိမ်းဒယိုင်ဖြစ်သွားပြီး..ကိုယ့်ကိုကို ဟန်ချက်ထိန်းလိုက်တယ်။
..ပြီးတဲ့ နောက်မှာ တော့ မီးပုံဘေးနားမှာ ထိုင်ပြီး သူ့ကို ပါးစပ် အဟောင်းသားကြည့်နေခဲ့ကြတဲ့ နိုးထသူတွေ ဘက်ကို လှည့်ကြည့်လိုက်ပါတယ်။
သူ့မျက်နှာပေါ်မှာ တောက်ပတဲ့ အပြုံးတစ်ခု ပေါ်ထွက်လာခဲ့တယ်။
“အာ..။ အားလုံးပဲ ကောင်းမွန်တဲ့ နေ့လေးပါ , လူသားတို့..။ပြောပါဦး…”
ဆန်နီဟာ သူ့ရဲ့မျက်လုံးထဲမှာ ရူးသွပ်မူတွေ ပေါ်လာပြီး…သူ့နှုတ်ခမ်းကို လျာနဲ့ သပ်လိုက်ကာ..အက်ကွဲစွာ မေးလိုက်ပါတယ်။
“မီးပုံ ပေါ်မှာ ကင်ထားတာက..အသား တွေလား..”
အပိုင်း ( ၄၆၀ ) ပြီး၏။