ကြိုဆိုနေတဲ့ အိမ်
Vol. 31 Ch. 461
လေးလံတဲ့ သတ္တုတံခါးကြီးကို ဖွင့်လိုက်ပြီး..အပြာရောင်အလင်းနဲ့ အေးစက်နဲ့ မြူခိုးတွေကို အပြင်ကို ထွက်သွားစေခဲ့တယ်။မကြာခင်မှာပဲ ဖြူဖျော့တဲ့ လက်တစ်ဖက်က အထဲကနေ ထွက်ပေါ်လာခဲ့ပါတယ်။
အိပ်စက်ခြင်းသေတ္တာကနေ ထွက်လာပြီးတဲ့နောက်မှာတော့..ဆန်နီ ကြမ်းပြင်ပေါ်ကို ဆင်းလိုက်ပြီး..သူ့ရဲ့ ခြေထောက်အောက်က ကြွေထည့်ကြမ်းပြင်ကို ခံစားလိုက်ကာ..စိတ်ကျေနပ်မူနဲ့ သက်ပြင်းချလိုက်တယ်။
'နောက်ဆုံးတော့..ငါ ပြန်ရောက်လာပြီ..'
အစစ််အမှန် ကမ္ဘာကို ပြန်ရောက်လာတာက တကယ်ကို ကောင်းမွန်ပါတယ်။
ခံတပ်က နိုးထသူတွေနဲ့ သံလက်ဝါးကျွန်းမှာ တွေ့ဆုံပြီးတဲ့နောက်မှာတော့ သူက ဒီလူတွေနဲ့အတူ ခံတပ်ဆီကို ပြန်လိုက်သွားခဲ့တယ်။တစ်ချို့က ဆန်နီ တစ်လလောက် ပျောက်ဆုံးနေတာကို သိချင်ကြပေမယ့် အများစူကတော့ ဆန်နီ ပျောက်နေတယ် ဆိုတာကိုတောင် မသိကြပါဘူး။သူကတော့ ခါတိုင်းလိုပဲ..သူ့ရဲ့လှည့်စားမူတွေနဲ့ အမှန်တရားကနေ ရှောင်ကွင်းထားခဲ့တယ်။သူ့ရဲ့ စူးစမ်းရှာဖွေမူခရီးစဥ်က အတော်လေးကို ရှည်ကြာခဲ့ပေမယ့် စိတ်လှုပ်ရှားဖို့ မကောင်းဘူးလို့ပဲ ဒီလူတွေကို သိစေခဲ့ပါတယ်။ှ
...သူ ပြန်လာတဲ့လမိးမှာတော့ ဒီလူတွေက သူ့ကို ဆက်တိုက် ထူးဆန်းတဲ့ မျကိလုံးတွေနဲ့ ကြည့်နေခဲ့ကြတယ်။အကြောင်းပြချက်တစ်ချို့ကြောင့်ပါ။
သို့ပေမယ့် ဆန်နီကတော့ ဒါတွေကို သိပ်ဂရုမစိုက်ပေ။
ခံတပ်ထဲကို ဝင်ရောက်ပြီးနောက်မှာတော့..သူက ယဇ်ပုလ္လင်ဆီကိုပဲ တည့်တည့်သွားခဲ့လိုက်တယ်။အဲ့အချိန်က နေ့လည်လောက်ဖြစ်နေတာကြောင့် လရောင်က ဖုံးကွင်နေခဲ့ပြီး..သူ့ရဲ့ ဒင်္ဂါးတွေကို ချက်ချင်းအသုံးပြုလို့ အဆင်မပြေခဲ့ပေ။ဒီတော့ အဲဒီအစား..သူက ရိုးရှင်းစွာပဲ ယဇ်ပုလ္လင်ကို ထိပြီး.အိပ်မက်ကမ္ဘာကနေ ထွက်ခွာလာခဲ့ပါတယ်။
' အိမ်..နောက်ဆုံးတော့ ငါ အိမ်ကိုပြန်ရောက်ပြီ..'
ဆန်နီက အိမ်အသစ်မှာ အချိန်တွေ အများကြီး မကုန်ဆုံးရသေးပေမယ့် သူ့ရဲ့နံရံတွေနဲ့အစစ်အမှန်ကမ္ဘာရဲ့ ခံစားချက်က သက်သောင့်သက်သာဖြစိမူကို ခံစားရစေပါတယ်။ဆန်းကျယ်စွာပဲ..သူက ရက်သတ္တပတ်တွေ ကြာအောင် သွားနေခဲ့တာတောင် သူ့ရဲ့ ခန္တာကိုယ်က လုံးဝကို ကောင်းမွန်နေခဲ့တယ်။အဲတာက သူ တစ်ညလောက်ပဲ..အိပ်ခဲ့သလိုပါပဲ။
' ဒါက နည်းပညာရဲ့ ဆန်းကျယ်မူပဲ..'
အရမ်းကို စျေးကြီးတဲ့ အိပ်စက်ခြင်းသေတ္တာကို ကြည့်လိုက်ပြီးနောက်မှာ ဆန်နီဟာ သူ့ရဲ့ ပိုက်ဆံတွေကို ကောင်းစွာသုံးစွဲဖို့ ဆုံးဖြတ်လိုက်တယ်။ပြီးတာနဲ့ မြေအောက်ခန်းကနေ သာယာတဲ့အသံနဲ့ လေချွန်ပြီးထွက်လာခဲ့ပါတယ်။
သို့ပေမယ့် သူ အေးခဲသွားခဲ့တယ်။
' သောက်ကျိုး...'
တစ်ခုခုက မူမမှန်ခဲ့ပေ။
ပထမဆုံးအနေနဲ့..သူက မြေအောက် ဒိုဂျိုအခန်းမှာ ဘယ်တော့မှ မီးကို မဖွင့်ပါဘူး။သို့ပေမယ့် အခုတော့ မီးက ပွင့်နေပြီး အရာရာတိုင်းက တောက်ပတဲ့အလင်းရောင် အောက်မှာ ရှိနေခဲ့တယ်။
ဒုတိယအချက်အနေနဲ့..အပေါ်ကိုတက်သွားတဲ့ ဓာတ်လှေကား တံခါးတွေကလည်း ပြင်းပြင်းထန်ထန် ပျက်ဆီး နေခဲ့ပါသေးတယ်။ဒါက ကြီးမားတဲ့ အိပ်မက်ဆိုးသားရဲကြီးတစ်ကောင်က အိမ်ရဲ့ ခုခံရေး စစ်စတန်ကို ချိုးဖျက်ပြီး..ပြည့်ဝတဲ့ သတ္တုတွေကိုတောင် ဖယောင်းလို ညွတ်ကွေးသွားစေခဲ့ပါတယ်။
' ခရက် '
ဆန်နီ နောက်ကို ခုန်ဆုတ်ပြီး ရက်စက်သောမြင်ကွင်းကို ထုတ်လိုက်တယ်။
ဘယ်အရာက ဒီကို လာနိုင်မလဲ..။အနီးနားမှာ ဂိတ်ပေါက်တစ်ခု ပွင့်သွားတာလား..။
လေးနက်မူတွေ ၊ ဆုံးဖြတ်ချက်ပြတ်သားမူတွေ အပြည့်နဲ့ သူက မြေညီထပ်ကို လှေကားအတိုင်းတက်သွားကာ..သူ့ရဲ့ ဧည့်ခန်းထဲကို သိချင်စွာ ဝင်သွားခဲ့ပါတယ်။
ပထမဆုံး သူမြင်လိုက်ရတဲ့အရာက..အဲဒီမှာ...
ညစ်ပတ်တဲ့..အမှိုက်တွေလား..။အရမ်း ညစ်ပတ်တဲ့ အမှိုက်တွေ...အများ...အများကြီး...
ဒုတိယ သူမြင်လိုက်တဲ့ အရာက..သူ့ကို ရက်ရက်စက်စက် စွပ်စွဲမူတွေနဲ့ စိုက်ကြည့်နေတဲ့ နီညိုရောင် မျက်လုံးတစ်စုံ..။
' ငါ တကယ်..တကယ်ကို ရူးသွားခဲ့တာလား..'
တစ်နည်းအားဖြင့်..အယ်ဖီက သူ့ရဲ့ ဧည့်ခန်းထဲမှာ ထိုင်နေခဲ့ပြီး..သူမရဲ့ ဝီချဲပေါ်မှာထိုင်ကာ..ခေါက်ဆွဲပြုတ်ထားတဲ့ခွက်ကို လက်တစ်ဖက်က ကိုင်ပြီး နောက်ထပ် လက်တစ်ဖက်က တူကို ကိုင်ထားခဲ့ပါတယ်။သူမရဲ့ မျက်နှာပေါ်မှာတော့ လုံးဝကို မကျေနပ်တဲ့ အမူအရာ ရှိနေခဲ့တယ်။
'သူမက ဘယ်လိုသောက်ကျိုးနဲတွေ လုပ်နေတာလဲ..။ဘာတွေဖြစ်နေတာလဲ..'
ဆန်နီကို စိုက်ကြည့်ပြီး..အယ်ဖီက ပါးစပ်နဲ့အပြည့် ခေါက်ဆွဲတွေကို မြိုချလိုက်ကာ နက်မှောင်တဲ့ အသံနဲ့ ပြောလာခဲ့တယ်။
"နင် ပြန်လာပြီလား..။နင့် သူငယ်ချင်းတွေကို စိတ်ပူအောင် လုပ်နေတာပဲ အရိုင်းအစိုင်းကောင်.."
***
ဆန်နီ အောက်ဘက်ကောင်းကင်ကို ပြုတ်ကျနေတုန်းက..သူ့ကို ဘယ်သူမှ သတိရနေမှာ မဟုတ်ဘူး လို့တွေးမိခဲ့တာက..အတော်..အတော်လေးကို မှားယွင်းသွားခဲ့ပါပြီ။
အမှန်တော့ ဆန့်ကျင်ဖက် ဖြစ်သွားခဲ့တယ်။
သူတို့ရဲ့မက်ဆေ့ကို ဆန်နီပြန်မဖြေတာ နှစ်ပတ်ကြာသွားတဲ့အချိန်မှာတော့ အယ်ဖီ ရော ၊ ကိုင်ပါ စိုးရိမ်လာခဲ့ကြတယ်။အယ်ဖီက အကယ်ဒမီကို သွားပြီး စစ်ဆေးကြည့်လိုက်တဲ့ အချိန်မှာ ဆန်နီက အဆောင်ကနေ ထွက်သွားခဲ့ပြီ ဆိုတာကို သိလိုက်ရပါတယ်။
"ခွေးသား..နင် အိမ်တစ်လုံးဝယ်တယ်ဆိုရင်လည်း ငါတို့ကို ပြောသင့်တယ်လေ..သိရဲ့လား..။နင့်ငါ့ကို အိမ်သစ် တက်ပွဲ အခမ်းအနားတစ်ခု အကြွေးတင်သွားပြီ"
ဆန်နီ မျက်တောင်ခတ်လိုက်တယ်။
'ဘာ ပါတီ..။ဒီလို အရာမျိုးက တကယ်ရှိတာလား..ဒါမှမဟုတ်..သူမက ငါ့ကို တမင်ပြောနေတာလား..'
သူ့ကို ဘယ်မှာရှာရမလဲ ဆ်ိုတာကို မသိတာကြောင့် ကိုင်က သူ့ရဲ့ အဆက်အသွယ်တွေကို အသုံးပြုပြီး ဆန်နီရဲ့လိပ်စာအသစ်ကို စုံစမ်းခဲ့တယ်။သူက သွားလာရတဲ့နေရာတွေကို အာရုံစိုက်မူမဖြစ်အောင် ကန့်သတ်ခံထားရတာကြောင့် သူ့အစား အယ်ဖီကသာ ရောက်လာခဲ့ပါတယ်။ပြီးတော့..မြေအောက်တံခါးက လော့ခ်ချထားတာကို သူမ တွေ့တဲ့ အချိန်မှာ... ကောင်းပြီလေ...
"ငါ့..ငါ့ ရဲ့ အကာအကွယ် တံခါးတွေ..။အဲတာ နင်လား..နင် ချိုးလိုက်တာ.."
သူမ နှာခေါင်းရှုတ်လိုက်ပြီး...
"နင်က ဘာတွေ ငိုကြွေးနေတာလဲ..။နင့်ရဲ့ အဲဒီ အကာအကွယ် တံခါးတွေက သနားဖို့ကောင်းလောက်အောင် ချိဖျက်ဖို့ လွယ်နေတာ မဟုတ်ဘူးလား။ပိုကောင်းတာ ဝယ်လိုက်စမ်းပါ။ငါက နင့်ရဲ့ အလောင်းကို အိပ်စက်ခြင်းသေတ္တာထဲမှာ တွေ့ရတော့မယ် ထင်နေတာ..။အဲတာက ငါ့ကို ဘယ်လိုခံစားရစေလဲဆိုတာရော နင်သိရဲ့လား.."
သူမရဲ့မျက်နှာပေါ်မှာ လေးလံတဲ့ အမူအရာ တစ်ခု ပေါ်လာခဲ့ပြီး..
"ဒါက..ဒါက တကယ်ကို ကပ်ဆိုးတစ်ခု လိုမျိုးပဲ.."
ဆန်နီ သက်ပြင်းချလိုက်တယ်။
'ကောင်းပြီလေ..။အနည်းဆုံးတော့ သူမက ဂရုစိုက်သေးတယ်..'
"..ငါ ဆိုလိုတာက..၊ သေချာတွေးကြည့်စမ်းပါ..နင်ပိုင်ဆိုင်ထားတဲ့ အံ့ဩစရာ မှတ်သားမူတွေက ဒီလိုနဲ့ အဆုံးသတ်သွားမှာလေ..။တကယ်လို့ နင်သေတော့မယ် ဆိုရင်လည်း..အနည်းဆုံးတော့..အဲတာတွေကို ငါ့ကို ပေးထားခဲ့ရမှာပေါ့..."
'..ပြောတာ အရမ်းစောလွန်းသွားပြီ..'
သူမနဲ့ အယ်ဖီက ဆန်နီကို ရှာဖို့ကြိုးစားခဲ့ကြပြီးအိပ်စက်ခြင်းသေတ္တာထဲက သူ့ရဲ့ အသက်ရှင်ခြင်း အချက်ပြမူတွေက တည်ငြိမ်နေတာကို မြင်တဲ့အချိန်မှာ..အယ်ဖီက သူ့ကိုစောင့်ဆိုင်းကာ ကျန်ရစ်ခဲ့ပါတယ်။သိသာစွာပဲ သူတို့က အဖြူရောင်တောင်ပံ ကလန် ရဲ့ ကိုယ်စားပြုသူကိုတောင် ဆက်သွယ်ခဲ့ကြဦးမှာပါ။
"မဟုတ်လောက်ပါဘူး.."
ဆန်နီ ခေါင်းကို ကိုင်ပြီး..သူ ခံတပ်ကိုပြန်တဲ့ အချိန်ကျရင် ရှင်းပြစရာတွေ အများကြီးနဲ့ ကြုံတွေ့ခဲ့ရဦးမယ် ဆိုတာ နားလည်သဘောပေါက်လိုက်တယ်။ကျပမ်းတွေ့ခဲ့ရတဲ့ နိုးထသူ အုပ်စူက ကိစ္စတစ်ခုဖြစ်ပေမယ့်..တကယ်လို့ သူတော်စင် တိုင်းရစ် သာဟသူပျောက်နေတာကို သိသွားရင် အခြေအနေတွေက ပိုပြီး ခက်ခဲသွားမှာပါ။
ဆန်နီ လေမှုတ်ထုတ်လိုက်ပြီး..
"ဒါပေါ့ ငါတို့လုပ်ခဲ့တယ်။ငါတို့က ကတ်စီ နဲ့ မီးစောင့်ရှောက်သူ တွေကိုပါ ဆက်သွယ်ခဲ့သေးတယ်။သူတို့က နင် အခြေချထားတဲ့ ငရဲ မှာ အဖွဲ့လိုက်ရှိနေကြတာ ဆိုတော့လေ..။ဒါပေမဲ့ သူမတောင်မှ..နင်က ဘယ်ငရဲကို ပျောက်ကွယ်သွားတာလဲ ဆိုတာ မသိဘူး.."
' ချီးပဲ..'
သူတိူ့က ဒီကိစ္စထဲကို ကတ်စီကိုပါ ဆွဲထည့်ခဲ့ကြတာလား...
ဆန်နီ ညဥ်းညူလိုက်တယ်..။
"ဒါပေမဲ့ ဘာဖြစ်လို့လဲ..ဘာလို့ နင်က အဲလိုတွေ လုပ်ခဲ့တာလဲ..."
အယ်ဖီ သူ့ကို အကြာကြီး စောင့်ကြည့်နေပြီးမှ မကျေနပ်စွာ ခေါင်းခါယမ်းလိုက်တယ်။
"ငတုံး..နင် ငတုံးလိုလုပ်နေတာ ရပ်လိုက်လို့ မရဘူးလား.."
သူက သူမကို အံ့ဩစွာကြည့်လိုက်ပြီး..
"အဲတာက ဘာကိုဆိုလိုတာလဲ..."
"စဥ်းစားကြည့်စမ်း..။ပြီးတော့ စဥ်းစားနေတဲ့ အချိန်မှာ မိနစ်နည်းနည်းလောက် ငြိမ်ငြိမ်လေးနေလိုက်..။နင်ပြန်လာပြီဆိုတာကို ငါ ကိုင်ကို ပြောလိုက်ဦးမယ်..။သနားစရာကောင်လေးက..အခုဆိုရင်..ချိန်းကျွန်းစု ဆီကို ပျံသန်းနေရတာ လမ်းတစ်ဝက်လောက်ရောက်နေလောက်တော့မယ်.."
ဆန်နီ မျက်လုံးပြူးကျယ်သွားခဲ့တယ်။
"ပျံ..ပျံသန်းတယ်...ဘာလို့လဲ.."
အယ်ဖီ သူ့ကို စိတ်ပျက်စွာကြည့်လိုက်တယ်။
ယင်းနောက် သူမ ပြောလာခဲ့ပါတယ်။
"...တိတ်တိတ်နေ ဆိုတဲ့စကားမှာ နင် ဘယ်အပိုင်းကိုနားမလည်တာလဲ.."
အပိုင်း ( ၄၆၁ ) ပြီး၏။