← Chapters

မှတ်တမ်းတင်ထိုက်တဲ့ ရှာဖွေမူတစ်ခု

Vol. 31 Ch. 462

မှတ်တမ်းတင်ထိုက်တဲ့ ရှာဖွေမူတစ်ခု

Vol. 31 Ch. 462

အယ်ဖီက ကိုင်ကို ဖုန်းဆက်ပြီး ဆန်နီ က အသက်ရှင်နေသေးကာ..အစစ်အမှန်ကမ္ဘာကို ပြန်ရောက်လာပြီ ဆိုတာကို ပြောပြနေတဲ့ အချိန်မှာတော့..သူတို့က မိနစ်အနည်းငယ်လောက် သက်သောင့်သက်သာ မရှိစွာ တိတ်ဆိတ်နေခဲ့ကြတယ်။

ဆန်နီ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး တစ်ချိန် စနစ်တကျ ထားထားတဲ့ သူ့ရဲ့ဧည့်ခန်းလေးကို လေ့လာလိုက်ပါတယ်။အခုတော့ ဒီမှာ ညစ်ပတ်တဲ့ ပန်းကန်တွေ နေရာတိုင်းမှာ ရှိနေခဲ့ပြီး အလားတူစွာပဲ..ပါဆယ်မှာထားတဲ့ ဘူးအလွတ်တွေ ရှိနေခဲ့တယ်.။သူက ဒီလိုအရာတွေ ကို အရင်ကတည်းက တစ်ခုမှ ဝယ်ယူတာမျိုး မရှိတာကြောင့် အခုမှ ရှိနေခဲ့ကြတဲ့ အရာတွေပါ။

အယ်ဖီက ဒီလိုမျိုး ဗရမ်းဗတာ နေတတ်တဲ့ လူတစ်ယောက်ပါပဲ။

ထောင့်နားတွေမှာလည်. အဝတ်အစားအပိုင်းအစ ခုနှစ်ခုကို လွင့်ပစ်ထားခဲ့သေးတယ်။

အဝတ်အစား အကြောင်းပြောမှပဲ…

‘ခရက်’

“စကားမစပ် ဆန်နီ..နင်က ဒီလူမိုက်လို တက်တူးကို ဘယ်တုန်းက ထိုးလိုက်တာလဲ။ကြီးမားပြီး ရှည်လျားတော့..မိန်းကလေးတွေကို စိတ်ဝင်စားစေလိမ့်မယ်..”

သူ လေးလံစွာ သက်ပြင်းချလိုက်ပြီး..မြေအောက်ခန်းကနေ ထွက်လာတဲ့ အချိန်မှာ ရုပ်သေးဆရာရဲ့ ဝတ်ရုံတော်ကို သေချာမပြင်ဆင်ခဲ့လို့ ကိုယ့်ကို ကို အပြစ်တင်လိုက်ပါတယ်။ဘာပဲဖြစ်ဖြစ် အခုချိန်မှာ သူ့ရဲ့အရည်ပြားပေါ်က မီးလောင်ဒဏ်ရာတွေက မရှိတော့ပါဘူး။

“..တကယ်တော့ ဒါက တက်တူးမဟုတ်ဘူး။ဒါက ငါ့ကို အရိပ်အဆီအနှစ်တွေကို ထိန်းချုပ်ပြီး ပိုမြန်အောင် ပြန်ဖြည့်တင်းပေးနိုင်တဲ့..မှော်ဆန်တဲ့ မြွေပဲ။ဒီအရာက ဘာလို့ မြွေပုံစံရှိနေရတာလဲတော့ ငါ့ကို မမေးနဲ့နော်..။ဘာလို့လဲဆိုတော့ ငါလည်း တကယ်မသိဘူး”

သူ ခနလောက် တွေဝေနေပြီးမှ မေးလိုက်တယ်။

“ဒီတော့ လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေမှာ နင်က ဒီမှာနေနေ ခဲ့တာပေါ့..”

အယ်ဖီ ပုခုံးတွန့်လိုက်တယ်။

“သေချာတာပေါ့..နင့်ရဲ့ အသက်ရှင်နေတဲ့ အချက်ပြမူတွေကို တစ်ယောက်ယောက်က ကြည့်ပေးထားဖို့ လိုအပ်တယ်လေ.။ထပ်ပြောရရင် ငါ့ရဲ့ မိသားစုက..ကောင်းပြီလေ..သူတို့က ငါ့ကိုလေးနှစ်လောက် စောင့်ရှောက် ထားကြအပြီး မှာ အနားယူဖို့ ထိုက်တန်ကြတယ်။ဒီတော့..ငါက ငါတို့အားလုံးအတွက် အရမ်းကို ကောင်းမွန်တဲ့ အိမ်တစ်လုံးဝယ်ပေးအပြီးမှာ..ဒီကို ရွေ့လာခဲ့တာလေ..”

ယင်းနောက်..သူမရဲ့ မျက်နှာပေါ်မှာ..တက်ကြွတဲ့ အမူအရာပေါ်လာခဲ့တယ်။

“ဒါပေမဲ့ စိတ်မပူပါနဲ့..နင့်ရဲ့အိပ်ခန်းထဲက အရာတွေကတော့ လျို့ဝှက်ချက်အဖြစ် ထားထားပေးတယ်လေ..။သိတယ်မလား..ငါ့အခြေအနေက အပေါ်ထပ်ကို တက်နိုင်တာမှ မဟုတ်တာ..”

ဆန်နီ သူမကို ဒေါသတကြီး ကြည့်လိုက်ပြီး..

“ဘယ်အရာတွေကို ပြောနေတာလဲ။.။ဘယ်အရာမှ မရှိဘူး..။ငါက အိပ်ခန်းကိုတောင် သုံးတာမဟုတ်ဘူး။ငါက ဒီမှာ အိပ်လို့ရတယ်လို့ ထင်နေတာလား..”

အယ်ဖီ ရယ်မောလိုက်တယ်။

“ဟုတ်သားပဲ..အဓိပ္ပာယ်ရှိတယ်..။ဒါဆိုရင် နင်က အိပ်ယာပေါ်မှာ မလုပ်တော့တာ ဖြစ်နိုင်တယ်။အိုး ..ဟုတ်သားပဲ..နင့်ရဲ့ ရေခဲသေတ္တာက ဘာဖြစ်သွားတာလဲ..”

သူက လှမ်းကြည့်လိုက်ပြီးမှ ရှက်ရွံ့စွာ အကြည့်ကို လွဲလိုက်တယ်။

“အာ..အဲတာက..ငါ ဖျက်ဆီးလိုက်မိတာ..။မတော်တဆ..”

ယင်းနောက် သူ့ရဲ့ မျက်နှာပေါ်မှာ ရုတ်တရက် အပြုံးတစ်ခု ပေါ်လာခဲ့ပါတယ်။

“…အသစ်တစ်ခု သွားဝယ်ကြမလား..”

………...

ကိုင်က တွေ့ချင်နေခဲ့တာကြောင့်..ဆန်နီ နဲ့ အယ်ဖီတို့က မြို့လယ်ခေါင်က..အဆင့်မြင့်စေ◌ျးဝယ်စင်တာ တစ်ခုကို သွားပြီး..အနီးနားက စားသောက်ဆိုင်တစ်ခုမှာ စောင့်နေဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။မုဆိုးမိန်းကလေးကတော့..ဆန်နီရဲ့ မမျော်လင့်ထားတဲ့ စွန့်စားခန်း ခရီးစဥ◌်အကြောင်းကို သူတို့ သုံးယောက်လုံးဆုံတဲ့အချိန်အထိ ဘာမှမမေးပဲနေဖို့ ဆန်နီကို ကတိပေးထားခဲ့တယ်။ဒါဆိုရင် သူက အရာရာတိုင်းကို နှစ်ခါပြန်ပြီး ပြောပြစရာမလိုတော့ပါဘူး။

ဒါက သူ့အတွက်လည်း အဆင်ပြေပါတယ်။သူ့ရဲ့ သူငယ်ချင်းတွေကို ဘယ်ဟာတွေ ပြောပြမလဲ..ဘယ်ဟာတွေကို သူ့ရဲ့ကိုယ်ပိုင် လျိုဝှက်ချက်အဖြစ် ထားထားမလဲ ဆိုတာကို သူက စဥ◌်းစားရဦးမှာပါ။

သူ့မှာ စဥ◌်းစားဖို့ နဲ့ လုပ်ကိုင်ဖို့ လိုအပ်တဲ့အရာတွေက အများကြီးပဲ ရှိနေခဲ့ပါတယ်။အောက်ဘက်ကောင်းကင်ကို သွားတဲ့ ခရီးစဥ◌်က အစစ်အမှန်ကမ္ဘာက သူ့ရဲ့ အစီအစဥ◌်တွေကို ပျက်ဆီးစေယုံတင်မကပဲ..လုပ်စရာအချို့ပါ သူ့ရဲ့ အစီအစဥ◌်ထဲမှာ ပိုတိုးလာခဲ့တယ်။ဒါက..လှံရှည်ကို လေ့ကျင့်တာကနေ စတင်ပြီး..တပ်မက်ခြင်းသေတ္တာရဲ့ အကူအညီနဲ့ အပြင်ကို ယူလာခဲ့တဲ့ အမြုတေတွေကို ရောင်းချဖို့အတွက် ဆိုင်တစ်ဆိုင်ဖွင့်ရလောက်တဲ့ အထိပါပဲ။သူ့ရဲ့ ရှေ့မှာ အခွင့်အရေးတွေ အများကြီး စောင့်ဆိုင်းနေခဲ့ပါတယ်။

သူက ရီမ်းနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်ရမလဲ..နဲ့ အရိပ်ကခုန်မူကို အိပ်မက်ရူခင်းထဲမှာ ဆက်လက်လေးချင်တာတွေလည်း လုပ်စရာရှိပါသေးတယ်။အခုဆိုရင် လူတိုင်းက ခွေးသားကို မေ့နေလောက်ကြပြီဆိုတာ သေချာပါတယ်။ဒါက သံသယဖြစ်စရာ မရှိပေ။

‘ အရွယ်ရောက်လာရတဲ့ ဘဝက အတော်ကို ခက်ခဲတာပဲ..’’

သူတို့က သွားလာရေး ptv ယာဥ်တွေရဲ့ အကူအညီနဲ့ စျေးဝယ်စင်တာကို ရောက်လာခဲ့ကြတယ်။ဒါက ဆန်နီအတွက်ကတော့ အနည်းငယ် ဇိမ်ခံမူတစ်ခုဖြစ်ပေမယ့် အယ်ဖီက အများပြည်သူသုံးသွားလာရေး ယာဥ◌်တွေပေါ်မှာ လှုပ်ရှားဖို့ ခက်ခဲတာကြောင့် ဒီဟာကို စီးဖို့ လိုအပ်ပါတယ်။

ဒါက သူမရဲ့ မသန်မစွမ်းဖြစ်နေတဲ့ အခြေအနေကြောင့်သာ မဟုတ်ပဲ..သူမက ဆယ်လီတစ်ယောက် ဖြစ်နေတာကြောင့်ပါ။

အနည်းဆုံးတော့..သူမရဲ့ ပုံကို ချိတ်ဆွဲထားတဲ့ ပိုစတာကြီး သုံးခုလောက်ကို သူ သတိထားမိခဲ့ပါတယ်။ဒါက မြို့လယ်ခေါင်ကို သွားတဲ့ လမ်းတစ်လျောက်က အဆောက်အဦးတွေမှာ ချိတ်ဆွဲထားတာ ဖြစ်ပြီး..အထူးသဖြင့် သူမ အိပ်မက်ကမ္ဘာထဲမှာ ရှိတုန်းက ပုံစံကို ဖောိပြထားခဲ့ပါတယ်။အယ်ဖီရဲ့ ပုံစံက အားကျလောက်စရာကောင်းတယ် ဆိုတာကိုတော့ သူတောင် သဘောတူရမှာပါ။သူမက အကြောက်အလန့် ကင်းမဲ့တဲ့ ဒါမှမဟုတ်..အရှုံးပေးတယ်ဆိုတာကို ဘာမှန်း မသိတဲ့..လှပတဲ့ နတ်ဘူရားမ တစ်ပါးလိုပါပဲ။မျော်လင့်ချက် ကင်းမဲ့နေတဲ့ မေ့ပျောက်ကုန်းမြေလို နေရာမျိုးမှာတောင် သူမက အရှုံးမပေးခဲ့ပေ။

အမှန်တကယ် ကမ္ဘာကြီးရဲ့ အခြေအနေက..ခက်ခဲပြီး ကြမ်းတမ်းနေတဲ့အချိန်မှာ အောင်မြင်မူ နဲ့ ဇွဲ ၊ လုံ့လ ၊ ဝီရိယ တွေက..လူတွေ မြင်ဖို့လိုအပ်နေတဲ့ အရာ အတိအကျပါပဲ။ဒီဟာက ချိန်မြိန်ပြီး..ကြည်နူးဖို့ကောင်းတဲ့ အလိမ်အညာတစ်ခု ဖြစ်တယ်ဆိုရင်တောင်ပါ။

အနည်းဆုံးတော့ ဒါက သူတို့ကို မျှော်လင့်ချက် ပေးထားပါတယ်။

မျှော်လင့်ချက် တစ်ခုက သူတို့ကို ခွန်အား ပေးပါလိမ့်မယ်။

…သူ့ရဲ့ အကြည့်ကို သတိထားမိတာကြောင့် အယ်ဖီက ပြုံးလိုက်ပြီး..

“ ငါ ကြည့်ကောင်းတယ် မလား..”

သူရွေးချယ်စရာမရှိပဲ အမှန်အတိုင်း ဝန်ခံလိုက်ရတယ်။

“.. အင်း..”

သူမ တခစ်ခစ် ရယ်မောလိုက်ပြီး..

“ဂန်လောင်နဲ့ သူ့ရဲ့လူတွေ ငါ့ကို ရှာဖွေကြတဲ့ အချိန်းတုန်းက အမာရွက်နဲ့ ပါ့ခ် တို့က အပြင်ဖက်မှာ ငါ့အကြောင်းကို သူရဲကောင်းတစ်ယောက်လို ပြောခဲ့ကြတာကို မှတ်မိသေးလား..။ကောင်းပြီလေ..နင်မြင်တဲ့ အတိုင်း အစိုးရကလည်း အဲဒီလိုမျိုး ကျယ်ပြန့်အောင် လုပ်ထားတာ။ပြီးတော့ ငါက ဝန်းရံတိုက်ခိုက်ကြတဲ့ အချိန်တုန်းက ရှေ့ဆုံးတန်းမှာ ရှိနေခဲ့တဲ့ အချက်လည်း ပါဝင်တယ်လေ..။သူတို့က မျိုးဆက်သစ် နိုးထသူတွေအတွက် ငါ့ကို ပိုစတာ ကောင်မလေး တစ်ယောက် အဖြစ်ဖန်တီးခဲ့ကြတာ…။ဒါပေါ့..နစ်ဖီ ပြီးတဲ့ နောက်မှာပေါ့..”

သူမရဲ့ မျက်နှာက ရုတ်တရက် သုန်မုန်သွားခဲ့တယ်။အတော်ကြာပြီး ကာမှ အယ်ဖီက ထပ်ပြောလာခဲ့ပါတယ်။

“..ဒီတုံးအတဲ့ ပုံပြင်တွေက အမှန်တကယ် ကမ္ဘာကျော်သွားခဲ့တယ်် ဆိုတာကို သူတို့တွေ တစ်ယောက်မှ မမြင်လိုက်ရတာ ရှက်စရာပဲ..။အခုချိန်လောက်ဆိုရင် ပါ့ခ်က အတော်လေးကို ဂုဏ်ယူနေလောက်မှာ.။ငါ သူ့ရဲ့ ကြွားဝါမူတွေကိုတောင် နားထောင်ချင်မိတယ်..”

ပြီးတော့ ဒါက လူတွေမြင်တွေ့ခွင့်မရှိတဲ့ ခါးသက်တဲ့ အမှန်တရားတွေ ပါပဲ။အောင်မြင်မူရဲ့ ဆိုးဝါးတဲ့ တန်ကြေးက…ဖြတ်ကျော်နိုင်တဲ့ လူတွေသာြမင်တွေ့ခွင့် ရကြတာဖြစ်ပြီး တစ်နည်းအားဖြင့်..တစ်ခြားတစ်ဖက်ကနေ ထွက်ပေါ်လာနိုင်ကြတာပါ။

သူတို့နှစ်ယောက် စေ◌ျးဝယ်စင်တာမှာ အေးအေးဆေးဆေးပဲ အချိန်ကို ကုန်ဆုံးနေခဲ့ကြတယ်..။အယ်ဖီကတော့ သူမရဲ့ ဝီးချဲ ပေါ်မှာထိုင်ပြီး ဆန်နီကတော့ နောက်ကနေ တွန်းနေခဲ့ကြပါတယ်။မကြာခနဆိုသလိုပဲ လူတွေက သူမကို ဝံပုလွေစောင့်ရှောက်သူ အဖြစ်မှတ်မိကြပြီး ယဥ◌်ကျေးတဲ့ အမူအရာတွေနဲ့ လေးစားမူတွေ..အားကျမူတွေကို ဖော်ပြနေခဲ့ကြပါတယ်။တစ်ဖက်မှာတော့..သူက လုံးဝ မမြင်ရတဲ့ လူတစ်ယောက်လိုဖြစ်နေခဲ့တယ်။

ဆန်နီ စိတ်မရှိခဲ့ပါဘူး..။ဒီတိုင်းလေးရှိနေတာကပဲ ကောင်းပါတယ်..။တကယ်ပြောတာပါ။

ဘယ်သူမှ မမြင်ရတဲ့ ပုံစံက..အရိပ်အတွက် အကောင်းမွန်ဆုံးပါပဲ။

ပိုပြီးအရေးကြီးတာက..တုံးအတဲ့ ရေခဲသေတ္တာတစ်ခုကို ဝယ်ယူတာက..စစ်မှန်တဲ့ ကျေနပ်အားရမူ ကိုဖြစ်နေစေခဲ့တယ်။အောက်ဘက်ကောင်းကင်ကို သွားလာတဲ့ ခရီးတစ်လျောက်လုံး..သူက ဒီအရာကိုစိတ်ကူးယဥ◌်နေခဲ့ရတာပါ။ဘာပဲဖြစ်ဖြစ် ဒီကိစ္စ တစ်ခုလုံးက..မှတ်တမ်းတင်ထိုက်တဲ့ ရှာဖွေမူ ခရီးစဥ◌်တစ်ခုပါပဲ။အခုတော့ မရေမတွက်နိုင်တဲ့ အန္တရာယ်တွေနဲ့ ခက်ခဲမူတွေကို ကျော်ဖြတ်အပြီးမှာ..ဒီ သေစေနိုင်လောက်တဲ့ ရှာဖွေမူက ပြီးဆုံးသွားခဲ့ပါပြီ။

ဆန်နီက ပို့ဆောင်ခြင်းဆိုင်ရာ အသေးစိတ် အချက်အလက်ကို လုပ်ပြီးတဲ့ နောက်မှာ..အခုတော့ ကိုင်နဲ့ တွေ့ဖို့ အချိန်ကို ရောက်လာခဲ့ပါပြီ။

အထက်တန်းအဆင့် စားသောက်ဆိုင်တစ်ခုကို သူအရင်က မရောက်ခဲ့ဖူးပေမယ့်..ကြည့်ရတာတော့ သူ့ရဲ့ အဝတ်အစားတွေက လူတွေ..လူတွေကြည့်မနေရလောက်အောင် ကောင်းမွန်နေတဲ့ ပုံပါပဲ။ဘာပဲဖြစ်ဖြစ် သူဝတ်စားထားတဲ့ သာမန်အက်််််််ျီတွေက ဖက်ရှင်အိုင်ကွန် တစ်ယောက် ကိုယ်တိုင်ရွေးချယ်ပေးထားတာပါ။ဒါမှမဟုတ် အယ်ဖီရဲ့ တည်ရှိမူက..လူတွေကို ပိုမိုယဥ◌်ကျေးနေစေခဲ့ပြီး..အနည်းငယ်..ရိုသေလေးစားမူကို ပြသနေခဲ့တယ်။

သူတို့က အရောင်အသွေးစုံလင်စွာ အလှဆငိထားတဲ့ .နေရာလွတ်တစ်ခုကို ဝင်ရောက်လာတဲ့ အချိန်မှာတော့ အနက်ရောင် ဦီးထုပ်နဲ့.သာမန် မတ်စ်တစ်ခုကို ဝတ်ဆင်ထားတဲ့ လူတစ်ယောက်ကို အနီးအနားမှာ တွေ့လိုက်ရတယ်။ဒီထူးဆန်းတဲ့လူက အတွင်းထဲမှာတောင် နေကာမျက်မှန်ကို ဝတ်ဆင်ထားခဲ့တာပါ။

ဘာတွေဖြစ်နေတာလဲ ဆန်နီ နားမလည်သေးခင်မှာပဲ..မျက်နှာကိုဖုံးကွယ်ထားတဲ့ လူက သူ့အနားကို အလျင်အမြန် ရောက်လာပြီး..သူ့ကို ဖက်လိုက်ပါတယ်။

‘အာ…သူ့ရဲ့ဖုံးကွယ်မူတွေက လူတွေကို အရူးလုပ်နိုင်ပြီလို့ ထင်နေတာလား..။ပြီးတော့..သူက ဘာလို့ငါ့ကို အမြဲတမ်း ဖက်ဖို့ ကြိုးစားနေတာလဲ..’

ဒါပေါ့..ဒါက ကိုင်ပါ..။

ဘယ် မျက်နှာဖုံးတွေ..နေကာမျက်မှန်တွေကမှ..ခန့်ညားတဲ့ နိုက်တင်ဂေး ရဲ့ ထည်ဝါတဲ့ အငွေ့အသက်တွေကို မဖုံးကွယ်ထားနိုင်ပါဘူး။

ဒါက သူ့ကို ပိုပြီးတောင် ထင်ရှားနေစေခဲ့ပါသေးတယ်။

ဆန်နီ သက်ပြင်းချလိုက်တယ်။

‘ စတိုင်ကျလွန်းတဲ့ ခွေးသားလေး..’

အပိုင်း ( ၄၆၂ ) ပြီး၏။

All Chapters