အခန်း (၄၆၃)
Vol. 31 Ch. 463
သူတို့သုံးယောက် ထိုင်လိုက်ပြီးနောက်မှာတော့..ရှေးဟောင်းစတိုင်နဲ့တင်ပြထားတဲ့ မီနူးတွေကို..ယူပြီး ရွေးချယ်စရာတွေကို ကြည့်လိုက်ကြတယ်။ဆန်နီဟာ ‘ စတိဗ် ‘ လို့ရေးထားတဲ့ စာသားကို အတော်ကြာအောင် ကြည့်ပြီး ပုခုံးတွန့်ကာ သူ့ရဲ့ အကြည့်ကို အသီးအရွက် အပိုင်းကို ပြောင်းလဲလိုက်ပါတယ်။
မိနစ်အနည်းငယ်ကြာပြီးတဲ့နောက်မှတော့ ဝိတ်တာ တစ်ယောက်က သူတို့အနားကို ကပ်လာပြီး အော်ဒါလာကောက်ယူတဲ့ အချိန်မှာ အယ်ဖီက ပြောလိုက်တယ်။
“ ငါကတော့.. ကိုရီးယား ထမင်းသုပ် သုံးပွဲ ၊ သုံးထပ်သားကင် သုံးပွဲ ၊ ကိုရီးယား ဂျန်ဂျန်မြောင် ပဲခေါက်ဆွဲ သုံးပွဲ နဲ့ တော့ပိုကီ သုံးပွဲ ပဲ ..ယူလိုက်တော့ မယ်..”
ယင်းနောက် သူမက သူတို့ဖက်ကိုလှည့်ကာ..အပြစ်ကင်းစွာပြုံးလိုက်ပြီး..မေးလိုက်ပါတယ်။
“ အိုး..ပြီးတော့ နင်တို့ကရော ဘာမှာဦးမလဲ..။ဘာမှာချင်ကြလဲ..”
ဆန်နီကတော့ လှပတဲ့ ဖန်ခွက်လေးကနေ သောက်နေတဲ့ ရေတွေက သည်းမလိုဖြစ်သွားခဲ့တယ်။
ဝိတ်တာရဲ့ အမူအရာကတော့ ပုံမှန်ပဲ ဖြစ်ပြီး ပြောင်းလဲသွားခြင်း မရှိခဲ့ပါဘူး။
‘ ဘယ်လောက် ပရော်ဖက်ရှင်နယ် ကျလိုက်လဲ..’
…သူတို့က သီးသန့်ခန်းထဲမှာ ထိုင်နေကြတာဖြစ်တာကြောင့် ကိုင် က နောက်ဆုံးမှာ ဦးထုပ်နဲ့ နေကာမျက်မှန်ကို ချွတ်လိုက်ပြီး..တောက်ပစွာပြုံးလိုက်ပါတယ်။သူ့ရဲ့အသံက အရမ်းကို ရိုးသားဖြူစင်နေခဲ့တာကြောင့် ဆန်နီကို အနည်းငယ်..မသက်မသာဖြစ်သွားစေခဲ့တယ်။နည်းနည်းလောက်ပေါ့…
“မင်းကို တွေ့ရတာ တကယ် ဝမ်းသာတယ် ဆန်နီ..။အယ်ဖီ နဲ့ ငါက တကယ် စိတ်ပူနေကြတာ…”
ဆန်နီ လည်ချောင်းရှင်းလိုက်ပြီး..
“အာ..ဒါက… ကျေးဇူးပါ..။အဲလိုထင်တာပဲ..ငါ ထွက်သွားတုန်းမှာ..ဘယ်သူကမှ ငါ့က်ို သတိထားမိမှာ မဟုတ်ဘူးလို့ ထင်နေခဲ့တာ..”
အယ်ဖီ သက်ပြင်းချလိုက်တယ်။
“ငါလည်း အဲလိုမဖြစ်မိဖို့ကို စတင်ပြီး ဆန္ဒရှိလာပြီ ..အရူးကောင်..။ဘာပဲဖြစ်ဖြစ်ပါ..ဘယ်လိုငရဲတွေ ဖြစ်ပျက်သွားခဲ့တာလဲ..။နင်က ဘာလို့ တစ်လလုံးလုံးေပျာက်နေရတာလဲ..”
သူက ခနလောက် တွေဝေနေပြီးကာမှ ပြောလိုက်တယ်။
“နင်တို့ ဇာတ်ကြောင်းအရှည်ကို နားထောင်ချင်လား..။ဒါမှမဟုတ် အတိုချုပ်ပြီး ပြောြပရမလား..”
ကိုင်က သူ့ကို သိချင်စွာကြည့်လိုက်ပြီး..
“အတိုချုပ်ကနေ အရင်ဆုံး စပြောတာ ကောင်းမယ်ထင်တယ်..”
ဆန်နီ သူ့ခေါင်းကို ကုတ်လိုက်ပြီး..
“ကောင်းပြီလေ..အဲလိုဆိုတော့လည်း..ငါက အခြေခံအားဖြင့် လျိုဝှက်ရတနာ တစ်ခုရဲ့ သဲလွန်စတွေကို လိုက်ရှာချင်ခဲ့တာ..။ဒါပေမဲ့ ရတနာသေတ္တာတစ်ခုရဲ့ ကိုက်တာကို ခံရတာနဲ့ပဲ အဆုံးသတ်ခဲ့ရတယ်။ပြီးတော့..နတ်ဆိုးရဲ့အလောင်းပေါ်ကနေပြီး အဆုံးမရှိတဲ့ ချောက်နက်ကြီးထဲကို ပြုတ်ကျသွားခဲ့တယ်.။ပြီးတော့..နတ်ဘုရား မီးတောက်တွေရဲ့ လောင်ကျွမ်းတာကို ခံခဲ့ရတယ်။ကံကောင်းချင်တော့..ငါ တစ်ခါတစ်လေမှာ ကြားကြားနေရတဲ့ အသံတစ်ခုရှိတယ်..။ပြီးတော့ အဲတာက ငါ့ကို အနည်းငယ်ပဲ လောင်ကျွမ်းခံရအောင် ကူညီပေးခဲ့တာပဲ..”
အယ်ဖီက စိတ်ဝင်တစား နားထောင်ပြီး သူ့ကို ထူးဆန်းတဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်။ကိုင်က အနည်းငယ် ဖြူဖျော့စွာ ပြုံးလိုက်ပါတယ်။
ဆန်နီက ရေတစ်ငုံကို သောက်လိုက်ပြီး လွတ်လပ်တဲ့ ပုံစံနဲ့ ထပ်ပြောလိုက်ပါတယ်။
“ဘာပဲဖြစ်ဖြစ်..အဲဒီ လေဟာနယ် အနက်ရှိုင်းဆုံးထဲမှာ ငါက အနက်ရောင် တာဝါတစ်ခုကို တွေ့ခဲ့တယ်။အဲဒီမှာ ကျိုးပဲ့နေတဲ့ အရုပ်တွေ..နဲ့ ပုပ်ဆွေးနေတဲ့ လက်မောင်း တစ်ဖက်လည်း ရှိနေခဲ့တယ်။ငါ အဲတာကို စားခဲ့တယ် ထင်တာပဲ။ချောက်နက်ထဲက အနက်ရောင် တာဝါကနေပြီး..ငါက ကောင်းကင်ပေါ်က အဖြူရောင် တာဝါဆီကို သွားခဲ့တယ်..။ပြီးတော့ နဂါးတစ်ကောင်ရဲ့ အမြီးကို စီးပြီး အောက်ကို ပြန်ဆင်းလာခဲ့တာပဲ။အခြေခံကတော့ အဲလိုတွေ ဖြစ်ပျက်ခဲ့တာ.။အိုး..အဲတာတွေ မတိုင်ခင်မှာတော့.. ငါက ကိုယ့်ကိုကို ပြန်သတ်ခဲ့ရသေးတယ်..အဲလိုထင်တာပဲ..။ပြီးတော့ အဲဒီကနေ တကယ်ကို ကောင်းမွန်တဲ့ မှတ်သားမူ တစ်ခု ရခဲ့တယ်..”
သူတို့နှစ်ယောက်က သူ့ကို တစ်ခနလောက် စိုက်ကြည့်နေပြီးကာမှ.. တစ်ချိန်တည်း သက်ပြင်းချလိုက်ကြပါတယ်။
ကိုင်က ခေါင်းကို ခါယမ်းလိုက်ပြီး..
“ ငါတော့ လက်လျော့လိုက်ပြီး..။ဇာတ်ကြောင်း အရှည်ကို နားထောင်ကြရအောင်..”
…..
ဆန်နီကတော့ သူ တစ်လလောက်ပျောက်နေတဲ့ အတွင်းမှာ ဖြစ်ပျက်ခဲ့တာတွေကို အစီအစဥ◌်တကျ ပြန်ပြောလိုက်ပါတယ်။ဆန်းးကျယ်တဲ့ ဒဂ်ါးတွေ ၊ ဝီဗာနဲ့ ပတ်သက်တဲ့ အရာတွေ နဲ့ သူက ဘာလို့ဖြစ်နိုင်သမျှ မြန်မြန်သန်မာလာချင်တဲ့ အကြောင်းပြချက်တွေကိုတော့ ကိုယ်ကိုတိုင်အတွက်သာ သိမ်းဆည်းထားခဲ့တယ်။
သူ အားလုံးပြော ပြီးတဲ့ အချိန်မှာတော့ အယ်ဖီက တခစ်ခစ် ရယ်နေခဲ့ပါတယ်။
“ကောင်းပြီလေ..။အဲဒီ နင့်ရဲ့ [ ကံစီမံရာ ] စွမ်းရည်းက လတ်တလောမှာ အတော်လေး အလွန်အကျွံကို အသုံးပြထားတာပဲ ဟုတ်တယ်မလား..”
ဆန်နီ ရဲ့ မျက်နှာပေါ်မှာ သုန်မှုန်တဲ့ အမူအရာ တစ်ခု ပေါ်လာခဲ့တယ်။
“အဲလိုထင်တာပဲ။ အဲဒီမတိုင်ခင်တုန်းက ငါက သုံးလလောက်အထိ ဆိုးလည်းမဆိုး၊ ကောင်းလည်း မကောင်းပဲ တစ်သတ်မတ်တည်း ရှိနေခဲ့တာ..။ဒါပေမဲ့ အဲတာက နောက်ဆုံးဖြစ်လာတဲ့ အချိန်မှာ တစ်ခုကနေ တစ်ခြားတစ်ခုကို ဦးတည်သွားခဲ့တယ်လေ..။ဒါက အကုန်လုံးတော့ အဆိုးတွေချည်းပဲတော့ မဟုတ်ပါဘူးး။ငါက အသက်ရှင်ဖို့အတွက် အတော်လေး အသည်းအသန် ကြိုးစားခဲ့ရပေမယ့်..ဒီစူးစမ်းရှာဖွေမူကနေ အတော်လေးကို အကျိုးအမြတ်ရခဲ့တယ်..”
ကိုင်က လဖက်ရည် တစ်ငုံသောက်လိုက်ပြီး အတွေးနက်စွာ ပြောလိုက်တယ်။
“ပြီးတော့ အဲဒီအသံကရော..မော်ဒရက်လား..။မင်း သူ့ကို ယုံကြည်လား..”
ဆန်နီ တွေဝေသွားပြီး ပုခုံးတွန့်လိုက်တယ်။
“သူက ငါ့ရဲ့ စိတ်ကူးကနေ ဖြစ်တည်လာတာ မဟုတ်ဘူးဆိုတာကို သေချာသွားတဲ့ အချိန်မှာ..မော်ဒရက်က တကယ်ပဲ ပျောက်ဆုံးသူ တစ်ယောက်ဆိုတာကို ငါစတင်ပြီး ယုံကြည်လာခဲ့တယ်လေ..။သူက ငါတို့လိုပဲ နိုးထသူတစ်ယောက်ပဲ။သူက ငါနဲ့ အဝေးကြီးကနေ ဆက်သွယ်လို့ ရနေတယ် ဆိုတာက..ငါက သူ့ရဲ့ဆန်းကျယ်တဲ့ ထပ်တူညီမူကို သတ်ပြီး ယူလာခဲ့တဲ့မှန် အပိုင်းအစလေးကြောင့်ပဲ။ပြောရရင်တော့..သူက အတော်လေးကို ဆန်းကျယ်တယ်..”
သူက ခနလောက်တွေးနေပြီးကာမှ ထပ်ပြောလိုက်ပါတယ်။
“သူ ငါ့ကိုပေးခဲ့တဲ့ အချက်အလက်တွေ အားလုံးကလည်း အမှန်တွေချည်းပဲ..။ပြီးတော့ အတော်လေးလည်း အကူအညီဖြစ်တယ်..။သူ့ကြောင့်သာ မဟုတ်ရင် ငါက အခုချိန်အထိ အသက်ရှင်နေနိုင်မှာ မဟုတ်ဘူး..။ဒီတော့ တကယ်ကို ပြောဖို့က ခက်ခဲတယ်”
ကိုင် ပြုံးလိုက်ပြီး..
“ကောင်ပြီလေ..ဒီလိုဆိုရင်တော့..သူက အဆင်ပြေမယ်ထင်တာပဲ..”
ဆန်နီက ဝိတ်တာက အစားအသောက်တွေ ချပေးဖို့လာနေတာကို မြင်တဲ့အချိန်မှာ ခနလောက်ရပ်နေခဲ့တယ်။သူတို့ချည်းပဲ ရှိတဲ့ အချိန်ကြမှ..ခနလောက်တိတ်ဆိတ်နေပြီး..အယ်ဖီဖက်ကို လှည့်လိုက်ပါတယ်..။
“ ဒါပေမဲ့.ဘာပဲဖြစ်ဖြစ်..အဲဒီမျိုးစေ့နဲ့ ပတ်သက်ပြီး သူပြောခဲ့တဲ့ အရာက အမှန်ပဲ ဆိုတာကို ငါယုံကြည်တယ်..။ငါက အိပ်မက်ဆိုးကို လွယ်ကူသွားအောင် လုပ်မယ့် မီးတောင်ကျောက် ဓားကို လည်းရအောင် ယူနိုင်မယ်လို့ ထင်တယ်။ဒီတော့..ငါ မေးစရာရှိတယ်။အယ်ဖီ..နင့်ရဲ့လက်ချောင်းလေးကို လှုပ်လိုက်တာနဲ့ ကမ္ဘာပေါ်က အင်အားအကောင်းဆုံး နိုးထသူ အဖွဲ့တွေက နင်နဲ့ အတူ ဒုတိယအိပ်မက်ဆိုးကို ရင်ဆိုင်ပေးဖို့ ဆန္ဒရှိကြမယ်ဆိုတာကို ငါသိထားပြီး သားပါ..။ဒါပေမဲ့..နင် ငါနဲ့ အိပ်မက်ဆိုးကို စိန်ခေါ်ဖို့အတွက် စဥ◌််းစားကြည့်ချင်လား..”
သူ့ကို အဖြေပြန်မပေးခင်မှာ သူမက သူ့ကို အရင်ဆုံးအနည်းငယ် စနောက်လိမ့်မယ်လို့ သူမျှော်လင့်ထားခဲ့တာပါ။သိုပေမယ့် အယ်ဖီက တစ်ခနလောက် တိတ်ဆိတ်သွားပြီးကာမှ လေးနက်တဲ့ အမူအရာတစ်ခု ဖြစ်ပေါ်သွားခဲ့တယ်။အတော်ကြာပြီး ကာမှ ပြောလာခဲ့ပါတယ်။
“အိပ်မက်ဆိုးတစ်ခုကို စိန်ခေါ်ဖို့လား.။အခုမှ ..ငါတို့ နိုးထသူဖြစ်လာတာ လေးလလောက်ပဲ ရှိသေးတာလေ..။နင်ရူးနေပြီလား..ဆန်နီ “
သူပြုံးလိုက်ပြီး..
“ဟင့်အင်..ငါလည်း အခုလို့ မဆိုလိုပါဘူး..။ဆောင်းယဥ◌်စွန်းတန်း ပြီးသွားတဲ့ အချိန်ကြမှ..။အဲ့အချိန်ကြရင် ငါက ဆင်စွယ်ရောင် တာဝါကို ပြန်သွားပြီး..အဲဒီအစေ့ထဲကို သွားဖို့ အစီစဥ◌်ဆွဲထားတယ်။ နင်..ငါနဲ့ လိုက်ခဲ့မလား..”
အယ်ဖီက သူ့ကို အချိန်အတော်ကြာအောင် ကြည့်နေပြီးကာမှ ပြုံးလိုက်ပါတယ်။
“သေချာတာပေါ့..ဘာလို့မသွားရမှာလဲ။ငါ့မှာ တစ်ခြားရွေးချယ်ထားတာမှ မရှိတာ..။ဒါပေမဲ့ ဆန်နီ..ငါ့မှာ အခြေအနေတစ်ခုတော့ ရှိတယ်..”
သူ မျက်ခုံးပင့်တင်လိုက်တယ်။
“တကယ်လား..။အဲတာ ဘာလဲ..”
အယ်ဖီက ကိုင်ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာပြောလိုက်တယ်.။
“ငါတို့နဲ့ ပူးပေါင်းဖို့အတွက် နင် ကတ်စီကိုလည်း ဆွဲဆောင်ရလိမ့်မယ်..။နင်တို့နှစ်ယောက် ကြားထဲမှာ ဘာြဖစ်ထားလဲဆိုတာတော့ ငါမသိဘူး…။ဒါပေမဲ့ ကိစ္စမရှိဘူးလေ..။အဖွဲ့သားတွေက..သူငယ်ချင်းတွေ ဖြစ်နေဖို့ မလိုအပ်ဘူးလေ..။ပြီးတော့..ငါတို့ရဲ့ အဖွဲ့က မေ့ပျောက်ကုန်းမြေပေါ်မှာ..အတူတူပူးပေါင်းလုပ်ဆောင်လာခဲ့ကြတာ..။ကတ်စတာ နဲ့ နစ်ဖီက မရှိတော့ပေမယ့်..ကတ်စီကတော့ ရှိနေတုန်းပဲ..။ပြီးတော့ သူမရဲ့ စွမ်းရည်က ဘယ်လောက်တောင် တန်ဖိုးရှိတယ်ဆိုတာ ငါတို့နှစ်ယောက်စလုံးသိထားကြတာပဲလေ..”
ဆန်နီရဲ့ မျက်နှာ နက်မှောင်နေတုန်းမှာပဲ သူမက ထပ်ပြောလာခဲ့တယ်။
“ထပ်ပြောရရင်..သူက ညဘုရားကျောင်းကို ..အခြေချထားတာ မဟုတ်ဘူးလား..။သူမက နင် ဆင်စွယ်ရောင် ဓားကို ယူဖို့ အတွက် ကူညီပေးနိုင်တယ်လေ..။အဲ့မင်းသားလေးပြောတာက နှစ်ခုလုံးရှိရင် ပိုကောင်းတယ်လို့ ပြောတာ မဟုတ်ဘူးလား..။အိပ်မက်ဆိုးကတော့ ..အိပ်မက်ဆိုးပဲ…။နင်ဘယ်လောက်ပဲ ပြင်ဆင်ထားပါစေ..ဒါက သေလောက်အောင် ဆိုးဝါးနေလိမ့်မယ်။အားသာစေနိုင်တဲ့ အရာတစ်ခုခုကို ချန်ထားရစ်ခဲ့တာက တုံးအတာပဲ..”
‘ကတ်စီကို ဆွဲဆောင် ရမယ်..’
ဆန်နီ ရဲ့နှလုံးသားထဲကနေ ဒေါသနဲ့ လက်မခံမူတွေက..အလိပ်လိုက်မြင့်တက်လာခဲ့တယ်။ကြက်သွေးရောင် ထိပ်ဖျားမှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး..စိတ်ဖြေပျောက်နိုင်ဖို့အတွက် သူ့မှာ လုံလောက်တဲ့ အချိန်တွေ ရှိနေသလို ၊ ကတ်စီလုပ်ခဲ့တဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး..အကြောင်းပြချက်ကို နားလည်နိုင်ပေမယ့်..သူ့ စိတ်ထဲမှာတော့ မကျေနပ်မူတွေ ပြည့်နှက်နေတုန်းပါပဲ..။သူက နာကျင်နေရဆဲပါ..။သူမကို ခွင့်လွတ်ပေးရမယ်ဆိုတဲ့ အကြောင်းကို သူ စဥ်းတောင် မစဥ်းစားချင်ပါဘူး။
သို့ပေမယ့် အယ်ဖီပြောတာက မှန်ပါတယ်။
သူ ကတ်စီနဲ့ ပတ်သက်ပြီး ဘယ်လိုပဲ ခံစားနေရပါစေ..သူမက ဘယ်အဖွဲ့အတွက် မဆို ဆုလာဒ်ကြီးတစ်ခုပါပဲ။အထူးသဖြင့် အခုဆိုရင် သူမက နိုးထသူတစ်ယောက်ဖြစ်လာပြီ ဖြစ်တာကြောင့်..သူမရဲ့ စွမ်းအားနဲ့ ပတ်သက်ပြီး..ယုံကြည်မူတွေ ရှိနေခဲ့ပါပြီ။သူမရဲ့ နောက်ကနေ မေ့ပျောက်ကုန်းမြေကနေ ..ရှင်သန်လာခဲ့တဲ့ လူတွေ ရှိနေကြပြီး..နစ်ဖီပြန်လာတာကို အဖွဲ့လိုက်စောင့်ဆိုင်းကာ.. ဗာလာကလန်ရဲ့ ညဘုရားကျောင်းနဲ့လည်း အဆက်အသွယ်တွေရှီနေခဲ့တယ်။
သူမနဲ့ ဘေးချင်းယှဥ◌်ပြီး တိုက်ခိုက်ဖို့အတွက်..သူမကို သူက ခွင့်လွတ်ပေးစရာ မလိုအပ်ပါဘူး။သူမက သူ့ကို ထပ်ပြီး သစ္စာဖောက်တော့မှာ မဟုတ်ဘူးလိုပဲ ယုံကြည်ထားဖို့ လိုအပ်တာပါ။သူက ဒါကို ယုံကြည်ဖို့ ခက်ခဲနေခဲ့တယ်။ဆန်နီက ကတ်စီကို သံသယရဲ့ အကျိုးအမြတ်ကို မပေးချင်ပေမယ့် ..သူမကလည်း ခါးသက်တဲ့ သင်ခန်းစာကို..ရထားပြီးပြီဆိုတာ သေချာပါတယ်။
သူ့ နှုတ်ခမ်းထဲကနေ..လေးလံတဲ့ သက်ပြင်းချမူတစ်ခု ရှိလာခဲ့တယ်။
‘…ငါ ဘာလုပ်သင့်လဲ..’
…အဲ့အချိန်မှာပဲ စကားပြောနေတဲ့ တစ်ချိန်လုံးတိတ်ဆိတ်နေခဲ့တဲ့ ကိုင်က ရုတ်တရက်..ပြောလာခဲ့ပါတယ်။
“တကယ်လို့ စိတ်မရှိဘူးဆိုရင်..ငါ့ကိုလည်း ထည့်တွက်လို့ ရတယ်..။ငါလည်း မင်းတို့သုံးယောက်နဲ့အတူ..ဒုတိယအိပ်မက်ဆိုးကို..စိန်ခေါ်ချင်တယ်..။တကယ်တော့..မင်းတို့စိတ်ရှိမယ်ဆိုရင်လည်း..ငါကတော့..လိုက်ခဲ့ဦးမှာပဲ..”
အပိုင်း ( ၄၆၃ ) ပြီး၏။