အခန်း (၄၆၄)
Vol. 31 Ch. 464
စိတ်ပျက်စရာ အေးစက်တဲ့နှလုံးသားထဲမှာ စိတ်အားထက်သန်မူတွေက ပြင်းပြင်းထန်ထန် ပွင့်လန်းနေကြတယ်…
ဆန်နီ နဲ့ အယ်ဖီတို့ဟာ သူ့ကို အံ့ဩသင့်စွာကြည့်လိုက်ကြတယ်။အတော်ကြာပြီးတဲ့နောက်မှာမှ..မုဆိုးမိန်းကလေး ဖြစ်သူက မေးလိုက်ပါတယ်။
“ငါတို့နဲ့တူတူ တတိယအိပ်မက်ဆိုးကို စိန်ခေါ်မလို့လား..။ဘတ်ရှင် ရဲ့ လုံခြုံတဲ့ နံရံတွေကြားထဲမှာ နင့်အတွက် နေရာကောင်းကောင်း ရှိနေတာ မဟုတ်ဘူးလား..။ဆန်နီ ရဲ့ ရူးသွပ်မူတွေက နင့်ဆီကိုပါ ကူးသွားတာလား..”
ကိုင် မျက်မှောင်ကျုတ်လိုက်ပြီး အဝေးကို ကြည့်လိုက်တယ်။အတော်ကြာပြီးကာမှ သူပြောလာခဲ့ပါတယ်။
“ဟုတ်တယ်..ငါပြောခဲ့တယ်။ဒါပေမဲ့..နင်တို့ အီကို ကို မှတ်မိကြသေးလား။သူက ရဲတိုက်ထဲမှာတုန်းက လောင်းကစားဝိုင်းကို ဖန်တီးထားတာလေ..။ကောင်ပြီ..ဘာပဲဖြစ်ဖြစ်..အီကိုမှာက ကိစ္စတွေကို စီမံခန့်ခွဲတဲ့ နေရာမှာ အရည်အချင်းရှိတာကြောင့် ငါတို့ရဲ့အေဂျင်စီက သူမကို ငါ့ရဲ့မန်နေဂျာအဖြစ်အလုပ်ခန့်ခဲ့တယ်။ညနေခင်းတစ်ခုမှာတော့ ငါတို့က အမှောင်မြို့တော်က အကြောင်းကို ပြန်ပြီး စကားပြောဖြစ်ခဲ့ကြတယ်လေ..”
သူ့ရဲ့မျက်နှာပေါ်မှာ ဝမ်းနည်းဖွယ် အပြုံးတစ်ခုက ပေါ်လာခဲ့တယ်။
“နင်တို့နှစ်ယောက်စလုံးက အပြင်ဖက်ရပ်ကွက်မှာ နေခဲ့ကြတာဆိုတော့..ဒါပေါ့ အဲဒီမှာလည်း စိန်ခေါ်မူတွေအများကြီး ရှိခဲ့ကြမှာပဲလေ...။ရဲတိုက်ထဲမှာ အခကြေးငွေပေးပြီး နေခဲ့ကြတဲ့ လူတွေထက်ပိုပြီးဆိုးဝါးမှာပေါ့..။ဒါပေမဲ့ ရဲတိုက်ထဲမှာ နေရတဲ့ ဘဝကလည်း ပျော်စရာကောင်းနေတာ မျိုးတော့လည်းမဟုတ်ဘူး..”
သူက ခနလောက် တိတ်ဆိတ်နေပြီးကာမှ ဆက်ပြောလိုက်တယ်။
“အီကိုကတော့ ငါ့ထက်ပိုပြီး ဆိုးဝါးတဲ့ ဘဝကို ဖြတ်သန်းခဲ့ရလိမ့်မယ်လို့ ငါထင်တယ်။အထူးသဖြင့် လမ်းပြတစ်ယောက်က သူမရဲ့ဘဝကို ငရဲတစ်ခုလိုဖြစ်အောင် လုပ်ခဲ့တဲ့ အချိန်မှာပေါ့..။အန်ဒီ.. မိန်းကလေး နစ်ဖီက ခေါင်းဖြတ်လိုက်တဲ့ တစ်ယောက်..။ငါတို့အားလုံးက ဒီကိစ္စကို သိနေခဲ့ကြပေမယ့် မကူညီနိုင်ခဲ့ဘူးလေ..”
ကိုင် ရဲ့နှုတ်ခမ်းကနေ လေးလံတဲ့ သက်ပြင်းချသံတစ်ခု ထွက်ပေါ်လာခဲ့တယ်။
“ဘာလို့လဲဆိုတော့..ငါတို့က လမ်းပြတစ်ယောက်ကို ဆန့်ကျင်ပြီး ဘာမှ သွားမလုပ်နိုင်ကြလို့ပဲ..။ဒါပေမယ့်..အဲလို အဖြစ်အပျက်တွေက တော်တော်များများကို ရှိနေခဲ့တာ..။ငါတို့က ပတ်ဝန်းကျင်မှာြဖစ်နေတဲ့ ညစ်ပတ်မူတွေ ၊ မှောင်မိုက်မူတွေ အတွက် ကိုယ့်ကိုကို လိမ်ညာပြီး မျက်စိမှိတ်ထားခဲ့ကြတယ်လေ..”
သူက အယ်ဖိကို ကြည့်ပြီးပြောလိုက်တယ်။
“အပြင်ဖက်မှာက ဆာလောင်မူတွေနဲ့ ရင်ဆိုင်နေရတဲ့ အချိန်မှာ ငါတို့ရဲ့ဘဝက အနိုင်ကျင့်ခံရမူတွေနဲ့ ပြည့်နေခဲ့တယ်။ကောင်းပြီလေ..ဒါကလည်းငါတို့ရဲ့ အပြစ်တော့ မဟုတ်ပါဘူး။ဘာလို့လဲဆိုတော့..ရဲတိုက်က လူတိုင်းကို အစာကျွေးနေတာမှ မဟုတ်တာ။သေချာတာကတော့ အစာတွေ များများစာားစားရှိမယ်ဆိုရင် ငါတို့က မျှဝေပေးမှာပါ။အစောင့်တွေက တစ်စုံတစ်ယောက်ကို ရန်ရှာဖို့ကြိုးစားတာလား..။ကောင်းပြီလေ..ဒါကလည်း ငါတို့ရဲ့ အပြစ်မဟုတ်ပါဘူး။ဘာလို့လဲဆိုတော့ တီဆိုင်က အရမ်းကို သန်မာနေပြီး ငါတို့က ဒီအရာကို ခုခံဖို့အတွက် အားနည်းလွန်းနေကြတယ်လေ..။ပြီးတော့ ဒီလိုပဲ အဆုံးမရှိဖြစ်နေခဲ့တာ..။သူတိုင်းက သူတို့ကို သူတို့ လူကောင်းတစ်ယောက် ဖြစ်နေစေဖို့အတွက် အဆင်ပြေ လိုအပ်သလောက် ဒီလိုအတွေးတွေနဲ့ ဖြည့်တွေးခဲ့ကြတာပေါ့..”
ကိုင် တိတ်ဆိတ်သွားပြီးကာမှ တီးတိုးပြောလာခဲ့တယ်။
“ဒါပေမယ့်.သိတယ်မလား..။တကယ်တော့ ဒါတွေအားလုံးက ငါတို့ရဲ့အပြစ်တွေပဲ။ငါတို့အားလုံးက တူညီတဲ့ ပြစ်မူကို အတူတူ ကျူးလွန်ခဲ့ကြတယ်။..အဲတာက ငါတို့အားလုံး အားနည်းနေခဲ့တာပဲ…။ငါ အီကို နဲ့ စကားပြောတဲ့ အချိန်တုန်းက..ဒီကမ္ဘာကြီး မှာ အားနည်းတယ်ဆိုတာကလည်း ..အားနည်းချက်တစ်ခုပဲ ဆိုတာကို ငါ နားလည်ခဲ့တယ်။အနည်းဆုံးတော့..ငါတို့အားလုံးဖြစ်တဲ့ နိုးထသူတွေပေါ့။ဒီတော့ ဟုတ်တယ်..ငါက ဘတ်ရှင်ရဲ့ လုံခြုံတဲ့ ခံတပ်ထဲက နံရံတွေထဲမှာ နေခွင့်ရတယ်ဆိုရင်တောင်..ဒုတိယအိပ်မက်ဆိုးကို ကျိန်းသေစိန်ခေါ်ချင်မိတယ်။ဘာလို့လဲဆိုတော့..ငါ့ရဲ့မျက်လုံးတွေကို ပိတ်ထားရတဲ့ အဖြစ်မျိုးကို ဘယ်တော့မှ ထပ်မဖြစ်ချင်လို့ပဲ..”
သူက သူတို့ကို ကြည့်ကာ ပြုံးလိုက်ပြီး..
“ခုနှစ်လလား..။ဒါက ငါပြင်ဆင်ဖို့အတွက် လိုအပ်တာထက်တောင် ပိုနေသေးတယ်။ထပ်ပြောင်ရရင် နင်တို့က ပျံသန်းနိုင်တဲ့ လူမျိုးကို မလိုအပ်လို့လား.။ဒါမှမဟုတ် အဲဒီထူးဆန်းတဲ့ ချောက်နက်ထဲကို ဒီတိုင်းခုန်ချပြီး..မီးတောက်တွေပေါ်ကို မကျပါစေနဲ့လို့ပဲ ဆုတောင်းနေကြတော့ မလို့လား..”
ဆန်နီ ချောင်းဆိုးလိုက်တယ်။
ကိုင် က အဓိက အချက်ကို ဆုပ်ကိုင်ထားခဲ့တာပါ..
“ကောင်းပြီလေ..မင်းက ဒီလိုပြောလာမှတော့..”
……
ကိုင်ရဲ့မျှော်လင့်မထားတဲ့ ဖွင့်ဟဝန်ခံချက် ပြီးသွားတဲ့နောက်မှာတော့..သူတို့က ရိုးရှင်းစွာပဲ စိတ်လက်ပေါ့ပါးစွာနဲ့..ရယ်မောတာ..အစားအသောက်ကို ပျော်ရွင်စွာစားတာ ၊ ဟိုဟိုဒီဒီအကြောင်းလေးတွေကို ပြောတာ လုပ်နေခဲ့ကြတယ်။ကိုင်ကတော့…မျက်နှာဖုံးအဆိုရှင် အနေနဲ့ ၁၂ ပတ်ဆက်တိုက် အနိုင်ရတဲ့ အတွေ့အကြုံကို မျှဝေနေခဲ့ပြီး..အဆုံးမှာတော့ ရည်ရွယ်ချက်ရှိရှိ အရှုံးပေးခဲ့ပါတယ်။သူ့မျက်နှာကို ဖော်ပြမူနဲ့ အတူ နိုက်အန်ဂေး အယ်လ်ဘမ်က ဂီတလောကမှဦ ပြန်ပါ်လာပြီဖြစ်ကြောင်း ပရိတ်သတ်တွေကို အသိပေးမူလုပ်ခဲ့တယ်။
…သူက အင်တာနက်ပေါ်က ထူးဆန်းတဲ့ကိစ္စရပ်တစ်ခုကြောင့် လူထုနဲ့ဆက်သွယ်တဲ့ ဒုတိယဝန်းထမ်းတစ်ယောက်ကို ခန့်အပ်ခဲ့ရကြောင်းလည်း ညဥ◌်းညူခဲ့ပါသေးတယ်။ဒါက ဆန်နီကို ရှက်ရွံ့ပြီး အဝေးကို ကြည့်နေကာ..ပါးစပ်ကို ပိတ်ထားရတဲ့ အခြေအနေအထိ ရောက်လာစေခဲ့တယ်။
အယ်ဖီကတော့..အများအားဖြင့်် သူမစားခဲ့ရတဲ့ ကြက်တောင်ပံကြော်နဲ့ ဘီယာတွေ အကြောင်းကိုသာ ပြောနေခဲ့တယ်။အလားတူစွာပဲ သူမ အမဲလိုက်ခဲ့တဲ့..အိပ်မက်ဆိုးသားရဲတွေ ၊ သူတို့ကို စားသောက်ခဲ့တာတွေကို ပြောနေခဲ့ပါတယ်။သူမ ပါဝင်ရတဲ့ အစိုးရရဲ့ ဝါဒဖြန့်အစီစဥ◌်တွေ အကြောင်းကိုလည်း သူမက ..ဟာသလုပ်ပြီးပြောနေခဲ့ပါသေးတယ်။ဒါက သူမက ဒီအစီစဥ◌်တွေကို ရှောင်တိမ်းဖို့ ဘယ်လိုနည်းလမ်းမျိုးစုံ အသုံးပြုခဲ့ရလဲ ဆိုတာတွေကိုပါ။
ဆန်နီကတော့ သူ့ရဲ့ အိမ်အသစ်ဝယ်တဲ့ အတွေ့အကြုံနဲ့ သူဘယ်လို ခံစားရလဲဆိုတာတွေကို မျှဝေခဲ့တယ်။အယ်ဖီ ဖျက်ဆီးခဲ့တဲ့ သူ့ရဲ့တံခါးအသစ်နဲ့ သူ့ရဲ့စေ◌ျးကြီးတဲ့ ရေခဲသေတ္တာအသစ်အကြောင်းကို တွေးမိလိုက်တဲ့ အချိန်မှာ သူက သွေးတိုးမလိုတောင် ဖြစ်သွားခဲ့ပါတယ်။
နောက်ဆုံးမှာတော့ ကိုင်က သူ့ရဲ့ အချိန်ဇယားဆီကို ပြန်သွားရမယ့် အချိန်ကို ရောက်လာခဲ့တယ်။သူတို့ လမ်းမခွဲခင်မှာ သူက တွေဝေနေခဲ့ပြီးမှ..သူ့ရဲ့အိပ်ကပ်ထဲမှာ ရှိနေတဲ့ လှပတဲ့ စာရွက်လေးနှစ်ရွက်ကို ထုတ်ယူလိုက်ပါတယ်။
သူက ဘာမှတောင်ပြောမနေတော့ပဲ..ဆန်နီ နဲ့ အယ်ဖီကို တစ်ယောက်တစ်ရွက်ဆီ ကမ်းပေးလိုက်တယ်။
ဆန်နီ တစ်ခုကို ယူလိုက်ပြီး..ရှုပ်ထွေးတဲ့ အမူအရာနဲ့ ကြည့်နေလိုက်ပါတယ်။
ဒါက ဖိတ်စာပုံစံမျိုး ပါပဲ။အဲဒီအပေါ်မှာတော့ လူနှစ်ယောက် ဓားကိုကိုင်ထားပြီး ကျောချင်းကပ်..ရပ်နေခဲ့တဲ့ ပုံကို တွေနေခဲ့ရတယ်။သူတို့နှစ်ယောက်လုံးက ပရော်ဖက်ရှင်နယ်ဆန်စွာပဲ လှပနေခဲ့ကြပါတယ်။
ယောက်ျားလေးက အနက်ရောင်အသားအရည်နဲ့ ခန့်ညားကာ..ကျယ်ပြန့်တဲ့ ပုခုံးနဲ့ ယောကျာ်းပီသတဲ့ မျက်နှာတွေ ရှိနေခဲ့တယ်။မိန်းကလေးကတော့ ပိန်ပါးပြီး..ဆန်နီ မြို့ပြင်မှာ နေခဲ့တုန်းက ဘဝထက်တောင် ပိုပြီး အခြေအနေဆိုးနေတယ်လို့ ထင်ခဲ့ရပါတယ်။သူမမှာ အရုပ်မလေးလို မျက်နှာ နဲ့ တောက်ပကြီးမားတဲ့ မျက်လုံးတွေ နဲ့..အနည်းငယ် ကွဲနေတဲ့ နှုတ်ခမ်းတွေ ရှိနေခဲ့တယ်။
သူက အတော်လေးကို ထူးဆန်းပြီး လက်တွေ့မကျတဲ့..အကာအကွယ် အက်ျီကို..ဝတ်ဆင်ထားခဲ့တာပါ။သူမက မဟာဆန်တဲ့ ဝတ်စုံနဲ့ အရမ်းကို စေ◌ျးကြီးတဲ့ ငွေရောင်ဆံပင်တုကိုပါ တပ်ထားခဲ့တယ်။
‘ဒါက ဘယ်လို သောက်ကျိုးနဲလဲ..’
ခေါင်းစဥ◌်ရဲ့ နာမည်ကို ဖတ်ကြည့်လိုက်တဲ့ အချိန်မှာတော့..
“အလင်းရဲ့သံစဥ◌်နဲ့…အမှောင်ထု..”
ပြီးတော့..သူ့ရဲံ့အောက်ဘက်မှာ တော့ စာလုံးသေးသေးလေးနဲ့..
“အမှောင်ထုရဲ့ညတွေထဲမှာ..အလင်းက ပိုမိုတောက်ပနေခဲ့တယ်။စိတ်ပျက်စရာ အေးစက်တဲ့နှလုံးသားထဲမှာ..စိတ်အားထက်သန်မူတွေက ပြင်းပြင်းထန်ထန် ပွင့်လန်းနေကြတယ်”
ဆန်နီ သူ့လက်ထဲက စာရွက်ကို ကြည့်ပြီး မျက်လုံးပြူးကျယ်သွားခဲ့ပါတယ်။
“ကိုင်..သူငယ်ချင်း…မင်းငါ့ကို ဘာပေးလိုက်တာလဲ..”
အယ်ဖီ ရယ်မောလိုက်ပြီး
“ မဖြစ်နိုင်တာ..။သူတို့က ရိုက်ုကူးလို့ ပြီးသွားကြပြီလား..”
ကိုင် ချောင်းဆိုးလိုက်ပြီး..
“အဲတာက..အင်း..ဟုတ်တယ်။တကယ်တော့..ပထမဆုံးပြသမူကို တစ်ပတ်အတွင်းမှာလုပ်ဆောင်မှာလေ။ငါ့အေဂျင်စီက ငါ အဲဒီကို သွားရောက်ပြီး စကားအနည်းငယ်ပြောဖို့အတွက် စီစဥ◌်ထားကြတယ်။ဒီတော့…အင်း..မင်းတို့နှစ်ယောက် ကျေးဇူးပြုပြီး လာပေးနိုင်ကြမလား..”
ဆန်နီ ခေါင်းခါယမ်းလိုက်ပြီး..
“နိုး..ခနလေး..မဟုတ်ဘူး..။တကယ်တော့..ဒီဟာက ဘာအတွက်..?”
အယ်ဖီက သူ့ကို သနားစွာကြည့်လိုက်ပြီး..
“နင်မကြားဖူးဘူးလား..။သူတို့က ငါတို့အကြောင်းကို ဇာတ်ကားရီုက်နေကြတာလေ..။ငါပြောချင်တာက မေ့ပျောက်ကုန်းမြေပေါ်က အကြောင်းတွေကိုပေါ…။နင် အဲ့သတင်းတွေကို မကြားဖူးလား..”
သူ ဖြည်းညှင်းစွာ ခေါင်းခါယမ်းလိုက်တယ်။
“ဟင့်အင်..”
ယင်းနောက် ဆန်နီ မျက်မှောင်ကျုတ်လိုက်ပြီး
“ကောင်းပြီ ကောင်းပြီး..။ငါ သိပြီ။ဒါပေမဲ့ ငါက ဘာလို့ ဒီဟာကို သွားပြီး ကြည့်ရမှာတုန်း..။ငါ ဟန်ဆောင်သူ ရဲ့ အသားစိမ်းတွေကိုပဲ နောက်ထပ်တစ်ကြိမ် စားလိုက်တော့မယ်။စိတ်မကောင်းပါဘူး ကိုင်..ဒါပေမဲ့ ငါ လာမှာ မဟုတ်ဘူး..”
အယ်ဖီက သူ့ကို ကျီစယ်ချင်တဲ့ အကြည့်နဲ့ကြည့်ကာ ပြုံးလိုက်ပြီး..
“ အိုး..ဟေး ဆန်နီ..နင်နဲ့အိပ်မက်ဆိုးထဲကို သွားဖို့ငါ့မှာ အခြေအနေတစ်ခုရှိတယ်လို့ ပြောထားတာကို မှတ်မိသေးလား..။ကောင်းပြီလေ..အဲတာကို ထားလိုက်တော့။ တကယ်တော့..ငါ့မှာ နှစ်ခု ရှိတာ…”
အပိုင်း ( ၄၆၄ ) ပြီး၏