← Chapters

စိတ်ထဲက ဖြစ်ပေါ်တဲ့ တန်ဖိုး

Vol. 31 Ch. 465

စိတ်ထဲက ဖြစ်ပေါ်တဲ့ တန်ဖိုး

Vol. 31 Ch. 465

အတော်ကြာပြီးတဲ့နောက်မှာတော့..ဆန်နီနဲ့အယ်ဖီ တို့က ရေခဲသေတ္တာ လာပို့တဲ့လူတွေ ရောက်ခါနီး အချိန်မှာပဲ အိမ်ကို ပြန်ရောက်လာခဲ့ကြတယ်။ပုခုံးကျယ်ကျယ် ၊ အရပ်ရှည်ရှည်နဲ့ အလုပ်သမားနှစ်ယောက်က..သူတို့ရဲ့ပို့ဆောင်ရေး ယာဥိကိုရပ်ထားလိုက်ပြီး ..ကြီးမားတဲ့ ပါဆယ်ကြီးကို အောက်ကို ချလိုက်ကြပါတယ်။ပြီးတဲ့နောက်မှာတော့ သူတို့ထဲက တစ်ယောက်က ပြုံးပြီး ပြောလိုက်တယ်။

“ကောင်းသောနေလေးပါ..။ကျွန်တော်တို့ ဒီဟာကို ဘယ်မှာထားပေးရမလဲ”

ဆန်နီ လက်ဝေ့ယမ်းလိုက်တယ်။

“အာ..မလိုတော့ပါဘူး။ကျွန်တော် ကိုယ်ဟာကို လုပ်လိုက်ပါ့မယ်”

ပိုဆောင်တဲ့သူတွေဟာ သူ့ကို သံသယဖြစ်စွာကြည့်လိုက်ကြပြီး..ရိုးရှင်းစွာပဲ ပုခုံးတွန့်လိုက်ကာ..သူ့လက်မှတ်ကို ယူပြီးထွက်သွားခဲ့ကြပါတယ်။

ယာဥိမောင်းထွက်သွားပြီး နောက်မှာတော့..ဆန်နီက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး..လေးလံတဲ့ ဘောက်ကြီးကို မ တင်ကာ..အိမ်ထဲကို ဘာမှအားမထုတ်ရပဲ..သယ်ဆောင်သွားခဲ့ပါတယ်။

မကြာခင်မှာပဲ ရေခဲသေတ္တာ အသစ်က အရင်အဟောင်းရှိနေတဲ့ နေရာမှာ နေရာချထားပြီး သွားခဲ့တယ်။သစ်သားနဲ့ ကွပ်ထားတဲ့ တံခါးတွေက..သေးငယ်တဲ့ မီးဖိုချောင် ဒီဇိုင်းနဲ့ လိုက်ဖက်ညီစွာပဲ ရှိနေခဲ့ပါတယ်။အယ်ဖီနဲ့ ဆန်နီတို့က ဒါကိုအတော်ကြာအောင် စိုက်ကြည့်ပြီး ကျေနပ်နေခဲ့ကြတယ်။ယင်းနောက် သူပြောလိုက်ပါတယ်။

“ ငါ ဒါကို အတော်လေး သဘောကျတယ် “

အယ်ဖီ ပြုံးလိုက်ပြီး..

“ ဟုတ်တယ်..။အခန်းနဲ့ အတော်လေးကို လိုက်ဖကိတယ်..ဟုတ်တယ်မလား။ကောင်းပြီလေ..ဒီလိုဆိုရင်တော့..နင်ဒါကို ထပ်ပြီး မဖျက်ဆီးမိဖို့ပဲ မျှော်လင့်မိတယ်”

ပြီးတဲ့နောက်မှာတော့ သူမက သန်းဝေလိုက်ပြီး ပြောလာခဲ့ပါတယ်။

“အာ ..ငါအတော်လေးကို ပင်ပန်းနေပြီ..။အိပ်မက်ကမ္ဘာထဲကို ပြန်သွားလိုက်တော့မယ်..။နင်ကရော ဘာလုပ်မှာလဲ..”

ဆန်နီ ခနလောက် စဥိးစားလိုက်တယ်။ရုတ်တရက် သူ့ရဲ့ မျက်နှာမှာ ကြီးမားတဲ့ အပြုံးတစ်ခုပေါ်လာခဲ့ပါတယ်။

“ငါ သွားစရာ နေရာလေး ရှိနေသေးတယ်..။ပြီးရင်တော့ ငါလည်း အဲဒီကိုပဲ သွားရမှာပေါ့..။အိုး..နေဦး ။နင်က ဘယ်မှာ အိပ်မှာ မို့လို့လဲ..”

အယ်ဖီ ပုခုံးတွန့်လိုက်ပြီး..

“ နင့်ရဲ့ ဧည့်ခန်းထဲမှာပေါ့..။ဘယ်မှာ ရှိသေးလို့လဲ..”

ဆန်နီ မျက်တောင်ခတ်လိုက်တယ်။

“နင်က အိပ်စက်ခြင်းသေတ္တာကို မလိုအပ်ဘူးလား..”

မုဆိုးမိန်းကလေးက..တခစ်ခစ် ရယ်မောလိုက်ပြီး..

“ငါ့မှာ တစ်ခုရှိတယ်။နင့်ရဲ့ ဧည့်ခန်းထဲမှာ..။ဘာလဲ..။နင်က ဘာလို့ငါ့ကို အဲလို ကြည့်နေတာလဲ..။ငါက နင့်ရဲ့ ခန္တာကိုယ်ရှိနေတဲ့နေရာနဲ့ အကယ်ဒမီကို သွားလိုက်ပြန်လိုက် လုပ်နေရမှာလား..”

ဆန်နီ ခနလောက်စဥိးစားလိုက်ပြီး သက်ပြင်းချလိုက်တယ်။

“အဓိပ္ပါယ်ရှိတယ်..။အဲလိုထင်တာပဲ.။ငါအစကတည်းက အဲဒီမှာ တစ်ခု ထားထားပေးသင့်တာ..။သာမန်လူသား ဧည့်သည်တွေက ငါ့အိမ်ကို လာလည်ဖို့ အခွင့်အရေး ဘယ်လောက်များ ရှိမှာမို့လို့လဲ..”

ယင်းနောက်..သူက အယ်ဖီကို နှုတ်ဆက်လိုက်ပြီး.. တံခါးဆီကို ဦးတည်သွားလိုက်တယ်။အယ်ဖီကတော့..သူမရဲ့ ဝီးချဲကိုလှည့်ပြီး ဧည့်ခန်းထဲကို သွားခဲ့ပါတယ်။

…..

အချိန်တစ်ချို့ကြာပြီးတဲ့ နောက်မှာတော့..ဆန်နီက စတိုးဆိုင်တစ်ဆိုင်မှာ ရောက်နေခဲ့ပြီး..သူ့ရဲ့တွန်းလှည်းကို တွန်းကာ.. အစားအသောက်မျိုးစုံနဲ့ တစ်ခြားပစ္စည်းတွေ ပြည့်တဲ့အထိ ထည့်နေခဲ့ပါတယ်။သူက သာသာယာယာနဲ့ တီးတိုး လေချွန်နေခဲ့ကာ..သူ့ရဲ့ ရေခဲသေတ္တာအသစ်မှာ ထည့်ရမယ့် ပစ္စည်းတွေကို စဥ◌်းစားနေခဲ့ပါတယ်။

လှည်းထဲမှာ ပါဝင်နေတဲ့ ပစ္စည်းတွေက..သူမြို့ပြင်မှာ နေခဲ့တုန်းက ဆိုရင် အိပ်မက်မက်ယုံသာ တတ်နိုင်ခဲ့တဲ့ အရာတွေပါ။သို့ပေမယ့် အခုချိန်မှာ ဆိုရင် သူက ဒီအရာကို တတ်နိုင်ယုံတင်မကပဲ..ကုန်ကျစားရိတ်အတွက် ပိုက်ဆံကိုတောင် အသုံးမပြုပဲ ဝယ်ယူနေနိုင်ခဲ့ပါပြီ။သူက လိုချင်တဲ့ အရည်အသွေးနဲ့ လိုအပ်သလောက် ဝယ်ဖို့သာ လိုအပ်ပြီး..အိပ်ကို သယ်သွားလို့ ရနေခဲ့ပါတယ်။ဒါကလည်း သူ့ရဲ့ ကိုယ်ပိုင် အိမ်ကိုပါ။

ဘဝက အရမ်းကြီး ပြောင်းလဲနေတာမျိုးတော့ မဟုတ်ပေ။

အတော်ကြာပြီးတဲ့ နောက်မှာတော့…သူက လုံလောက်ပြီလို့ ခံစားလိုက်ရတယ်။အခုတော့..သူ့မှာ တပ်မက်ခြင်းသေတ္တာရှိနေပြီ ဖြစ်တာကြောင့်..သူက အိပ်မက်ကမ္ဘာထဲက နေ ဝိဥာဥ◌်အမြုတေတွေကို ပြန်သယ်လာနိုင်ရုံတင်မကပဲ…အစစ်အမှန်ကမ္ဘာပေါ်က ပစ္စည်းတွေကိုလည်း..ချိန်းကျွန်းစုဆီကို သယ်သွားလို့ ရပါတယ်။ဒါက အတော်လေးကို အဓိပ္ပါယ်ရှိပြီး..မရေမတွက်နိုင်တဲ့ ငရုတ်သီးတွေ..ရှည်လျားစွာစူးစမ်းရှာဖွေမူတွေရဲ့ ရှည်ကြာလွန်းတဲ့ နေ့ရက်တွေအတွက် မုန့်မျိုးစုံ နဲ့ သူ့ကို သက်သောင့်သက်သာ ဖြစ်စေမယ့် အရာတွေ အများကြီးပါပဲ။

တကယ်လို့ သူသာ ဆန္ဒရှိမယ်ဆိုရင် တဲတစ်ခုကိုပါ ယူသွားပြီး တောထဲမှာ ဘုရင်တစ်ပါးလို အိပ်နေလို့ ရပါသေးတယ်။

‘မယုံနိုင်စရာပဲ..အိုး..ဒါက အတော်လေးကို မယုံနိုင်စရာကောင်းတယ်..’

ဒါပေါ့..ဒီအရာတွေ အကုန်လုံးက အထွေထွေ စတိုးဆိုင်တွေ မှာပဲ ဝယ်ယူလို့ ရတဲ့ အရာတွေပါ။သို့ပေမယ့် သူက တစ်ခြား နေရာတွေကို သွားပြီး ဝယ်လို့ ရနိုင်သေးသလို..အင်တာနက်ပေါ်ကနေလည်း မှာယူလို့ ရပါသေးတယ်။

သူ ဒီပစ္စည်းတွေ အတွက် စာရင်းသွင်းဖို့ သွားနေတုန်းမှာပဲ..ရင်းနှီးတဲ့ အသံတစ်ခုက သူ့ရဲ့ အတွေးစတွေထဲကနေ ဆွဲထုတ်လိုက်တယ်..။

“..အမေ..သမီးတို့ ရေခဲမုန့်စားလို့ ရလား..”

ဆန်နီ ခနလောက်အေးခဲသွားပြီးကာမှ သူ့ရဲ့ခေါင်းကို ဖြည်းညှင်းစွာ လှည့်လိုက်ကာ..သူလျောက်နေတဲ့ နေရာရဲ့ ဘယ်ဘက်ကို ကြည့်လိုက်ပါတယ်။

အဲဒီမှာတော့…အသားဖြူပြီး အရပ်ရှည်တဲ့ အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ယောက်က အသက်လေးဆယ် ဝန်းကျင် အမျိုးသမီး တစ်ယောက်ရဲ့ ဘေးနားမှာ ရပ်နေခဲ့ပါတယ်။ရွှေရောင်ဆံပင် ၊ တောက်ပတဲ့အပြုံးနဲ့ အသက် ရှစ်နှစ်အရွယ်ကောင်လေး တစ်ယောက်ကတော့ သူမရဲ့ လက်ထဲကို ရေခဲမုန့်တစ်ဗူးကို အတင်းတွန်းထည့်ပေးနေခဲ့တယ်။

ဆန်နီ ရိမ်းနဲ့ သူမရဲ့ မိသားစုကို ခနလောက်ကြည့်နေပြီးကာမှ တစ်ဖက်ကို လှည့်ကာ သူသွားရမယ့်လမ်းကို ဆက်သွားလိုက်တယ်။သူ့ရဲ့နှုတ်ခမ်းကနေ တိုးညှင်းတဲ့ သက်ပြင်းချသံတစ်ခုက ထွက်ပေါ်လာခဲ့ပါတယ်။

‘အနည်းဆုံးတော့ သူမက အဆင်ပြေနေတာပဲ..။ကောင်းပြီလေ..ဒါပေါ့ သူမက အဆင်ပြေမှာပေါ့။ငါက ထွက်သွားတာ တစ်လလောက်ပဲ ရှိနေသေးတဲ့ဟာကို..။ငါမရှိတာနဲ့ပဲ..သူတို့က တစ်ခုခုဖြစ်ရတော့မှာ မို့လို့လား..’

သူက ငွေရှင်းကောင်တာ နားကို ရောက်တဲ့အချိန်မှာတော့..ခနလောက်တွေဝေသွားပြီးကာမှ ပြန်လှည့်သွားခဲ့ပါတယ်။

သူ ပြန်ရောက်လာတဲ့ အချိန်မှာတော့..သူ့ရဲ့လက်ထဲမှာ အရသာရှိတဲ့..ရေခဲမုန့် အချို့ ပြန်ပါလာခဲ့တယ်။

……

ချိန်းကျွန်းစုပေါ်မှာ မနက်ခင်း..နေရောင်ထွက်ပေါ်လာတဲ့ အချိန်မှာတော့..ဆန်နီက နိုတစ်မြင့်မြတ်နယ်မြေရဲ့ ခံတပ်နေရာမှာ ပေါ်လာခဲ့တယ်။သူက ကောင်းကင်ကို မော့ကြည့်ပြီး..လ မရှိတဲ့အတွက် မျက်နှာကို ရှုတ်မဲ့လိုက်ကာ..သူ့ရဲ့ အခန်းဆီကို ဦးတည်သွားလိုက်ပါတယ်။

အချိန်တစ်ချို့ကြာပြီးတဲ့နောက်မှာတော့..သူက သူ့နောက်ကနေ..သေးငယ်တဲ့သံခြေထောက် ခြောက်ချောင်းနဲ့အတူ လိုက်လာတဲ့ သစ်သားသေတ္တာလေးနဲ့အတူ ပေါ်ထွက်လာခဲ့တယ်။တပ်မက်ခြင်းသေတ္တာကို ကြိုးနဲ့ဆွဲပြီး..ဆန်နီက ဥယျာဥ◌်ထဲကို လမ်းလျောက်ဝင်သွားတဲ့ အချိန်မှာတော့ ရင်းနှီးပြီးသားဖြစ်တဲ့..ကျောက်တုံးကို တွေ့လိုက်ရပါတယ်။သူက သွားတွေရှိတဲ့ သေတ္တာကို မ လိုက်ပြီး..သူ့ဘေးနားမှာ ဂရုတစိုက်ထားလိုက်ပါတယ်။

ယင်းနောက် သူက ဝိဥာဥ◌်အမြုတေတစ်ခုကို ထုတ်ယူလိုက်ပြီး အားလုံးမြင်သာလောက်တဲ့ နေရာမှာ ထားထားလိုက်တယ်။

မကြာခင်မှာပဲ နိုးထသူတစ်ယောက်က သူ့ကို သတိထားမိပြီး အနားကို ကပ်လာခဲ့ပါတယ်။

“အာ…ဆန်နီ..မင်းပြန်လာပြီလား။နောက်ထပ် အမြုတေတွေ ရောင်းပြန်တော့မယ်ပေါ့..”

ဆန်နီ ပြုံးလိုက်တယ်။

“အိုး..ဟုတ်တယ်..။သေချာတာပေါ့..။ဒါပေမဲ့..ဟေး..ဒါက အကုန်ပဲ မဟုတ်သေးဘူးနော်။အံ့ဩစရာ အရောင်းပြပွဲက..နောက်ထပ် ကုန်ပစ္စည်း အသစ်တွေလည်းရှိနေသေးတယ်..”

နိုးထသူက သူ့ကို သံသယဖြစ်စွာကြည့်လိုက်ပြီး မေးလိုက်ပါတယ်။

“တကယ်လား..ဘယ်လိုဟာမျိူးလဲ..”

ဆန်နီ ရဲ့ အပြုံးက ပိုမိုကြီးမားလာခဲ့ပြီး..

“ဒီလိုမေးတာက ဘယ်လောက်တောင် ကံကောင်းလိုက်လဲ..။ကြည့်ကြရအောင်..”

သူက လက်တစ်ဖက်ကို သေတ္တာထဲကို ထည့်လိုက်တဲ့ အချိန်မှာတော့ ဒါက တစ်နည်းအားဖြင့်..သူ့ရဲ့ပုခုံးအထိအောင်တောင် နစ်မြုပ်သွားခဲ့ပါတယ်။ယင်းနောက် ဆန်နီက ပစ္စည်းတွေကို စတင် ထုတ်ယူလိုက်ပြီး စကားတွေကို ပြောြကားလိုက်တယ်။

“ကျုပ်ရဲ့ ဆိုင်မှာ ဘာတွေ ရှိတယ်လို့ ထင်လို့လဲ..။ကိုယ့်ဟာကိုပဲ ကြည့်လိုက်တော့..သွားတိုက်ဆေး..။နူးညံ့ပြီး သန့်ရှင်းတဲ့ အောက်ခံအဝတ်..။ဆား..ငရုတ်ကောင်း နဲ့ ငရုတ်သီးမျိုးစုံ..။တစ်ကိုယ်ရည်သန့်ရှင်းရေး ပစ္စည်းတွေကို လိုအပ်နေတာလား..။မိန်းကလေး တစ်ယောက်လား..ခင်ဗျားက..။မဟုတ်ဘူးပေါ့..။ဒါဆို မိန်းကလေး သူငယ်ချင်းရောရှိလား..။ဘာပြောတာ ? ။တကယ်လား..။ကောင်းပြီလေ..ကျုပ်မှာရှိတဲ့ ပစ္စည်းနဲ့ဆိုရင် ဒါကို ကူညီပေးနိုင်လိမ့်မယ်..။အိုး..ဒါက ဘာလဲ..။ခင်ဗျား ဒါကို တစ်ချက်ကြည့်ကြည့်ချင်လား..”

လူတွေပိုပို ရောက်လာပြီး သာမန်ပစ္စည်းတွေကို ကြည့်လာခဲ့ကြတယ်။ဒီအရာတွေက အိပ်မက်ကမ္ဘာထဲမှာ ရနိုင်စရာ အကြောင်းမရှိတာကြောင့်..အဖိုးတန် ပစ္စည်းတွေ ဖြစ်လာခဲ့ပြီး..သူတို့ရဲ့မျက်လုံးထဲမှာ တဏှာနဲ့ ဆင်တူတဲ့ အရာတွေ ရှိနေခဲ့တယ်။ဆန်နီ ကတော့..လောဘတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။

“စကားမစပ်..အံ့ဩစရာ ကုန်စည်ပြပွဲကနေ..သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မူကိုလည်း ကြေညာပါရစေ..။အစစ်အမှန်ကမ္ဘာပေါက အဖိုးတန်တဲ့အရာတစ်ခုခုကို..လိုချင်တာလား..။ပြသနာ မရှိဘူး..။အဲဒီအစား အစစ်အမှန် ကမ္ဘာဆီကို တစ်ခုခု ပို့ချင်တာလား..။ဒါကလည်း ပြသနာ မဟုတ်ဘူး..။ဒါတွေက အကျိုးဆောင်ခ ပမာဏ နည်းနည်းလောက်ပဲ ပေးကြရမှာ..”

‘ငါတော့ ချမ်းသာတော့မယ်..။အရမ်း..အရမ်း ချမ်းသာတော့မယ်..’

ဟုတ်ပါတယ်..အစစ်အမှန်ကမ္ဘာမှာ ဝိဥာဥ်အမြုတေတွေက တကယ်ကို ရှားပါးတဲ့ အရာတွေပါ..။

သို့ပေမယ့်..အိပ်မက်ကမ္ဘာထဲက..ကောင်းမွန်တဲ့ အောက်ခံအဝတ်တစ်စုံက ဒီထက်တောင် ပိုပြီး တန်ဖိုးရှိနေတာ ဖြစ်နိုင်ပါတယ်။

အပိုင်း ( ၄၆၅ ) ပြီး၏။

All Chapters