← Chapters

တံခါးပိတ်ကျင့်ကြံခြင်း

Vol. 016 Ch. 1567

တံခါးပိတ်ကျင့်ကြံခြင်း

Vol. 016 Ch. 1567

ရီဖူရှင်းသည် ထိုက်ရွှမ်အိမ်တော်သခင်၊ တေးသံသာအင်ပါယာ တို့နှင့် ပထမဆုံး စတင်တွေ့ဆုံခဲ့စဥ်ကို တွေးမိသည့်အခါ စိတ်လှုပ်ရှားသွားမိလေသည်။

သူ ပထမဆုံးအကြိမ် ထိုက်ရွှမ်အိမ်တော်သခင်ကို တွေ့ဆုံစဥ်က သူသည် တေးသွားတစ်ပုဒ်ကို တီးခတ်နေခဲ့သည်။ ထို့နောက် သူမက သူ့ကို ထိုက်ရွှမ်တောင်ဆီသို့ ခေါ်ဆောင်လာခဲ့သည်။

သူက တေးသံသာစံအိမ်၌ တေးသံသာအင်ပါယာ နှင့် တွေ့ဆုံခဲ့ပြီး ကျော်ကြားသည့် ကု့ချင်းတစ်လက်ပေးကာ တေးသံသာစံအိမ် အတွင်း မည်သည့်အရာကိုမဆို ယူဆောင်နိုင်ကြောင်း ပြောခဲ့သည်။

ထိုအချိန်တွင် သူက ဂီတပညာရှင်​လေးတစ်ဦးသာ ဖြစ်ကာ ထိုက်ရွှမ်တောင်၏ တပည့်တစ်ဦး မဟုတ်ပေ။ သို့သော် သူတို့နှစ်ယောက်က သူ မည်သူဖြစ်ကြောင်း အရေးမစိုက်ခဲ့ကြချေ။ ထိုသည်မှာ ယခုလည်း အတူတူပင် ဖြစ်၏။ သူက မည်သူပင် ဖြစ်စေ အရေးမကြီးပေ။ သူက ထိုက်ရွှမ်တောင်တွင် ကျင့်ကြံနေသည့်အတွက် သူက သူတို့၏ တပည့်ဖြစ်ကာ ရွှေရောင်နတ်ပြည်ထောင်က သူ့ကို ထိခိုက်နာကျင်စေရန် လုပ်ဆောင်နေသည်ကို ခွင့်ပြုလိမ့်မည် မဟုတ်ပေ။

လင်ရှောင်းမြို့မှ လူများ၏ မျက်နှာထက်တွင် အံ့အားသင့်သည့် အကြည့်တို့ ဖြစ်ပေါ်လာသည်။

တေးသံသာအင်ပါယာ နှင့် ဧကရီယန်တို့က ရီဖူရှင်း၏ သရုပ်မှန်ကို သိပင် မသိကြပေ။ ကြည့်ရသည်မှာ သူက အရှင်ထိုက်ရွှမ်၏ လျှို့ဝှက်တပည့် ဖြစ်ဟန်မတူပေ။

သူက အလွန် အရည်အချင်း ရှိလှသည်။ သူသည် ကောင်းကင်အာဏာစက်ဘုံမှ လာခဲ့ပြီး ထိုနေရာ၌ အစွမ်းထက်ဆုံး တန်ခိုးရှင်တစ်ဦး ဖြစ်နိုင်သည်။ ယန်စွေ့က သူ့ကို သတိပြုမိခဲ့ပြီး အင်အားစုကြီးများမှ ရန်ဟောင်များသည်လည်း သူ့အကြောင်းကို အနည်းငယ် သိရှိကြပုံပေါ်သည်။

ထိုမျှ ထူးချွန်သော ပါရမီအရည်အချင်းမျိုးနှင့် သူသည် ကောင်းကင်အာဏာစက်ဘုံ၌ လူမသိသူမသိ တန်ခိုးရှင်ငယ်လေး ဖြစ်နေမည်တော့ မဟုတ်ပေ။

သာမန်တန်ခိုးရှင်လေး တစ်ဦးက မည်သို့ဖြစ်၍ ထိုမျှ အရည်အချင်းရှိကာ အစွမ်းထက်နိုင်မည်နည်း။

ယခု ထိုက်ရွှမ်တောင်က သူ့ကို သေချာပေါက် ကာကွယ်ပေးလိမ့်မည်ဟု ထင်မှတ်ရပေသည်။

ရွှေရောင်နတ်ပြည်ထောင်မှ ရန်ဟောင်များသည်လည်း ထိုအဖြစ်ကို သေချာမြင်တွေ့ပေသည်။ တေးသံသာအင်ပါယာ နှင့် ဧကရီယန်နှစ်ယောက်လုံးက မည်သူကမှ ရီဖူရှင်းကို နာကျင်အောင် လုပ်မည်ကို မလိုချင်သည့်အတွက် ထိုသို့ဖြစ်မလာစေရန် အကောင်ံးဆုံးကြိုးစားလိမ့်မည် ​ဖြစ်သည်။

ထိုသည်မှာ သူတို့၏ သဘောထားဖြစ်သလို ထိုက်ရွှမ်တောင်၏ သဘောထားလည်း ဖြစ်သည်။ အရှင်ထိုက်ရွှမ်၏ ဤတပည့်များသည် အလွန်အစွမ်းထက်ကြပြီး သူတို့က ထိုက်ရွှမ်တောင်ကို ကိုယ်စားပြုသည်။

အတိတ်တွင် ရွှေရောင်နတ်ပြည်ထောင်သည် ထိုက်ရွှမ်တောင်၏ သဘောထားကို ဂရုစိုက်လိမ့်မည် မဟုတ်ပေ။ သို့သော် ယခုတွင် ကိစ္စများက ကွဲပြားသွားပြီ ဖြစ်သည်။ အရှင်ထိုက်ရွှမ်က နောက်တစ်ဆင့်သို့ ချိုးဖျက်ဝင်ရောက်သွားသည့်အခါ၌ အရာအားလုံးက ပြောင်းလဲသွားခဲ့ပေသည်။

ထိုက်ရွှမ်တောင်၏ အဆင့်အတန်းက ယခင်နှင့် တူညီနေတော့မည် မဟုတ်ပေ။

“အရှင်ထိုက်ရွှမ်အနေနဲ့ နတ်ဘုရားနန်းတော်ရဲ့ ယှဥ်ပြိုင်ပွဲဖိတ်ကြားချက်ကို လက်ခံပြီး ဂျူနီယာလေးတွေကို လမ်းစဥ်ဖော်ဆောင်ခြင်းနယ်မြေ ခရီးမှာ ပါဝင်စေတယ်ဆိုတာ ရခဲလှတဲ့ အခွင့်အရေးပဲ။ သူက တခြားလူတွေကို ဆန့်ကျင်ပြီး သူ့ကိုယ်သူ စမ်းသပ်ဖို့ အခွင့်အရေးနဲ့ အထက်ကောင်းကင်ဘုံရဲ့ အစွမ်းထက် လူငယ်လေးတွေကို တွေ့မြင်ရဖို့ လက်လွှတ်ချင်မှာ မဟုတ်တာ သေချာတယ်။” နတ်ဂီတနန်းတော်၏ နန်းတော်သခင် အသံက ထွက်ပေါ်လာသည်။ “ကျုပ်တို့ ပြောသလိုပဲ သူက နတ်ဘုရားနန်းတော်မှာ ဧည့်သည်အဖြစ်ရောက်နေတယ်။ တခြား အင်အားစုတွေ အားလုံးက လူတွေလည်း ဒီမှာ ရောက်နေကြတယ်။ အဲဒါကြောင့် ဒီလို ကြည်နူးဖို့ကောင်းတဲ့ အခြေအနေကို ဘာလို့ နှောက်ယှက်တော့မှာလဲ။ နတ်ဘုရားနန်းတော်ကို နည်းနည်းလောက် မျက်နှာသာပေးပြီးတော့ ဒီကိစ္စကို ဒီမှာပဲ ရပ်လိုက်လို့ မရဘူးလား။”

အခြေအနေက မလူးသာမလွန့်သာ ဖြစ်နေခဲ့ပြီ ဖြစ်သည်။ မည်သူကမှ စတင်၍ လှုပ်ရှားလိုကြမည် မဟုတ်ပေ။ ဤကိစ္စတွင် ရွှေရောင်နတ်ပြည်ထောင်က သိသာစွာ မှားယွင်းခဲ့သည်။ ကိုက်ရှီက ရီဖူရှင်းကို တိုက်ခိုက်ခဲ့သော်လည်း သူတို့က မအောင်မြင်ဘဲ အကြီးအကျယ် ရှုံးနိမ့်ကာ စော်ကားခံခဲ့ရသည့်အပြင် သူတို့၏ အစွမ်းထက်ဆုံး ကျင့်စဥ်ကလည်း ခိုးယူခံခဲ့ရသည်။ ထိုသည်မှာ သူတို့ လုပ်ခဲ့​သော အရာအတွက် ကြီးမားသည့်တန်ဖိုးကို ပေးဆပ်ရသည်ဟု ဆိုနိုင်သည်။

ထိုက်ရွှမ်တောင်က သူ့ကို ကာကွယ်မပေးခဲ့လျှင် ရီဖူရှင်းက သေလူဖြစ်နေလိမ့်မည် ဖြစ်သော်လည်း ထိုက်ရွှမ်တောင်က ဆုံးဖြတ်ချက် ပြတ်သားစွာနှင့် ရန်ဟောင်များနှင့် ဆက်လက်တိုက်ခိုက်ရန် လုပ်ဆောင်ခဲ့ပြီး အရှင်ထိုက်ရွှမ် ကိုယ်တိုင်ကလည်း ရောက်လာခဲ့သည်။

ရွှေရောင်နတ်ပြည်ထောင်က ထိုစော်ကားမှုကို လက်သင့်ခံရပေမည်။ ကိုက်ရှီကိုယ်တိုင်က လုံလောက်အောင် သန်မာမှု မရှိခဲ့ခြင်း ဖြစ်သည်။

နတ်ဂီတနန်းတော်၏ နန်းတော်သခင်သည် ဖျန်ဖြေသူအဖြစ် သရုပ်ဆောင်နေသည်။ ရွှေရောင်နတ်ပြည်ထောင်၏ နတ်စစ်သူကြီးသည်လည်း ထိုအကြောင်းကို နားလည်သည့်အတွက် သူက ရီဖူရှင်းကို ကြည့်ကာ ပြောလိုက်သည်။ “မင်း ငါတို့ရဲ့ ကျင့်စဥ်ကို သုံးတာ မမြင်ချင်သလို တခြား ဘယ်သူ့လက်ထဲကိုမှ ရောက်သွားတာလဲ မမြင်ချင်ဘူး။ သေချာစဥ်းစား။”

ရီဖူရှင်း၏ မျက်လုံးများထဲမှ တောက်ပသည့် အလင်းများ ထွက်ပေါ်လာပြီး နတ်စစ်သူကြီး၏ အသံတွင် ခြိမ်းခြောက်မှုတို့ ပါဝင်နေသည်။ စစ်သူကြီးက ဆက်ပြောလိုက်၏။ “နတ်ဂီတနန်းတော်သခင်က ပြောပေးနေမှတော့ ကျုပ်တို့ ဒီကိစ္စကို ဒီနေရာမှာ အဆုံးသတ်လိုက်မယ်။ သွားကြစို့”

ထိုသို့ ပြောလိုက်ပြီးနောက် သူက လှည့်ထွက်ကာ အဝေးသို့ လျှောက်သွားခဲ့သည်။ ရွှေရောင်နတ်ပြည်ထောင်မှ တန်ခိုးရှင်များက ရီဖူရှင်းကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ပြန်လှည့်ကာ သူ့နောက်သို့ လိုက်သွားလေသည်။ တောက်ပသည့် ရွှေရောင်အလင်းတို့က ကောင်းကင်တွင် လင်းလက်လာပြီးနောက် သူတို့က ပျောက်ကွယ်သွားလေသည်။

ထိုအချိန်တွင် ရှီလင်နတ်မြို့တော်မှ မင်းသားက ရီဖူရှင်းကို ကြည့်ကာ အေးစက်သည့် အသံနှင့် ပြောလိုက်သည်။ “နောက်တစ်ခါ ထပ်တွေ့ဖို့ စောင့်နေမယ်” ထို့နောက် သူက သူ့လူများနှင့်အတူ ထွက်ခွာသွားခဲ့သည်။

“ကြွက်တစ်အုပ်ကများ” တေးသံသာအင်ပါယာ က သရော်လိုက်သည်။ သူသည် ယခင်က ရှီလင်နတ်မြို့တော်၏ ရက်စက်သော တိုက်ခိုက်မှုတို့အတွက် ခံပြင်းနေဆဲ ဖြစ်သည်။ ထိုအချိန်က ဆရာသည် သူတို့အား ပေါ့ပေါ့ပါးပါးသာ အပြစ်ပေးခဲ့ပြီး ထိုကိစ္စကို ဆက်မလိုက်ခဲ့သော်လည်း သူသာဆိုလျှင် ထိုမျှလောက်နှင့် လွှတ်ပေးလိမ့်မည် မဟုတ်ပေ။ သူက ရှီလင်နတ်မြို့တော်မှ လူများအားလုံးကို တစ်သက်မမေ့နိုင်လောက်အောင် သင်ခန်းစာ ပေးပစ်လိုက်မည် ဖြစ်သည်။

ဤနေရာတွင် အားလုံးသော အင်အားစုကြီးများမှ လူအများတို့ ရောက်နေကြပြီး အများစုမှာ ရန်ဟောင်များ ဖြစ်ကြသည်။ သူတို့က ရီဖူရှင်းကို ကြည့်နေကြ၏။ ဤကောင်းကင်အာဏာစက်ဘုံမှ လာခဲ့သော မာနကြီးကြီး တန်ခိုးရှင်က နတ်ဘုရားနန်းတော်၏ ဘိုးဘေးနယ်မြေသို့ပင် ဝင်ရောက်နိုင်ခဲ့သည်။ အနာဂတ်တွင် သူက ဟွမ်ကျုံးကဲ့သို့ ဖြစ်လာပေလိမ့်မည်။

ဧကရီယန်၏ အရှိန်အဝါက ပျောက်ကွယ်သွားပြီး သူမက တေးသံသာအင်ပါယာ ၏ ဘေးသို့ လျှောက်လာခဲ့သည်။ “ကျွန်မတို့ နတ်ဘုရားနန်းတော်ကို ပြန်မှာလား” သူမက မေးလိုက်သည်။ “မဟုတ်ရင် ထိုက်ရွှမ်တောင်ကို ပြန်မှာလား”

“ထိုက်ရွှမ်တောင်ကို ပြန်ရအောင်။ ဆရာက သူ့ဘာသာ ပြန်လာလိမ့်မယ်” တေးသံသာအင်ပါယာ က ပြောလိုက်သည်။ တောက်ပသည့် နတ်အလင်းတို့က လင်းလက်လာပြီး ဖီးနစ်နှစ်ကောင်က သူ့ရှေ့သို့ ဆင်းသက်လာခဲ့သည်။ သူက ရီဖူရှင်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။ “ကျုပ်တို့ ထိုက်ရွှမ်တောင်ကို ပြန်ကြမယ်”

ရီဖူရှင်းက ခေါင်းညိတ်လိုက်၏။ “ကောင်းပါပြီ”

ဧကရီယန်က ဝမ်ရှိုးရီနှင့် ထိုက်ရွှမ်တောင်မှ အခြားသူများကို ကြည့်လိုက်သည်။ “ဘာကို စောင့်နေသေးတာလဲ”

အဆုံး၌ သူတို့အားလုံး လှုပ်ရှားလိုက်ကြသည်။ သူတို့အားလုံးသည် ဖီးနစ်တို့ပေါ်သို့ တက်ရောက် စီးနင်းလိုက်၏။ အော်မြည်သံနှင့်အတူ ဖီးနစ်က လေထဲသို့ တက်ကာ အဝေး ပျံသန်းသွားတော့သည်။

အားလုံးသော တန်ခိုးရှင်များက ထွက်ခွာသွားကြသည်။ တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့သည့် နေရာက အကြီးအကျယ် ပျက်စီးနေကာ သူတို့အားလုံးကို သက်ပြင်းချလိုက်မိစေသည်။ ဤတိုက်ပွဲသည် ရီဖူရှင်းနောက်သို့ လိုက်သည့် တစ်စုံတစ်ယောက်ကြောင့် စတင်ခဲ့ခြင်း ဖြစ်သော်လည်း ထိုအချင်းအရာမှနေ၍ သူတို့အားလုံးသည် အင်အားစုကြီးများကြားမှ သွေးကွဲနေမှုကို မြင်နိုင်ကြပေသည်။ အနာဂတ်၌ ပြဿနာအချို့ ကျိန်းသေ ဖြစ်ပေါ်လာပေလိမ့်မည်။

ဖီးနစ်၏ ကျောပေါ်၌ ဧကရီယန်သည် ရီဖူရှင်းကို စိတ်ဝင်တစား ကြည့်လိုက်သည်။ သူမက သူ့ကို ကြည့်နေသည်အား မြင်သည့်အခါ သူက မျက်လုံးများကို မှေးစင်းလိုက်သည်။

“အဖြူရောင်ဆံပင် အဖြူရောင်ဝတ်စုံနဲ့ တော်ဝင်ဆန်တဲ့ အရှိန်အဝါရှိတယ်” သူမက သဘောတကျ ပြောလိုက်သည်။ “နင်က အရင်ကထက်ပိုပြီး အများကြီး ချောလာတာပဲ”

ရီဖူရှင်း၏ မျက်နှာက မည်းမှောင်သွားသည်။ သူက သူ့ဘေးမှ  တေးသံသာအင်ပါယာ ကို မသိမသာ ခိုးကြည့်လိုက်သည်။ ဧကရီယန်က အမျိုးသမီးတစ်ဦး ဖြစ်သော်လည်း အတော်လေး မတော်မရော် ပြောဆိုတတ်သည်ကို သတိပြုမိလိုက်သည်။

ဝမ်ရှိုးရီနှင့် အခြားလူများကလည်း ရှက်ရွံ့နေကြသည်။ စတုတ္ထသခင်မလေးက သူမ၏ လှည့်စားမှုနည်းလမ်းဟောင်းကြီးကို သုံးနေပြန်လေသည်။

သို့သော် ရီဖူရှင်းသည် ရှန်ကျင်းဖြစ်နေစဥ်ကထက် ပို၍ ကြည့်ကောင်းလာသည်မှာ အမှန်ပင် ဖြစ်၏။ သူ၏ အရှိန်အဝါက ပို၍ ထက်မြက်လာကာ ငွေဖြူရောင်ဆံပင်တို့ကလည်း သူ့ကို ပိုမို ဆွဲဆောင်မှုရှိစေပြီး သူရဲကောင်းဆန်ပုံပေါ်စေသည်။

“စိတ်မပူပါနဲ့။ အခုချိန်ကစပြီး ငါ နင့်ကို ကောင်းကောင်းဂရုစိုက်ပါ့မယ်” ဧကရီယန်က သူ၏ ပုခုံးကို ပုတ်လိုက်သည်။ ရီဖူရှင်းသည် သူ့ကို တေးသံသာအင်ပါယာ က သေအောင် ရိုက်သတ်မည်အား ကြောက်ရွံ့သွားလေသည်။

သူတို့နှစ်ယောက်ကြား၌ မည်သည့် ဆက်ဆံရေးရှိသည်ကို ကောင်းကင်သာ သိပေလိမ့်မည်။ မည်သည့်ကိစ္စကမှ ရိုးရှင်းမနေနိုင်ပေ။

“အိမ်တော်သခင်၊ အရှင်ထိုက်ရွှမ်က နတ်ဘုရားနန်းတော်မှာလား။” ရီဖူရှင်းက မေးလိုက်သည်။ သူက အသက်ရှင်နိုင်ရန် ဆန္ဒပြင်းပြစွာဖြင့် စကား အကြောင်းအရာကို ပြောင်းပစ်လိုက်သည်။

“ဟုတ်တယ်။ နတ်ဘုရားနန်းတော်ရဲ့ နန်းတော်သခင်က လက်ရည်စမ်းပွဲ အတွက် ဖိတ်ကြားခဲ့တာ။ အင်အားစုကြီးတွေက ရန်ဟောင်တွေ အပါအဝင် လူအများကြီး ကြည့်ဖို့ သွားကြတယ်။ အဲဒါက ဘာလို့ ဒီနေရာမှာ ရန်ဟောင်တွေ အများကြီး ရောက်နေရလဲဆိုတာပဲ။” ဧကရီယန်က ပြန်ဖြေလိုက်သည်။ “နင် နတ်ဘုရားနန်းတော်ရဲ့ ဘိုးဘေးနယ်မြေထဲကို တကယ် ဝင်ခဲ့တာလား။ ဘိုးဘေးနယ်မြေရဲ့ နတ်ဘုရားကျောင်းဆောင်ထဲကိုလေ”

ရီဖူရှင်းက သူမကို ကြည့်ကာ ခေါင်းညိတ်လိုက်သည်။

“အဲဒီမှာ ဘယ်လိုလဲ” သူမက သူ့ကို မျှော်လင့်ချက်အပြည့်နှင့် ကြည့်လိုက်သည်။ သူမကို ကြည့်ရသည်မှာ ကျောင်းဆောင်အတွင်းရှိ အရာများကို အလွန် စိတ်ဝင်စားနေပုံရသည်။

“နတ်ဘုရားနန်းတော်ရဲ့ ကျင့်စဥ်အမွေအနှစ်တွေပါပဲ” ရီဖူရှင်းက ပြောလိုက်သည်။

“ဒါပဲလား” ရီဖူရှင်း အဖြေက သူမ၏ သိချင်စိတ်ကို ကျေနပ်ရလောက်အောင် မရှင်းလင်းပေ။ သူတို့၏ အစွမ်းထက် ကျင့်စဥ်များ ထိုနေရာတွင် ရှိနေခြင်းက သေချာပေါက် ဖြစ်မည် ဖြစ်သော်လည်း ထိုနေရာ၌  ၎င်းက အကုန်ပေလား။

သို့ဆိုလျှင် သူတို့က မည်သည့်အတွက် ထိုမျှ သိုဝှက်ထားရသနည်း။ အလွန် နည်းပါးသော လူအနည်းငယ်သာ ဘိုးဘေးနယ်မြေ နတ်ဘုရားကျောင်းဆောင်အတွင်း ဝင်ရောက်နိုင်ပေသည်။

သူမသည် ထိုနေရာတွင် မည်သည့် လျှို့ဝှက်ချက်မှ မရှိဟု မယုံကြည်ပေ။

ရီဖူရှင်းက အကူအညီမဲ့သွားသလို ခံစားလိုက်ရသည်။ “အိမ်တော်သခင် ဒါက...”

သူက နတ်ဘုရားနန်းတော်၏ လျှို့ဝှက်ချက်ကို စိတ်တိုင်းကျ ဖော်ထုတ်၍ မရနိုင်ပေ။

“ညီမလေး” တေးသံသာအင်ပါယာ က ပြောလိုက်သည်။ “ရီဖူရှင်းက ဘိုးဘေးနယ်မြေ နတ်ဘုရားကျောင်းဆောင်ကို ဝင်ရောက်နိုင်ခဲ့တာ သူ့ ကံကောင်းလို့ပဲ။ ဒါကြောင့် သူက သူတို့ရဲ့ လျှို့ဝှက်ချက်ကိုတော့ ထိန်းသိမ်းပေးရလိမ့်မယ်။ အစ်ကိုတို့က ယဥ်ကျေးမှုမရှိ သူ့ကို အတင်းဖိအားမပေးသင့်ဘူး”

ဧကရီယန်က သူ့ကို ကြည့်လိုက်ပြီးနောက် စိတ်ဝင်စားမှုတို့ ပျောက်ဆုံးသွားဟန်ဖြင့် ပြောလိုက်သည်။ “ပျင်းစရာကောင်းလိုက်တာ”

သို့သော် သူမက ထပ်၍ တွန်းအားမပေးတော့ပေ။ သူမက တစ်ဖက်သို့ လျှောက်သွားကာ ထိုင်ချလိုက်သည်။

“နတ်ဘုရားနန်းတော်ရဲ့ ဘိုးဘေးကျောင်းဆောင်က ကျင့်ကြံခြင်းနဲ့လည်း ဆက်စပ်နေတယ်” ရီဖူရှင်းက ပြုံးကာ ထပ်မပြောတော့ပေ။ သူက နောက်ထပ် ထုတ်ဖော်ဖို့ရာ မတတ်နိုင်တော့ချေ။ သူက ပြောပြချင်လျှင်ပင် ၎င်းက အဓိက လျှို့ဝှက်ချက် ဖြစ်နေသည်။ နတ်ဘုရားနန်းတော်က သူ့ကို ဝင်ရောက်ရန် မတားမြစ်ခဲ့သည့်အတွက် သူက အခြားသူများအား ထိုလျှို့ဝှက်ချက်ကို လွယ်လွယ်ကူကူ ပေးအပ်ခဲ့လျှင် အတော်လေး ရိုင်းစိုင်းရာ ကျပေလိမ့်မည်။

ဧကရီယန်သည်လည်း ထိုအကြောင်းကို သတိပြုမိပေသည်။ သူက မလေးမစားမပြုမူလိုသည်ဖြစ်ရာ သူမကလည်း ထပ်မမေးတော့ပေ။

ဖီးနစ်များက လေထဲတွင် လျင်မြန်စွာဖြင့် ထိုက်ရွှမ်တောင်ရှိရာသို့ ပျံသန်းနေခဲ့သည်။

နတ်ဘုရားနန်းတော်အတွင်း လင်ရှောင်းမြို့၌ ဖြစ်ခဲ့သောအရာများက လျင်မြန်စွာဖြင့် ပျံ့နှံ့သွားခဲ့၏။ ယန်စွေ့ ပြန်ရောက်လာသည့်အခါ သူက ရိထျန်းယွီကို သွားရှာခဲ့သည်။

ထိုအချိန်၌ ရိထျန်းယွီက နန်းတော်ခန်းမရှေ့တွင် မတ်တပ်ရပ်နေခဲ့၏။ သူက ရှန်ကျင်းသည် ရီဖူရှင်း ဖြစ်ကြောင်း ကြားလိုက်ရသည့်အခါ မည်သို့ ပြောရမည်ကိုပင် မသိတော့ပေ။

သူသည် နတ်ဘုရားနန်းတော်၌ ရှန်ကျင်း လုပ်ခဲ့သမျှအားလုံးကို သဘောကျနှစ်သက်ခဲ့သည်။ ရှန်ကျင်းက အလွန် ထူးချွန်ထက်မြက်သည့် အရည်အချင်းရှိကာ အလွန်လည်း မာနကြီးပေသည်။

ရှန်ကျင်းက သူ့ကို မျက်နှာသာမပေးခဲ့သော်လည်း သူက မည်သို့ အပြစ်တင်နိုင်ပါမည်နည်း။ မည်သူကရော သူတို့၏ နှလုံးသားထဲ၌ မောက်မာဝံ့ကြွားမှုတို့ မရှိဘဲနေသနည်း။

ထို့ပြင် ယခုတွင် သူက ဘာကြောင့်ဟု သိခဲ့ရပြီ ဖြစ်သည်။

ရီဖူရှင်းက အလွန်လျင်မြန်စွာ တိုးတက်လာခဲ့ပြီး ပြန်လည်မွေးဖွားခြင်း အဆင့်သို့ပင် ရောက်ရှိနေကာ နတ်ဘုရားနန်းတော်၏ ဘိုးဘေးနယ်မြေသို့ ဝင်ရောက်၍ ဓား ရှစ်ဆယ့်တစ်လက်ကို သဘောပေါက် နားလည်ခဲ့သည်။

ထိုအချိန်တွင် သူက ဖိအားအောက်၌ ရောက်နေသကဲ့သို့ ခံစားရပေသည်။

လီတောက်စီနှင့် ကိုက်ရှီ နှစ်ယောက်လုံး ရီဖူရှင်းထံတွင် ရှုံးနိမ့်ခဲ့ရသည်။ သူနှင့် ရီဖူရှင်းက ယခု တိုက်ခိုက်လျှင် အဖြေက မည်သို့ ထွက်လာမည်နည်း။

ထိုနေ့က အနှေးနှင့်အမြန် ရောက်လာမည် ဖြစ်သည်။

“ရှင် ဘာတွေးနေတာလဲ” သူ့ဘေးမှ ယဲ့မန်က ခပ်တိုးတိုး ပြောလိုက်သည်။

“ငါ တံခါးပိတ်ကျင့်ကြံဖို့ သွားသင့်ပြီ” ရိထျန်းယွီက ပြောလိုက်သည်။

ယဲ့မန်က ခေါင်းညိတ်လိုက်သည်။ “အာ.. ကျွန်မလည်း ရှင်နဲ့အတူ သွားမယ်”

“ကောင်းတာပေါ့” ရိထျန်းယွီက လှည့်ထွက်သွားသည်။ သူက ရန်ဟောင်အဆင့်သို့ အလျင်အမြန် ရောက်ရန် လိုပေသည်။

ရီဖူရှင်းက ထိုက်ရွှမ်တောင်သို့ ပြန်ရောက်သည့်အခါ တေးသံသာစံအိမ် မှာပင် ဆက်လက်ကျင့်ကြံခဲ့သည်။ သူက အနှောက်အယှက်ကြီး ကြုံခဲ့ရသော်လည်း သူက အာရုံစိုက်သည့်အရာက မည်သည့်အခါမှ ပြောင်းလဲသွားမည် မဟုတ်ပေ။ သူက ယခင်က ကဲ့သို့ပင် သိုသိုသိပ်သိပ် နေထိုင်ရန် ဆက်လက်ကျင့်ကြံရန် လိုအပ်သည်။

ယခု သူ၏ သရုပ်မှန်က ဖော်ထုတ်ခံလိုက်ရပြီ ဖြစ်၏။ ထိုက်ရွှမ်တောင်က သူ့ကို ကာကွယ်ပေးထားသော်လည်း သူက ရွှေရောင်နတ်ပြည်ထောင်ကို ဆန့်ကျင်ခဲ့သည်ဖြစ်ရာ သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်းရှိရန် ရန်ဟောင်အဆင့်သို့ မြန်မြန်ဆန်ဆန် ရောက်ရှိရန် လိုပေသည်။

ထိုက်ရွှမ်တောင်မှ လူများသည် ရီဖူရှင်း လုပ်ခဲ့သည့် ကိစ္စများကို ဆွေးနွေးနေကြသည်။ သူက ထိုနေရာ၌ လျင်မြန်စွာ ကျော်ကြားလာပြီး လူအများက တေးသံသာစံအိမ် သို့ လာရောက်ကာ သူ့ထံ လာလည်ကြသည်။ သို့သော် သူနှင့်အတူ နတ်ဘုရားနန်းတော်မှ လိုက်ပါလာသည့် ရာရာက ထိုလူများအားလုံးကို နှင်လွှတ်ခဲ့၏။ သူမသည် သူတို့အားလုံးကို ရီဖူရှင်း တံခါးပိတ်ကျင့်ကြံနေသည် ဟူသော တူညီသည့် အဖြေတစ်ခုကိုသာ ပေးခဲ့သည်။

လူတိုင်းက ထိုအဖြစ်ကြောင့် စိတ်မကောင်းဖြစ်ကြသော်လည်း သူတို့သည် ထိုသို့ ကျင့်ကြံနေခြင်းက ရီဖူရှင်းအတွက် အသင့်တော်ဆုံးဖြစ်ကြောင်း သတိပြုမိကြသည်။ ဤမျှ ကျော်ကြားသည့်သူက မာနကြီးရန် အခွင့်အရေး ရှိပေသည်။

အရှင်ထိုက်ရွှမ်သည် ထိုက်ရွှမ်တောင်သို့ ပြန်ရောက်လာသော်လည်း သူက ရီဖူရှင်းကို မရှာခဲ့ပေ။ သူသည် နတ်ဘုရားနန်းတော်၌ မည်သည်မှ မဖြစ်ခဲ့သလို ကိုယ်ပိုင် ကျင့်ကြံမှု၌ အလုပ်ရှုပ်နေခဲ့သည်။

အရာအားလုံးက ယခင်ကကဲ့သို့ပင် ဖြစ်ပျက်နေခဲ့သည်။

ထို့ပြင် ဤတစ်ကြိမ်၌ ရီဖူရှင်းက ကာလရှည် အချိန်တစ်ခုထိ တံခါးပိတ်ကျင့်ကြံရန် စီစဥ်ခဲ့သည်။ ရိထျန်းယွီနှင့် ကောင်းကင်အာဏာစက် ပြည်ထောင်သည်လည်း သူက ထိုက်ရွှမ်တောင်၌ ရှိနေကြောင်းကို အနှေးနှင့်အမြန် ကြားသိသွားမည် ဖြစ်သည်။ ဤအခြေအနေအောက်တွင် သူသည် ဤတောင်ပေါ်မှ ဆန္ဒရှိသလို ထွက်ခွာသွား၍ မရနိုင်ပေ။ ထို့ကြောင့် သူ လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ ကျင့်ကြံခြင်းပင် ဖြစ်၏။

သူက မဟာလမ်းစဥ် ခန္ဓာကိုယ်နှင့် လမ်းစဥ်ဝိညာဥ် ဖန်တီးရန် စီစဥ်ထားသည်။ သူက ရန်ဟောင်တစ်ပါး ဖြစ်လာနိုင်ပါက အကောင်းဆုံး ဖြစ်လိမ့်မည်။ အကယ်၍ သူ မလုပ်နိုင်သေးပါက လုပ်နိုင်သည့်တိုင်အောင် ထွက်လာလိမ့်မည် မဟုတ်ပေ။

***

All Chapters