← Chapters

တာအိုဆရာ ဝူချန်

Vol. 12 Ch. 180

တာအိုဆရာ ဝူချန်

Vol. 12 Ch. 180

“တံခါးရှစ်ချပ်ဂိုဏ်းချုပ်များက သခင်ကို ဂါရဝပြုပါတယ်။”

“နန်းတော်ကိုးခုသခင်များက သခင်ကို ဂါရဝပြုပါတယ်။”

“ပါ့ကွားသခင်များက သခင်ရဲ့အမိန့်အတိုင်း လာရောက်ကူညီပါတယ်…”

“…”

မျက်စိတစ်မှိတ်အတွင်းမှာ တာအိုပေါင်းစည်းခြင်း နှောင်းပိုင်းအဆင့် လက်အောက်ငယ်သားတွေက ဟင်းလင်းပြင်လမ်းကြောင်းကို ဖြတ်သန်းပြီး ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်ကနေ ရောက်လာကြတယ်။ သူတို့ကအလင်းတန်းတွေလိုမျိုး ဟင်းလင်းပြင်လမ်းကြောင်းထဲကနေ ပျံထွက်လာတယ်။

အားလုံးက ချီမင်ရဲ့ရှေ့မှာ ပေါ်လာကြတယ်။

သူတို့က ချီမင်ကို တစ်ညီတစ်ညွတ်တည်း ဦးညွှတ်ပြီး အရမ်းကို‌လေးစားတဲ့အသံနဲ့ပြောလိုက်ကြတယ်။ စုစုပေါင်း တာအိုပေါင်းစည်းခြင်း နှောင်းပိုင်းအဆင့် လက်အောက်ငယ်သားအယောက် (၆၀)ရှိတယ်။

သူတို့ထဲမှာ လျှို့ဝှက်နက်နဲတံခါး ကောင်းကင်ဂူက ရှစ်ယောက်၊ ဖုန်းကွယ်ချပ်ဝတ်တန်ဆာကောင်းကင်ဂူက ကိုးယောက်၊ ပါ့ကွားကောင်းကင်ဂူက ရှစ်ယောက်၊ ယင်ယန် ကောင်းကင်ဂူက ကိုးယောက်၊ လေအင်ပါယာကောင်းကင်ဂူက ရှစ်ယောက်၊ ထိုက်ချီ ကောင်းကင်ဂူက ကိုးယောက်နဲ့ အစွန်းနှစ်ဖက်ကောင်းကင်ဂူက ကိုးယောက်ပါဝင်တယ်။

လူတိုင်း ရောက်လာကြတယ်။

“အရမ်းကောင်းတယ်။” ချီမင်က ခေါင်းညိတ်ပြီး အမိန့်ပေးလိုက်တယ် “မင်းတို့အားလုံး တိုက်ခိုက်ပြီး ဒီမှာရှိတဲ့လူတိုင်းကို တားဆီးလိုက်။”

“ဟုတ်ကဲ့။”

“ဟုတ်ကဲ့ပါ!”

“…”

တာအိုပေါင်းစည်းခြင်း နှောင်းပိုင်းအဆင့် လက်အောက်ငယ်သား (၆၀) က တစ်ညီတစ်ညွတ်တည်း ပြန်ဖြေလိုက်ကြတယ်။

“ဒါက…”

“တာအိုပေါင်းစည်းခြင်းအဆင့်၊ သူတို့အားလုံးက တာအိုပေါင်းစည်းခြင်းအဆင့်မှာပဲ…”

“ချီမင်မှာ တကယ်ပဲ ဒီလောက်များတဲ့ တာအိုပေါင်းစည်းခြင်းအဆင့် လက်အောက်ငယ်သားတွေ ရှိတယ်။ ကောင်းကင်လျှို့ဝှက်ချက်မျိုးနွယ်က ဘယ်တုန်းက ဒီလောက် စွမ်းအားကြီးသွားတာလဲ။ ဒါမှမဟုတ် ဒါက ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက် ချန်ထားခဲ့တဲ့ အခြေခံအုတ်မြစ်လား။”

တောင်ထွတ်သခင်ဆယ့်နှစ်ယောက်က ဒီအခြေအနေကြောင့် နောက်တစ်ခါ ထိတ်လန့်သွားကြတယ်။ တောင်ထွတ်အသီးသီးက အမွေခံအကြီးအကဲတွေက လည်းအကူအညီမဲ့နေကြတယ်။ ချီမင်ရဲ့ တာအိုပေါင်းစည်းခြင်း နှောင်းပိုင်းအဆင့် လက်အောက်ငယ်သား (၆၀) နဲ့ ရင်ဆိုင်ရတော့ သူတို့က သူ့ကို သိသိသာသာကိုမတားဆီးနိုင်ဘူး။

“ကိုယ်ပိုင်တပည့်ချီ၊ ခင်ဗျား…”

တောင်ထွတ်သခင်ဆယ့်နှစ်ယောက်က အသက်ကိုပြင်းပြင်းရှူလိုက်ပြီး အထူးသဖြင့် အကူအညီမဲ့ပြီး အင်အားမရှိသလို ခံစားလိုက်ရတယ်။

သူတို့ တကယ်ပဲ သူ့ကို မတားဆီးနိုင်ဘူး။

ဒီအချိန်မှာ စစ်မြေပြင်အပေါ်မှာ ချီမင်ရဲ့ တာအိုပေါင်းစည်းခြင်း နှောင်းပိုင်းအဆင့် လက်အောက်ငယ်သား (၆၀) က တောင်ထွတ်သခင်ဆယ့်နှစ်ယောက်နဲ့ တောင်ထွတ်အသီးသီးက အမွေခံအကြီးအကဲတွေကို ရင်ဆိုင်နေကြတယ်။ နှစ်ဖက်ရဲ့

မမြင်နိုင်တဲ့အရှိန်အဝါတွေက တိုက်ပွဲတစ်ခုအဖြစ် ဖွဲ့စည်းလာပေမယ့် သူတို့ တကယ် မတိုက်ခိုက်ကြ ‌‌ သေးဘူး။

“ချီမင်!!!” နတ်မိမယ်ဖန်ရှီးရဲ့ မျက်လုံးတွေက ကျဥ်း‌ မြောင်းသွားတယ်။ သူမက ချီမင်က ဒီလိုလုပ်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး “နင်ရူးနေတာပဲ။ နင်က တကယ် ရူးနေတာပဲ။ နင် ရူးနေပြီ!”

ချီမင်ရဲ့အကြည့်က တည်ငြိမ်နေပေမယ့် သူ့အမူအရာကအနည်းငယ်အေးစက်နေတယ်။ သူက ခံစားချက်ကင်းမဲ့စွာ ပြောလိုက်တယ် “ခင်ဗျားသာ ကျုပ်ကို ဒါမှမဟုတ် ကျုပ်စီနီယာအစ်မကို မတိုက်ခိုက်ခဲ့ရင် ကျုပ်က ခင်ဗျားကို ဂရုစိုက်ဖို့ ဒီအချိန်နဲ့ အားထုတ်မှုကို ဖြုန်းတီးမှာ မဟုတ်ဘူး။”

“ဒါပေမဲ့…”

“ခင်ဗျားလုပ်ခဲ့ပြီးပြီဆိုတော့ ခင်ဗျားရဲ့လုပ်ရပ်တွေအတွက် တန်ရာတန်ကြေးကို ပေးဆပ်ရမယ်။”

“ကျုပ်က တိုက်ခိုက်ဖို့ စီစဉ်ကတည်းက ခင်ဗျားတို့အားလုံးကို သတ်ပစ်မယ်။ ကျုပ် ခင်ဗျားတို့ကို ဘာအခွင့်အရေးမှ ပေးမှာမဟုတ်ဘူး။”

“သေစမ်း!”

ချီမင်က ကောင်းကင်လျှို့ဝှက်ချက်စုတ်တံကို ညာလက်နဲ့ ကိုင်ပြီး ကောင်းကင်လမ်းကြောင်းခုနစ်ခုရဲ့စွမ်းအားကို နောက်တစ်ခါ စုစည်းလိုက်တယ်။ ကောင်းကင်ဂူလမ်းကြောင်းခုနစ်ခုရဲ့စွမ်းအားကို မှင်အဖြစ်သုံးပြီး သူက ‘သေ’ ဆိုတဲ့စကားလုံးကို လေဟာနယ်ထဲမှာ နောက်တစ်ခါ ချရေးလိုက်တယ်။

တစ်ခဏချင်းမှာပဲ ‘သေ’ ဆိုတဲ့စာလုံးက အသက်ဝင်လာသလိုမျိုး ပြောင်းလဲသွားတယ်။ အဲ့ထဲကိုဝိညာဉ်စွမ်းအင် ထည့်သွင်းပြီးတော့ ခုနစ်ရောင်အလင်းစီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားတယ်။ အဲ့တာက စပါးကြီးမြွေကြီးတစ်ကောင် ဒါမှမဟုတ် နဂါးတစ်ကောင်လိုဖြစ်သွားပြီး ဖျက်ဆီးခြင်းနဲ့ သေခြင်းတရားရဲ့စွမ်းအားတွေ ပါဝင်နေကာနတ်မိမယ်ဖန်ရှီးကို တိုက်ခိုက်လိုက်တယ်။

“တိုက်!”

ဘုန်း! ဘုန်း!

နတ်မိမယ်ဖန်ရှီးက အော်သံကျယ်ကြီးတစ်ခု ထုတ်လွှတ်လိုက်တယ်။ သူမက သူမရဲ့ခွန်အားအားလုံးကို စုစည်းလိုက်တယ်။ ကောင်းကင်ဂူကမ္ဘာသုံးခုရဲ့ အစွမြှင့်တင်မှုနဲ့ သူ့ကိုယ်ပိုင်ခွန်အားရယ်အပြင် နတ်မိမယ်ဖန်ရှီးက သူ့လက်ကို ဝှေ့ယမ်းလိုက်တော့ သူ့ရဲ့ကိုယ်ပိုင်ရတနာက ပေါ်လာတယ်။ အဲ့တာက အဆင့်ကိုးဆင့်ရှိတဲ့ လက်ရာမြောက် ရတနာစေတီတစ်ဆူ ဖြစ်တယ်။ အဲ့တာပေါ်မှာ ဖီးနစ်အမျိုးမျိုးနဲ့ ကြာပန်းတွေ ထွင်းထုထားတယ်။

အဲ့တာကို ဖီးနစ်ကြာပန်း ရတနာစေတီလို့ ခေါ်တယ်။

“ဖီးနစ်ကြာပန်း ရတနာစေတီ၊ သွား။”

ဘုန်း!

နတ်မိမယ်ဖန်ရှီးက သူ့ရဲ့ကိုယ်ပိုင်ရတနာကို ထုတ်ယူပြီး များပြားတဲ့ဓမ္မစွမ်းအားကို ထည့်သွင်းလိုက်တယ်။ ဖီးနစ်ကြာပန်း ရတနာစေတီက လေနဲ့အတူကြီးမားလာပြီး ကြီးမားတဲ့ကြာပန်းဖြူတွေနဲ့ အသက်ဝင်နေတဲ့ဖီးနစ်တွေက သူ့ပတ်လည်မှာ ပေါ်လာတယ်။

ဘန်း ဘန်း ဘန်း!!!

ချီမင်က ‘သေ’ ဆိုတဲ့စာလုံးနဲ့ ပြောင်းလဲထားတဲ့ခုနစ် ရောင်အလင်းစီးကြောင်းက အရမ်းကို ပြင်းထန်တဲ့အရှိန်အဝါ ပါဝင်နေတယ်။ အဲ့တာက စပါးကြီးမြွေလိုလို နဂါးလိုလိုဖြစ်ပြီး အရာအားလုံးကို ဖျက်ဆီးပစ်လိုက်တယ်။ ကြီးမားတဲ့ကြာပန်းဖြူတွေက ပေါက်ကွဲသွားပြီး အသက်ဝင်နေတဲ့ဖီးနစ်က ကြေမွသွားတယ်။ ခုခံဖို့ဆိုတာ မဖြစ်နိုင်ဘူး။

ဘုန်း!

ကျယ်လောင်တဲ့အသံကြီးတစ်ခု ထွက်ပေါ်လာတယ်။

ဖီးနစ်ကြာပန်း ရတနာစေတီက လွင့်စင်သွားပြီး နောက်ပြန်လည်သွားတယ်။ အဲ့တာက နတ်မိမယ်ဖန်ရှီးရဲ့ခန္ဓာကိုယ်နဲ့ တိုက်မိပြီး သူ့ရဲ့ကာကွယ်ရေးအတားအဆီးကို ကြေမွသွားစေတယ်။

“အားးး!!!”

နတ်မိမယ်ဖန်ရှီးက အော်ဟစ်ပြီး သွေးအန်ကာ သူ့ခန္ဓာကိုယ်က လွင့်ထွက်သွားတယ်။

“သမာဓိမီးလျှံ”

ချီမင်က မီးတောက်တွေပျံ့နှံ့နေတဲ့ နီရဲနေတဲ့မီးပင်လယ်တစ်ခု ကို မှုတ်ထုတ်လိုက်တယ်။စစ်မှန်မီးလျှံက တောက်လောင်နေပြီး ပတ်ဝန်းကျင်က ကောင်းကင်နဲ့မြေကြီးကို ဝါးမြိုသွားတယ်။ အဲ့တာက အရမ်းပူပြင်းပြီး နေရာလွတ်ကတောင် လောင်ကျွမ်းတော့မလိုဖြစ်နေကာ ဖျက်ဆီးခြင်းစွမ်းအားတစ်ခု ပါဝင်တယ်။

“ဒါ... ဒါ ဘာမီးလဲ။ ဘယ်လိုလုပ်ပြီး…”

နတ်မိမယ်ဖန်ရှီးက သူ့ခန္ဓာကိုယ်ကို အမြန်တည်ငြိမ်အောင်လုပ်လိုက်တယ်။ သူမက ပတ်ဝန်းကျင်က အရာအားလုံးကို ဝါးမြိုသွားပြီး ရှောင်တိမ်းဖို့ခက်ခဲတဲ့ သမာဓိမီးလျှံကို ကြည့်လိုက်တယ်။ သူမက သမာဓိမီးလျှံရဲ့စွမ်းအားကို ရှင်းရှင်းလင်းလင်း ခံစားနိုင်ပြီး သူ့ခန္ဓာကိုယ်နဲ့ အနှစ်သာရဝိညာဉ်ကလောင်ကျွမ်းတော့မလို ဖြစ်နေတယ်။

“သန့်စင်တဲ့အဖြူရောင်ဖီးနစ်မီးလျှံ၊ ကမ္ဘာသန့်စင်မီးလျှံ”

နတ်မိမယ်ဖန်ရှီးက မီးကိုမီးနဲ့ တိုက်ခိုက်လိုက်ပြီး သူ့ရဲ့အံ့ဖွယ်စွမ်းအားနဲ့ဓမ္မစွမ်းအားကို လည်ပတ်စေလိုက်တယ်။ သူ့လက်တွေက သက်ဆိုင်ရာချိတ်စည်းတွေ ဖွဲ့စည်းသွားပြီး ချက်ချင်းပဲ ကြောက်ဖို့ကောင်းလောက် အောင်သန့်စင်တဲ့အဖြူရောင်ဖီးနစ်မီးလျှံတွေနဲ့ ကမ္ဘာသန့်စင်မီးလျှံတွေကို ထုတ်လွှတ်လိုက်တယ်။

မီးတောက်နှစ်ခုက ပေါင်းစပ်သွားတယ်။

ဒါပေမဲ့ အဲ့တာက ချီမင်ရဲ့သမာဓိမီးလျှံကိုတားဆီးနိုင်တယ်ဆိုရုံပဲရှိတယ်။

ပိုပြီးကြောက်စရာကောင်းတာက…

နတ်မိမယ်ဖန်ရှီးက ချီမင်ရဲ့စစ်မှန်သမာဓိမီးလျှံက သူ့ရဲ့သန့်စင်တဲ့အဖြူရောင်ဖီးနစ်မီးလျှံတွေကို တကယ်ပဲ ဝါးမျိုပြီး လောင်ကျွမ်းနိုင်တယ်ဆိုတာကို တွေ့သွားတယ်။ ဒါက အရမ်းကို ချဲ့ကားလွန်းတယ်။

မီးတောက်တစ်ခုက တခြားမီးတောက်တစ်ခုကို တကယ်ပဲ လောင်ကျွမ်းနိုင်တာလား။

အဲ့တာက စိတ်ကူးယဉ်တာနဲ့တူတယ်။

“ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။”

နတ်မိမယ်ဖန်ရှီးရဲ့လှပတဲ့မျက်လုံးတွေက ထိတ်လန့်မှုတွေနဲ့ ပြည့်နှက်သွားတယ်။

တစ်ချိန်တည်းမှာပဲ သူ့နှလုံးသားထဲမှာ ကြောက်ရွံ့မှုလည်း ပေါ်လာတယ်။

ဒီအချိန်မှာ နတ်မိမယ်ဖန်ရှီးက ချီမင် ဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာကို နောက်ဆုံးမှာ ခံစားလိုက်ရတယ်။ သူက ရှင်းရှင်းလင်းလင်းကို ဝိညာဉ်ဖွဲ့တည်ခြင်း နှောင်းပိုင်းအဆင့်မှာပဲ ရှိပေမယ့် သူက ဒီလောက်များတဲ့ အံ့ဖွယ်စွမ်းအားနည်းစနစ်တွေကို ဆုပ်ကိုင်ထားပြီး တကယ်ပဲ အရမ်းကိုစွမ်းအားကြီးတယ်။

အရမ်းကို စွမ်းအားကြီးလွန်းတယ်။

“သန့်စင်ခြင်းသုံးပါးကိုယ်ပွားများ”

အတွေးတစ်ချက်နဲ့ ချီမင်က အနှစ်သာရဝိညာဉ်ဓမ္မစွမ်းအားအများအပြားကို သုံးစွဲပြီး သန့်စင်ခြင်းသုံးပါးတာအိုကျမ်းရဲ့ အံ့ဖွယ်စွမ်းအားနည်းစနစ်ကို သုံးလိုက်တယ်။ သူ့ရဲ့အနှစ်သာရဝိညာဉ်ဓမ္မစွမ်းအားက သူ့ခေါင်းထိပ်ကနေ သန့်စင်တဲ့ချီတစ်ခုအဖြစ် စုစည်းကထွက်လာတယ်။ အဲ့တာကလေထဲမှာမတူညီတဲ့သန့်စင်တဲ့ချီသုံးခုအဖြစ် ထပ်မံခွဲထွက်သွားပြီး ကျောက်စိမ်းသန့်စင်၊ အထွတ်အထိပ်သန့်စင်နဲ့ မဟာသန့်စင်ဆိုတဲ့ ကိုယ်ပွားသုံးခုအဖြစ် ပြောင်းလဲသွားတယ်။

“သမာဓိမီးလျှံ”

ကိုယ်ပွားသုံးခုက ပျံထွက်သွားပြီး မတူညီတဲ့အရပ်သုံးမျက်နှာမှာ ရပ်လိုက်ကြတယ်။ သူတို့က ချီမင်နဲ့ ပူးပေါင်းပြီး နတ်မိမယ်ဖန်ရှီးကို အရပ်လေးမျက်နှာမှာ ပိတ်ဆို့လိုက်ကြတယ်။

“!!!”

နတ်မိမယ်ဖန်ရှီးရဲ့ မျက်လုံးတွေက ကျဥ်းမြောင်းသွားတယ်။

တစ်ခဏချင်းမှာပဲ ပြင်းထန်တဲ့သမာဓိမီးလျှံက ဝါးမြိုသွားပြီး နတ်မိမယ်ဖန်ရှီးရဲ့အရပ်မျက်နှာတိုင်းကို လုံးဝပိတ်ဆို့လိုက်ကာ သူမကို လုံးဝမလွတ်မြောက်နိုင်အောင် တားဆီးလိုက်တယ်။

ချီမင်က သူ့လက်ကို ဆန့်ထုတ်ပြီး ဖွင့်လိုက်တယ်။ ဓမ္မစွမ်းအားက ထိုးထွက်လာပြီး သူက နေရာလွတ်ရဲ့စွမ်းအားကို စုစည်းကာ တခြားအံ့ဖွယ်စွမ်းအားနည်းစနစ်တစ်ခုကို သုံးလိုက်တယ်။

“ကောင်းကင်နဲ့မြေကြီး အကျဉ်းချခြင်း”

ထူးဆန်းတဲ့လှိုင်းတုန်ခါမှုတစ်ခုက ချီမင်ရဲ့လက်ဖဝါးကနေ ပျံ့နှံ့ထွက်သွားပြီး အလျင်အမြန် ပျံ့နှံ့သွားကာ နတ်မိမယ်ဖန်ရှီးရဲ့ပတ်လည်က နေရာလွတ်ကို အကျဉ်းချပြီး လုံးဝစည်းခတ်လိုက်တယ်။

ဒီလိုနဲ့၊

နတ်မိမယ်ဖန်ရှီးက အရိပ်လွတ်မြောက်ခြင်းလိုမျိုး အံ့ဖွယ်စွမ်းအားနည်းစနစ်တွေကို သုံးပြီး မလွတ်မြောက်နိုင်တော့ဘူး။

“နေရာလွတ်... နေရာလွတ် စည်းခတ်ခံလိုက်ရပြီ…”

နတ်မိမယ်ဖန်ရှီးက အံ့ဖွယ်စွမ်းအားနည်းစနစ်ဖြစ်တဲ့ အရိပ်လွတ်မြောက်ခြင်းကို သုံးဖို့ တကယ်ပဲ ကြိုးစားလိုက်တယ်။ သူမက နေရာရွှေ့ပြောင်းပြီး သမာဓိမီးလျှံနဲ့ စည်းခတ်ထားတဲ့နေရာလွတ်ကနေ လွတ်မြောက်ချင်ပေမယ့် နေရာလွတ်က စည်းခတ်ခံထားရတယ်ဆိုတာကို တွေ့သွားတယ်။ သူမရဲ့အံ့ဖွယ်စွမ်းအားနည်းစနစ်တွေနဲ့ သိုင်းနည်းစနစ်အားလုံးက ကျရှုံးသွားတယ်။

“မဟုတ်ဘူး!!!”

နတ်မိမယ်ဖန်ရှီးရဲ့လှပတဲ့မျက်လုံးတွေက ကြောက်ရွံ့မှုတွေနဲ့ ပြည့်နှက်သွားတယ်။ သူတို့က ပြင်းထန်တဲ့စစ်မှန်သမာဓိမီးလျှံကို ရောင်ပြန်ဟပ်နေတယ်။ သေခြင်းတရားရဲ့အန္တရာယ်က သူ့ကို ဝါးမြိုသွားပြီး သူ့တစ်ကိုယ်လုံး တုန်ခါသွားစေတယ်။

ပတ်ဝန်းကျင်မှာ သန့်စင်တဲ့အဖြူရောင်ဖီးနစ်မီးလျှံတွေနဲ့ ကမ္ဘာသန့်စင်မီးလျှံတွေက သမာဓိမီးလျှံကြောင့် လောင်ကျွမ်းသွားပြီး ဝါးမြိုခံလိုက်ရတယ်။

“ငါ... ငါ တကယ်ပဲ ဒီနေ့ ဒီမှာ သေရတော့မှာလား။”

နတ်မိမယ်ဖန်ရှီးက သူ့နှလုံးသားထဲမှာ အော်ဟစ်လိုက်တယ် “မဟုတ်ဘူး! မဟုတ်ဘူး! ငါ ဒီမှာ မသေနိုင်ဘူး။ ငါ သေချာပေါက် ဒီမှာ မသေနိုင်ဘူး။ ငါ ဒီလိုမျိုး သေချာပေါက် မသေနိုင်ဘူး!!”

နတ်မိမယ်ဖန်ရှီးက သူ့ခေါင်းကို မော့လိုက်တယ်။ သူ့မျက်လုံးအိမ်တွေရဲ့နက်ရှိုင်းတဲ့နေရာမှာ သူ့မျက်လုံးတစ်ခုလုံးကိုမည်းနက်နေတဲ့ အနက်ရောင်တွင်းပေါက်နှစ်ခုလို လုံးဝပြောင်းလဲသွားတယ်။

သူ့ခန္ဓာကိုယ်ထဲမှာ ကြောက်မက်ဖွယ်စွမ်းအားတစ်ခုက တဖြည်းဖြည်း ထိုးထွက်လာတယ်။

သူမက ခန္ဓာကိုယ်ထဲမှာ ပုန်းအောင်းနေတဲ့ အသက်မဲ့မိခင်ရဲ့စွမ်းအားကို စုစည်းနေတာဖြစ်တယ်။

ချွင်!

ရုတ်တရက် အဝေးမှာ ခေါင်းလောင်းသံတစ်ခုက ထွက်ပေါ်လာပြီး ကမ္ဘာကြီးကို ပဲ့တင်ထပ်သွားတယ်။ ခေါင်းလောင်းသံက ရှိနေတဲ့လူတိုင်းရဲ့နှလုံးသားထဲကို ဝင်ရောက်သွားပြီး သူတို့ကို တုန်ခါသွားစေတယ်။

“အဲ့တာက…”

“ဝူချန် ခေါင်းလောင်း!”

“တာအိုဆရာ ဝူချန်ရဲ့ ကိုယ်ပိုင်ရတနာ”

“မဟာအကြီးအကဲက သူ့ရဲ့မွေးစားသမီးကို ကယ်ဖို့ ရောက်လာပြီ။”

ပတ်ဝန်းကျင်မှာ တောင်ထွတ်သခင်တွေနဲ့ အကြီးအကဲတွေက ပြောလိုက်ကြတယ်။

“တာအိုဆရာ ဝူချန်”

ချီမင်က မော့ကြည့်လိုက်တယ်။ ဝူချန်ခေါင်းလောင်းက နေရာလွတ်ကို ကြေမွသွားစေပြီး ရောက်လာတယ်။ အဲ့တာမှာပါဝင်တဲ့စွမ်းအားက အရမ်းကို ကြောက်စရာကောင်းပြီး အရမ်းကို ပြင်းထန်တယ်။ အရပ်လေးမျက်နှာလုံးက ဝူချန်ခေါင်းလောင်းရဲ့ ဖိနှိပ်မှုဧရိယာထဲမှာ ရှိနေတယ်။

ချက်ချင်းပဲ ချီမင်က သူ့ခန္ဓာကိုယ်က ကြီးမားတဲ့တောင်ကြီးတစ်လုံးကို ထမ်းထားရသလို ခံစားလိုက်ရတယ်။

အရမ်းကို လေးလံတယ်။

“သန့်စင်ရွှေခန္ဓာ”

ချီမင်ရဲ့တစ်ကိုယ်လုံးက တုန်ခါသွားပြီး သူ့ရဲ့အံ့ဖွယ်စွမ်းအားနည်းစနစ်ကို လည်ပတ်စေလိုက်တယ်။ သူ့ခန္ဓာကိုယ်ပေါ်မှာ ခပ်ဖျော့ဖျော့ရွှေရောင်အလင်းတစ်ခု ပေါ်လာတယ်။ သူက နည်းစနစ်အားလုံးကို ခုခံနိုင်သွားတယ်။ ဝူချန် ခေါင်းလောင်းက ချီမင်ကို ပေးတဲ့ဖိအားက ပျောက်ကွယ်သွားတယ်။

“ကောင်းကင်ဂူစိတ်ဝိညာဉ် တွေ”

အတွေးတစ်ချက်နဲ့ ကောင်းကင်လျှို့ဝှက်ချက်စာအုပ်က လေထဲကို အလျင်အမြန် ပျံဝဲသွားတယ်။ အဲ့တာက စာမျက်နှာတွေကို အဆက်မပြတ်လှန်နေပြီး ပုံရိပ်ခုနစ်ခုက နောက်တစ်ခါ ပေါ်လာတယ်။ သူတို့ကိုအော်လိုက်တယ် “အစီအရင်ကို အသက်သွင်းပါ။”

“ဟုတ်ကဲ့”

“ဟုတ်ကဲ့ပါ”

“…”

ကောင်းကင်ဂူစိတ်ဝိညာဉ်ခုနစ်ယောက်က တစ်ညီတစ်ညွတ်တည်း ပြန်ဖြေလိုက်ကြတယ်။

ချက်ချင်းပဲ ချီမင်ရဲ့ တာအိုပေါင်းစည်းခြင်း နှောင်းပိုင်းအဆင့် လက်အောက်ငယ်သား (၆၀)က ကောင်းကင်ဂူဝိညာဉ်ခုနစ်ယောက်နဲ့ ပေါင်းစပ်ပြီး လှုပ်ရှားလိုက်ကြတယ်။ အရမ်းတိုတောင်းတဲ့အချိန်လေးအတွင်းမှာ သူတို့က အစီအရင်ဖွဲ့စည်းပုံအားလုံးကို တည်ဆောက်လိုက်ကြတယ်။

“လျှို့ဝှက်နက်နဲတံခါးကျေးရွာ”

“ဖုန်းကွယ်ချပ်ဝတ်တန်ဆာနန်းတော်ကိုးခုအစီအရင်”

“ကောင်းကင်ဂူပါ့ကွားဖွဲ့စည်းပုံ”

“ကောင်းကင်နဲ့မြေကြီး ယင်ယန်ဖွဲ့စည်းပုံ”

“လေကိုးပါးတံခါးဖွဲ့စည်းပုံ”

“မွေးရာပါထိုက်ချီဖွဲ့စည်းပုံ”

“ယင်ယန်အရပ်လေးမျက်နှာဖွဲ့စည်းပုံ”

ဖွဲ့စည်းပုံခုနစ်ခုက ပေါင်းစပ်သွားတယ်။

ဒီအစီအရင်ဖွဲ့စည်းပုံခုနစ်ခုက ကောင်းကင်လျှို့ဝှက်ချက်တာအိုရဲ့ အဆုံးစွန်ဆင်းသက်လာမှု ဖြစ်တယ်။ သူတို့က အရမ်းကို ပြီးပြည့်စုံတယ်။ အစီအရင်ဖွဲ့စည်းပုံတိုင်းက လျှို့ဝှက်နက်နဲတံခါးကျေးရွာလိုဖြစ်ပြီး နေရာလွတ်တစ်ခု ဖွဲ့စည်းထားတယ်။ အစီအရင်ဖွဲ့စည်းပုံနေရာလွတ်ထဲမှာ အတိဒုက္ခကျော်လွှားခြင်းအဆင့်က သက်ရှိတွေကိုတောင် ယာယီ ဖမ်း‌ဆီးနိုင်တယ်။

“တိုက်!”

“သူ့ကို တားဆီးလိုက်။”

“…”

ဘုန်း! ဘုန်း! ဘုန်း!!!

ကောင်းကင်မှာ အဓိကအစီအရင်ဖွဲ့စည်းပုံခုနစ်ခုက ဖွဲ့စည်းပြီးသွားတယ်။ အစီအရင်ကကြီးမားပြီးအား ကောင်းတယ်။ တာအိုပေါင်းစည်းခြင်း နှောင်းပိုင်းအဆင့် လက်အောက်ငယ်သား (၆၀) က ကောင်းကင်ဂူစိတ်ဝိညာဉ်ခုနစ်ယောက်နဲ့ ကောင်းကင်ဂူကမ္ဘာခုနစ်ခုရဲ့စွမ်းအားနဲ့ပူးပေါင်းလိုက်ကြတယ်။

ဒီအချိန်မှာ အစီအရင်ဖွဲ့စည်းပုံခုနစ်ခုက ကြီးမားတဲ့အစီအရင်ဖွဲ့စည်းပုံခုနစ်ခုနဲ့တူသွားတယ်။ သူတို့က တောက်ပနေပြီး တစ်ခုနဲ့တစ်ခုထပ်နေကြတယ်။ အဲ့တာက တောက်ပတဲ့ ခုနစ်ထပ်စေတီတစ်ဆူနဲ့ ပိုတူတယ်။

အဲ့တာမှာ အရမ်းကို ပြင်းထန်တဲ့အင်အား ပါဝင်နေတယ်။

“ဒါ…”

“ချီမင်က မဟာအကြီးအကဲကို တကယ်ပဲ တိုက်ခိုက်ရဲတယ်။”

“သူ…”

“ရူးလောက်တယ်…”

ပတ်ဝန်းကျင်မှာ ရှိနေတဲ့လူတိုင်း၊ တောင်ထွတ်သခင်ဆယ့်နှစ်ယောက်၊ တောင်ထွတ်အသီးသီးက အမွေခံအကြီးအကဲတွေ၊ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ တပည့်တွေနဲ့ အကြီးအကဲတွေက သူတို့မျက်စိရှေ့က ဖြစ်ပျက်နေတာကြောင့် လုံးဝကို ကြောင်သွားကြတယ်။

တုန်လှုပ်စရာကောင်းလိုက်တယ်။

တကယ်ကို တုန်လှုပ်စရာကောင်းတယ်။

တာအိုဆရာ ဝူချန်ရဲ့အကြည့်က အေးစက်နေပြီးပြင်းထန်တဲ့ဒေါသနဲ့ ပြည့်နှက်သွားတယ် “ဘယ်လောက်သတ္တိရှိလိုက်သလဲ! မင်းက ငါ့ကို တိုက်ခိုက်ရဲတယ်လား။ မင်းက ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်ရဲ့ ကိုယ်ပိုင်တပည့်တစ်ယောက်ဖြစ်ရင်တောင် မင်းက ဒီနေ့လုပ်ရပ်ရဲ့အကျိုးဆက်ကို ရှောင်လွှဲလို့မရဘူး။”

ဘုန်း!

တာအိုဆရာ ဝူချန်က အဝေးကနေ ရိုက်ချလိုက်တယ်။ ကောင်းကင်နဲ့မြေကြီးရဲ့စွမ်းအားနဲ့ သူက ပြိုင်ဘက်ကင်းအင်အားတစ်ခုအဖြစ် ပြောင်းလဲသွားပြီးဝူချန်ခေါင်းလောင်းထဲကို ပေါင်းစပ်ဝင်ရောက်သွားတယ်။

ဝူချန် ခေါင်းလောင်းရဲ့စွမ်းအားက ပိုပြီးတော့သန်မာလာတယ်။

အစီအရင်ဖွဲ့စည်းပုံခုနစ်ခုက ကျရောက်လာပြီးကြီးမားတဲ့အစီအရင်ဖွဲ့စည်းပုံနေရာလွတ်တစ်ခုအဖြစ် ပြောင်းလဲသွားတယ်။ အဲ့တာက လူတိုင်းရှေ့မှာ ခုနစ်ထပ်စေတီတစ်ဆူနဲ့တူသွားပြီးဝူချန် ခေါင်းလောင်းကို တားဆီးထားတယ်။

ခရက်! ခရက်!

မကြာခင်မှာပဲ၊ အဲ့တာက စက္ကန့်အနည်းငယ်ပဲ ကြာလိုက်တယ်။

အစီအရင်ဖွဲ့စည်းပုံခုနစ်ခုမှာ အက်ကြောင်းတွေ ပေါ်လာတယ်။

All Chapters