← Chapters

အင်မော်တယ်ဘုရင် လင်းလုံ

Vol. 12 Ch. 166

အင်မော်တယ်ဘုရင် လင်းလုံ

Vol. 12 Ch. 166

ဗဟိုဒေသက အင်မော်တယ်တွေက တကယ့်ကို မောက်မာကြတယ်။ သူတို့ကိုယ်သူတို့ အင်မော်တယ်တွေလို့ ခေါ်ရုံတင်မကဘူး၊ အင်မော်တယ်ဘုရင်တွေလို့တောင် သုံးနှုန်းရဲကြတယ်။

ရှင်းနေတာကတော့ ရုတ်တရက်ပေါ်လာတဲ့ယောကျ်ားနဲ့မိန်းမရဲ့ တကယ့်အစစ်အမှန်ပုံစံက အင်မော်တယ်မျိုးနွယ်တွေဖြစ်တယ်။ သူတို့က နောက်ကွယ်မှာ ပုန်းနေပြီး ကိစ္စတွေအားလုံးပြီးသွားမှ ထွက်လာကြတယ်။

အစကနေအဆုံးထိ အင်မော်တယ်တွေရဲ့ တကယ့်ပန်းတိုင်က ငရဲကိုးထပ်တံခါးဖြစ်တယ်။ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း၊ ငရဲကိုးထပ်သရဲဂိုဏ်းနဲ့ အဆုံးမဲ့ချောက်နက်တို့ကြား သွေးခွဲတာပဲဖြစ်ဖြစ်၊ တိုက်ပွဲမြင့်မြတ်ခန္ဓာကို ရှာတာပဲဖြစ်ဖြစ်၊ ဒီအရာတွေအားလုံးက အဆင်ပြေသလိုလုပ်သွားတဲ့ သဘောပဲရှိတယ်။

အစတည်းက အင်မော်တယ်တွေရဲ့ ရည်ရွယ်ချက်က ငရဲကိုးထပ်စိတ်ဆန္ဒကို နိုးထစေပြီး ငရဲကိုးထပ်တံခါးကို ပြန်ပေါ်လာစေဖို့ဖြစ်တယ်။ လုပ်ငန်းစဉ်က နည်းနည်းရှုပ်ထွေးပေမယ့် အင်မော်တယ်တွေက သူတို့ရဲ့ပန်းတိုင်ကို ရောက်အောင်သွားနိုင်ခဲ့ပြီ။

ငရဲကိုးထပ်တံခါး ပွင့်သွားပြီ။

ယန်လီ၊ ယိုထျန်းလင်နဲ့ ဝူဒီးယပ်စ်တို့ သုံးယောက်ပေါင်းပြီး ငရဲကိုးထပ်တံခါးကို စည်းခတ်ဖို့ ကြိုးစားခဲ့ပေမယ့် အင်မော်တယ်တွေမှာလည်း လိုအပ်တဲ့အရန်အစီအစဉ် အသင့်ရှိနေတယ်။ သူတို့က အင်မော်တယ်တိုကင် ကိုသုံးပြီး စည်းခတ်ထားတဲ့ အစီအရင်ကို ဖျက်ဆီးလိုက်ပြီး အပေါက်တစ်ခုဖြစ်သွားစေတယ်။

ဒီနည်းလမ်းနဲ့ စည်းခတ်အစီအရင်ရဲ့ အပေါက်က ပွင့်သွားတယ်။ငရဲကိုးထပ်ချီတွေက ငရဲကိုးထပ်ထဲကနေ တဖြည်းဖြည်း ယိုစိမ့်ထွက်လာတယ်။ အပေါက်က သိပ်မကြီးတော့ တဖြည်းဖြည်းစိမ့်ထွက်နေတဲ့ ငရဲကိုးထပ်ချီက များများစားစား မဟုတ်သေးဘူး။

ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ဒီအပေါက်က တဖြည်းဖြည်းကျယ်လာပြီး ငရဲကိုးထပ်ချီတွေ ပိုပိုပြီးထွက်လာလိမ့်မယ်။ အနာဂတ်မှာ စည်းခတ်ထားတဲ့အစီအရင်က လုံးဝပျက်စီးသွားတဲ့အခါ ငရဲကိုးထပ်တံခါးက တကယ်ပေါ်ထွက်လာမှာဖြစ်တယ်။

အဲဒီအချိန်ကျရင်တော့ ငရဲကိုးထပ်တံခါးကို နောက်တစ်ခါပြန်စည်းခတ်ဖို့က အရမ်းခက်ခဲသွားပြီး မဖြစ်နိုင်တော့ဘူး။

အဲဒီအဆင့်ရောက်ဖို့က အချိန်အတော်ကြာယူရဦးမယ်။

"သွားကြစို့။"

အမျိုးသားအင်မော်တယ်က ပြောတယ်၊ "ငါတို့ ပြန်ပြီး သတင်းပို့သင့်ပြီ။"

အမျိုးသမီးအင်မော်တယ်က ခေါင်းညိတ်လိုက်တယ်။

သူတို့နှစ်ယောက် အလင်းတန်းတွေအဖြစ် ပြောင်းလဲသွားပြီး အဝေးကို ပျောက်ကွယ်သွားကြတယ်။

ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း။

ချီမင်နဲ့ တခြားသူတွေလည်း ပြန်ရောက်နေကြပြီ။

တာအိုဆရာ သိုင်းပညာသူတော်စင်က ဒီတစ်ခေါက် ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ အမွေခံပြိုင်ပွဲ ပြီးဆုံးကြောင်း ကြေညာလိုက်တယ်။ ဒါပေမဲ့ ဒီပြိုင်ပွဲမှာ ဘယ်တောင်ထွတ်က အမွေခံတပည့်တစ်ယောက်မှ ထူးချွန်ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်မပြနိုင်ခဲ့ဘူး။

ဒါကြောင့် ဒီကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း အမွေခံတပည့်ပြိုင်ပွဲမှာ ဘယ်တောင်ထွတ်က အမွေခံတပည့်မှ ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်ပေါ်တက်ပြီး ကျင့်ကြံခွင့်မရဘူး။

အမွေခံပြိုင်ပွဲပြီးတော့ ယန်လီနဲ့ မဟာအကြီးအကဲတွေ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြတယ်။ လူအားလုံးလည်း အလိုလို လူစုခွဲသွားကြတယ်။ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း အမွေခံပြိုင်ပွဲရဲ့ နန်းတော်တွေနဲ့ ပျံဝဲနန်းတော် ဆယ့်နှစ်ခုလုံး တိတ်ဆိတ်သွားတယ်။

"ငါ ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်ကို ပြန်သင့်ပြီ။"

ချီမင်က ဖုန်းဇီမုနဲ့ တခြားသူတွေကို နှုတ်ဆက်လိုက်တယ်။

ဒီအမွေခံတပည့်ပြိုင်ပွဲမှာ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း၊ ငရဲကိုးထပ်သရဲဂိုဏ်းနဲ့ အဆုံးမဲ့ချောက်နက် အဖွဲ့သုံးဖွဲ့ကြားမှာ ပဋိပက္ခဖြစ်ခဲ့တယ်။ တော်တော်ကြီးမားတဲ့ တိုက်ပွဲတစ်ခုတောင် ဖြစ်ပွားခဲ့သေးတယ်။

ဒါပေမဲ့ တကယ်တော့ ဒါက ချီမင်နဲ့ ကောင်းကင်လျှို့ဝှက်ချက်တာအိုကို ကျင့်ကြံထားတဲ့ အင်မော်တယ်ဘုရင် လင်းလုံတို့ရဲ့ ကနဦး ထိပ်တိုက်တွေ့ဆုံမှုဖြစ်တယ်။ သူတို့နှစ်ယောက် မတွေ့ဆုံခဲ့ကြပေမယ့် ကောင်းကင်လျှို့ဝှက်ချက်တွေကိုတော့ နှစ်ယောက်လုံးက ကြိုတင်တွက်ချက်ခဲ့ကြတယ်။

တစ်နည်းတစ်ဖုံနဲ့ ကောင်းကင်လျှို့ဝှက်ချက်တာအိုရဲ့ တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့တယ်။

ဒီတိုက်ပွဲက ဘယ်သူနိုင်တယ်ဘယ်သူရှုံးတယ်ဆိုတာကို မဆုံးဖြတ်နိုင်ဘူး။ ဒါ့အပြင် ဒီဟာက တိုက်ရိုက်ထိပ်တိုက်တွေ့ဆုံမှုလည်း မဟုတ်ဘူး။ သူတို့တစ်ယောက်လမ်းကြောင်းကိုတစ်ယောက် ထိသွားရုံဖြစ်တယ်။

ချီမင်က အမွေခံတပည့်ပြိုင်ပွဲကိစ္စကို ကြိုတင်တွက်ချက်ပြီး ဒီကိစ္စမှာ ဝင်စွက်ဖက်ခဲ့တယ်၊ ဒါကြောင့် ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ အမွေခံတပည့်ပြိုင်ပွဲကိစ္စကို ဖြေရှင်းနိုင်ခဲ့တယ်။

ဒါကြောင့် ချီမင်က ဒီတစ်ကြိမ်မှာ အောင်မြင်သွားတယ်လို့ ပြောရမယ်။ သူက သူ့ရဲ့ပန်းတိုင်ကိုရလိုက်တယ်။

အင်မော်တယ်ဘုရင် လင်းလုံ အနေနဲ့က သူက ငရဲကိုးထပ်တံခါးကို ဖွင့်ချင်ရင် ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ ဒီအမွေခံတပည့်ပြိုင်ပွဲကို အကူအညီယူပြီး ငရဲကိုးထပ်သရဲဂိုဏ်းနဲ့ အဆုံးမဲ့ချောက်နက်ကို ပါဝင်စေရမယ်လို့ တွက်ချက်ခဲ့ရတယ်။ ဒါဆို ငရဲကိုးထပ်တံခါးက အသင်္ချေသရဲဂူမှာ အောင်မြင်စွာ ပွင့်သွားလိမ့်မယ်။

ဒါ့အပြင် သူက တိုက်ပွဲမြင့်မြတ်ခန္ဓာက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းထဲမှာ ရှိနေနိုင်ခြေ အရမ်းများတယ်လို့လည်း တွက်ချက်ခဲ့တယ်။

ရလဒ်တွေအရ ငရဲကိုးထပ်တံခါးက တကယ်ပဲ အောင်အောင်မြင်မြင် ပွင့်သွားတယ်။ ပြီးတော့ တိုက်ပွဲမြင့်မြတ်ခန္ဓာကလည်း ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းထဲမှာ တကယ်ပဲရှိနေခဲ့တယ်၊ တိုက်ပွဲမြင့်မြတ်ခန္ဓာပိုင်ရှင်က ဘယ်သူလဲဆိုတာကိုတော့ သူတို့ တိတိကျကျ အတည်မပြုနိုင်သေးဘူးဆိုပေမယ့် နေရာတော့သိသွားတယ်။

ဘယ်လိုပဲဖြစ်ဖြစ်၊ ရလဒ်တွေအရ ကြည့်ရင်တော့ အင်မော်တယ်ဘုရင် လင်းလုံလည်း ဒီတစ်ကြိမ်မှာ အောင်မြင်ခဲ့တယ်။

ဖြစ်ပေါ်လာတဲ့ရလဒ်တွေကလုပ်ငန်းစဉ်ကိုပြောင်းလဲသွားစေတယ်။

ကောင်းကင်လျှို့ဝှက်ချက်တာအိုဆိုတာ လျှို့ဝှက်ဆန်းကြယ်ပြီး နားလည်ရခက်တယ်။ ကံကြမ္မာရဲ့ အပြောင်းအလဲတွေနဲ့ အနာဂတ်က အရာရာတိုင်းက မူလကတည်းက နားလည်ရခက်ပြီး ကြိုမြင်နိုင်တာမျိုးမဟုတ်ဘူး။ တကယ်လို့ တစ်ယောက်ယောက်က ကောင်းကင်လျှို့ဝှက်ချက်တာအိုကို ပိုင်နိုင်ပြီး ကောင်းကင်လျှို့ဝှက်ချက်တွေရဲ့ အပြောင်းအလဲကို တွက်ချက်နိုင်တယ်ဆိုရင်တောင် အမြဲတမ်း မရေရာတဲ့အပြောင်းအလဲအမျိုးမျိုးနဲ့ ပြည့်နှက်နေတတ်တယ်။

တစ်ယောက်နဲ့တစ်ယောက် မသိကြပေမယ့် သူတို့ကတော့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီးပြီ။

ဒါ့အပြင် အတိတ်ရဲ့သမိုင်း ကြောင်းကတော့ ကြိုတင်သတ်မှတ်ပြီးသားဖြစ်ပြီး ပြောင်းလဲဖို့ ခက်ခဲပေမယ့် ကောင်းကင်ရဲ့အနာဂတ်ကတော့ အပြောင်းအလဲတွေနဲ့ ပြည့်နှက်နေတယ်။

ညဉ့်နက်ချိန်။

ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်၊ ကျင့်ကြံရေးခြံဝင်းထဲမှာ။

ချီမင်က တင်ပျဉ်ခွေထိုင်နေတယ်။ သူ့ရှေ့မှာ ကောင်းကင်လျှို့ဝှက်ချက်စာအုပ် နဲ့ ကောင်းကင်လျှို့ဝှက်ချက်စုတ်တံ တို့ ပေါ်လာတယ်။ ကောင်းကင်လျှို့ဝှက်ချက်တွေရဲ့ စွမ်းအားတွေက လှိုင်းထနေပြီး ကံကြမ္မာအပြောင်းအလဲရဲ့ အရိပ်အယောင်တစ်ခုပါဝင်နေတယ်။

ကောင်းကင်လျှို့ဝှက်ချက်စာအုပ်က စာမျက်နှာတွေ တဖျပ်ဖျပ်လှန်နေတယ်။ စာအုပ်ထဲကနေ စာမျက်နှာတစ်ရွက်က သပ်သပ်ခွဲထွက်သွားပြီး အလင်းရောင်တွေတောက်ပလာပြီး အပေါ်မှာ ဝဲပျံနေတယ်။

ချက်ချင်းပဲ ကောင်းကင်လျှို့ဝှက်ချက်စုတ်တံက ဒီခွဲထွက်နေတဲ့ စာမျက်နှာပေါ်မှာ တစ်စုံတစ်ခုကိုချရေးလိုက်တယ်။

"ဒါက..."

ချီမင်ရဲ့ မျက်နှာအမူအရာက နည်းနည်းပြောင်းသွားတယ်။

မကြာခင်မှာပဲ ဒီစာမျက်နှာပေါ်မှာ...

ကောင်းကင်လျှို့ဝှက်ချက်စုတ်တံက နာမည်တစ်ခုကို ရေးလိုက်တယ် — လင်းလုံ!

"လင်းလုံ။"

ချီမင် ခဏလောက် စဉ်းစားကြည့်ပေမယ့် ဒီနောက်ကွယ်က အဓိပ္ပာယ်ကို နားမလည်ဘူး။

ရှပ်!

ဒီကောင်းကင်လျှို့ဝှက်ချက်စာအုပ်ရဲ့ စာမျက်နှာမှာ 'လင်းလုံ' ဆိုတဲ့ စကားလုံးပါဝင်နေတယ်။ အဲဒါက အဖြူရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ချီမင်ရဲ့ မျက်ခုံးကြားထဲကို ဝင်ရောက်သွားကာ သူ့စိတ်ထဲမှာ ပေါင်းစပ်သွားတယ်။

အချက်အလက်မျိုးစုံ ပေါ်ထွက်လာတယ်။

"အင်မော်တယ်မျိုးနွယ်တွေပဲ။"

ချီမင် မျက်လုံးဖွင့်ကြည့်လိုက်တယ်။သူ့မျက်လုံးတွေက နားလည်မှုတွေနဲ့ ပြည့်နှက်သွားတယ်၊ "အင်မော်တယ်ဘုရင် လင်းလုံ၊ ဒါဆို အင်မော်တယ်တွေထဲမှာလည်း ကောင်းကင်လျှို့ဝှက်ချက်တာအိုကို ကျင့်ကြံတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရှိနေတာပေါ့။ အဲဒီပုဂ္ဂိုလ်က အင်မော်တယ်ဘုရင် လင်းလုံပဲ။"

"ပြီးတော့..."

"မမြင်နိုင်တဲ့ ကမ္ဘာမှာ ငါက အင်မော်တယ်ဘုရင် လင်းလုံနဲ့ ကနဦးထိပ်တိုက်တွေ့ဆုံမှုကို တကယ်စတင်ခဲ့ပြီးပြီပဲ။ ဒါပေမဲ့ ငါတို့တွက်ချက်ခဲ့တဲ့ ကောင်းကင်လျှို့ဝှက်ချက်တွေရဲ့ ပန်းတိုင်က မတူညီဘူး၊ ဒါကြောင့် ငါတို့က လမ်းကြောင်းတွေ ထိစပ်သွားရုံပဲရှိပြီး တိုက်ရိုက်ကြီးပဋိပက္ခမဖြစ်သွားဘူး။"

"အံ့ဩဖို့ကောင်းတယ်။"

"တကယ်ပဲ ဒီလိုမျိုးကိစ္စမျိုး ရှိနေတာလား။"

ချီမင်က အသက်ပြင်းပြင်းရှူလိုက်တယ်၊ "ကောင်းကင်လျှို့ဝှက်ချက်တာအိုက တကယ်ကို လျှို့ဝှက်ဆန်းကြယ်တာပဲ။"

သူ ကောင်းကင်လျှို့ဝှက်ချက်တာအိုအပေါ်မှာလေးစားစိတ် အနည်းငယ်ဖြစ်ပေါ်လာတယ်။

အရင်တုန်းက ချီမင်က သူ ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်ကို ကျွမ်းကျင်သွားပြီလို့ ယုံကြည်ခဲ့တယ်။ သူ့မှာ လျှို့ဝှက်နက်နဲနည်းစနစ်နှစ်ခုဖြစ်တဲ့ အနာဂတ်အာရုံနဲ့ ကောင်းကင်စူးစမ်းခြင်း တို့ရဲ့ အထောက်အပံ့လည်းရှိတယ်။ ဒါ့အပြင် သူ့ဆရာ ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်က သင်ပေးတဲ့ အသေးစားအံ့ဖွယ်စွမ်းအားသုံးမျိုး ကိုလည်း သူကျွမ်းကျင်ထားတယ်။ နောက်ဆုံးအနေနဲ့ သူ့မှာ ကောင်းကင်လျှို့ဝှက်ချက်စာအုပ်နဲ့ ကောင်းကင်လျှို့ဝှက်ချက်စုတ်တံလည်း ရှိတယ်။

ဒီအချက်သုံးချက်ပေါင်းစပ်မှုနဲ့ဆိုချီမင်က သူ ကောင်းကင်ရဲ့အလုပ်လုပ်ပုံကို လုံးဝနားလည်ပြီး ကံကြမ္မာကို ထွင်းဖောက်မြင်နိုင်ပြီလို့ ခံစားခဲ့ရတယ်။ အရာအားလုံးက သူ့ရဲ့ထိန်းချုပ်မှုနဲ့ တွက်ချက်မှုအောက်မှာ ရှိနေတယ်ထင်ထားတယ်။

ခုကြည့်ရတာတော့ အဲ့ဒီလိုမဟုတ်ဘူး။

ကောင်းကင်ရဲ့အလုပ်လုပ်ပုံတွေနဲ့ပတ်သက်တဲ့ တိုက်ပွဲက အရမ်းအန္တရာယ်များတယ်။ အသေးစိတ်အချက်အလက်တချို့ရဲ့ အပြောင်းအလဲကြောင့် အနာဂတ်တစ်ခုလုံးကို ပြိုလဲသွားစေနိုင်ပြီး အရာအားလုံးက ကြိုတင်ခန့်မှန်းလို့မရတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်သွားနိုင်တယ်။

ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေနဲ့ အနာဂတ်ကို တွက်ချက်ချင်ရင် သူက အရေးကြီးတဲ့ သတင်းအချက်အလက်တချို့ကို ကြိုရနိုင်ပြီး ဒီအရေးကြီးတဲ့ သတင်းအချက်အလက်တွေအရ သင့်တော်တဲ့ ပြင်ဆင်မှုတွေ လုပ်နိုင်ရုံပဲရှိတယ်။

နောက်ဆုံးရလဒ်အတွက်ကတော့ သူ့ရဲ့ကိုယ်ပိုင်ကြိုးစားအားထုတ်မှုနဲ့ ဝင်ရောက်စွက်ဖက်မှုတွေ လိုအပ်နေသေးတယ်။

ရုတ်တရက်ကောင်းကင်နဲ့မြေကြီး မဟာတာအိုရဲ့ တာအိုစာလုံးတွေက ချီမင်ရဲ့ပတ်ပတ်လည်မှာ ပေါ်လာတယ်။ သန့်စင်ခြင်းသုံးပါးအခြေတည်ဝိညာဉ် က တာအိုကျမ်းစာတွေ ရွတ်ဖတ်နေတယ်။ သန့်စင်ရွှေခန္ဓာရဲ့ စွမ်းအားကလည်း မမြင်ရတဲ့ပုံစံနဲ့ လည်ပတ်နေပြီး ကောင်းကင်နဲ့ ဆက်စပ်နေတဲ့ လျှို့ဝှက်ဆန်းကြယ်ပြီး မမြင်နိုင်တဲ့ ဆက်သွယ်မှုတစ်ခုကနေ သူ့ကိုယ်သူ ကာကွယ်ပေးလိုက်တယ်။

"ဒါက..."

ချီမင်ရဲ့ မျက်လုံးတွေ လင်းလက်သွားတယ်။ သူ သူ့နှလုံးသားထဲမှာ နားလည်သွားပြီး သူ့မျက်နှာပေါ်မှာ အပြုံးတစ်ခု ပေါ်လာတယ်၊ သန့်စင်ရွှေခန္ဓာရဲ့ အထောက်အပံ့နဲ့ဆိုတော့ ငါက နည်းစနစ်အားလုံးကို ခုခံနိုင်စွမ်းရှိသွားပြီ။ ဒီလိုဆိုရင် အင်မော်တယ်ဘုရင် လင်းလုံက ကောင်းကင်လျှို့ဝှက်ချက်ရဲ့ အပြောင်းအလဲကို ခံစားမိရင်တောင် ငါ့အကြောင်း ဘာသတင်းအချက်အလက်မှ ရှာတွေ့နိုင်မှာမဟုတ်ဘူး။ အဲဒီအစား ငါက အင်မော်တယ်ဘုရင် လင်းလုံအကြောင်း သတင်းအချက်အလက်တချို့ကို သိလိုက်ရတယ်။"

"တစ်နည်းပြောရရင်တော့..."

ချီမင်ရဲ့ နှုတ်ခမ်းထောင့်တွေ နည်းနည်းကွေးတက်သွားတယ်၊ "ဒီကောင်းကင်လျှို့ဝှက်ချက်တိုက်ပွဲရဲ့အဆုံးမှာ ငါက အကျိုးအမြတ်နည်းနည်းရလိုက်တယ်လို့ သတ်မှတ်နိုင်တယ်။ အင်မော်တယ်ဘုရင် လင်းလုံတောင်မှ ငါ့မှာ သန့်စင်ရွှေခန္ဓာလိုမျိုး အံ့ဖွယ်စွမ်းအားတစ်ခု ပိုင်ဆိုင်ထားတယ်ဆိုတာကို ခန့်မှန်းနိုင်မှာမဟုတ်လောက်ဘူး။ ဒါက နည်းစနစ်အားလုံးကို ခုခံဖို့ လုံလောက်တယ်။"

မြင်ကွင်းပြောင်းသွားတယ်။

ဗဟိုဒေသ၊ အင်မော်တယ်မျိုးနွယ်တို့ရဲ့ မြင့်မြတ်မြေ၊ အသင်္ချေအင်မော်တယ်တောင် ‌ပေါ်မှာ။

အင်မော်တယ်မြူခိုးငွေ့တွေက နတ်ဘုံနတ်နန်းတစ်ခုလိုလိပ်တက်နေတယ်။

မလှမ်းမကမ်းမှာ လင်းလုံအင်မော်တယ်တောင်တစ်ခုရှိတယ်။

တောင်ထိပ်မှာ ကိုးထပ်ရှိတဲ့ အင်မော်တယ်အိမ် တော်တစ်ခုရှိတယ်။ အင်မော်တယ်အိမ်ရဲ့ဝင်ပေါက်မှာ ဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထားတယ်။ ဆိုင်းဘုတ်ပေါ်မှာ လင်းလုံအင်မော်တယ်အိမ်တော်လို့‌ရေးထားတယ်။ ဒါက အင်မော်တယ်ဘုရင် လင်းလုံရဲ့ အိမ်တော်ဖြစ်တယ်။

လင်းလုံအင်မော်တယ်အိမ်တော်ထဲ၊ ကိုးထပ်မြောက်အလွှာ၊ အင်မော်တယ်ဘုရင် လင်းလုံရဲ့ လျှို့ဝှက်အခန်းထဲတွင်

ဖျာပေါ်မှာ အင်မော်တယ်ဘုရင် လင်းလုံကတင်ပျဉ်ခွေထိုင်နေတယ်။ သူ့ပတ်ပတ်လည်မှာ ကောင်းကင်ရဲ့အလုပ်လုပ်ပုံတွေနဲ့ဆိုင်တဲ့ အရမ်းသိပ်သည်းတဲ့ အရှိန်အဝါတွေရှိနေပြီး အဲဒါတွေက မြူခိုးတွေအဖြစ်ပြောင်းလဲကာ သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းထားတယ်။ အဲဒါက သေမျိုးလောကနဲ့မသက်‌ဆိုင်သလိုမျိုး အင်မော်တယ်စွမ်းအင်တွေနဲ့ ပြည့်နှက်နေပြီး အရမ်းလျှို့ဝှက်ဆန်းကြယ်တယ်။

ရှင်းရှင်းလင်းလင်း မြင်ဖို့ မဖြစ်နိုင်ဘူး။

"ငါ တကယ်ကို တွက်လို့မရပါလား။"

အင်မော်တယ်ဘုရင် လင်းလုံရဲ့ အသံထဲမှာ အံ့ဩမှုနဲ့ ရှုပ်ထွေးမှုတွေ ပြည့်နေတယ်။ သူ အလေးအနက်စဉ်းစားနေတယ်။ အချိန်အတော်ကြာတော့မှ သူကပြောလိုက်တယ် "ဒါ မဖြစ်နိုင်ဘူး။"

"ကောင်းကင်လျှို့ဝှက်ချက်တာအိုက ပြောင်းလဲသွားပြီ။ ဒီကိစ္စမှာ ကောင်းကင်လျှို့ဝှက်ချက်တာအိုကို ကျင့်ကြံထားတဲ့ ပုဂ္ဂိုလ်တစ်ယောက် ပါဝင်နေတာ သေချာတယ်။ ကောင်းကင်လျှို့ဝှက်ချက်ရဲ့ လမ်းညွှန်မှုအောက်မှာဆိုရင် ငါက တခြားတစ်ယောက်ရဲ့ အထောက်အထားကို သေချာပေါက် တွက်ချက်နိုင်ရမှာ။ တွက်ချက်လို့မရရင်တောင် ဘာသတင်းအချက်အလက်မှ မရဘဲနေတာမျိုး မဖြစ်သင့်ဘူး။"

"ဒါက အရမ်းကို ပုံမှန်မဟုတ်ဘူး။"

"ဖြစ်နိုင်တာက..."

အင်မော်တယ်ဘုရင် လင်းလုံက အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့နှလုံးသားထဲမှာ မယုံနိုင်မှုကိုခံစားလိုက်ရတယ်၊ "တခြားတစ်ယောက်ရဲ့ ကောင်းကင်လျှို့ဝှက်ချက်တာအို ကျင့်ကြံမှုက ငါ့ကို လုံးဝကျော်လွန်သွားပြီး မယုံနိုင်လောက်တဲ့ အဆင့်တစ်ခုကို ရောက်နေပြီလား။"

"တကယ်လို့သာ ဒီလိုဆိုရင် သူက အင်မော်တယ်တွေအတွက် ကြီးမားတဲ့ရန်သူ ဖြစ်လာလိမ့်မယ်။ ငါတို့ သူ့ကို အမြန်ဆုံးရှာပြီး ဘယ်လောက်ပဲပေးဆပ်ရပါစေ သတ်ပစ်ရမယ်။"

ညက ကုန်လွန်သွားတယ်။

နောက်တစ်နေ့ ရောက်လာတယ်။

မနက်ခင်းမှာ။

စုချင်းယင်က ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်ကို ရောက်လာပြီး ချီမင်ကို လာတွေ့တယ်။ သူမက ယန်လီရဲ့ စကားကို သယ်ဆောင်လာပြီး ချီမင်ကို လာခေါ်တာဖြစ်တယ်။ ချီမင်နဲ့ စုချင်းယင်တို့ ဂိုဏ်းချုပ်ခန်းမ ကို ဦးတည်သွားကြတယ်။

ဒီတစ်ကြိမ်မှာတော့ ချီမင်က ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ မဟာအကြီးအကဲအားလုံးကို ဂိုဏ်းချုပ်ခန်းမထဲမှာ တွေ့လိုက်ရတယ်။

ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်ရဲ့ မျိုးနွယ်ဆယ့်နှစ်ခုမှာ စုစုပေါင်း မဟာအကြီးအကဲ ၂၈ ယောက်ရှိတယ်။ သူတို့တစ်ယောက်ချင်းစီတိုင်းက အတိဒုက္ခကျော်လွှားခြင်းအဆင့်ကို ရောက်ရှိနေကြပြီ။ ဒါပေမဲ့ အတိဒုက္ခကျော်လွှားခြင်းအဆင့်မှာတောင် အမြင့်နဲ့ အနိမ့်ကွာခြားချက်ရှိတယ်။

ဒါ့အပြင် မဟာအကြီးအကဲ ၂၈ ယောက်အပြင် ချီမင်က ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ ဘိုးဘေး တွေရဲ့ တိုက်ရိုက်တပည့် ရှစ်ယောက်ကိုလည်း တွေ့လိုက်ရတယ်။ ဘိုးဘေး ကောင်းကင်လျှို့ဝှက်ချက်မှာ တိုက်ရိုက်တပည့် တစ်ယောက်ပဲရှိပေမယ့် ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ တခြားဘိုးဘေးနှစ်ပါးကတော့ တားမြစ်နယ်မြေမှာ သူတို့ကိုယ်သူတို့ စည်းခတ်ထားတဲ့ ကာလအတွင်းမှာ တိုက်ရိုက်တပည့် စုစုပေါင်း ရှစ်ယောက် လက်ခံခဲ့တယ်။

စုချင်းယင်လည်း ပါဝင်တယ်။

သူမက ယန်လီရဲ့ တိုက်ရိုက်တပည့်ဖြစ်ပြီး သူမရဲ့အဆင့်အတန်းက မနိမ့်ကျဘူး။

"ချီမင်၊ မင်းရောက်လာပြီကိုး။"

ယန်လီက ဂိုဏ်းချုပ်ရဲ့နေရာမှာ ထိုင်နေရင်း ချီမင်ကို လက်ဟန်ပြလိုက်တယ်။

ချီမင်က ခေါင်းအသာညိတ်ပြီး အဆုံးမှာ ထိုင်လိုက်တယ်။

ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ အမြင့်ဆုံးအဆင့်ပုဂ္ဂိုလ်တွေ ဂိုဏ်းချုပ်ခန်းမထဲမှာ စုဝေးနေကြတာဆိုတော့ အရေးကြီးတဲ့ကိစ္စတစ်ခုခု ရှိနေမှာ သေချာတယ်။ ယန်လီကလည်း လူတိုင်းကို စုဝေးစေခဲ့တဲ့ အကြောင်းရင်းကို တဖြည်းဖြည်း ရှင်းပြလာတယ်။

ယန်လီက ပြောတယ်၊ "လူတိုင်းရောက်နေပြီဆိုတော့ တရားဝင် စလိုက်ကြရအောင်။"

"ဒီအမွေခံတပည့်ပြိုင်ပွဲကိစ္စက အရေးကြီးတယ်။ ဒါက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း၊ ငရဲကိုးထပ်သရဲဂိုဏ်းနဲ့ အဆုံးမဲ့ချောက်နက်တို့ကြားက ပဋိပက္ခတင် မဟုတ်ဘူး။"

ယန်လီက လေသံအုပ်အုပ်နဲ့ ပြောတယ်၊ "ဒါက အင်မော်တယ်တွေရဲ့ အကြံအစည်တစ်ခုလည်း ဖြစ်တယ်။"

"ပြီးတော့..."

ယန်လီက ဆက်ပြောတယ်၊ "ငါတို့ ဒီတစ်ကြိမ် အသက်ရှင်လွတ်မြောက်နိုင်ခဲ့တာက အဓိကအားဖြင့် ချီမင်ကြောင့်ပဲ။ သူသာ ကောင်းကင်လျှို့ဝှက်ချက်တွေကို ကြိုတင်တွက်ချက်မထားခဲ့ရင် ငါတို့ ကြိုတင်ပြီး ဘာမှသိမှာမဟုတ်ဘူး။"

"စီနီယာအစ်ကို ချီ။"

"ချီမင်!"

"အမွေခံတပည့် ချီ..."

ပတ်ဝန်းကျင်မှာ မဟာအကြီးအကဲ ၂၈ ယောက်၊ တိုက်ရိုက်တပည့် ရှစ်ယောက်နဲ့ စုချင်းယင်တို့အားလုံး ချီမင်ကို အံ့ဩတဲ့အမူအရာတွေနဲ့ ကြည့်နေကြတယ်။

"အဟမ်း အဟမ်း..."

ချီမင်က အသာအယာ ချောင်းဟန့်လိုက်တယ်၊ "မဟာအကြီးအကဲများ၊စီနီယာများနဲ့ ဆရာများခင်ဗျာ၊ ကျွန်တော်က အမှတ်မထင် တွက်ချက်ကြည့်ရင်း မတော်တဆ ဒီအခြေအနေကို ရှာတွေ့သွားတာပါပဲ။ အားလုံးပဲ အရမ်းကြီး အံ့ဩမနေကြပါနဲ့... ကျင့်သားရသွားရင် အဆင်ပြေသွားမှာပါ။"

All Chapters