← Chapters

ဗလာနယ်စွန့်ခွာခြင်း အလယ်ပိုင်းအဆင့်၊ သမာဓိမီးလျှံ အံ့ဖွယ်စွမ်းအား

Vol. 12 Ch. 167

ဗလာနယ်စွန့်ခွာခြင်း အလယ်ပိုင်းအဆင့်၊ သမာဓိမီးလျှံ အံ့ဖွယ်စွမ်းအား

Vol. 12 Ch. 167

ကျင့်သားရသွားမှာပါ...

မဟာအကြီးအကဲတွေနဲ့ တခြားသူတွေရဲ့ မျက်နှာအမူအရာတွေက တောင့်တင်းသွားတယ်။

ဒါက ချီမင်ရဲ့ စွမ်းဆောင်ရည်က အရမ်းကို ကြောက်မက်ဖွယ်ကောင်း‌နေပြီ။ ကျင့်ကြံမှုအဆင့်အတန်းအရပဲဖြစ်ဖြစ်၊ သူ့ရဲ့ ကိုယ်ပိုင်အင်အားပဲဖြစ်ဖြစ်၊ တိုက်ပွဲတိုင်းမှာ သူက သူတို့အတွက် အံ့ဩစရာတွေ အများကြီး ယူဆောင်လာပေးတယ်။

ခုဆိုရင် ချီမင်က ကောင်းကင်လျှို့ဝှက်ချက်ရဲ့ အနာဂတ်ကိုတောင် တွက်ချက်နိုင်ပြီ။

သူက တကယ်ကို အကုန်နီးပါးတတ်ကျွမ်း‌နေပြီ။

ဘာမဆို လုပ်နိုင်တယ်။

ချီမင်က တကယ်ပဲ အကုန်တတ်ကျွမ်းတယ်။ သူက ဂိမ်းမြေအောက်စခန်းထဲကနေ သိုင်းနည်းစနစ်တွေ အများကြီးရထားပြီး အားလုံးနီးပါးကို ကျင့်ကြံထားတယ်။ ချီမင် မသိတာဆိုလို့ ဘာမှမရှိသလောက်ဖြစ်‌ နေပြီ။

လက်နက်သန့်စင်ခြင်း၊ ဆေးသန့်စင်ခြင်း၊ အစီအရင်ဖွဲ့စည်းခြင်း၊ သားရဲထိန်းကျောင်းခြင်း၊ အဆောင် ရေးဆွဲခြင်း...

အရာအားလုံးပဲ။

ယန်လီက ဆက်ပြောတယ်၊ “ချီမင်က ဘိုးဘေး ကောင်းကင်လျှို့ဝှက်ချက်ရဲ့ တိုက်ရိုက်တပည့်ဆိုတာ မင်းတို့သိသင့်တယ်။ သူက ဘိုးဘေးရဲ့ အမွေကို ဆက်ခံထားပြီး သဘာဝအတိုင်းပဲ ကောင်းကင်လျှို့ဝှက်ချက်တာအိုကို ကျင့်ကြံနေတယ်။”

“ကောင်းကင်လျှို့ဝှက်ချက်တာအိုက လျှို့ဝှက်အဆန်းကြယ်ဆုံးပဲ။ တိုက်ခိုက်ရေးစွမ်းအားက အရမ်းကြီးမပြင်းထန်ပေမယ့်၊ ငါတို့က ကောင်းကင်လျှို့ဝှက်ချက်တွေကို အသုံးချနိုင်တယ်။ ကောင်းကင်နဲ့မြေကြီးရဲ့ တောင်တန်းတွေ၊ မြစ်ချောင်းတွေရဲ့ စွမ်းအားတွေ၊ နေ၊ လ၊ ကြယ်တွေရဲ့ စွမ်းအားတွေကို ငှားယူပြီး ကောင်းကင်နဲ့မြေကြီးအစီအရင်ဖွဲ့ပြီး ရန်သူကို တိုက်ခိုက်နိုင်တယ်။ ကောင်းကင်လျှို့ဝှက်ချက်ရဲ့ အနာဂတ်ကို တွက်ချက်ပြီး အရေးကြီးတဲ့ သတင်းအချက်အလက်တွေနဲ့ အခြေအနေတွေကို ကြိုတင်သိနိုင်တယ်။ အန္တရာယ်နဲ့ ကပ်ဘေးဒုက္ခတွေကို ရှောင်ရှားဖို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်နိုင်တယ်။”

“ဟုတ်တယ်။”

“ဘိုးဘေး ကောင်းကင်လျှို့ဝှက်ချက်ရဲ့ ကောင်းကင်လျှို့ဝှက်ချက်တာအိုက နားမလည်နိုင်လောက်အောင်နက်နဲတဲ့ အဆင့်တစ်ခုကို ရောက်နေပြီ။”

“ချီမင်က ဘိုးဘေး ကောင်းကင်လျှို့ဝှက်ချက်ရဲ့ တိုက်ရိုက်တပည့်ပဲ။ သူ ကောင်းကင်လျှို့ဝှက်ချက်တာအိုကို နားလည်ထားတယ်။ ဘိုးဘေး ကောင်းကင်လျှို့ဝှက်ချက်လောက် မသာရင်တောင်၊ သူက သိပ်ပြီးတော့ အားနည်းမှာမဟုတ်ဘူး။”

“…”

မဟာအကြီးအကဲတွေက ခေါင်းညိတ်လိုက်ကြတယ်။

“ငါ မင်းတို့ကို ဒီတစ်ခေါက် စုဝေးစေတာက အနှစ်တစ်သိန်းကြာပြီးတော့အင်မော်တယ်တွေကရုတ်တရက် တိုက်ခိုက်လာကြတယ်။သူတို့ သေချာပေါက် လုံလောက်တဲ့ ပြင်ဆင်မှုတွေ လုပ်ထားကြမှာပဲ။ ပြီးတော့ သူတို့က ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းတစ်ခုတည်းကိုပဲ ပစ်မှတ်ထားမယ်ဆိုတာမဖြစ်နိုင်ဘူး။”

“ဒါပေမဲ့၊ အင်မော်တယ်တွေရဲ့ တကယ့်ပန်းတိုင်က ဘာလဲဆိုတာကို ငါတို့ လောလောဆယ် မသိသေးဘူး။ ငါတို့ အခုရထားတဲ့ သတင်းအချက်အလက်နဲ့ အခြေအနေက အရမ်းနည်းနေတယ်။ ဆုံးဖြတ်ချက်ချလို့မရသေးဘူး။”

ယန်လီက ပြောတယ်၊ “နောက်တစ်ခုက ငါတို့က အင်မော်တယ်မျိုးနွယ်ရဲ့ လှုပ်ရှားမှုတွေကို အနီးကပ်စောင့်ကြည့်ရမယ်။ တန်ပြန်ဆောင်ရွက်မှုတွေကို ဆွေးနွေးဖို့ တခြားလူသားမျိုးနွယ်က လမ်းမှန်ဂိုဏ်းတွေနဲ့ အဖွဲ့အစည်းတွေကိုလည်း ငါ ဆက်သွယ်ထားတယ်။”

“ဟုတ်ကဲ့။”

“ဟုတ်ကဲ့။”

“ဒီလိုသာဆိုရင်၊ အင်မော်တယ်တွေက အနှစ်တစ်သိန်းလောက် တိတ်ဆိတ်နေခဲ့တာ။ အခု ရုတ်တရက် တိုက်ခိုက်လာမှတော့ သူတို့ရဲ့အကြံအစည်က သေးမှာမဟုတ်ဘူး။ လျှို့ဝှက်နက်နဲကမ္ဘာတစ်ခုလုံးကိုတောင် လွှမ်းမိုးသွားနိုင်တယ်။”

“ပြီးတော့၊ အချိန်ကိုကြည့်ရရင်၊ ကောင်းကင်လျှို့ဝှက်ချက်ကပ်ဘေးဒုက္ခကလည်း ရောက်တော့မယ်။ ဒီတစ်ခါ ဘယ်လိုအခြေအနေဖြစ်မလဲ မသိဘူး။”

မဟာအကြီးအကဲတွေက ယန်လီရဲ့ ရှင်းပြချက်ကို ဂရုတစိုက်နားထောင်နေကြတယ်။

အင်မော်တယ်တွေက ဗဟိုဒေသကို နှစ်ပေါင်းများစွာ သိမ်းပိုက်ထားခဲ့တယ်။ အင်မော်တယ်တွေရဲ့ အခြေခံအုတ်မြစ် ဘယ်လောက်နက်ရှိုင်းတယ်၊ သူတို့ ဘယ်လောက်အင်အားကြီးတယ်ဆိုတာ ဘယ်သူမှမသိဘူး။

ယန်လီပဲဖြစ်ဖြစ်၊ မဟာအကြီးအကဲတွေပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းတစ်ခုလုံးပဲဖြစ်ဖြစ်၊ ဘယ်သူကမှ အင်မော်တယ်တွေကို တိုက်ရိုက်ရင်ဆိုင်တိုက်ခိုက်ဖို့ သတ္တိမရှိကြဘူး၊ ဗဟိုဒေသထဲကို ဝင်ပြီးသတ်ဖြတ်ဆိုတာပိုဝေးသွားပြီ။

ဒါက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းမှာ အင်မော်တယ်တွေကို တိုက်ခိုက်နိုင်တဲ့ အင်အားမရှိလို့ဖြစ်တယ်။

အင်မော်တယ်တွေက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းထဲကို တိုက်ရိုက်ဝင်လာပြီးသတ်ဖြတ်မှာ မဟုတ်ဘူး။ တကယ်လို့သာ သူတို့ ဒီလိုလုပ်ခဲ့ရင်၊ ဒေသကြီးလေးခုလုံးရဲ့ သတိထားမှုကို မြင့်တက်စေလိမ့်မယ်။ ဒါက သူတို့ရဲ့ အကြံအစည်တွေနဲ့ ပရိယာယ်တွေအတွက် အကျိုးရှိမှာမဟုတ်ဘူး။

အဲဒီအချိန်ကျရင်၊ ဒေသကြီးလေးခုသာ ပေါင်းစည်းလိုက်ရင်၊ အင်မော်တယ်တွေတောင်မှ ခုခံနိုင်မှာမဟုတ်ဘူး။

“အင်မော်တယ်မျိုးနွယ်က ဘာတွေကြံစည်နေတာလဲ။”

“သူတို့ ဘာတွေလုပ်နေတာလဲ။”

“သူတို့ရဲ့ တကယ့်ပန်းတိုင်ကို မသိခင်မှာ၊ ငါတို့က သင့်တော်တဲ့ တန်ပြန်ဆောင်ရွက်မှုတွေ လုပ်လို့မရဘူး။ စောင့်ကြည့်နေရုံပဲရှိတယ်။”

“ဟုတ်တယ်။”

မဟာအကြီးအကဲတွေက ပြောလိုက်ကြတယ်။

ဒီလိုအခြေအနေမျိုးအောက်မှာ၊ တခြားလူသားဂိုဏ်းတွေနဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အင်မော်တယ်မျိုးနွယ်ကို အတူတကွ ရင်ဆိုင်နိုင်ရင်၊ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းအပေါ် ကျရောက်မယ့် ဖိအားက သေချာပေါက် အများကြီး လျော့နည်းသွားလိမ့်မယ်။

အင်မော်တယ်တွေက တိုက်ခိုက်ဖို့ ကြံစည်ပြီးသားဖြစ်လို့ သူတို့တိုက်ခိုက်တဲ့အကြိမ်အရေအတွက် များလာတာနဲ့ရင်ဒေသကြီးလေးခုက ဂိုဏ်းတွေနဲ့ အဖွဲ့အစည်းတွေကလည်း ထူးခြားမှုတွေကို တဖြည်းဖြည်း ရှာတွေ့လာလိမ့်မယ်။

အဆုံးမှာ ဘာဖြစ်လာမလဲဆိုတာကိုဘယ်သူမှ ကြိုတင်ခန့်မှန်းလို့မရဘူး။

သုံးရက်တိတိကြာပြီးတော့ အစည်းအဝေးပြီးဆုံးသွားတယ်။

ဒီသုံးရက်အတွင်းမှာ ယန်လီက မဟာအကြီးအကဲတွေနဲ့ ကိစ္စရပ်ပေါင်းများစွာကို ဆွေးနွေးခဲ့ပြီး အစီအစဉ်တွေကို တစ်ခုပြီးတစ်ခု ချမှတ်ခဲ့တယ်။ သူက တပည့်တွေနဲ့ အကြီးအကဲတွေကို ဗဟိုဒေသထဲကို စိမ့်ဝင်ပြီး သတင်းအချက်အလက်ရယူဖို့နဲ့ အစီအစဉ်အမျိုးမျိုးလုပ်ဖို့ စေလွှတ်ဖို့တောင် ပြင်ဆင်ထားတယ်။

ဘယ်လောက်ထိရောက်မှုရှိမလဲဆိုတာကိုတော့ သူတို့ အတည်မပြုကြဘူး။ အကောင်းဆုံးကြိုးစားလုပ်ဆောင်သွားမယ်လို့ပဲ ပြောနိုင်တယ်။

နေ့လည်မှာ ချီမင်က ဂိုဏ်းချုပ်ခန်းမကနေ ထွက်ခွာသွားတယ်။

မဟာအကြီးအကဲတွေလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြတယ်။

“ငါ အလိုအလျောက်ကျင့်ကြံခြင်း ဆက်လုပ်မယ်။”

ချီမင်က ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်ကို ပြန်လာတယ်။ သူက လွန်ခဲ့တဲ့သုံးရက်က ဂိုဏ်းချုပ်ခန်းမထဲမှာ မဟာအကြီးအကဲတွေနဲ့ ဆွေးနွေးတဲ့ အကြောင်းအရာအမျိုးမျိုးကို ပြန်စဉ်းစားမိပြီး ခေါင်းခါလိုက်တယ်၊ “ငါ့ရဲ့ ဗလာနယ်စွန့်ခွာခြင်း အစောပိုင်းအဆင့် ကျင့်ကြံမှုက အရမ်းနိမ့်နေသေးတယ်။ ငါ့ကျင့်ကြံမှုအဆင့် လုံလောက်ပြီး အတိုင်းအတာတစ်ခုအထိ သန်မာလာသရွေ့၊ ငါက ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်ကို သုံးရုံနဲ့ အင်မော်တယ်တွေရဲ့ ပန်းတိုင်ကို သိနိုင်မှာပဲ။ ဒီလောက်အားထုတ်စရာမလိုတော့ဘူး။”

နောက်ရက်တွေမှာ ချီမင်က သူ့ရဲ့ပုံမှန်ဘဝကို ပြန်ရောက်သွားတယ်။ သူက ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်မှာ နေ့တိုင်းကျင့်ကြံပြီး၊ သေမင်းမျှော်စင်ရဲ့ ပထမဆုံး(၃၃)ထပ်ဖြစ်တဲ့ ဂိမ်းမြေအောက်စခန်းကို အကြိမ်ကြိမ် ရှင်းလင်းခဲ့တယ်။

သူက ဝိညာဉ်ကျောက်တုံးတွေနဲ့ ပစ္စည်းတွေ အများကြီးရထားတယ်။

နွေဦးကုန်ပြီး ဆောင်းဦးရောက်လာတယ်။အချိန်တွေက ကုန်ဆုံးသွားတယ်။

မျက်စိတစ်မှိတ်အတွင်းမှာ နောက်ထပ် နှစ် (၂၀) ကြာသွားပြန်တယ်။

ဒီနေ့၊ ညနေပိုင်းမှာ။

တင်း!

“သန့်စင်ခြင်းသုံးပါးတာအိုကျမ်းကို အဆတစ်သန်းမြှင့်တင်မှုအောက်မှာ နောက်ထပ် နှစ် (၂၀) ကြာကျင့်ကြံခဲ့ပါတယ်။ဂုဏ်ယူပါတယ် လက်ခံသူ။ သင်ကောင်းကင်နဲ့မြေကြီးမဟာတာအိုစစ်မှန်ရည်ရွယ်ချက်ရဲ့နက်နဲမှုနဲ့ ကောင်းကင်နဲ့မြေကြီးမဟာတာအိုရဲ့ နက်နဲမှုတွေကို နားလည်သဘောပေါက်သွားပါပြီ။ သန့်စင်ခြင်းသုံးပါးတာအိုကျမ်းကို ပိုမိုနက်ရှိုင်းစွာ နားလည်သဘောပေါက်သွားပါပြီ။ သင့်ရဲ့ကျင့်ကြံမှုအဆင့်က ဗလာနယ်စွန့်ခွာခြင်း အလယ်ပိုင်းအဆင့်ကိုချိုးဖြတ်သွားပါပြီ။”

အသိပေးချက်တစ်ခု ပေါ်လာတယ်။

“ငါ ချိုးဖြတ်သွားပြီ။”

ချီမင်က အနည်းငယ် ပျော်ရွှင်သွားတယ်၊ “လွန်ခဲ့တဲ့ နှစ်(၂၀)နဲ့ နောက်ဆုံးနှစ်(၂၀)နဲ့ပေါင်းလိုက်ရင်၊ ဗလာနယ်စွန့်ခွာခြင်း အစောပိုင်းအဆင့်ကနေ ဗလာနယ်စွန့်ခွာခြင်း အလယ်ပိုင်းအဆင့်ကို ချိုးဖြတ်ဖို့ စုစုပေါင်း နှစ် (၄၀) ကြာတယ်။”

“မဆိုးပါဘူး။” ချီမင်က ပြောလိုက်တယ်။

ချီမင်ရဲ့ စိတ်က တုန်ခါသွားတယ်။ သူက နက်နဲတဲ့ အခြေအနေတစ်ခုထဲကို ဝင်ရောက်သွားတယ်။ ဒီအခြေအနေထဲမှာ၊ သူက လျှို့ဝှက်ဆန်းကြယ်တဲ့ ကမ္ဘာတစ်ခုကို ရောက်သွားတယ်ထင်ရတယ်။ ဒီကမ္ဘာထဲမှာ သူက သန့်စင်ခြင်းသုံးပါးတာအိုကျမ်းနဲ့ ကောင်းကင်နဲ့မြေကြီးမဟာတာအိုကို အဆက်မပြတ် နားလည်သဘောပေါက်နေတယ်။

ကျင့်ကြံခြင်းဆိုတာ အချိန်ကုန်တာကိုမသိနိုင်ဘူး။

ချီမင် အချိန်ဘယ်လောက်ကြာသွားလဲ မသိလိုက်ဘူး။

နောက်ဆုံးတော့ သူ့ရဲ့ ကောင်းကင်နဲ့မြေကြီးမဟာတာအိုအပေါ် နားလည်မှုက ပိုမြင့်မားတဲ့အဆင့်ကို တက်လှမ်းသွားတယ်။ ကောင်းကင်နဲ့မြေကြီးမဟာတာအိုရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေက သူ့စိတ်ထဲကို တိုးဝင်လာတယ်။ ကောင်းကင်နဲ့မြေကြီးမဟာတာအိုအနှစ်သာရဝိညာဉ်ရဲ့ စွမ်းအားက လျင်မြန်စွာ တိုးပွားလာပြီး၊ သူ့ရဲ့ဓမ္မစွမ်းအားတွေကလည်း အလျင်အမြန်တိုးလာတယ်။ သူ့ရဲ့ကျင့်ကြံမှုအဆင့်က သဘာဝအတိုင်းပဲ ဗလာနယ်စွန့်ခွာခြင်း အလယ်ပိုင်းအဆင့်ကို ချိုးဖြတ်သွားတယ်။

“ဗလာနယ်စွန့်ခွာခြင်း အလယ်ပိုင်းအဆင့်။”

ချီမင် သက်ပြင်းချလိုက်ပြီး သူ့ရဲ့ကျင့်ကြံမှုကို ခိုင်မာအောင်လုပ်လိုက်တယ်။

ဒါ့အပြင်၊ ဒီနှစ် (၂၀)အတွင်းမှာ၊ ချီမင်က သေမင်းမျှော်စင်ရဲ့ ပထမ (၃၃)ထပ်ဖြစ်တဲ့ ဂိမ်းမြေအောက်စခန်းထဲကနေ သွေးမျိုးဆက်သလင်းကျောက်တွေနဲ့ အမွေခံသလင်းကျောက်တွေ အတော်များများ ရရှိထားတယ်။ သူက ယင်ယန်နတ်ဆိုးလင်းနို့နဲ့ ရေခဲနတ်ဆိုးမတို့ကို ရှားပါးဝိညာဉ်သားရဲတွေအဖြစ် တိုးမြှင့်ပေးလိုက်တယ်။

လက်ရွေးစင်ဝိညာဉ်သားရဲ: ယင်ယန်နတ်ဆိုးလင်းနို့က သွေးမျိုးဆက်သလင်းကျောက် အများကြီးနဲ့ ပေါင်းစပ်ပြီးရှားပါးဝိညာဉ်သားရဲ: ထိုက်ချီနတ်ဆိုးလင်းနို့အဖြစ် နောက်ဆုံးမှာ တိုးမြင့်သွားတယ်။ သူနားလည်တဲ့စွမ်းရည်က ဟော့ချန်ချင်းနဲ့ နည်းနည်းဆင်တယ်။ သူတို့နှစ်ယောက်လုံးက ထိုက်ချီတာအိုရဲ့ စွမ်းအားကို ကျင့်ကြံကြတယ်။

ရှားပါးဝိညာဉ်သားရဲ: ထိုက်ချီနတ်ဆိုးလင်းနို့အဖြစ် တိုးတက်ပြီး‌ တော့သူက လူသားပုံစံပြောင်းနိုင်နေပြီ။ ထိုက်ချီနတ်ဆိုးလင်းနို့ရဲ့ လူ့သားပုံစံက ပိန်လှီပြီး စဉ်းလဲတဲ့ လူငယ်တစ်ယောက်ပုံစံမျိုးဖြစ်တယ်။

ဒါ့အပြင် ချီမင်က ထိုက်ချီနတ်ဆိုးလင်းနို့ကို နာမည်တစ်ခုလည်း ပေးထားတယ်။

လင်းနို့လေးလို့ခေါ်တယ်။

ရိုးရှင်းပြီး မှတ်ရလွယ်တယ်။

ဒါ့အပြင်၊ လက်ရွေးစင်ဝိညာဉ်သားရဲ: ရေခဲနတ်ဆိုးမကလည်း သွေးမျိုးဆက်သလင်းကျောက် အများကြီးပေါင်းစပ်ပြီး ရှားပါးဝိညာဉ်သားရဲအဖြစ် တိုးတက်သွားတယ်။ သူမက ပြင်းထန်ယင်တာအိုရဲ့ စွမ်းအားကို နားလည်သွားပြီး တာအိုပေါင်းစည်းခြင်းနှောင်းပိုင်းအဆင့်အထိ ကြီးထွားလာတယ်။

ချီမင်က ပြင်းထန်ယင်နတ်ဆိုးမကိုလည်း နာမည်တစ်ခု ပေးထားတယ်။

ယင်လေးလို့ခေါ်တယ်။

ရိုးရှင်းပြီး မှတ်ရလွယ်တယ်။

ဒါက ချီမင် နာမည်ပေးမတတ်လို့တော့ လုံးဝမဟုတ်ဘူး။

သွေးမိစ္ဆာနတ်ဆိုးသရဲဘုရင်ရဲ့ ကြီးထွားမှုကတော့ အများကြီးနှေးကွေးတယ်။ အခုထိချီမင်ရဲ့ ဂရုတစိုက်ပျိုးထောင်မှုအောက်မှာ၊ သူ့ရဲ့ကျင့်ကြံမှုအဆင့်က ဗလာနယ်စွန့်ခွာခြင်း နှောင်းပိုင်းအဆင့်ကိုပဲ ရောက်သေးတယ်။

သွေးမိစ္ဆာနတ်ဆိုးသရဲဘုရင်က သာမန်လူတစ်ယောက်နဲ့ တော့ဘာမှမခြားတော့ဘူး။ သူက သရဲကျင့်စဉ်ကိုလည်း ကျင့်ကြံပြီး တကယ့်သရဲကျင့်ကြံသူတစ်ယောက် ဖြစ်လာပြီ။ သူ့ရဲ့အင်အားကလည်း မဆိုးဘူး။

ချီမင်က သွေးမိစ္ဆာနတ်ဆိုးသရဲဘုရင်ကို နှင်းလေးနာမည်ပေးထာတယ်။

သွေးမဟုတ်ဘဲနှင်းလို့ ပေးထားတယ်။

ဒီလိုနဲ့၊ ချီမင်ရဲ့ ဝိညာဉ်သားရဲလေးကောင်လုံးမှာ သွေးမိစ္ဆာနတ်ဆိုးသရဲဘုရင်အပါအဝင် ကိုယ်ပိုင်နာမည်တွေ ရှိသွားကြပြီ။

သူက ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်ကို နောက်ထပ် နှစ်(၂၀)ကြာကျင့်ကြံခဲ့ပေမယ့်၊ အကြီးစားအောင်မြင်မှုအဆင့်ရဲ့ အကန့် အသတ်ကို မရောက်သေးဘူး။ အဲဒီ့အဆင့်နဲ့ အတော်လေး ဝေးနေသေးတယ်။

သူ တိုးတက်လာလေလေ၊ ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်ကို နားလည်သဘောပေါက်ပြီး ကျွမ်းကျင်ပိုင်နိုင်ဖို့က ပိုခက်ခဲလာလေလေပဲ။

တင်း!

“လက်ခံသူရဲ့ ကျင့်ကြံမှုအဆင့်က ဗလာနယ်စွန့်ခွာခြင်း အလယ်ပိုင်းအဆင့်ကို တိုးတက်သွားတာကို စစ်ဆေးမိပါတယ်။ ဗလာနယ်စွန့်ခွာခြင်း အစောပိုင်းအဆင့် ဂိမ်းမြေအောက်စခန်းဖြစ်တဲ့ သေမင်းမျှော်စင်ရဲ့ ပထမ (၃၃)ထပ်ကနေ ရမယ့် ဆုလာဘ်တွေက များစွာ လျော့ကျသွားပါတယ်။ ဂိမ်းမြေအောက်စခန်းအသစ်ကိုဖွင့်ဖို့ အဆင့်မြင့်ဝိညာဉ်ကျောက်တုံး တစ်သန်း အသုံးပြုနိုင်ပါတယ်။”

အသိပေးချက်တစ်ခု ပေါ်လာတယ်။

“ဂိမ်းမြေအောက်စခန်းအသစ်ကို ဖွင့်ဖို့ အဆင့်မြင့်ဝိညာဉ်ကျောက်တုံး တစ်သန်း သွင်းလိုက်မယ်။” ချီမင်က ပြောလိုက်တယ်။

တင်း!

“ဖြည့်သွင်းခြင်းအောင်မြင်ပါတယ်။”

“သင် ဗလာနယ်စွန့်ခွာခြင်း အလယ်ပိုင်းအဆင့် ဂိမ်းမြေအောက်စခန်း: သေမင်းမျှော်စင်ရဲ့ အလယ်(၃၃) ထပ်ကို ဝင်ရောက်နိုင်ပါပြီ။”

နောက်ထပ် အသိပေးချက်တစ်ခု ပေါ်လာတယ်။

“ဝင်မယ်။” ချီမင်က ပြောလိုက်တယ်။

ချက်ချင်းပဲ၊ ဂိမ်းမျက်နှာပြင်က ခုန်ထွက်လာပြီး ချီမင်ရဲ့ရှေ့မှာ ပေါ်လာတယ်။ ရင်းနှီးနေတဲ့ ဂိမ်းမြင်ကွင်းကဂိမ်းကမ္ဘာနဲ့ သေမင်းမျှော်စင်ပဲ ဖြစ်နေသေးတယ်။

သေမင်းမျှော်စင်မှာ စုစုပေါင်း (၉၉) ထပ်ရှိတယ်။

ဗလာနယ်စွန့်ခွာခြင်း အစောပိုင်းအဆင့်မှာ၊ ချီမင်က ပထမထပ်ကနေ (၃၃) ထပ်အထိကိုဖြတ်ဖို့လ်ိုတယ်။ဆိုလိုတာက သေမင်းမျှော်စင်ရဲ့ ပထမ‌ဆုံး (၃၃)ထပ်ကို ကျော်ဖြတ်ဖို့ လိုအပ်တယ်။

အခု၊ ချီမင်ရဲ့ ကျင့်ကြံမှုအဆင့်က ဗလာနယ်စွန့်ခွာခြင်း အလယ်ပိုင်းအဆင့်ကို ရောက်နေပြီ။

ဂိမ်းမြေအောက်စခန်းကို ရှင်းလင်းဖို့ လိုအပ်ချက်က ချီမင်က သေမင်းမျှော်စင်ရဲ့ (၃၄)ထပ်ကနေ (၆၆) ထပ်အထိဖြတ်ဖို့လိုတယ်။ဆိုလိုတာက သေမင်းမျှော်စင်ရဲ့ အလယ် (၃၃) ထပ်ကို ကျော်ဖြတ်ရမှာ ဖြစ်လာတယ်။

ချီမင် ကြုံတွေ့ရတဲ့ ပြိုင်ဘက်တွေနဲ့ ရန်သူတွေက သေမင်းမျှော်စင်ထဲမှာ အိပ်စက်နေတဲ့ သူရဲကောင်းဝိညာဉ်တွေနဲ့ ကျွမ်းကျင်သူတွေဖြစ်တယ်။

ချီမင်က အရမ်းစွမ်းအားကြီးတယ်။ သူက လမ်းတစ်လျှောက်လုံးကို တိုက်ခိုက်ရှင်းလင်းသွားတယ်။

တစ်ရက်ကြာပြီးနောက်။

တင်း!

“သင် သေမင်းမျှော်စင်ရဲ့ အလယ်(၃၃) ထပ် ဂိမ်းမြေအောက်စခန်းထဲမှာ တစ်ရက်ကြာ အလိုအလျောက်ကျင့်ကြံခြင်း လုပ်ခဲ့ပါတယ်။ သင် ဂိမ်းမြေအောက်စခန်းကို တစ်ကြိမ် ရှင်းလင်းပြီးပါပြီ။ သင် သမာဓိမီးလျှံ အံ့ဖွယ်စွမ်းအား နဲ့ အဆင့်နိမ့်အင်မော်တယ်သလင်းကျောက် (၁၀,၀၀၀)ရရှိပါတယ်။”

အသိပေးချက်တစ်ခု ပေါ်လာတယ်။

“သမာဓိမီးလျှံ။” ချီမင်က ပြောတယ်၊ “အင်မော်တယ်သလင်းကျောက်တွေလည်း ပါသေးတယ်။”

ပစ္စည်း: သမာဓိမီးလျှံ အံ့ဖွယ်စွမ်းအား။

ဖော်ပြချက်: သင် အသေးစားအံ့ဖွယ်စွမ်းအားနည်းစနစ်ဖြစ်တဲ့ သမာဓိမီးလျှံကို ကျင့်ကြံနိုင်ပါတယ်။

…

ပစ္စည်း: အဆင့်နိမ့် အင်မော်တယ်သလင်းကျောက်။

ဖော်ပြချက်: အထက်ကမ္ဘာက ထုတ်လုပ်တဲ့ အနိမ့်ဆုံးအဆင့် စွမ်းအင်သလင်းကျောက် ဖြစ်ပါတယ်။ ဝိညာဉ်ကျောက်တုံးတွေနဲ့ အတူတူပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဝိညာဉ်ကျောက်တုံးတွေထက် ပိုမြင့်တဲ့အဆင့်ရှိတဲ့ စွမ်းအင်သလင်းကျောက် ဖြစ်ပါတယ်။ အဆင့်နိမ့်အင်မော်တယ်သလင်းကျောက်တစ်ခုက အဆင့်မြင့်ဝိညာဉ်ကျောက်တုံး (၁၀,၀၀၀)နဲ့ ညီမျှပါတယ်။

…

“မဆိုးဘူး၊ မဆိုးဘူး။”

ချီမင်က ကျေနပ်စွာနဲ့ ခေါင်းညိတ်လိုက်တယ်၊ “ငါ အဆင့်မြင့်ဝိညာဉ်ကျောက်တုံး (၁၀၀,၀၀၀) သွင်းပြီး သမာဓိမီးလျှံ အံ့ဖွယ်စွမ်းအားကို လေ့ကျင့်မယ်။”

တင်း!

“ဖြည့်သွင်းခြင်း အောင်မြင်ပါတယ်။”

“သမာဓိမီးလျှံ အံ့ဖွယ်စွမ်းအားကို အဆတစ်သန်းမြှင့်တင်မှုအောက်မှာ ကျင့်ကြံနေပါတယ်...”

အသိပေးချက်တစ်ခု ပေါ်လာတယ်။

All Chapters