နှစ်တစ်ရာ၊ နောက်ဆုံးတော့ ဝိညာဉ်ဖွဲ့တည်ခြင်းကျွမ်းကျင်သူ ဖြစ်လာခြင်း
Vol. 12 Ch. 169
တစ်ရက်ကြာတော့ အဲ့ဒီဂိမ်းမြေအောက်စခန်းကို လွယ်လွယ်ကူကူပဲ ရှင်းနိုင်သွားတယ်။
တင်း!
"သင် 'သေမင်းမျှော်စင်ရဲ့ ထိပ်ဆုံး(၃၃)ထပ်' ဂိမ်းမြေအောက်စခန်းမှာ တစ်ရက်တာ အလိုအလျောက်ကျင့်ကြံခဲ့ပါတယ်။သင်ဂိမ်းမြေအောက်စခန်းကို တစ်ကြိမ်ရှင်းလင်းခဲ့ပါတယ်။ သင် သေမင်းပေါက်စတစ်ကောင်နဲ့ အဆင့်နိမ့် အင်မော်တယ်သလင်းကျောက် (၁၀၀,၀၀၀)ရရှိပါတယ်။"
အသိပေးချက်တစ်ခု ပေါ်လာတယ်။
"သေမင်းပေါက်စ။"
ချီမင်ရဲ့ မျက်လုံးတွေက အရောင်လက်သွားပြီး ပြောလိုက်တယ်၊ "နှစ်တွေအကြာကြီး ဂိမ်းမြေအောက်စခန်းပေါင်းအများကြီးကို ရှင်းပြီးတော့မှ ငါ နောက်ဆုံးတော့ ဝိညာဉ်သားရဲအသစ်တစ်ကောင် ရပြီ။"
"ကြည့်ရတာ အရမ်းထူးခြားမယ်ထင်တယ်။"
ရှားပါးဝိညာဉ်သားရဲ: သေမင်းပေါက်စ။
ဖော်ပြချက်: 'သေမင်းမျှော်စင်' ဂိမ်းမြေအောက်စခန်းရဲ့ (၉၉) ထပ်မြှောက်မှာ မွေးဖွားလာတဲ့ ရှားပါးဝိညာဉ်သားရဲဖြစ်ပါတယ်။ သူက သေမင်းရဲ့ မူလသေခြင်းစွမ်းအားနဲ့ ပေါင်းစပ်ထားပြီး သန့်စင်တဲ့ သေခြင်းတာအိုကို နားလည်ပိုင်နိုင်ထားတယ်။ ဒါပေမဲ့ သူက မွေးကင်းစလေးဖြစ်ပြီးအရမ်းထူးခြားတဲ့ အလားအလာနဲ့ ကြီးထွားနိုင်စွမ်းရှိတယ်။ အကန့်အသတ်ထိ ကြီးထွားသွားရင် သူ့ရဲ့ကျင့်ကြံမှုအဆင့်က တာအိုပေါင်းစည်းခြင်းနှောင်းပိုင်းအဆင့်အထိ ရောက်နိုင်ပါတယ်။
ချီမင်က သက်ဆိုင်ရာအချက်အလက်တွေကို စစ်ဆေးလိုက်တယ်။
ဒါက နောက်ထပ်ရှားပါးဝိညာဉ်သားရဲတစ်ကောင်ပဲ။
"ငါ ထိပ်တန်းအဆင့်ဝိညာဉ်ကျောက်တုံး (၁၀,၀၀၀) ထည့်ပြီး ပဉ္စမမြောက် ဝိညာဉ်သားရဲနေရာကို ဖွင့်မယ်။" ချီမင်က ပြောလိုက်တယ်။
တင်း!
"ဖြည့်သွင်းခြင်း အောင်မြင်ပါသည်၊ ပဉ္စမမြောက် ဝိညာဉ်သားရဲနေရာကို အောင်မြင်စွာ ဖွင့်ပြီးပါပြီ။"
အသိပေးချက်တစ်ခု ပေါ်လာတယ်။
ပစ္စည်းစာရင်းကို ဖွင့်လိုက်တယ်။
ပစ္စည်းအများကြီးထဲမှာ ချီမင်က အခုလေးတင်ရလာတဲ့ သေမင်းပေါက်စလေးကို ရှာတွေ့ပြီး ခေါ်ထုတ်လိုက်တယ်။
အနက်ရောင်အလင်းတန်းတစ်ခု လင်းလက်သွားတယ်။
သေမင်းပေါက်လေးက ချီမင်ရဲ့ရှေ့မှာ ပေါ်လာတယ်။ သူ့ရဲ့တစ်ကိုယ်လုံးက သေမင်းကိုမှအကြိမ် ပေါင်းများစွာ ကျုံ့ထားတာနဲ့တူပြီး ချစ်စရာလေးဖြစ်အောင် လုပ်ထားတယ်။ အရပ်က (၃၀) စင်တီမီတာလောက်ပဲ ရှိတယ်။
ဆွတ်စ်ရှ်!
သူက အခုလေးတင် ထွက်လာတယ်။
သေမင်းပေါက်စလေးက စကားတစ်ခွန်းမှမပြောဘဲ ထွက်ပြေးဖို့ ကြိုးစားတော့တယ်။ သူက အနက်ရောင်အလင်းစီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အဝေးကို ထွက်ပြေးသွားတယ်။ ချီမင်ရဲ့ ညာလက်က အောက်ကိုကျလာပြီး ကြီးမားတဲ့ ဓမ္မစွမ်းအားတွေက ဧရာမအတားအဆီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သေမင်းပေါက်စလေးကို ပိတ်လှောင်ထားလိုက်တယ်။
ကလန်! ကလန်!
သေမင်းပေါက်စလေးက ရုန်းကန်နေသေးတယ်။
သူက လက်နှစ်ဖက်နဲ့ အနက်ရောင် သေခြင်းတံစဉ်းလေးကို ကိုင်ထားပြီး ဆေဘာချီတွေ ထုတ်လွှတ်လိုက်တယ်။ အဲ့ဒါတွေက ဓမ္မစွမ်းအားအတားအဆီးကို သွားရိုက်ခတ်ပြီး လှိုင်းဂယက်လေးတွေ ထသွားစေတယ်။
"မွေးကင်းစလေးဖြစ်ပြီး ဒီလောက်တောင်စွမ်းရည်ရှိတယ်။မင်းရဲ့အလားအလာက တကယ်ကို ကြီးမားတာပဲ။ အစပိုင်းက အမှောင်မီးလျှံတောင် မင်းလောက် မကောင်းဘူး။ အနာဂတ်မှာ မင်းက အမှောင်မီးလျှံထက် ပိုပြီး အားကောင်းလာလိမ့်မယ်လို့ ငါမျှော်လင့်တယ်။" ချီမင်က ပြောလိုက်တယ်။
ပြီးတော့ ချီမင်က သူ့ရဲ့ဓားလက် ချောင်းကိုသုံးပြီး ဘယ်လက်ညှိုးမှာ ဒဏ်ရာသေးသေးလေးတစ်ခု ဖြစ်အောင်လုပ်လိုက်တယ်။ သွေးတစ်စက်စိမ့် ထွက်လာတယ်။ အဲ့ဒီသွေးက ရွှေရောင်ပြောင်းနေပြီ။
ဒါက ချီမင်က တိုက်ပွဲမြင့်မြတ်ခန္ဓာကို ပိုင်ဆိုင်ထားလို့ဖြစ်တယ်။
"သွား!"
ချီမင်က ဘယ်လက်ကို ဝှေ့ယမ်းလိုက်တော့ ရွှေရောင်သွေးစက်လေးက ပျံထွက်သွားပြီး သေမင်းပေါက်စလေးပေါ် ကျသွားကာ ချီမင်ရဲ့သွေးနဲ့ ပေါင်းစပ်သွားတယ်။
တင်း!
"ဂုဏ်ယူပါတယ် လက်ခံသူ။ သင် ရှားပါးဝိညာဉ်သားရဲ: သေမင်းပေါက်ကို ရရှိသွားပါပြီ။"
အသိပေးချက်တစ်ခု ပေါ်လာတယ်။
"ပြီးပြီ။"
ချီမင်ရဲ့ ဘယ်လက်ညှိုးက ဒဏ်ရာသေးသေးလေးက ပျောက်ကင်းသွားတယ်။ သူက သေမင်းပေါက်စလေးကို လုံးဝထိန်းချုပ်နိုင်သွားပြီ။ သေမင်းပေါက်စလေးရဲ့ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းက ချီမင်ရဲ့ထိန်းချုပ်မှုအောက်မှာ လုံးလုံးလျားလျား ကျရောက်သွားပြီ။
"သခင်... သခင်..."
သေမင်းပေါက်စလေးက ခေါင်းငိုက်စိုက်ကျသွားပြီး သူ့စိတ်ထဲကနေ ချီမင်ကို သတင်းပို့လိုက်တယ်။ ဒါပေမဲ့ သူ့ရဲ့လေသံက အရမ်းကို နိမ့်ကျနေတယ်။ ထွက်ပြေးဖို့ကြိုးစားတာမအောင်မြင်လို့စိတ်အခြေ အနေမကောင်းတာ သိသာတယ်။
"အနာဂတ်မှာ မင်းနာမည်က သေမင်းပဲ။" ချီမင်က ပြောလိုက်တယ်။
"ဟုတ်ကဲ့ပါ သခင်။"
သေမင်းပေါက်လေးက အခုမှမွေးတာဆိုပေမယ့် သူ့ရဲ့စိတ်ကတော့ ပြည့်စုံနေပြီ။ သူက ချီမင်ရဲ့ ဝိညာဉ်သားရဲ ဖြစ်သွားပြီဆိုတာနဲ့ သူ့ရဲ့အဖိုးတန်တဲ့ လွတ်လပ်မှုကို ဆုံးရှုံးသွားပြီဆိုတာကို သူသိတယ်။
သူ အရမ်းစိတ်ဓာတ်ကျနေတယ်။
အနာဂတ်မှာ အလင်းရောင်မရှိတော့ဘူးလို့ သူခံစားနေရတယ်။
သေမင်းပေါက်လေးရဲ့ စရိုက်က ချီမင်ရဲ့ ဝိညာဉ်သားရဲတွေအားလုံးထဲမှာ အထူးခြားဆုံးပဲ။ သူက မွေးဖွားလာပြီးကတည်းက ရှင်းလင်းတဲ့စိတ်ရှိတယ်။ ပြီးတော့ သေမင်းရဲ့ အမွေအနှစ်တစ်စိတ်တစ်ပိုင်းကိုလည်း ရထားတော့ အများကြီး သိနေတယ်။
ဒါ့အပြင် သူက ပစ္စည်းစာရင်းထဲကနေ လွှတ်လိုက်တာနဲ့ ထွက်ပြေးသွားတယ်။
ချီမင်ရဲ့ တခြားဝိညာဉ်သားရဲတွေက ဒီလိုမျိုး တစ်ခါမှမလုပ်ဖူးဘူး။
"ဝိညာဉ်သားရဲနေရာကို သွားပြီး ကြီးထွားလိုက်တော့။" ချီမင်က ပြောလိုက်တယ်။
"အာ?!"
သေမင်းပေါက်လေးက ခေါင်းမော့လာတယ်။ သူက အရမ်းသေးပြီး အရပ်က (၃၀) စင်တီမီတာပဲ ရှိတယ်။ အနက်ရောင်ဝတ်ရုံဝတ်ထားပြီး အနက်ရောင်တံစဉ်းကိုင်ထားပေမယ့် အနက်ရောင်ဝတ်ရုံအောက်မှာ အရိုးစုလေးပုံစံ ရှိနေသေးတယ်။
ကြည့်ရတာတော့ တော်တော်ချစ်စရာကောင်းပြီးသေမင်းအသေးစားလေးနဲ့တူတယ်။
"သခင်၊ ကျွန်တော်မျိုး သေမင်းပေါက်စလေးက အခုမှမွေးတာပါ။ ဒီကမ္ဘာကြီးရဲ့ အလှအပတွေ ကျယ်ပြောတဲ့ ကမ္ဘာကြီးကို မမြင်ဖူးသေးပါဘူး..."
သေမင်းပေါက်လေးက သနားစဖွယ်ပြောလာတယ်၊ "ကျွန်တော်မျိုး သေမင်းပေါက်စလေးက ဝိညာဉ်သားရဲနေရာထဲဝင်ပြီး ကျင့်ကြံချင်စိတ် မရှိပါဘူး။ ကျွန်တော် ဒီလှပတဲ့လောကကြီးကို ကြည့်ပြီးမှကျင့်ကြံချင်ပါတယ်။"
"မဟုတ်ဘူး၊ မင်း မလိုချင်ပါဘူး။"
ချီမင်က သေမင်းပေါက်စလေးကို ဘာခံစားချက်မှမရှိဘဲ မထူးမခြား ကြည့်လိုက်တယ်။
"အာ..."
သေမင်းပေါက်လေးက အသက်ရှူမှားသွားသလိုဖြစ်ပြီး သူ့မျက်နှာအမူအရာက ချက်ချင်းပြောင်းသွားတယ်။ သူက ခပ်သွက်သွက် ခေါင်းညိတ်ပြီး "အာ၊ သခင်က သခင်ပါပဲ။ အရမ်းခန့်ညားပြီး ကျက်သရေရှိတယ်။ ဘဝမှာ မိန်းမတစ်ထောင်လောက်ကိုတောင် ဆွဲဆောင်နိုင်မှာပဲ။ သခင့်ရဲ့ဆုံးဖြတ်ချက်က အရမ်းမှန်ကန်တယ်။ ကျွန်တော်မျိုး သေမင်းပြောတာတွေအကုန်လုံး လိမ်ညာနေမှန်း တစ်ချက်ကြည့်ရုံနဲ့ သိနိုင်တယ်။"
"ဟုတ်တယ်။"
"ကျွန်တော် အပြင်မှာ လုံးဝမနေချင်ပါဘူး။"
"ကျွန်တော်မျိုး သေမင်းကို ဝိညာဉ်သားရဲနေရာထဲ အမြန်ပို့ပေးပါတော့။ အလိုအလျောက်ကျင့်ကြံခြင်း လုပ်ဖို့ မစောင့်နိုင်တော့ပါဘူး။"
ချီမင်က ကျေနပ်စွာနဲ့ ခေါင်းညိတ်လိုက်တယ်။
"သွားတော့။"
ဆွတ်စ်ရှ်!
အနက်ရောင်အလင်းတန်းတစ်ခု လင်းလက်သွားတယ်။
သေမင်းပေါက်လေးက ပဉ္စမမြောက် ဝိညာဉ်သားရဲနေရာထဲ ဝင်သွားတယ်။
"ငါ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၁၀၀,၀၀၀ ထည့်လိုက်မယ်။" ချီမင်က ပြောလိုက်တယ်။
တင်း!
"ဖြည့်ခြင်း အောင်မြင်ပါသည်။"
"ရှားပါးဝိညာဉ်သားရဲ: သေမင်းပေါက်လေးကအဆဆယ်သန်း မြှင့်တင်မှု အောက်မှာကြီးထွားနေပါတယ်..."
အသိပေးချက်တစ်ခု ပေါ်လာတယ်။
ချီမင်က ကျေနပ်စွာ ခေါင်းညိတ်လိုက်တယ်။
ဒါ့အပြင် နှစ်ပေါင်း (၆၀) တောင် ကြာသွားပြီ။
အပြင်လောကရဲ့ အပြောင်းအလဲတွေက မသေးဘူး။
ပဋိပက္ခတွေ ပိုပိုပြီးဖြစ်ပွားလာတာနဲ့အမျှ လောကကြီးထဲက သတ်ဖြတ်လိုစိတ်တွေက တဖြည်းဖြည်း ပိုပြင်းထန်လာတယ်။ သေမျိုးတွေ၊ ကျင့်ကြံသူတွေ၊နတ်ဘုရားတွေ၊ မိစ္ဆာတွေ၊ သရဲတွေ၊ ဒါမှမဟုတ် နတ်ဆိုးတွေ အားလုံးပဲ သက်ရောက်မှုခံရပြီး သေဆုံးလာကြတယ်။
အင်မော်တယ်တွေက ဆက်တိုက်ဆိုသလို နှစ်ကြိမ်တိတိ တိုက်ခိုက်ပြီး တောင်ပိုင်းဒေသက ဗုဒ္ဓတစ်သောင်းဂိုဏ်းနဲ့ နွေဦးဆောင်းဦးဂိုဏ်းကြားက ဆက်ဆံရေးကို တမင်တကာ သွေးထိုးလှုံ့ဆော်ခဲ့တယ်။ဂိုဏ်းနှစ်ခုကြားမှာ အလယ်အလတ်တန်းစား တိုက်ပွဲကြီးတစ်ခု ဖြစ်သွားတယ်။
ဒီတိုက်ပွဲက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းကိုတောင် သက်ရောက်မှုရှိလာတယ်။
ဒါ့အပြင် ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းက တပည့်နဲ့ အကြီးအကဲအများကြီးကို ဗဟိုဒေသထဲ စိမ့်ဝင်ဖို့ စေလွှတ်ထားတယ်။ ဗဟိုဒေသက မပြိုကွဲသေးတဲ့အတွက် ကောင်းကင်နဲ့မြေကြီးရဲ့ ဝိညာဉ်စွမ်းအင်က ဒေသလေးခုထက် သိသိသာသာ ပိုမြင့်မားတယ်။
နှစ်တွေအကြာကြီး ကြာပြီးတော့ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းက ဗဟိုဒေသကို စေလွှတ်လိုက်တဲ့ တပည့်နဲ့ အကြီးအကဲတွေက အရေးကြီးတဲ့ သတင်းအချက်အလက် ဘာတစ်ခုမှ မရလာဘူး။ သူတို့က အကြိမ်များစွာ ဖော်ထုတ်ခံရပြီး အင်မော်တယ်တွေရဲ့ ထောက်ချောက်ဆင်တာကို ခံရတယ်။ အများစုက ဒဏ်ရာရပြီးသေဆုံးသွားကြတယ်။
ဒါ့အပြင် ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းက အမွေခံတပည့်ပြိုင်ပွဲတစ်ခု ထပ်ကျင်းပခဲ့ပေမယ့် ချီမင်က ဒါကို လုံးဝဂရုမစိုက်တော့ဘူး။
ဒီတစ်ခေါက်မှာတော့ ရှောင်ဖန်းက အမွေခံတပည့်ပြိုင်ပွဲအတွင်းမှာ ဗလာနယ်စွန့်ခွာခြင်းအဆင့်ကို ချိုးဖြတ်ပြီး အလွန်ထူးချွန်တဲ့ စွမ်းဆောင်ရည်နဲ့ မဟာအကြီးအကဲတွေရဲ့ အသိအမှတ်ပြုမှုကို ရရှိသွားတယ်။ သူက ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်ကို ဝင်ရောက်ကျင့်ကြံခွင့် ရသွားတယ်။
သူက ဘယ်မဟာအကြီးအကဲရဲ့ တပည့်မှ ဖြစ်မလာခဲ့ဘူး။ အဲဒီအစား သူက ကောင်းကင်လျှို့ဝှက်ချက်မျိုးနွယ်ထဲ ဝင်ရောက်ပြီး အမွေအနှစ်ခန်းမမှာ ကောင်းကင်လျှို့ဝှက်ချက်မျိုးနွယ်ရဲ့ ကျင့်ကြံနည်းကို ရှာတွေ့သွားတယ်။
ချီမင်လည်း ဒါကို သိတယ်။ သူ ဘာမှမလုပ်ဘူး။
သူက ရှောင်ဖန်းကို တစ်ခါပဲတွေ့ပြီး ကောင်းကင်လျှို့ဝှက်ချက်မျိုးနွယ်ထဲ ဝင်သွားတာကို အသိအမှတ်ပြုလိုက်တယ်။ ဒါ့အပြင် ဒီကောင်လေးက တကယ်ကို ကြီးထွားလာပြီဆိုတာ သူတွေ့ရတယ်။
အပြောင်းအလဲက တကယ်ကို ကြီးမားတယ်။
ယွမ်ဖုန်းကတော့ ဒုတိယအမွေခံတပည့်ပြိုင်ပွဲမှာ ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်ကို ဝင်ရောက်ကျင့်ကြံခွင့် မရဘူး။ သူမရဲ့အခွင့်အရေး ကဆုံးရှုံးသွားတယ်။
နောက်ဆုံးမှာ သူက ရှောင်ဖန်းထက် နည်းနည်းလေး ညံ့နေသေးတယ်။
အချိန်တွေက တရွေ့ရွေ့ကုန်ဆုံးသွားတယ်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ နောက်ထပ် နှစ်တစ်ရာ ကြာသွားတယ်။
ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်မှာ။
တင်း!
"သန့်စင်ခြင်းသုံးပါးတာအိုကျမ်းကို အဆဆယ်သန်းမြှင့်တင်မှု အောက်မှာနှစ်တစ်ရာကြာ ကျင့်ကြံခဲ့ပါတယ်။ ဂုဏ်ယူပါတယ် လက်ခံသူ။ သင် ပိုပြီးနက်နဲတဲ့ ကောင်းကင်နဲ့မြေကြီးမဟာတာအိုစစ်မှန်ရည်ရွယ်ချက်နဲ့ ကောင်းကင်နဲ့မြေကြီးမဟာတာအိုရဲ့ နက်နဲမှုကို နားလည်သဘောပေါက်သွားပါပြီ။ သန့်စင်ခြင်းသုံးပါးတာအိုကျမ်းကိုလည်း တစ်ဆင့်ပိုပြီး နားလည်သဘောပေါက်သွားပါပြီ။ သင့်ရဲ့ ကောင်းကင်နဲ့မြေကြီးမဟာတာအိုအနှစ်သာရဝိညာဉ်က အခုလေးတင် ဖွဲ့စည်းပြီးပါပြီ။ အောင်မြင်စွာ ချိုးဖြတ်ပြီးဝိညာဉ်ဖွဲ့တည်ခြင်းအစောပိုင်းအဆင့်ကို ရောက်ရှိသွားတဲ့အတွက် ဂုဏ်ယူပါတယ်။"
အသိပေးချက်တစ်ခု ပေါ်လာတယ်။
သူ အလိုအလျောက်ကျင့်ကြံခြင်း လုပ်လာတာ နှစ်တစ်ရာတောင် ရှိပြီ။
အခုမှ ချီမင်ရဲ့ ကောင်းကင်နဲ့မြေကြီးမဟာတာအိုအနှစ်သာရဝိညာဉ်က အခုလေးတင် ဖွဲ့စည်းပြီးသွားပြီ။ သူ့ရဲ့ အနှစ်သာရဝိညာဉ်က ပြီးပြည့်စုံတဲ့ အခြေတည်ဝိညာဉ်နဲ့ ပေါင်းစပ်သွားပြီ။ သူ့ရဲ့ အနှစ်သာရဝိညာဉ်စွမ်းအားနဲ့ ဓမ္မစွမ်းအားတွေ ပေါင်းစပ်ပြီး အနှစ်သာရဝိညာဉ်ဓမ္မစွမ်းအားအဖြစ် ပြောင်းလဲသွားတယ်။
သူကသူ့စိတ်ထဲကို တိုးဝင်လာတဲ့နက်နဲမှုအမျိုးမျိုးကို နားလည်သဘောပေါက်သွားတယ်။ သူ့ရဲ့အသ်ိစိတ်တစ်ချက်ကို အချိန်ခဏအတွင်းမှာ မရေမတွက်နိုင်တဲ့ နတ်ဘုရားသိစိတ်တွေကို ဆင့်ကဲပြောင်းလဲစေနိုင်တယ်။ သူ့ရဲ့ကျင့်ကြံမှုက အောင်မြင်စွာ ချိုးဖြတ်သွားတယ်။
သူ့ရဲ့အင်အားက အကြီးအကျယ် တိုးတက်သွားတယ်။
ဒီအချိန်မှာ ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်ပေါ်မှာ ချီမင်ရဲ့ ကျင့်ကြံမှုအဆင့်က ချိုးဖြတ်လိုက်တာနဲ့ ကြောက်စရာကောင်းတဲ့ ထူးခြားဖြစ်စဉ်ကြီးတစ်ခု ဖြစ်ပေါ်လာတယ်။
ဒါ့အပြင် ဒီတစ်ခေါက်ပေါ်လာတဲ့ ဝိညာဉ်တိမ်တိုက်ဝဲဂယက်က အချင်းဝက် ကီလိုမီတာ (၃၀၀)ရှိနေတုန်းပဲဖြစ်ပေမယ့် သုံးလွှာထပ်နေတယ်။ ဝိညာဉ်တိမ်တိုက်ဝဲဂယက်ရဲ့ အလွှာတိုင်းမှာ မတူညီတဲ့ ထူးခြားဖြစ်စဉ်တွေ ရှိနေပြီး ကောင်းကင်သုံးထပ်အဖြစ် ပြောင်းလဲသွားတာနဲ့တူတယ်။
ဧရိယာ မိုင် (၃၀၀) ကျော်ကို ဖုံးလွှမ်းသွားတယ်။
တစ်နည်းပြောရရင် ဒါက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ နယ်မြေတစ်ဝက်ကျော်လောက် ရှိနေပြီ။
"ဒါ... ဒါက..."
"ဒါ ဘာကြီးလဲ?"
"ဘုရားရေ!"
"ဒီလောက်ကျယ်ပြန့်တဲ့ ဝိညာဉ်တိမ်တိုက်ဝဲဂယက်နဲ့ ဒီလောက်ခမ်းနားတဲ့ ထူးခြားဖြစ်စဉ်ကြီး..."
"အမလေး..."
"ချီမင် ချိုးဖြတ်လိုက်ပြီ။ သူ့ရဲ့ကျင့်ကြံမှုအဆင့်က ဝိညာဉ်ဖွဲ့တည်ခြင်းအဆင့်ကို ရောက်သွားပြီ။ ပြီးတော့ သူဖန်တီးလိုက်တဲ့ ထူးခြားဖြစ်စဉ်က သူ ဗလာနယ်စွန့်ခွာခြင်းအဆင့်ကို ချိုးဖြတ်တုန်းကထက် အဆပေါင်းများစွာ ပိုကြီးလာတယ်။"
"ဒါက တော်တော်လေးကို ထိတ်လန့်စရာပဲ။"
"ငါ မျှော်လင့်ထားပေမယ့် ဒီအခြေအနေကို မြင်လိုက်ရတော့ တကယ်ကို အံ့ဩတုန်လှုပ်မိတုန်းပဲ။ ငါ ပါးစပ်အဟောင်းသား ဖြစ်နေတုန်းပဲ။ ဒီမြင်ကွင်းကို ဘယ်လိုဖော်ပြရမလဲတောင် မသိတော့ဘူး။"
"..."
ဒီအချိန်မှာ မဟာအကြီးအကဲတွေ၊ ကိုယ်ပိုင်တပည့်တွေ၊ အမွေခံတပည့်တွေ၊ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ တောင်ထွတ်ဆယ့်နှစ်ခုနဲ့ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းထဲက အမျိုးမျိုးသောနတ်ဆိုးတွေအားလုံးက မော့ကြည့်ပြီး ဒီထူးခြားဖြစ်စဉ်ကြီးကို ကြည့်နေကြတယ်။
ဒီလိုမြင်ကွင်းမျိုးက အင်မော်တယ်တစ်ပါး တက်လှမ်းသွားတာနဲ့တူတယ်။တာအိုရဲ့ အရှိန်အဝါတွေက လိုက်ပါလာတယ်။ ကောင်းကင်ကနေ ပန်းတွေကြွေကျလာသလို၊ မြေကြီးပေါ်မှာ ရွှေကြာပန်းတွေ ပွင့်အာလာသလို၊ ဝိညာဉ်စွမ်းအင်တွေက ဝိညာဉ်စမ်းရေတွေ ပန်းထွက်နေသလိုမျိုးမြင်ကွင်းအမျိူးမျိူးဖြစ်ပေါ်လာတယ်။
ပထမဆုံး ဝိညာဉ်တိမ်တိုက်ဝဲဂယက်ထဲမှာ
အဓိကအားဖြင့် ဆယ့်နှစ်လွှာသောင်းပြောင်းကြာပန်းစိမ်းအဖြစ် ပြောင်းလဲသွားတယ်။ သောင်းပြောင်းကြာပန်းစိမ်းက ဝိညာဉ်တိမ်တိုက်ဝဲဂယက်ထဲမှာ အမြစ်တွယ်နေပြီး မရေမတွက်နိုင်တဲ့အစိမ်းရောင်အလင်းတန်းတွေက မရေမတွက်နိုင်တဲ့ ဓားစွမ်းအင်တွေလို ဖြစ်သွားတယ်။
ဒုတိယ ဝိညာဉ်တိမ်တိုက်ဝဲဂယက်ထဲမှာ မမြင်နိုင်တဲ့ သဏ္ဌာန်မဲ့ မဟာတာအိုရွှေအမြူတေအဖြစ် ပြောင်းလဲသွားတယ်။ အဲ့ဒါက ပုံရိပ်ယောင်လိုလိုတကယ်ရှိသလိုဖြစ်နေပြီး နှိုင်းယှဉ်လို့မရအောင် ကြီးမားတဲ့ နေမင်းကြီးတစ်စင်းလိုမျိုး မဟာတာအိုရွှေအမြူတေရဲ့ အလင်းရောင်ကို ယာယီ ထုတ်လွှတ်နေတယ်...
တတိယ ဝိညာဉ်တိမ်တိုက်ဝဲဂယက်ထဲမှာတော့ မသဲမကွဲ ပုံရိပ်သုံးက တတိယအလွှာ ဝိညာဉ်တိမ်တိုက်ဝဲဂယက်ရဲ့ မတူညီတဲ့ နေရာသုံးခုမှာ ရပ်နေတယ်။ သူတို့တစ်ယောက်ချင်းစီမှာ ကိုယ်ပိုင် မဟာတာအိုစစ်မှန်ရည်ရွယ်ချက်တွေ ရှိနေပြီး မဟာတာအိုကျမ်းစာတွေကို ရွတ်ဖတ်နေကြတယ်၊ ကောင်းကင်နဲ့မြေကြီးရဲ့ မဟာတာအိုကို ဖော်ပြနေတာနဲ့တူတယ်။ ဒါပေမဲ့ လူတိုင်းက သေသေချာချာ နားထောင်ကြည့်တဲ့အခါမှာတော့ ရှင်းရှင်းလင်းလင်း မကြားရဘဲ စကားလုံးတွေက ဝေဝေဝါးဝါး ဖြစ်နေတယ်...
ဒီလိုမျိုး ကောင်းကင်နဲ့မြေကြီးရဲ့ ထူးခြားဖြစ်စဉ်က တကယ်ကို ကြီးမားလွန်းပြီး ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ နယ်မြေတစ်ခုလုံးကို ပြည့်နှက်သွားတယ်။ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းမှာ ဂိုဏ်းကာကွယ်ရေးအစီအရင်ရဲ့ အထောက်အပံ့ရှိပြီး ကောင်းကင်နဲ့မြေကြီးရဲ့ ထူးခြားဖြစ်စဉ်ကို ဖုံးကွယ်ထားနိုင်လောက်အောင် မဟုတ်ဘူးဆိုရင် ဒီလိုမြင်ကွင်းမျိုး ပျံ့နှံ့သွားတာက တောင်ပိုင်းဒေသတစ်ခုလုံး၊ ဒါမှမဟုတ် လျှို့ဝှက်နက်နဲကမ္ဘာတစ်ခုလုံးကိုတောင် ထိတ်လန့်တုန်လှုပ်သွားစေလိမ့်မယ်။
တဖြည်းဖြည်းနဲ့ ချီမင်ရဲ့ကျင့်ကြံမှုက လုံးဝချိုးဖြတ်သွားပြီး တည်ငြိမ်သွားတယ်။ဝိညာဉ်ဖွဲ့တည်ခြင်းအဆင့်ကို ချိုးဖြတ်လို့ဖြစ်ပေါ်လာတဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ ထူးခြားဖြစ်စဉ်က စုစည်းလာပြီး ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့တယ်...
ဒါပေမဲ့ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းက သက်ရှိအားလုံးကတော့ စိတ်ငြိမ်သွားခြင်း မရှိသေးဘူး။ သူတို့ အဲ့ဒီ ထိတ်လန့်တုန်လှုပ်မှုကနေ မလွတ်မြောက်သေးဘူး...
ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်မှာချီမင်က သူ့ရဲ့ကျင့်ကြံမှုအဆင့်ကို လုံးဝခိုင်မာအောင် လုပ်လို့ပြီးသွားတယ်။
"နှစ်တစ်ရာကြာပြီးတော့ နောက်ဆုံးတော့ ငါ ဝိညာဉ်ဖွဲ့တည်ခြင်းအဆင့်ကို ရောက်ပြီ။"
ချီမင်က သူ့စိတ်ထဲမှာ သက်ပြင်းချလိုက်တယ်။
အပေါ်ယံကြည့်ရင်တော့ သူက သိပ်ပြောင်းလဲသွားပုံမပေါ်ဘူး။ အရင်ကလိုပဲ နုပျိုနေတုန်းပဲ။ အချိန်က သူ့အပေါ်မှာ ဘာအမှတ်အသားမှ မချန်ထားခဲ့သလိုထင်ရတယ်။
ဒါပေမဲ့ ချီမင်ရဲ့ အင်အားနဲ့ ကျင့်ကြံမှုကအကြီးအကျယ် ပြောင်းလဲသွားပြီ။ အမျိုးမျိုးသော သိုင်းနည်းစနစ်တွေနဲ့ အံ့ဖွယ်စွမ်းအားတွေက ပိုပြီးတိုးတက်လာပြီး နှိုင်းယှဉ်လို့မရအောင် နက်နဲတဲ့အဆင့်ကို ရောက်ရှိသွားတယ်။