← Chapters

သေခြင်းမှရှင်သန်ထမြောက်ခြင်း

Vol. 12 Ch. 171

သေခြင်းမှရှင်သန်ထမြောက်ခြင်း

Vol. 12 Ch. 171

ချီမင်ကို ဗဟိုပြုပြီး မီတာ တစ်ထောင်ကျော်အတွင်းမှာ ဘယ်သူမှ မရှိတော့ဘူး။ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ တပည့်တွေနဲ့ အကြီးအကဲတွေပဲဖြစ်ဖြစ်၊ သွေးနီနတ်ဆိုးဂိုဏ်းရဲ့ တပည့်တွေနဲ့ အကြီးအကဲတွေပဲဖြစ်ဖြစ်၊ အားလုံး ချီမင်ရဲ့ ပြင်းထန်တဲ့ဓမ္မစွမ်းအားကြောင့် လွင့်စင်သွားကြတယ်။

“ဘယ်သူလဲ?”

“ဘာဖြစ်တာလဲ?”

“သူက...”

ပတ်ဝန်းကျင်မှာ လူတိုင်းက လှမ်းကြည့်လိုက်ပြီး သူတို့ရဲ့အကြည့်တွေက ချီမင်အပေါ် ကျရောက်သွားတယ်။ သူတို့မျက်နှာတွေမှာ အံ့ဩမှုတွေ ပေါ်လာတယ်။ ခုနက စွမ်းအားကြီးတဲ့ ဓမ္မစွမ်းအားက သူတို့အားလုံးကို လွင့်စင်သွားစေတယ်။ ခုခံဖို့ ခက်ခဲလွန်းတယ်။

“ဆရာဦးလေး...”

ယွမ်ဖုန်းရဲ့ မျက်နှာက ဖြူဖျော့နေပြီး ပါးစပ်ထောင့်ကနေ သွေးတွေ စီးကျနေတယ်။ သူမက ခုမှကိုယ်ကို တည်ငြိမ်အောင် လုပ်နိုင်ပြီး တော်တော်လေး သနားစရာ ဖြစ်နေတယ်။ သူမ ခေါင်းမော့ကြည့်လိုက်တော့ ချီမင်ကို တွေ့လိုက်ရပြီး အံ့ဩပြီးဝမ်းသာသွားတဲ့ အသံနဲ့ ပြောလိုက်တယ်။

“စီနီယာအစ်မ...”

ချီမင်က ခေါင်းငုံ့ပြီး သူ့လက်ထဲက လုချင်းယန်ကို ကြည့်လိုက်တယ်။ သူမရဲ့အဝတ်အစားတွေက သွေးတွေနဲ့ စွန်းထင်းနေတယ်။ သူမရဲ့အသက်စွမ်းအားက ပျက်စီးသွားပြီး သူမရဲ့ အနှစ်သာရဝိညာဉ်ကလည်းပျက်စီးသွားတယ်။ သူမက အဲ့ဒီနေရာမှာတင် သေဆုံးသွားပြီဖြစ်တယ်။

နောက်ဆုံးတော့ သူမ ချီမင်ကို မမြင်လိုက်ရဘူး။

“ငါ နောက်ကျသွားပြီ။”

ချီမင်ရဲ့ မျက်နှာက ဘာအမူအရာမှ မရှိဘူး။ ဒါပေမဲ့ သူ့မျက်လုံးတွေထဲမှာတော့ နက်ရှိုင်းတဲ့ ဒေါသနဲ့ သတ်ဖြတ်လိုစိတ်တွေ ပြည့်နှက်နေပြီး ထိန်းမထားနိုင်ဘဲ ပေါက်ကွဲထွက်တော့မလို ဖြစ်နေတယ်။

“ချီမင်! သူက ချီမင်ပဲ!”

“တကယ်ပဲ သူကိုး!”

“ချီမင်ပဲ! အမွေခံတပည့် ချီ!”

“…”

ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ တပည့်တွေနဲ့ အကြီးအကဲတွေ သွေးနီနတ်ဆိုးဂိုဏ်းရဲ့ တပည့်တွေနဲ့ အကြီးအကဲတွေအားလုံး ချီမင်ကို မှတ်မိပြီး အံ့ဩသွားကြတယ်။

“ဆရာ... ဆရာ... သူက...”

ယွမ်ဖုန်း သတိဝင်လာတယ်။ ချီမင်ရဲ့လက်ထဲက လုချင်းယန်ကို သူမ သတိထားမိသွားတယ်။ သူမရဲ့မျက်နှာအမူအရာက ရုတ်ခြည်းပြောင်းလဲသွားတယ်။ အရမ်းကို ဖြူဖျော့သွားပြီး ဘာအရောင်အသွေးမှ မရှိတော့ဘူး။ သူမ ယိုင်နဲ့ပြီး မြေပြင်ပေါ် ထိုင်ကျသွားကာ တစ်ကိုယ်လုံး အားမရှိတော့သလို ဖြစ်သွားတယ်။ ပြင်းထန်တဲ့ ဝမ်းနည်းပူဆွေးမှုက သူမနှလုံးသားထဲ တိုးဝင်လာတယ်၊ “ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ။ ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ!”

လုချင်းယန်က သူမကို ကယ်တင်ဖို့ သွေးနီနတ်ဆိုးဂိုဏ်းရဲ့ ဝိညာဉ်ဖွဲ့တည်ခြင်းအဆင့် အကြီးအကဲကြောင့် ဒဏ်ရာရသွားတယ်။ အကျိုးဆက်အနေနဲ့ သူမက အနားက အကြီးအကဲတွေရဲ့ ဝိုင်းဝန်းသတ်ဖြတ်တာကို ခံလိုက်ရတယ်။

တစ်နည်းပြောရရင် လုချင်းယန်က ယွမ်ဖုန်းရဲ့အသက်ကို ကယ်တင်ဖို့ သူမရဲ့အသက်ကို အသုံးပြုခဲ့တာဖြစ်တယ်။

“ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်။”

ချီမင်က အသက်ပြင်းပြင်းရှူလိုက်တယ်။ သူ့မျက်လုံးတွေက ခိုင်မာနေပြီး သူ့ခန္ဓာကိုယ်ထဲက ဓမ္မစွမ်းအားတွေက လည်ပတ်နေတယ်။ သူ့လက်တွေက အံ့ဖွယ်စွမ်းအားချိတ်စည်းတွေ ဖွဲ့စည်းလိုက်ပြီး ကောင်းကင်နဲ့မြေကြီးမဟာတာအိုရဲ့ စွမ်းအားတွေ စုစည်းလာတယ်။

ဘုန်း!

ကောင်းကင်နဲ့မြေကြီး တုန်ခါသွားတယ်။

သေခြင်းမှရှင်သန်ထမြောက်ခြင်း။

ဒါက ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်ရဲ့ လျှို့ဝှက်နက်နဲနည်းစနစ်တစ်ခုဖြစ်တယ်။

အဲ့ဒါက အရမ်းကို နက်နဲတယ်။

အဲ့ဒါက သေလွန်သူတွေရဲ့ ဝိညာဉ်တွေကို သူတို့ရဲ့ခန္ဓာကိုယ်ထဲ ပြန်ဝင်ရောက်စေပြီး အသက်ရှင်ခြင်းနဲ့သေဆုံးခြင်းရဲ့ နက်နဲမှုကို အသုံးချပြီး ပြန်လည်မွေးဖွားစေနိုင်တယ်။ ဒါက သေလွန်သူတွေကို ရှင်သန်ထမြောက်စေနိုင်တဲ့ အထွတ်အထိပ် နည်းစနစ်တစ်ခုဖြစ်တယ်။

လုချင်းယန်ရဲ့ အသက်စွမ်းအားက ပျက်စီးသွားပြီ၊ သူမရဲ့ အနှစ်သာရဝိညာဉ်ကလည်း ပျက်စီးသွားပြီ၊ ပြီးတော့ သူမရဲ့ဝိညာဉ်က ကွဲ‌ကြေသွားပြီ။ ချီမင်က ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်ကို အကြီးစားအောင်မြင်မှုအဆင့်ရဲ့ အကန့်အသတ်အထိပဲ ကျင့်ကြံထားပြီး ပြီးပြည့်စုံခြင်းအဆင့်ကို မရောက်သေးဘူး။ ဒါ့အပြင် ချီမင်ရဲ့ ကျင့်ကြံမှုအဆင့်ကလည်း ဝိညာဉ်ဖွဲ့တည်ခြင်းအဆင့် အစောပိုင်းအဆင့်မှာပဲ ရှိသေးတယ်။

ချီမင်က လျှို့ဝှက်နက်နဲနည်းစနစ်ဖြစ်တဲ့ သေခြင်းမှရှင်သန်ထမြောက်ခြင်းကို အသုံးပြုဖို့ အရမ်းခက်ခဲနေတာကို တွေ့ရတယ်။ သူ့ခန္ဓာကိုယ်ထဲက ဓမ္မစွမ်းအားအများကြီးကိုထုတ်လွှတ်နေရပြီး အသက်ရှင်ခြင်းနဲ့သေဆုံးခြင်းရဲ့ နက်နဲမှုတွေ လည်ပတ်ပြီး အံ့ဖွယ်စွမ်းအားအဖြစ် ပြောင်းလဲနေတယ်။

“ဘာ... သူ ဘာလုပ်ချင်နေတာလဲ”

“သေခြင်းမှရှင်သန်ထမြောက်ခြင်း”

“သူ လုချင်းယန်ကို ပြန်ရှင်အောင် လုပ်ချင်နေတာလား?”

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? သေသူကို ပြန်ရှင်အောင်လုပ်နိုင်တဲ့ ဒီလို အံ့ဖွယ်စွမ်းအားနည်းစနစ်မျိုး တစ်ခါမှ မကြားဖူးဘူး။ ဒါ လုံးဝ မဖြစ်နိုင်ဘူး။ သူ ရူးနေတာပဲ ဖြစ်ရမယ်။”

“မဖြစ်နိုင်ဘူး!”

“…”

ပတ်ဝန်းကျင်မှာ သွေးနီနတ်ဆိုးဂိုဏ်းနဲ့ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းက လူတိုင်း ချီမင်ရဲ့လုပ်ရပ်တွေကို မြင်တော့ ခေါင်းခါကြတယ်။ သူတို့က ချီမင်က နေ့ခင်းကြောင်တောင်အိပ်မက်မက်နေပြီး အချိန်ဖြုန်းနေတယ်လို့ ခံစားကြတယ်။

ရှင်သန်ထမြောက်ခြင်းနည်းစနစ်ဆိုတာမျိုး မရှိဘူး။

“ဒါ...”

မလှမ်းမကမ်းမှာ ယုရွှယ်လန်ရဲ့ကလည်း လှမ်းကြည့်နေတယ်။ သူမက ချီမင်ရဲ့လုပ်ရပ်တွေကို သဘာဝကျကျ မြင်နေပြီး သူက အချိန်ဖြုန်းနေတယ်လို့ပဲ တွေးမိတယ်။

ချီမင်က သူ့ဓမ္မစွမ်းအားအများစုကို အသုံးပြုလိုက်ပြီးတော့ ကောင်းကင်နဲ့မြေကြီးမဟာတာအိုကလည်ပတ်လာတယ်။ သူ့လက်ထဲမှာ စာလုံးအမျိုးမျိုး စုစည်းလာပြီး နက်နဲတဲ့ အလင်းရောင်တစ်ခု ဖြစ်ပေါ်လာတယ်။

ပြီးတော့ သူ့ညာလက်က အောက်ကို ကျဆင်းသွားတယ်။ လျှို့ဝှက်နက်နဲနည်းစနစ်ဖြစ်တဲ့ သေခြင်းမှရှင်သန်ထမြောက်ခြင်းရဲ့ စွမ်းအားက လုချင်းယန်ရဲ့ခန္ဓာကိုယ်ကို အားဖြည့်ပေးလိုက်တယ်။ အရမ်းကို သိပ်သည်းတဲ့ အဖြူရောင်အလင်းတန်းတစ်ခုက လုချင်းယန်ရဲ့နဖူးကနေ စတင်ပြီး သူမတစ်ကိုယ်လုံးကို တဖြည်းဖြည်း ပျံ့နှံ့သွားတယ်။

ခဏအကြာမှာ အဖြူရောင်အလင်းက ပိုပြီး သိပ်သည်းလာတယ်။

အဲ့ဒီထဲမှာ အသက်ရှင်ခြင်းနဲ့သေဆုံးခြင်းကို ပြောင်းပြန်လှန်နိုင်တဲ့ စွမ်းအားတစ်ခု ပါဝင်နေတယ်။

လုချင်းယန်ရဲ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေ တဖြည်းဖြည်း ပျောက်ကင်းလာတယ်။ စီးကျသွားတဲ့ သွေးတွေက သူမခန္ဓာကိုယ်ထဲ တဖြည်းဖြည်း ပြန်ဝင်သွားတယ်။ သူမရဲ့ဒဏ်ရာတွေက တိုတောင်းတဲ့အချိန်အတွင်းမှာ လုံးဝ ပျောက်ကင်းသွားတယ်။

“ဒါ... ဒါ...”

“သူမရဲ့ဒဏ်ရာတွေ ပျောက်သွားပြီ။ လုချင်းယန်ရဲ့ဒဏ်ရာတွေ ပျောက်သွားပြီ...”

“ခန္ဓာကိုယ်ရဲ့ ဒဏ်ရာတွေပဲ ပျောက်သွားတာ။ ခန္ဓာကိုယ်ဒဏ်ရာတွေ ပျောက်ကင်းဖို့က သိပ်မခက်ခဲဘူး။ အရေးကြီးဆုံးက လုချင်းယန်ရဲ့ အနှစ်သာရဝိညာဉ်က ကွဲကြေသွားပြီး သူမရဲ့ဝိညာဉ်ကလည်း ပျက်စီးသွားပြီ။”

“ဒါကြောင့် သေသူကို ရှင်သန်ထမြောက်အောင် လုပ်ဖို့ မဖြစ်နိုင်ဘူး။ ကွဲကြေသွားတဲ့ အနှစ်သာရဝိညာဉ်နဲ့ ဝိညာဉ်ကို ပြန်စုစည်းဖို့ မဖြစ်နိုင်ဘူး။”

“သူက တကယ်ပဲ ဝိညာဉ်နဲ့ အနှစ်သာရဝိညာဉ်ကို ပေါင်းစပ်နိုင်တယ်ဆိုရင်တောင်၊ အဲ့ဒါတွေကို ခန္ဓာကိုယ်ထဲ ပြန်ထည့်ဖို့အတွက် သူက သေခြင်းရှင်ခြင်းဥပဒေသကို ပြောင်းပြန်လှန်ရလိမ့်မယ်။ ဒါက ကမ္ဘာကြီးရဲ့ အခြေခံကို ထိပါးနေပြီ။”

“ချီမင် အောင်မြင်မှာ မဟုတ်ဘူး။”

ပတ်ဝန်းကျင်က လူတိုင်း ပြောနေကြတယ်။

“စုစည်း!” ချီမင်က ထပ်အော်လိုက်တယ်။

လုချင်းယန်ရဲ့ခန္ဓာကိုယ်အပေါ်မှာ ကွဲကြေသွားတဲ့ ဝိညာဉ်အလင်းတန်းစလေးတွေ တဖြည်းဖြည်း စုစည်းလာတယ်။ အနှစ်သာရဝိညာဉ်အလင်းနဲ့ပေါင်းစပ်လာတယ်။

မကြာခင်မှာပဲ ကွဲကြေသွားတဲ့ ဝိညာဉ်အလင်းနဲ့ အနှစ်သာရဝိညာဉ်အလင်းအားလုံး ပေါင်းစပ်သွားတယ်။

အဲ့ဒါတွေက လူပုံသဏ္ဌာန်အဖြစ် စုစည်းသွားတယ်။

အဲ့ဒါက မသဲမကွဲ လူပုံရိပ်တစ်ခုဖြစ်လာတယ်။

အဲ့ဒါက လုချင်းယန်ရဲ့ ဝိညာဉ်ဖြစ်တယ်။

“ဘာ?!”

“အသက်ရှူမှားလောက်တယ်...”

“သူ... သူ... သူ တကယ်ပဲ လုချင်းယန်ရဲ့ ပြန့်ကြဲသွားတဲ့ ဝိညာဉ်နဲ့ အနှစ်သာရဝိညာဉ်ကို ပြန်စုစည်းလိုက်တာလား။”

“ဘုရားရေ!”

“ဘာ... ဘယ်လို အံ့ဖွယ်စွမ်းအားမျိုးလဲ။ဘယ်လို အံ့ဖွယ်စွမ်းအားမျိုးလဲ။”

“ငါတို့ ဒီနေ့ တကယ်ပဲ အံ့ဩဖွယ်ရာတစ်ခုကို မြင်တွေ့ရတော့မှာလား။ ငါတို့ တကယ်ပဲ ရှင်သန်ထမြောက်ခြင်းပေါ်ထွက်လာတာကို ကိုယ်တိုင်ကိုယ် ကျ မြင်ရတော့မှာလား။”

“အရမ်းကို ထိတ်လန့်စရာကောင်းတယ်၊ ဒါ အရမ်းကို ထိတ်လန့်စရာကောင်းတယ်!”

“မဟုတ်ဘူး! မဟုတ်ဘူး! ဆုံးဖြတ်ချက်ချဖို့ အရမ်းစောသေးတယ်။ ချီမင်က နောက်ဆုံးအဆင့်တစ်ခုကို ပြီးမြောက်အောင် လုပ်ဖို့ ကျန်သေးတယ်။ ဒီနောက်ဆုံးအဆင့်က အခက်ခဲဆုံးအရာပဲ။ သူက သူ့ဝိညာဉ်နဲ့ခန္ဓာကိုယ်ကို ပေါင်းစပ်ဖို့ သေခြင်းရှင်ခြင်းဥပဒေသကို ပြောင်းပြန်လှန်ရလိမ့်မယ်။”

“သူ တကယ်ပဲ အောင်မြင်နိုင်ပါ့မလား။”

ပတ်ဝန်းကျင်က လူတိုင်းနီးပါး မကြည့်ဘဲ မနေနိုင်တော့ဘူး။

စစ်မြေပြင်ပေါ်မှာ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ အကြီးအကဲတွေနဲ့ သွေးနီနတ်ဆိုးဂိုဏ်းရဲ့ အကြီးအကဲတွေ ဒါကို သတိထားမိသွားကြတယ်။

အဲ့ဒါက စစ်မြေပြင်တစ်ခုလုံးရဲ့ အာရုံစိုက်ရာနေရာ ဖြစ်လာတယ်။

“ပေါင်းစပ်။”

ဒါက နောက်ဆုံးအဆင့်ပဲ။

ချီမင်ရဲ့အကြည့်က တည်ငြိမ်နေတယ်။ သူ့ဓမ္မစွမ်းအားတွေ အများကြီး ကုန်ဆုံးသွားပြီ။ သူက ညာလက်နဲ့ ချိတ်စည်းတစ်ခု ဖွဲ့စည်းလိုက်လိုက်တယ်။အဲ့ဒါက ထူးခြား နက်နဲလွန်းတယ်။ လျှို့ဝှက်နက်နဲနည်းစနစ်ဖြစ်တဲ့ သေခြင်းမှရှင်သန်ထမြောက်ခြင်းအောက်မှာ သေခြင်းရှင်ခြင်းဥပဒေသက တကယ်ပဲ ပြောင်းပြန်လှန်သွားတယ်။

သူ့ညာလက်က ထပ်မံကျရောက်လာတယ်။ လုချင်းယန်ရဲ့ စုစည်းထားတဲ့ ဝိညာဉ်နဲ့ အနှစ်သာရဝိညာဉ် ကပေါင်းစပ်သွားပြီး မသဲမကွဲ ဝိညာဉ်တစ်ခုအဖြစ် ပြောင်းလဲကာ သူမခန္ဓာကိုယ်နဲ့ တဖြည်းဖြည်း ပေါင်းစပ်သွားတယ်။

မကြာခင်မှာပဲ သူမရဲ့ဝိညာဉ်နဲ့ခန္ဓာကိုယ်က လုံးဝ ပေါင်းစပ်သွားတယ်။

မမြင်နိုင်တဲ့ လှိုင်းတစ်ခု ပျံ့နှံ့သွားပြီး ပတ်ဝန်းကျင်ကို တုန်ခါသွားစေတယ်။ လူတိုင်း တုန်လှုပ်သွားပြီး ချီမင်ဘက်က အခြေအနေကို မျက်လုံးပြူးပြီး ကြည့်နေကြတယ်။

“အ... အောင်မြင်သွားပြီလား?”

“ဒါ...”

“တကယ်ပဲ အောင်မြင်သွားခဲ့တာလား?”

“…”

လူတိုင်း တံတွေးမြိုချလိုက်ကြတယ်။

“ဟူး...”

ချီမင်က အသက်ပြင်းပြင်းရှူလိုက်တယ်။

မကြာခင်မှာပဲ ချီမင်က လုချင်းယန်ရဲ့ နှလုံးခုန်သံကို ကြားလိုက်ရတယ်။ သူမမျက်လုံးတွေ မှိတ်ထားတုန်းပဲဖြစ်ပေမယ့် သူမမျက်လုံးတွေက အကြိမ်အနည်း ငယ် လှုပ်ရှားသွားတယ်။သူမရဲ့ ဖြူသွယ်တဲ့လက်ချောင်းလေးတွေက အနည်းငယ် တုန်ခါသွားတယ်။

တဖြည်းဖြည်းနဲ့ လုချင်းယန် မျက်လုံးဖွင့်လာတယ်။

သူမ ရှင်သန်ထမြောက်လာခဲ့ပြီ။

လျှို့ဝှက်နက်နဲနည်းစနစ်ဖြစ်တဲ့ သေခြင်းမှရှင်သန်ထမြောက်ခြင်းကို အောင်မြင်စွာ အသုံးပြုနိုင်ပြီ။

“ဒါ မဖြစ်နိုင်ဘူး!!!”

ယုရွှယ်လန် မျက်လုံးကပြူးကျယ်သွားပြီး အရမ်းကို ထိတ်လန့်တုန်လှုပ်သွားတယ်၊ “ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ။သူမ တကယ်ပဲ ပြန်ရှင်လာနိုင်တာလား!”

“ဟူး...”

“အောင်မြင်ပြီ! ချီမင် အောင်မြင်သွားပြီ!”

“သူ... သူ လုပ်နိုင်ခဲ့တယ်။ သူ တကယ်ပဲ ဒီလိုအံ့ဩဖွယ်ရာတစ်ခုကို လုပ်နိုင်ခဲ့တယ်။ ဒီမယုံနိုင်စရာကောင်းတဲ့အရာက တကယ်ပဲ သေခြင်းရှင်ခြင်းတရားဥပဒေသကို ပြောင်းပြန်လှန်ပြီး ‘ရှင်သန်ထမြောက်ခြင်း’ ကို အောင်မြင်အောင် လုပ်နိုင်ခဲ့တယ်!”

“ဘုရားရေ!”

“ဘယ်လို အံ့ဖွယ်စွမ်းအားမျိုးလဲ။”

“မယုံနိုင်စရာပဲ! တကယ့်ကို မယုံနိုင်စရာပဲ!”

“…”

ဒီအချိန်မှာ လူတိုင်း တကယ်ပဲ ထိတ်လန့်တုန်လှုပ်သွားကြတယ်။ သူတို့က အံ့ဖွယ်တစ်ခု မွေးဖွားလာတာကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရပြီး ရှင်သန်ထမြောက်ခြင်း ပေါ်ထွက်လာတာကို မြင်လိုက်ကြရတယ်။

ဒီကိစ္စက ရှေးခေတ်ကတည်းက လျှို့ဝှက်နက်နဲကမ္ဘာမှာ မကြုံဖူးတဲ့ခမ်းနားကြီးကျယ်တဲ့ လုပ်ရပ်တစ်ခု ဖြစ်တယ်။

“ဆရာ!”

ယွမ်ဖုန်းက အရမ်းဝမ်းသာသွားပြီး ပျော်ရွှင်မှုကြောင့်ငိုကြွေးမိသွားတယ်၊ “ဒါ အရမ်းကောင်းတယ်၊ ဒါ အရမ်းကောင်းတယ်။ ဆရာ အသက်ရှင်နေသေးတယ်။ ဆရာဦးလေးက ဆရာ့ကို ကယ်တင်လိုက်ပြီ။”

“ဘယ်... ဘယ်သူလဲ။”

ကစ္စတွေက အမြဲတမ်း ဒီလောက် ပြီးပြည့်စုံလေ့မရှိဘူး။

လုချင်းယန်ရဲ့အကြည့်က ဗလာဖြစ်နေပြီးအရမ်းသန့်ရှင်းနေတယ်။ သူမမျက်လုံးတွေက စာရွက်ဖြူတစ်ရွက်လိုပဲ၊ ချီမင်ကို ကြည့်ပြီး နားမလည်တဲ့လေသံနဲ့ မေးလိုက်တယ်၊ “ဘယ်... ကျွန်မ ဘယ်သူလဲ။ ဘာလို့ ကျွန်မ ဒီနေရာ ရောက်နေရတာလဲ။”

“ကျွန်မ...”

ရှုပ်ထွေးနေတယ်။ ဘာမှမသိဘူး။ အပြစ်ကင်းစင်‌နေတယ်။

လုချင်းယန် အသက်ရှင်လွတ်မြောက်ခဲ့ပေမယ့် သူမ ရှင်သန်ထမြောက်ပြီးတော့ ဘဝအသစ်တစ်ခု ရလိုက်တာနဲ့တူတယ်။ သူမ မှတ်ဉာဏ်အားလုံး ဆုံးရှုံးသွားတယ်။ သူမ ဘယ်သူဘယ်ဝါဆိုတာရော၊ ချီမင်ကိုရော မသိတော့ဘူး။ သူမ အရာအားလုံးကို မေ့သွားခဲ့ပြီ။

ဒီအချိန်မှာ လုချင်းယန်က သန့်စင်တဲ့ စာရွက်ဖြူတစ်ရွက်နဲ့တူတယ်

သူမ အရာအားလုံးနီးပါး မေ့သွားခဲ့ပြီ။

“စီနီယာအစ်မ၊ မင်း...”

ချီမင် ကြက်သေသေသွားတယ်။ သူ ဒီလိုဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။

ရှင်သန်ထမြောက်ခြင်းက အရာအားလုံးကို လုပ်နိုင်တာမဟုတ်ဘူး။ လုချင်းယန်ကို တကယ်ပဲ ရှင်သန်ထမြောက်အောင် လုပ်ဖို့ ခက်ခဲတယ်။ သူမ ပြန်ရှင်လာခဲ့ပေမယ့် ကြီးမားတဲ့ တန်ဖိုးတစ်ခုကိုလည်း ပေးဆပ်ခဲ့ရတယ်။

“ဒါပေမဲ့...”

အတိတ်က မှတ်ဉာဏ်အားလုံး ဆုံးရှုံးသွားရင်၊ ဒါမှမဟုတ် မှတ်ဉာဏ်တွေ ဆုံးရှုံးသွားလို့ ကိုယ်ရည်ကိုယ်သွေးပါ ပြောင်းလဲသွားရင်၊ ပြန်ရှင်ပြီးနောက်မှာ သင်က သင်ကိုယ်တိုင် ဖြစ်နေဦးမှာလား။

ဒါမှမဟုတ်...

ရှင်သန်ထမြောက်ပြီးနောက် သင်က တကယ်တော့ သင်မဟုတ်တော့ဘဲ၊ သင့်ရဲ့ နောက်ထပ်ဗားရှင်းတစ်ခုလား။

ဘယ်သူမှ အဖြေကို မသိဘူး။

ခဏအကြာမှာ ချီမင် စိတ်တည်ငြိမ်သွားတယ်။

“ထားလိုက်တော့။”

ချီမင် ထရပ်လိုက်ပြီး လုချင်းယန်ကို ထူပေးလိုက်တယ်၊ “ဒီလိုဖြစ်ပြီးသွားမှတော့ ပြောင်းလဲလို့မရတော့ဘူး။ ငါလည်း အစွမ်းကုန် ကြိုးစားခဲ့ပြီးပြီ။ စီနီယာအစ်မ မှတ်ဉာဏ်အားလုံး ဆုံးရှုံးသွားပေမယ့် အနည်းဆုံးတော့ ပြန်ရှင်ပြီ။”

“နောက်တစ်ခုကတော့။”

ချီမင် အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့မျက်လုံးထဲက သတ်ဖြတ်လိုစိတ်ကို မဖုံးကွယ်တော့ဘူး၊ “အဲ့ဒီ အပြစ်သားတွေကို တန်ရာတန်ကြေး ပေးဆပ်ခိုင်းရမယ်။”

ချီမင်က လုချင်းယန်ကို သူ့ဘေးမှာ ရပ်ခိုင်းလိုက်တယ်။ ညာလက်ကို ဝှေ့ယမ်းလိုက်တာနဲ့ ချီမင်ရဲ့ ဝိညာဉ်သားရဲငါးကောင်လုံး ပေါ်လာပြီး သူ့ဘေးမှာ ရပ်လိုက်ကြတယ်။

“ဟော့ချန်ချင်း။”

ချီမင်က ညွှန်ကြားလိုက်တယ်၊ “စီနီယာအစ်မကို ကောင်းကောင်းစောင့်ရှောက်ထား။”

“ဟုတ်ကဲ့ပါ သခင်။” ဟော့ချန်ချင်းက ဦးညွှတ်လိုက်တယ်။

“ဒါဆိုရင်...”

ချီမင် ခေါင်းမော့ပြီး သွေးနီနတ်ဆိုးဂိုဏ်းရဲ့ အကြီးအကဲတွေကို ကြည့်လိုက်တယ်။ သူက အေးစက်စွာ ပြောလိုက်တယ်၊ “သွေးနီနတ်ဆိုးဂိုဏ်းကနေ စလိုက်ကြရအောင်။”

“ကြာပန်းစိမ်းတာအို။”

ကလန်!

ချီမင် ရှေ့ကို တစ်လှမ်းတိုးလိုက်တယ်။ ခဏလေးအတွင်းမှာပဲ ဆယ်နှစ့်လွှာ ဓားတာအိုကြာပန်းစိမ်းတစ်ခု သူ့ခြေထောက်အောက်မှာ ပွင့်လန်းလာပြီး ချီမင်ရဲ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားတယ်။

မရေမတွက်နိုင်တဲ့ ဓားချီတွေကပွင့်လန်းလာပြီးသန့်စင်လိုက်သလိုမျိုးပတ်ဝန်းကျင်ကို ပျံ့နှံ့သွားတယ်။

“အား!!”

“ကယ်ကြပါ!”

“မြန်မြန်! ပြေးကြ!”

ကြေကွဲဖွယ် အော်ဟစ်သံတွေ ထွက်ပေါ်လာတယ်။

ပတ်ဝန်းကျင်မှာ သွေးနီနတ်ဆိုးဂိုဏ်းရဲ့ တပည့်တွေနဲ့ အကြီးအကဲတွေက ချီမင်ရဲ့ ဓားချီတစ်မျှင်တောင် မခံနိုင်ကြဘူး။ အခြေခံတည်ဆောက်ခြင်းအဆင့်၊ အမြူတေဖွဲ့စည်းခြင်းအဆင့်၊ ဒါမှမဟုတ် အခြေတည်ဝိညာဉ်အဆင့် အကြီးအကဲတွေပဲဖြစ်ဖြစ်၊ ဗလာနယ်စွန့်ခွာခြင်းအဆင့်နဲ့ ဝိညာဉ်ဖွဲ့တည်ခြင်းအဆင့်က လူတွေတောင် ချက်ချင်း အသတ်ခံလိုက်ရတယ်။

အမဲလိုက်ပွဲက စတင်လာပြီ။

All Chapters