← Chapters

မရပ်တန့်နိုင်တော့ဘူး

Vol. 12 Ch. 172

မရပ်တန့်နိုင်တော့ဘူး

Vol. 12 Ch. 172

သွေးနီနတ်ဆိုးဂိုဏ်းရဲ့ တပည့်တွေနဲ့ ‌အကြီးအကဲတွေက အရမ်းကို ကြောက်လန့်သွားကြတယ်။ ချက်ချင်း ပေါက်ကွဲထွက်လာတဲ့ ချီမင်ရဲ့ခွန်အားက တကယ့်ကို အရမ်းကြောက်ဖို့ကောင်းနေလို့ ဖြစ်တယ်။ ပြီးတော့ သူတို့ကို ထိတ်လန့်သွားစေပြီး မခုခံနိုင်တော့တဲ့အထိ ဖြစ်သွားစေတယ်။ သူတို့ အရမ်းကို သေးငယ်သွားသလို ခံစားရပြီး ထွက်တောင် ထွက်မပြေးနိုင်တော့ဘူး။

အလွန့်ကို တိုတောင်းတဲ့ အချိန်လေးအတွင်းမှာ လုချင်းယန်ကို သတ်လိုက်တဲ့ သွေးနီနတ်ဆိုးဂိုဏ်းရဲ့ အကြီးအကဲတွေက ကြာပန်းစိမ်းဓားတာအိုရဲ့ ဓားချီနဲ့ တစ်ချက်တည်း အပိုင်းခံလိုက်ရတယ်။ သူတို့ရဲ့ အခန္ဓာကိုယ်တွေက ဇကာပေါက်လိုမျိုး အပေါက်တွေနဲ့ ပြည့်သွားတယ်။

အရမ်းကို ‌ထိတ်လန့်ဖို့ကောင်းတယ်။

“တိုက်”

“အားဖြည့်ကြ”

“ငါတို့ အ‌မွေခံတပည့်ချီရဲ့ နောက်ကိုလိုက်ပြီး ဒီလူမဆန်တဲ့ နတ်‌ဆိုးလမ်းစဉ်က နတ်ဆိုးတွေကို ဖျက်ဆီးကြ”

“တိုက်”

“…”

ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းက အ‌ကြီးအကဲတွေနဲ့ တပည့်တွေက တုန့်ပြန်လာကြတယ်။ ချီမင်ရဲ့အင်အားကြောင့် သူတို့ လန့်သွားကြပေမယ့် ‌သွေးနီနတ်ဆိုးဂိုဏ်းက အကြီးအကဲတွေနဲ့ တပည့်တွေလိုမျိုး လန့်တာမဟုတ်ဘူး။

ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ တပည့်တွေနဲ့ အကြီးအကဲတွေက ချီမင် ဘယ်လောက်တောင် စွမ်းအားကြီးပြီး ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလဲ သိကြတယ်။

သူတို့တွေ မရေမတွက်နိုင်လောက်အောင် ကြုံပြီးသွားတော့ နည်းနည်းလေး သည်းခံနိုင်လာတယ်။

ချီမင် စစ်မြေပြင်ကို ဝင်လာပြီးတော့ သူ ဘာမှ ကြောက်ဖို့ကောင်းတာမျိုးတွေ မပြောဘူး။ ဒါပေမယ့် လူတိုင်း ချီမင်ရဲ့ ဒေါသနဲ့ သတ်ဖြတ်လိုစိတ်ကို သူ့ရဲ့မျက်လုံးနဲ့ လုပ်ဆောင်မှုတွေကနေ သိနိုင်တယ်။

သူ့ကို အကြင်နာကင်းမဲ့နေတယ်လို့ ပြောလို့ရတယ်။

“ဆရာဦးလေးချီ...”

ယွမ်ဖုန်းက ချီမင်ရဲ့ နောက်ကျောကို ကြည့်နေတယ်။ သွေးနီနတ်ဆိုးဂိုဏ်းရဲ့ စွမ်းအားကြီးတဲ့ တပည့်တွေနဲ့ အကြီးအကဲတွေ တစ်ယောက်ပြီးတစ်ယောက် ချီမင်ရဲ့လက်ထဲမှာ သေဆုံးနေကြတာကို ကြည့်နေတယ်။

မရေမတွက်နိုင်တဲ့ ဓားချီတွေ ပွင့်လန်းလာတယ်။

ဒါက ဆောင်းရာသီမှာ ကောက်ရိတ်သိမ်းတာနဲ့ တူနေပြီ။

အရမ်းကို စွမ်းအားကြီးတယ်။

ချီမင် ခြေတစ်လှမ်း ရှေ့ကိုလှမ်းလိုက်ပြီး ဝိညာဉ်ဖွဲ့တည်ခြင်းအဆင့်က အကြီးအကဲရဲ့ရှေ့ကို သွားလိုက်တယ်။ သူ့အကြည့်က အေးစက်နေပြီး မျက်နှာမှာ ဘာခံစားချက်မှ မရှိဘူး။

“မင်း...မင်း..”

သွေးနီနတ်ဆိုးဂိုဏ်းရဲ့ ဝိညာဉ်ဖွဲ့တည်ခြင်းအဆင့် အကြီးအကဲက ရှည်လျားပြီး သွေးလိုနီရဲတဲ့‌ သွေးနီရောင် ဆံပင်တွေရှိတယ်။ သူ့ခန္ဓာကိုယ်ပေါ်က သတ်ဖြတ်လိုစိတ်က အရမ်းကို သိပ်သည်းတယ်။ သူ ချီမင်နဲ့ မျက်နှာချင်းဆိုင်လိုက်ရတော့ သူ့ရဲ့ခြေထောက်တွေက တုန်ယင်လာတယ်။

“အားးး သေစမ်း”

သွေးနီနတ်ဆိုးဂိုဏ်းရဲ့ ဝိညာဉ်ဖွဲ့တည်ခြင်းအဆင့် အကြီးအကဲက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သူ့ရဲ့အင်အားကုန် ထုတ်လွှတ်လိုက်တယ်။ သူ့ရဲ့ကိုယ်ပိုင်ရတနာသုံးခုက ကိုးထပ်မြင့်တဲ့ အရိုးမျှော်စင်နဲ့တူပြီးရှေ့ကိုပေါ်လာတယ်။

“အသင်္ချေအရိုးမျှော်စင်”

သူ အကြိမ်ကြိမ် ဟိန်းဟောက်လိုက်တယ် “အရိုးအကျဉ်းသား ချောက်နက်”

နတ်ဆိုးချီတွေ မြင့်တက်လာတယ်။

ကြီးမားတဲ့ ဓမ္မစွမ်းအားတွေက ထွက်ပေါ်လာတယ်။

အသင်္ချေအရိုးမျှော်စင်က လေနဲ့အတူ ကြီးမားလာပြီး တဖြည်းဖြည်းနဲ့ အဆအများကြီး ကြီးလာတယ်။ အဲ့တာက တောင်လိုမျိုး လေးလံပြီး မရေမတွက်နိုင်တဲ့ နတ်ဆိုးချီတွေ ထွက်ပေါ်လာတယ်။ ချောက်နက်ကြီးတစ်ခု ဖွဲ့စည်းသွားတာက အရမ်းကို ခမ်းနားတယ်။

“သမာဓိမီးလျှံ”

အတွေးတစ်ချက်နဲ့ ချီမင်ရဲ့ ဓမ္မစွမ်းအားက သမာဓိမီးလျှံ အံ့ဖွယ်စွမ်းအားအဆောင်အဖြစ် ပြောင်းလဲသွားပြီး သမာဓိမီးလျှံအဖြစ် တိုက်ရိုက်ပစ်လွှတ်လိုက်တယ်။

သမာဓိမီးလျှံက မြင့်တက်လာတယ်။

သွေးနီရောင်လတစ်ခု ရှိတယ်။

ချက်ချင်းပဲ သမာဓိမီးလျှံပင်လယ်အဖြစ် ပြောင်းလဲသွားတယ်။

အသင်္ချေအရိုး‌မျှော်စင် တစ်ခုလုံးက သမာဓိမီးလျှံကြောင့် ပြာအဖြစ် လောင်ကျွမ်းခံလိုက်ရတယ်။ သမာဓိမီးလျှံရဲ့ စွမ်းအားအောက်မှာ သွေးနီနတ်ဆိုးဂိုဏ်းရဲ့ ဝိညာဉ်ဖွဲ့တည်ခြင်းအဆင့် အကြီးအကဲရဲ့ ကိုယ်ပိုင်ရတနာက မှုတ်ချက်တစ်ချက်လေးတောင် မခံနိုင်ဘူး။

“အား!!”

သွေးနီနတ်ဆိုးဂိုဏ်းရဲ့ ဝိညာဉ်ဖွဲ့တည်ခြင်းအဆင့် အကြီးအကဲက သနားစဖွယ် အော်ဟစ်လိုက်ပြီး အရမ်းကို ကြောက်လန့်သွားတယ်။ သူက ကိုယ်ပိုင်ရတနာရဲ့ တန်ပြန်အကျိုးကို ဖိနှိပ်လိုက်ပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ပျံသန်းသွားတယ်။

အရမ်းကို ကြောက်ဖို့ကောင်းတယ်။

တကယ့်ကို အရမ်းကြောက်ဖို့ကောင်းတယ်။

သူ ဘယ်လိုတောင် စွမ်းအားကြီးနိုင်ရတာလဲ။

သူတို့ အကုန်ပေါင်းတောင် မတိုက်နိုင်ဘူး။

“ယန်စွမ်းအင် ခိုးယူခြင်း”

ချီမင်ရဲ့ အကြည့်က အေးစက်နေပြီး ထွက်ပြေးသွားတဲ့ ဝိညာဉ်ဖွဲ့တည်ခြင်းအဆင့် အကြီးအကဲကို ကြည့်လိုက်တယ်။ သူက သူ့ရဲ့ညာဘက်လက်ကို မြှောက်လိုက်ပြီး အနှစ်သာရ ဝိညာဉ်ဓမ္မစွမ်းအားကိုသုံးပြီး လျှို့ဝှက်နက်နဲနည်းစနစ် အံ့ဖွယ်စွမ်းအားကို သုံးလိုက်တယ်။

ကြောက်မက်ဖွယ်ကောင်းတဲ့ စုပ်အားတစ်ခုက ချီမင်ရဲ့လက်ဝါးကနေ ထွက်လာတယ်။ ဝဲဂယက်တစ်ခုက သူ့လက်ဝါးမှာ ပေါ်လာပြီး အနက်ရောင်တွင်းပေါက်ငယ်လေး (black hole) တစ်ခုနဲ့ တူတယ်။ ဒီစွမ်းအားက ထွက်ပြေးသွားတဲ့ ဝိညာဉ်ဖွဲ့တည်ခြင်းအဆင့်အကြီးအကဲကို ဖုံးအုပ်သွားတယ်။

“မဟုတ်ဘူး!!!”

သွေးနီနတ်ဆိုးဂိုဏ်းရဲ့ ဝိညာဉ်ဖွဲ့တည်ခြင်းအဆင့် အကြီးအကဲက ကြောက်လန့်တကြား အော်ဟစ်လိုက်တယ်။ ဝါးမြိုနိုင်တဲ့ စွမ်းအားတစ်ခုက သူ့ကိုယ်ကို သက်ရောက်လာတယ်။သူ့ခန္ဓာကိုယ်က မြင်နိုင်တဲ့နှုန်းနဲ့ အိုမင်းလာပြီး ယိုယွင်းပျက်စီးသွားတယ်။

သူ့ခန္ဓာကိုယ်ထဲက အနှစ်သာရနဲ့ အသက်စွမ်းအင်တွေ အကုန်လုံးက အသန့်စင်ဆုံး ယန်စွမ်းအင်အဖြစ် ပြောင်းလဲသွားတယ်။ အဲ့တာက သန့်စင်တဲ့ အဖြူရောင်အလင်းစီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ချီမင်ရဲ့အစာအိမ်ထဲကို စုပ်ယူခံလိုက်ရတယ်။

လျှို့ဝှက်နက်နဲနည်းစနစ် ယန်စွမ်းအင်ခိုးယူခြင်းက အရမ်းကို လွှမ်းမိုးနိုင်စွမ်းကြီးတယ်။ သူက ရန်သူရဲ့ကိုယ်ထဲက အနှစ်သာရကို တိုက်ရိုက်ဆုံးရှုံးသွားစေပြီး ဝါးမြိုပစ်လိုက်တယ်။ ပြီးတော့ ယန်စွမ်းအင်အဖြစ် သန့်စင်ပြီး စုပ်ယူတယ်။

“သေစမ်း”

ဘုန်း! ဘုန်း!

ချီမင်ရဲ့အကြည့်က အေးစက်နေပြီး ဘာသနားညှာတာမှုမှ ပြမနေဘူး။ သူက လျှို့ဝှက်နက်နဲနည်းစနစ် ယန်စွမ်းအင်ခိုးယူခြင်းကို သုံးလိုက်ပြီး တစ်ခြားအကြီးအကဲတွေနဲ့ တပည့်တွေရဲ့ စွမ်းအင်ကို စုပ်ယူလိုက်တယ်။

သိပ်မကြာခင်မှာဘဲ ချီမင်ရဲ့ ‌သေခြင်းမှ ရှင်သန်ထမြောက်ခြင်း နည်းစနစ်ကိုသုံးလို့ ကုန်ဆုံးသွားတဲ့ များပြားတဲ့ ဓမ္မစွမ်းအားတွေက အပြည့်အဝ ပြန်ပြည့်သွားတယ်။

ချီမင် သူ့ရဲ့စွမ်းအားကို လွှတ်ထုတ်နေပြီး သွေးနီနတ်ဆိုးဂိုဏ်းရဲ့ အကြီးအကဲတွေနဲ့ ‌တပည့်တွေကို သတ်နေတယ်။ သူတို့ ဆက်တိုက် နောက်ဆုတ်နေရတယ်။ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းက အရမ်းကို ကြီးမားတဲ့ အကျိုးကျေးဇူးကို ရလိုက်ပြီ။

“ချီမင်ရဲ့အင်အားက တကယ့်ကို ပြင်းထန်တာပဲ။”

နတ်က္ခတာရာအလွှာက စစ်မြေပြင်မှာ တောင်ထွတ်သခင်သုံးယောက်က သွေးနီနတ်ဆိုးဂိုဏ်းရဲ့ မဟာအကြီးအကဲသုံးယောက်နဲ့ တိုက်ခိုက်နေသေးတယ်။ တောင်ထွတ်သခင်သုံးယောက် အနည်းငယ် ပိုသန်မာပေမယ့် မဟာအကြီးအကဲသုံးယောက်ကိုလည်း သတ်ဖြတ်ဖို့ မလွယ်ဘူး။

အဲ့ဒီအချိန်မှာ ချီမင်က စစ်မြေပြင်အောက်မှာ အကြီးအကဲတွေနဲ့ တပည့်တွေကို လုံလုံလောက်လောက် သတ်ဖြတ်ပြီးသွားတယ်။ သူရဲ့ခေါင်းကို မော့လိုက်ပြီး နတ်က္ခတာရာအလွှာက မဟာအကြီးအကဲသုံးယောက်ကို စိုက်ကြည့်နေတယ်။

ရှပ်!

ချီမင်ရဲ့ပုံရိပ်က ကောင်းကင်ကို ခုန်တက်သွားပြီး ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားတယ်။ သူက နတ်က္ခတာရာအလွှာကို ဝင်သွားပြီး တောင်ထွတ်သခင်သုံးယောက်နဲ့ မဟာအကြီးအကဲသုံးယောက်ရဲ့ စစ်မြေပြင်ကို ရောက်လာတယ်။

“တောင်ထွတ်သခင်တို့ သွားလို့ရပြီ။”

ချီမင်ရဲ့အမူအရာက တည်ငြိမ်နေတယ်။ သူ့ရဲ့လေသံက ပြန်ပြီးမေးခွန်းမထုတ်နိုင်အောင် ဖြစ်နေတယ် “မဟာအကြီးအကဲသုံးယောက်ကို ကျွန်တော်နဲ့ ထားခဲ့ပါ။”

“ဒါက...”

အင်မော်တယ်ဖြစ်စဉ်တောင်ထွတ်ရဲ့ တောင်ထွတ်သခင် စွန်းရှန်းဇီက လှပတဲ့အမျိုးသမီးတစ်ယောက် ဖြစ်တယ်။ သူမက အပြာနဲ့အဖြူ‌စပ်ထားတဲ့ ဝတ်စုံကို ဝတ်ဆင်ထားတယ်။ သူမက ရှည်လျားပြီး သွယ်လျတဲ့ ခြေတံတစ်စုံကို ပိုင်ဆိုင်ထားပြီး ဖြူဖွေးတဲ့ အသားအရေရှိတယ်။ သူမရဲ့အကြည့်က ချီမင်ပေါ်ကျသွားပြီး ခဏလောက် စဉ်းစားကာ ပြောလိုက်တယ် “ချီမင် တကယ်ပဲ သွေးနီနတ်ဆိုးဂိုဏ်းရဲ့ မဟာအကြီးအကဲသုံးယောက်ကို တစ်ယောက်တည်း ဖြေရှင်းချင်လို့လား။”

ရွှေရောင်အမြစ်တောင်ထွတ်ရဲ့ တောင်ထွတ်သခင် ဝေ့ဟွာတုန်းကလည်း ချီမင်ကို ကြည့်ပြီး အသံနိမ့်နိမ့်နဲ့ ပြောလာတယ် “သွေးနီနတ်ဆိုးဂိုဏ်းရဲ့ မဟာအကြီးအကဲသုံးယောက်က မင်း အရင်ရင်ဆိုင်ခဲ့ရတဲ့ ပြိုင်ဘက်တွေနဲ့ မတူဘူး။ သူတို့တွေက နှစ်ထောင်ချီလောက် ရှင်သန်လာခဲ့တဲ့ နတ်ဆိုးအိုကြီးတွေ။ သူတို့မှာ အရမ်းပြင်းထန်တဲ့ တိုက်ပွဲဝင်စွမ်းအား ရှိတယ်။ အဲ့ဒီအပြင်ကိုမှ သူတို့က ကောင်းကင်ဂူရဲ့ စွမ်းအားကို ချေးယူနိုင်တယ်။”

“ငါတို့အားလုံး မင်းက အရမ်းသန်မာပြီး ကြောက်ဖို့ကောင်းတဲ့ ပါရမီရှိမှန်း သိတယ်။ မင်းက မြေအောက်နတ်ဆိုးအရှင်ကိုတောင် အသင်္ချေသရဲဂူထဲမှာ ဗလာနယ်စွန့်ခွာခြင်း အစောပိုင်းအဆင့်နဲ့ သတ်နိုင်တယ်။”

“ကိုယ့်ကိုကိုယ် အတင်းအကြပ်မလုပ်တာ ကောင်းမယ်။”

“တောင်ထွတ်သခင် ဝေ့ပြောတာ မှန်တယ်။”

သိမ်‌မွေ့နူးညံ့တောင်ထွတ်ရဲ့ တောင်ထွတ်သခင် ဝမ်ရှန်းယွင်ကပြောတယ် “အန္တာရာယ်အကင်းဆုံးက ငါတို့နဲ့ ပူးပေါင်းတာပဲ။”

“တောင်ထွတ်သခင်”

ချီမင် အော်လိုက်တယ် “တောင်ထွတ်သခင်တို့ အကုန်လုံး ဘေးကရပ်ပြီး စောင့်ကြပ်နေလို့ ရပါတယ်။”

သူက စကားပြောနေရင်းနဲ့ တိုက်ခိုက်လိုက်တယ်။ ကိုယ်ပိုင်ရတနာသုံးမျိုးဖြစ်တဲ့ သောင်းပြောင်းကြာပန်းစိမ်းဓားသန္ဓေသား၊ ကမ္ဘာဖျက်ဓားနဲ့ ဓားတောင်တို့က ပေါ်လာပြီး ချီမင်ကို ဝိုင်းရံလိုက်ကြတယ်။

သူက တုန့်ဆိုင်းမှုမရှိဘဲ တိုက်ခိုက်လိုက်တယ်။

သွေးနီနတ်ဆိုးဂိုဏ်းရဲ့ မဟာအကြီးအကဲသုံးယောက်က သူတို့ပြောနေတာကို ကြားလိုက်ကြတယ်။ ဆံပင်အဖြူရောင်နဲ့ နတ်ဆိုးက ဒေါသတကြီး အော်လိုက်တယ် “မင်းက တော်‌တော်မောက်မာတာပဲ။”

“ဝိညာဉ်ဖွဲ့တည်ခြင်း အစောပိုင်းအဆင့် ကျင့်ကြံသူလေးက မောက်မောက်မာမာ စကားပြောရဲတာပဲ။”

“‌သေလိုက်တော့”

ဘုန်း!

ဆံပင်ဖြူနဲ့ နတ်ဆိုးက နောက်တစ်ခါ ဒေါသတကြီး ဟိန်းဟောက်လိုက်တယ်။ နတ်ဆိုးချီတွေက အဖြူရောင်နတ်ဆိုးတစ်ထောင်က ရူးသွပ်စွာ ကခုန်နေသလိုမျိုး ထွက်ပေါ်လာတယ်။ ဓမ္မစွမ်းအားက အဆုံးမရှိ မြင့်တက်လာတယ်။ သူရဲ့အဖြူရောင်ဆံပင် တွေက အဖြူရောင် စပါးကြီးမြွေတွေအဖြစ် ပြောင်းလဲသွားတယ်။

“အသင်္ချေစပါးကြီး ဝါးမျိုခြင်း”

ဆံဖြူနတ်ဆိုးက အံ့ဖွယ်စွမ်းအားနည်းစနစ်တစ်ခုကို သုံးလိုက်တယ်။

“ကလေးကစားနေသလိုပဲ။”

ချီမင်ရဲ့အကြည့်က မထူးမခြားနား ဖြစ်နေတယ်။ အတွေးတစ်ချက်နဲ့ သူက ကြာပန်းစိမ်းတာအိုရဲ့ စွမ်းအားကို ထုတ်လွှတ်လိုက်ပြီး ဆံဖြူနတ်ဆိုးရဲ့ ကျင့်ကြံခြင်းနယ်ပယ်ကို ဖိနှိပ်လိုက်တယ်။ သောင်းပြောင်းကြာပန်းစိမ်းဓားသန္ဓေသားက ချီမင်ရဲ့ဘေးကနေပြီး လေထုကို ထိုးခွဲသွားတယ်။

သောင်းပြောင်းကြာပန်းစိမ်းဓားသန္ဓေသားက လေထဲမှာ လွင့်မျောလာပြီး သောင်းပြောင်းကြာပန်းစိမ်းအဖြစ် နေရာလွတ်ထဲမှာ အမြစ်တွယ်သွားတယ်။ ကြာပန်းက ပွင့်လန်းလာပြီး မရေမတွက်နိုင်တဲ့ ဓားချီက ပျံ့နှံ့သွားတယ်။

ဘန်း ဘန်း ဘန်း!!!

အဖြူရောင်စပါးကြီးမြွေတွေ အကုန်ဖျက်ဆီးခံလိုက်ရတယ်။

“ကောင်းတယ်။ ကောင်းတယ်”

သွေးနီနတ်ဆိုးဂိုဏ်းရဲ့ တခြားမဟာအကြီးအကဲတစ်ယောက်က သွေးနတ်‌ဆိုးခေါင်းဖြစ်တယ်။သူကအရမ်းကိုပုလို့ လူပုလေးတစ်ယောက်နဲ့တူတယ်။ သူ့ရဲ့တစ်ကိုယ်လုံးကနေ အနက်ရောင်နဲ့ သွေးရောင်မြူခိုးတွေက အရမ်းကို ပြင်းထန်တဲ့ ‌မကောင်းတဲ့အရှိန်အဝါတွေနဲ့အတူ ပျံ့နှံ့လာတယ်။

“မင်းက သုံးယောက်တစ်ယောက် တိုက်ချင်တော့လည်း ငါတို့က မင်းဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့”

သွေးနတ်ဆိုးခေါင်းရဲ့ အကြည့်က အေးစက်နေပြီး သတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြည့်နှက်နေတယ်။ သူ့လက်ကို ဝေ့ယမ်းလိုက်တော့ မရေမတွက်နိုင်လောက်အောင် များပြားတဲ့ သွေးမြူခိုးတွေထွက်လာပြီး သွေးရောင်စာလုံးတွေအဖြစ် ပြောင်းသွားတယ်။ “ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းမှာ ကြောက်ဖို့ကောင်းတဲ့ပါရမီနဲ့ ပြိုင်ဘက်ကင်းတိုက်ပွဲဝင်စွမ်းအားရှိတဲ့ အထူးပါရမီရှင်တစ်ယောက် ရှိတယ်လို့ ကြားလာတာကြာပြီ။ အဲ့တာက မင်း ချီမင်မလား။”

“ဒီနေ့”

“ဒီနေ့ မင်း ဘယ်လောက်‌တောင် ကြောက်ဖို့ကောင်းပြီး ပါရမီရှိတယ်ဆိုတာ ငါတို့ကို ပြစမ်းပါ။”

“သွေးနတ်ဆိုးအစီအရင်”

‌သွေးနတ်ဆိုးခေါင်းက ဟိန်းဟောက်လိုက်တယ်။ မရေမတွက်နိုင်လောက်တဲ့ သွေးရောင်စာလုံးတွေက ကြီးမားပြီး ကျယ်ပြန့်တဲ့ အစီအရင်ကားချပ်တစ်ခု အဖြစ် ပျံ့နှံ့သွားတယ်။

သွေးနတ်ဆိုးအစီအရင်က ပြောင်းလဲသွားပြီး ချီမင်ကို ဖုံးအုပ်သွားတယ်။

သွေးနတ်ဆိုးအစီအရင်ထဲမှာ သွေးနတ်ဆိုးတစ်သောင်းအဖြစ် ပြောင်းလဲသွားတယ်။ ဒါ့အပြင် အစီအရင်ကားချပ်က မပျက်စီးသေးသရွေ့ သူ့ရဲ့ဓမ္မစွမ်းအားတွေ မကုန်ခမ်းသေးသရွေ့ သွေးနတ်ဆိုးအစီအရင်ထဲက သွေးနတ်ဆိုးတစ်သောင်းက မသေနိုင်ဘူး။

“အပြောင်းအလဲ ပါ့ကွားဖွဲ့စည်းပုံ၊ မွေးရာပါ ယင်ယန်ဖွဲ့စည်းပုံ”

ချီမင် သူ့ရဲ့ညာဘက်လက်ကို ဝှေ့ယမ်းလိုက်ပြီး တိုးတက်လာတဲ့ အပြောင်းအလဲနိမိတ်ဖတ်ကျမ်းရဲ့ အံ့ဖွယ်စွမ်းအားနည်းစနစ်ကို သုံးလိုက်တယ်။ ချီမင်ရဲ့ ဓမ္မစွမ်းအားက မြင့်တက်လာပြီး အစီအရင်ဖွဲ့စည်းပုံ နှစ်ခုက လေထဲမှာ ပေါ်လာတယ်။

ဘုန်း!

ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာတယ်။

အစီအရင်ဖွဲ့စည်းပုံနှစ်ခုက တိုက်မိသွားတယ်။

ခရက်! ခရက်!

သွေးနတ်ဆိုးအစီအရင်က တိုက်ရိုက်ပြိုကွဲသွားတယ်။

အပြောင်းအလဲပါ့ကွားဖွဲ့စည်းပုံနဲ့ မွေးရာပါယင်ယန်ဖွဲ့စည်းပုံတို့က လုံးဝကို မပျက်စီးဘူး။ အစီအရင်နှစ်ခုရဲ့ နောက်ဆက်တွဲအရှိန်က သွေးနတ်ဆိုးခေါင်းကို သက်ရောက်လာသေးတယ်။ သွေးရောင်လှံတစ်ချောင်းက ပျံသန်းလာပြီး အစီအရင်ဖွဲ့စည်းပုံနှစ်ခုကို အပြည့်အဝ ဖျက်ဆီးလိုက်တယ်။

“သေတော့!”

ရုတ်တရက် ချီမင်ရဲ့ဘေးက နေရာလွတ်က အက်ကွဲသွားတယ်။ အက်ကြောင်းကနေ ကြီးမားတဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ခုန်ထွက်လာပြီးရိုက်ချက်တစ်ခုလွှတ်လိုက်တယ်။ သူက စစ်ပွဲပုဆိန်ကို ကိုင်ဆောင်ထားပြီး ပြင်းထန်တဲ့ စွမ်းအားတွေ ပါဝင်နေတယ်။ အကန့်သတ်မဲ့ ဓမ္မစွမ်းအားတွေနဲ့ အံ့ဖွယ်စွမ်းအားတွေကို ဒီရိုက်ချက်ထဲမှာ ပါဝင်တယ်။

“ဂရုစိုက်”

“ချီမင်”

“မြန်မြန်ရှောင်လိုက်”

ဝေ့ဟွာတုန်းနဲ့ တစ်ခြားလူတွေ ထိတ်လန့်တကြား အော်လိုက်ကြတယ်။

ဒီသန်မာတဲ့ သက်လတ်ပိုင်းအမျိုးသားက သွေးနီနတ်ဆိုးဂိုဏ်းရဲ့ သုံးယောက်မြောက် မဟာအကြီးအကဲဖြစ်ပြီး အကြီးအကဲနတ်ဆိုးနေရာလွတ် ဖြစ်တယ်။ သူက နေရာလွတ်တာအိုရဲ့ နက်နဲမှုတွေကို နားလည်ထားပြီး ‌နေရာလွတ်တာအိုရဲ့ အံ့ဖွယ်စွမ်းအားကိုသုံးကာ ချီမင်ရဲ့ဘေးမှာ ပုန်းနေတာဖြစ်တယ်။ သူက ချီမင်ကို ချောင်းတိုက်ဖို့ အခွင့်ရေးယူပြီး သူ့ကို သေစေလောက်တဲ့ ရိုက်ချက်တစ်ခု ပေးချင်နေတာဖြစ်တယ်။

“ဖျက်ဆီးခြင်းရိုက်ချက်”

ဘုန်း

အကြီးအကဲနတ်ဆိုး‌နေရာလွတ်က ဟိန်းဟောက်လိုက်တယ်။ သူ ရှေးဟောင်းစစ်ပွဲပုဆိန်ကို သူ့လက်နှစ်ဖက်လုံးထဲမှာ ကိုင်ထားပြီး အကန့်အသတ်မဲ့ ဓမ္မစွမ်းအားတွေကို လောင်းထည့်ပြီး ချီမင်ကို တိုက်ခိုက်လိုက်တယ်။

ခရက်! ခရက်!

နေရာလွတ်ကတောင် ဒီရိုက်ချက်ရဲ့ စွမ်းအားကို မခံနိုင်ဘဲ ပြိုကွဲခြင်းဖြစ်စဉ်တစ်ခု ဖြစ်ပေါ်လာတယ်။

ဘုန်း!

ချီမင် သူ့ညာလက်ကို မြှောက်လိုက်တယ်။

ရွှေရောင်အလင်းက လင်းလက်သွားတယ်။

လူတိုင်းရဲ့အကြည့်အောက်မှာ ချီမင်က ‌အကြီးအကဲနတ်ဆိုးနေရာလွတ်ရဲ့ တိုက်ခိုက်မှုကို လက်ဗလာနဲ့ လက်ခံလိုက်တယ်။ သူ့ခန္ဓာကိုယ်ကိုသုံးပြီး ကိုယ်ပိုင်ရတနာကို အတင်းအကြပ် ခုခံလိုက်တယ်။ ပြင်းထန်တဲ့ အားအပြည့်ရိုက်ချက်က ချီမင်ရဲ့ အပြည့်အဝပိတ်ဆို့မှုကို ခံလိုက်ရတယ်။

“မင်း...မင်း”

အကြီးအကဲနတ်ဆိုးနေရာလွတ်ရဲ့ အမူအရာက ချက်ချင်းကို ထိတ်လန့်မှုတွေ ကြောက်ရွံ့မှုတွေနဲ့ ပြည့်နှက်သွားတယ်။ သူ မယုံကြည်နိုင်ဘူး။ “သူတကယ်.. တကယ် ငါ့ရဲ့ရိုက်ချက်ကို လက်ဗလာနဲ့ လက်ခံလိုက်တယ်။ ဒါ...ဒါ....”

“ဒါ မင်းရဲ့အစွမ်းကုန်လား”

ချီမင်ရဲ့အကြည့်က အေးစက်နေတယ်။ “အရမ်းစိတ်ပျက်ဖို့ကောင်းတယ်။ မင်းရဲ့အင်အားက ငါ့မျက်စိထဲမှာ ဘာမှ မကိုမဟုတ်ဘူး။”

All Chapters