← Chapters

သက်သေအထောက်အထားလား ငါ့စကားက သက်သေအထောက်အထားပဲ

Vol. 12 Ch. 176

သက်သေအထောက်အထားလား ငါ့စကားက သက်သေအထောက်အထားပဲ

Vol. 12 Ch. 176

ဝေ့ဟွာတုန်းနဲ့ တခြားလူတွေက ရှောင်ဝူဂျီ လုံးဝအမြစ်ပြတ်ချေမှုန်းခံလိုက်ရတာကို တွေ့လိုက်ကြတယ်။ သူက အလောင်းမကျန်ရုံတင်မကဘဲ သူ့ရဲ့ဝိညာဉ်ကလည်း ပျောက်ကွယ်သွားတယ်။ သူတို့က ချီမင်ရဲ့အင်အားက အရမ်းကို ပြင်းထန်တာကြောင့် ထိတ်လန့်တုန်လှုပ်နေကြပေမယ့် သူတို့ရဲ့နှလုံးသားထဲမှာ သက်ပြင်းတစ်ချက်ချလိုက်ပြီး သူတို့ရဲ့စိတ်တစ်ခုလုံးကလည်း ပေါ့ပါးသွားတယ်။

တောင်ထွတ်သခင်သုံးယောက်က အမှန်တကယ်တော့ အရမ်းသန်မာကြပေမယ့် သူတို့ရဲ့ထင်ပေါ်ကျော်ကြားမှုက ချီမင်ကြောင့် ဖုံးလွှမ်းသွားတယ်။

ဒီဂိုဏ်းတိုက်ပွဲမှာ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းက အောင်ပွဲရသွားတယ်။ အပေါ်ကနေအောက်၊ ဂိုဏ်းချုပ်ကနေ တပည့်တွေအထိ၊ အခြေခံအားဖြင့် သွေးနီနတ်ဆိုးဂိုဏ်းအဖွဲ့ဝင်အားလုံး သေဆုံးသွားကြတယ်။

အသက်ရှင်ကျန်သေးတဲ့သူတွေတောင် ဒူးထောက်ပြီး လက်နက်ချကုန်ကြတယ်။

သွေးနီနတ်ဆိုးဂိုဏ်း ပျက်စီးသွားတယ်။

“ကိုယ်ပိုင်တပည့်ချီက ပြိုင်ဘက်ကင်းတိုက်ခိုက်ရေးစွမ်းအားနဲ့မွန်းစတားတစ်ကောင်ပဲ။ သူက ရှောင်ဝူဂျီကိုတောင် သတ်ဖြတ်ပြီး အဆုံးမဲ့ဓမ္မစွမ်းအားတွေ ရှိတယ်!”

“ဟားဟားဟား…”

“ဒီဂိုဏ်းတိုက်ပွဲက နောက်ဆုံးတော့ ပြီးသွားပြီ။”

“အရမ်းကောင်းတာပဲ။”

ပတ်ဝန်းကျင်မှာ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ တပည့်တွေနဲ့ အကြီးအကဲတွေရဲ့ မျက်နှာပေါ်မှာ အပြုံးတစ်ခု ပေါ်လာတယ်။ သူတို့က အရမ်းကို ပျော်ရွှင်နေပြီး စိတ်အ‌ခြေအ‌နေကောင်းနေကြတယ်။ ချီမင်ရဲ့နာမည်ကို အရမ်းကို‌လေးလေးစားစားနဲ့ အော်ဟစ်နေတဲ့ တပည့်တွေနဲ့ အကြီးအကဲတွေတောင် အများကြီးရှိတယ်။

“ကိုယ်ပိုင်တပည့်ချီ…”

ဝေ့ဟွာတုန်းနဲ့ တခြားလူတွေ ရောက်လာကြတယ်။

“တောင်ထွတ်သခင်တို့”

ချီမင်က ပြောလိုက်တယ် “စစ်မြေပြင်ကို ရှင်းလင်းဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်ပါ။”

“ကောင်းပြီ။” ဝေ့ဟွာတုန်းက ခေါင်းညိတ်လိုက်တယ်။

“စိတ်မပူပါနဲ့၊ ဒါကို ငါတို့ ဖြေရှင်းလိုက်ပါ့မယ်။” ဝမ်ရှန်းယွင်က ပြောလိုက်တယ်။

“ကိုယ်ပိုင်တပည့်ချီ၊ မင်း ဂိုဏ်းကို ပြန်ဖို့ ပြင်ဆင်နေတာလား။” စွန်းရှန်းဇီက မေးလိုက်တယ်။

“မဟုတ်ဘူး!”

ချီမင်က ခေါင်းခါလိုက်တယ်။ သူ့အကြည့်က ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ တပည့်တွေနဲ့ အကြီးအကဲတွေ စုဝေးနေတဲ့နေရာကို ကြည့်လိုက်ပြီး တပည့်တွေကြားထဲက ယုရွှယ်လန်ပေါ်ကိုတည့်တည့်ကျသွားတယ်။

“ကျွန်တော်မပြန်ခင်မှာ လုပ်စရာအရေးကြီးတဲ့ကိစ္စတစ်ခု ရှိတယ်။” ချီမင်က ပြောလိုက်တယ်။

“ဒီကိစ္စက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းမှာ ပုန်းအောင်းနေတဲ့ နတ်ဆိုးဂိုဏ်းက သူလျှိုတွေကို ဖယ်ရှားဖို့ပဲ။”

“ဒါက...”

တောင်ထွတ်သခင်သုံးယောက်က ကြောင်သွားကြတယ်။

ချီမင်က ခြေတစ်လှမ်း ရှေ့တိုးလိုက်ပြီး ပျံသန်းသွားတယ်။ သူက လုံးဝကို နေရာရွှေ့ပြောင်းလိုက်တယ်။ နောက်တစ်ခဏမှာ သူက ယုရွှယ်လန်ရဲ့ရှေ့မှာ ရပ်နေတယ်။

“ကိုယ်ပိုင်... ကိုယ်ပိုင်တပည့်ချီ”

သူမက ချက်ချင်းမတုံ့ပြန်လိုက်နိုင်ဘူး၊ ချီမင်က သူ့ရှေ့ကို ရုတ်တရက်ပေါ်လာလိမ့်မယ်လို့ မမျှော်လင့်ထားတာကြောင့် သူမက သိသိသာသာကို အနည်းငယ်ကြောင်အသွားတယ်။

“ဆရာဦးလေး…”

ယွမ်ဖုန်းကလည်း မလှမ်းမကမ်းမှာ ရှိနေတယ်။ ချီမင်လာတာကို တွေတော့ သူမက မူလက နှုတ်ဆက်ချင်ပေမယ့် ချီမင်ရဲ့အမူအရာကို တွေ့ပြီးသူမက ချက်ချင်းရပ်လိုက်ပြီး ရှေ့ဆက်မတိုးရဲတော့ဘူး။

ဘာပဲဖြစ်ဖြစ် ယွမ်ဖုန်းကလည်း အရင်တုန်းက ချီမင်နဲ့ အချိန်အတော်ကြာ ဆက်ဆံဖူးတာကြောင့် သူ့ကို အတော်လေးကောင်းကောင်း သိတယ်။ ချီမင်ရဲ့ ခံစားချက်ကင်းမဲ့နေတဲ့ မျက်နှာကို မြင်လိုက်ရတော့ ယွမ်ဖုန်းက သူ အခုအချိန်မှာ အရမ်းကို မပျော်မရွှင်ဖြစ်နေတယ်ဆိုတာ သိလိုက်တယ်။ သူ့ကို သွားမစတာက သူမအတွက် ပိုကောင်းတယ်။

“ကိုယ်ပိုင်တပည့်ချီကို ဂါရဝပြုပါတယ်။”

ပတ်ဝန်းကျင်မှာ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ တပည့်တွေနဲ့ အကြီးအကဲတွေက ချီမင်ကို ဦးညွှတ်လိုက်ကြတယ်။ သူတို့ရဲ့လေသံက အရမ်းကို ရိုသေလေးစားနေတယ်။ အဲ့တာက ချီမင်ရဲ့အဆင့်အတန်းကြောင့်သာမကဘဲ သူ့ရဲ့သန်မာတဲ့ခွန်အားကြောင့်လည်း ဖြစ်တယ်။

“သွေးကြာပန်းနတ်ဆိုးမ”

ချီမင်က ပတ်ဝန်းကျင်က တပည့်တွေနဲ့ အကြီးအကဲတွေကို လျစ်လျူရှုလိုက်တယ်။ သူ့အကြည့်က ယုရွှယ်လန်ပေါ်မှာ ရပ်တန့်နေတယ်။ သူ့လေသံက ခံစားချက်ကင်းမဲ့နေပြီး အေးစက်စွာနဲ့ ပြောလိုက်တယ် “မင်းကို မတွေ့တာ နှစ်ပေါင်းရာချီနေပြီ။ မင်း ပုန်းနေတာ တော်တော်ကောင်းတာပဲ။”

“အာ့!”

ယုရွှယ်လန်က သူ့နှလုံးသားထဲမှာ အရမ်းလန့်သွားတယ်။ သူမက အဆက်မပြတ် စဉ်းစားနေပြီး အသေးစိတ်တစ်ခုခုကို ပြန်သတိရဖို့ ကြိုးစားနေပေမယ့် သူမ ဘာအမှားကို ဖော်ထုတ်ခံလိုက်ရလဲဆိုတာ မတွေ့ဘူး။ ချီမင်က ဘာလို့ သူ့ရဲ့ပုံစံအမှန်ကို တိုက်ရိုက်ဖော်ထုတ်လိုက်ရတာလဲ။

ယုရွှယ်လန်က အရမ်းကို ထိတ်လန့်တုန်လှုပ်သွားတယ်။

သူမက တကယ်ကို မတုံ့ပြန်နိုင်ဘူး၊ ဒါပေမဲ့ ကံကောင်းစွာနဲ့ သူ့နှလုံးသားကထိတ်လန့်နေပေမယ့် အပေါ်ယံမှာတော့ တည်ငြိမ်နေတယ်။

“ကိုယ်ပိုင်... ကိုယ်ပိုင်တပည့်ချီ”

ယုရွှယ်လန်က နားမလည်တဲ့လေသံနဲ့ ပြောလိုက်တယ် “ကျွန်မ... ကျွန်မ ရှင်ဘာပြောနေလဲ မသိဘူး။ သွေးကြာပန်းနတ်ဆိုးမ။ သွေးကြာပန်းနတ်ဆိုးမက ဘယ်သူလဲ။ သွေးကြာပန်းနတ်ဆိုးမဆိုတာ ဘာလဲဆိုတာတောင် ကျွန်မမသိဘူး။”

“ဒါက...”

“သွေးကြာပန်းနတ်ဆိုးမ”

“ဘာဖြစ်တာလဲ”

“ကိုယ်ပိုင်တပည့်ချီက ဘာလို့ ရုတ်တရက် ယုရွှယ်လန်ကို ကြည့်ပြီး သူ့ကို သွေးကြာပန်းနတ်ဆိုးမလို့ ခေါ်လိုက်ရတာလဲ။”

“ဒါက ဘာကိုဆိုလိုတာလဲ”

“ကိုယ်ပိုင်တပည့်က ယုရွှယ်လန်က သွေးကြာပန်းနတ်ဆိုးမလို့ ပြောနေတာလား။”

“ဒါ မဖြစ်နိုင်ဘူး”

“ငါမှတ်မိသလောက်ဆိုရင် သွေးကြာပန်းနတ်ဆိုးမက လွန်ခဲ့တဲ့နှစ်ပေါင်းရာချီကတည်းက သေသွားခဲ့တာ မဟုတ်ဘူးလား။ ဒါ့အပြင် သူမက နတ်မိမယ်ဖန်ရှီးရဲ့လက်ထဲမှာ သေဆုံးသွားပြီး သန့်စင်တဲ့အဖြူရောင်ဖီးနစ်မီးလျှံတွေကြောင့် ပြာအဖြစ် တိုက်ရိုက်လောင်ကျွမ်းခံခဲ့ရတာ။”

“ဟုတ်တယ်၊ ဟုတ်တယ်။”

“ကိုယ်ပိုင်တပည့်ချီ၊ ခင်ဗျား မှားမြင်တာ ဖြစ်ရမယ်။”

ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ တပည့်တွေနဲ့ အကြီးအကဲတွေက အကျယ်တဝင့် ဆွေးနွေးနေကြတယ်။ သူတို့က ယုရွှယ်လန်ကို အကြိမ်အနည်းငယ် အကဲခတ်ကြည့်လိုက်ကြတယ်။ သူတို့က သူမကို လွန်ခဲ့တဲ့နှစ်ပေါင်းရာချီက သေဆုံးသွားတဲ့ သွေးကြာပန်းနတ်ဆိုးမလို့ တကယ်ပဲ မထင်ကြဘူး။

ယုရွှယ်လန်ရဲ့ တစ်ကိုယ်လုံးမှာ နတ်ဆိုးတာအိုရဲ့ ခြေရာတစ်စက်မှ မရှိဘူး။ သူမက လုံးဝကို လမ်းမှန်လမ်းစဉ်ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး တိမ်စိမ်းတောင်ထွတ်ရဲ့ အတွင်းစည်းအကြီးအကဲတစ်ယောက်လည်း ဖြစ်တယ်။

ယုရွှယ်လန်နဲ့ ယွမ်ဖုန်းတို့က တူညီကြတယ်။ သူတို့က အမွေခံတပည့်ပြိုင်ပွဲကနေတဆင့် ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်မှာ မကျင့်ကြံနိုင်ကြဘူး။ဘာလို့လဲဆိုတော့ သူတို့ရဲ့အလားအလာနဲ့ စွမ်းဆောင်ရည်ကို မဟာအကြီးအကဲတွေက အသိအမှတ်မပြုကြလို့ဖြစ်တယ်။

ယုရွှယ်လန်နဲ့ ယွမ်ဖုန်းတို့ ဗလာနယ်စွန့်ခွာခြင်းအဆင့်ကို ချိုးဖျက်ပြီးတော့ သူတို့က အမွေခံတပည့်အဆင့်ကနေ ဖယ်ရှားခံရပြီး တိမ်စိမ်းတောင်ထွတ်ရဲ့ အတွင်းစည်းအကြီးအကဲတွေ ဖြစ်လာကြတယ်။

“ကိုယ်ပိုင်တပည့်ချီ…”

စွန်းရှန်းဇီက ပျံသန်းလာပြီး ချီမင်ရဲ့ဘေးမှာ ရပ်လိုက်တယ်။ ခပ်ဖျော့ဖျော့ကိုယ်သင်းရနံ့လေး ရှိနေတယ် “ယုရွှယ်လန်ရဲ့နောက်ကြောင်းက ရှင်းတယ်။ သူမက ကျွန်မရဲ့အင်မော်တယ်ဖြစ်စဥ်တောင်ထွတ်က အတွင်းစည်းအကြီးအကဲတစ်ယောက် မဟုတ်ပေမယ့် လွန်ခဲ့တဲ့နှစ်ပေါင်းရာချီအတွင်းမှာ သူမနဲ့ပတ်သက်ပြီး မကောင်းတာတစ်ခုခု ရှိတယ်လို့ ကျွန်မတစ်ခါမှ မကြားဖူးဘူး။”

“ဟုတ်တယ်။”

ဝေ့ဟွာတုန်းကလည်း ရောက်လာပြီး ခေါင်းညိတ်လိုက်တယ်။

“ဒါပေမဲ့...”

ဝမ်ရှန်းယွင်က ခဏလောက် စဉ်းစားလိုက်တယ် “ကိုယ်ပိုင်တပည့်ချီက ယုရွှယ်လန်ကို သံသယရှိတယ်ဆိုကတည်းက သူ့မှာ သူ့အကြောင်းပြချက်နဲ့သူ ရှိမှာပဲ။ ဒါကြောင့် ယုရွှယ်လန်ကို စုံစမ်းစစ်ဆေးတာက အဆင်ပြေပါတယ်။”

“ဟုတ်တယ်၊ ဟုတ်တယ်။”

ဝေ့ဟွာတုန်းနဲ့ စွန်းရှန်းဇီတို့က တုံ့ပြန်ပြီး ခေါင်းညိတ်လိုက်ကြတယ်။

“စုံစမ်းစစ်ဆေးမလို့လား”

ချီမင်ရဲ့လေသံက ခံစားချက်ကင်းမဲ့နေပြီး လွှမ်းမိုးနိုင်စွမ်းအပြည့်နဲ့ပြောလိုက်တယ် “မလိုဘူး။ သူမက နတ်ဆိုးဂိုဏ်းက သူလျှိုလို့ ကျုပ်ပြောတယ်ဆိုရင် သူမက သဘာဝအတိုင်း နတ်ဆိုးဂိုဏ်းက သူလျှိုပဲ။ စုံစမ်းစစ်ဆေးစရာ မလိုဘူး။”

သူ့လက်ကို မြှောက်လိုက်တော့ ကြွယ်ဝတဲ့ဓမ္မစွမ်းအားက သူ့လက်ဖဝါးမှာ စုစည်းလာတယ်။ လျှပ်စီးငါးမျိုးက စုစည်းသွားတယ်။ လျှပ်စီးတွေ လက်သွားပြီး တဖျစ်ဖျစ်မြည်ကာ ဖျက်ဆီးခြင်းစွမ်းအားတွေ ပါဝင်လာတယ်။

“သေစမ်း!”

ဘုန်း!

ချီမင်ရဲ့လက်ဖဝါးက ယုရွှယ်လန်ရဲ့ခေါင်းကို ရိုက်ခတ်လိုက်တယ်။

“!!!”

ယုရွှယ်လန်ရဲ့ လှပတဲ့မျက်လုံးတွေက ပြူးကျယ်သွားပြီး သေခြင်းတရားရဲ့အန္တရာယ် ကျရောက်လာတာကို ခံစားလိုက်ရတယ်။ ချီမင်ရဲ့ မိုးကြိုးငါးချက်ပစ်ခြင်းလက်ဝါးနဲ့ ရင်ဆိုင်ရတော့ သူ့တစ်ကိုယ်လုံးက အေးခဲသွားတယ်။

ကြောက်စရာကောင်းတယ်။

အရမ်းကို ကြောက်စရာကောင်းတယ်။

သူမ မခုခံနိုင်ဘူး။

သူမ လုံးဝ မခုခံနိုင်ဘူး။

ပြန်စဉ်းစားကြည့်ရင် လွန်ခဲ့တဲ့နှစ်ပေါင်းရာချီက ချီမင်က လျှို့ဝှက်နက်နဲကမ္ဘာကို ကူးပြောင်းလာတဲ့ တိမ်စိမ်းတောင်ထွတ်က အစေခံတပည့်လေးတစ်ယောက် ဖြစ်တယ်။ သူ့ရဲ့ခွန်အားက အရမ်းအားနည်းပြီး ချီသန့်စင်ခြင်းအဆင့်မှာပဲ ရှိတယ်။ ယုရွှယ်လန်ရဲ့ရှေ့မှာ သူက ပုရွက်ဆိတ်တစ်ကောင်နဲ့တူတယ်။

အဲ့ဒီတုန်းက ယုရွှယ်လန်က ချီမင်ကို ဘယ်အချိန်မဆို လွယ်လွယ်ကူကူ ချေမွနိုင်တယ်။

ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ယုရွှယ်လန်က ချီမင်ကို မသတ်နိုင်ခဲ့ဘူး။ အဲ့ဒီအစား သူ့ကို ထိခိုက်မှုမရှိဘဲ အသက်ရှင်ခွင့်ပေးခဲ့တယ်။

အခုတော့ နှစ်ပေါင်းရာချီကြာပြီးနောက်မှာ အရာအားလုံး ပြောင်းလဲသွားခဲ့ပြီ။

ချီမင်က တိမ်စိမ်းတောင်ထွတ်က အစေခံတပည့်လေးတစ်ယောက် မဟုတ်တော့ဘူး။ သူက အခု ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ အင်မော်တယ်တောင်ရဲ့ အမွေခံတပည့်၊ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ ရှေးဟောင်းဘိုးဘေး၊ ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်ရဲ့ ကိုယ်ပိုင်တပည့် ဖြစ်နေပြီ။

သူ့မှာ အရမ်းထူးခြားတဲ့အဆင့်အတန်း ရှိတယ်။

ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းမှာ အဆင့်အတန်းအရဆိုရင် ချီမင်က မဟာအကြီးအကဲတွေရဲ့အောက်မှာပဲ ရှိတယ်။

ချီမင်ရဲ့ခွန်အားက ပိုပြီးတော့ နက်နဲတယ်။ သူက ဝိညာဉ်ဖွဲ့တည်ခြင်း နှောင်းပိုင်းအဆင့်မှာပဲ ရှိပေမယ့် သူက တာအိုပေါင်းစည်းခြင်းအဆင့်က နတ်ဆိုးအိုကြီးတစ်ကောင်ကို လွယ်လွယ်ကူကူ သတ်ဖြတ်နိုင်တယ်။

ရှောင်ဝူဂျီလိုမျိုး ခွန်အားက အတိဒုက္ခကျော်လွှားခြင်း တစ်ဝက်အဆင့် ကျင့်ကြံသူနဲ့ နှိုင်းယှဉ်နိုင်တဲ့သူတောင် ချီမင်ကြောင့် အသတ်ခံရလိုက်တယ်။

ဒါကြောင့် ချီမင်က အခု ယုရွှယ်လန်ရဲ့ကံကြမ္မာကို လွယ်လွယ်ကူကူ ထိန်းချုပ်နိုင်တယ်။ ပေါ့ပေါ့ပါးပါး ရိုက်ချက်တစ်ခုက သူ့အသက်ကို အဆုံးသတ်နိုင်ပြီး လုံးဝသတ်ဖြတ်ပစ်နိုင်တယ်။

“မဟုတ်ဘူး”

ဝေ့ဟွာတုန်းက ထိတ်လန့်သွားတယ်။ သူ့ညာဘက်လက်ကို ဝှေ့ယမ်းပြီး ရတနာတစ်ခုကို အမြန်ထုတ်ယူလိုက်တယ်။ အဲ့တာက အနက်ရောင်ဆေးမီးဖိုကြီးတစ်လုံး ဖြစ်ပြီး ရှေ့ကိုတားဆီးလိုက်တယ်။

ဘုန်း!

ခရက်! ခရက်!

ကျယ်လောင်တဲ့အသံကြီးတစ်ခု ထွက်ပေါ်လာတယ်။

ချီမင်ရဲ့လက်ဝါးအောက်မှာ ဒီအနက်ရောင်ဆေးမီးဖိုကြီးက အပိုင်းအစတွေအဖြစ် တိုက်ရိုက်ပေါက်ကွဲသွားပြီးကောင်းကင်တောင်ပြည့်နှက်သွားတယ်။ လျှပ်စီးတွေ လက်သွားပြီး ပေါက်ကွဲမှုရဲ့စွမ်းအားက တုန်ခါသွားတယ်။

ဝေ့ဟွာတုန်း ထုတ်ယူလိုက်တဲ့ အနက်ရောင် ဆေးမီးဖိုရတနာက ချီမင်ရဲ့လက်ဝါးကြောင့် ကြေမွသွားပေမယ့် အဲ့တာက တိုက်ခိုက်မှုရဲ့စွမ်းအားအများစုကိုလည်း တားဆီးပေးခဲ့ပြီး အရမ်းကို ပြင်းထန်တဲ့ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်သွားတယ်။

အလင်းတွေက မီးရှူးမီးပန်းတွေလို ပေါက်ကွဲသွားပြီး တော်တော်လေး လှပတယ်။

“အားးး!!!”

ယုရွှယ်လန်က အော်ဟစ်လိုက်ပြီး သူ့တစ်ကိုယ်လုံးက ပေါက်ကွဲမှုရဲ့နောက်ဆက်တွဲအရှိန်ကြောင့် လွင့်စင်သွားတယ်။ သူမက သွေးအန်ပြီး သစ်ပင်အနည်းငယ်ကို ဝင်တိုက်ကာ နောက်ဆုံးမှာ တောင်ကုန်းတစ်ခုကို ဝင်တိုက်ပြီမှ ရပ်တန့်သွားတယ်။

ပတ်ဝန်းကျင်မှာ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း တပည့်တွေနဲ့ အကြီးအကဲတွေက အလျင်အမြန် ရှောင်တိမ်းလိုက်ကြတယ်။ သူတို့မျက်နှာတွေပေါ်မှာ ထိတ်လန့်မှုတွေ ပေါ်လာပြီး ချီမင်ကို ကြောက်ရွံ့တဲ့အမူအရာတွေနဲ့ တစ်ယောက်ပြီးတစ်ယောက် ကြည့်နေကြတယ်။

“ကိုယ်ပိုင်တပည့်ချီ…”

ဝေ့ဟွာတုန်းက ချက်ချင်းပဲ အသံနိမ့်နိမ့်နဲ့ ပြောလိုက်တယ် “မင်းက ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်ရဲ့ အမွေခံတပည့်တစ်ယောက်ဖြစ်ပြီး ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ ရှေးဟောင်းဘိုးဘေး၊ ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်ရဲ့ ကိုယ်ပိုင်တပည့်တစ်ယောက်ဖြစ်တယ်။မင်းရဲ့အဆင့်အတန်းက အရမ်းမြင့်ပေမယ့် မင်းက လူတိုင်းရှေ့မှာ ဘာခိုင်လုံတဲ့သက်သေအထောက်အထားမှမရှိဘဲ အတွင်းစည်းအကြီးအကဲတစ်ယောက်ကို တိုက်ရိုက်သတ်လို့မရဘူး။”

“ဒါက စည်းမျဉ်းတွေကို ချိုးဖောက်တာပဲ။”

“ကိုယ်ပိုင်တပည့်ချီ…”

စွန်းရှန်းဇီက သတိပြန်ဝင်လာပြီး ချီမင်ကိုတားလိုက်တယ်။ သူမက ဖျောင်းဖျပြောဆိုလိုက်တယ် “ဘာပဲဖြစ်ဖြစ် ယုရွှယ်လန်ကလည်း တိမ်စိမ်းတောင်ထွတ်ရဲ့ အတွင်းစည်းအကြီးအကဲတစ်ယောက်လေ။ ရှင်က ယုရွှယ်လန်ကို ဒီလိုတိုက်ရိုက်သတ်လိုက်တာက တကယ်ပဲ ကျိုးကြောင်းမဆီလျော်ဘူး။”

“ပတ်ဝန်းကျင်မှာ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း တပည့်တွေနဲ့ အကြီးအကဲတွေ အများကြီး ကြည့်နေတယ်။ ရှင် ဒီလိုလုပ်လို့မရဘူး။”

“ဟုတ်တယ်”

ဝမ်ရှန်းယွင်က ပြောလိုက်တယ် “အမွေခံတပည့်ချီ၊ ယုရွှယ်လန်က တကယ်ပဲ နတ်ဆိုးဂိုဏ်းရဲ့ သူလျှိုတစ်ယောက်ဆိုရင်တောင် ငါတို့က သူ့ကို သေချာစုံစမ်းစစ်ဆေးလိုက်ရုံနဲ့ အမှန်တရားက သဘာဝအတိုင်း ပေါ်လာမှာပါ။”

“အချိန်ကျလာတဲ့အခါမှာ သူ့ကို သတ်ချင်ရင်ဖြစ်ဖြစ်၊ နှိပ်စက်ချင်ရင်ဖြစ်ဖြစ် ငါတို့က ကိုယ်ပိုင်တပည့်ချီရဲ့အမိန့်ကို သဘာဝအတိုင်း လိုက်နာမှာပါ။ လုံးဝကို စိတ်ပူစရာမလိုပါဘူး။ ငါတို့ ယုရွှယ်လန်ကို အခုသတ်စရာမလိုဘူး။”

“ဒါ့အပြင် ငါတို့က ကိုယ်ပိုင်တပည့်ချီ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်ကို သဘာဝအတိုင်း ယုံကြည်ပါတယ်။ သေချာစုံစမ်းစစ်ဆေးပြီး သက်သေအထောက် အထားတွေ ခိုင်လုံသရွေ့ မင်းက ယုရွှယ်လန်ကို တရားမျှတတဲ့နည်းလမ်းနဲ့ သတ်ဖြတ်နိုင်ပါတယ်။ အဲ့တာက ကိုယ်ပိုင်တပည့်ချီရဲ့ဂုဏ်သတင်းအတွက်လည်း ကောင်းပါတယ်။ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းမှာမင်းရဲ့ဂုဏ်သတင်းကို ပျက်စီးစေမှာ မဟုတ်ဘူး။”

“သက်သေအထောက်အထားလား”

ချီမင်ရဲ့အမူအရာက တည်ငြိမ်နေတယ်။ သူက ပေါက်ကွဲမှုရဲ့နောက်ဆက်တွဲအရှိန်ကြောင့် ပြင်းထန်စွာ ဒဏ်ရာရသွားတဲ့ ယုရွှယ်လန်ကို ကြည့်လိုက်ပြီး ရှိနေတဲ့လူတိုင်းကို တည့်တည့်ကြည့်လိုက်တယ်။ သူက ငြင်းလို့မရတဲ့လေသံနဲ့ ပြောလိုက်တယ် “ငါ့စကားက သက်သေအထောက်အထားပဲ။”

ချီမင်က သူ့ရဲ့တွက်ချက်မှုမှာ ယုရွှယ်လန်က ဘာအမှားမှ မဖော်ထုတ်ခဲ့သလို ဘာသက်သေအထောက်အထားမှလည်း မချန်ထားခဲ့ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း သိတယ်။

ဒါကြောင့် ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းက စုံစမ်းစစ်ဆေးရင် သူမက နတ်ဆိုးဂိုဏ်းက သူလျှိုတစ်ယောက်ဆိုတာကို လုံးဝရှာဖွေနိုင်မှာ မဟုတ်ဘူး။ ဒါက သူမရဲ့အယောင်ဆောင်မှုက တကယ်ကို အရမ်းကောင်းနေလို့ဖြစ်တယ်။

မဟုတ်ရင် ယုရွှယ်လန်က ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းမှာ ဒီလောက်ကြာအောင် မဖော်ထုတ်ခံရဘဲ ပုန်းအောင်းနေမှာ မဟုတ်ဘူး။

ဒါက သူမ ဘာအမှားမှ မချန်ထားလို့ဖြစ်တယ်။

ယုရွှယ်လန်က နတ်ဆိုးဂိုဏ်းက သူလျှိုတစ်ယောက်ဆိုတဲ့ သက်သေအထောက်အထား မရှိဘူး။

အဲ့ဒီအခြေအနေမှာ ချီမင်က ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းကို စုံစမ်းစစ်ဆေးခွင့် သဘာဝအတိုင်း ပေးမှာမဟုတ်ဘူး။ အဲ့တာက အချိန်ဖြုန်းတာပဲ ဖြစ်လိမ့်မယ်။ ချီမင်က တိုက်ရိုက်ပြတ်ပြတ်သားသား တိုက်ခိုက်ပြီး ယုရွှယ်လန်ကို အာဏာရှင်ဆန်တဲ့နည်းလမ်းနဲ့ သတ်ဖို့ ကြိုးစားလိုက်တယ်။

ဒါပေမဲ့ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ ဂိုဏ်းစည်းမျဉ်းတွေကကော။

ဘာသက်သေအထောက်အထားမှမရှိဘဲ ချီမင်က အတွင်းစည်းအကြီးအကဲတစ်ယောက်ကို ပေါ့ပေါ့ဆဆ သတ်ဖြတ်လို့မရဘူး။

သူ တကယ်ပဲ အဲ့ဒီလိုလုပ်လိုက်ရင် အဲ့တာက ဂိုဏ်းရဲ့စည်းမျဉ်းတွေကို ချိုးဖောက်ပြီး ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းက တပည့်တွေနဲ့ အကြီးအကဲ တွေအားလုံးကို အခဲမကျေဖြစ်သွားစေလိမ့်မယ်။ အဲ့တာက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းတစ်ခုလုံးအတွက် ကောင်းတဲ့အရာ မဟုတ်ဘူး။

All Chapters