ပင်လယ်ကြွေမြို့၊ အရှေ့ပင်လယ်ဂိုဏ်းမှ စံသခင်
Vol. 36 Ch. 690
ရှင်းလင်းစွာပင်၊ ကျူးညီအစ်ကို၏အစီအစဉ်က နှစ်ယောက်ထဲလုပ်မည့်အစီအစဉ်မဟုတ်ပေ။
သူတို့သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်ကဲ့သို့သော ကျင့်ကြံသူများတွင် သူတို့၏လက်ထဲ၌ ဝှက်ဖဲများ ရှိနိုင်သည်ကို သိပေသည်။
ထို့ကြောင့်
လုံခြုံရေးအတွက်၊ သူတို့သည် သင်္ဘောပေါ်မှ အချို့ကျင့်ကြံသူများနှင့် မဟာမိတ်ပြုလုပ်မည်ဖြစ်သည်။
ဖောက်…ဖောက်….
အချိန်ကြာလာသည်နှင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ စီးလာသော သင်္ဘောသည် ယွင်ပေါင်ဆိပ်ကမ်းမြို့ ဟုခေါ်သည့်နေရာသို့ရာက်သွားသည်။
ဝှစ်…..ဝှစ်…..ဝှစ်……
သင်္ဘောက ဆိပ်ကမ်းသို့နီးကပ်လာသည်နှင့် အလင်းတန်း ခုနှစ်ခု သို့ ရှစ်ခုခန့်သည် လျှင်မြန်စွာ အဝေးမှ ချဉ်းကပ်လာလေသည်။
သူတို့နီးကပ်လာသောအခါ ကျန်းချန်ရွှမ်တို့သင်္ဘော၏ တာဝန်ရှိသူ မူလအခြေတည်ဝိညာဉ်ကျင့်ကြံသူ က ထိုအလင်းတန်းများနှင့် တွေ့ရန်ပျံသန်းသွားသည်။
......
ခနအကြာတွင်၊
အလင်းတန်း ခုနစ်ခုရှစ်ခုခန့်က ပျောက်ကွယ်သွားပြီး ခေါင်းဆောင်ဖြစ်သူ မူလအခြေတည်ဝိညာဉ် ကျင့်ကြံသူ က သင်္ဘောပေါ်မှ လူတိုင်းကို ကြေငြာလိုက်သည်။
“တာအိုရောင်းရင်းတို့ ကျုပ်တို့ခရီးက ဒီမှာပဲပြီးပါပြီ။ ခင်ဗျားတို့ပစ္စည်းတွေကို စုလိုက်ပါ။ အကယ်၍ လိုအပ်ရင် အနာဂတ်မှာပြန်ဆုံကြတာပေါ့။”
ထိုကြေညာချက်ပြီးနောက်၊ များစွာသောပုံရိပ်များက သင်္ဘောပေါ်မှ ထွက်ခွာသွားပြီး လျှင်မြန်စွာပင် သူတို့၏ပျံသန်းခြင်းဓားများဖြင့် အဝေးသို့ပျောက်ကွယ်သွားကြလေသည်။
ဝှစ်…..ဝှစ်…….ဝှစ်…..
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သာ အလောတကြီးမဖြစ်နေခြင်းဖြစ်သည်။
သူတို့သည်သင်္ဘောပေါ်မှဆင်းပြီးသည်နှင့် စတင်၍ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
ဆိပ်ကမ်းမှ မဝေးသောနေရာတွင် မိုင်ဒါဇင်ပေါင်းများစွာအဝေးတွင် လေလွင့်ကျင့်ကြံသူများ ထောင်ထားသည့် သေးငယ်၍ ပြန့်ကျဲနေသော ဈေးတစ်ခုရှိလေသည်။
ဈှေးတန်းကိုဖြတ်ပြီးလျှင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ဦးတည်သွားမည့် အနီးဆုံးသော မသေမျိုးမြို့ဖြစ်သည့် ပင်လယ်ကြွေမြို့သို့ ရောက်သွားမည်ဖြစ်သည်။
ထိုမြို့သည် အခြေတည်ဝိညာဉ်ဂိုဏ်းဖြစ်သည့် အရှေ့ပင်လယ်ဂိုဏ်း၏ လက်အောက်တွင် ရှိသောမြို့ ဖြစ်သည်။
သို့ရာတွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ပင်လယ်ကြွေမြို့သို့ မရောက်သေးခင်တွင် သူတို့ သတိပြုမိသည်မှာ အလင်းတန်း ခုနှစ်ခု၊ ရှစ်ခုခန့်က သူတို့၏နောက်သို့ လိုက်လာခြင်းပင်ဖြစ်သည်။
ဝှစ်…….ဝှစ်……ဝှစ်…….
များစွာသော ပျံသန်းလာသည့်အသံများနှင့် အတူ ကျူးညီအစ်ကိုသည် ကျင့်ကြံသူ ငါးယောက်ခြောက်ယောက်ခန့်ကို ဦးဆောင်လာကာ သူတို့၏လမ်းကို လာပိတ်လိုက်သည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်က သူတို့အား တစ်ချက်သာကြည့်လိုက်သည်။
ကျန်းချန်ရွှမ်က စိတ်မဝင်စားစွာမေးလိုက်သည်။
“ဘာလိုချင်လို့လဲ?”
“ဟားဟားဟား၊ ကလေးတို့ မင်းတို့အခုထိ မသိသေးဘူးလား?” ညီဖြစ်သူ ကျူးပိုင်ဟုန်က ထေ့ငေါ့လိုက်သည်။
“မင်းတို့လက်ထဲမှာရှိတာတွေအကုန်ပေးခဲ့။ မင်းတို့ပေးရင် ငါတို့မင်းတို့ကိ မြန်မြန်ဆန်ဆန်ပေးသေမယ်။ မဟုတ်ရင်တော့၊ ဟီးဟီး…….”
သူ၏စကားများက အခြားရောက်သွားပြီး သူ၏အကြည့်က ရှန်းရူယန်ဆီသို့ ရွေ့သွားလေသည်။
ထိုအကြည့်သည် ရှန်းရူယန်၏မျက်လုံးအားအေးစက်သွားစေသည်။
သူမထံမှ လှုပ်ရှားမှုတစ်စုံတစ်ရာမတွေ့လိုက်ရဘဲ ထေ့ငေါ့ကာ စကားအဆက်မပြတ်ပြောနေသော ကျူးပိုင်ဟုန်သည် ရုတ်တရက် သူ့ကိုယ်သူ မိုးကြိုးသွားများနှင့် ဖုံးလွှမ်းခံလိုက်ရကြောင်း တွေ့ရှိလိုက်ရသည်။
ပြီးနောက် အော်သံက လေထဲတွင်ပြည့်သွားလေသည်။
ငွေရောင်၊ အပြာရောင်နှင့် အနီရောင် လျှပ်စီးကြောင်းများက ကျူးပိုင်ဟုန်၏မျက်လုံး၊ နှာခေါင်း၊ ပါးစပ်နှင့် နားထဲမှ ထွက်လာခဲ့လေသည်။
ချက်ခြင်းပင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည်လောင်ကျွမ်းသွားကာ သံသယဝင်နိုင်ဖွယ်မရှိအောင်ပင် သေဆုံးသွားပြီဖြစ်သည်။
ထိုမြင်ကွင်းသည် ရှိနေသည့်လူတိုင်းကို ကြောင်အသွားစေပြီး အထူးသဖြင့် ကျူးပိုင်ဟုန်၏အစ်ကို ကျူးပိုင်ယွင်ပင်ဖြစ်သည်။
သူသည် အခြေတည်ဝိညာဉ်ကျင့်ကြံသူထံမှပင် လွတ်မြောက်လာခဲ့ဖူးသော သူ့ညီ၏ စွမ်းအားကို သူသိပါသည်။
ယခုမူ ရှန်းရူယန်က မည်သို့ လှုပ်ရှားလိုက်သည်ကိုပင် မသိလိုက်ရဘဲ ကျူးပိုင်ဟုန်သည် လောင်ကျွမ်းနေသည့် အလောင်းကောင်အဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်သည်။
သူတို့၏ စွမ်းအားမှာ မျှော်မှန်းထားသည်ထပ် များစွာ ကြောက်မက်ဖွယ်ကောင်းပါသည်။
အခြားသူများသည် အရူးများမဟုတ်ကြသဖြင့် သူတို့သည် မီးပူပြားကိုကန်မိပြီဖြစ်ကြောင်း သိကြသည်။
သူတို့သည် ချက်ခြင်းပင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား တောင်းပန်ကြတော့သည်။ ကျူးပိုင်ယွမ်အပါအဝင်ပင်ဖြစ်သည်။
“စီနီယာတို့၊ ဒါက အထင်လွဲတာပါ၊ ဒါက ကျွန်တော့်ညီရဲ့အမှားပါ။ သူက ခင်ဗျားတို့ကို နှောက်ယှက်ဖို့ ကျွန်တော်တို့ကိုဆွဲဆောင်ပြီး တွန်းအားပေးခဲ့တာပါ။ ကျွန်တော်တို့ကိုခွင့်လွတ်ပေးပြီး လွတ်ပေးဖို့ တောင်းဆိုပါတယ်။”
“တကယ်တော့ ဒါတွေအားလုံးက အထင်လွဲတာပါ။ ကျွန်တော်က ယွဲ့ကျန်းစင်မြင့်က အကြီးအကဲပါ။ ကျွန်တော့်ရဲ့ဂိုဏ်းကိုထောက်ထားပြီး ညှာတာပေးဖို့ တောင်းဆိုပါတယ်။”
အခြား နက်ပြာရောင်ဝတ်ဆင်ထားသည့် လူကလည်း တောင်းပန်စွာပြောလာသည်။ အခြားသူများကလည်း အတူတူပင်၊ ရှင်းပြကာ တောင်းပန်နေကြသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က ဆင်ခြေများကို နားမထောင်ပါ။
နှစ်ပေါင်းများစွာအတွင်း သူတို့သည် ထိုကဲ့သို့သောသူများနှင့် များစွာတွေ့ခဲ့ရပြီးဖြစ်သည်။
ထို့ကြောင့် ခနအကြာတွင်၊
ရှန်းရူယန်က လက်ကိုမြောက်လိုက်သည်။
ဝုန်း…..
ကောင်းကင်ပေါ်မှ မိုးကြိုးများက ရုတ်တရက် ကျဆင်းလာလေသည်။
ကျူးပိုင်ယွမ်နှင့် အခြားသူများက တုံ့ပြန်နိုင်ရန်အချိန်ပင်မရှိဘဲ မိုးကြိုးများနှင့် ပစ်ခံရတော့သည်။
မျက်စိတမှိတ်အတွင်း ကောင်းကင်ပေါ်မှ လောင်ကျွမ်းနေသော ခန္ဓာကိုယ် ခြောက်ခု ခုနစ်ခုခန့်က အောက်သို့ကျသွားတော့သည်။
........
တစ်ချိန်တည်းမှာပင်၊
ပင်လယ်ကြွေမြို့တွင် သက်လတ်ပိုင်းအရွယ်လူက အဝေးမှ ဖြစ်ရပ်အား အာရုံခံမိကာ သူ၏အမူအရာက သိမ်မွေ့စွာပြောင်းလဲသွားသည်။
သူသည် အရှေ့ပင်လယ်ဂိုဏ်းမှ အခြေတည်ဝိညာဉ်ကျင့်ကြံသူ ပိုင်ကျန်းဟောက်ဖြစ်ကာ ပင်လယ်ကြွေမြို့၏ စောင့်ရှောက်သူဖြစ်သည်။
ထိုဖြစ်ရပ်အားသတိပြုမိပြီးနောက် သူသည် အချိန်ခနလောက်စဉ်းစားလိုက်ပြီး ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ရှိနေသောနေရာသို့ ပျံသန်းသွားလိုက်သည်။
ထိုနေရာတွင်
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က ပင်လယ်ကြွေမြို့သို့ ဆက်လက်သွားနေရာမှ အပေါ်သို့ကြည့်လိုက်ကာ အဝေးမှ အလင်းတန်းတစ်ခုက လျှင်မြန်စွာချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။
သူတို့သည် လာနေသောသူက အခြေတည်ဝိညာဉ် တတိယအဆင့် ကျင့်ကြံသူဖြစ်ကာ ပင်လယ်ကြွေမြို့ ၏ စောင့်ရှောက်သူဖြစ်မည်ဟု သတိပြုမိလိုက်ကြသည်။
သူသည် ထိုဖြစ်ရပ်အား အာရုံခံမိကာ စုံစမ်းရန်လာခြင်းဖြစ်လိမ့်မည်။
***