တောင်ပိုင်းကန္တာရမှ အပြောင်းအလဲများ၊ ကြီးမားသောအန္တရာယ်၏ ကြိုတင်နိမိတ် ( ၂)
Vol. 36 Ch. 673
“နားမလည်နိုင်ဘူး၊ တကယ်ပဲနားမလည်နိုင်ဘူး။”
တုန်းဖန်ထျန်းရှင်းက ခေါင်းကိုခါ၍ အခြေအနေအား ဝေခွဲမရဖြစ်နေသည်။
“အခုအတွက်အကောင်းဆုံးလှုပ်ရှားမှုက ကျုပ်တို့ကိုယ်တိုင် တောင်ပိုင်းကန္တာရကို သွားတာပဲ။ အဲ့လိုမှ အဖြေတစ်ချို့ကို တွေ့နိုင်လိမ့်မယ်။”
ထိုစကားကိုကြားလျှင် လူတိုင်းသဘောတူလျက်ခေါင်းညိတ်လိုက်ကြသည်။
ကျန်းချန်ရွှမ်က ပြောလိုက်သည်။ “တာအိုရောင်းရင်း တုန်းဖန်၊ စီနီယာရွှမ်းယန်၊ ခင်ဗျားတို့ ကျုပ်နဲ့ကျုပ်ဇနီးကို ကိုယ်တိုင်သွားစစ်ဆေးဖို့ ဘာလို့ခွင့်မပြုရတာလဲ။
ခင်ဗျားတို့နှစ်ဦးက မြောက်ပိုင်းနဲ့ အနောက်ပိုင်းသဲကန္တာရကို ဆက်လက်စောင့်ကြည့်လိုက်ပါ။
ပြီးတော့၊ အခြားမဟာမိတ်တွေကိုဆက်သွယ်ပြီး ကျုပ်တို့ပိုင်နက်ထဲက နတ်ဆိုးတွေကို အတူတူပူးပေါင်းရှာဖွေကြတာပေါ့။
ကျုပ်တို့ရဲ့အင်အားနဲ့ဆို၊ အကယ်၍ တောင်ပိုင်းဒေသမှာ ပုန်းကွယ်နေတဲ့ အန္တရာယ်ရှိရင်တောင် ကျုပ်တို့ မကိုင်တွယ်နိုင်ရင် လုံခြုံစွာပြန်ဆုတ်လာနိုင်မှာပါ။ ဘယ်လိုထင်ကြလဲ?”
ကျန်းချန်ရွှမ်၏အဆိုပြုချက်ကိုကြားလျှင်၊ ကောင်းကင်သခင်ရွှမ်းယန်နှင့် တုန်းဖန်ထျန်းရှင်းတို့က အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် ဆုံးဖြတ်ချက်ချလိုက်သည်။
ကောင်းကင်သခင်ရွှမ်းယန်က “ဒီလိုဆိုရင် ကျုပ်တို့ ခင်ဗျားတို့နားအပ်လိုက်ပါ့မယ်။
ဒီအချိန်အတောအတွင်း၊ ကျုပ်က ရုန်ဟန်ကျီရှန်းနဲ့ အဆုံးမဲ့ပင်လယ်ကို ဆက်သွယ်ပြီး တုန်းဖန်နဲ့အတူ မြောက်ပိုင်းနယ်နိမိတ်နဲ့ အနောက်ပိုင်းသဲကန္တာရကို ဖြစ်နိုင်ချေရှိတဲ့ အန္တရာယ်တစ်ခုမှ မလွတ်သွားအောင် စုံစမ်းစစ်ဆေးလိုက်ပါ့မယ်။”
“ကောင်းပြီ။”
ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့က အပြုံးဖြင့် ခေါင်းညိတ်လိုက်ကြသည်။
နှောင့်နှေးခြင်းမရှိဘဲလေးဦးသားက ကိုယ်စီတာဝန်များလုပ်ရန် ထွက်ခွာလိုက်ကြတော့သည်။
ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့ကတောင်ပိုင်းကန္တာရသို့ ထွက်ခွာပြီး ကောင်းကင်သခင်ရွှမ်းယန်နှင့် တုန်းဖန်ထျန်းရှင်းတို့က အခြားတစ်ဖက်သို့ ထွက်ခွာသွားသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ လက်ရှိအရှိန်နှင့် သူတို့သည် မြောက်ပိုင်းနယ်နိမိတ်မှ တောင်ပိုင်းသို့ရောက်ရန် အချိန်မကြာပါ။
သူတို့ရောက်သည်နှင့် ချက်ခြင်းသိပ်သည်းသောနတ်ဆိုး အရောင်အဝါက ထိုနေရာတွင် စိမ့်ဝင်ပျံနှံနေလေသည်။
ပတ်ဝန်းကျင်ရှိ ဝိညာဉ်ချီသည်လည်း နတ်ဆိုးရောင်ဝါများနှင့် စွန်းထင်းနေကာ အလွန်အန္တရာယ်များသည်။
ထိုနေရာတွင်ဝိညာဉ်ချီက အပြည့်စွန်းထင်းနေလျှင်၊ ထိုနေရာတွင် ကျင့်ကြံသူများအတွက် ကပ်ဘေးဖြစ်လာလိမ့်မည်။
အရေးကြီးဆုံးအချက်မှာ နတ်ဆိုးချီသည် ဝိညာဉ်ချီအတွင်းပုန်းလျိုးနေခြင်းဖြစ်သည်။
ကျန်းချန်ရွှမ်က ထိုနေရာတွင် ကျွမ်းကျင်သူမဟုတ်ခဲ့လျှင်နှင့် နတ်ဆိုးချီအား မြင့်မားစွာ အာရုံခံနိုင်ခြင်းကြောင့်သာ မဟုတ်ခဲ့လျှင်၊ ခြေရာခံရန် ခက်ခဲနေလိမ့်မည်။
အနည်းဆုံး ဤနေရာသို့ လာဖူးသော မုရုံရှန်းသည်ပင် သတိထားမိပုံမပေါ်ပေ။
ကြည့်ရသည်မှာ တောင်ပိုင်းကန္တာရ၏အခြေအနေက သူတို့အစက ထင်ထားသည်ထပ် ပို၍ ဆိုးရွာကာ ရှုပ်ထွေးနေလေသည်။
ဝှစ်….
သူတို့သည် ကျင့်ကြံရေးမြို့တွင် ခြေချလိုက်သည်နှင့်၊ ကြောင်ကငါးကို အနံ့ခံသကဲ့သို့ ထောင်ပေါင်းများစွာ အမျိုးမျိုးသော နတ်ဆိုးမကောင်းဆိုးဝါးများသည် သူတို့ဆီသို့ဦးတည်ကာ ပြေးလာနေကြသည်။
“မိန်းမ၊ ကိုယ် ဒီသတ္တဝါတွေကိုသုံးပြီး အခြေအနေကို ခနထိန်းချုပ်နေတဲ့အချိန် ကျုပ်ကို ကာကွယ်ထားပေးပါ။”
ကျန်းချန်ရွှမ်က သူတို့ဆီသို့ပြေးလာနေသော နတ်ဆိုးမကောင်းဆိုးဝါးများကိုကြည့်ကာ ရှန်းရူယန်အား ပြောလိုက်သည်။
ကျန်းချန်ရွှမ်၏စကားကိုကြားလျှင်၊ ရှန်းရူယန်သည် ချက်ခြင်းပင် သူမယောက်ျား၏ ရည်ရွယ်ချက်ကို နားလည်သွားသည်။
သူမက ခေါင်းညိတ်လိုက်သည်။
“စိတ်မပူပါနဲ့။ ယောကျာ်း၊ ကျွန်မဒီမှာရှိရင် ဘယ်သူမှ ရှင့်ကိုနှောက်ယှက်လို့မရပါဘူး။”
“ကောင်းပြီ။”
ကျန်းချန်ရွှမ်က ဖြည်းဖြည်းခေါင်းညိတ်လိုက်သည်။
ပြီးနောက် သူသည် ရုတ်တရက် ချိပ်တံဆိပ်တစ်ခုကို ဖွဲ့စည်းကာ မှော်ဝင်ကာ ရှုပ်ထွေးသည့် အရောင်အဝါက ကျန်းချန်ရွှမ်၏ခန္ဓာကိုယ်မှထွက်လာခဲ့သည်။
တစ်ချိန်တည်းမှာပင်၊
ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့၏ ပတ်လည်တွင် မိုးကြိုးစက်ဝိုင်းတစ်ခုက ဦးတည်ချက်အမျိုးမျိုးသို့ ပျံ့နှံသွားသည်။
ကျီ….
ချက်ခြင်းပင်၊ သူတို့ဆီသို့ပြေးလာနေသော နတ်ဆိုးမကောင်းဆိုးဝါးများက မိုးကြိုးကွန်ယက်ကို ထိမိကာ အထဲတွင် ထောင်ချောက်မိသွားလေတော့သည်။
သူတို့သည် ပင့်ကူအိမ်ထဲတွင်ဖမ်းမိသော အင်းဆက်ကဲ့သို့ဖြစ်သွားသည်။ မည်မျှရုန်းကန်ကာ ဟိန်းနေပါစေ၊ သူတို့သည် မိုးကြိုးကွန်ယက်အား မထိုးဖောက်နိုင်ပါ။
ကျီ………
တစ်ချိန်တည်းမှာပင်၊
ကျန်းချန်ရွှမ်၏ ရောင်ဝါက ပို၍ သိမ်မွေ့နူးညံ့သွားပြီး သူ၏ပတ်လည်မှာလောကဖြင့် ပေါင်းစပ်ခါနီး ဖြစ်သွားသည်။
ရုတ်တရက်၊ သူ၏လက်၌ အလွန်ရှုပ်ထွေးကာထူးဆန်သော ချိပ်တံဆိပ်တစ်ခုကို ဖွဲ့စည်းခဲ့သည်။
သူ၏မျက်လုံးများသည် တောက်ပနေပြီး သူသည် စကားလုံးတစ်လုံးကိုသာပြောလိုက်သည်။
“နိုးထလော့။”
ထိုအချိန်တွင်၊ မိုးကြိုးကွန်ယက်အတွင်း ပိတ်မိနေသာ နတ်ဆိုးမကောင်းဆိုးဝါးများသည် ရက်စက်သည့်စွမ်းအားတစ်ခုမှ ရှင်းလင်းခြင်းကိုခံလိုက်ရသည်။
ချက်ခြင်းပင် သူတို့၏ခန္ဓာကိုယ်များသည် လွင့်ပြယ်တော့မည်ကျောက်တုံးကဲ့သိုဖြစ်နေသည်။
လေတစ်ချက်အဝေ့တွင် သူတို့သည် ခြေရာပင်မကျန်ဘဲ ပျောက်ကွယ်သွားတော့သည်။
ထိုစွမ်းအားက ဆက်လက် ပျံ့နှံ့နေပြီး နတ်ဆိုးမကောင်းဆိုးဝါးများကို မရွေ့လျားနိုင်အောင်လုပ်ပြီး သုတ်သင်ရှင်းလင်းလိုက်ကာ ဖုန်မှုန့်အဖြစ်ပြောင်းလဲလိုက်လေတော့သည်။
“ဘယ်လိုလဲ၊ ယောက်ျား?”
ရှန်းရူယန်က ကျန်းချန်ရွှမ်ရပ်သွားကာ သူ၏မျက်လုံးကိုထပ်မံဖွင့်လိုက်သည်ကို မြင်လျှင်၊ သူမက မနေနိုင်ဘဲ မေးလိုက်သည်။
ကျန်းချန်ရွှမ်က သက်ပြင်းချလိုက်သည်။
သူသည် ရှုံ့မဲ့နေသောမျက်နှာဖြင့် စကားလုံးနှစ်လုံးကိုပြောလိုက်သည်။
“ကြီးမားတဲ့အန္တရာယ်ပဲ။”
“ဘာ?”
ရှန်းရူယန်၏မျက်လုံးများကျဉ်းသွားသည်။ သူမက မယုံနိင်မှုဖြင့် ပြောလိုက်သည်။
“ကြီးမားတဲ့ အန္တရာယ်လား? အဲ့တာဘာကိုဆိုလိုတာလဲ?”
“မူလအာရုံထဲမှာ။”
ကျန်းချန်ရွှမ်က ပြန်ပြောလိုက်ကာ သူ၏မျက်နှာက အရောင်ပြန်ထွက်လာသည်။
သူက ရှန်းရူယန်ဘက်သို့လှည့်ကာ ရှင်းပြလိုက်သည်။
“ဒီနတ်ဆိုးမကောင်းဆိုးဝါးတွေက ကျင့်ကြံသူတွေ၊ နတ်ဆိုးသားရဲတွေနဲ့ လူသားတွေကို ဖောက်ပြန်စေ နိုင်တာတင်မကဘူး။ သူတို့ဒီလောကထဲက ဝိညာဉ်ချီတွေကိုစုပ်ယူပြီး နတ်ဆိုးချီတွေ အဖြစ် စွန်းထင်းပစ်လိုက်နိုင်တယ်။
နတ်ဆိုးချီက အရမ်းအားနည်းနေပေမဲ့ တွက်ချက်မှုအရဆို နောက်ဆုံး အဲ့တာက ဒီလောကက ဝိညာဉ်ချီကို စွန်းထင်းသွားတော့မယ်။”
“ဒါက ဘယ်လိုလုပ်ဖြစ်လာတာလဲ?”
ထိုအချိန်တွင်ရှန်းရူယန်က အခြေအနေ၏ လေးနက်မှုကို သဘောပေါက်သွားသည်။
အကယ်၍ သတိမပြုမိလျှင် သူတို့၏ အနှစ်သာရကိုးပါးကျင့်ကြံရေးလောကသည် နတ်ဆိုးများအတွက် ကောင်းကင်ဘုံ ဖြစ်လာနိုင်ပေသည်။
ထိုအခြေအနေ၏အောက်တွင် ဤလောက၏ ကံကြမ္မာက သေချာပေါက်အဆုံးမရှိ အိပ်စက်သွားရလိမ့်မည်။
သူ၏ပထမဆုံးပစ်မှတ်မှာ သေချာပေါက် ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်မရှိသော ဖရိုဖရဲ ဖြစ်နေသည့် တောင်ပိုင်းကန္တာရပင်ဖြစ်သည်။
ထိုနေရာကိုရယူကာ နတ်ဆိုးကောင်းကင်ဘုံအဖြစ်ပြောင်းလဲခြင်းက သူတို့အား မြောက်ပိုင်းနယ်နိမိတ် နှင့် အနောက်ပိုင်းသာမက အရှေ့ပိုင်းနှင့် အလယ်ပိုင်းကိုပါ ဦးတည်တိုက်ခိုက်နိုင်သော အခြေစိုက်နေရာအဖြစ် သုံးနိုင်ပေသည်။
“ဒါဆို ကျွန်မတို့ဒါဖြစ်လာတာကိုတားချင်ရင် နတ်ဆိုးမကောင်းဆိုးဝါးတွေအားလုံးကိုသတ်ရမှာလား?”
ရှန်းရူယန်သည် ကျန်းချန်ရွှမ်အားကြည့်ကာ မေးလိုက်သည်။
“ဟုတ်လည်းဟုတ်တယ်။ မဟုတ်လဲမဟုတ်ဘူး။”
ကျန်းချန်ရွှမ်က ပထမ၌ ခေါင်းညိတ်ကာ ပြီးနောက် ခေါင်းခါလိုက်သည်။
“ဒါကိုဖြေရှင်းဖို့က နတ်ဆိုးမကောင်းဆိုးဝါးတွေကိုသုတ်သင်တာက ပထမအဆင့်ပဲရှိသေးတယ်။
ကိုယ်တို့တကယ်လုပ်ဖို့လိုတာကပြသနာရဲ့ အရင်းအမြစ်ကိုရှာပြီး ရှင်းလင်းဖို့ပဲ။
ဒါကသာ ဒီချိန်းခြောက်မှုကို အမှန်တကယ် ရှင်းလင်းနိုင်လိမ့်မယ်။”
ဝုန်း…..
စကားပြောနေရင်းနှင့် ရှန်းရူယန်သည် သူမ၏ပတ်ဝန်းကျင်ရှိ အဆုံးမရှိမိုးကြိုးများကို ဆင့်ခေါ်လိုက်သည်။
သူမ၏ခြေထောက်ရှိမြေကြီးပေါ်ထိ အလင်းတန်းရောက်လာကာ စက်ဝိုင်းပုံစံလှိုင်းများက ပျံနှံသွားကာ ကျင့်ကြံခြင်းမြို့တစ်ခုလုံးကိုလွှမ်းခြုံသွားသည်။
ကျီ….
ချက်ခြင်းပင်၊ မြို့တစ်ခုလုံးသည်လောကဖျက်စီးမိုးကြိုးနှင့် ရင်ဆိုင်သွားရပုံပေါ်သည်။
မြို့ထဲမှ နတ်ဆိုးမကောင်းဆိုးဝါးများအားလုံးနှင့် မြို့ပြင်ရှိ ကီလိုမီတာထောင်ကျော်အထိ ပြာမှုန့်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
“ဒီတောင်ပိုင်းကန္တာရထဲက နတ်ဆိုးမကောင်းဆိုးဝါးတွေကိုအရင်သတ်ကြတာပေါ့။”
ရှန်းရူယန်ကကြေညာလိုက်ပြီး သူမ၏မျက်လုံး၌ မိုးကြိုးမုန်တိုင်းများ စုဝေးလာလေသည်။
စကားမပြောတော့ဘဲ၊ ကျန်းချန်ရွှမ်သည် တောက်ပသည့်ဓားအလင်းအဖြစ်ပြောင်းလဲသွားပြီး အဝေးသို့ ပျံထွက်သွားသည်။
ဝုန်း…….
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ဖြတ်သွားသောနေရာတိုင်း ကောင်းကင်ပြစ်ဒဏ် ကျရောက်သကဲ့သို့ ဖြစ်နေသည်။
နတ်ဆိုးမကောင်းဆိုးဝါးအားလုံးသည် သူတို့၏အဆင့်အရ သုတ်သင်ရှင်းလင်းခံလိုက်ရသည်။
သူတို့သည် အရှေ့ပိုင်းနှင့် အလယ်ပိုင်းမှထိန်းချုပ်ထားသော နေရာများသို့ရောက်သောအခါတွင် ရုတ်တရက်ပြင်းထန်သွားခဲ့သည်။
“ဒီလူတွေက…?”
ကျန်းချန်ရွှမ်က ရုတ်တရက် သူ၏လက်ကို မြောက်ကာ ရှန်းရူယန်ကို တိုက်ခိုက်ခြင်းအား ရပ်တန့်ခိုင်းလိုက်သည်။ ထိုအစားသူသည် လက်ရှိချိပ်တံဆိပ်ကို လုပ်ကာ တွက်ချက်လိုက်သည်။
ဝိညာဉ်အလင်းများက သူ၏လက်ချောင်းများပေါ်တွင် စုလာခဲ့သည်။
သို့ရာတွင် ဤတစ်ကြိမ်၌ သူသည် အချိန်ကြာကြာတွက်ချက်မှုမပြုလုပ်ရသေးခင်တွင်ပင် သူ၏ လက်ချောင်းထိပ်ရှိ ဝိညာဉ်အလင်းက ပျောက်ကွယ်သွားခဲ့သည်။
“ယောက်ျား၊ ဘာတွေဖြစ်နေတာလဲ?”
ဤသည်ကိုမြင်လျှင် ရှန်းရူယန်၏အမူအရာက ပြောင်းလဲသွားပြီး ကျန်းချန်ရွှမ်အားကြည့်လိုက်သည်။
***