← Chapters

နေထွက်ရာခန်းမဆောင်ရှိ အရေးအခင်း

Vol. 36 Ch. 674

နေထွက်ရာခန်းမဆောင်ရှိ အရေးအခင်း

Vol. 36 Ch. 674

ကျန်းချန်ရွှမ်၏မျက်လုံးများက ရုတ်တရက် နက်ရှိုင်းလာသည်။

သူသည် ဖြည်းဖြည်းပြောလိုက်သည်။ “အဲ့မှာကြည့်ရတာ ကိုယ်ရဲ့တွက်ချက်မှုကို နှောက်ယှက်နေတဲ့ အထူးစွမ်းအားတစ်ခုရှိနေပုံရတယ်။ ကိုယ့်ကို သူတို့ရဲ့တကယ်လျှို့ဝှက်ချက်ကို ရှာတွေ့သွားမှာကို တားဆီးနေတယ်။”

“ရှင့်ရဲ့တွက်ချက်မှုကိုနောက်ယှက်နေတယ်?”

ရှန်းရူယန်၏ အမူအရာက ထပ်မံပြောင်းလဲသွားသည်။

“ပြင်ပလောကက လူများဖြစ်နိုင်မလား…?”

ရှန်းရူယန်က မထင်မှတ်ဘဲ ပြောလိုက်သည်။

သူမ၏စိတ်ထဲတွင် ကျန်းချန်ရွှမ်၏တွက်ချက်မှုအား နှောက်ယှက်နိုင်စွမ်းရှိသည်မှာ ပြင်ပလောကမှ လူများ၌သာဖြစ်သည်။

ကျန်းချန်ရွှမ်က မငြင်းပယ်ပါ။

အချိန်ခန စဉ်းစားဆင်ခြင်ပြီးနောက်၊သူသည် သိမ်မွေ့စွာဖြင့်ဆက်ပြောလိုက်သည်။

“အကယ်၍ မဟုတ်ရင်တောင် သူနဲ့တစ်ခုခုပက်သက်တာရှိရမယ်။

တွက်ချက်ခြင်းကိုတားဆီးနိုင်တဲ့ ရတနာတစ်မျိုးမျိုးရှိတဲ့ ကျင့်ကြံသူတစ်ယောက်ယောက်လို့လဲ သံသယရှိတယ်။”

ပြောရင်းနှင့် ကျန်းချန်ရွှမ်၏နှုတ်ခမ်း၌ အေးစက်သည့်အပြုံးတစ်ခုဖြစ်ပေါ်လာသည်။

“ဒါမဲ့ ကိုယ်ရဲ့တွက်ချက်မှုကို တားဆီးထားပေမဲ့ အတော်လေးပေါ်နေပြီဖြစ်တဲ့အကြောင်းကိုတော့ အဲ့လူက သတိမထားမိဘူး။”

“ရှင်ဆိုလိုတာက..”

ရှန်းရူယန်၏လှပသောမျက်လုံးများသည် တစ်ခုခုကို သတိပြုမိပုံဖြင့် တလက်လက်တောက်ပ သွားသည်။

“မှန်တယ်။”

ကျန်းချန်ရွှမ်က ခေါင်းညိတ်လိုက်သည်။

“ဒီမှာဖြစ်တဲ့အရာအားလုံးက အရှေ့ပိုင်းတဲ့ အလယ်ပိုင်းကလုပ်တာဖြစ်နိုင်တယ်။”

“တကယ်ပဲလား?”

သူမသည် သံသယရှိထားသော်လည်း ထိုအချိန်တွင် ရှန်းရူယန်သည် ယုံကြည်နိုင်ရန် ခက်ခဲနေသေးသည်။

အဆုံး၌ အရှေ့ပိုင်းနှင့် အလယ်ပိုင်းတို့သည် အနှစ်သာရကိုးပါးကျင့်ကြံရေးလောကတွင် လူသားကျင့်ကြံသူများ ဖြစ်ကြပေသည်။

အကယ်၍ နတ်ဆိုးမျိုးနွယ်က သူတို့၏မျိုးနွယ်ဆက်လက်တည်ရှိနိုင်ရန် သေချာလိုသောကြောင့် ၊ ပြင်ပလောကမှ သက်ရှိများဖြင့် ပူးပေါင်းခဲ့သည်မှာ လက်ခံနိုင်စရာရှိပါသည်။ သို့သော် အရှေ့ပိုင်းနှင့် အလယ်ပိုင်းမှ ထိုသို့လုပ်ခြင်းသည် နားလည်နိုင်စရာအကြောင်းမရှိပေ။

သူတို့အတွက် မည်သည့်အကျိုးအမြတ်ရရှိပါသနည်း?

ပြင်ပလောကမှသက်ရှိများနှင့် မဟာမိတ်ပြုလုပ်ခြင်းက သူတို့အတွက် အနာဂတ်ရှိမည်ဟု အမှန်တကယ်ယုံကြည်နေပါသလား?

“ကိုယ်လည်းမသိဘူး။”

ကျန်းချန်ရွှမ်က ခေါင်းခါလိုက်သည်။

“ဒါပေမဲ့ အဲ့တာမပြောခင် ကိုယ်တို့လက်ရှိအခြေအနေကို အခြားရှုထောင်ကနေတွက်ချက်ပြီး အတည်ပြုနိုင်တယ်။”

ထိုသို့ပြောကာ ကျန်းချန်ရွှမ်၏လက်ထိပ်များသည်ထပ်မံ၍ မှော်ဆန်သောအလင်းက လင်းလက် လာသည်။

ထိုအချိန်တွင် သူ၏တွက်ချက်ခြင်းသည် လက်ရှိအခြေအနေကို မဟုတ်ဘဲ အရှေ့ပိုင်းနှင့် အလယ်ပိုင်းလွင်ပြင်ရှိ ကျင့်ကြံသူများကိုလည်း မဟုတ်ဘဲ နေထွက်ရာခန်းမဆောင်ဘက်၏ အနာဂတ်ကံကြမ္မာကိုဖြစ်သည်။

၎င်းကိုအခြေခံ၍ ကျန်းချန်ရွှမ်သည် သူသိလိုသည့်အကြောင်းအရာအချို့ကို လျော့ချနိုင်ခဲ့သည်။

မကြာမီ ကျန်းချန်ရွှမ်၏လက်ထိပ်မှ အလင်းသည် တဖြည်းဖြည်းနှင့် မှေးမှိန်သွားသည်။

ရှန်းရူယန်သည် မနေနိုင်ဘဲ မေးလိုက်သည်။ “ဘယ်လိုလဲ? ယောက်ျား တစ်ခုခုရှာတွေ့သေးလား?”

ကျန်းချန်ရွှမ်၏အမူအရာသည် တဖြည်းဖြည်းစိုးရိမ်နေသည်။

သူသည် ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ကိုယ်အခုပဲ နေထွက်ရာခန်းမဆောင်ရဲ့ အနာဂတ်ကံကြမ္မာ ကို တွက်ချက်လိုက်တာ ဘာတွေ့လဲဆိုရင် လက်ရှိမှာ အရမ်းအရေးကြီးတဲ့အန္တရာယ်ကို ရင်ဆိုင် နေရတယ်။

အကယ်၍ အပြင်ကကြားဝင်တာမရှိရင် သူတိုကျဆုံးဖို့က အချိန်တစ်ခုပဲလိုတော့တယ်။”

ခနရပ်ပြီးနောက် ကျန်းချန်ရွှမ်က ဆက်ပြောလိုက်သည်။

“ဒီကနေပြီး၊ ကိုယ်အရှေ့ပိုင်းနဲ့ အလယ်ပိုင်းလွင်ပြင်က အပြင်လောကက သက်ရှိတွေနဲ့ မဟာမိတ် လုပ်လိုက်ပြီဆိုတာ အခြေခံအရကောက်ချက်ချနိုင်ခဲ့တယ်။

သူတို့ကို ဘာဂတိပေးထားလဲတော့မသိရဘူး ဒါမဲ့ ဒီလမ်းကိုရွေးချယ်တယ်ဆိုတော့ သူတို့မှာ ပြန်လမ်း မရှိတော့ဘူး။

ဒါကြောင့်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီအစီအစဉ်ကို အောင်မြင်ခွင့်ပြုလို့မဖြစ်ဘူး။”

“ကျွန်မတို့ အရှေ့ပိုင်းကို အခုသွားသင့်တယ်လို့ပြောချင်တာလား?”

ရှန်းရူယန်က ကျန်းချန်ရွှမ်ကို မေးလိုက်သည်။

“မှန်တယ်။”

ကျန်းချန်ရွှမ်က ခေါင်းညိတ်လိုက်သည်။

“လာမဲ့တိုက်ပွဲက သေတဲ့အထိတိုက်ရမဲ့ပွဲပဲ။ ဒါကြောင့် ကိုယ်တို့ ရနိုင်သမျှအင်အားကိုစုရမယ်။

အချိန်ကျလာရင် ကိုယ်တို့ အဲ့ဒီလူတွေကို သေစေနိုင်တဲ့စွမ်းအားနဲ့ရင်ဆိုင်ရမယ်။”

စကားပြောရင်း ကျန်းချန်ရွှမ်က ရုတ်တရက် သူ၏ခန္ဓာကိုယ်မှ ရုပ်သေးနှစ်ခုကို ထုတ်လိုက်သည်။

ထိုရုပ်သေးနှစ်ခုသည် မယုံနိုင်စရာကောင်းသည့် အင်အားကြီးသော အရောင်အဝါကို ထုတ်လွတ်နေကာ နှစ်ခုလုံးက အဆင့် ၆ ၏ အစောပိုင်းသို့ရောက်ရှိနေပြီဖြစ်သည်။

၎င်းသည် ကျန်းချန်ရွှမ်က နှစ်ပေါင်း ၆၀၀ ကျော်အတွင်း စုပေါင်းထားသည့် အရာတစ်ခုလည်း ဖြစ်သည်။

သူသည် ရုပ်သေးနှစ်ခုအား ညွှန်ကြားလိုက်သည်။ “အဆင့် ၆ အောက် နတ်ဆိုးမကောင်းဆိုးဝါး အားလုံးကိုသတ် ပြီးတော့ ငါတို့လူတွေကို မြောက်ပိုင်းနယ်နိမိတ်နဲ့ အနောက်ပိုင်းသဲကန္တာရကို ပြန်ပို့ပေးလိုက်ပါ။”

“ဟုတ်ကဲ့။”

ရုပ်သေးနှစ်ခုကချက်ခြင်းပင် ဒူးထောက်ကာ ညွှန်ကြားချက်ကိုလက်ခံလိုက်သည်။

သူတို့၏ပုံရိပ်က ပျောက်ကွယ်သွားသည်နှင့် ကျန်းချန်ရွှမ်က ရှန်းရူယန်ဘက်သို့လှည့်ကာ ပြောလိုက်သည်။

“မိန်းမ၊ ကိုယ်တို့ နှောင့်နှေးနေလို့မရတော့ဘူး။ အရှေ့ပိုင်းကို အခုသွားကြမယ်။

ဒီအခွင့်အရေးကိုသုံးပြီး ကိုယ်တို့အရှေ့ပိုင်းရဲ့ ရှေ့ဆက်လုပ်မဲ့အရကို နှိမ်နှင်းနိုင်တာလဲဖြစ်နိုင်တယ်။”

စကားပြောရင်း ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ ပုံရိပ်က ထိုနေရာမှ ပျောက်ကွယ်သွားသည်။

.......

အရှေ့ပိုင်း။

နေထွက်ရာတောင်။

ထိုနေရာသည် နေထွက်ရာခန်းမဆောင်၏ တည်နေရာအစစ် ဖြစ်သည်။

ယခင်က၊

ထိုနေရာသည် ကြီးမားသောအစီအရင်ဖြင့် စည်းချထားပြီး သာမန်လူနှင့် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်များ ကိုပင် ၎င်း၏တည်ရှိမှုကို ရှာရန် ခက်ခဲအောင်လုပ်ထားခဲ့သည်။

သို့ရာတွင် ယနေ့မူ မရေတွက်နိုင်သော ပျံဝဲနေသည့် တိုက်သင်္ဘောများ၊ ကျင့်ကြံသူများနှင့် နတ်ဆိုးမကောင်းဆိုးဝါးများပင် နေထွက်ရာတောင်၏အပြင်ဘက်တွင် ပေါ်လာနေကြသည်။

နေထွက်ရာခန်းမဆောင်မှ အပြာရောင်လမင်း ခုန်းမင်နှင့် အခြားဝိညာဉ်ဖွဲ့စည်းခြင်း ကောင်းကင်သခင် ရှန်းဟယ်ယွင်တို့က အစီအရင်၏အပြင်ဖက်မှ လူအုပ်အား စိတ်မသက်မသာဖြင့် ကြည့်နေသည်။

“သေစမ်း။ နေသုံးစင်းဂိုဏ်း၊ ချူးမိသားစုနဲ့ ဓားအလင်းရောင်ဂိုဏ်းက ဘာတွေဖြစ်နေတာလဲ?

သူတို့က ဘယ်လိုလုပ်အဲ့ဒီ လူတစ်ဝက် ဝိညာဉ်တစ်ဝက်သတ္တဝါတွေနဲ့ ရောနေနိုင်ရတာလဲ?”

အနက်ရောင်ဝတ်ရုံနှင့် ရှန်းဟယ်ယွင်က မဲမှောင်နေသောအမူအရာနှင့် ပြောနေသည်။

သူ၏စကားကိုကြားလျှင်၊ အပြာရောင်လမင်းနှင့် ခုန်းမင်တို့က တဖြည်းဖြည်းတည်ငြိမ်လာကြသည်။

အပြာရောင်လမင်းက ပြောလိုက်သည်။ “အဲ့ဒီမိသားစုတွေက ပြင်ပလောကက သက်ရှိတွေကို သစ္စာခံလိမ့်မယ်လို့ထင်နေတာလား?”

“မင်းဆိုလိုတာက..?”

အပြာရောင်လမင်း၏စကားလုံးများက ချက်ခြင်းပင် ရှန်းဟယ်ယွင်နှင့် ခုန်းမင်တို့၏အမူအရာများကို ပြောင်းလဲသွားစေသည်။

သူတို့၏စိတ်ထဲတွင် ထိုအရာအား အကြွင်းမဲ့လက်မခံနိုင်ပါ။

***

All Chapters