← Chapters

နေထွက်ရာခန်းမဆောင်ရှိ အရေးအခင်း ( ၂ )

Vol. 36 Ch. 675

နေထွက်ရာခန်းမဆောင်ရှိ အရေးအခင်း ( ၂ )

Vol. 36 Ch. 675

ထိုသက်ရှိများကြောင့် သူတို့၏လောကမှ မရေမတွက်နိုင်သောကျင့်ကြံသူများက ခြေရာပင် မကျန်ဘဲ ပျောက်ကွယ်သွားကြရသည်။

အရေးအကြီးဆုံးရှုထောင့်မှကြည့်ပါက ထိုသက်ရှိများနှင့် ဆန့်ကျင်ဘက်တွင်ရှိသော သူတို့က ယခုမူ ၎င်းတို့အား သစ္စာခံရန်ရွေးချယ်ခဲ့ခြင်းသည် မည်သူပင် ကြည့်ပါစေ အလွန်စိတ်မချရပေ။

ထို့အပြင် ထိုကဲ့သို့သက်ရှိများနှင့် မဟာမိတ်ပြုခြင်းသည် တန်ကြေးမရှိဘဲနေပါမည်လား?

သူတို့သည် ဤလောကအား သေဆုံးနေပြီးသားဟု ထင်မြင်နေပါသလား?

သို့ရာတွင်၊ ထိုအခြေအနေသည် ရှန်းဟယ်ယွင်နှင့် ခုန်းမင်တို့အား ထိုဖြစ်နိုင်ချေကို ဆုံးဖြတ်ရန် တွန်းအားပေးခဲ့သည်။

အဆုံး၌ အကယ်၍ ထိုအခြေအနေကြောင့်မဟုတ်ခဲ့လျှင်၊ နေသုံးစင်းဂိုဏ်းနှင့် ချူးမိသားစုတို့က ထိုနတ်ဆိုးမကောင်းဆိုးဝါးများနှင့် ပြသနာတစ်စုံတစ်ခုမှမရှိဘဲ ပူးပေါင်းနေနိုင်ပါမည်နည်း?

“ဒီကောင်တွေ..

အကယ်၍ ဒါသာအမှန်ဆိုရင်၊ နေသုံးစင်းဂိုဏ်းကကောင်တွေက တကယ် သေသင့်တယ်။”

၎င်းက ရှန်းဟယ်ယွင်သည် ဒေါသကြီးကြောင်းပြနေသည်။

အပြာရောင်လမင်း၏စကားများမှ ဖြစ်နိုင်ချေများအား အကြံပြုခြင်းကို ဆင်ခြင်ပြီးနောက်၊ သူ၏ဒေါသသည် ထိန်းချုပ်၍ မရတော့ပေ။

ဝုန်း….

ထိုအချိန်တွင် ကျယ်လောင်သော အသံသည် ကောင်းကင်နှင့် မြေကြိး၏ကြားတွင်ပဲ့တင်ထပ်လာသည်။

ကောင်းကင်ပေါ်တွင်၊ စွမ်းအားကြီးသော ပုံရိပ်နှစ်ခုက အပြာရောင်လမင်းနှင့် အခြားသူများ၏ မျက်လုံးကိုဖမ်းစားလိုက်သည်။

ထိုလူနှစ်ယောက်အားတွေ့လျှင် အပြာရောင်လမင်း၊ ရှန်းဟယ်ယွင်နှင့်ခုန်းမင်တို့၏ မျက်စိသူငယ်အိမ်များက ကျဉ်းသွားသည်။

ခုန်းမင်သည် မတတ်နိုင်ဘဲ ထိတ်လန့်စွာဖြင့် ပြောလိုက်သည်။ “ဟူဝမ်ထျန်း၊ လော်ထျန်းပါ့ သူတို့ပဲ။”

ထိုအချိန်တွင် ထိုသုံးဦး၏ နှလုံးသားများက လေးပင်သွားကြသည်။

သူတို့သည် တုံးအသူများမဟုတ်ကြပါ။ ဟူဝမ်ထျန်းနှင့် လော်ထျန်းပါ့တို့ပေါ်လာခြင်းက မည်မျှအရေးကြီးကြောင်းကို ကောင်းကောင်းသိပါသည်။

ဆိုလိုနေသည်မှာ ထိုသူတို့က နေထွက်ရာခန်းမဆောင်အား လုံးဝအမြစ်ဖြတ်သုတ်သင်ပစ်ရန် လာခြင်းဖြစ်သည်။

အရေးအကြီးဆုံးအချက်မှာ၊ ထိုထွက်ပေါ်လာမှုသည် အလယ်ပိုင်းလွင်ပြင်မှ မဟာလင်းအင်ပါယာ နန်းတော်နှင့် အခြားဂိုဏ်းများကလည်း ထိုပြင်ပလောကမှသက်ရှိများအား သစ္စာခံလိုက်ခြင်း ဖြစ်နိုင်ပါသလား?

ထိုသို့ဆိုလျှင်၊ သူတို့၏ အနှစ်သာရကိုးပါးကျင့်ကြံရေးလောကသည် အမှန်တကယ်အန္တရာယ်အတွင်းသို့ ကျရောက်တော့မည်ဖြစ်သည်။

၎င်းတို့သည် စဉ်းစားဆင်ခြင်နေစဉ်တွင်ပင် ဟူဝမ်ထျန်းနှင့် လော်ထျန်းပါ့တို့က နေထွက်ရာတောင်၏ ကြီးမားသော အစီအရင်နားသို့ ချဉ်းကပ်လာခဲ့ပြီဖြစ်သည်။

ဟူဝမ်ထျန်း၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။

သူ၏အကြည့်သည် ထိုအကာအကွယ်အစီအရင်အားထိုးခွဲကာ အပြာရောင်လမင်း၊ ရှန်းဟယ်ယွင်နှင့် ခုန်းမင်တို့၏ အပေါ်သို့ ဆင်းလာတော့မည့်ပုံပေါက်နေသည်။

ဟူဝမ်ထျန်းက ရုတ်တရက် ပြောလိုက်သည်။ “တာအိုရောင်းရင်းတို့ ကျုပ်ကိုယ့်ကိုကိုယ် မိတ်ဆက်ဖို့ မလိုတော့ဘူးလို့ ထင်ပါတယ်။ ဒီနေ့မှာဗိုလ်ချုပ်လော်နဲ့ ကျုပ်က နေထွက်ရာခန်းမဆောင်ကို နောက်ဆုံးအကြိမ်အနေနဲ့အခွင့်အရေးတစ်ခုပေးမလို့ပါ။”

“နောက်ဆုံးအခွင့်အရေးတစ်ခုလား? အသက်ရှင်ဖို့အခွင့်အရေးလား?”

ဟူဝမ်ထျန်း၏စကားကိုကြားလျှင်၊ အေးစက်သည့် အပြုံးက ရှန်းဟယ်ယွင်၏မျက်နှာပေါ်တွင် ပေါ်လာခဲ့သည်။

အပြာရောင်လမင်းနှင့် ခုန်းမင်တို့သည် ခံစားချက်မဲ့သည့်အမူအရာဖြစ်နေသည်။

သူတို့၏ကျင့်ကြံဆင့်ဖြင့် အခြားသူများ သို့ ပြင်ပမှစွမ်းအားများဝင်လာရန်မဖြစ်နိုင်ပါ။

“ဟူဝမ်ထျန်း၊ မင်းက အခွင့်အရေး၊ ထွက်ပေါက်လို့ပြောနေပေမဲ့ ကျုပ်တို့က ခင်ဗျားတို့လက်အောက်ခံ ဖြစ်မသွားဘူးလား? အဲ့လိုဖြစ်မှာပဲမလား?”

ရှန်းဟယ်ယွင်ကမနေနိုင်ဘဲ ထေ့ငေါ့ပြောဆိုလိုက်သည်။

၎င်းသည် ဟူဝမ်ထျန်းအား အနည်းငယ်မျက်မှောင်ကုပ်သွားစေပြီး အပြာရောင်လမင်းနှင့် ခုန်းမင်ထံသို့ ထပ်လှည့်ကြည့်လိုက်သည်။

“ခင်ဗျားတို့နှစ်ယောက်က လက်ရှိအခြေအနေကို မြင်နိုင်လိမ့်မှာပဲ။

ကျုပ်တို့ပြထားတဲ့အင်အားနဲ့ဆို ခင်ဗျားတို့နေထွက်ရာခန်းမဆောင်ရဲ့ ခုခံရေးအစီအရင်ကို ဖျက်ဖို့က အချိန်ပဲလိုတာ။

မင်းတို့ရဲ့ တပည့်တွေ နောက်လိုက်တွေကို တကယ်ပဲ ဒီတိုက်ပွဲမှာ ကျဆုံးသွားစေချင်လို့လား?”

ထိုစကားကိုကြားလျှင် အပြာရောင်လမင်း၊ ခုန်းမင်နှင့် ရှန်းဟယ်ယွင်တို့က အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

နောက်ဆုံးတွင် အပြာရောင်လမင်း၏လှပသောမျက်လုံးက ရုတ်တရက် အေးစက်သောအလင်းဖြင့် တောက်ပလာကာ သူမ၏အကြည့်စူးစူးဖြင့် ဟူဝမ်ထျန်းကိုကြည့်ကာ ပြောလိုက်သည်။

“ဟူဝမ်ထျန်း၊ ကျွန်မကိုမှန်မှန်ပြောစမ်းပါ။ မဟာလင်းအင်ပါယာနန်းတော်နဲ့ ဂိုဏ်းတွေက ပြင်ပလောက ကသက်ရှိတွေဘက်ကို ရွေးလိုက်တာလား?”

“ဟမ်..?”

အပြာရောင်လမင်း၏တုံ့ပြန်မှုက တဖြည်းဖြည်းနှင့် ဟူဝမ်ထျန်းကို အံ့ဩသွားစေသည်။

သို့သော်မကြာမီတွင် သူ၏မျက်နှာပေါ်မှ အပြုံးက ပျောက်ကွယ်သွားခဲ့သည်။

သူက စိတ်မဝင်စားစွာပြောလိုက်သည်။ “မင်းက ကိုယ့်ကိစ္စကိုယ်အရင်ဂရုစိုက်သင့်တယ်။ အခု ငါမင်းကိုမေးမယ်။ ငါတို့ဆီအညံ့ခံဖို့ ဆန္ဒရှိလား?”

အပြာရောင်လမင်း၏မျက်လုံးထဲတွင် အထင်အမြင်သေးသော အရိပ်ယောင်များပေါ်နေကာ ခနဲ့သောအသံဖြင့် ပြောလိုက်သည်။

“ကျွန်မက ဂုဏ်ကျက်သရေရှိတဲ့ မဟာလင်းအင်ပါယာနန်းတော်နဲ့ အနန္တသွင်ပြင်ဂိုဏ်းတို့က ခွေးဖြစ်ဖို့ ရွေးချယ်လိုက်မယ်လို့ လုံးဝမထင်ထားမိဘူး။ ရှင်တို့အခုလုပ်နေတာကို ဘယ်သူမှ သတိမထားမိဘူးလို့ တကယ်ထင်နေတာလား?”

“ဒါဆို ကြည့်ရတာ မင်းတို့က ကျုပ်တို့ကမ်းလှမ်းတဲ့အခွင့်အရေးကို လက်ခံဖို့ဆန္ဒမရှိဘူးပေါ့။”

သတ်ဖြတ်ခြင်းရည်ရွယ်ချက်က ဟူဝမ်ထျန်း၏မျက်နှာပေါ်တွင် ပေါ်လာခဲ့သည်။

သူ၏ဘေးတွင် ရပ်နေသောလော်ထျန်းပါ့က သူ၏လှံသည် လှုပ်ရမ်းနေကာ ကြောက်မက်ဖွယ် ကောင်းသည့် တောက်ပမှုကိုထုတ်လွတ်နေသည်။ ထိုနေရာလပ်သည် လှိုင်းများအဖြစ် ဂယက်ထသွားသည်။

“အကယ်၍ သူတို့က ခေါင်းမာရင်တော့ အကြီးအကဲဟူ၊ ဆက်ပြောစရာဘာမှ မရှိတော့ပါဘူး။

ဒီနေ့ပြီးရင်၊ နေထွက်ရာခန်းမဆောင်ဆိုတာ မရှိစေရတော့ဘူး။”

ဝုန်း…..

စကားနှင့် အထူ လော်ထျန်းပါ့၏ လှံသည် ကြီးမားသည့် တောင်ထိပ်ကဲ့သို့ ပြောင်းလဲကာ နေထွက်ရာတောင်ကိုပင် စွမ်းအားဖြင့် ဟိန်းကာ အရှိန်ပြင်းပြင်းဖြင့် ကျရောက်နေတော့သည်။

ဤသည်ကိုကြည့်လျှင်၊ ဟူဝမ်ထျန်းက လူ၏စကားလုံးအတိုင်းချုပ်မိသွားသည်။

သူသည် လက်ကို မြောက်ကာ လှုပ်ယမ်းလိုက်သည်။

အနအနက်ရောင်ချပ်ပြားဝိုင်းကသေးငယ်သော လောကတစ်ခုအထိ ကျယ်ပြန့်လာခဲ့ကာ နေထွက်ရာတောင်ဆီသို့ ကျဆင်းလာပြီး ကြောက်စရာကောင်းသောစွမ်းအားဖြင့် ဖိနှိပ်နေတော့သည်။

....

တစ်ချိန်တည်း၌ နေသုံးစင်းဂိုဏ်း၊ ချူးမိသားစုနှင့် ဓားအလင်းရောင်ဂိုဏ်းမှ ကျင့်ကြံသူများသည် နေထွက်ရာတောင်၏အပြင်ဘက်တွင် သူတို့၏ လှုပ်ရှားမှုကို လုပ်လိုက်ကြသည်။

သူတို့ကြားတွင်၊ နတ်ဆိုးမကောင်းဆိုးဝါးများက အကြမ်းတမ်းဆုံးဖြစ်သည်။

သူတို့သည် သေခြင်းကို ကြောက်ရွံ့ခြင်းမရှိဘဲ အဆင်ခြင်မရှိ နေထွက်ရာတောင်၏ ကာကွယ်ရေး အစီအရင်ကို သေကြောင်းကြံသကဲ့သို့ အပြုအမူမျိုးနှင့် အတင်း ဝင်တိုးနေကြသည်။

ဝုန်း….

နေရာလပ်က လှုပ်ရှားသွားသည်။

နေထွက်ရာတောင်၏ ကာကွယ်ရေးအစီအရင်က ပြင်းထန်စွာလှုပ်ရှားသွားသည်။

၎င်း၏အလင်းက လျှင်မြန်စွာ တလက်လက်ဖြစ်နေသည်။

အပြာရောင်လမင်း၊ ရှန်းဟယ်ယွင်နှင့် ခုန်းမင်တို့၏အမူအရာများက တဖြည်းဖြည်းပြောင်းလဲသွားသည်။

အပြာရောင်လမင်းက ပြောလိုက်သည်။

“ဒါဆိုးတာပဲ။ အဲ့ဒီနတ်ဆိုးမကောင်းဆိုးဝါးတွေအပေါ်က နတ်ဆိုးချီကဖောက်ပြန်စေတဲ့ စွမ်းအားတွေပါပုံရတယ်။ အဲ့တာက တကယ်ပဲ အစီအရင်ကို တဖြည်းဖြည်းချင်း သက်ရောက်စေတယ်။”

ရှန်းဟယ်ယွင်နှင့် ခုန်းမင်တို့က ထိုပြသနာကို သတိပြုမိပြီး သူတို့၏နှလုံးသားထဲတွင် လေးပင်သွားသလို ခံစားလိုက်ရသည်။

ထိုကဲ့သို့သော အခြေအနေက အချိန်တိုအတွင်း ပြသနာကြီးတစ်ခုဖြစ်လာလိမ့်မည်။

သို့ရာတွင် ၎င်းက ဆက်လက်ရှိနေလျှင် အကာကွယ်အစီအရင်၏ ဝိညာဉ်အလင်းက စွန်းထင်းသွားရတော့မည်။

အချိန်ကြာလာသည်နှင့် အမျှ၊ အစီအရင်တစ်ခုလုံး၏အစီအစဉ်နှင့် စွမ်းအားများသည် ကြီးကျယ်စွာပျက်ပြယ်သွားရတော့မည်။

သူတို့သည် ထိုနတ်ဆိုးမကောင်းဆိုးဝါးများအား ပထမဦးစွာရှင်းလင်းသုတ်သင်ပစ်ရမည်ဖြစ်သည်။

သုံးဦးစလုံးက အစီအစဉ်အတိုင်းလှုပ်ရှားလိုက်ကြသည်။

တုံ့ဆိုင်းခြင်းမရှိဘဲ၊ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် တိုက်ခိုက်မှု သုံးခုက အစီအရင်အတွင်းမှထွက်လာကာ နတ်ဆိုးမကောင်းဆိုးဝါးများအား ပစ်မှတ်ထားလိုက်သည်။

သို့ရာတွင် အပြာရောင်လမင်းနှင့် အခြားသူတို့၏ အမူအရာများအား နောက်ထပ် ပြောင်းလဲသွားစေသည်မှာ ဟူဝမ်ထျန်းနှင့် လော်ထျန်းပါ့တို့က ထိုတိုက်ခိုက်မှုများအား တားဆီးထားခြင်းပင်ဖြစ်သည်။

သူတို့သည် နတ်ဆိုးမကောင်းဆိုးဝါးများအား လုံးဝကာကွယ်ရန် ဆုံးဖြတ်ထားလေသည်။

၎င်းသည် အပြာရောင်လမင်းနှင့် အခြားသူများအား နောက်ဆုံး၌ အလယ်ပိုင်းလွင်ပြင်နှင့် အရှေ့ပိုင်းမှ ဂိုဏ်းများ၊ မင်းဆက်များနှင့် မိသားစုများက အမှန်တကယ်ပင် ထိုသက်ရှိများနှင့် ပူးပေါင်းလိုက်ကြောင်း သေချာသွားစေသည်။

နေထွက်ရာခန်းမဆောင်၏ တောင်အကာကွယ်အစီအရင်အား ချိုးဖျက်နိုင်မည်ဟု ယုံကြည်နေရသည့် အကြောင်းအရင်းမှာ ထိုနတ်ဆိုးမကောင်းဆိုးဝါးများကြောင့် ဖြစ်လိမ့်မည်။

နတ်ဆိုးမကောင်းဆိုးဝါးမျာ၏ ဝိညာဉ်အလင်းအပေါ် စွန်းထင်းစေမှုက အလွန်ပြင်းထန်ပါသည်။

နည်းစနစ်များအရ၊ အကယ်၍ နတ်ဆိုးမကောင်းဆိုးဝါးများလုံးလောက်လျှင် ထိပ်ပိုင်းအဆင့် ရှိ အဆင့် ၆ အစီအရင်သည်ပင် စွန်းထင်းခံရကာ ပြိုလဲသွားနိုင်သည်။

ဝုန်း…ဝုန်း…..ဝုန်း…..

ထိုအချိန်တွင် တိုက်ပွဲက ပို၍ ပြင်းထန်လာသည်။

အပြာရောင်လမင်း၊ ရှန်းဟယ်ယွင်နှင့် ခုန်းမင်တို့က သူတို့၏အင်အားများကိုထုတ်လိုက်ပြီး အစီအရင်၏စွမ်းအားကိုသုံးကာ ဟူဝမ်ထျန်းနှင့် အခြားသူများအား တိုက်ခိုက်နေသည်။

သို့ရာတွင်၊ သူတို့၏စိတ်ထဲတွင်လေးပင်နေသောအချက်မှာ နေထွက်ရာခန်းမဆောင်ထဲမှ ကျင့်ကြံသူများသည် နတ်ဆိုးမကောင်းဆိုးဝါးများအား ဘာမှမလုပ်နိုင်ခြင်းဖြစ်သည်။

နတ်ဆိုးမကောင်းဆိုးဝါးများအား ပစ်မှတ်ထားချိန်တွင် များစွာသော ကျင့်ကြံသူများက သူတို့၏ တိုက်ခိုက်မှုများကို တားဆီးရန် ပေါ်လာကြလေသည်။

အချိန်ကြာလျှင်၊ သူတို့၏ဘက်သည် ပို၍ ပို၍လှုပ်၍ မရဘဲ နေထွက်ရာခန်းမဆောင်မှ ကျင့်ကြံသူများ၏ စိတ်ဓာတ်က ကျဆင်းလာသည်။

“ဒါမကောင်းဘူး။ ဒီလိုနှုန်းနဲ့သာဆို၊ ငါတို့နိုင်ဖို့ မျှော်လင့်ချက်မရှိဘူး။”

ထိုအချိန်တွင်၊ ရွှေအမြုတေ သတ္တမအဆင့် ဟန်ကျန်းယုံဟုခေါ်သည့် နေထွက်ရာခန်းမဆောင်၏ ကျင့်ကြံသူက အစီအရင်၏ အဓိကနေရာကို တာဝန်ယူနေရာမှ အဆိုးမြင်စိတ်ဖြင့်ပြောလိုက်သည်။

သူ၏စကားကိုကြားလျှင်၊ အခြားနေထွက်ရာခန်းမဆောင်၏ကျင့်ကြံသူများ၏ အမူအရာက မဲမှောင်သွားလေသည်။

နန်ကုန်းဟိုင်နှင့် နန်ကုန်းယောင်တို့၏ မျက်လုံးများကသာ ဟန်ကျန်းယုံကိုကြည့်ကာ လက်သွားခဲ့သည်။

“ဂျူနီယာကျိုး ဘာတွေပြောနေတာလဲ?အကြီးအကဲသုံးယောက်လဲဒီမှာရှိနေတာ အဲ့ဒီလူတွေကို မောင်းထုတ်နိုင်ဖို့က အချိန်ပဲလိုတာပါ။

လူတိုင်းပဲ၊ စိတ်ဓာတ်ကို မြင့်တင်ထားကြ။ ကျုပ်တို့ ရန်သူတွေအရေးကြီးတဲ့ လှုပ်ရှားမှုပြုလုပ်နိုင်မှသာ ရှုံးနိမ့်တယ်လို့ဝန်ခံရမှာ။ ဒီအတိုင်း လက်ခံဖို့က ခက်ခဲပါတယ်။”

***

All Chapters