အစီအရင်ချိုးဖောက်ခြင်း၊ မမျှော်လင့်ထားသော ပြောင်းလဲမှု
Vol. 36 Ch. 676
ထိုစကားသည် ရှိနေသောသူများအား အနည်းငယ် စောင့်ကြည့်စေခဲ့သည်။
အဆုံး၌ နှစ်ပေါင်းများစွာအကြာတွင်၊ နေထွက်ရာခန်းမဆောင်သည် အကြီးအကဲသုံးဦးမှ ထောက်ပံ့ခဲ့ခြင်းဖြစ်သည်။
ဟန်ကျန်းယုံ၏မျက်လုံးက အနည်းငယ် တုန်လှုပ်သွားခဲ့သည်။
အခြားသူများ၏အာရုံစိုက်မှုသည် သူ့ဆီ၌မရှိတော့သည်ကို မြင်လျှင်၊ သူသည် လက်ထဲမှ အနက်ရောင်ပုတီးစေ့တစ်ခုကို ထုတ်လာခဲ့သည်။
ခနအကြာတွင်၊ သူ၏မျက်လုံးထဲတွင် ဆုံးဖြတ်ချက်တစ်ခုက ပေါ်လာသည်။
တုံ့ဆိုင်းမှုမရှိဘဲနှင့် သူတာဝန်ယူရသော အစီအရင်၏အခြေခံအုတ်မြစ်ဆီသို့ အနက်ရောင်ပုတီးစေ့ကို ပစ်လိုက်တော့သည်။
ကျွိ….
ဝုန်း…..
ချက်ခြင်းပင် မကောင်းဆိုးဝါးဆန်ကာ ရက်စက်ကြမ်းကြုတ်သော အနက်ရောင်အလင်းက အစီအရင်၏ အစိတ်အပိုင်းမှ ပေါက်ထွက်လာခဲ့သည်။
ထိုရုတ်တရက်ဆန်သောအခြေအနေက လူတိုင်းကို အံ့ဩသွားစေပြီး နေထွက်ရာခန်းမဆောင်၏ အကာအကွယ် အစီအရင်က ရုတ်တရက် အနက်ရောင်မြူများဖြင့် ဖုံးလွှမ်းသွားတော့သည်။
“ဟန်ကျန်းယုံ၊ မင်းဘာလုပ်တာလဲ?”
ချက်ခြင်းပင် သတိပြုမိလိုက်သော နန်ကုန်းဟိုင်နှင့် နန်ကုန်းယောင်တို့သည် ပထမ၌ ထိတ်လန့်သွားကာ နောက်တွင် စိုးရိမ်သွားခဲ့သည်။
တုံ့ဆိုင်းမှုမရှိဘဲ၊ နှစ်ဦးစလုံးသည် ဟန်ကျန်းယုံအား ဖမ်းရန်သွားလိုက်တော့သည်။
သူတို့၏အခြေတည်ဝိညာဉ်ကျင့်ကြံခြင်းနှင့် ရွှေအမြုတေ သတ္တမအဆင့်သာရှိသော ဟန်ကျန်းယုံအား ရင်ဆိုင်ရာတွင် လွယ်ကူသင့်ပါသည်။ သို့သော် သူတို့၏ဓမ္မလက်များက ဟန်ကျန်းယုံအား ထိတော့မည့် အချိန်တွင် အနက်ရောင်အလင်းက ရုတ်တရက်ပေါ်ထွက်လာခဲ့ကာ သူတို့၏လက်များကို တားလိုက်သည်။
“ဘာ?”
နန်းကုန်းဟိုင်၊ နန်းကုန်းယောင် နှင့် လူတိုင်းသည် နောက်သို့ဆုတ်သွားခဲ့သည်။
၎င်းသည် တစ်ခုခုကမှားနေကြောင်း သူတို့သတိပြုမိသည့်အချိန်ပင်ဖြစ်သည်။
ထိုအချိန်တွင် ဟန်ကျန်းယုံ၏ မျက်လုံးသည် ရက်စက်သောအနက်ရောင်ပြောင်းလဲသွားပြီး သူ၏အရောင်အဝါက မယုံကြည်နိုင်စွာ ယုတ်မာလာသည်။
နွယ်ပင်ကဲ့သို့ အနက်ရောင်ချီမျှင်များသည် သူ့အားရစ်ပတ်နေခဲ့သည်။
၎င်းကိုမြင်လျှင်၊ နန်ကုန်းဟိုင်နှင့် အခြားသူတို့၏အမူအရာသည် အကြီးအကျယ်ပြောင်းလဲသွားသည်။
“သူက နတ်ဆိုးဖြစ်သွားတယ်။ ဂျူနီယာဟန်၊ မင်းတကယ်ပဲ…”
“ဟားဟားဟား…”
ရုတ်တရက် ဟန်ကျန်းယုံသည် အရိုင်းဆန်စွာရယ်လိုက်သည်။ သူ၏ကျင့်ကြံဆင့်က ထိုအချိန်တွင် တိုးမြင့်သွားလေသည်။
ရွှေအမြုတေ အဠမအဆင့်၊ ရွှေအမြုတေ နဝမအဆင့်၊ အခြေတည်ဝိညာဉ် ပဏာမအဆင့်။
အခြေတည်ဝိညာဉ် ပထမအဆင့်။
ပြီးနောက် ၎င်းသည် ဆက်လက်တိုးတက်နေသေးသည်။
ထူးဆန်းသောအချက်မှာ ကောင်းကင်ပေါ်မှ ကောင်းကင်ဘုံအတိဒုက္ခ၏အရိပ်အယောင်ကိုလည်း ခြေရာခံ၍မရပေ။
“ဘာတွေဖြစ်နေတာရတာလဲ?”
နန်ကုန်းဟိုင်နှင့်အခြားသူများက နိမိတ်မကောင်းကြောင်း ကြိုတင်အာရုံရလိုက်ကြသည်။
ဝှစ်…ဝှစ်…ဝှစ်……
တစ်ချိန်တည်းမှာပင်။
အနက်ရောင်အရိပ်များ ဒါဇင်ပေါင်းများစွာက ရုတ်တရက် ဟန်ကျန်းယုံ၏ခန္ဓာကိုယ်ထဲမှ ထွက်လာခဲ့သည်။
အနက်ရောင်အရိပ်တစ်ခုချင်းဆီ၏ ကျင့်ကြံခြင်းက အခြေတည်ဝိညာဉ်ပထမအဆင့်တွင်ရှိပေသည်။
ထိုသို့ပေါ်လာပြီးနောက် သူတို့သည် ချက်ခြင်း ရှိနေသောရွှေအမြုတေကျင့်ကြံသူများဆီသို့ ခုန်ထွက်လာကြသည်။
“အား…..”
နန်းကုန်းဟိုင်နှင့် အခြားသူများက တုံ့ပြန်မှုမပြုလုပ်ရသေးခင်၌ အော်သံများက ထွက်လာလေသည်။
ထိုအရိပ်ကျရောက်သော မည့်သည့်နေရာတွင်မဆို ရွှေအမြုတေကျင့်ကြံသူများက နာကျင်စွာခံစားနေရသော အမူအရာများဖြင့် အသက်ဝအောင်မရှုရသေးချိန်တွင်ပင် အသက်မဲ့သွားကာ သေဆုံးသွားကြသည်။
ရက်စက်ကာ မကောင်းဆိုးဝါးနည်းလမ်းမျိုးပါတကား။
ပွင့်ပွင့်လင်းလင်းပြောရလျှင် နန်ကုန်းဟိုင်နှင့် အခြားသူများက ထိုသို့သောအရာများကို ယခင်က မမြင်ခဲ့ဖူးပါ။
အလွန်ထိတ်လန့်စေသည့် ရှုထောင့်မှာ ထိုအရိပ်များက သူတို့ဆီသို့ဦးတည်၍ လာနေချိန်တွင်၊ သူတို့သည် မတိုးသာမဆုတ်သာအခြေနေဖြင့်သာ တိုက်ခိုက်နေကြသည်။
မည်သို့သော ဟာသဖြစ်ပါသနည်း?
နန်ကုန်းဟိုင်နှင့် အခြားသူများသည် အခြေတည်ဝိညာဉ်ကျင့်ကြံခြင်းအလယ်ဆင့်များဖြစ်ကြပါသည်။
ပြီးနောက် ထိုအရိပ်များသည် ဟန်ကျန်းယုံ၏ခန္ဓာကိုယ်တွင်းမှ ခွဲထွက်လာသည့် သက်ရှိများဖြစ်သည်။
သူတို့၏ ကျင့်ကြံဆင့်မှာ အခြေတည်ဝိညာဉ်ပထမအဆင့်သာရှိပါသည်။
“သေနာကောင်။”
နောက်ဆုံး၌ ရှန်းဟယ်ယွင်နှင့် အခြားသူများက နန်းကုန်းဟိုင်၏ဘက်မှ အခြေအနေကို သတိပြုမိသွားသည်။
စိုးရိမ်သည့်အော်သံနှင့်အတူ ကြီးမားသောလက်က ပြင်းထန်စွာရိုက်လိုက်သည်။
ပြေးလွှားသောင်းကျန်းနေသည့် ထိုအနက်ရောင်အရိပ်များသည် ဘာမှမရှိတော့သည်အထိ ချေမှုန်းခံလိုက်ရပေသည်။
ဟန်ကျန်းယုံသည်ပင် အက်ကွဲရာများပေါ်လာကာ ကွဲသွားတော့မည့် ကြွေခွက်ကဲ့သို့ဖြစ်သွားသည်။
“ဟန်ကျန်းယုံ၊ ပြောစမ်း၊ မင်းဘာလို့ဒီလိုလုပ်ရတာလဲ?”
ရှန်းဟယ်ယွင်၏ ဒေါသထွက်နေသည့်အသံက ပေါ်ထွက်လာသည်။
သို့ရာတွင် ဟန်ကျန်းယုံ၏ ရက်စက်သည့် အပြုံးကိုသာ ရရှိလိုက်သည်။
ဝုန်း….
ကျယ်လောင်သော ပေါက်ကွဲသံဖြင့် ဟန်ကျန်းယုံ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ရုတ်တရက် ပေါက်ကွဲသွားတော့သည်။
ချက်ခြင်းပင် မရေတွက်နိုင်သည့် မကောင်းဆိုးဝါးအနက်ရောင်အလင်းများက ဦးတည်ချက်အမျိုးမျိုးသို့ ပျံ့နှံ့သွားသည်။
ရှန်းဟယ်ယွင်၏အမူအရာက ရှုံ့မဲ့သွားသည်။
သူ့ထံမှ လက်ချောင်းတစ်ခုညွှန်ပြလိုက်ရုံဖြင့်၊
ကျီဟူသောအသံမြည်သွားသည်။
ချက်ခြင်းပင် ဦးတည်ချက်အမျိုးမျိုးသို့ သွားနေသော အနက်ရောင်အလင်းသည် ရုတ်တရက် လေထဲတွင် ရပ်သွားခဲ့သည်။
ပြီးနောက် ပေါက်ကွဲနေသည့်အသံများ ဆက်တိုက်ထွက်ပေါ်လာသည်။
အနက်ရောင်အလင်းများသည် တပြိုင်နက်ပေါက်ကွဲသွားကြပြီး ဘာမှမရှိတော့သည်အထိ ပပျောက်သွားလေသည်။
“ဟားဟားဟား။”
သို့သော် ထိုအချိန်တွင်၊ ကျယ်လောင်သည့်ရယ်သံက ရုတ်တရက် လူတိုင်း၏နားထဲတွင် ပြည့်သွားသည်။
ဟူဝမ်ထျန်းက အစီအရင်အတွင်းမှ ရှန်းဟယ်ယွင်၊ အပြာရောင်လမင်းနှင့် ခုန်းမင်တို့အားကြည့်ကာ ပြောလိုက်သည်။
“ငါပြင်ဆင်ထားပေးတဲ့လက်ဆောင်ကို မင်းတို့ ဘယ်လိုထင်လဲ?”
တုံ့ပြန်မှုကိုမစောင့်ဘဲ၊ သူသည် သူ၏အကြည့်ကို နေထွက်ရာခန်းမဆောင်၏တပည့်များဆီသို့ ထားလိုက်ပြီး အပြုံးဖြင့် ပြောလိုက်သည်။
“နေထွက်ရာခန်းမဆောင်ကမိတ်ဆွေများ၊ ခင်ဗျားတို့ဘာတွေဖြစ်နေတာလဲဆိုတာ မြင်ရသင့်တယ်။
အခု၊ ခင်ဗျားတို့ သိချင်နေကြမှာက မင်းတို့ထဲမှာ သူ့လိုလူ ဘယ်နှစ်ယောက်ရှိနေမလဲ? ဒုတိယတစ်ယောက်လား? တတိယတစ်ယောက်လား? ဒါမှမဟုတ် ပဉ္စမလား ဆဠမလား? ဒါမှမဟုတ် အများကြီးလား?”
ထိုစကားများသည် ချက်ခြင်းပင် လူများ၏စိတ်ဓာတ်ကို ယိမ်းယိုင်သွားစေသည်။
မျက်နှာတိုင်းက မှိုင်တွေနေကြသည်။
လူအများစုက သူတို့၏အဖော်များကို မယုံသင်္ကာဖြင့် ကြည့်နေကြသည်။
ရှင်းလင်းစွာပင် ဟူဝမ်ထျန်း၏စကားများက နေထွက်ရာခန်းမဆောင်၏တပည့်များထဲ သံသယကို ထည့်သွင်းပေးလိုက်ခြင်းဖြစ်ကာ အချင်းချင်း သံသယဝင်စေခြင်းဖြစ်သည်။
***