အစီအရင်ဖျက်စီးခြင်း၊ မမျှော်လင့်ထားသော ပြောင်းလဲမှု (၂)
Vol. 36 Ch. 677
အဆုံး၌၊ အစောပိုင်းမှထိုမြင်ကွင်းအား လူတိုင်းက မျက်မြင်တွေခဲ့ကြသည်။
ခြေတစ်လှမ်းမှားသွားလျှင် သေနိုင်ပေသည်။
သူတို့၏အမူအရာက တိုက်ခိုက်နေရာမှ အကြီးအကျယ်ပြောင်းလဲသွားကာ တိုက်ခိုက်မှုကိုလည်း ပြင်းထန်စွာ တိုက်ခိုက်လိုက်ကြသည်။
ဟူဝမ်ထျန်း၊ လော်ထျန်းပါ့နှင့် အခြားသူများက အစီအရင်၏အပြင်ဘက်မှနေ၍ အင်အားကြီးသောတိုက်ခိုက်မှုများထုတ်လွတ်နေကြသည်။
တစ်ချိန်တည်းမှာပင်၊ အပြာရောင်လမင်း၏အသံက နေထွက်ရာခန်းမဆောင်မှတပည့်များ၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။
“ရန်သူရဲ့စကားတွေက စိတ်ကို မဆွဲဆောင်သွားစေနဲ့။ အခုဖြစ်သွားသလို ထပ်မဖြစ်စေရတော့ဘူးလို့ ငါအာမခံတယ်။”
သူက စကားပြောလိုက်ရင်း အပြာရောင် အလင်းမျက်နှာပြင်က ရုတ်တရက် နေထွက်ရာခန်းမဆောင် တပည့်များ၏ ရှေ့မှ ဖြတ်သွားခဲ့သည်။
ချက်ခြင်းပင်၊ တပည့်သုံးဦးသည် သူတို့၏မျက်နှာများတွင် နာကျင်ခံစားနေရသည့် လက္ခဏာများကို ပြလာကြသည်။
ဝုန်း….
အံ့ဩခြင်းမရှိဘဲ၊ ကြီးမားသော သိမ်မွေ့သည့်ကျောက်စိမ်းလက်တစ်ခုက ထိုတပည့်သုံးဦးကို ဖိနှိပ်လိုက်သည်။
“ချန်းရှင်း၊ ပိုင်မင်၊ လီတောက်ယွီ မင်းတို့က ငါ့ကိုစိတ်ပျက်စေတာပဲ။”
သူမ၏စကားများပြီးနောက် နေထွက်ရာခန်းမဆောင်၏ တပည့်သုံးယောက်သည် ပေါက်ကွဲသွားပြီး သူတို့၏ ခန္ဓာကိုယ်ထဲမှ အနက်ရောင်အလင်းများ ထွက်ပေါ်လာခဲ့သည်။
သို့ရာတွင် ထိုအနက်ရောင်အလင်းများက အပြာရောင်လမင်း၏ကျောက်စိမ်းလက်ကို ထိသွားသည်နှင့် သူတို့သည် ဘာမှမရှိတော့သည်အထိ ပေါက်ကွဲသွားခဲ့သည်။
ထိုလှုပ်ရှားမှုများသည် ချက်ခြင်းပင် နေထွက်ရာခန်းမဆောင်မှတပည့်များ၏ ဝိညာဉ်ကို တုန်လှုပ်စေခဲ့သည်။
ယခင်ကတုန်လှုပ်နေသော အခြေအနေက ယခု ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။
သို့ရာတွင်၊ ဟူဝမ်ထျန်း၊ လော်ထျန်းပါ့နှင့် အခြားသူများက အပြာရောင်လမင်း၏လုပ်ဆောင်မှုအား အရေးပါသောတုံ့ပြန်မှုကိုမပြကြပါ။
ဟူဝမ်ထျန်းက သူ၏မျက်နှာပေါ်တွင်ယုံကြည်ချက်ရှိသည့် အပြုံးရှိနေသေးသည်။
အပြာရောင်လမင်း၊ ရှန်းဟယ်ယွင်နှင့် ခုန်းမင်တို့က ဝမ်းမြောက်ဝမ်းသာ မဖြစ်နေကြပါ။
ထိုအစား သူတို့၏နှလုံးသားများက အောက်ဆုံးထိထိုးကြသွားသည်။
သူတို့သည် လက်ရှိအခြေအနေကို အတိအကျခန့်မှန်းမိကြပါသည်။
အစီအရင်တစ်ခုသည် နတ်ဆိုးချီစွန်းထင်းသွားသောကြောင့် နေထွက်ရာခန်းမဆောင်သည် ကြာကြာခံတော့မည်မဟုတ်ပါ။
အကယ်၍ ကိစ္စများက မှားယွင်းသွားလျှင်ကြိုးတစ်မျှင်သည်ပင် သူတို့၏ခုခံရေးကို ဖျက်စီးပစ်နိုင်သည်။
ဝုန်း….ဝုန်း..ဝုန်း…..
တိုက်ပွဲက ဆက်ဖြစ်နေသည်။
အချိန်ကုန်သွားသည်နှင့် အမျှ ယုံကြည်ချက်ပြန်ရှိနေကြသော နေထွက်ရာခန်းမဆောင်မှ တပည့်များသည် စတင်၍ အဆင်မပြေသလိုခံစားနေရသည်။
၎င်းသည် လူတိုင်းက နေထွက်ရာခန်းမဆောင်၏ တောင်အကာအကွယ်အစီအရင်သည် သာမန် မျက်စိနှင့် မြင်နိုင်လောက်အောင် မှေးမှိန်လာခဲ့သည်။
ဤနှုန်းနှင့်ဆိုလျှင် ဤအစီအရင်က မည်မျှခံနိုင်မည်ကိုမသိပေ။
“တော်လောက်ပြီ။”
ရုတ်တရက်၊ လော်ထျန်းပါ့သည် ဟူဝမ်ထျန်းဘက်သို့လှည့်ကာ စကားပြောလိုက်သည်။
ဟူဝမ်ထျန်း၏ ပါးစပ်သည် အနည်းငယ်တွန့်ကာပြုံးလိုက်သည်။
သူက သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်သည်။
ခနအကြာတွင်ဟူဝမ်ထျန်း၏လက်ထဲ၌ ပုတီးစေ့ ဆယ်စေ့ပေါ်လာလေကာ တစ်ခုဆီတိုင်းသည် ထူးဆန်းသော အရောင်အဝါကို ထုတ်လွတ်နေသည်။
အပြာရောင်လမင်း၊ ရှန်းဟယ်ယွင်နှင့် ခုန်းမင်တို့က ၎င်းတို့အား ချက်ခြင်းသတိပြုမိသွားခဲ့ပြီး သူတို့၏အမူအရာသည် အကြီးအကျယ်ပြောင်းလဲသွားခဲ့သည်။
သူတို့သည် ဟူဝမ်ထျန်းက ထိပ်တန်းအဆင့် အဆင့် ၅ အစီအရင်ဖောက်ပုတီးစေ့ ဆယ်စေ့ကို ကိုင်ထားကြောင်း သတိပြုလိုက်မိသည်။
ထိုပုတီးစေ့များသည် နေထွက်ရာခန်းမဆောင်၏ အကာအကွယ်အစီအရင်ကို အစက ဖျက်စီးနိုင်မည် မဟုတ်သော်လည်း ယခုမူ အစီအရင်က ပျက်စီးနေပြီဖြစ်ရာ ထိုပုတီးစေ့များမှဖျက်စီးနိုင်သည်မှာ တကယ်ပင်ဖြစ်နိုင်သည်။
ဘယ်လိုလုပ်ရမလဲ?
အပြာရောင်လမင်းနှင့် အခြားသူများ၏ နှလုံးသားထဲတွင်စိတ်လှုပ်ရှားသွားလေသည်။
သို့သော် ဟူဝမ်ထျန်းသည် သိသာစွာပင် စဉ်းစားချိန်သိပ်မပေးပဲ ပုတီးစေ့ဆယ်စေ့လုံးကို တစ်ချိန်ထဲ ပစ်လွတ်လိုက်တော့သည်။
ချက်ခြင်းပင်၊ နေထွက်ရာခန်းမဆောင်၏ အကာအကွယ်အစီအရင်တစ်ခုလုံးသည် မြူအလင်းများဖြင့် ဖုံးအုပ်သွားသည်။
ဝုန်း…
မြေကြီးက ပြင်းထန်စွာတုန်ခါသွားတော့သည်။
အစီအရင်အတွင်းမှ တပည့်အားလုံးက တည်ဆောက်ပုံတစ်ခုလုံး ပြင်းထန်စွာတုန်ခါနေသည်ကို ခံစားနိုင်သည်။
လောကကြီးက ထက်ခြမ်းကွဲတော့မည့်အတိုင်း အက်ကွဲရာများက ကောင်းကင်နှင့် မြေကြီးပေါ်တွင် ပေါ်လာခဲ့ပြီး တပည့်များ၏နှလုံးသားထဲတွင် ကြောက်ရွံ့မှုကို ဖြစ်စေကာ သူတို့၏ မျက်နှာသည် ဖြူဖျော့သွားလေသည်။
“အစီအရင်က ပျက်စီးနေပြီ။”
ထိုအခြင်းအရာကို သတိပြုမိခြင်းဖြင့် လူတစ်ဦး၏အသံက ပေါ်ထွက်လာသည်နှင့် သူတို့၏ မျက်နှာများသည် ယိုယွင်းကုန်ကြလေသည်။
“အားလုံးပဲ၊ စိတ်လျော့ပါ။ ကိုယ်နေရာမှာ ကိုယ်တောင့်ခံထားကြ အစီအရင်က ပျက်မှာမဟုတ်ဘူး။”
အကြီးအကဲ ခုန်းမင်က သူတို့အား စိတ်သက်သာစေရန်ပြောနေသည်။
သူ၏အမိန်နှင့်အတူ သူ့ထံမှ အစီအရင်အလံများက ပျံသန်းလာပြီး အစီအရင်၏ နေရာအစိတ်အပိုင်း အမျိုးမျိုးပေါ်တွင် ကျရောက်သွားသည်။
ကျီ….
၎င်းအား ရှင်းလင်းစွာမြင်နိုင်ပါသည်။
အစီအရင်အလံက တည်ငြိမ်သွားသည်နှင့် ယခင်က တုန်လှုပ်နေကာ ပြိုလဲခါနီးဖြစ်နေသော အစီအရင်သည် စတင်၍ တည်ငြိမ်လာလေသည်။
ဝိညာဉ်အလင်းက စတင်၍ လိမ့်တက်လာပြီး အစီအရင်၏ ပျက်စီးနေသောနေရာများကို ပြင်ဆင်နေလေသည်။
ထိုအရာကိုမြင်လျှင်၊ နေထွက်ရောခန်းမဆောင်မှ တပည့်များသည် စိတ်ချစွာဖြင့် သက်ပြင်းချ လိုက်ကြပြီး သူတို့၏အကြီးအကဲ၌ သူတို့အား ကယ်တင်ရန် နည်းလမ်းရှိသေးသည်ဟု တွေးလိုက်မိသည်။
သို့ရာတွင် ထိုအတွေးက ထွက်ပေါ်လာသည်နှင့် ယန်ခိုင်ဟုခေါ်သော တပည့်တစ်ဦးက ရုတ်တရက် ဟန်ကျန်းယုံမှ ဖျက်စီးထားသော အစီအရင်အစိတ်အပိုင်းနားသို့ သွားလိုက်သည်။
အလွန်မကောင်းဆိုးဝါးဆန်သော အရောင်အဝါက သူထံမှ လိမ့်တက်လာကာ ပျက်စီးသွားသော အစီအရင်၏ဗဟိုသို့ ချဉ်းကပ်သွားသည့်အချိန်တွင် အနက်ရောင်အလင်းက လင်းလက်သွားခဲ့သည်။
“ယန်ခိုင် မင်းဘာလုပ်နေတာလဲ?”
နေထွက်ရာခန်းမဆောင်မှ နန်ကုန်းဟိုင်၊ နန်ကုန်းယောင်နှင့် အခြားတပည့်များက ထိတ်လန့် သွားကြသည်။
အပြာရောင်လမင်း၊ ရှန်းဟယ်ယွင်နှင့် ခုန်းမင်တို့က သူတို့၏အမူအရာကို ပြောင်းလဲလိုက်ကြသည်။
“အမြန်၊ တားကြ။”
ဝုန်း….
ကံမကောင်းစွာပင်၊ လူတိုင်း၏ခြေလှမ်းက အလွန်နောက်ကျသွားခဲ့သည်။
သူတို့သည် ယန်ခိုင်ဆီသို့ ပြေးသွားကြချိန်တွင် သူသည် ပျက်စီးနေသည့် အစီအရင်ဗဟိုအတွင်း ဝင်သွားလေတော့သည်။
ကျယ်လောင်သောပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့လေသည်။
အစီအရင်ဗဟိုနှင့် အတူ ယန်ခိုင်က နတ်ဆိုးချီပင်လယ်အဖြစ် ပြောင်းလဲသွားခဲ့သည်။
မကောင်းဆိုးဝါးဆန်ကာ ယုတ်မာသော စွမ်းအားက များစွာလိမ့်တက်လာသည်။
ချက်ခြင်းပင်၊ ထိုနေရာသို့ ချဉ်းကပ်သွားသော နေထွက်ရာခန်းမဆောင်မှတပည့်များသည် အမှောင်ထုဖြင့် စွန်းထင်းခံလိုက်ရတော့သည်။
သူတို့၏အရေပြားပေါ်တွင် တီကောင်ကဲ့သို့ပုံစံများ စတင်၍ ပေါ်လာလေသည်။
“မကောင်းတော့ဘူး၊ ပြန်ဆုတ်ကြ။”
ထိုအရာကိုမြင်လျှင် နန်ကုန်းဟိုင်၊ နန်ကုန်းယောင်နှင့် အခြားသူများကအနီးမကပ်ရဲတော့ပဲ ပြန်ဆုတ်လိုက်ကြသည်။
ဝုန်း….
သို့ရာတွင်၊ ထိုအချိန်၌ ဟူဝမ်ထျန်း၊ လော်ထျန်းပါ့နှင့် အခြားသူများက အစီအရင်၏အပြင်ဘက်မှနေ၍ သူတို့၏ အပြင်းထန်ဆုံးသော တိုက်ခိုက်မှုကို ထုတ်လွတ်လိုက်ကြသည်။
ဝုန်း……
ချက်ခြင်းပင်၊ အစီအရင်၏အလင်းက လျှင်မြန်စွာမှေးမှိန်သွားခဲ့ပြီး မျက်နှာပြင်၌ ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများ ဖြစ်လာခဲ့သည်။
မှေးမှိန်သောအက်ကွဲကြောင်းများဖြင့် နေထွက်ရာခန်းမဆောင်မှ ရာစုနှစ်ချီကြာသော အဆင့် ၆ အကာအကွယ်အစီအရင်သည် ထိုထပ် ပို၍ တောင့်ခံထားနိုင်ခြင်းမရှိတော့ဘဲ လုံးဝ ပျက်စီးသွားခဲ့ကာ မရေတွက်နိုင်သည့် ဝိညာဉ်ချီအပိုင်းအစများအဖြစ် ဦးတည်ချက်အမျိုးမျိုးသို့ ပျံ့နှံ့သွားခဲ့သည်။
“သေစမ်း…”
ထိုအချိန်တွင် ဟူဝမ်ထျန်းနှင့် လော်ထျန်းပါ့တို့၏မျက်နှာပေါ်တွင် အပြုံးမရှိတော့ဘဲ သတ်ဖြတ်လိုခြင်း ရည်ရွယ်ချက်များသာ ရှိတော့သည်။
အထူးသဖြင့် နတ်ဆိုးမကောင်းဆိုးဝါးများသည် ငါးမန်းများက သွေးနံ့ခံသကဲ့သို့ ရူးသွပ်စွာဖြင့် အောက်ရှိ နေထွက်ရာခန်းမဆောင်၏တပည့်များဆီသို့ ခုန်ဆင်းလာကြသည်။
“အား…”
ချက်ခြင်းပင် မရေတွက်နိုင်သော နေထွက်ရာခန်းမဆောင်မှတပည့်များသည် နတ်ဆိုးမကောင်းဆိုးဝါး များနှင့် အရှေ့ပိုင်းနှင့် အလယ်ပိုင်းလွင်ပြင်မှ တပည့်များ၏ လက်အောက်တွင် ကျဆုံးသွားရ တော့သည်။
“ဟူဝမ်ထျန်း၊ လော်ထျန်းပါ့ ငါမင်းတို့ကို သေတဲ့အထိ တိုက်ခိုက်မယ်။”
ရှန်းဟယ်ယွင်က သူ၏အစီအရင်က ပျက်စီးသွားကာ မရေတွက်နိုင်သော တပည့်များ ကျဆုံးသွား ရသည်ကို မြင်လျှင်၊ ဒေါသဖြင့် မျက်လုံးများနီရဲကာ မီးတောင်ကဲ့သို့ အရောင်အဝါများထွက်လာသည်။
“ဂရုစိုက်ပါ၊ စီနီယာ အစ်ကိုရှန်း။”
အပြာရောင်လမင်းနှင့် ခုန်းမင်တို့က ရှန်းဟယ်ယွင်၏ တုံ့ပြန်မှုနှင့် ဟူဝမ်ထျန်းနှင့် လော်ထျန်းပါ့တို့အား တပြိုင်နက်တိုက်ခိုက်သည်ကို မြင်လျှင် အမူအရာများပြောင်းလဲသွားကြသည်။
သို့ရာတွင် သူတို့မမျှော်လင့်ထားမိသည်မှာ သူတို့သည် ရှန်းဟယ်ယွင်နှင့်အတူ ဟူဝမ်းထျန်းနှင့် လော်ထျန်းပါ့တို့အား တိုက်ခိုက်သည့်အချိန်တွင် ဟူဝမ်ထျန်းနှင့် လော်ထျန်းပါ့တို့ဆီသို့ ဦးတည်သွားနေသော ရှန်းဟယ်ယွင်က ရုတ်တရက် ဦးတည်ချက်ကို ပြောင်းလဲခဲ့လေသည်။
အပြာရောင်လမင်းနှင့် ခုန်းမင်ဆီသို့ အနက်ရောင်အလင်းနှစ်ခုကို ပစ်လွတ်လိုက်သည်။
ဝှစ်ဟူသောအသံဖြင့် သူတို့၏ အကာအကွယ်ဝိညာဉ်အလင်းက ထိုးဖောက်ခံလိုက်ရသည်။
နှစ်ဦးသားသည် ချက်ခြင်းပင် သွေးများ အန်လိုက်ကြသည်။
သူတို့၏မျက်နှာသည် ဖြူဖျော့သွားလေတော့သည်။
***