နတ်ဆိုးလမ်းစဉ်အတွင်းကျရောက်ခြင်း
Vol. 36 Ch. 678
“အစ်ကိုရှန်း၊ မင်း….”
အပြာရောင်လမင်းနှင့် ခုန်းမင်တို့က အလွန်မယုံသင်္ကာဖြစ်နေကြသည်။
သူတို့သည် သူတို့၏စီနီယာအစ်ကို ရှန်းဟယ်ယွင်က ထိုကဲ့သို့လုပ်လိမ့်မည်ဟု မမျှော်လင့်ထားကြပေ။
နေထွက်ရာခန်းမဆောင်မှ တပည့်များကလည်း ထိုမြင်ကွင်းကို မျက်မြင်တွေ့လိုက်ရပြီး သူတို့၏ မျက်နှာများသည် မယုံကြည်နိုင်မှုများကို ပြနေကြသည်။
“အကြီးအကဲရှန်း၊ သူ…”
ဝှစ်
သို့ရာတွင် သူတို့အား အဖြေပေးလိုက်သည်မှာ အနက်ရောင်အလင်းနှစ်ခုပင်ဖြစ်သည်။
ရှန်းဟယ်ယွင်၏မျက်နှာသည် ယခင်က ဒေါသဖြင့် ပြည့်နေသော်လည်း ယခုမူအေးစက်ကာ သတ်ဖြတ်ခြင်းရည်ရွယ်ချက်နှင့် ပြည့်နေသည်။
“ဂျူနီယာညီမလေးလန်၊ ဂျူနီယာညီလေးခုန်းမင် ကျုပ်ကို အပြစ်မတင်ပါနဲ့။ ကျုပ်က အသက် ဆက်ရှင်ချင်ယုံလေးပါ။”
“အသက်ဆက်ရှင်ချင်တယ်?”
အပြာရောင်လမင်းနှင့် ခုန်းမင်တို့က အစ၌ အံ့ဩနေသော်လည်း သူတို့သည် တစ်ခုခုကို နားလည်သွားကြပြီး မယုံနိုင်စွာမေးလိုက်လေသည်။
“စီနီယာအစ်ကိုရှန်း၊ ခင်ဗျားရဲ့မူလရည်ရွယ်ချက်နဲ့ လုပ်ခဲ့ဖူးတဲ့ဂတိတွေကိုဆန့်ကျင်ဖို့ ဟူဝမ်ထျန်းနဲ့ ခုန်းမင်တို့က ခင်ဗျားကို ဘာဂတိတွေပေးထားလို့လဲ?"
“ရည်ရွယ်ချက်? ဂတိ?”
သရော်ပြုံးတစ်ခုက ရှန်းဟယ်ယွင်၏မျက်နှာပေါ်တွင်ပေါ်လာခဲ့သည်။
သူက ခေါင်းကိုခါလိုက်သည်။
“ဂျူနီယာညီမလေးလန်၊ ဂျူနီယာညီလေး ခုန်းမင်၊ မင်းတို့ကျုပ်ကို ကောင်းကောင်းမသိပါဘူး။
ကျုပ်ရဲ့ရည်ရွယ်ချက်က အမြဲတမ်းအသက်ရှင်ဖို့ပဲ။
ကျုပ်တို့နေထွက်ရာခန်းမဆောင်ကို အတူတည်ထောင်ပြီး အဓိကဂိုဏ်းတွေကိုဆန့်ကျင်တုန်းကလည်း အဲ့လိုပဲ။
အခု ကျုပ် မဟာလင်းအင်ပါယာနန်းတော်နဲ့ အဲ့ဒီပြင်ပ အင်အားစုတွေကို အညံခံဖို့ ရွေးချယ်လိုက်တာလဲ အဲ့တာကြောင့်ပဲ။”
ထိုစကားလုံးများသည် အပြာရောင်လမင်းနှင့် ခုန်းမင်တို့အား ကြီးမားသောတူကဲ့သို့ ရိုက်နေခဲ့ပြီး သူတို့၏မျက်နှာကိုဖြူဖျော့သွားစေသည်။
ဒီလိုဖြစ်လာပြီဆိုတော့၊
သူတို့သည် အမှန်တကယ်ရှန်းဟယ်ယွင်အား အစကတည်းက နားမလည်ခဲ့ပေ။
ရည်ရွယ်ချက်များ၊ ဆန္ဒများနှင့် ဂတိများက ဘာမှမဟုတ်ဘဲ သူအတွက် ပို၍ သန်မာကာ အသက်ရှင်နိုင်ရန် အတွက်သာဖြစ်သည်။
သူတို့သည် သူ့အား မှီခိုအားကိုးနိုင်ကာ ယုံကြည်ရသော အစ်ကိုကြီးတစ်ယောက်အဖြစ်ပင် ဆက်ဆံခဲ့သည်ကို ပြန်တွေးမိလေသည်။
၎င်းသည် အကုန်အတုအယောင်ဖြစ်ကာ အရာအားလုံးက ပုံရိပ်ယောင်ပင်ဖြစ်သည်။
သို့မဟုတ် အတိအကျပြောရလျှင်၊ သူတို့သည် ဝေဖန်မှုမှားသွားပြီး လူမှား၍ ယုံကြည်မိခြင်းပင် ဖြစ်သည်။
အချိန်ခနလောက် အပြာရောင်လမင်းနှင့် ခုန်းမင်တို့၏ တာအိုနှလုံးသားက အနည်းငယ် မတည်ငြိမ် ဖြစ်သွားကာ သူတို့၏ကျင့်ကြံခြင်းက မတည်ငြိမ်မှုလက္ခဏာပြနေပြီး နတ်ဆိုးလမ်းစဉ်ထဲသို့ ကျရောက်တော့မည့်ပုံပေါ်နေသည်။
သို့ရာတွင်၊ ရှန်းဟယ်ယွင်၊ ဟူဝမ်ထျန်းနှင့် လော်ထျန်းပါ့တို့က ညှာတာမှုကို မပြပေ။
သူတို့ပြိုင်ဖက်၏ ခံစားမှုကသောင်းကနင်းဖြစ်နေခြင်းကို ဖမ်းဆုပ်ကာ ပြင်းထန်သည့် တိုက်ခိုက်မှုကို ထုတ်လွှတ်လိုက်သည်။
ချက်ခြင်းပင် အပြာရောင်လမင်းနှင့် ခုန်းမင်တို့က အကြီးအကျယ်ဒဏ်ရာရသွားကာ ပျက်စီးခါနီး ဖြစ်သွားလေသည်။
သို့ရာတွင် ထိုအချိန်၌ အစိမ်းရောင်အလင်းက ရုတ်တရက် နေရာလပ်ထဲမှ ထွက်ပေါ်လာသည်။
ချက်ခြင်းပင် ၎င်းကဒိုင်းအဖြစ်ပြောင်းလဲသွားသည်။
ဒေါင်…ဒေါင်….ဒေါင်….အသံများဆက်တိုက်မြည်နေသည်။
ရှန်းဟယ်ယွင်၊ ဟူဝမ်ထျန်းနှင့် အခြားသူများ၏တိုက်ခိုက်မှုများသည် အစိမ်းရောင်ဒိုင်းကို ရိုက်နေပြီး မီးပွားများသာ ထွက်နေကာ ၎င်း၏အကာအကွယ်ကို ချိုးဖောက်ရန်မတတ်နိုင်ခဲ့ပါ။
၎င်းသည် ရှန်းဟယ်ယွင်နှင့် အခြားသူများအား မျက်လုံးကိုကျဉ်းသွားစေသည်။
ဝှစ်..ဝှစ်…..ဝှစ်….
သူတို့သည် ချက်ခြင်းနောက်သို့ဆုတ်သွားသည်။
တစ်ချိန်တည်းတွင် သူတို့ရပ်လိုက်သည်နှင့် အစိမ်းရောင်ချီဓားက ဖြတ်သန်းသွားပြီး နေရာလပ်တွင် ဂယက်များကို ဖန်တီးထားခဲ့သည်။
ဒါက….
ဟူဝမ်ထျန်း၊ ရှန်းဟယ်ယွင်၊ လော်ထျန်းပါ့နှင့် အခြားသူများသည် အာရုံစိုက်ကာ ကြည့်နေကြသည်။
ကြည့်နေရာမှ သူတို့သည် ထိုနေရာတွင် နေရာလပ်တစ်ခုပွင့်လာသည်ကို မြင်ခဲ့ရပြီး ပုံရိပ်နှစ်ခုက ထိုအထဲမှ ထွက်လာလေသည်။
အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်ဖြစ်သည်။
၎င်းသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်ပင်ဖြစ်သည်။
ထိုအချိန်တွင်၊ သူတို့သည် ပတ်ပတ်လည်ကိုကြည့်လိုက်ပြီး နောက်ဆုံးတွင် အပြာရောင်လမင်းနှင့် ခုန်းမင်တို့အားကြည့်လိုက်သည်။
“ကံကောင်းလို့ ငါတို့အရမ်းမနောက်ကျသွားပုံရတယ်။”
ပြောရင်းနှင့် ကျန်းချန်ရွှမ်က သူ၏လက်ဖြင့် ဓားချီကို ထုတ်လွတ်လိုက်သည်။
ထိုဓားချီက အရောင်အားဖြင့် ရွှေရောင်ဖြစ်ပေသည်။
မျက်စိတမှိတ်အတွင်း၊ ၎င်းသည် မရေတွက်နိုင်သောချည်မျှင်များအဖြစ်ပြောင်းလဲသွားသည်။
၎င်းသည် ချက်ခြင်းပင် အောက်မှ တိုက်ပွဲပေါ်သို့ လွှမ်းမိုးသွားလေသည်။
ဖောက်…ဖောက်….ဖောက်..
“အား….”
“အား…….”
ချက်ခြင်းပင် မရေတွက်နိုင်သောနတ်ဆိုးမကောင်းဆိုးဝါးနှင့် အရှေ့ပိုင်းနှင့် အလယ်ပိုင်းမှ ကျင့်ကြံသူများဆီသို့ ဖြစ်သည်။
ကျန်းချန်ရွှမ်သည် သို့ရာတွင် အောက်ရှိအခြေအနေကို အာရုံမစိုက်နေပဲ အပြာရောင်လမင်းနှင့် ခုန်းမင်တို့အား အာရုံစိုက်လိုက်သည်။
“တာအိုရောင်းရင်တို့၊ ကျုပ်တို့ရွေးချယ်ထားတဲ့လမ်း၊ ကျုပ်တို့လုပ်တဲ့အပြုအမူနဲ့ ဂတိပြုချက်တွေဟာ ကျုပ်တို့ကိစ္စပဲ။ အခြားသူနဲ့မသက်ဆိုင်ဘူး။
ကျင့်ကြံခြင်းလမ်းစဉ်က ရှည်လျားပြီး ကြမ်းတမ်းတယ်။ ပြီးတော့ ဘယ်သူက လမ်းတစ်လျှောက် သစ္စာဖောက်ခြင်း၊ မှားယွင်းခြင်းနဲ့ ရှုပ်ထွေးခြင်းတွေမကြုံခဲ့ရလို့လဲ?
အကယ်၍ ကျုပ်တို့ အဲ့ဒီအတွေ့အကြုံတွေအတွက် ကိုယ့်ကိုကိုယ့် အပြစ်ပေးရင် ကိုယ်တိုင်ရဲ့ အတွေးတွေထဲမှ ထောင်ချောက်မိလာပြီး ကိုယ်ရန်သူအတွက် လွယ်ကူမသွားစေဘူးလား?
ဒီလိုဆိုရင်၊ အခြားအရာတွေထပ် ကိုယ်ပိုင်မူလရည်ရွယ်ချက်၊ ဆန္ဒနဲ့ ဂတိတွေဟာ မနက်ခင်းနှင်းရည်စက်တွေ နေရောင်ခြည်လာတာနဲ့ ပျောက်ကွယ်သွားသလိုပဲ ဖြစ်လာပြီး ဘာမှဆက်မရှိတော့ဘူးလား?”
ထိုစကားများက အစ၌ မှိုင်တွေနေကာ ဒဏ်ရာရနေသော အပြာရောင်လမင်းနှင့် ခုန်းမင်တို့အား အလင်းပြပေးလိုက်သည်။
သူတို့၏မူလက လှိုင်းထကာ မတည်ငြိမ်သည့်အရောင်အဝါက ချက်ခြင်းပင် တည်ငြိမ်သွားလေသည်။
သူတို့၏ ဝိညာဉ်ချီနှင့် အဆီအနှစ်များက ပို၍ အဆင့်မြင့်သို့ တိုးမြင့်သွားပြီး ကောင်းကင်ပေါ်သို့ ပစ်လွတ်လိုက်သည့် မီးရှုးမီးပန်းကဲ့သို့ဖြစ်သွားသည်။
“အကြံပေးမှုအတွက်ကျေးဇူးတင်ပါတယ်။ တာအိုရောင်းရင်းကျန်း..”
အပြာရောင်လမင်းနှင့် ခုန်းမင်တို့က ကျေးဇူးတင်စိတ်ဖြင့်ချက်ခြင်း ဦးညွှတ်လိုက်ကြသည်။
“ခင်ဗျားမှန်ပါတယ်။ ကျင့်ကြံခြင်းလမ်းမှာ မမျှော်လင့်ထားတဲ့ အခြေအနေတွေက ကျုပ်တို့ရဲ့ မူလရည်ရွယ်ချက်ရိုးသားမှုကို စမ်သပ်တဲ့အရာတွေပဲ။
ဆိုရိုးတွေအတိုင်းပဲ၊ မသွေးထားတဲ့ဓားက မထက်ဘူး။ မဖြတ်ထားတဲ့ ကျောက်စိမ်းကလည်း ပုံစံမကျဘူး။ ပြီးတော့ မသန့်စင်တဲ့နှလုံးသားကလည်း အတုအယောင်တွေထဲက အစစ်အမှန်ကို မသိနိုင်ဘူး။ ကျုပ်တို့တကယ်ပဲ အခုထောင်ချောက်ထဲကျသွားပြီး ပျက်စီးခြင်းကိုရောက်ဖို့ မျက်စိတမှိတ်ပဲလိုခဲ့တာပါ။ ကျေးဇူးပြု၍ ကျေးဇူးတင်စိတ်ကို လက်ခံပေးပါ။”
ထိုသို့ပြောကာ အပြာရောင်လမင်းနှင့် ခုန်းမင်တို့က ကျန်းချန်ရွှမ်အားထပ်၍ ဦးညွှတ်လိုက်သည်။ ၎င်းသည် အသိဉာဏ်အလင်းပွင့်သွားခြင်းအတွက် ကျေးဇူးတင်စိတ်ဖြစ်ကာ ပင်လယ်များထပ် နက်ရှိုင်းပါသည်။ သာမန်ဦးညွှတ်ခြင်းက သူတို့၏ကျေးဇူးတင်စိတ်ကိုမည်သို့ဖော်ပြနိုင်ပါမည်နည်း?
သို့ရာတွင် လက်ရှိအခြေအနေက ကျေးဇူးတင်စိတ်ကို ဖော်ပြနေဖို့ရန်အချိန်မဟုတ်ပါ။
ကျန်းချန်ရွှမ်က စိတ်ထဲမထားပဲ ရှန်းဟယ်ယွင်၊ ဟူဝမ်ထျန်းနှင့် လော်ထျန်းပါ့တို့ဘက်သို့ လည့်လိုက်ကာ အပြုံးဖြင့်ပြောလိုက်လေသည်။
***