← Chapters

နတ်ဆိုးလမ်းစဉ်ထဲသို့ ကျရောက်ခြင်း (၂)

Vol. 36 Ch. 679

နတ်ဆိုးလမ်းစဉ်ထဲသို့ ကျရောက်ခြင်း (၂)

Vol. 36 Ch. 679

“ခင်ဗျားမှာ စိတ်အားထက်သန်မှုတော်တော်ရှိတာပဲ၊ အသက်ရှင်ဖို့အတွက် အားလုံးကိုစတေးရဲတယ်။ ဒီလိုသတ္တိမျိုးက ကျုပ်မှာမရှိဘူးဆိုတာဝန်ခံရမယ်။”

ရှန်းဟယ်ယွင်၊ ဟူဝမ်ထျန်း၊ လော်ထျန်းပါ့နှင့် အခြားသူများ၏အမူအရာက ချက်ခြင်း ပြောင်းလဲသွားသည်။

အမှန်ပြောရလျှင်၊ သူတို့သည် အမှန်တကယ်ပင်၊ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကဲ့သို့ ရှိန်လောက်သည့် ပုံရိပ်အား နေထွက်ရာခန်းမဆောင်တွင် တွေ့လိမ့်မည်ဟု မထင်ထားပါ။

ထိုသတိပြုမိခြင်းက သူတို့၏တစ်ချိန်က ယုံကြည်ချက်ရှိနေခဲ့ခြင်းအား ရုတ်တရက် မသေချာ ဖြစ်စေသည်။

သူတို့၏မျက်နှာများသည် မတည်ငြိမ်နေသောအမူအရာကို ပြနေသည်။

ရှင်းလင်းစွာပင်၊

ထိုနှစ်ဦးကိုရင်ဆိုင်ရလျှင် ရှန်းဟယ်ယွင်၊ ဟူဝမ်ထျန်းနှင့် လော်ထျန်းပါ့တို့က မည်သူမှ အောင်မြင်စွာ လွတ်မြောက်နိုင်မည်ဟု အာမ,မခံနိုင်ပါ။

မှန်ပါသည်။

ထိုအချိန်တွင်၊

သူတို့၏အတွေးသည် ကိစ္စမဟုတ်တော့ပါ။ သို့သော် သူတို့သည် ထိုစုံတွဲ၏လက်မှ လွတ်မြောက်နိုင်ရန်သာ တွေးရတော့မည်။

သူတို့၏စိတ်ကို ဖတ်နိုင်သည့်အတိုင်း ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

အခြားစကားလုံးများမပါပဲ၊ ကျန်းချန်ရွှမ်၏ ပုံရိပ်က ရုတ်တရက် ထိုနေရာမှ ပျောက်ကွယ်သွားခဲ့သည်။

ကောင်းကင်ပေါ်တွင် ရွှေရောင်အလင်းတန်းက လက်သွားခဲ့သည်။

ထိုနေရာတွင် စုတ်ပြဲသွားသောအသံထွက်လာသည်။

ထိုနေရာတွင် သတိရှိလျက် နေနေသေးသော လော်ထျန်းပါ့က ခိုက်ခိုက်တုန်လာခဲ့သည်။

ခနအကြာတွင်၊ ရွှေရောင်လိုင်းက သူ၏ခန္ဓာကိုယ်ပေါ်တွင် သူ၏နဖူးမှစ၍ အောက်ထိ ပေါ်ထွက်လာခဲ့သည်။

ဝှစ်ဟူသောအသံဖြင့် နောက်ဆုံးတွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးက နှစ်ပိုင်းပြတ်သွားခဲ့သည်။

သူ၏မူလဝိညာဉ်သည်ပင် လေထဲတွင် ပပျောက်သွားခဲ့သည်။

“ဗိုလ်ချုပ်လော်”

လောထျန်းပါ့က ထိုကဲ့သို့ ကျဆုံးသွားသည်ကိုမြင်လျှင်၊ ဟူဝမ်ထျန်း၊ ရှန်းဟယ်ယွင်၊ နေသုံးစင်းဂိုဏ်းနှင့် ချူးမိသားစုတို့မှ အခြေတည်ဝိညာဉ်ကျင့်ကြံသူများက ထိတ်လန့်သွားကြသည်။

သူတို့သည် အချိန်ဆွဲမနေရဲတော့ပါ။

စကားမပြောကြတော့ဘဲ သူတို့၏ပုံရိပ်က ပုံရိပ်ယောင်များအဖြစ်ပြောင်းလဲကာ လေဟာနယ်ထဲသို့ ထိုးထွက်ပြီး လွတ်မြောက်ရန် ကြိုးစားနေကြသည်။

ခွပ်…

သို့ရာတွင် ထိုအချိန်၌ အလင်းတန်းက ရုတ်တရက် ချူးမိသားစုမှ ဝိညာဉ်ဖွဲ့စည်းခြင်းကျင့်ကြံသူအား ဖြတ်သွားခဲ့သည်။

သူသည် မတုံ့ပြန်နိုင်ခင်တွင်ပင်၊ ပြင်းထန်ကာ အင်အားကောင်းသောမိုးကြိုးသွားက သူ့အား လောင်ကျွမ်းနေသော အလောင်းကောင်အဖြစ် အတွင်းမှ အပြင်သို့ ပြောင်းလဲလိုက်တော့သည်။

သူ၏လောင်ကျွမ်းနေသော ခန္ဓာကိုယ်၏ဒွာရာပေါက်ခုနစ်ပေါက်မှ မိုးကြိုးသွားများက ကွက်တိကွက်ကြား လင်းလက်နေသေးသည်။

ဝှစ်….

......

တစ်ချိန်တည်းမှာပင်။

နေသုံးစင်းဂိုဏ်းနှင့် ဓားအလင်းရောင်ဂိုဏ်းမှ အခြေတည်ဝိညာဉ်ကျင့်ကြံသူနှစ်ဦးက ရုတ်တရက် မရေတွက်နိုင်သော ကျောက်တုံးများအောက် လွှမ်းမိုးခံရပြီး နစ်မြုပ်သွားခဲ့ကာ ဝိညာဉ်ချီများ လိမ့်တက်လာခဲ့လေသည်။

၎င်းသည် ကျန်းချန်ရွှမ်နားလည်သွားခဲ့သည့် မြေဓာတ်နတ်ဘုရားစွမ်းအား “ကောင်းကင်သင်္ဂြိုလ်ခြင်း” ပင်ဖြစ်သည်။

ပြီးနောက် ၎င်းသည် ကျန်ရှိနေသော ဟူဝမ်ထျန်းနှင့် ရှန်းဟယ်ယွင်တို့အား ကြောက်ရွံ့စေခဲ့သည်။

ထိုနှစ်ဦး၏စွမ်းအားသည် သာမန်ဝိညာဉ်ကျင့်ကြံသူများထပ် ကျော်လွန်နေခဲ့ပြီဖြစ်သည်။

ကျန်းချန်ရွှမ်အား တိုက်ခိုက်နိုင်ရန်မဆိုနှင့် သူတို့နှစ်ဦး၌ တိုက်ခိုက်ရန်အရည်အချင်းပင်မရှိပါ။

ဟူဝမ်ထျန်း၏မျက်လုံးထဲတွင် နာကျင်မှုက ပေါ်သွားခဲ့သည်။

သို့သော် ထိုအချိန်တွင် သူသည် အံကြိတ်ကာ အနက်ရောင်ကျောက်စိမ်းအဆောင်ကို သူ၏ခန္ဓာကိုယ်မှ ယူထုတ်လာခဲ့ပြီး အနောက်သို့ပစ်လိုက်သည်။

ကျီ….

ဟူဝမ်ထျန်းက အနက်ရောင်ကျောက်စိမ်းအဆောင်ကို ပစ်လိုက်သည်နှင့် တွန့်လိမ်နေသော အနက်ရောင် ဝဲဂယက်များက လေဟာနယ်ထဲမှ ဖြတ်လာခဲ့သည်။

လေထဲတွင် မကောင်းဆိုးဝါး၏ အရောင်အဝါက ထိုးဖောက်ကာ ထွက်လာခဲ့သည်။

ချက်ခြင်းပင်၊ ခြေနှစ်ချောင်း၊ မျက်လုံးနီနှင့် ခက်ရင်းခွကို ကိုင်ထားသော နတ်ဆိုးမကောင်းဆိုးဝါးက ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်၏ ရှေ့တွင် ပေါ်လာခဲ့သည်။

ထိုအရောင်အဝါမှ နတ်ဆိုးမကောင်းဆိုးဝါး၏အင်အားက တကယ်ပင် ဝိညာဉ်ဖွဲ့စည်းခြင်းဆဠမအဆင့် သို့ ရောက်ရှိနေခဲ့သည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏မျက်လုံးများက ကျဉ်းမြောင်းသွားသည်။

ကြည့်ရသည်မှာ အရှင် ဟွမ်ထျန်းက သူ၏လက်ထဲ လည့်ကွက်တစ်ချို့ ရှိနေပုံရသည်။

သူသည် လူသားမဟုတ်ဝိညာဉ်မဟုတ်သော သတ္တဝါကိုပင် ပိုင်ဆိုင်ထားလေသည်။

သို့သော် ထိုသတ္တဝါများသည် သူတို့အားမတားနိုင်ဟုတွေးရန်အတွက် အလွန်ရိုးရှင်းနေပါသည်။

ဖြန်း….

ကျန်းချန်ရွှမ်၏လက်ထဲမှ ရွှေဗလာနယ်ဓားက ရွှေရောင်အလင်းကို ထုတ်လွတ်လာခဲ့သည်။

ကျီ…..

၎င်းသည် လေထဲတွင် လင်းလက်သွားသည်။

ပြန်လည်ထွက်ပေါ်လာသည်မှာ ၎င်းသည် နတ်ဆိုးမကောင်းဆိုးဝါးများကိုဖြတ်ကျော်သွားပြီး ဟူဝမ်ထျန်း၏ ရင်ဘတ်နားတွင် ပြန်ပေါ်လာခဲ့သည်။

“ဘယ်လို… ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ?”

ဟူဝမ်ထျန်း၏မျက်လုံးများက မယုံနိုင်မှုဖြင့် ပြူးကျယ်သွားခဲ့သည်။

ကျန်းချန်ရွှမ်က စကားပြောမနေတော့ပါ။

လေထဲတွင် အလင်းတန်းတစ်ခုဖြင့်..

ဝုန်း……

အဆုံးမရှိသော ဓားအလင်းက ရွှေဗလာနယ်ဓားပေါ်တွင် လိမ့်တက်လာခဲ့သည်။

ထိုနေရာတွင် ရှူးရှူးရှဲရှဲအသံများမြည်လာခဲ့လေသည်။

ထိုအချိန်တွင် ဟူဝမ်ထျန်း၏ ကာကွယ်ရေးပစ္စည်းများအားလုံး ကွဲကြေသွားခဲ့သည်။

တဆက်တည်းပင် သူသည် ဘာမှမရှိတော့သည်ထိ ပျောက်ကွယ်သွားခဲ့လေတော့သည်။

တစ်ချိန်တည်းမှာပင်။

လွမ်းမိုးနိုင်ကာ ထက်ရှသည့် လျှပ်စီးငါးပါးမသေမျိုးရန်နှိမ်ဓားက ပြင်းထန်စွာဖြင့် နတ်ဆိုးမကောင်းဆိုးဝါး၏ ကြီးမားသော ခန္ဓာကိုယ်ကို ဖြတ်ကျော်သွားတော့သည်။

ဂလောင်….

ကန့်သတ်မဲ့ မိုးကြိုးများက လင်းလက်သွားသည်။

မရေတွက်နိုင်သည့် ရွှေရောင်မိုးကြိုးသွားများက ရောယှက်နေပေသည်။

၎င်းသည် နတ်ဘုရားနတ်ဆိုးနှိမ်မိုးကြိုးဖြစ်ကာ နတ်ဆိုးသတ္တဝါများအတွက် အသက်ရောက်ဆုံး ဖြစ်သည်။

ဟိန်းသံများ….

နတ်ဆိုးမကောင်းဆိုးဝါးများက ကောင်းကင်ပေါ်တွင် ဟိန်းနေကြသည်။

သို့ရာတွင် ခနအကြာတွင် ပြင်းထန်သောမိုးကြိုး၏ အောက်တွင် ၎င်း၏ကြီးမားသော ခန္ဓာကိုယ်က တဆင့်ချင်းပျက်စီးသွားပြီး ပြာအဖြစ်ပြောင်းလဲသွားတော့သည်။

သုံးစက္ကန့်သာ မိုက်သည် ဟူသောစကားစုသည် နတ်ဆိုးမကောင်းဆိုးဝါးများအတွက် အပြည့်အဝ ဖော်ပြထားပုံရသည်။

ဝှစ်…..

ထိုအချိန်တင်၊ ရှန်းဟယ်ယွင်သည် ဝေးလံသော အရပ်သို့ သွားပြီဖြစ်သည်။

ကြောက်ရွံ့ခြင်းက သူ၏နှလုံးသားတွင် ပြည့်နေသည်။

အထူးသဖြင့် ဟူဝမ်ထျန်းနှင့် သူ၏နတ်ဆိုးသခင်က ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လက်အောက်တွင် ကျဆုံးသွားသည်ကိုမြင်လျှင် သူ၏ကြောက်ရွံ့မှုက ကြီးမားလာသည်။

အမြန်ဆုံး၊ သူသည် အမြန်ဆုံးလှုပ်ရှားရမည်။

သူသည် အတွင်း၌ အော်ဟစ်လိုက်ပြီး သူ၏ဓမ္မစွမ်းအားကို လောင်ကျွမ်းပစ်လိုက်သည်။

သူ၏မူလဝိညာဉ်က ထိုအချိန်တွင် ပြည့်ဝစွာဖွဲ့စည်းသွားပြီး ကျန်းချန်ရွှမ်နှင့် ကျန်းချန်ရွှမ်တို့ ဆီမှ လွတ်မြောက်ရန် မျှော်လင့်ချက်ဖြင့်ပြည့်နေသည်။

သို့ရာတွင်၊ သူ၏ကြက်သီးထကာ တုန်လှုပ်ခြောက်ခြားမှုဖြင့် ကောင်းကင်မြင့်ပေါ်တွင် မိုင်ပေါင်း တစ်သောင်းထိ ဖြတ်သန်းသွားခဲ့ပြီး ဂယက်များက ရုတ်တရက် နေရာလပ်ထဲတွင် ပျံ့နှံသွားခဲ့သည်။

သူ၏ပုံရိပ်ကထိုနေရာတွင် မရွေ့လျားနေသကဲ့သို့ ဖြစ်နေသည်။

သူ၏ဓမ္မစွမ်းအားကိုတိုးမြင့်ရန် မည်မျှကြိုးစားပါစေ၊ သူ၏မူလဝိညာဉ်မည်မျှလောင်ကျွမ်းနေပါစေ သို့ နေရာလပ်ကို ထိုးခွဲနေပါစေ၊ အလကားပင်ဖြစ်သည်။

ဘာလို့လဲ? ဘာတွေဖြစ်နေတာလဲ?

သူက နှလုံးသားထဲအော်ဟစ်လိုက်သည်။

ငါက အသက်ရှင်ချင်ရုံပါ။ ငါက ဘာလို့သေရမှာလဲ?

ဝုန်း……

ရုတ်တရက် ရှန်းဟယ်ယွင်၏ မျက်လုံးက သွေးနီရောင်သို့ပြောင်းလဲသွားပြီး သူ၏အရောင်အဝါသည် ယခင်ကထပ် သုံးဆ ကြီးမားလာခဲ့သည်။

“ဘာ?”

လေထဲတွင် အံ့ဩသံက ပဲ့တင်ထပ်သွားသည်။

ခနအကြာတွင်၊ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်သည် ရှန်းဟယ်ယွင်၏ရှေ့တွင် ပေါ်လာခဲ့သည်။

“ဒါက နတ်ဆိုးရူးသွပ်ခြင်းထဲကျသွားတဲ့ လက္ခဏာလား?”

ကျန်းချန်ရွှမ်က မျက်မှောင်ကုပ်လိုက်သည်။

ရှန်းရူယန်က ခေါင်းညိတ်လိုက်သည်။ “ကြည့်ရတာတော့ အဲ့လိုပဲ။”

ခနရပ်သွားပြီး သူမက ဆက်ပြောလိုက်သည်။ “ယောက်ျား၊ အနှစ်သာရကိုးပါးကျင့်ကြံခြင်းလောကမှာ ကျင့်ကြံသူတွေ ကျင့်ကြံရာမှာ နတ်ဆိုးရူးသွပ်ခြင်းထဲကို ကျရောက်နေတဲ့နှုန်းက များနေပြီဆိုတာ သတိထားမိလား?

သူတို့ရဲ့စိတ်မှာ အပြစ်အနာအဆာနည်းနည်းတွေ့ရင်တောင် သူတို့ကို ပြင်ပမကောင်းဆိုးဝါးတွေအဖြစ် လုပ်ပစ်လိုက်နိုင်တယ်။”

“ဒါက အရမ်းမှန်တယ်။”

ကျန်းချန်ရွှမ်က သဘောတူညီစွာ ခေါင်းညိတ်လိုက်သည်။

“ဒါက အရှေ့ပိုင်းနဲ့ အလယ်ပိုင်းလွင်ပြင်ဒေသကနေလုပ်တာဖြစ်နိုင်တယ်။ အိုး.. ပြီးတော့ ဒီနတ်ဆိုးတွေ။

သူတို့က ကျင့်ကြံသူတွေနဲ့ သားရဲတွေအများကြီးကို နတ်ဆိုးမကောင်းဆိုးဝါးအဖြစ် ပြောင်းလဲ လိုက်တာကို သတိမပြုမိသေးတာဖြစ်နိုင်တယ်။ ပြောင်းလဲမှုနည်းနည်းက ဒီလောကမှာတွေ့နေရပြီ။ ဒီအပြောင်းအလဲတွေက တိတ်ဆိတ်ပြီး မှန်မှန်ဖြစ်ပေါ်နေတာ။

အကယ်၍ ဒီအခြေအနေအတိုင်း ဆက်ဖြစ်နေရင် အနာဂတ်မှာဒီလောကက သာမန်ကျင့်ကြံသူနဲ့ နတ်ဆိုးတွေအတွက် ကျင့်ကြံဖို့ သင့်တော်မှာမဟုတ်တော့ဘူး။

သူတို့ရဲ့အပြုအမူက သူတို့သေတွင်းသူတို့တူးလိုက်တာပဲ။ သူတို့က တကယ်ပဲ အခြားတစ်ဖက်က သူတို့ကို ဘာမှမယူဘဲ ကူညီမယ်လို့ထင်နေတာလား?

သူတို့နည်းနည်းပဲသိရုံနဲ့ မဟာမိတ်ဖွဲ့ဖို့ သဘောတူတဲ့နေ့ကစပြီး တန်ကြေးကို ပေးနေရပြီ။”

ထိုအချိန်တွင်၊ ကျန်းချန်ရွှမ်ကော ရှန်းရူယန်ပါ ရှန်းဟယ်ယွင်အား သတ်ရန်အတွက် အလောတကြီး မဖြစ်နေပါ။

သူတို့သည် ထိုရူးသွပ်ခြင်းအဆင့်က မည်မျှထိသွားမည်ကို သိချင်နေကြသည်။

ဟိန်းသံများ….

ဖြည်းညှင်းစွာဖြင့်၊

အချိန်ကုန်လာသည်နှင့် ရှန်းဟယ်ယွင်၏ အခြေအနေသည် ပိုဆိုးလာသည်။

သူ၏မျက်စိမှ သွေးအနီရောင်က စတင်၍ အနက်ရောင်ပြောင်းနေကာ မသိစွာပင် သူ၏အရောင်အဝါက စတင်၍ နတ်ဆိုးအရည်အသွေးက အစားထိုးနေခဲ့သည်။

သူ၏မူလသန့်စင်သောယန်စစ်မှန်ရတနာက ထူးဆန်းသော ပြောင်းလဲမှုအောက်တွင် ရှိနေကာ တဖြည်းဖြည်းနှင့် နတ်ဆိုးရတနာအဖြစ် ပြောင်းလဲသွားခဲ့လေသည်။

အချိန်ပို၍ ကုန်လာသည်နှင့် ရှန်းဟယ်ယွင်၏ အသွင်အပြင်သည် မမှတ်မိနိုင်တော့သည်အထိ ဖြစ်လာသည်။

သူ၏ခန္ဓာကိုယ်သည် အနက်ရောင်ကြေးခွံများဖြင့် ဖုံးအုပ်လာခဲ့ကာ အနက်ရောင်ဦးချိုက သူ၏ ခေါင်းပေါ်မှ ထွက်ပေါ်လာသည်။

သူသည် နတ်ဆိုးမကောင်းဆိုးဝါးအဖြစ်ပြောင်းလဲသွားခဲ့ပြီး သူ၏လူသားပုံစံသည်လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

***

All Chapters