စွမ်းအားပြည့်တိုက်ခိုက်ခြင်း၊ အလယ်ပိုင်းလွင်ပြင်အား တိုက်ခိုက်ခြင်း
Vol. 36 Ch. 680
“ဒီလိုနတ်ဆိုးရူးသွပ်ခြင်းထဲကျရောက်သွားခြင်းက သူရဲ့ကံကြမ္မာပဲလား?”
ကျန်းချန်ရွှမ်က မနေနိုင်ဘဲ မျက်မှောင်ကုပ်လိုက်သည်။
သူနှင့် ရှန်းရူယန်အား နတ်ဆိုးမျက်လုံးများနှင့် ကြည့်နေသော ရှန်းဟယ်ယွင်ကိုကြည့်ကာ၊ နှစ်ဦးစလုံးသည် ခံစားချက်များလေးပင်နေကြသည်။ နတ်ဆိုးအဖြစ်သို့ပြောင်းလဲသွားသည့် ရှန်းဟယ်ယွင်က သူတို့အတွက် ချိန်ခြောက်မှုဖြစ်နေခြင်းကြောင့်မဟုတ်ဘဲ ဤလောက၏ ပြောင်းလဲမှုက သူတို့မျှော်လင့်ထားသည်ထပ် ကျော်လွန်နေသောကြောင့်ဖြစ်သည်။
ကြည့်ရသည်မှာ ဤကိစ္စပြီးလျှင် စောင့်နေ၍ မရတော့ပေ။
သူတို့သည် ရန်သူများအား အမြန်ဆုံးတတ်နိုင်သမျှ ရှင်းပစ်ရမည်။
မဟုတ်လျှင်၊ ပြင်ပလောကမှ အရာများဝင်ရောက်နှောက်ယှက်မှုပင်မလိုဘဲ အနှစ်သာရကိုးပါး ကျင့်ကြံရေးလောကက အတွင်းထဲမှပင် ပြိုလဲသွားတော့မည်ဖြစ်သည်။
ထိုစိတ်ဖြင့် ကျန်းချန်ရွှမ်သည် ဆက်လက်၍ စောင့်ဆိုင်းမနေတော့ပါ။
သူသည် လက်ကိုမြောက်ကာ လှုပ်ယမ်းလိုက်သည်နှင့် ဂလောင် ဟူသောအသံမြည်သွားသည်။
အဆင့် ၆ သန့်စင်သောယန်စစ်မှန်ရတနာ နတ်ဆိုးခုတ်ဝိညာဉ်ဓားက ရုတ်တရက် တောက်ပသည့်ဓားအလင်းအဖြစ်ပြောင်းလဲသွားသည်။
လျှပ်တစ်ပြက်အချိန်တွင် ၎င်းသည် ရှန်းဟယ်ယွင်၏နဖူးကို ထိုးခွဲလိုက်လေသည်။
ချက်ခြင်းပင် သူ၏ခန္ဓာကိုယ်မှ နတ်ဆိုးမီးတောက်များက ပျောက်ကွယ်သွားကာ သူ၏ခန္ဓာကိုယ်သည် နတ်ဆိုးခုတ်ဝိညာဉ်ဓားအလင်းအောက်တွင် ချေမှုန်းခံလိုက်ရသည်။
ပျောက်ကွယ်မသွားမီတွင် ရှန်းဟယ်ယွင်က သူ၏အသိပြန်ရလာသည့်ပုံပေါ်ကာ သူ၏မျက်လုံးများက နောင်တတရားကို ဖော်ပြနေသည်။
“ငါတို့မှားသွားပြီ။ ငါတို့ရွေးချယ်မှုအားလုံး မှားသွားပြီ။”
ဝုန်း….
ထိုနောက်ဆုံးစကားဖြင့် ရှန်းဟယ်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် လုံးဝ နတ်ဆိုးခုတ်ဝိညာဉ်ဓား အလင်းဖြင့် ဖုံးလွှမ်းခံလိုက်ရသည်။
..........
အချိန်တစ်ချို့ကြာပြီးနောက်၊
နေထွက်ရာခန်းမဆောင်၏အတွင်းတွင်ဖြစ်သည်။
ကျန်းချန်ရွှမ်သည် အပြာရောင်လမင်းနှင့် ခုန်းမင်တို့အားကြည့်ကာ တည်ငြိမ်စွာပြောလိုက်သည်။
“ခင်ဗျားတို့နှစ်ဦးလုံး ကျုပ်တို့အနှစ်သာရကိုးပါးကျင့်ကြံရေးလောကရဲ့လက်ရှိအခြေအနေကို သေချာသိမှာပါ။ ကျုပ်တို့အတွက် အချိန်သိပ်မကျန်တော့ဘူး။
အကယ်၍ ဖြစ်နိုင်ရင်၊ ကျုပ်တို့ အင်အားကုန်သုံးပြီး အရှေ့ပိုင်းကို တတ်နိုင်သမျှအမြန် ရှင်းလင်းရေး လုပ်ရတော့မယ်။
အထူးသဖြင့် အဓိကဝိညာဉ်ဖွဲ့စည်းခြင်းအင်အားစုလေးခုနဲ့ သူတို့ကို သစ္စာခံတဲ့အင်အားစုတွေကိုပဲ။ သူတို့က သဘောတစ်ခုတည်းဖြစ်ရမယ်။ ကျုပ်ပြောတာကို သဘောပေါက်ရဲ့လား?”
အပြာရောင်လမင်းနှင့် ခုန်းမင်တို့က အကြည့်ချင်းဖလှယ်လိုက်ကြပြီး အတူ ခေါင်းညိတ်လိုက်ကြသည်။
“တာအိုရောင်းရင်းကျန်း ကျွန်တော်တို့ ခင်ဗျားပြောတာကိုနားလည်ပါတယ်။
စိတ်မပူပါနဲ့။ တစ်လအတွင် ကျွန်တော်တို့ သေချာပေါက် အဓိကဝိညာဉ်ဖွဲ့စည်းခြင်းအင်အားစု လေးခုကို ရှင်းလင်းလိုက်ပါ့မယ်။”
“ကောင်းပြီ။”
ကျန်းချန်ရွှမ်က ကျေနပ်စွာခေါင်းညိတ်လိုက်သည်။
ထို့နောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်က သူတို့အား ညွှန်ကြားချက်တစ်ချို့ထပ်၍ ပေးခဲ့သည်။
သူတို့သည် အရှေ့ပိုင်းတွင် ဆက်မနေတော့ဘဲ အလယ်ပိုင်းလွင်ပြင်သို့ ဦးတည်၍ သွားလိုက်လေသည်။
ထိုအချိန်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အကယ်၍ အနှစ်သာရကိုးပါးကျင့်ကြံရေးလောက ထဲမှ ထိုမတည်ငြိမ်သောအခြေအနေများအား အမြန်ဆုံးဖြေရှင်းခြင်းမပြုလျှင် သူတို့၏ အနှစ်သာရကိုးပါးကျင့်ကြံရေးလောက တစ်ခုလုံးသည် ကမ္ဘာပျက်ကိန်းနှင့် ကြုံတွေ့ရနိုင်ပေသည်။
ထိုအချိန်တွင်။
သူတို့သည်သာမက အနှစ်သာရကိုးပါး ကျင့်ကြံရေးလောကထဲမှ သက်ရှိအားလုံးသည် အဆုံးသတ် တစ်ခုတည်းသို့အတူရောက်ရတော့မည်။
ထို့ကြောင့်၊
ထိုအချိန်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်က သူတို့၏စိတ်ကို ပြင်ဆင်ကာ ပြင်ပလောကနှင့် အဆက်အသွယ် ရှိနေသော နတ်ဆိုးမျိုးနွယ်အပါအဝင် အလယ်ပိုင်းလွင်ပြင်မှ အင်အားစုအားလုံးကို လုံးဝရှင်းလင်းပစ်ရန် စိတ်ပိုင်းဖြတ်ထားလေသည်။
ဝုန်း…….
ထို့ကြောင့်၊
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်က အလယ်ပိုင်းလွင်ပြင်၏ နယ်နိမိတ်တွင် ပေါ်လာချိန်တွင် များစွာသော တိုက်သင်္ဘောများက သူတို့ဆီသို့ မနီးမဝေးမှ ပျံသန်းလာကြပေသည်။
ထိုတိုက်သင်္ဘောများပေါ်တွင်မူ။
ကောင်းကင်သခင် အဆုံးမဲ့ပင်လယ်၊ ကောင်းကင်သခင် ရုန်ဟန်ကျီရှန်း၊ ကောင်းကင်သခင်ရွှမ်းယန်၊ တုန်းဖန်ထျန်းရှင်း၊ မုရုံရှန်းနှင့် အခြားဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင် ငါးဦးလည်း ရှိနေသည်။
မကြာသေးမီအချိန်အတွင်း။
ထိုစုံတွဲသည် မြောက်ပိုင်းနယ်နိမိတ်နှင့် အနောက်ပိုင်းသဲကန္တာရမှ အင်အားစုအားလုံးကို ခေါ်ယူ လာခဲ့လေသည်။
ထိုအချိန်တွင် ကြီးမားသောတိုက်ပွဲက ကျရောက်လာပြီဖြစ်ကြောင်း လူတိုင်း ရှင်းလင်းနေကြသည်။
အကယ်၍ သူတို့သည် အလယ်ပိုင်းလွင်ပြင်မှ အင်အားစုများနှင့် နတ်ဆိုးမျိုးနွယ်အားအချိန်တိုအတွင်း မရှင်းပစ်နိုင်လျှင်၊ သူတို့အင်အားကောင်းနေသည်ကို ထိန်းသိမ်းထားသည်က အဓိပ္ပာယ်မရှိဖြစ်ပေမည်။
ဖျက်ဆီးခံရမည်ကို စောင့်နေခြင်းထပ်၊ ကြိုတင်၍ အခြေအနေကို ဖန်တီးယူခြင်းက ပို၍ ကောင်းပါသည်။
သူတို့၏ ရည်ရွယ်ချက်က ရန်သူကို အငိုက်ဖမ်းရန်ဖြစ်သည်။
အမှန်မှာ ကျန်းချန်ရွှမ်၏လှုပ်ရှားမှုသည် သေချာသော သက်ရောက်မှုကို ရရှိနိုင်ခဲ့သည်။
ကျန်းချန်ရွှမ်၏ ကျင့်ကြံသူစစ်တပ်က အလယ်ပိုင်းလွင်ပြင်ရှိ ဂိုဏ်းများနှင့် မိသားစုများ၏ရှေ့တွင် ပေါ်လာသောအခါ လူတိုင်း၏မျက်နှာက မယုံကြည်နိုင်မှုကိုပြနေကြသည်။
မည်သူမှ ကျန်းချန်ရွှမ်က ဤမျှလောက်ပြတ်သားသည့် လှုပ်ရှားမှုကိုလုပ်လိမ့်မည်ဟု မထင်ထားကြပါ။
သူတို့သည် သေသည်အထိတိုက်ခိုက်ကြမည်ဖြစ်သည်။
ခနအကြာတွင် အလယ်ပိုင်းလွင်ပြင်ဒေသသည် ဖရိုဖရဲဖြစ်လာခဲ့သည်။
အထူးသဖြင့် ကျင့်ကြံသူများ၊ မိသားစုများနှင့် ဂိုဏ်းများသည် ကျန်းချန်ရွှမ်နှင့် သူ့ဇနီး၏ စွမ်းအားကို သိကြရာ သူတို့၏ကြောက်ရွံ့မှုကို မဖုံးကွယ်နိုင်ခဲ့ပါ။
.......
မဟာလင်းအင်ပါယာနန်းတော်၏ အတွင်းထဲတွင်၊
လက်ရှိ မဟာလင်းအင်ပါယာ၏ ဧကရာဇ်က မဲမှောင်နေသည့် အမူအရာဖြစ်နေသည်။
သူသည် အောက်တွင်ရှိနေသော အမတ်များကိုကြည့်ကာ အေးစက်နေသောအသံနှင့် မေးလိုက်သည်။
“ဘာတွေဖြစ်နေလဲဆိုတာ တိတိကျကျတစ်ယောက်လောက် ငါကိုပြောကြပါဦး။
ဒီလိုအဓိကအခြေအနေကြီးက ငါတို့ သတင်းတောင်မရဘဲ ဘယ်လိုလုပ်ဖြစ်လာရတာလဲ?”
တိတ်ဆိတ်နေကြသည်။
ရှင်းလင်းစွာပင် လူတိုင်းက ဤအခြေအနေအတွင်းတွင် သူတို့၏ ကောင်းကင်ဘုံလျို့ဝှက်ချက်များ ကြိုမြင်ခြင်းအာရုံကို ပိတ်ပင်ထားသည့် တွက်ချက်ခြင်းဆရာတစ်ဦးရှိလိမ့်မည်ကို နားလည်ကြသည်။
အဓိကအချက်မှာ သူတို့သည် ယခုထိ အရှေ့ပိုင်းတွင် ဖြစ်ပျက်သွားသည့်အရာများကို မသိရသေးခြင်း ဖြစ်သည်။
“အရှင် အခုအရေးအကြီးဆုံးအချက်က ဒီတိုက်ပွဲကို ဘယ်လိုရင်ဆိုင်မလဲဆိုတဲ့နည်းလမ်းကို စဉ်းစားဖို့ပါ။”
ထိုအချိန်တွင် ကောင်းကင်ဂိတ်ဝဂိုဏ်းမှ ကျင့်ကြံသူက ရုတ်တရက် ရှေ့ထွက်လာသည်။
သူက ဆက်၍ ပြောလိုက်သည်။
“ကျွန်တော့ အမြင်အရ၊ ကျွန်တော်တို့နတ်ဆိုးမျိုးနွယ်ကို ချက်ခြင်းဆက်သွယ်ပြီး သူတို့ကို မြောက်ပိုင်းနဲ့ အနောက်ပိုင်းကို သွားပြီး အနောက်ကတိုက်ခိုက်ဖို့ ပြောရမယ်။”
***