စွမ်းအားပြည့်တိုက်ခိုက်ခြင်း၊ အလယ်ပိုင်းလွင်ပြင်အား တိုက်ခိုက်ခြင်း (၂)
Vol. 36 Ch. 681
"ဒါက ကျုပ်တို့ရဲ့လက်ရှိအခြေအနေကို ယာယီဖြေရှင်းနိုင်လိမ့်မယ်။”
သူ၏စကားများကို ရှိနေသောသူများအားလုံး သဘောတူကြသည်။ မဟာလင်းဧကရာဇ်ပင် တဖြည်းဖြည်းစိတ်တည်ငြိမ်သွားသည်။
သူသည် ယခုလေးတင်စကားပြောသွားသောသူအား ခေါင်းညိတ်ပြလိုက်သည်။
“အမတ်ကျန်း၊ ကျုပ် ဒီကိစ္စကို မင်းကိုအပ်လိုက်မယ်။”
“ဟုတ်ကဲ့ပါ။”
အမတ်ကျန်းဟုခေါ်သော ပိုးသားဝတ်ရုံနှင့် လူက နတ်ဆိုးမျိုးနွယ်အားဆက်သွယ်ရန် အထူး ဆက်သွယ်ရေးကျောက်စိမ်းအဆောင်ကို ထုတ်လိုက်သည်။
သို့ရာတွင် အဆောင်မှတစ်ဆင့် သတင်းပို့ရန် ကြိုးစားသည်နှင့် သူတို့၏ဘက်မှ သတင်းပို့၍ မရကြောင်း ထိတ်လန့်စွာ သိလိုက်ရသည်။
ဒါက..ဒါက…ဒါက…
ဘာဖြစ်တာလဲ?
ထိုအချိန်တွင် အမတ်ကျန်း၏နဖူးပေါ်တွင် ချွေးများ ထွက်လာလေသည်။
အခြားသူများသည်လည်း သူ၏ပုံမမှန်သည့် တုံ့ပြန်မှုကို သတိပြုမိကြသည်။
သူ၏ဘေးတွင် ရှိနေသော ရှောင်ထိုက်ဝမ်က မျက်မှောင်ကုပ်ကာ မေးလိုက်သည်။
“ဘာဖြစ်တာလဲ? သတင်းမပို့ရသေးဘူးလား? ဒါမှမဟုတ် နတ်ဆိုးမျိုးနွယ်က ပြန်မဖြေလို့လား?”
ရှောင်ထိုက်ဝမ်၏ စကားကိုကြားလျှင် အမတ်ကျန်း၏နဖူး၌ ချွေးများပို၍ ထွက်လာတော့သည်။
သူသည် စကားထစ်နေကာ နောက်ဆုံး၌ အံကြိတ်ပြီးနောက် ဧကရာဇ်အား မသက်မသာအမူအရာဖြင့် ကြည့်လိုက်လေသည်။
“အရှင် ကျွန်တော်တို့ သတင်းပို့လို့မရပါဘူး။”
“ဘာ?”
အမတ်ကျန်း၏စကားက တည်ငြိမ်နေသောရေကန်ထဲကျောက်တုံးချလိုက်သကဲ့သို့ ဂယက်ထသွား စေခဲ့သည်။
မဟာလင်းအင်ပါယာ၏ ဧကရာဇ်ွက တုန်လှုပ်စွာထလာပြီး သူ၏မျက်နှာက မယုံကြည်နိုင်ဖြစ်နေသည်။
“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ?”
အခြားသူများကလည်းတူညီစွာပင် တုံ့ပြန်ကြသည်။
အမြန်ပင် တစ်ယောက်ကလည်း သူတို့၏ ဆက်သွယ်ရေးကျောက်စိမ်းအဆောင်များကို ထုတ်လာကာ သတင်းပို့ကြည့်လေသည်။
သူတို့ထိတ်လန့်သွားရလောက်အောင်ပင် သူတို့၏သတင်းစကားများသည် အမတ်ကျန်းကဲ့သို့ပင် ပို့၍ မရဘဲဖြစ်နေသည်။
“ဘာ…ဘာတွေဖြစ်နေတာလဲ?”
မသိစိတ်မှ အေးစက်သည့် ချွေးများက လူတိုင်း၏နဖူးပေါ်တွင် ပေါ်လာခဲ့သည်။
“မဟုတ်ဘူး။ ဒါမမှန်ဘူး။”
ရုတ်တရက် အခြားသူတစ်ယောက်က ပြောလိုက်သည်။ “သတင်းကို ပို့လို့မရတာတင်မဟုတ်ဘူး။ အပြင်ကသတင်းတွေလည်း မရဘူး။”
“အပြင်ကသတင်းစကားတွေကော……”
လူတိုင်၏မျက်လုံးများကျဉ်းသွားကြသည်။
ခနအကြာတွင် လူတိုင်းက ထိုသူပြောသည်မှာ မှန်ကန်ကြောင်း အတည်ပြုလိုက်ကြသည်။
ထိုအချိန်တွင်၊ မဟာလင်းဧကရာဇ်နှင့် ရှောင်ထိုက်ဝမ်အပါအဝင် လူတိုင်း၏မျက်နှာများက မဲမှောင်နေကြသည်။
ရုတ်တရက်။
ဧကရာဇ်၏ အကြည့်သည် ခန်းမ၏အခြားတစ်ဖက်သို့ရောက်သွားလေသည်။
ထိုနေရာ၌ အနက်ရောင်ဝတ်ရုံဖြင့်ရပ်နေသောသူမှာ အရှင် ဟွင်ထျန်းဖြစ်သည်။
မဟာလင်းဧကရာဇ်က သူ့အား မေးလိုက်သည်။
“အရှင် ဟွင်ထျန်း၊ ဘာတွေဖြစ်နေလဲဆိုတာ မေးလို့ရမလား? ပြီးတော့ ကျုပ်တို့ဒီအခြေအနေကို ဘယ်လိုရင်ဆိုင်သင့်လဲ?” ဧကရာဇ်၏ စကားကိုကြားလျှင် လူတိုင်းက မျက်လုံးများ တောက်ပလာကြသည်။
မှန်ပါသည်။
သူတို့အားလုံးထဲတွင် အရှင်ဟွင်ထျန်းသည် သူ၏စွမ်းရည်ဖြင့် ဤကိစ္စ၏နောက်ကွယ်မှ အကြောင်းအရာကို နားလည်ပြီး အဖြေကိုရှာနိုင်မည်ဖြစ်သည်။
သို့ရာတွင်၊ လူတိုင်းစိတ်ပျက်သွားရစေရန်အတွက် အားလုံး၏မျက်လုံးများက အရှင်ဟွင်ထျန်းဆီသို့ ရောက်သွားသည့်အချိန်တွင် သူသည်လည်း သူတို့ကဲ့သို့ ညိုမှိုင်းနေကြောင်း တွေ့လိုက်ရသည်။
“အရှင်…အရှင်ဟွင်ထျန်း..?”
လူတိုင်း မသိစိတ်မှ အော်လိုက်ကြသည်။
အရှင်ဟွင်ထျန်းသည် ခေါင်းကိုခါလိုက်သည်။
“အကယ်၍ ကျုပ်မမှားရင်၊ ရန်သူက ကျုပ်တို့ကို ပြင်ပအဆက်အသွယ်တွေအားလုံးပြတ်သွားအောင် အထူးနည်းလမ်းတစ်ခု သုံးထားတယ်။
ကျုပ်နဲ့ ကျုပ်ဆရာရဲ့ကြားကဆက်သွယ်မှုတောင် ဖြတ်တောက်ခံလိုက်ရတယ်။”
“ဘာ? ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ?”
လူတိုင်းက ထပ်မံ၍ ထိတ်လန့်သွားရသည်။
သူတို့သည် သူတို့၏ ရန်သူက ထိုကဲ့သို့လုပ်နိုင်စွမ်းရှိနိုင်သည်ကို နားမလည်ခဲ့ကြပေ။
အရှင်ဟွင်ထျန်းနှင့် သူ၏သခင်ကြားရှိ အဆက်အသွယ်ကိုဖြတ်တောက်နိုင်ရန် ပြင်းထန်သောစွမ်းအားလိုအပ်မည်ဖြစ်သည်။
ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်သည်ပင် ထိုကဲ့သို့စွမ်းအားကို ရှိနိုင်မည်လား?
သူတို့မသိခဲ့သည်မှာ ကျန်းချန်ရွှမ်က ထိုကဲ့သို့လုပ်နိုင်စွမ်းရှိသည့်အရာဝတ္ထုကိုပိုင်ဆိုင်ခြင်းပင်ဖြစ်သည်။ စနစ်မှရရှိထားသည့် အထူးသန့်စင်ထားသော အစီအရင်ချပ်ပြားဝိုင်း ပင်ဖြစ်သည်။
ထိုအစီအရင်ချပ်ပြားဝိုင်းသည် ဗလာနယ်ပြန်ဝိညာဉ်သခင်တစ်ဦးကိုပင် အချိန်အနည်းငယ် ကန့်သတ်နိုင်ပြီး အလယ်ပိုင်းလွင်ပြင်၊ နတ်ဆိုးပိုင်းနက်နှင့် အခြားဒေသများကြားရှိ ဆက်သွယ်ရေးကို ဖြတ်တောက်ထားနိုင်သည်။
.....
ထိုအချိန်တွင်၊
ကျန်းချန်ရွှမ်သည် အလယ်ပိုင်းလွင်ပြင်၏ အမြင့်ဆုံးကောင်းကင်ပေါ်တွင် လွင့်မျောနေသည့် မဟာလင်းအင်ပါယာနန်းတော်ကိုကြည့်ကာ သူ၏မျက်စိထဲတွင် အေးစက်မှုက ပေါ်လာခဲ့လေသည်။
တုံ့ဆိုင်းမှုမရှိတော့ဘဲ။
သူ၏ပုံရိပ်သည် မြင့်မားသွားပြီး မျက်စိတမှိတ်အတွင်း ပေတစ်ရာအထိမြင့်မားသွားခဲ့လေသည်။
သူ၏ခန္ဓာကိုယ်သည် တောက်ပသော နေကဲ့သို့ အရောင်အဝါများထွက်နေကာ မီးဖိုကို ကိုယ်စားပြုနေသည်။
၎င်းသည် ချက်ခြင်းပင် ပတ်ဝန်းကျင်ရှိ နတ်ဆိုးချီများ၏ သဲလွန်စများအား ရှူးရှူးရှဲရှဲအသံများ မြည်ကာ အငွေ့ပျံသွားစေခဲ့သည်။
ဝုန်း…..
ထိုအချိန်တွင်၊ ကြီးမားသော နဂါးနှင့် ဆင်အရိပ်များက ကျန်းချန်ရွှမ်၏ နောက်တွင် ပေါ်လာခဲ့လေသည်။
ပြီးနောက် သူ၏လက်သည် အလွန် သန့်စင်ကာ၊ လွှမ်းမိုးနိုင်ပြီး အင်အားကြီး၍ ကြီးမားသည့် လက်သီးအရိပ်ကို ဖွဲ့စည်းလိုက်ပြီး ပြင်းထန်သော စွမ်းအားဖြင့် ထိုးလိုက်လေသည်။
ဝုန်း…..
နေရာလပ်သည် ရုတ်တရက် ပြိုကွဲသွားပြိး ကြီးမားသည့် တွင်းနက်ကြီးကို ဖန်တီးလိုက်သည်။
ဖရိုဖရဲစွမ်းအားများက ထိုအတွင်း၌ လူးလွန့်နေသည်။
ကျန်းချန်ရွှမ်၏ ထိုးချက်က တကယ်ပင် ဤကမ္ဘာ၏ လေဟာနယ်ထဲတွင် ထိုးဖောက်သွားခဲ့သည်။
ဝုန်း…..
....
ထိုအချိန်တွင်၊
ကောင်းကင်မြင့်ပေါ်တွင် လွင့်မျောနေသည့် မဟာလင်းအင်ပါယာနန်းတော်မှ ရုတ်တရက် အလွန်ကျယ်ပြန့်သောအလင်း ပေါက်ထွက်လာခဲ့သည်။
လိမ့်တက်လာသည့်စွမ်းအင်လှိုင်းများက ဆက်လက်၍ ထိုနန်းတော်၏ အကာအကွယ်အစီအရင် ကျောက်စာများအား တလက်လက်ဖြစ်သွားစေခဲ့သည်။
မဟာလင်းအင်ပါယာနန်းတော်၏ အဆင့် ၆ အကာအကွယ်အစီအရင်သည် လုံးဝ အသက်ဝင် လာပုံရသည်။
နန်းတော်အတွင်းတွင်ရှိနေသော မဟာလင်းဧကရာဇ်၊ ရှောင်ထိုက်ဝမ်၊ အရှင်ဟွင်ထျန်းနျင့် အခြားသူများက သူတို့၏အောက်တွင်ရှိသောမြေကြီးက ပြင်းထန်စွာလှုပ်ခတ်နေကြောင်း ခံစားခဲ့ရသည်။
စူးရှသည့်အလင်းက ပေါက်ထွက်လာခဲ့သည်။
ထိုအချိန်တွင် သူတို့သည် ပြင်းထန်သည့်မုန်တိုင်းမိနေသာ ပင်လယ်ထဲရှိသင်္ဘောကဲ့သို့ အချိန်မရွေး မှောက်နိုင်သည့် အခြေအနေတွင်ရောက်နေသည်။
“ခွေးကောင်တွေ…”
မဟာလင်းဧကရာဇ်က ဒေါသဖြင့် အော်ဟစ်လိုက်သည်။
ထိုအချိန်တွင် အကယ်၍ သူသည် ဘာဖြစ်နေသည်ကို မသိသေးလျှင် သူသည် နားလည်နိုင်စွမ်း၌ အလွန်နှေးကွေးနေလိမ့်မည်။
ရှိနေသောသူများသည်လည်း မျက်နှာအမူအရာများ မဲမှောင်နေကြသည်။
သူတို့သည် အခြားတစ်ဖက်က ဤမျှလောက်မြန်ဆန်လိမ့်မည်ဟု မထင်ထားခဲ့ကြပါ။
သူတို့က ရင်ဆိုင်တိုက်ခိုက်ရန် ဆွေးနွေးနေဆဲအချိန်တွင် ကျန်းချန်ရွှမ်က သူတို့အားတိုက်ခိုက်မှုကိုစတင်နေပြီဖြစ်သည်။
ဝုန်း…ဝုန်း….ဝုန်း….
ချက်ခြင်းပင်၊ အခြား တူညီသည့် စွမ်းအားရှိသော လက်သီးအရိပ်က ကျန်းချန်ရွှမ်၏လက်မှ ထပ်မံ၍ ထွက်ပေါ်လာခဲ့သည်။
ထိုအချိန်တွင် သူသည် လက်သီးကိုးခုကို အစဉ်လိုက် ပစ်လွတ်လိုက်သည်။
ကျယ်လောင်သည့် အုန်း အုန်း မြည်သံများသည် ဆက်တိုက်ပဲ့တင်ထပ်လာခဲ့သည်။
ဆက်တိုက်တလက်လက်တောက်ပနေသည့် မဟာလင်းအင်ပါယာနန်းတော်၏ အကာအကွယ်အစီအရင်မှ အလင်းများနှင့် အတူ ကျန်းချန်ရွှမ်၏ဘက်မှ လူတိုင်းက မျက်နှာပေါ်တွင် ထိတ်လန့်နေပုံများပြနေကြသည်။
တာအိုရောင်းရင်းကျန်း၏တိုက်ခိုက်မှုက ဝိညာဉ်ဖွဲ့စည်းခြင်းနောက်ဆုံးအဆင့်၏ အဝင်ဝသို့ ရောက်နေသည်မှာ ဟုတ်ပါသလား?
မဟုတ်လျှင်၊ မဟာလင်းအင်ပါယာနန်းတော်၏ အဆင့် ၆ အကာအကွယ်အစီအရင်သည် ထိုကဲ့သို့အကြီးအကျယ်တုံ့ပြန်မည်မဟုတ်ပါ။
မဟာလင်းဧကရာဇ်နှင့် အခြားသူများက ရှင်းလင်းစွာပင် ထိုအကြောင်းကို သိပါသည်။
သူတို့၏ မျက်နှာအမူအရာများသည် ဆက်လက်၍ ညိုမှိုင်းနေယုံမဟုတ်တော့ပေ။
လူအများစုက ဖြူဖပ်ဖြူလျော်ဖြစ်လာကြသည်။
နောက်ဆုံးအဆင့် ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်သည် အလွန်ရှိန်လောက်စရာကောင်းသည့် ဖြစ်တည်မှုမျိုးဖြစ်ကာ အခြေတည်ဝိညာဉ်နောက်ဆိုးအဆင့် နှင့် ဆင်တူသည်။
၎င်းသည် အဆင့်တူသော အစောပိုင်းနှင့် အလယ်ပိုင်းအဆင့်တို့နှင့် ယှဉ်လျှင် ရှင်းလင်း၍ လုံးဝကွာခြားချက်ရှိပေသည်။
၎င်းသည် သူတို့၏ အဆင့် ၆ အကာအကွယ်အစီအရင်ကို ချိန်းခြောက်နိုင်သည့်စွမ်းအား အမှန်တကယ်ပင် ရှိပါသည်။
ဝုန်း……..
သို့ရာတွင် မဟာလင်းဧကရာဇ်နှင့် အခြားသူများအား ပိုမို၍ ကြောက်ရွံသွားစေသည်မှာ ထိုကိစ္စ နောက်တွင် ပေါ်လာသောအရာဖြစ်သည်။
ကျန်းချန်ရွှမ်က အစီအစဉ်လိုက်လက်သီးချက်များကို ထုတ်လွတ်လိုက်ပြီးနောက် သူ၏အဖော် ရှန်းရူယန်က ဒီအတိုင်းရပ်ကြည့်နေရာမှ လှုပ်ရှားလိုက်သည်။
သူမသည် လက်ကိုမြောက်လိုက်သည်။
ချက်ခြင်းပင်၊ စူးရှကာ ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးသွားများက သူမ၏လက်ဖဝါးပေါ်တွင် ပေါ်လာခဲ့သည်။
မျက်စိတမှိတ်အတွင်းတွင်၊ ကြယ်ကဲ့သို့တောက်ပနေသည့် မိုးကြိုးသွားများက သူမ၏လက်ထဲတွင် ဖွဲ့စည်းလာခဲ့သည်။ နားကိုစူးရှစေသောအသံဖြင့် သူတို့၏ရှေ့မှ နေရာလပ်သည် ရုတ်တရက် လျှပ်စီးမျှင်များနှင့် ဖရိုမဖရဲစွမ်းအားများရှိနေသည့် ကြီးမားသည့် တွင်းနက်အဖြစ်သို့ ပြိုကျသွားလေသည်။
မိုးကြိုးသွားလှံက ချက်ခြင်းပင် ထိုတွင်းနက်ထဲသို့ဖြတ်သွားကာ မဟာလင်းအင်ပါယာနန်းတော်၏ အဆင့် ၆ ကာကွယ်ရေးအစီအရင်အပေါ်တွင် ပြန်လည်၍ ပေါ်ထွက်လာခဲ့သည်။
***