လောက၏ကံကြမ္မာအားအဆုံးအဖြတ်ပေးမည့်တိုက်ပွဲ၊ ဆုလဒ်ကို လက်ခံခြင်း
Vol. 36 Ch. 682
ဝုန်း…..
ပေါက်ကွဲသွားသည့် စွမ်းအားက ကျန်းချန်ရွှမ်၏တိုက်ခိုက်မှုတွင် ပေါ်ထွက်လာသည်။
ချက်ခြင်းပင် မဟာလင်းအင်ပါယာနန်းတော်တစ်ခုလုံးသည် အဆုံးမဲ့မိုးကြိုးများဖြင့် ဖုံးလွှမ်းခံရလေသည်။
မဟာလင်းဧကရာဇ်နှင့် အခြားသူများသည် သူတို့၏ခန္ဓာကိုယ်မှ တရွရွဖြစ်နေသည့်အာရုံကို ခံစားလိုက်ကြရသည်။
မဟုတ်ဘူး။
သူတို့သည် ပြန်လည်၍ ရင်ဆိုင်တိုက်ခိုက်ရမည်။ သို့မဟုတ်လျှင် သူတို့၏ အဆင့် ၆ ကာကွယ်ရေးအစီအရင်က ရက်စက်သည့်တိုက်ခိုက်မှုအောက်တွင် ပျောက်ကွယ်သွားရတော့မည်။
ထိုအကြောင်းကို သတိပြုမိရင်း မဟာလင်းဧကရာဇ်သည် စုစည်းနေသည့် အမတ်များကိုကြည့်ကာ တည်ငြိမ်သောအသံနှင့် အမိန့်ပေးလိုက်သည်။
“သစ္စာခံအမတ်တို့ အခု ချက်ခြင်းပဲ ကျုပ်နဲ့အတူ ရန်သူကိုရင်ဆိုင်တိုက်ခိုက်ဖို့ ပူးပေါင်းကြပါ။
ကျုပ်တို့ သူတို့ကို မဟာလင်းအင်ပါယာနန်းတော်ရဲ့အပြင်မှာ သွားတားရမယ်။”
ထိုအချိန်တွင် မဟာလင်းဧကရာဇ်က အရှင်ဟွင်ထျန်းဘက်သို့လှည့်ကာ မေးလိုက်သည်။
“လေးစားရပါသောအရှင်၊ အရှင့်မှာ ဒီအခြေအနေကို ယာယီရင်ဆိုင်နိုင်ဖို့ နည်းလမ်းတစ်ခုခုများ ရှိလား?”
ထိုစကားကိုကြားလျှင် အရှင်ဟွင်ထျန်းက ဖြည်းဖြည်းထလာသည်။
သူလှုပ်ရှားလိုက်သည်နှင့် ဒါဇင်ပေါင်းများစွာသော အရိပ်ပုံရိပ်များက သူ၏ခန္ဓာကိုယ်မှ ခွဲထွက်လာကြသည်။
သူတို့၏မျက်နှာများသည် ဝါးနေကာ ပုံမပေါ်သော်လည်း ဧကရာဇ်နှင့် အခြားသူများသည် ထိုအရိပ်များထံမှ ထုတ်လွတ်နေသည့် အင်အားကြီးသောစွမ်းအားများကို ခံစားနိုင်ကြသည်။
၎င်းတို့အထဲမှ စွမ်းအားအနည်းဆုံးသည်ပင်၊ ဝိညာဉ်ဖွဲ့စည်းခြင်းအစောပိုင်းအဆင့် ကျင့်ကြံသူနှင့် ယှဉ်နိုင်သည်။
“ကောင်းတယ်။ ကောင်းတယ်။ ကောင်းတယ်။”
မဟာလင်းဧကရာဇ်သည် မနေနိုင်ဘဲ ထပ်ခါထပ်ခါ ချီးကျူးနေသည်။
“ဒါတွေနဲ့ဆို၊ အပြင်ကလူတွေကို ငါတို့မတားနိုင်ဘူး ဒါမှမဟုတ် အလယ်ပိုင်းလွင်ပြင်ကနေ မောင်းမထုတ်နိုင်ဘူး ဆိုတာ ငါမယုံဘူး။”
ဝုန်း……..
ထိုအချိန်တွင် ပြင်းထန်သောစွမ်းအားကြီးသည့် အရောင်အဝါက မဟာလင်းအင်ပါယာနန်းတော်၏ အတွင်းတွင် ပေါက်ကွဲသွားသည်။
ဒါဇင်နှင့်ချီသော အဆင့် ၆ တိုက်ခိုက်မှုများသည် သူတို့၏ အဆင့် ၆ ကာကွယ်ရေးအစီအရင်ထဲမှ ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့ဆီသို့ ထွက်လာခဲ့သည်။
ထိုအရာကိုမြင်လျှင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က နှာခေါင်းရှုံ့လိုက်သည်။
သူတို့သည် အင်အားအပြည့်ပြသသည်ဟု အမှန်တကယ်ထင်နေပါသလား?
ဝုန်း…..
ထိုအချိန်တွင်၊ ကျန်းချန်ရွှမ်၏လက်ထဲ၌ အဖြူနှင့်ရွှေရောင်မီးတောက် - သန့်စင်သောယင်ယန်စစ်မှန်မီးတောက် ပေါ်လာလေသည်။
ကျန်းချန်ရွှမ်က တစ်ခုအဖြစ်ပေါင်းထားလေသည်။
ပြင်းထန်ကာ ကြောက်မက်ဖွယ်ကောင်းသော အရောင်အဝါက အဖြူနှင့် ရွှေရောင်ရစ်ပတ်နေသည့် လက်ဖဝါးအရွယ်အစားမီးဘောလုံးများမှထွက်ပေါ်နေသည်။
“သွား။”
ဖြူး……
ကျန်းချန်ရွှမ်က မီးဘောလုံးကို ရှေ့သို့ပစ်လွှတ်လိုက်သည်နှင့် ဖြောင့်တန်းကာ တောက်လောင်နေသည့် အငွေ့တန်းက နေရာလပ်ထဲတွင် ထွက်ပေါ်လာခဲ့ကာ ၎င်း၏အစွန်ဖက်သည် မပျက်စီးပါ။
၎င်းသည် မီးဘောလုံး၏အတွင်းဖက်ရှိစွမ်းအားသည် လွန်ကဲကာ စွမ်းအင်တစ်ခုမှဖိတ်စင်ခြင်း မရှိကြောင်း ပြသနေသည်။
“အို… မဟုတ်ဘူး။”
ထိုမီးဘောလုံးထံမှ ထွက်ပေါ်နေသည့် သိမ်မွေ့သည့်အတက်အကျများကိုအာရုံခံမိလျှင်၊ မဟာလင်းဧကရာဇ်နှင့် အရှင်ဟွင်ထျန်းသည်ပင် မျက်လုံးများကျဉ်းသွားကြသည်။
ထိုအချိန်တွင် ကျန်းချန်ရွှမ်၏ဘေးမှ ရှန်းရူယန်သည် မန္တာန်ဖွဲ့ရန်အတွက် သူ၏လက်ကို မြောက်လိုက်သည်။
ဝုန်း…..
ချက်ခြင်းပင်၊ အဖြူရောင်နှင့် အနက်ရောင် မိုးကြိုးသွားနှစ်ခုက ကျယ်လောင်စွာ ကျဆင်းလာလေသည်။
ခနအကြာတွင် သူတို့သည် အခြားမိုးကြိုးသွားတစ်ခုနှင့် ပေါင်းသွားခဲ့ပြီး သက်တံ့ရောင်စဉ်ကဲ့သို့ ထွက်ပေါ်လာခဲ့သည်။
မျက်စိတမှိတ်အတွင်းတွင် ဖျက်စီးနိုင်စွမ်းရှိပြီး တိတ်ဆိတ်ကာ ကြီးမားသောစွမ်းအားများသည် မိုးကြိုးသွားပေါ်မှ ပေါ်ထွက်လာခဲ့သည်။
၎င်းသည် ရှန်းရူယန်၏ စွမ်းအားအကြီးဆုံးသော ယင်-ယန်ဓာတ်ငါးပါးနတ်ဘုရားမိုးကြိုးဖြစ်သည်။
ဝုန်း….ဝုန်း……ဝုန်း…..
ထိုစုံတွဲ၏တိုက်ခိုက်မှုသည် မဟာလင်းအင်ပါယာနန်းတော်မှ ထွက်လာသည့်တိုက်ခိုက်မှုများဖြင့် တိုက်သွားကာ မြင်နိုင်သောအနက်ရောင်မှိုတိမ်တိုက်က ရုတ်တရက် လေထဲတွင် ထွက်ပေါ်လာခဲ့သည်။
၎င်းသည် စွမ်းအားပျံ့နှံခြင်းမဟုတ်ဘဲ အလင်းတစ်ခုမှဖောက်ဝင်နိုင်ခြင်းမရှိသော တွင်းနက်ကြီး ဖြစ်လေသည်။
ဝုန်း..ဝုန်း…ဝုန်း..
တစ်ချိန်တည်းမှာပင်၊ မြင်နိုင်သော သိသာသည့် အက်ကွဲရာများသည် အဆင့် ၆ ကာကွယ်ရေးအစီအရင် အပေါ်တွင် ပေါ်ထွက်လာပြီး မဟာလင်းဧကရာဇ်နှင့် သူ၏အမတ်များ၏မျက်နှာပေါ်တွင် အကြီးအကျယ်ပြောင်းလဲသွားစေခဲ့သည်။
ဝုန်း…
ထိုအချိန်တွင် အဝေးတွင်ရှိနေသည့် ကျန်းချန်ရွှမ်သည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းတွင် သူသည် မဟာလင်းအင်ပါယာနန်းတော်၏ အပေါ်တွင် ပေါ်လာလေသည်။
ဟူး….
သူ၏လက်ထဲမှ မြေနက်လှံသည် အရွယ်အစားကြီးမားလာသည်။
မျက်စိတမှိတ်အတွင်းတွင်၊ ၎င်းသည် ပေရာပေါင်းများစွာကျယ်ပြန့်သွားပြီး ချေမှုန်းပစ်တော့မည့် မယှဉ်နိုင်သော စွမ်းအားကိုသယ်ဆောင်ထားလေသည်။
မဟာလင်းဧကရာဇ်နှင့် အခြားသူများက မတုံ့ပြန်နိုင်ခင်တွင်ပင် သူတို့၏အောက်မှမြေကြီးက ပြိုကွဲလာသည်ကို ခံစားလိုက်ရသည်။
တစ်ဆက်တည်း၊ ဤလောကက ပြောင်းပြန်လှန်သွားသကဲ့သို့ ခံစားနေရသည်။
သူတို့၏နားထဲတွင် ပြင်းထန်သောလေချွန်သံများဖြင့်ပြည့်နေပြီး သူတို့၏မျက်လုံးများက ကာကွယ်ရေး အစီအရင်သည် အတွင်းသို့ပြိုကျကာ ပြင်းထန်စွာပေါက်ကွဲသွားသည်ကို တွေ့လိုက်ကြရသည်။
မဟာလင်းဧကရာဇ်နှင့် အခြားသူများသည် ဝိညာဉ်ဖွဲ့စည်းခြင်းတွင် အထွတ်အထိပ်အဆင့် ရှိကြသော်လည်း သူတို့သည် အကူအညီမဲ့နေသည့်ခံစားချက်မျိုးကို ခံစားလိုက်ရသည်။
ရွှီ..ရွှီ….
စူးရှသည့် လေချွန်သံက လေထဲတွင် ပြည့်သွားခဲ့လေသည်။
သေစေနိုင်သည့် ဓားအလင်းက သေမင်းတမန်၏ ဓားကောက်နှင့် ဆင်တူနေကာ ရှိနေသောသူများကြား လျှင်မြန်စွာဖြတ်သွားခဲ့သည်။
“အား……”
“အား…….”
ညည်းညူသံများ၊ အော်ဟစ်သံများနှင့်အတူ အရာအားလုံးက ရပ်တန့်နေခဲ့ရာမှ မဟာလင်းအင်ပါယာနန်းတော်ထဲမှ လူတစ်ဒါဇင်ကျော်သည် သူတို့၏နဖူးပေါ်တွင် အပေါက်ဖြစ်သွားသည်ကို မြင်တွေ့ခဲ့ရသည်။
ဝုန်း….ဝုန်း…..ဝုန်း….
ထိုသူများသည် တစ်ဦးပြီးတစ်ဦး လဲကျသွားကာ မဟာလင်းဧကရာဇ်နှင့် အခြားသူများက လုံးဝဖြူဖျော့သွားပြီး သူတို့၏လက်များသည် သူတို့၏နောက်တွင် မထိန်းချုပ်နိုင်လောက်အောင် တုန်ရီနေကြသည်။
ကြောက်မက်ဖွယ်ကောင်းပါသည်။ ၎င်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းပေသည်။
၎င်းသည် သာမန်ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်တစ်ဦးက လုပ်ဆောင်နိုင်သည့် အရာမဟုတ်ပါ။
သူတို့၏စွမ်းအားသည် သူတို့မျှော်မှန်းထားသည်ထပ် များစွာ ကျော်လွန်နေပါသည်။
ဒုတ်…ဒုတ်…..ဒုတ်…..
ရုတ်တရက်၊ ရှင်းလင်းသော ခြေသံက အသက်ရှင်ကျန်ရစ်သောသူများ၏နားထဲတွင် ပဲ့တင်ထပ်လာသည်။
သူတို့သည် လှည့်ကြည့်လိုက်ကြသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ပေါ်လာကြသည်။ သူတို့သည် လက်များကိုတွဲထားကာ အိမ်နောက်ဖေးတွင် လမ်းလျှောက်နေသကဲ့သို့ အေးဆေးလျောက်လာကြလေသည်။
***