လောက၏ကံကြမ္မာအားအဆုံးအဖြတ်ပေးမည့်တိုက်ပွဲ၊ ဆုလဒ်ကို လက်ခံခြင်း (၂)
Vol. 36 Ch. 683
မဟာလင်းဧကရာဇ်က ဒေါသစိတ်ဖြင့် အံကိုကြိတ်ထားကာ သွားများပင် အမှုန့်အဖြစ် ပြောင်းလဲခါနီး ဖြစ်နေသည်။
၎င်းသည် သူ၏ဘဝတွင် တွေ့ကြုံရသည့် အကြီးမားဆုံး အရှက်ခွဲခံရမှုဖြစ်သည်။
သို့ရာတွင် သူ၏ဒေါသက မကြာမီ ကြောက်ရွံ့လာရန်လမ်းဖြစ်လာပေသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က သူတို့ဆီသို့ချဉ်းကပ်လာပြီး သူတို့လှမ်းလာသောခြေလှမ်းတိုင်း၌ သူတို့သည် တိုက်ခိုက်မှုပြုလုပ်ကာ သူတို့၏အနီးဆုံးမှ ရန်သူအား သုတ်သင်ရှင်းလင်းပစ်သည်။
သူတို့နီးကပ်လာလျှင် လူအနည်းစုက ထိုနေရာတွင် ရပ်နေရာမှ ထွက်သွားကြတော့သည်။
“မင်းက အရှင်ဟွင်ထျန်းဖြစ်ရမယ်။ ဟုတ်လား?”
ဧကရာဇ်အား ပို၍ အရှက်ရသွားစေရန် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က ချဉ်းကပ်လာစဉ်တွင် သူတို့သည် သူ့အားလုံးဝလစ်လျူရှု၍ ဘေးတွင်ရပ်နေသည့် အရှင်ဟွင်ထျန်းကိုသာ အာရုံစိုက်လိုက်သည်။
“ကြည့်ရတာ မင်းက ဝှက်ဖဲတစ်ချို့ကို ချန်ထားတာဖြစ်ရမယ်။”
ကျန်းချန်ရွှမ်က မျက်လုံးကိုကျဉ်းလိုက်ကာ အေးစက်စွာ အရှင်ဟွင်ထျန်းအားထေ့ငေါ့လိုက်သည်။
“ကျုပ်မှန်းပါရစေဦး။
မင်းလိမ်ထားတာထဲ မမျှော်လင့်ထားတဲ့အခြေအနေတွေကို ကိုင်တွယ်ဖို့အထူးစွမ်းအားကော ပါမယ်ထင်တယ်။ ကျုပ်မှန်လား?”
ထိုစကားများသည် အရှင်ဟွင်ထျန်း၏အမူအရာအား အကြီးအကျယ်ပြောင်းလဲသွားစေသည်။
သို့သော် သူမတုံပြန်နိုင်သေးခင်တွင်၊ ကျန်းချန်ရွှမ်၏ခေါင်းပေါ်တွင် အစိမ်းရောင်အလံတစ်ခုက ရုတ်တရက်ပေါ်လာခဲ့သည်။
ဝှစ်……..
ထိုအစိမ်းရောင်အလံက လွှင့်သွားသည်နှင့် အရှင်ဟွင်ထျန်း၏ပုံရိပ်က ဝါးသွားသည်။
ခနအကြာတွင် သူသည် သူ့ကိုယ်သူ မြူအဖြစ်သာ တွေ့လိုက်ရတော့သည်။
သူသည် သူ့လက်သူပင် မမြင်ရတော့ပေ။
သူသည် အရှေ့သို့ ကျော်၍ ဘာမှမမြင်ရတော့ပဲ သူ၏မျက်လုံးများနှင့် နတ်ဘုရားအာရုံကိုပင် မမြင်ရတော့ပေ။
ရွှီ……ရွှီ……
သို့ရာတွင် ထိုအချိန်၌ ကြောက်မက်ဖွယ်ကောင်းသော အေးစက်သည့်အလင်းက ရုတ်တရက် မြူများကြားမှ ပေါ်လာခဲ့သည်။
အရှင်ဟွင်ထျန်းက အချိန်မီမတုံ့ပြန်လိုက်နိုင်ဘဲ များစွာသောအေးစက်သည့်အလင်းများနှင့် ထိုးဖောက်ခံရကာ သူ၏ခန္ဓာကိုယ်တွင် များစွာသောအပေါက်များကို ဖန်တီးသွားလေသည်။
သေစမ်း…….
သူသည် ဒေါသထွက်သွားကာ သို့သော် သူ၏စိတ်အားပြန်လည်စုစည်းလိုက်သည်။
သူ၏တစ်ခုတည်းသောလွတ်မြောက်မည့်လမ်းမှာ သူ၏ဆရာပေးထားသည့် အရေးကြီးသည့် အခြေအနေအတွက် ပြင်ဆင်ထားသော ဝှက်ဖဲကိုမှီခိုရမည်ဖြစ်ကြောင်း သူသိသည်။
သို့သော် သူတို့သည် သေခြင်းကိုရှာဖွေနေသဖြင့် နောက်ပိုင်းဖြစ်လာမည့်ကိစ္စများက သူနှင့် မသက်ဆိုင်ပါ။
ထိုအတွေးဖြင့် အရှင်ဟွင်ထျန်း၏မျက်လုံးသည် အလွန်အေးစက်သွားခဲ့သည်။
သူ၏ခန္ဓာကိုယ်မှ အလွန်ကြောက်မက်ဖွယ်ကောင်းသောအရောင်အဝါက ထွက်ပေါ်လာလေသည်။
သို့ရာတွင် ထိုအရောင်အဝါက အထွတ်အထိပ်သို့ရောက်တော့မည့်ဆဲဆဲတွင် ၎င်းသည် ရုတ်တရက် ပေါက်သွားသောပူပေါင်းကဲ့သို့ ပြားသွားကာ ကျဆင်းသွားလေသည်။
ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?
ထိုပြောင်းလဲမှုက အလွန်ရုတ်တရက်ဖြစ်သောကြောင့် သူသည် အချိန်မီမတုံ့ပြန်နိုင်ခဲ့ပေ။
ခနအကြာတွင် အဆုံးမရှိသည့် မီးတောက်များက မြူထဲမှ လိမ့်တက်လာလေသည်။
၎င်းတို့သည် သာမန်မီးတောက်များမဟုတ်ပါ။သို့သော် သန့်စင်သောယန်စစ်မှန်မီးနှင့် နေစစ်မှန်မီးတို့ ဖြစ်ကာ နတ်ဆိုးကျင့်ကြံသူများအပေါ် အလွန်အကျိူးသက်ရောက်မှုရှိပေသည်။
“ဟိန်းသံများ….”
တချိန်တည်းမှာပင်၊ ကြောက်စရာကောင်းသည့် နဂါးအော်သံက ပဲ့တင်ထပ်သွားသည်။
မြူအတွင်းတွင် နဂါးအရိပ်နှစ်ခုရှိကာ တစ်ခုက အပြာရောင်ဖြစ်ပြီး တစ်ခုက အနက်ရောင်ဖြစ်ကာ အရှင်ဟွင်ထန်းအား ပြင်းထန်စွာဖိနှိပ်နေသည်။
“အား….”
အရှင်ဟွင်ထျန်းသည် ကြောက်ရွံ့မှုကြောင့် အော်လိုက်ကာ သူသည် အချို့စွမ်းအားများကြောင့် သူ၏စွမ်းအားက ကန့်သတ်ခြင်းခံရပုံရကြောင်း သတိပြုမိသွားသည်။
သူသည် သူ၏ရတနာ သို့ နတ်ဘုရားစွမ်းအားတစ်ခုကိုမှ သုံး၍မရပဲ မီးတောက်နှင့် နဂါးအရိပ်များက သူ၏ခန္ဓာကိုယ်အားလွှမ်းခြုံနေသည်ကိုသာ ကြည့်နေနိုင်ပေသည်။
ဝှစ်…..
ရုတ်တရက် မဟာလင်းအင်ပါယာနန်းတော်တွင် ဝိညာဉ်ချီက လိမ့်တက်လာလေသည်။
ကျန်းချန်ရွှမ်က သူ၏လက်ကို မြောက်ကာ အရှေ့နဂါးစိမ်းအလံကို ပြန်သိမ်းလိုက်သည်။
သို့ရာတွင် အရှင်ဟွင်ထျန်းအား တွေ့မြင်ရခြင်းမရှိတော့ပေ။
၎င်းသည် မဟာလင်းဧကရာဇ်နှင့် အခြားသူများအား ကြောက်ရွံ့သည့်ခံစားချက်ကို ခံစားမိစေသည်။
ကံမကောင်းစွာပင်၊ ကျန်းချန်ရွှမ်က သူတို့အား မည်သည့်အရာကိုမှ ရှင်းပြရန် ရည်ရွယ်ချက်မရှိပေ။
သူသည် သူ၏လက်ကို ဝေ့ယမ်းလိုက်သည်။
ပြီးနောက် အရှေ့နဂါးစိမ်းအလံက ထပ်မံ၍ ထွက်ပေါ်လာသည်။
ဧကရာဇ်နှင့် အခြားသူများက ဝါးသွားသည်ကိုခံစားလိုက်ရပြီး သူတို့၏မျက်လုံးနှင့် သူတို့ကိုယ်တိုင်က တူညီသည့်မြူများထဲရောက်နေကြောင်း တွေ့လိုက်ရသည်။
အချိန်များစွာကြာပြီးနောက်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်သည် သူတို့၏ကျင့်ကြံသူများက နတ်ဆိုးမကောင်းဆိုးဝါးများအား သုတ်သင်ရှင်းလင်းနေသည်ကို ကြည့်နေခဲ့ပြီး သူတို့၏မျက်လုံးများက ဝမ်းမြောက်မှုသိပ်မရှိပေ။
လွန်ခဲ့သောနှစ်ရာချီက အလယ်ပိုင်းလွင်ပြင်အများစုသည် နတ်ဆိုးလမ်းစဉ်သို့ ကျရောက်သွားခဲ့သည်။
အနှစ်သာရကိုးပါးကျင့်ကြံရေးလောကတွင် တစ်ချိန်က ကျင့်ကြံရေးအတွက် ပေါကြွယ်ဝဆုံးဖြစ်သော နေရာက ယခုမူ ယိုယွင်းပျက်စီးကာ အပျက်စီးများနှင့် ပြည့်နေသည်။
ဖျက်စီးခြင်းအားလုံးသည် မဟာလင်းအင်ပါယာနန်းတော်၊ အရှင်ဟွင်ထျန်း၊ ဝိညာဉ်ဖွဲ့စည်းခြင်းဂိုဏ်း များ နှင့် မိသားစုများ၏ လုပ်ရပ်၏ ရလဒ်ပင်ဖြစ်သည်။
အပြစ်ကင်းသောမရေတွက်နိုင်သည့်လူများသည် ဤရုတ်တရက်ဖြစ်ပေါ်လာသည့် နတ်ဆိုးကပ်ဘေးထဲတွင် ကျရောက်ကာ နတ်ဆိုးကပ်ဘေးစစ်ပွဲထပ်ပင် ပို၍ ကျဆုံးခဲ့ရသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏မျက်နှာများက အေးစက်သောဆုံးဖြတ်ချက်ကိုပြနေသည်။
“ငါ့အမိန့်ကို ဖြန့်လိုက်။” ကျန်းချန်ရွှမ်က ကြေငြာလိုက်သည်။
“ဒီကိစ္စမှာပါဝင်တဲ့ဘယ်သူမဆို၊ ဘယ်ရာထူးမဆို၊ ဘယ်လိုစွမ်းအားမျိုးပိုင်ဆိုင်ထားပါစေ ချမ်းသာပေးလို့မရဘူး။”
“ဟုတ်ကဲ့။”
သူ စကားပြောပြီးသည်နှင့် ကောင်းကင်သခင်ရုန်ဟန်ကျီရှန်း၊ ကောင်းကင်သခင်အဆုံးမဲ့ပင်လယ်၊ ကောင်းကင်သခင်ရွှမ်းယန်၊ တုန်းဖန်ထျန်းရှင်းနှင့် မုရုံရှန်းတို့သည် ကိုယ်တိုင် တိုက်ပွဲတွင်ဝင်ပါကြကာ ပြစ်မှုကိုကျူးလွန်ထားကြသော နတ်ဆိုးမကောင်းဆိုးဝါးများနှင့် ကျင့်ကြံသူများအား ရှင်းလင်းကြတော့သည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က နတ်ဆိုးမျိုးနွယ်၏ပိုင်နက်ဆီသို့ ပိုမို၍ နက်ရှိုင်းစွာသွားလိုက်သည်။
ထိုအချိန်တွင်၊ သူတို့သည် ပုန်းကွယ်နေသော ချိန်းခြောက်မှုအားလုံးကို ရှင်းလင်းပစ်ရန် ရည်ရွယ်ထားသည်။
အထူးကန့်သတ်ထားသည့် အစီအရင်ချပ်ပြားဝိုင်းနှင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ရန်သူ၏ အုံကြွခြင်းကို မစိုးရိမ်နေတော့ပါ။
.......
အမှန်တကယ်ပင်။
လအနည်းငယ်အကြာတွင်။
နတ်ဆိုးမျိုးနွယ်၏ပိုင်နက်ထဲမှနက်ရှိုင်းသောနေရာတွင် ကြီးမားသောနဂါးပုံရိပ်ကြီးက မြေပေါ်သို့ ကျလာပြီးနောက် အခြေတည်ဝိညာဉ်အဆင့်အထက်မှ နတ်ဆိုးသားရဲတစ်ကောင်မှ အသက်ရှင်လျက် မရှိတော့ချေ။
[ဒင်။]
တစ်ချိန်တည်းမှာပင်၊ စနစ်၏အသိပေးချက်က ရုတ်တရက် ကျန်းချန်ရွှမ်၏စိတ်ထဲတွင်မြည်လာခဲ့သည်။
[နတ်ဆိုးမျိုးနွယ်ကို ချေမှုန်းနိုင်ခဲ့တဲ့ အောင်မြင်မှုကို ရရှိပြီး မူလကောင်းကင်နဲ့မြေကြီးရဲ့အစိတ်အပိုင်းကို ရယူနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်၊ Host။ ]
[မူလကောင်းကင်နှင့် မြေကြီး - လောကထဲတွင် အလွန်အခြေခံကျသည့် ဖြစ်တည်မှုဖြစ်ကာ ပျက်စီးယိုယွင်းနေသော လောကကို အခြေခံကျစွာ ပြန်လည်ပြင်ဆင်ပေးနိုင်စွမ်းရှိသည်။]
ဟမ်?
စနစ်မှပေးသောဆုလဒ်ကိုမြင်လျှင်၊ ကျန်းချန်ရွှမ်က ယာယီကြောင်အသွားသည်။
မည်သည်ကို ဆိုလိုပါသနည်း?
စနစ်က သူ့အားထိုဆုကိုပေးခြင်းသည် သူက ဤလောကကို ပြန်လည်ပြင်ဆင်သင့်သည်ဟု ဆိုလိုပါသလား?
သေချာပါသည်။
ထိုပစ္စည်းသည် တကယ်ပင် ဤအချိန်၌ သူလိုအပ်သောအရာဖြစ်သည်။
အကယ်၍ သူသည်ဤလောကကို ထိုပစ္စည်းဖြင့် ပြင်ဆင်နိုင်လျှင် အနည်းငယ်ဆိုလျှင်ပင်၊ လုံလောက်သည့်အချိန်ရလိမ့်မည်။
သို့ရာတွင် စနစ်က သူအား မေ့နေပါသလား?
“ငါ့အတွက်အသုံးဝင်တဲ့ဆုကကော?”
“စနစ်ကဘာလို့ငါ့ကို ဘာမှမပေးရတာလဲ?”
စဉ်းစားဆင်ခြင်ပြီးနောက်၊ ကျန်းချန်ရွှမ်က မူလကောင်းကင်နှင့်မြေကြီးအစိတ်အပိုင်းကို ယူလိုက်သည်။
၎င်းသည် မြူဖုံးနေကာ တောက်ပသောစက်လုံးတစ်ခုဖြစ်ပြီး ၎င်း၏ထူးခြားသောအသွင်အပြင်က မရှင်းလင်းပေ သို့သော် သူသည် ၎င်းမှထုတ်လွတ်နေသော ကြီးမားကာ ကျယ်ပြောသည့်အရောင်အဝါ ကို ခံစားရသည်။
၎င်းသည် မူလကောင်းကင်နှင့် မြေကြီးဟု ခေါ်သောအရာ ဖြစ်ပါသလား?
အတွင်းမှ မကျေနပ်မှုတစ်ချို့မှလွဲ၍ ကျန်းချန်ရွှမ်သည် စနစ်မှ သင်ကြားပြသမှုအတိုင်း ဆောင်ရွက်လိုက်ပြီး မူလကောင်းကင်နှင့်မြေကြီးအား ဤလောကနှင့်ပေါင်းစပ်လိုက်လေတော့သည်။
ကျီ…..
ဝုန်း…..
ချက်ခြင်းပင် အနှစ်သာရကိုးပါးကျင့်ကြံရေး လောကတစ်ခုလုံး၌ သိမ်မွေ့သည့်အလင်းက ပေါက်ထွက်လာခဲ့ပြီး လောကတစ်ခုလုံးသည် နိုးထလာကာ ပြန်လည်နုပျိုလာသကဲ့သို့ ဖြစ်နေသည်။
လူတိုင်း၏နှလုံးသားတွင် ဖြတ်လတ်ခြင်းများ နိုးထလာသည့် အာရုံများက စိမ့်ဝင်ပျံ့နှံလာသည်။
လူတိုင်းက ဤလောက၏ အလင်းတန်းနှင့် သိမ်မွေ့သောအလင်းက ပို၍ တောက်ပလာသည်ကို မြင်နေရပြီး ပျက်စီးနေသည့်နေရာများအား လျှင်မြန်စွာပြင်ဆင်နေသည်။
ကျိုးပဲ့နေသောမြစ်နှင့်ပင်လယ်များက ပြန်လည်ဆက်သွယ်သွားပြီး ပြိုကျနေသောတောင်များနှင့် တောင်ကြားများက ပြန်လည်၍ တည့်မတ်လာခဲ့သည်။
မှောင်မိုက်သည့်စွမ်းအင်များမြင်နေရသည့် စမ်းချောင်းများက ပပျောက်သွားပြီး ဘာမှမကျန်တော့သည်အထိ အငွေ့ပျံသွားသည်။
ပုန်းကွယ်နေသော နတ်ဆိုးမကောင်းဆိုးဝါးများနှင့် နတ်ဆိုးကျင့်ကြံသူများက သတိမပြုမိဘဲ အလင်းတန်း၏အောက်တွင် အငွေ့အဖြစ် ပြောင်းလဲသွားခဲ့သည်။
ထို့အပြင် ပျက်စီးကာကျိုးပဲ့နေသော ဝိညာဉ်ကြောများက ပြန်လည်ဖြစ်တည်လာသည်။
အန္တရာယ်ဇုန်ဟုခေါ်သောနေရာများသည်ပင် ဆိုးရွားသောအရောင်အဝါများက ပေါ်ထွက်လာခဲ့သည်။ ပြီးနောက်ဆုံးတွင် သူတို့သည် အလင်းအားဖြင့် ပျော်ကျသွားကာ ပျောက်ကွယ်သွားခဲ့သည်။
ထိုအချိန်တွင်၊ အနှစ်သာရကိုးပါးကျင့်ကြံရေးလောကတစ်ခုလုံးသည် ပြန်လည်ရှင်သန်ကာ ဖြတ်လတ်သောအခြေအနေသို့ ဝင်ရောက်လာလေသည်။
***