← Chapters

ဝိညာဉ်ဖွဲ့စည်းခြင်းနောက်ဆုံးအဆင့်၊ ရွှေကုသိုလ်ကြာပွင့်ကိုရရှိခြင်း၊ အခြားလောကသို့ခရီးသွားခြင်း

Vol. 36 Ch. 684

ဝိညာဉ်ဖွဲ့စည်းခြင်းနောက်ဆုံးအဆင့်၊ ရွှေကုသိုလ်ကြာပွင့်ကိုရရှိခြင်း၊ အခြားလောကသို့ခရီးသွားခြင်း

Vol. 36 Ch. 684

လူတိုင်းက အံ့ဩစွာရပ်နေကြသည်။ သူတို့၏လောကအားထိုကဲ့သို့ဖြတ်လတ်ခြင်းဖြင့် ပြန်လည်နုပျိုလာမည်ဟု ဘယ်တော့မှ မထင်ထားခဲ့ပါ။

ရုတ်တရက်။

မုရုံရှန်းသည် အံ့ဩစွာပြောလိုက်သည်။ “ကျွန်မရဲ့ကျင့်ကြံခြင်းပိတ်ဆို့မှုက လျော့သွားသလိုပဲ။”

ကျီ…..

သူမ ပြောပြီးသည်နှင့် များစွာသောကောင်းကင်သခင်များက မုရုံရှန်း၏ ကျင့်ကြံခြင်းအဆင့်သည် ဝိညာဉ်ဖွဲ့စည်းခြင်း၏ အလယ်ဆင့်သို့ ချိုးဖောက်နိုင်သွားသည်ကို ရှင်းလင်းစွာခံစားလိုက်ရသည်။

တစ်ချိန်တည်းတွင်ပင်။

ရုန်ဟန်ကျီရှန်း၊ အဆုံးမဲ့ပင်လယ်၊ ရွှမ်းယန်နှင့် တုန်းဖန်ထျန်းရှင်းတို့သည်လည်း သူတို့၏ ကျင့်ကြံခြင်း ပိတ်ဆို့မှုများ လျော့နည်းသွားသည်ကို သိသာစွာခံစားခဲ့ရသည်။

ခနအကြာတွင် သူတို့တုံ့ပြန်နိုင်ခြင်းမရှိမီတွင်ပင် သူတို့၏ကျင့်ကြံခြင်းအဆင့်များက လွယ်ကူစွာ ချိုးဖောက်နိုင်ခဲ့သည်ကို အံ့အားသင့်စွာတွေ့ရှိခဲ့ရသည်။

“ဒါက…ဒါက တကယ်ပဲ။”

တုန်းဖန်ထျန်းရှင်းက အတွင်းစိတ်မှ ရေရွတ်လိုက်သည်။

ရုတ်တရက်၊

သူတို့သည် တစ်ခုခုကိုတွေးမိသွားပုံဖြင့် အဝေးမှကောင်းကင်ပေါ်သို့ကြည့်လိုက်ကြသည်။

ထိုနေရာတွင်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏အရောင်အဝါက နေနှစ်စင်းကဲ့သို့ပင်။

၎င်းသည် မယှဉ်နိုင်သော ထွန်းတောက်နေသည့်အလင်းကဲ့သို့ပင်ဖြစ်နေသည်။

ခွပ်…ခွပ်….ခွပ်…

လူတိုင်းက အဆင့်၏ပိတ်ဆို့မှုကိုချိုးဖျက်နေ့သည့်အသံကိုကြားလိုက်ရသည် သို့သော် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ဆီမှ မဟုတ်ပေ။ ဤလောက ကိုယ်တိုင်ဆီမှဖြစ်သည်။

ဟုတ်ပါသည်။ ဤလောက ကိုယ်တိုင်က ကန့်သတ်ချက်အချို့ကိုချိုးဖောက်ကာ ဝိညာဉ်ချီအား မူလအဆင့်မှ အဆပေါင်းသောင်းချီတိုးမြင့်သွားစေပြီး ဆက်လက်၍ တိုးမြင့်နေလေသည်။

“ဒါက….?”

ရုတ်တရက် ကောင်းကင်သခင်ရုန်ဟန်ကျီရှန်းက တစ်ခုခုကိုတွေးမိသွားပုံရလေသည်။ သူသည် အားရကျေနပ်မဖြစ်မိဘဲ မနေနိုင်ပေ။

“ကျုပ်တို့လောကရဲ့အဆင့်က တိုးမြင့်သွားပြီ။”

“အဆင့်တိုးမြင့်သွားတယ်လား?” လူတိုင်းက ယာယီကြောင်အသွားသည်။

သို့သော်မကြာမီ သူတို့သည် ကောင်းကင်သခင်ရုန်ဟန်ကျီရှန်းက လောက၏အဆင့်တိုးမြင့်သည် ဟူသောအဓိပ္ပာယ်ကို နားလည်ပါသည်။

ရှင်းရှင်းလင်းလင်းးပြောရမည်ဆိုလျှင် သူတို့လောက၏ အထက်ကကန့်သတ်ထားသည့် စွမ်းအားက တိုးမြင့်သွားခြင်းဖြစ်သည်။

အကယ်၍ ယခင်ကဆိုလျှင် အနှစ်သာရကိုးပါးကျင့်ကြံရေးလောကမှ ကျင့်ကြံသူများသည် ဝိညာဉ်ဖွဲ့စည်းခြင်း ဆဠမအဆင့် အထိသာကျင့်ကြံနိုင်ကြသည်။ သူတို့မည်မျှကျင့်ကြံပါစေ၊ ဝိညာဉ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့်သို့ ထိုးဖောက်ဝင်ရောက်နိုင်ခြင်းမရှိကြပေ။

သို့ရာတွင်၊ ယခုမူ အနှစ်သာရကိုးပါးကျင့်ကြံရေးလောက၏အဆင့်ဖြင့် ကျင့်ကြံသူများ၏ အထက်မှ ကန့်သတ်ချက်များသည် ဝိညာဉ်ဖွဲ့စည်းခြင်း ဆဠအဆင့်တွင်ကန့်သတ်နေတော့မည်မဟုတ်ပါ။

၎င်းသည် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်၏ အထွတ်အထိပ် နဝမမြောက်အဆင့်သို့ တိုးမြင့်သွားလေသည်။

၎င်းသည် ဤကမ္ဘာရှိသက်ရှိများအားလုံးအတွက် ကောင်းသောသတင်းဖြစ်သည်။

ဤလောက၏အဆင့်တိုးမြင့်ခြင်းက လောက၏အမြင့်ဆုံးကန့်သတ်ချက်တိုးမြင့်သွားခြင်းသာမဟုတ်ဘဲ ဤလောကထဲရှိ သက်ရှိများအားလုံးနှင့်ကျင့်ကြံသူများအား အခွင့်အလမ်းများ ပိုမိုပေးကမ်းလာနိုင်မည် ဖြစ်သည်။

ဝုန်း….

ဤလောက၏အဆင့်က တိုးမြင့်သွားသည်နှင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည်လည်း တပြိုင်နက်ထဲပင် စွမ်းအားကြီးသော အရောင်အဝါက ပေါ်ထွက်လာခဲ့သည်။

ရှန်းရူယန်က ဝိညာဉ်ဖွဲ့စည်းခြင်းဆဠမအဆင့်တွင် ရပ်နေရာမှ သတ္တမအဆင့်သို့ ရောက်ခါနီး ဖြစ်သွားကာ မဟာကောင်းကင်သခင်ဟုခေါ်ဆိုကြသော ဝိညာဉ်ဖွဲစည်းခြင်း၏နောက်ဆုံးအဆင့်သို့ ရောက်သွားပြီး ယခင်ထက် ဆယ်ဆပိုမိုသန်မာလာခဲ့သည်။

ကျန်းချန်ရွှမ်အတွက်မူ သူ၏ကျင့်ကြံခြင်းသည် ပဉ္စမအဆင့်မှ ဆဠမအဆင့်သို့ ခုန်တက်သွားပြီး သာမန်လူများ၏နှုန်းထပ် တိုးမြင့်သွားသည်။

ကျီ….

ကျန်းချန်ရွှမ်၏ကျင့်ကြံခြင်းက ရှန်းရူယန်နှင့် ကိုက်ညီကာ နှစ်ဦးစလုံးသည် ဝိညာဉ်ဖွဲ့စည်းခြင်း၏ နောက်ဆုံးအဆင့်သို့ ရောက်သွားခဲ့သည်။

ထိုအချိန်တွင်၊ ယခင်ကအတိုင်းဆိုလျှင် သူတို့သည် လွယ်ကူစွာဖြင့် သာမန်အခြေအနေ၏အောက်တွင် အထက်နယ်ပယ်သို့ စတင်တက်နိုင်ပေသည်။ သို့မဟုတ် အောက်နယ်ပယ်နှင့် အမျိုးမျိုးသော သေးငယ်သောကြီးမားသော ကျင့်ကြံခြင်းလောကများတွင်ပင် လွတ်လပ်စွာခရီးသွားနိုင်ပေသည်။

မဟာကောင်းကင်သခင်သည် သာမန်ဝိညာဉ်ဖွဲ့စည်းခြင်းကျင့်ကြံသူများထပ် အခွင့်အလမ်းများပို၍ သာလွန်ပေသည်။

သို့ရာတွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်က ယခုအခြေအနေအောက်တွင်မူ လုပ်၍ မရပါ။

ပထမဦးစွာ အနှစ်သာရကိုးပါးကျင့်ကြံခြင်းလောက၏တက်ရောက်ခြင်းစင်မြင့်က သို့မဟုတ် တိတိကျကျ ပြောရမည်ဆိုလျှင် အမှုန်မဲ့အောက်နယ်ပယ်တစ်ခုလုံး၏ တက်ရောက်ခြင်းစင်မြင့်က ပျက်စီးသွားပြီး အထက်နယ်ပယ်နှင့် သက်ဆိုင်ခြင်းမရှိတော့ဘဲ အထက်သို့တက်ရန် ဝိညာဉ်အလင်း မကျဆင်းလာနိုင်တော့ပါ။

သဘာဝကျစွာပင်၊ သူတို့သည် သာမန်အတိုင်းတက်ရောက်နိုင်မည်မဟုတတ်ပေ။

ဒုတိယအချက်နှင့် အရေးအကြီးဆုံးအချက်မှာ၊ အကြီးမားဆုံးချိန်းခြောက်မှုက သူတို့၏ အနှစ်သာရကိုးပါးကျင့်ကြံရေးလောက၏ အပြင်ဖက်တွင်ရှိပေသည်။

၎င်းသည် သူတို့၏လောကအား ပိုင်ဆိုင်ချင်နေသော သက်ရှိများဖြစ်သည်။

ရလဒ်အရ အောက်နယ်ပယ်တွင် လွတ်လပ်စွာသွားလာနိုင်လျှင်ပင် ထိုစုံတွဲက ဂရုမစိုက်ပဲ မလှုပ်ရှားရဲပါ။ ထိုအင်အားကြီးသောသက်ရှိများမှခြေရာခံမိသွားကာ ကပ်ဘေးဖြစ်လာမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။

ထို့ကြောင့်။

သူတို့၏ တာဝန်သည် ပျက်စီးနေသော တက်ရောက်ခြင်းစင်မြင့်ကို ပြန်လည်ပြုပြင်ရန်ဖြစ်သည်။

တက်ရောက်ခြင်းစင်မြင့်ကိုပြန်လည်ပြုပြင်နိုင်မှသာလျှင် သူတို့သည် သာမန်နည်းလမ်းဖြင့် အထက်သို့တက်နိုင်လိမ့်မည်။

ထို့အပြင် ကျန်းချန်ရွှမ်သည် အနှစ်သာရကိုးပါးကျင့်ကြံရေးလောက၏တက်ရောက်ခြင်းစင်မြင်ကို ပြုပြင်ခြင်းသည်ပင် အမှန်တကယ်လုံခြုံလိမ့်မည်ဟု ခံစားနေရသည်။

အောက်နယ်ပယ်နှင့်အထက်နယ်ပယ်သို့ ဆက်သွယ်နိုင်လျှင် အနှစ်သာရကိုးပါးနှင့် အမှုန်မဲ့အောက်နယ်ပယ်တစ်ခုလုံး၏ နောက်ဆုံးသောပဟေဠိကို ဖြေရှင်းနိုင်သည်သာမက သူတို့အား အထက်နယ်ပယ်ဖြင့် ဆက်သွယ်နိုင်ခွင့်ရမည်ဖြစ်သည်။

ထိုအချိန်တွင် အကယ်၍ ပြင်ပလောကမှ သက်ရှိများက သဘောမတူလျှင်ပင်၊ သူတို့၏ အနှစ်သာရကိုးပါးကျင့်ကြံရေးလောကအား သိမ်းပိုက်မည့်ကိစ္စကို စွန့်ပစ်လိုက်ရမည်ဖြစ်ကာ အောက်လောကကို သိမ်းပိုက်ရန်မှာ ခက်ခဲသွားမည်ဖြစ်ပြီး အထူးသဖြင့် နတ်ဆိုးနည်းလမ်းများသုံး၍ ရတော့မည်မဟုတ်ပေ။

အကယ်၍ အောက်လောကသည် နတ်ဆိုးလမ်းစဉ်မှပိုင်ဆိုင်ခဲ့ပါက၊ ကွဲပြားသောကိစ္စတစ်ခု ဖြစ်လိမ့်မည် ဖြစ်သည်။

***

All Chapters