← Chapters

ဝိညာဉ်ဖွဲ့စည်းခြင်းနောက်ဆုံးအဆင့်၊ ရွှေကုသိုလ်ကြာပွင့်ကိုရရှိခြင်း၊ အခြားလောကသို့ခရီးသွားခြင်း (၂)

Vol. 36 Ch. 685

ဝိညာဉ်ဖွဲ့စည်းခြင်းနောက်ဆုံးအဆင့်၊ ရွှေကုသိုလ်ကြာပွင့်ကိုရရှိခြင်း၊ အခြားလောကသို့ခရီးသွားခြင်း (၂)

Vol. 36 Ch. 685

သို့သော်အနှစ်သာရကိုးပါးကျင့်ကြံရေးလောက၏ အခြေအနေအား ဆုံးဖြတ်ကြည့်လျှင်၊ သူတို့နှင့် သက်ဆိုင်သည့် အထက်နယ်ပယ်က ရှင်းလင်းစွာပင် နတ်ဆိုးလမ်းစဉ်မဟုတ်ပါ။

ထိုအခြေအနေအောက်တွင်၊ အကယ်၍ သူတို့၏ အထက်နယ်ပယ်မှ လူများသည် ထိုအရာကို သိသွားလျှင် သူတို့သည် ထိုသက်ရှိများအား သက်ညှာပေးမည်မဟုတ်ပါ။

ထို့ကြောင့်၊ ပြောပြီးသားဖြစ်သကဲ့သို့ ပျက်စီးနေသော တက်ရောက်ခြင်းစင်မြင့်အား ပြုပြင်ခြင်းသည် ကျန်းချန်ရွှမ်နှင့် သူ၏အဖော်များအတွက် အရေးကြီးဆုံးကိစ္စဖြစ်သည်။

ကျန်းချန်ရွှမ်သည် သူတို့၏လောကမှ တက်ရောက်ခြင်းစင်မြင့်ကိုရှာဖွေရန် စီစဉ်နေချိန် ရွှေရောင်ကုသိုလ်မျှင်များက ကောင်းကင်နှင့်မြေကြီးမှ စတင်၍ ပေါင်းစည်းနေလေသည်။

မကြာမီ ထိုကုသိုလ်မျှင်များက ရွှေရောင်ကြာပွင့်အဖြစ်ပြောင်းလဲသွားသည်။

မည်သူမှမတုံ့ပြန်ရသေးခင်၌ပင် ထိုကြာပွင့်သည် ကျန်းချန်ရွှမ်၏ မျက်ခုံးများသို့ပျံသန်းလာလေသည်။

ကျီ….

ထိုအချိန်တွင် ရွှေကုသိုလ်ကြာပွင့်က ရုတ်တရက် ကျန်းချန်ရွှမ်၏ အသိစိတ်ပင်လယ်ထဲတွင် တောက်ပနေကာ ရွှေရောင်အလင်းဖြင့် အသိစိတ်ပင်လယ်တစ်ခုလုံးကို ထွန်းညှိလိုက်သည်။

ကျန်းချန်ရွှမ်က ထိုကဲ့သို့သော အလှည့်အပြောင်းကို မမျှော်လင့်ထားပါ။

၎င်းသည် ကောင်းကင်နှင့်မြေကြီးမှ လက်ဆောင်ဖြစ်ပါသလား?

စနစ်မှဆုအဖြစ်ရရှိသော မူလကောင်းကင်နှင့်မြေကြီးကိုအသုံးပြုကာ လောကကို ပြုပြင်ခဲ့ခြင်းဖြင့် လောကမှ ပြန်လည်၍ ရွှေကုသိုလ်ကြာပွင့်အား ဆုအဖြစ်ပြန်လည်ပေးအပ်ခြင်းဖြစ်ပါသလား?

ထိုအချိန်တွင် ကျန်းချန်ရွှမ်က သူ၏အသိစိတ်ပင်လယ်ထဲတွင် ရွှေကုသိုလ်ကြာပွင့်နှစ်ခုက တိတ်ဆိတ်စွာဖြင့် လွင့်မျောနေသည်ကို ရှင်းလင်းစွာမြင်လိုက်ရသည်။

ရွှေကုသိုလ်ကြာပွင့်မှာ ရတနာတစ်ခုဖြစ်ကြောင်း လူတိုင်းသိသင့်ပါသည်။

၎င်းသည် ကောင်းသောကံကြမ္မာများအား ဆွဲဆောင်ရန်သုံးနိုင်၍ လိုအပ်သည့်အခွင့်အလမ်း၏ သက်တမ်းအား တိုးမြင့်စေနိုင်သည်သာမက ၎င်းသည် ကျင်ကြံခြင်းကိုတိုးတက်စေနိုင်ပြီး အသုံးအဆောင်ပစ္စည်းများ၊ ဆေးလုံးများသန့်စင်ရာတွင်လည်းအရည်အသွေးကို ကောင်းမွန်စေသည်။

အခြေခံအားဖြင့် ဤလောကတွင် ကုသိုလ်ကိုစုဆောင်းနိုင်မည့်အရာ တစ်ခုမှမရှိပါ။ အကယ်၍ တစ်စုံတစ်ခုအား မရယူနိုင်လျှင် ဆိုလိုနေသည်မှာ ထိုသူ၏ကုသိုလ်က လုံလောက်မှုမရှိခြင်းကြောင့် ဖြစ်လိမ့်မည်။

စနစ်မှ မူလကောင်းကင်နှင့်မြေကြီးကို ဆုအဖြစ်ပေးရခြင်း၏ ရည်ရွယ်ချက်အစစ်အမှန်မှာ သူ့အား လုံလောက်သောအချိန်ကိုပေးရန်သာမကဘဲ သူ၏ကျင့်ကြံခြင်းကိုပါတိုးတက်စေရန်ကူညီခြင်းဖြစ်ပုံရသည်။

အရေးအကြီးဆုံးအချက်မှာ ၎င်းသည် အရေးကြီးသည့်အချိန်တွင် အသက်ကယ်နိုင်သော အရေးကြီးသည့်အရာ ဖြစ်သည့် ရွှေကုသိုလ်ကြာပွင့်အားပေးခြင်းပင်ဖြစ်သည်။

“ယောက်ျား၊ ဘာဖြစ်သွားတာလဲ?”

ရှန်းရူယန်က တဒင်္ဂအခြေအနေအား ပဟေဠိဖြစ်သွားရာမှ မေးလိုက်သည်။

သဘာဝ၏ကုသိုလ်တရားမှ နတ်ဘုရားအာရုံအားလုံးကိုတားဆီးလိုက်ခြင်းကြောင့် ကျန်းချန်ရွှမ်၏ ဘေးတွင်ရှိနေသော သူမသည်ပင် ထိုအာရုံကိုမရလိုက်ပေ။

သူ၏တာအိုအဖော်အား ဘယ်တော့မှ ဖုံးကွယ်ထားမည်မဟုတ်သော ကျန်းချန်ရွှမ်က အပြုံးဖြင့် တုံ့ပြန်လိုက်သောကြောင့် ရှန်းရူယန်၏မျက်လုံးထဲတွင် ဝမ်းမြောက်မှုပေါ်လာစေခဲ့ပေသည်။

ကျန်းချန်ရွှမ်၏စကားကိုကြားလျှင် ရှန်းရူယန်က ခေါင်းညိတ်လိုက်သည်။

“သွားကြစို့၊ ရူယန်။ ကိုယ်တို့လောကရဲ့ တက်ရောက်ခြင်းစင်မြင့်ကို သွားကြည့်သင့်တယ်။ အကယ်၍ မမျှော်လင့်ထားတာတွေ မဖြစ်လာခဲ့ရင် ကိုယ်တို့ရဲ့ နောက်ထပ်အရေးကြီးတဲ့ကိစ္စက အဲ့ဒီစင်မြင့်ကို ပြင်ဆင်ဖို့ပဲ။”

ပြောလိုက်ရင်း၊ ကျန်းချန်ရွှမ်သည် သူရရှိသောမှတ်ဉာဏ်အရ ရှန်းရူယန်အား နက်ရှိုင်းသည့် တောင်ကြားသို့ ခေါ်ဆောင်သွားခဲ့သည်။

ကျန်းချန်ရွှမ်က လက်ကိုမြောက်ကာ များစွာသောမန္တာန်များကို ချမှတ်လိုက်သည်။

ကျီ……..

ချက်ခြင်းပင်၊ ထူးဆန်သော ဝဲဂယက်များက ဖြတ်သန်းသွားသည်။

ရုတ်တရက် သာမန်ဟုမြင်ရသော တောင်ကြားသည် ထူထဲသောမြူများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။

ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့သည် အမြန်ပင် သူတို့၏ဘယ်ဘက်တွင်ရှိနေသော ကြီးမားသော စက်ဝိုင်းပုံကျောက်တုံး စင်မြင့်တစ်ခုကို သတိပြုမိလိုက်သည်။

ထိုစက်ဝိုင်းပုံစံကျောက်တုံးစင်မြင့်၏မျက်နှာပြင်က မရေတွက်နိုင်သည့် ကျောက်စာများဖြင့် ပြည့်နေလေသည်။

ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့သည် တစ်ချက်တည်းကြည့်ရုံမျှဖြင့် အနှစ်သာရကိုးပါးကျင့်ကြံရေး လောက အတွင်းရှိ သာမန်ဘာသာစကားတစ်ခု မဟုတ်ကြောင်းကို သတိပြုမိသွားသည်။

ထိုအစား ၎င်းသည် အထက်နယ်ပယ်မှ အရင်းခံလာသည့် ဘာသာစကားဖြစ်လေသည်။

ထိုအကြောင်းကိုတွေးရင်း ၎င်းသည် သူတို့လောက၏ အထက်နယ်ပယ်မှ ပိုင်ဆိုင်သော အရည်အသွေးရှိသည့် ပစ္စည်းဖြစ်ပေလိမ့်မည်။

ထိုအချိန်တွင် ကျန်းချန်ရွှမ်သည် သူ၏ခန္ဓာကိုယ်မှ နယ်ပယ်ချဲ့ထွင်ခြင်းကျောက်တုံးကို ယူထုတ်လာကာ တက်ရောက်ခြင်းစင်မြင့်ပေါ်တွင် နေရာချထားလိုက်သည်။

ကျီ…….

ချက်ခြင်းပင်၊ တက်ရောက်ခြင်းစင်မြင့်၏မျက်နှာပြင်သည်ချက်ခြင်းပင်မှုန်ဝါးသည့်အလင်းကိုထုတ်လွတ်လာခဲ့သည်။

ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့သည် ချက်ခြင်းပင် တစ်ခုခုက ကောင်းကင်နှင့် မြေကြီးအားဆက်သွယ်ရန် ကြိုးစားနေသည်ကို ခံစားလိုက်ရသည်။

ကံမကောင်းစွာပင်၊ ထိုအခြေအနေသည် အသက်ရှုချိန်ထပ်ပင် နည်းပြီး တက်ရောက်ခြင်းစင်မြင့်၏ အလင်းက လုံးဝပပျောက်သွားခဲ့သည်။

နယ်ပယ်ချဲ့ထွင်ခြင်းကျောက်တုံးသည်ပင် သူ၏ ငြိမ်သက်နေသောပုံမှန်အခြေအနေသို့ ပြန်ရောက် သွားသည်။

အမှန်တကယ်ပင်။

ပျက်စီးနေသည့် တက်ရောက်ခြင်းစင်မြင့်က နယ်ပယ်ချဲ့ထွင်ခြင်းကျောက်တုံးကိုအသုံးပြုနိုင်ခြင်းမရှိဘဲ အထက်နယ်ပယ်၏ တည်နေရာကိုပင် ခန့်မှန်းနိုင်ခြင်းမရှိပါ။ တိကျသောတည်နေရာကို ညွှန်ပြနိုင်ရန်သုံးမည်ကို မဆိုသေးပါနှင့်။

ကျန်းချန်ရွှမ်က နယ်ပယ်ချဲ့ထွင်ခြင်းကျောက်တုံးကိုပြန်သိမ်းလိုက်ကာစတင်၍ ရှန်းရူယန်နှင့် အတူ တက်ရောက်ခြင်းစင်မြင့်ကို အနီးကပ်လေ့လာတော့သည်။

သူတို့သည် မကြာမီတွင် နဂါးသခင်ပြောသကဲ့သို့ တက်ရောက်ခြင်းအစီအရင်နှင့် တက်ရောက်ခြင်း စင်မြင့် နှစ်ခုလုံးက ပျက်စီးနေသည်ကို ရှာဖွေတွေ့ရှိလိုက်ရသည်။

၎င်းကို ပြန်လည်ပြင်ဆင်ရန်အတွက်၊ သူတို့သည် ဆန်းကျယ်ရောင်ခြယ်ကျောက်တုံးနှင့် ကောင်းကင်ဘုံ ပျံသန်းခြင်းသလင်းကျောက်တို့ လိုအပ်လိမ့်မည်ဖြစ်သည်။ သူတို့၏နားလည်မှုအရ ထိုပစ္စည်းနှစ်ခုသည် အနှစ်သာရကိုးပါးကျင့်ကြံရေးလောကထဲတွင် မရှိပေ။

အကယ်၍ သွားရောက်ရှာဖွေလိုလျှင်၊ သူတို့သည် အခြားကျင့်ကြံရေးလောကများကို သွားရပေလိမ့်မည်။

ထိုအချိန်တွင်၊ အခြားကျင့်ကြံရေးလောကများအားသာမန်နည်းလမ်းများဖြင့် သွားရန်မှာ မဖြစ်နိုင်ပေ။

ထိုအတွေးဖြင့် သူတို့သည် ရှေးဟောင်းအကြွင်းအကျန်ကမ္ဘာထဲမှ နေရာရွှေ့ပြောင်းအစီအရင် စင်မြင့်ကို သုံးကာ သွားကြည့်ရမည်ဖြစ်သည်။

သူတို့သည် ထိုနေရာရွေ့ပြောင်းအစီအရင်စင်မြင့်က ထိုပစ္စည်းနှစ်ခုရှိသည့် ကျင့်ကြံရေးလောကကို ပို့ဆောင်ပေးမည်လား ဆိုသည်ကို မသိသော်လည်း ၎င်းသည် လက်ရှိတွင် သူတို့အတွက် တစ်ခုတည်းသော ရွေးချယ်စရာပင်ဖြစ်သည်။

မည်သို့ပင်မဆို ထိုနေရာတွင် အခြေခံအားဖြင့် သူတို့နှစ်ဦးသည် ကျန်ရှိနေသည့်ကိစ္စများအား ကိုင်တွယ်ရန် မလိုအပ်တော့ပါ။

သူတို့သည် ရွှမ်းယန်၊ အဆုံးမဲ့ပင်လယ်၊ ရုန်ဟန်ကျီရှန်း၊ တုန်းဖန်ထျန်းရှင်း၊ မုရုံရှန်း၊ အပြာရောင်လမင်း နှင့် ခုန်းမင်တို့ထံ ထားခဲ့မည်ဖြစ်သည်။

သူတို့သည်ရှိနေခြင်း မရှိနေခြင်းသည် သက်ရောက်မှုများစွာ ရှိမည်မဟုတ်ပေ။

သူတို့အာရုံစိုက်ရမည့်တစ်ခုတည်းသောအရာမှာ အသစ်သော အရာကို ထူထောင်နိုင်ရန်သာဖြစ်သည်။

သို့ရာတွင် ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့သည် ထိုကိစ္စအား ကောင်းကင်သခင်ရွှမ်းယန်ကို လွန်ခဲ့သော အချိန်များကတည်းက ပြောထားပြီးသားဖြစ်သည်။

သူတို့သည် ကောင်းကင်သခင်ရွှမ်းယန်နှင့် ရုန်ဟန်ကျီရှန်းတို့က သူတို့အားစိတ်ပျက်စေလိမ့်မည် မဟုတ်ကြောင်းယုံကြည်ပါသည်။

သို့သော် ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့သည်အခြားကျင့်ကြံရေးလောကသို့ မသွားခင်တွင် ကျန်းမိသားစုသို့ပြန်ကာ ကျန်းအန်းရန်နှင့် အခြားသူများအတွက် အရေးပေါ်အခြေအနေတွင် သုံးနိုင်ရန် ပစ္စည်းတစ်ချို့ကို ချန်ထားပေးခဲ့လေသည်။

အားလုံးလုပ်ဆောင်ပြီးသည့်နောက်၊ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် နောက်ဆုံးတွင် သူတို့သွားရောက်ဖူးသော ရှေးဟောင်းအကြွင်းအကျန်နယ်ပယ်သို့ ထွက်ခွာခဲ့တော့သည်။

အကြွင်းအကျန်နယ်ပယ်အနီးသို့ရောက်သည်နှင့် ကျန်းချန်ရွှမ်သည် ထိုနေရာမှ ရခဲ့သော အစီအရင်အလံများကို ယူထုတ်လိုက်သည်။

သူသည် အလံအတွင်းသို့ သူ၏ဓမ္မစွမ်းအားကိုပေါင်းထည့်လိုက်သည်နှင့် ၎င်းသည် တောက်ပစွာ လင်းလာခဲ့သည်။

ကျီ……..

တပြိုင်နက်ထဲ၊ အလင်းသည် ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့အား ဖုံးလွမ်းသွားလေသည်။

သူတို့သည် ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ သူတို့ယခင်က လာရောက်ခဲ့ဖူးသော မဟာခန်းမထဲတွင် ရောက်နေသည်ကိုတွေ့လိုက်ရသည်။

အရှေ့တွင်၊ နေရာရွေ့ပြောင်းရေးအစီအရင်များရေးဆွဲထားသည့် စင်မြင့်ရှိနေသည်။ ၎င်းသည် ထိုနေရာတွင် ဆိတ်ငြိမ်စွာပင်ရှိနေလေသည်။

ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့သည် တည်ငြိမ်စွာအကြည့်ချင်းဖလှယ်လိုက်ကြပြီး ထိုစင်မြင့်ဆီသို့ တုံ့ဆိုင်းခြင်းမရှိဘဲ ချဉ်းကပ်သွားခဲ့သည်။

“ဒါပဲ။” ကျန်းချန်ရွှမ်က ပြောသည်။

“ကိုယ်တို့ရဲ့ လက်ရှိစွမ်းအားနဲ့ဆိုရင်၊ ဒီအဆင့်မှာရှိတဲ့ နေရာရွေ့ပြောင်းရေးအစီအရင်က ကိုယ်တို့အပေါ် ဘာအန္တရာယ်မှ ရှိမှာမဟုတ်ဘူး။ ဒါပေမဲ့၊ လုံခြုံရေးအတွက်၊ ကိုယ်တို့ လက်ထဲမှာသေမင်းအစားထိုးအဆောင်ကို ဆောင်ထားကြရအောင်။”

ကျန်းချန်ရွှမ်၏စကားကိုကြားလျှင် ရှန်းရူယန်သည် သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်သည်။

သူမသည် များစွာသောအသာလွန်ဆုံးအဆင့် ဝိညာဉ်ကျောက်တုံးများကို ယူထုတ်လာကာ ကျန်းချန်ရွှမ်နှင့် အတူ စင်မြင့်၏အမျိုးမျိုးသော နေရာလွတ်များတွင် နေရာချလိုက်သည်။

ကျီ….

နေရာလွတ်များတွင် အသာလွန်ဆုံးအဆင့် ဝိညာဉ်ကျောက်တုံးများနှင့် ပြည့်သွားသောအခါ ထိုစင်မြင့်က မယုံကြည်နိုင်စရာကောင်းသော တလက်လက်တောက်ပနေသည့်အလင်းအဖြစ် ပေါက်ထွက်သွားခဲ့သည်။

ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့သည်အလင်းမှထွက်ပေါ်နေသည့် ရွေ့ပြောင်းခြင်း အစီအရင်၏ စွမ်းအားကို ခံစားလိုက်ရသည်။

ခနအကြာတွင်၊ နှစ်ဦးလုံးသည် နေရာရွေ့ပြောင်းရေးကျောက်တုံးစင်မြင့်ပေါ်တွင် အတူမတ်တပ်ရပ်လိုက်ပြီး သက်ဆိုင်သည့် ကျင့်ကြံရေးလောကသို့ ဦးတည်သွားရန်အတွက် ထိုစင်မြင့်အားသုံးနိုင်ပြီဖြစ်သည်။

အကြည့်ချင်းဖလှယ်ကြပြီးနောက်၊ ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့သည် တုံ့ဆိုင်းမနေတော့ဘဲ စင်မြင့်ပေါ်သို့ ခြေလှမ်းလိုက်တော့သည်။

ကျီ…..

အလင်းသည် သူတို့၏ပုံရိပ်များကိုဖုံးလွှမ်းသွားချိန်တွင်၊ ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့၏ အရိပ်က လျှင်မြန်စွာဖြင့် နေရာရွေ့ပြောင်းရေးကျောက်တုံးစင်မြင့်ပေါ်မှ ပျောက်ကွယ်သွားလေတော့သည်။

***

All Chapters