မူလနက္ခတ်တာရာကျင့်ကြံရေးလောကသို့ ဆင်းသက်ခြင်း၊ မြေပုံဝယ်ယူခြင်း
Vol. 36 Ch. 686
နယ်ပယ်ဖြတ်ကျော်နေရာရွေ့ပြောင်းခြင်းက သာမန်နေရာရွေ့ပြောင်းခြင်းနှင့် မတူပေ။
၎င်းသည်ပိုမို၍ အန္တရာယ်များသည်။
သာမန်ကျင့်ကြံသူများသည် ကာကွယ်ရေးရတနာများမရှိလျှင် နေရာရွေ့ပြောင်းခြင်းစတင်သည်နှင့် သူတို့၏ပတ်ဝန်းကျင်ရှိ နေရာလပ်စွမ်းအားများ၏ပွတ်တိုက်မှုများကြောင့် ချေမှုန်းခြင်း ခံလိုက်ရနိုင်သည်။
ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ ဝင်ရောက်သွားခါစ ကျင့်ကြံသူများသည်ပင် သူတို့၏နေရာလပ်အပေါ် နားလည်နိုင်စွမ်းက နက်ရှိုင်းမှုမရှိသေးသောကြောင့် နယ်ပယ်ကျော်ဖြတ်ရွေ့ပြောင်းခြင်းကို ဂရုမစိုက်ဘဲ မနေရဲပေ။
အကယ်၍ သူတို့ဂရုမစိုက်လျှင်၊ သူတို့သည် ပြင်းထန်သည့် နေရာလပ်စွမ်းအားများကြောင့် ပြင်းထန်သော ဒဏ်ရာရရှိနိုင်သည်။
သို့ရာတွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ဝိညာဉ်ဖွဲ့စည်းခြင်းနောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီး ဖြစ်သောကြောင့် ထိုကဲ့သို့သောနေရာရွေ့ပြောင်းရေးကို ရင်ဆိုင်ရာတွင် လေပြေကဲ့သို့သာဖြစ်သည်။ သို့ရာတွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ဂရုမစိုက်ဘဲ မနေပါ။
နှစ်ဦးစလုံးသည် သူတို့၏ပထမဦးဆုံး နယ်ပယ်ကျော်ဖြတ်ကာ နေရာရွေ့ပြောင်းခြင်းဖြစ်သောကြောင့် ဦးတည်ချက်ကိုလည်း မရှင်းလင်းသေးသည်ဖြစ်ရာ မတော်တဆတစ်ခုခုဖြစ်လျှင် ပြင်ဆင်ရန်အတွက် သေမင်းအစားထိုးအဆောင်ကို လက်ထဲတွင်ကိုင်ထားကြလေသည်။
ထို့ကြောင့်၊
အရာအားလုံးကို သတိဖြင့်လုပ်ဆောင်ရမည်ဖြစ်သည်။ လုံခြုံရေးသည် နောက်မှ အားနာခြင်းထပ် ပို၍ ကောင်းမွန်ပါသည်။
ကျီ……ကျီ….ကျီ…….
သူ၏အရှေ့မှ အလင်းနှင့် အရိပ်သည် ဆက်လက်၍ တောက်ပနေသည်။
၎င်းသည် တခနဟုထင်ရသော်လည်း ထာဝရနှင့်လည်း တူလေသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ ခြေထောက်များသည် တစ်ဖန်ပြန်၍ မြေပေါ်သို့ထိသွားရာတွင် သူတို့သည် နယ်ပယ်ဖြတ်ကျော်သောနေရာရွေ့ပြောင်းရေးစင်မြင့်ပေါ်တွင်ရှိကြောင်းကို အံဩစွာ တွေ့လိုက်ရသည်။ ပတ်ပတ်လည်သို့ကြည့်လိုက်သောအခါ သူတို့သည် တောက်ပသော သလင်းကျောက်များ နှင့် ပြည့်နေသော တောင်ပေါ် ဂူတစ်လုံးအတွင်းတွင်ရှိနေလေသည်။
သူတို့၏သွင်ပြင်အရ ထိုသလင်းကျောက်များသည် ထိုနေရာ၌ ရှိနေသည်မှာ အချိန်ကြာမြင့်နေ လောက်ပြီဖြစ်သည်။
သူတို့သည် မည်သည့် ကျင့်ကြံရေးလောကကို ရောက်နေခြင်းဖြစ်ကြောင်းကို မသေချာပေ။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ဤလောကအသစ်တွင် သူတို့၏ကျင့်ကြံခြင်းအဆင့်က ဖိနှိပ်ထားခံရခြင်း မရှိကြောင်းကို တွေ့သောအခါ အနည်းငယ် ထိတ်လန့်သွားရသည်။
သာမန်အားဖြင့် ဝိညာဉ်ဖွဲ့စည်းခြင်းကျင့်ကြံသူများသည် အခြားလောကသို့ ခရီးသွားလျှင် ထိုလောက၏ ကွဲပြားသော စည်းမျဉ်းအရ သူတို့၏အဆင့်နှင့် စွမ်းအားများက အားနည်းသွားခြင်း သို့ ဖိနှိပ်ထားခံရခြင်းမျိုး ဖြစ်တတ်ပေသည်။
အရေးကြီးသည့် ဖြစ်ရပ်မျိုး၌ သူတို့၏ကျင့်ကြံခြင်းအဆင့်သည် ဝိညာဉ်ဖွဲ့စည်းခြင်းအောက်သို့ပင် ရောက်နေနိုင်သေးသည်။
ထိုအကြောင်းအရင်းသည် သူတို့ကဲ့သို့သော ကျင့်ကြံသူများသည် နယ်ပယ်ကျော်ဖြတ်ကာ ခရီးသွားနိုင်စွမ်း ရှိသော်လည်း၊ အခြားလောကသို့သွားရန် တုံ့ဆိုင်းနေကြသေးခြင်းဖြစ်သည်။
အကယ်၍ သူတို့သည် လောကတစ်ခုသို့သွားကာ သူတို့၏စွမ်းအားများက အလွန်ဖိနှိပ်ခံရမည်ဆိုလျှင်၊ သူတို့သည် ထိုလောကတွင် ကျဆုံးနိုင်သည်မှာ သာမန်ပင်ဖြစ်သည်။
သို့ရာတွင် ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်က ထိုကဲ့သို့သောဖိနှိပ်ခြင်းမျိုးကို မတွေ့ကြုံရပါ။
သူတို့၏ကျင့်ကြံခြင်းအဆင့်နှင့် စွမ်းအားက အနှစ်သာရကိုးပါးကျင့်ကြံရေးလောကတွင် ရှိသည့် အတိုင်းပင် အတူတူဖြစ်သည်။
၎င်းသည် တစ်ခုခုနှင့် ပက်သက်နေမည်လား?
ထိုစုံတွဲက မနေနိုင်ဘဲ တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြသည်။ နှစ်ဦးစလုံးက ဖြစ်နိုင်ချေတစ်ခုတည်းကိုပင် ခန့်မှန်းမိပုံရသည်။
သာမန်အားဖြင့် သူတို့ယခုအခြေအနေတွင်စိုးရိမ်ရမည်မှာ ထိုအရာမဟုတ်ပါ။ သူတို့ရှိနေသောနေရာသည် မည်သို့သောနေရာဖြစ်သည်ကို သိရန် ပို၍ လိုအပ်ပါသည်။
ထိုအတွေးဖြင့်၊ ထိုစုံတွဲသည် ချက်ခြင်းပင် ဂူအပြင်သို့ထွက်လိုက်ကြသည်။
သူတို့သည်ထွက်ပေါက်သို့ရောက်သည့်အချိန်တွင်၊ သူတို့ရှိနေသည့်ဂူက အမှန်တကယ်တွင် မယှဉ်နိုင်လောက်အောင်ကြီးမားသော အစီအရင်တစ်ခုမှဖုံးအုပ်ထားခြင်းဖြစ်သည်ကို သတိပြုမိသွားသည်။ ဂူအားအပြင်ကမ္ဘာနှင့် လုံးဝ ကန့်သတ်ထားလေသည်။
ထို့ကြောင့်၊
အကယ်၍ သူတို့ယခုထွက်ခွာလိုလျှင်၊ သူတို့သည် ရှေ့မှ အစီအရင်၏ ဟာကွက်ကို ဖွင့်နိုင်ရန် ပထမဆုံးနည်းလမ်းရှာရမည်ဖြစ်သည်။
ကံကောင်းစွာပင်၊ ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်နှစ်ဦးစလုံးက အဆင့် ၆ အစီအရင်ဆရာများအနေဖြင့် အစီအရင်များကိုကျွမ်းကျင်စွာနားလည်မှုရှိသည်။
ဂူအားလွှမ်းခြုံထားသည့်အစီအရင်အား အချိန်အနည်းငယ်လေ့လာပြီးနောက် သူတို့သည် အကြမ်းဖျင်း အကြံများရသွားကြသည်။
ကြိုးစားအားထုတ်မှုသိပ်မရှိလိုက်ရပဲ၊ သူတို့သည် အစီအရင်အား ပျက်စီးစေခြင်းမရှိဘဲ ယာယီလမ်းတစ်ခုကို ဖန်တီးနိုင်ရန်လုပ်ဆောင်ခဲ့သည်။
ကျီ………..
အပြာနုရောင်အလင်းက လင်းလက်သွားသည်နှင့် ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့က ဂူအပြင်ဘက်တွင် ပေါ်ထွက်လာခဲ့သည်။
ရှဲရှဲ…..
ဂူအပြင်သို့ထွက်ပြီးသည်နှင့်၊ ထိုစုံတွဲက သူတို့သည် ပင်လယ်သမုဒ္ဒရာ၏ အလယ်တွင် ရောက်နေကာ အလွန်နက်ရှိုင်းသည့်အစိတ်အပိုင်းအတွင်းရောက်နေသည်ကို သတိပြုမိသွားသည်။
သူတို့သည် ပတ်ပတ်လည်မှ ပင်လယ်ရေ၏ ဖိအားအောက်မှ ကျော်ဖြတ်ခဲ့ရလေသည်။
ထိုနယ်ပယ်ကျော်ဖြတ်ခြင်းအစီအရင်က ထိုကဲ့သို့ ပင်လယ်၏သီးသန့်နေရာတွင် ရှိကာ အတော်လေး လျို့ဝှက်သည်ကိုဝန်ခံရမည်ဖြစ်သည်။
၎င်းသည် လူအများစုမတွေးမိသောနေရာဖြစ်လိမ့်မည်။ ပြီးနောက် ပင်လယ်ရေ၏ဖိအားသည် ရွှေအမြုတေကျင့်ကြံသူတစ်ဦး၏အသက်ကိုပင်ချိန်းခြောက်နိုင်စွမ်းရှိသည့်အတွက် ထိုနေရာအား ရှာဖွေတွေ့ရှိရန် အခွင့်အရေးများလျော့နည်းသွားသည်။
တည်နေရာအား ခိုင်မာစွာမှတ်သားလိုက်ပြီးနောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အချိန်မဆွဲတော့ပေ။
နှစ်ဦးစလုံးသည် တည်နေရာများကို ကျပန်းရွေးချယ်လိုက်ကြပြီးထိုနေရာများသို့ ပျံသန်းသွားကြသည်။
ဖြန်း….
ပင်လယ်ရေက လိမ့်တက်လာသည်။
သူတို့၏အရှိန်နှင့် ရေနေသတ္တဝါများနှင့် နတ်ဆိုးသားရဲများသည်ပင် တုံ့ပြန်နိုင်ရန် အချိန်မရှိပေ။
သူတို့သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏တည်နေရာအားခြေရာခံမိလျှင် သူတို့၏ပုံရိပ်က နတ်ဘုရားအာရုံထဲမှ ပျောက်ကွယ်သွားပြီဖြစ်သည်။
ဖြန်း…..
နောက်ဆုံးတွင်၊
အချိန်တစ်ချို့ကြာပြီးနောက် ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့က ပင်လယ်၏အလွန်သို့ ရောက်လာခဲ့ပြီ ဖြစ်သည်။
ညှင်သာသည့် နေရောင်က ကောင်းကင်ပေါ်မှ ဖြာကျနေသည်။
ထိုစုံတွဲသည်လေပေါ်တွင်ရပ်နေကာ သူတို့၏ပတ်ဝန်းကျင်မှ ဝိညာဉ်ချီများစီးဆင်းမှုကိုခံစားလိုက်ပြီး မနေနိုင်ဘဲ အံ့အားသင့်သွားလေသည်။
သူတို့သည် ဤလောကမှ ဝိညာဉ်ချီသိပ်သည်းဆက သူတို့၏ အနှစ်သာရကိုးပါးကျင့်ကြံရေးလောက ထပ် အနည်းငယ်ပို၍ မြင့်နေသည်။
၎င်းသည် ဤလောက၏အဆင့်က သူတို့လာခဲ့သည့် အနှစ်သာရကိုးပါးကျင့်ကြံရေးလောကထပ် ပိုမို၍ အဆင့်မြင့်သည်ကို ပြသနေပါသလား?
***