← Chapters

မူလနက္ခတ်တာရာကျင့်ကြံရေးလောကသို့ ဆင်းသက်ခြင်း၊ မြေပုံဝယ်ယူခြင်း (၂)

Vol. 36 Ch. 687

မူလနက္ခတ်တာရာကျင့်ကြံရေးလောကသို့ ဆင်းသက်ခြင်း၊ မြေပုံဝယ်ယူခြင်း (၂)

Vol. 36 Ch. 687

အကယ်၍ ထိုကဲ့သို့ဖြစ်ပါက၊ ဤလောက၏ အမြင့်ဆုံးသတ်မှတ်ချက်က ဝိညာဉ်ဖွဲ့စည်းခြင်း အထွတ်အထိပ်အဆင့် ဖြစ်လိမ့်မည်။

သို့ရာတွင်၊ သူတို့၏လောကကဲ့သို့ပင်၊ ဤလောကတွင် တက်ရောက်ရန်အတွက် အခြေအနေသည် လည်း အတားအဆီးများနှင့် ပြုပြင်ရန်လိုအပ်နေသောအခြေအနေဖြစ်ပေသည်။

ထိုအချက်အား ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့ကဲ့သို့ ဝိညာဉ်ဖွဲ့စည်းခြင်းနောက်ဆုံးအဆင့်တွင် ရောက်နေသော သူများက ဤလောက၏ တက်ရောက်ခြင်းစင်မြင့်ကို စုံစမ်းစစ်ဆေးနေရန် မလိုဘဲ ကောက်ချက်ချနိုင်ပါသည်။

သူတို့သည် ပတ်ဝန်းကျင်မှ ဆက်သွယ်မှုများမှတဆင့်ရိုးရှင်းစွာ ကောက်ချက်ချနိုင်သည်။

ဝိညာဉ်ဖွဲ့စည်းခြင်းနောက်ဆုံးအဆင့်သို့ရောက်သွားသောကျင့်ကြံသူမည်သူမဆို တက်ရောက်ခြင်း ဝိညာဉ်ညွှန်ပြခြင်းအလင်းကို စတင်နိုင်ပေသည်၊

ထို့ကြောင့် သူတို့သည် ဆန်းကြယ်ရောင်ခြယ်ကျောက်တုံးနှင့် ကောင်းကင်ဘုံပျံသန်းခြင်း သလင်းကျောက် တို့ကိုသာရှာတွေ့၍ တက်ရောက်ခြင်းစင်မြင့်ကိုသာ ပြုပြင်ရန်မျှော်လင့်ရတော့မည်။

“ကိုယ်တို့ဘယ်နေရာရောက်လာလဲဆိုတာကိုပဲအရင် ရှာကြည့်ကြတာပေါ့။”

ကျန်းချန်ရွှမ်က ရှန်းရူယန်အား အကြံပေးလိုက်သည်။

ရှန်းရူယန်က ခေါင်းညိတ်လိုက်သည်။

မကြာမီ ထိုစုံတွဲသည် ထိုနေရာမှ ပျောက်ကွယ်သွားသည်။

......

ရက်အနည်းငယ်အကြာတွင်၊

နက္ခတ်တိမ်တိုက်မြို့ဟုခေါ်သည့် ကျင့်ကြံရေးမြို့တွင် ဖြစ်သည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် လမ်းလျောက်သွားနေကြသည်။

ထိုမြို့သည် လူအုပ်များဖြင့်ပြည့်နက်နေပြီး အသက်ဝင်နေလေသည်။

ထိုအချိန်တွင် သူတို့သည် သူတို့၏ကျင့်ကြံဆင့်အား ရွှေအမြုတေအဆင့်သို့ ဖိနှိပ်ထားသည်။

....

ရက်ပေါင်းများစွာစုံစမ်းပြီးနောက်၊ သူတို့သည် နောက်ဆုံး၌ ရောက်ရှိနေသောနေရာသည် ဟွမ်းလင်းအာ ထံမှ ကြားဖူးသည့် မူလနက္ခတ်တာရာကျင့်ကြံရေးလောကဖြစ်ကြောင်း သိသွားသည်။

၎င်းသည် သူမ၏အဖေ ဟွမ်းဝမ်ယုက မသိနိုင်သောအခြေအနေများထဲတွင် ကျရောက်သွားသည့် လောကဖြစ်လေသည်။

သူတို့ယခုလက်ရှိ ရောက်နေသည့် နက္ခတ်တိမ်တိုက်မြို့သည် ဟောက်ဟိုင်သမုဒ္ဒရာထဲမှ ကျွန်းတစ်ခု ပေါ်တွင်တည်ရှိသော ကျင့်ကြံရေးမြို့ဖြစ်သည်။

ဟောက်ဟိုင်သမုဒ္ဒရာ၌ မရေတွက်နိုင်သည့်မြို့များတည်ရှိပြီး ကြီးမားသောမြို့များရှိသလို သေးငယ်သောမြို့ များလည်းရှိသည်။

သေးငယ်သောမြို့များတွင် ကျင့်ကြံခြင်းအဆင့်အမြင့်ဆုံးမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ဖြစ်သည်။

နက္ခတ်တိမ်တိုက်မြို့ကဲ့သို့ ကြီးမားသည့်မြို့များတွင် အခြေတည်ဝိညာဉ်စံသခင်များရှိပေသည်။

ဝိညာဉ်ဖွဲ့စည်းခြင်းကျင့်ကြံသူများအနေဖြင့် သူတို့သည် ပုံမှန်အားဖြင့် ဟောက်ဟိုင်သမုဒ္ဒရာကဲ့သို့သော နေရာမျိုးတွင် မနေပါ။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏လက်ရှိနားလည်မှုအရ ဟောက်ဟိုင်သမုဒ္ဒရာသည် ဝေးလံကာ အစွန်အဖျားကျသည့်နေရာဖြစ်သည်။

သို့ရာတွင်၊ သူတို့၏အနှစ်သာရကိုးပါးရှိ နိုဗာရေပြင်နှင့် စာလျှင် မူလနက္ခတ်တာရာကျင့်ကြံရေးလောက ၏ ဝေးလံခေါင်ဖျားသောဒေသသည် သာလွန်နေပါသေးသည်။

သူတို့သည် လင်းအာ၏အဖေ ဟွမ်ဝမ်ယုက ရှိနေသည့်နေရာက ဤမူလနက္ခတ်တာရာကျင့်ကြံရေး လောက ဖြစ်နေမည်လားဟု သိချင်နေကြသည်။

သူတို့ရောက်ရှိနေသည့် မူလနက္ခတ်တာရာကျင့်ကြံရေးလောကသည် တစ်ခုဖြစ်မည်လား မသိသော်လည်း ယခုမူ ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့က လောကတစ်ခုတည်း၌ရှိနေလျှင် ဟွမ်းဝမ်ယုအားဖြစ်နိုင်လျင် ရှာတွေ့ချင်နေပေသည်။

သေချာပါသည်။

ထိုအချိန်တွင်၊သူတို့သည် ဤခရီး၏မူလရည်ရွယ်ချက်ဖြစ်သည့် ဆန်းကျယ်ရောင်ခြယ်ကျောက်တုံးနှင့် ကောင်းကင်ပျံသန်းခြင်းသလင်းကျောက်တို့ကို ရှာဖွေရန်ကိုလည်း မမေ့ပါ။

“ကျင့်ကြံသူစီနီယာတို့ တစ်ခုခုများဝယ်ဖို့ရှာနေတာလား?”

အမှတ်တမဲ့နှင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ကြီးမားသောအဆောက်အဦး၏ ဝင်ပေါက်တွင် ရပ်နေလျက်သားဖြစ်နေသည်။

ထိုအဆောက်အဦးအား နက္ခတ်တိမ်တိုက်စံအိမ်ဟုခေါ်လေသည်။ ၎င်းသည် နက္ခတ်တိမ်တိုက်မြို့တွင် အကြီးဆုံး ကုန်သည်အိမ်တစ်ခုဖြစ်သည်။

ထိုအချိန်တွင် လှပကာကျက်သရေရှိသည့် အခြေခံတည်ဆောက်ခြင်းအဆင့် အမျိုးသမီးကျင့်ကြံသူက ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား အပြုံးနှင့် နှုတ်ဆက်လိုက်သည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကလည်း မငြင်းပယ်ပါ။

သူတို့ကလည်းခေါင်းညိတ်ကာမေးလိုက်သည်။

“မင်းတို့မှာ ဟောက်ဟိုင်သမုဒ္ဒရာရဲ့မြေပုံနဲ့ ကုန်းတွင်းဖက်က မြေပုံတို့ရှိလိမ့်မယ်မလား?”

ကျန်းချန်ရွှမ်၏မေးခွန်းကိုကြားလျင် လှပသည့်အမျိုးသမီးကျင့်ကြံသူက ချက်ခြင်းခေါင်းညိတ်လိုက်သည်။

“စီနီယာတို့ ကျွန်မတို့ နက္ခတ်တိမ်တိုက်စံအိမ်မှာ ဟောက်ဟိုင်သမုဒ္ဒရာရဲ့စံအိမ်နဲ့ ကုန်းတွင်းပိုင်းရဲ့ မြေပုံတွေ တကယ်ရှိပါတယ်။ ရှင်တို့သွားချင်တာ ကုန်းတွင်းပိုင်းရဲ့ဘယ်နေရာကိုသွားချင်တာလဲသိခွင့်ရှိမလား?”

ပြောရင်းနှင့် လှပသည့်အမျိုးသမီးကျင့်ကြံသူသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား နက္ခတ်တိမ်တိုက်စံအိမ် အတွင်းသို့ ခေါ်ဆောင်သွားကာ သူတို့အတွက် သီးသန့်ခန်းကို ဖွင့်ပေးလိုက်သည်။

“အကယ်၍ ဖြစ်နိုင်ရင် မြေပုံအားလုံးရဲ့ ပုံတူကိုပေးနိုင်မလား?”

“ရှင်တို့က မြေပုံအားလုံးရဲ့ပုံတူကိုလိုချင်တာလား?”

ကျန်းချန်ရွှမ်၏တောင်းဆိုချက်ကိုကြားလျှင် လှပသည့် အမျိုးသမီးကျင့်ကြံသူက ရှင်းလင်းစွာပင် ကြောင်အသွားသည်။

သူတို့ဆိုင်တွင်ရောင်းချသောမြေပုံ၏တန်ဖိုးက မသေးလှပါ။

ရွှေအမြုတေကျင့်ကြံသူများအနေဖြင့် မြေပုံတစ်ခု၏ပုံတူကိုဝယ်ရန်ပင် ခက်ခဲပါသည်။

၎င်းသည် အမျိုးသမီးကျင့်ကြံသူအား သူသည် ကြီးမားသည့်ဖောက်သည်နှစ်ဦးနှင့်ရင်ဆိုင်နေရသည်ကို သိသွားစေသည်။

ထိုအချိန်တွင် သူမသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား ပို၍ လေးစားသမှုဖြင့် ဆက်ဆံလေသည်။

သူမက ပြောလိုက်သည်။ “ကျေးဇူးပြု၍ နှစ်ဦးသား ခနစောင့်ပါ။ ရှင်တို့မေးတဲ့ ပစ္စည်းက ကျွန်မရဲ့လုပ်နိုင်စွမ်းထပ်ကျော်နေလို့ပါ။ ကျွန်မသွားပြီး ရှင်တို့နဲ့ဆက်ဆွေးနွေးနိုင်ဖို့ တာဝန်ရှိတဲ့ ဆိုင်ကိုယ်စားလှယ်ကို ခေါ်ခဲ့ပါ့မယ်။”

ပြောပြီးနောက် လှပသည့်အမျိုးသမီးကျင့်ကြံသူက ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား လေးစားစွာ ဦးညွတ်ပြီး အခန်းထဲမှ အမြန်ထွက်ခွာသွားခဲ့သည်။

ထိုအချိန်တွင်ပင် များစွာသောစားပွဲထိုးများဝင်လာကာ ဝိညာဉ်လက်ဖက်ရည်များနှင့် မုန့်များကို ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အတွက် ယူလာခဲ့လေသည်။

၎င်းသည် ထိုလှပသည့် အမျိုးသမီးကျင့်ကြံသူက သူတို့အား လေးစားသမှုရှိကြောင်း ပြနေခြင်း ဖြစ်သည်။ သူတို့ထံယူလာသည့် ပစ္စည်းသည် လက်ရှိတွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အတွက် အရေးမကြီးသော်လည်း သာမန်ကျင့်ကြံသူများအတွက်မူ အတော်လေးကောင်းမွန်သည့်အရာဟု ဆုံးဖြတ်နိုင်ပါသည်။

နှစ်ဦးသားသည် မလောနေဘဲ အေးဆေးစွာပင် စောင့်နေကြသည်။

သူတို့၏သီးသန့်ခန်းတံခါးပွင့်လာသည်အထိ သူတို့သည် အချိန်ကြာမြင့်စွာ မစောင့်လိုက်ရပါ။

ခရမ်းရောင်ဝတ်စုံဝတ်ထားကာ နှုတ်ခမ်းပေါ်တွင် အမှတ်ပါ၍ သိမ်မွေ့ကာ ကျက်သရေရှိသော အသွင်အပြင်နှင့် အမျိုးသမီးက ဝင်လာလေသည်။

သူမ၏ကျင့်ကြံဆင်သည် သူတို့မျှော်လင့်ထားသောအဆင့်မဟုတ်ပါ။ ကျီဖုအဆင့်မဟုတ်ပဲ စစ်မှန်သောရွှေအမြုအတေအဆင့် ဖြစ်နေသည်။

သူတို့အားတွေ့သည်နှင့် သူမသည် ချက်ခြင်းပင်ပြုံးကာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား နှုတ်ဆက်လိုက်သည်။

“ကျွန်မက လင်းကျီယန်ပါ။ နှုတ်ဆက်ပါတယ်။ တာအိုရောင်းရင်းတို့။”

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကလည်းအပြုံးဖြင့် ပြန်လည်ခေါင်းညိတ်ပြလိုက်သည်။

လင်းကျီယန်က ပြောသည်။ "ကျွန်မကြားကာ ရှင်တို့နှစ်ဦးက ဟောက်ဟိုင်သမုဒ္ဒရာနဲ့ ကုန်းတွင်းပိုင်းရဲ့မြေပုံတွေကို ဝယ်ချင်တယ်ပြောတယ်။ အဲ့တာမှန်ပါသလား?”

“မှန်ပါတယ်။”

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က မငြင်းပယ်ဘဲ ခေါင်းညိတ်ပြလိုက်သည်။

သူတို့၏အတွေးကရိုးရှင်းပါသည်။

သူတို့သည် ဆန်းကျယ်ရောင်ခြယ်ကျောက်တုံးနှင့် ကောင်းကင်ဘုံပျံသန်းခြင်းသလင်းကျောက်ကို ရှာဖွေလိုလျှင် သူတို့သည် မူလနက္ခတ်တာရာကျင့်ကြံရေးလောက၏ နေရာဒေသတိုင်း၏ အခြေအနေများကို နားလည်ထားရန် လိုအပ်သည်။

မဟုတ်လျှင် သူတို့သတင်းရလျှင်ပင် ထိုနေရာသည်မည်သည့်နေရာတွင်ရှိမှန်းမသိလျှင် ရှက်စရာကောင်းပေလိမ့်မည်။

ရောင်းချသူအနေဖြင့် လင်းကျီယန်သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က မည်သည့်အတွက်ကြောင့် ထိုမြေပုံများကို ဝယ်ယူမည်ကို စိုးရိမ်နေစရာမလိုအပ်ပါ။

ထို့ကြောင့် သူမက ပြောလိုက်သည်။ “ရှင်တို့နှစ်ဦးလိုချင်တဲ့မြေပုံက ကျွန်မတို့နက္ခတ်တိမ်တိုက်စံအိမ်မှာ တကယ်ရှိပါတယ်။”

ထိုသို့ပြောကာ သူမသည် သူမ၏ ခန္ဓာကိုယ်မှ ကျောက်စိမ်းပြားများကိုထုတ်လာလေသည်။

ပြီးနောက် သူမသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အားကြည့်ကာအပြုံးနှင့် ပြောလိုက်သည်။

“ရှင်တို့လိုချင်တဲ့ ကျောက်စိမ်းပြားအကုန်လုံးရဲ့ စုစုပေါင်းဈေးနှုန်းက ဝိညာဉ်ကျောက်တုံး ၁.၅ သန်းကျပါမယ်။

သေချာတာပေါ့၊ အကယ်၍ ရှင်တို့ အခြားသမုဒ္ဒရာရဲ့ မြေပုံတွေပါဝယ်မယ်ဆိုရင် ကျွန်မလျော့ဈေးနဲ့ ပေးနိုင်ပါတယ်။ စုစုပေါင်း ဝိညာဉ်ကျောက်တုံး ၂ သန်းဆိုရင်ကော ဘယ်လိုလဲ?”

“အင်း…”

လင်းကျီယန်၏စကားကိုကြားလျှင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က ဆွဲဆောင်ခံလိုက်ရသည်။ သူတို့သည် မူလနက္ခတ်တာရာကျင့်ကြံရေးလောကတွင် အခြားသမုဒ္ဒရာကျွန်းစုများရှိသေးသည်ကို ယခင်က မကြားဖူးပါ။

သူတို့သည် ဝယ်ယူခြင်းအသိပညာအဖြစ်မှတ်ယူရန်ဆုံးဖြတ်လိုက်ကြသည်။

ချက်ခြင်းပင် နှစ်ဦးသား ခေါင်းညိတ်လိုက်ကြသည်။

“ဒီလိုဆိုရင်၊ ကျွန်တော်တို့အတွက် ခင်ဗျားတို့ဆိုင်မှာရှိတဲ့မြေပုံတွေအားလုံးရဲ့ ပုံတူကိုစီစဉ်ပေးပါ။”

“အို၊ ရှင်က တားမြစ်ထားတဲ့နေရာတွေရဲ့မြေပုံကိုပါလိုချင်တာလား?”

လင်းကျီယန်က အနည်းငယ် အံ့အားသင့်သွားသည်။

သို့သော် စီးပွားရေးကလက်တစ်ကမ်းအလို၌ပင်ရှိနေရာ သူမသည် အဝေးသို့ရောက်သွားစေမည် မဟုတ်ပါ။

အနည်းငယ်စဉ်းစားပြီးနောက်၊ သူမက သူတို့အားပြောလိုက်သည်။

“ဒီလိုဆိုရင် စုစုပေါင်းက ဝိညာဉ်ကျောက်တုံး ၃သန်းကုန်ကျပါမယ်။ ဝိညာဉ်ကျောက်တုံးပဲပေးချင်လား သို့မဟုတ် တန်ဖိုးတူညီတဲ့အရာတစ်ခုခုနဲ့ပေးမှာလား?”

“ဝိညာဉ်ကျောက်တုံးနဲ့ပါ။”

ကျန်းချန်ရွှမ်က သူ၏ကိုယ်ပေါ်မှ သိုလှောင်လက်စွပ်ကိုယူကာ လင်းကျီယန်အားပေးလိုက်သည်။

“တာအိုရောင်းရင်းလင်း၊ ခင်ဗျားကြည့်နိုင်ပါတယ်။”

မူလနက္ခတ်တာရာကျင့်ကြံရေးလောကသို့မလာခင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ဝိညာဉ်ကျောက်တုံးကဲ့သို့သော ပစ္စည်းများကိုကြိုတင်ပြင်ဆင်လာပါသည်။

ထို့ကြောင့်။

သူတို့၏ခန္ဓာကိုယ်ပေါ်တွင်၊ အဆင့်မြင့်ရတနာများသာပါရှိပြီး အခြေခံပစ္စည်းများမရှိသည့် အခြေအနေမျိုးနှင့် မတွေ့စေရန်ဖြစ်သည်။

***

All Chapters