← Chapters

အခြေအနေကို စုံစမ်းရန် ကုန်းတွင်းပိုင်းသို့ သွားရောက်ခြင်း

Vol. 36 Ch. 688

အခြေအနေကို စုံစမ်းရန် ကုန်းတွင်းပိုင်းသို့ သွားရောက်ခြင်း

Vol. 36 Ch. 688

“ဂရုစိုက်ပါ။”

အရောင်းအဝယ်ပြီးသွားပြီးနောက် လင်းကျီယန်က ကိုယ်တိုင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား နက္ခတ်တိမ်တိုက်စံအိမ်မှ ပြန်ပို့လိုက်သည်။

မည်သည့် မတော်တဆဖြစ်ရပ်မှမရှိပေ။

နက္ခတ်တိမ်တိုက်မြို့တွင်အကြီးဆုံးကုန်သည်အဆောက်အဦးအနေနှင့် နက္ခတ်တိမ်တိုက်စံအိမ်သည် သဘာဝကျစွာပင် ၎င်း၏ ငွေရေးကြေးရေးစံနှုန်းနှင့် ဖြောက်မတ်ခြင်းရှိပေသည်။

သေချာပါသည်။

အရေးအကြီးဆုံးအချက်မှာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က နှစ်ဦးလုံး ရွှေအမြုတေအဆင့် နောက်ဆုံးအဆင့်ကို ဖော်ပြထားခြင်းကြောင့်လည်းပါသည်။

၎င်းသည် အခြားတစ်ဖက်မှ ရှိသောအကြံဆိုးများကို ပျောက်ပြယ်စေရန်လုံလောက်ပါသည်။

အဆုံး၌ ဝိညာဉ်ကျောက်တုံး ၃သန်းသည်လည်း အခြေတည်ဝိညာဉ်ကျင့်ကြံသူတစ်ယောက် ဝင်ရောက်စွက်ဖက်ရလောက်အောင် တန်ဖိုးမရှိပါ။

ပကတိအခြေတည်ဝိညာဉ်ကျင့်ကြံသူပင်လျှင် အခြားတစ်ဖက်၏နောက်ခံအားအပြည့်အဝနားမလည်ပဲ အလောတကြီးလှုပ်ရှားမည်မဟုတ်ပါ။

အကျဉ်းချုပ်အနေဖြင့်၊ ထိုစုံတွဲအား ဓားပြတိုက်ခြင်းက အကျိုးအမြတ်နှင့် စာလျှင် စွန့်စားမှု ကြီးမားပါသည်။

နက္ခတ်တိမ်တိုက်စံအိမ်က စည်းမျဉ်းများနှင့် နေရန်သာ ဆန္ဒရှိပေသည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်အတွက်မူ သူတို့မရင်းနှီးသော ဒေသတွင် တိုက်ပွဲဖြစ်မည်ကို ပို၍ပင် စိတ်မဝင်စားပါ။

....

ရက်အနည်းငယ်အကြာတွင်။

သူတို့သည်ကုန်းတွင်းပိုင်းရှိ လန်စန်းနိုင်ငံသို့ ရွက်လွင့်ခဲ့သည်။

အနှစ်သာရကိုးပါးကျင့်ကြံရေးလောကနှင့် မတူသည်မှာ မူလနက္ခတ်တာရာကျင့်ကြံရေးလောက သည် အဓိက နိုင်ငံကြီး ရှစ်ခုအဖြစ်ခွဲခြားထားသည်။

နိုင်ငံတစ်ခုချင်းဆီ၏အတိုင်းအတာသည် အနှစ်သာရကိုးပါးကျင့်ကြံရေးလောက၏ ကျယ်ပြန့်သောဒေသ နှင့်ယှဉ်နိုင်လေသည်။

၎င်းသည် မူလနက္ခတ်တာရာကျင့်ကြံရေးလောကသည် သူတို့၏လောကထပ် ပို၍ ကျယ်ပြန့်ခြင်းမှာ သံသယဝင်ဖွယ် မရှိကြောင်းပြနေသည်။

ယခုမူ ကျန်းချန်ရွှမ်သည် မူလနက္ခတ်တာရာကျင့်ကြံရေးလောက၏ အဆင့် ၅နေရာတွင်ရှိသော လန်စန်းနိုင်ငံကိုဦးတည်သွားနေခြင်း ဖြစ်သည်။

၎င်းသည် ချန်ခုန်း အထွတ်မြတ်မြေနှင့် ဝူဟမ် အထွတ်မြတ်မြေကဲ့သို့သော ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ရှိသည့် အင်အားစုများအတွက်အိမ်ပင်ဖြစ်သည်။

မူလနက္ခတ်တာရာကျင့်ကြံရေးလောကတွင်မူ ဂိုဏ်း သို့မဟုတ် မိသားစုများ၌ ဝိညာဉ်ဖွဲ့စည်းခြင်း ကောင်းကင်သခင်တစ်ဦး ပါရှိလျှင် အထွတ်အမြတ်မြေဟု ခေါ်ဆိုမည်ဖြစ်သည်။

ချန်ခုန်း အထွတ်မြတ်မြေနှင့် ဝူဟမ် အထွတ်မြတ်မြေစသဖြင့် ဖြစ်သည်။

သူတို့သည်ကုန်းတွင်းပိုင်းသို့ တိုက်ရိုက်ပျံသန်းသွားရန် မရွေးချယ်ပဲ ရွက်လွင့်ရန်ရွေးချယ်ခဲ့ရခြင်းမှာ….

အထူးအကြောင်းအရင်းမရှိပါ။ သူတို့သည် သူတို့သည် ရိုးရှင်းစွာပင်၊ ခရီးထွက်ကာ လမ်းတစ်လျှောက် မြင်ကွင်းများကို ကြည့်လိုသောကြောင့်ဖြစ်သည်။

သူတို့သည် ခရီးစဉ်တစ်လျောက် အခြားသူများထံမှ အခြေခံဗဟုသုတနှင့် သတင်းများ စုဆောင်းနိုင်ရန် အတွက်လည်း ရည်ရွယ်ထားပေသည်။

“တာအိုရောင်းရင်းတို့၊ ကျွန်တော်က ဝါးရုံကျွန်းက ချီဝမ်လိုင်ပါ။ ခင်ဗျားတို့နှစ်ယောက်က ဟုန်မြစ်က လျို့ဝှက်နယ်ပယ်အတွက် လန်စန်းနိုင်ငံကို သွားနေတာလားလို့ မေးပါရစေ။”

ထို့နောက်၊ အဖြူနှင့် အနက်ရောင်အစင်းပါသည့် လူတစ်ဦးက ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား လက်များကို ဆုပ်ကာ ပြုံး၍ နှုတ်ဆက်လာသည်။

သူ၏စကားကိုကြားလျှင်၊ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က အနည်းငယ် တုန်လှုပ်သွားသည်။

သူတို့သည် ဟုန်မြစ်ရှိလျှို့ဝှက်နယ်ပယ်အကြောင်းကို မသိပါ။

နှစ်ဦးသားက ဟန်ဆောင်မနေတော့ပေ။

သူတို့၏ကျင့်ကြံဆင့်နှင့် စွမ်းအားများအရ ထိုကဲ့သို့ အပေါ်ယံဟန်ဆောင်မှုများအား မလိုအပ်ပါ။

သူတို့သည် ရွှေအမြုတေအဆင့်သို့ဖိနှိပ်ထားခြင်းက ရှင်းလင်စွာပင် အာရုံစိုက်မှုများကို ရောင်ရှားနိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။

သို့ရာတွင် ၎င်းက သူတို့သည် ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်၏ အပြုအမူနှင့် လိုက်လျော့ညီထွေဖြစ်ရန် နေစရာမလိုအပ်ပါ။

ထို့ကြောင့် ခနအကြာတွင် ကျန်းချန်ရွှမ်၏ဘေးတွင်ရပ်နေသည့်ရှန်းရူယန်က တိုက်ရိုက် မေးလိုက်တော့သည်။

“တာအိုရောင်းရင်းချီ၊ ရှင်ပြောတဲ့ ဟုန်မြစ်က လျှို့ဝှက်နယ်ပယ်က ဘယ်လိုနေရာမျိုးလဲ? အဲ့တာက ဘာအတွက်လဲ?”

“ဟာ..?”

ရှန်းရူယန်၏ သတိထားမနေဘဲ တိုက်ရိုက်ပြောလိုက်သောစကားကြောင့် အံ့ဩသွားသော်လည်း သူတို့သည် ဤမြို့မှလူများမဟုတ်ကြောင်းကို သိသာသွားစေသည်။

ချီဝမ်လိုင်က ယာယီနောက်ဆုတ်သွားခဲ့သည်။

သူက မနှစ်သက်သောအပြုံးကို ပြလာခဲ့သည်။

“ကြည့်ရတာခင်ဗျားတို့နှစ်ယောက်က မြောက်ဘက်က လာတာထင်တယ် ဟုတ်လား? ဟုန်မြစ်ကလျှို့ဝှက်နယ်ပယ်အကြောင်း မသိတာလဲ မဆန်းတော့ပါဘူး။”

ပြီးနောက် သူသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား ဟုန်မြစ်ရှိ လျှို့ဝှက်နယ်ပယ်အကြောင်းကို အသေးစိတ်ရှင်းပြလိုက်သည်။

ဟုန်မြစ်ရှိလျှို့ဝှက်နယ်ပယ်ဟု ခေါ်သောနေရာသည် ချန်ခုန်းအထွတ်မြတ်မြေနှင့် ဝူဟမ်အထွတ်မြတ်မြေတို့မှ ပူးပေါင်း ထိန်းချုပ်ထားသောနေရာဖြစ်သည်။

၎င်းသည် နှစ်တစ်ရာကြာလျှင် တစ်ခါ ပွင့်လေကာ နှစ်ဝက်ခန့်ကြာတတ်သည်။

ထိုအချိန်အတွင်း ဝင်သောသူအရေအတွက်မှာ အကန့်အသတ်ရှိပေသည်။

မဟုတ်လျှင်၊ ထိုနယ်ပယ်က စောစီးစွာ ပိတ်သွားမည်ဖြစ်သည်။

၎င်းသည် အထွတ်အမြတ်မြေနှစ်ခုက ပြင်ပမှ ကျင့်ကြံသူများကိုဝင်ခွင့်ပြုခြင်းဖြစ်သည်။

“ကျုပ်သိပြီ။”

ချီဝမ်လိုင်၏ ရှင်းပြချက်ကိုကြားလျှင် ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့က နားလည်၍ ခေါင်းညိတ်လိုက်သည်။

“ဒီလိုဆိုရင် အဲ့ဒီလျှို့ဝှက်နယ်ပယ်ထဲကိုဝင်ဖို့ ကန့်သတ်ချက်တွေရှိမှာပေါ့ ဟုတ်လား?”

“မှန်တယ်။”

ချီဝမ်လိုင်က ထိုစုံတွဲ၏စကားပြောပုံကိုကြည့်ကာ ခေါင်းညိတ်၍ တုံ့ပြန်လိုက်သည်။

“ကျုပ်တို့လို လျို့ဝှက်မြေထဲဝင်ချင်တဲ့ ပြင်ပကျင့်ကြံလူတွေအနေနဲ့ အဆင့် ၄ ဝိညာဉ်ပစ္စည်းတစ်ခုခုကို အထွတ်မြတ်မြေနှစ်ခုကိုပေးရမယ်။ ဝိညာဉ်ပစ္စည်းတွေရဲ့ရှားပါးမှုကိုကြည့်ပြီးနယ်ပယ်ထဲမှ နေနိုင်မဲ့ အချိန်အတိုင်းအတာကို သူတို့ကသတ်မှတ်ပေးမှာ။

ဒါအပြင် အဲ့နယ်ပယ်ကထွက်တာနဲ့ အဲ့ထဲကရရှိတဲ့ ရတနာ ၃၀ရာခိုင်နှုန်းကို အထွတ်အမြတ်မြေနှစ်ခုကို ပေးရမယ်။ အခြားနည်းနဲ့ပြောရရင် ကိုယ်တိုင်အတွက် ၄၀ရာခိုင်နှုန်းရမှာပေါ့။”

“အဲ့လောက်တောင်လား?”

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က အံ့ဩသွားကြသည်။

“ဒီလိုဆိုရင် ဟုန်မြစ်ရဲ့လျှို့ဝှက်နယ်ပယ်ကို ဝင်ဖို့ ရွေးချယ်တဲ့လူတွေအများကြီး ရှိလား?”

ရှန်းရူယန်က သိချင်နေသည်။

ထိုနယ်မြေသို့ဝင်ရန် အဆင့် ၄ ဝိညာဉ်ပစ္စည်းကိုလည်းပေးရမည်။

အရေးကြီးသောအချက်မှာ ထိုကဲ့သို့နယ်မြေထဲဝင်ရာတွင် ကံကောင်းမှုလည်း လိုအပ်သေးသည်။

အကယ်၍ ကံကောင်းလျှင် ကောင်းပါသည် သို့သော် ကံမကောင်းလျှင် လက်ဗလာနှင့်ပြန်လာရမည် ဖြစ်သည်။

“သေချာတာပေါ့။”

ချီဝမ်လိုင်က ခေါင်းညိတ်သည်။

“ဘာလို့လဲဆို ဟုန်မြစ်ရဲ့လျှို့ဝှက်နယ်မြေထဲမှာက အခြေတည်ဝိညာဉ်ဖွဲ့စည်းဖို့ ကူညီနိုင်တဲ့ပစ္စည်းတွေ ရှိတယ်။ ဒါ့အပြင်၊ အကယ်၍ အခြေတည်ဝိညာဉ်ပစ္စည်းကို ရှာတွေ့ရင် ချန်ခုန်အထွတ်အမြတ်မြေနဲ့ ဝူဟမ်အထွတ်အမြတ်မြေတို့က ခင်ဗျားတို့ဆီကနေလုယူမှာမဟုတ်ဘူး။”

***

All Chapters