အခြေအနေကိုစုံစမ်းရန် ကုန်းတွင်းပိုင်းသို့ သွားရောက်ခြင်း (၂)
Vol. 36 Ch. 689
“ဒီလိုဆိုရင်တော့ လက်ခံလို့ရပါသေးတယ်။”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကအခြေတည်ဝိညာဉ်ပစ္စည်းများသည် ရွှေအမြုတေကျင့်ကြံသူများအတွက်မည်မျှအရေးကြီးကြောင်းကို သိပါသည်။
“လာပါ၊ လာပါ၊ လာပါ။ တာအိုရောင်းရင်းချီ၊ လန်စန်းနိုင်ငံရဲ့ အကြောင်းကို ဆက်ပြောပြပါဦး။”
ကျန်းချန်ရွှမ်က လက်ကိုမြောက်လိုက်သောအခါ၊ ကျောက်စိမ်းစားပွဲက သူတို့၏ရှေ့တွင် ပေါ်လာခဲ့သည်။
ချက်ခြင်းပင် ရှေ့တွင် လက်ဖက်ရည်အိုးတစ်လုံးက ထိုကျောက်စိမ်းစားပွဲပေါ်တွင် ပေါ်လာခဲ့လေကာ ၎င်းသည် အငွေ့များထွက်နေကာ အနံ့အရသာမွှေးလေသည်။
ချီဝမ်လိုင်က နေရာမှထွက်ခွာရန်အကြောင်းရင်းရှာနေရာမှ ရုတ်တရက် ထိုအနံ့မှဆွဲဆောင်ခြင်းကို ခံလိုက်ရသည်။
အကြောင်းမှာ ထိုအချိန်တွင် သူသည် သူ၏နတ်ဘုရားအာရုံမှတဆင့် အနံ့၏အာဟာရပြည့်ဝသော အနံ့သည် ပြင်းလာပုံရသောကြောင့်ဖြစ်သည်။
ဤလက်ဖက်ရည်က မည်သို့သောအမျိုးအစားဖြစ်ပါသနည်း?
အနံ့တစ်ခုတည်းကပင် ထိုသို့လွန်ကဲသော သက်ရောက်မှုရှိလေသည်။
၎င်းကိုသောက်ခြင်းက သူ၏နတ်ဘုရားအာရုံကို အရေးပါစွာ သန်မာစေလိမ့်မည်။
သူသည် ကြာမြင့်စွာစဉ်းစားဆင်ခြင်နိုင်စွမ်းမရှိသေးချိန်တွင်ပင် ကျန်းချန်ရွှမ်က ချီဝမ်လိုင်အား ပြုံးကာ လက်ဖက်ရည်ငှဲ့ပေးလိုက်သည်။
“တာအိုရောင်းရင်းချီ၊ ကျုပ်ရဲ့ ဝိညာဉ်သန်စွမ်းခြင်းလက်ဖက်ရည်ကို သောက်ကြည့်ပါ။ ခင်ဗျားကိုစိတ်ပျက်စေမှာမဟုတ်ပါဘူး။”
စကားပြောရင်း ကျန်းချန်ရွှမ်က ချီဝမ်လိုင်အား ဖိတ်ခေါ်သည့် အမူအရာလုပ်ပြလိုက်သည်။
ထိုအရာကိုမြင်လျင် ချီဝမ်လိုင်ကလည်း မနေနိုင်ဘဲ အသက်ပြင်းပြင်းရှူလိုက်သည်။
သူသည် လက်ဖက်ရည်ခွက်ကိုယူကာ တစ်လုပ်သောက်ကြည့်လိုက်သည်။
ချက်ခြင်းပင်၊ အလွန်အေးသည့် အာရုံက သူ၏လည်ချောင်းမှတဆင့် သူ၏အင်္ဂါများဆီသို့ ရောက်သွားကာ နောက်ဆုံးတွင် နဖူးသို့ပေါင်းစည်းသွားပြီး နတ်ဘုရားအာရုံသည် သိသာစွာသန်မာလာသည်။
“ဒီလက်ဖက်ရည်က…?”
ချီဝမ်လိုင်သည် ရုတ်တရက်မျက်လုံများကိုဖွင့်ကာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား အံအားသင့်စွာ ကြည့်လိုက်သည်။
ပြီးနောက်တွင် တုံ့ဆိုင်းခြင်းမရှိတော့ဘဲနှင့် သူသည် လျှင်မြန်စွာဖြင့် များစွာသောက်လိုက်တော့သည်။
ထိုအချိန်တွင် ချီဝမ်လိုင်က သူ၏နတ်ဘုရားအာရုံက အဆင့်တစ်ဆင့်ထပ်ပို၍ သန်မာသွားကြောင်းကို ခံစားလိုက်ရသည်။
မည်သို့သောလက်ဖက်ရည်ဖြစ်ပါသနည်း? ၎င်းသည် နတ်ဘုရားအာရုံအပေါ် စွမ်းအားကြီးသည့် သက်ရောက်မှု မည်သို့ရှိနိုင်ပါသနည်း?
“ဟဲဟဲ ဘယ်လိုလဲ? ဒီလက်ဖက်ရည်က အတော်လေးကောင်းတယ်မလား?”
ကျန်းချန်ရွှမ်က ပြုံးကာ ချီဝမ်လိုင်၏ခွက်ကို ထပ်၍ဖြည့်ပေးလိုက်သည်။
“အကယ်၍ ကြိုက်တယ်ဆိုရင် ပိုသောက်ပါ။ တာအိုရောင်းရင်းချီက ကျုပ်တို့ကို လန်စန်းနိုင်ငံအကြောင်းကိုသာ ပြောပြဖို့ မမေ့ပါနဲ့။”
သို့ရာတွင် သူတို့၏လုပ်ဆောင်မှုက လှေပေါ်ရှိ အနီးအနားမှလူများကို ဆွဲဆောင်နေသည်။
အခြေတည်ဝိညာဉ်နောက်ဆုံးအဆင့် ကျင့်ကြံသူများဖြစ်ကြသည့် အင်အားကောင်းသောလူနှစ်ဦးက ရုတ်တရက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား လှည့်ကြည့်လာသည်။
“အို..မဟုတ်ဘူး။”
အင်အားကောင်းသောလူနှစ်ဦး၏ အာရုံစိုက်နေခြင်းကို သိသွားသော ချီဝမ်လိုင်က လက်ဖက်ရည်ဆက်သောက်ရန်လုပ်နေပြီးမှ ရုတ်တရက် ပြသနာတက်နေပုံပေါ်လေသည်။
သူသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား မနှစ်သက်သည့်အကြည့်နှင့် ကြည့်ကာ ပြောလိုက်သည်။
“တာအိုရောင်းရင်းတို့ ဒီနေရာမှာ အဲ့လိုပစ္စည်းတွေယူထုတ်လာဖို့မသင့်ဘူး။”
“အင်း….”
ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့က ဂရုမစိုက်သည်ကိုမြင်လျှင် ချီဝမ်လိုင်ကလျို့ဝှက်အသံပို့ဆောင်ရေးမှ တဆင့်သူတို့အား ဆက်သွယ်လိုက်သည်။
“ကျုပ်တို့ အခုလေးတင်တွေ့လိုက်တဲ့ အဲ့ဒီနှစ်ယောက်က ကျူးညီအစ်ကိုတွေပါ။ ဟောက်ဟိုင်သမုဒ္ဒရာမှ ထင်ရှားတဲ့သူတွေပါ။
ကျူးပိုင်ယွမ်နဲ့ ကျူးပိုင်ဟုန်လို့ခေါ်တယ်။
သူတို့က အပြင်မှာ သိပ်မသိသာပေမဲ့ သူတို့ကိုသိတဲ့သူတွေက နောက်ကွယ်မှာ သူတို့ကို “ပင်လယ်ငရဲဘုရင်တွေ” လို့ခေါ်တယ်။
အဲ့ဒီဂယက်တွေကို နားလည်မယ်လို့ထင်ပါတယ်။”
“အို၊ အဲ့လိုလား?”
သို့ရာတွင်၊ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ အမူအရာက ချီဝမ်လိုင်အား ထပ်၍ အံ့ဩသွားစေသည်။
ကြည့်ရသည်မှာ သူတို့သည် သူ၏စကားများ သို့ ကျူးညီအစ်ကိုတို့အား အလေးအနက်ထားပုံမပေါ်ပေ။
၎င်းသည် ချီဝမ်လိုင်အားသူတို့ကို လေးနက်စွာကြည့်မိစေသည်။
သူသည် ထိုအကြောင်းအရာတွင် ဆက်၍ လည်ပတ်မနေတော့ဘဲ ထိုအစား သူတို့တောင်းဆိုသည့် လန်စန်းနိုင်ငံအကြောင်းသတင်းများကိုသာ ဆက်လက်ဆွေးနွေးလိုက်သည်။
ချီဝမ်လိုင်၏စကားအရ လန်စန်းနိုင်ငံတွင် မကြာမီအချိန်အတွင်း အခြေတည်ဝိညာဉ်အဆင့် တာအိုဆွေးနွေးခြင်းအစည်းအဝေးရှိလိမ့်မည် ဖြစ်သည်။
ထိုအချိန်တွင်၊ ချန်ခုန်းအထွတ်မြတ်မြေနှင့် ဝူဟမ်အထွတ်မြတ်မြေမှ အခြေတည်ဝိညာဉ်စံသခင် များလည်း တက်ရောက်မည်သာမက အခြားနိုင်ငံများမှ အခြေတည်ဝိညာဉ်စံသခင်များလည်း တက်ရောက်မည်ဖြစ်သည်။
ထိုမှလွဲ၍၊
လန်စန်းနိုင်ငံ၏ လရောင်မြို့တွင် ကြီးမားသော လေလံပွဲတစ်ခုအား ကျင်းပမည်ဖြစ်သည်။
လေလံတင်မည့်ပစ္စည်းကိုမူ ချီဝမ်လိုင်က သိနိုင်စွမ်းမရှိပါ။
ထိုသတင်းနှစ်ခုမှ လွဲ၍ ချီဝမ်လိုင်သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား ပေးသောသတင်းများကြောင့် လန်စမ်းနိုင်ငံအတွင်း အခြေအနေအား ပို၍ နားလည်လာခဲ့သည်။
“လူကြီးမင်းတို့၊ ကျုပ်တို့ဒီမှာထိုင်လို့ရမလား?”
ထိုအချိန်တွင် သူတို့အား အချိန်နှင့်အမျှကြည့်နေသောကျူးညီအစ်ကိုက ရုတ်တရက် ကျန်းချန်ရွှမ် တို့ဆီသို့ ချဉ်းကပ်လာခဲ့သည်။
ထိုပြောင်းလဲမှုက ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့နှင့်ဆန့်ကျင်ဘက်တွင် ထိုင်နေသော ချီဝမ်လိုင်က တောင့်တင်းသွားသည်။
သို့ရာတွင်၊ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က ဘာမှမဖြစ်သလိုပင် လက်ဖက်ရည်ကို ဆက်၍ သောက်နေလေသည်။
၎င်းသည် ကျူးညီအစ်ကို၏အမူအရာအား ဖြည်းညှင်းစွာ မဲမှောင်သွားစေသည်။
အစ်ကိုဖြစ်သူ ကျူးပိုင်ယွမ်က ပြောသည်။ “မင်းတို့နှစ်ယောက်၊ ပြသနာကဘာလဲ? ကျုပ်တို့ကိုမကြိုဆိုဘူးလား? ဒါမှမဟုတ် ကျုပ်တို့နဲ့ ပြသနာရှိလို့လား?”
ထိုစကားကိုကြားလျှင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်က လှည့်ကြည့်လိုက်သည်။ ကျန်းချန်ရွှမ်က ပြောလိုက်သည်။ “မင်းကဘယ်သူမလို့ ငါတို့ကကြိုဆိုသင့်တာလဲ?
မင်းက အခြေတည်ဝိညာဉ်စံသခင် ဒါမှမဟုတ် ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်မလို့လား?”
ကျူးညီအစ်ကိုက ပြန်လည်မတုံ့ပြန်နိုင်ခင်တွင်ပင်၊ ကျန်းချန်ရွှမ်က ဆက်ပြောသည်။
“မင်းတို့က တစ်ခုမှမဟုတ်ဘူးဆိုမှတော့၊ မင်းက ကျုပ်တို့အာရုံစိုက်မှုကို မရနိုင်ဘူး။ သွားလိုက်ပါ။”
ထိုရဲတင်းသောငြင်းပယ်ခြင်းက ကျူးညီအစ်ကို၏မျက်နှာကို မဲမှောင်သွားစေသည်။
သို့ရာတွင်၊ သူတို့သည် သင်္ဘောပေါ်မှ စည်းမျဉ်းများကြောင့်နှင့်အခြားသော အကြောင်းများကြောင့် လှုပ်ရှားရန် ထိန်းသိမ်းလိုက်သည်။
အံအားသင့်စရာပင်၊ ကျူးညီအစ်ကိုသည် ထိုနေရာတွင်ပင် လှုပ်ရှားမှုမရှိဘဲ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား အေးစက်သည့် အကြည့်ဖြင့်ကြည့်ပြီး အဝေးသို့လှည့်ကာထွက်ခွာသွားသည်။
၎င်းသည် ချီဝမ်လိုင်အား ပြောစရာစကားမဲ့သွားစေသည်။
သူသည် ထိုရဲတင်းသည့်လူနှစ်ယောက်က မည်သည့် နေရာမှလာသောကြောင့် စကားပြောခြင်းနှင့် အပြုအမူက အလွန်စိတ်လိုက်မာန်ပါဖြစ်လွန်းကြောင်း သိချင်နေသည်။
သူသည် သူတို့နှင့် အဝေးတွင်နေကာ သူတို့၏ပြသနာများတွင် ဝင်မပါတော့ရန် ဆုံးဖြတ်လိုက်သည်။
ကျန်းချန်ရွှမ်ကလည်း ချီဝမ်လိုင်၏အတွေးကို သတိပြုမိသည့်ပုံနှင့် သူ့အားပြုံးကာ ကျေးဇူးတင်စိတ်ဖြင့် ခေါင်းညိတ်လိုက်သည်။
“တာအိုရောင်းရင်းချီ၊ ခင်ဗျားအခုပြောပြခဲ့တဲ့သတင်းတွေအတွက်ကျေးဇူးတင်ပါတယ်။
နောက်ကျနေပြီပဲ၊ အကယ်၍ ကိစ္စမရှိရင် ကျွန်တော်တို့ သွားပါတော့မယ်။”
စကားပြောရင်းနှင့် ကျန်းချန်ရွှမ်သည် စတင်၍ သူ၏ရှေ့မှ ပစ္စည်းများကို သိမ်းလိုက်သည်။
ချီဝမ်လိုင်သည်လည်းစိတ်အေးသွားကာ အပြုံးဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“ဒီလိုဆိုရင် ကျုပ်တို့နောက်တစ်ကြိမ်မှတွေ့ကြတာပေါ့။
ကျုပ်လည်း အခြားကိစ္စတွေတက်ရောက်စရာရှိနေပါသေးတယ်။ ဒါဆိုကျုပ်လည်းသွားလိုက်ပါဦးမယ်။”
ထိုသို့ပြောကာ ချီဝမ်လိုင်က အခြားဘက်သို့သွားလိုက်လေသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ၎င်းကိုမြင်လျှင် ဘာမှမပြောတော့ဘဲ သူတို့၏ အခန်းထဲပြန်ရန်လုပ်လိုက်သည်။
သူတို့၏လက်ရှိတည်နေရာ လန်စန်းနိုင်ငံသို့သွားရန်မှာ အမြန်ဆုံးနှုန်းနှင့်ပင် လပေါင်းများစွာ လိုမည်ဖြစ်သည်။
ထိုအချိန်တွင် ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်က အခန်းထဲတွင်သာနေမည်မဟုတ်ဘဲ သင်္ဘောပေါ်မှ လူများမှ သူတို့လိုအပ်သည့် သတင်းအချက်အလက်များကို စုဆောင်းရမည်ဖြစ်သည်။
သူတို့၏သင်္ဘောက ကမ်းကပ်တော့မည့်အချိန်တွင် ကျန်းချန်ရွှမ်၊ ရှန်းရူယန်တို့နှင့် ပြသနာဖြစ်ခဲ့သော ကျူးညီအစ်ကိုက သူတို့ကိုယ်သူတို့မထိန်းနိုင်တော့ပါ။
ညီဖြစ်သူ ကျူးပိုင်ဟုန်က ပြောလိုက်သည်။
“အစ်ကို ကျွန်တော်တို့ သင်္ဘောက ကမ်းကပ်တော့မယ်။ ကျွန်တော်တို့အခုလှုပ်ရှားမလား သို့မဟုတ်ရင် ကျွန်တော်တို့ ကမ်းပေါ်ရောက်တဲ့ထိစောင့်မလား?
ကျွန်တော်လိုက်မေးပြီးပြီ။ ဒီနှစ်ယောက်က မြောက်ဘက်ကမဟုတ်ရင် ဝေးလံတဲ့ အရှေ့ဘက်ကပဲ။ သူတို့က ကျွန်တော်တို့နေရာနဲ့ပက်သက်ပြီး ဘာမှ မသိဘူး။
အရေးအကြီးဆုံးက သူတို့ဒီရက်ပိုင်းအတွင်းထုတ်လာတဲ့ပစ္စည်းတွေအကုန်လုံးက အရည်အသွေးကောင်းတဲ့ပစ္စည်းတွေကြီးပဲ။
ပြီးတော့ ဒါက ကျွန်တော်တို့တွေ့သလောက်ပဲရှိသေးတယ်။ သူတို့မှာ ဘာတွေရှိသေးလဲဆိုတာ ဘယ်သူသိလဲ? အကယ်၍ ဒီအခွင့်အရေးကိုလွတ်သွားရင် ဒီလိုလူတွေနဲ့ ဘယ်အချိန်မှထပ်ပြီး တွေ့တော့မှာလဲ?”
ကျူးပိုင်ယွမ်က သူ၏ညီဖြစ်သူနှင့် သဘောတူသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အားပစ်မှတ်ထားခြင်းသည် စွန့်စားမှုတစ်ချို့ရှိသော်လည်း သူတို့ကောင်းမွန်စွာကိုင်တွယ်နိုင်ပြီး သူတို့ထံမှ ပစ္စည်များရရှိနိုင်လျှင် စွန့်စားရသည်မှာ တန်ပါသည်။
ကျူးပိုင်ယွမ်က ပြောလိုက်သည်။
“ဒီလိုဆိုရင် ငါတို့ သူတို့ကမ်းပေါ်ရောက်တာကိုစောင့်၊ ပြီးတော့ လူတိုင်းနဲ့ပေါင်းပြီး အင်အားတွေ စုရမယ်။”
***