← Chapters

အခန်း (၁၈၉)

Vol. 14 Ch. 189

အခန်း (၁၈၉)

Vol. 14 Ch. 189

"ဒါက မင်းရဲ့ အားကိုးရာကြီးလား?" ယဲ့ကျွင်းလင်က ဓားကိုကိုင်စွဲလျက် မတ်မတ်ရပ်နေပြီး ကြယ်ရောင်လိုတောက်ပသောမျက်လုံးအစုံဖြင့် ငွေရောင်ဆံနွယ်များမှာလည်း တလူလူလွင့်လျက်။

ဒီသုံးယောက်ပေါင်းဖိအားပမာဏကြောင့် သူစိတ်ရင်းဖြင့် စိတ်လှုပ်ရှားကာ ပျော်ရွှင်မြူးထူးလာသည်။

"နတ်ဆိုးယဲ့၊ ငါတို့ဒီစွမ်းအားကို ထုတ်သုံးလိုက်ပြီဆိုတော့ မင်း အနိုင်ရဖို့ အခွင့်အရေး လုံးဝဆုံးရှုံးသွားပြီ!"

"သေစမ်း!"

ရွှီယွင်က တစ်ချက်ဟိန်းဟောက်ကာ လှံတံကို ဝှေ့ယမ်းစတင်လိုက်သည်။

ကျန်နှစ်ဦးကလည်း လျှပ်ခနဲပင် ယဲ့ကျွင်းလင်ကို စတင်တိုက်ခိုက်ကြသည်။

ဗုန်း၊ ဗုန်း၊ ဗုန်း၊

ပုံရိပ်များစွာ ပေါက်ကွဲရောထွေးကုန်ကြပြီး တိုက်ပွဲအတွင်းမှ ထုတ်လွှတ်နေသာ စွမ်းအင်လေစီးကြောင်းတွေဟာ ဖုန်အလူးလူး သဲအလူးလူးဖြင့် မုန်တိုင်းအလားတိုက်ခတ်နေသည်။

ဖန်ထို့တောင်သာ ထူးခြားသောကောင်းချီးနှင့် တောင်ကာကွယ်ရေးအစီအရင်၏အစွမ်းသာ မရှိခဲ့လျှင်၊ ဝိဇ္ဇာစွမ်းအားများဖြင့် အတွင်းအပြင်သန့်စင်တိုးမြှင့်ခြင်း မခံခဲ့ရလျှင် တောင်တစ်တောင်လုံး ဤတိုက်ပွဲကြောင့် အမှုန့်ကြေသွားရလောက်မည်ပင်။

"ဒီလူအိုကြီး မြင်ချင်သားပဲ၊ မင်း ဘယ်လောက်ကြာကြာ ခံနိုင်မလဲဆိုတာ?" ရွှီယွင် က လှောင်ပြောင်လိုက်သည်။

လေပေါ်ဝိဇ္ဇာကျောင်းဟာ အချိန်အကြာကြီး ဖြတ်သန်းတည်ရှိလာခဲ့ပြီး လူပေါင်းများစွာ၏ နံ့သာဆီပူဇော်မှုတွေကို ခံယူခဲ့ရသည်။ ထို့ကြောင့် စုဆောင်းထားခဲ့သော နံ့သာဆီစွမ်းအားဟာ အလွန်ကျယ်ပြန့်ကြီးမားလှပေ၏။ ဤသို့ လူကို ကောင်းချီးပေးခံရချိန်တွင် တိုက်ခိုက်ရေးစွမ်းအားက ကြောက်မက်ဖွယ်ကောင်းအောင် တိုးမြင့်လာခဲ့သည်ပင်။။

မကြာခင်မှာပဲ။

ယဲ့ကျွင်းလင်ဟာ ပြင်းပြင်းထန်ထန် ဝိုင်းရံတိုက်ခိုက်ခံနေရပြီး သူသုံးသမျှမှော်ကျင့်စဥ်များကိုလည်း ထိုသုံးဦးက ချေဖျက်နိုင်ခဲ့ကြ၏။

ရုတ်တရက် ဝေလငါးအော်သံလို ကျယ်လောင်သောအသံတစ်သံ ထွက်ပေါ်လာသည်။

အပြင်မှာ လှည့်ပတ်ပျံသန်းနေသော ခွင်းဖန်းဟာ သူ့သခင် ဒုက္ခရောက်နေတာကို မြင်တော့ အရွယ်အစားကိုကျုံ့လိုက်ကာ အစီအရင်ပေါက်ပြဲသွားသည့်နေရာကနေ ဖန်ထို့တောင်ထဲသို့ ဝင်ရောက်လာပြီး ပါးစပ်ကိုဖွင့်ကာ ဖျက်ဆီးနိုင်စွမ်းကြီးသော စွမ်းအင်အလင်းလှိုင်းတစ်ခုကို ပန်းထုတ်လိုက်သည်။

ဗုန်း!

အလင်းတန်းက တောက်ပပြီး ရောင်ခြည်ဖြာထွက်နေကာ ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးတော့မည့်အလား အားပြင်း၏။

ဒါပေမဲ့ ဒီနေ့ ရွှီယွင်၏ အမြင်တွင် ခွင်းဖန်း၏တိုက်ခိုက်မှုလောက်ကို ကြောက်စရာဟုမသတ်မှတ်တော့ပေ။

"ဟမ့်၊ ဆိုးသွမ်းတဲ့ သတ္တဝါ!"

သူက လက်ကို မြှောက်ပြီး ရောက်လာသောအလင်းတန်းကို ဖြိုခွဲလိုက်သည်။ ထို့နောက် သန့်ရှင်းမြင့်မြတ်သော အငွေ့အသက်များပါဝင်သည့် လက်ဖဝါးကြီးတစ်ဖက်ဖြင့် ခွင်းဖန်းကိုဆွဲယူလိုက်သည်။

ခွင်းဖန်းမှာ တတ်သမျှမှတ်သမျှစွမ်းရည်ထုတ်၍ ရုန်းကန်ပါသော်ငြား မလွတ်မြောက်နိုင်ခဲ့ပေ။ ရွှေရောင်လက်ဝါးကြီးမှာ လက်ငါးချောင်းတောင်ကြီးအဖြစ်သို့ ပြောင်းလဲသွားကာ သူ့ကို လှုပ်ရှားရခက်ခဲအောင် ဆွဲဆုပ်ထားလျက်ရှိ၏။

"မင်းက ငါနဲ့ကံစပ်လို့ ဒီရောက်လာတာပဲ။ နောက်ကျမှ ဒီလူအိုကြီးက မင်းကို ကောင်းကောင်း သန့်စင်ပေးမယ်၊ အခုကစပြီး မင်းဟာ ငါ့ လေပေါ်ဝိဇ္ဇာကျောင်းရဲ့ စောင့်ရှောက်သူ မြင့်မြတ်တဲ့ သားရဲ ဖြစ်လာလိမ့်မယ်" ရွှီယွင် ပြောရင်းဆိုရင်း မျက်လုံးထဲမှာ လောဘရိပ်တွေ လင်းလက်လာသည်။

ဒါက ခွင်းဖန်းပဲလေ၊ နတ်ဆိုးမျိုးနွယ်ရဲ့ အမြင့်မြတ်ဆုံး ဘုရင်၊ အနာဂတ်မှာ ကြောက်မက်ဖွယ်ကောင်းတဲ့ ကြီးထွားနိုင်စွမ်းရှိသူ။ သူ့ကိုသာ ရအောင်အသုံးချနိုင်ရင် အခုလက်ရှိဆုံးရှုံးမှုလောက်က ဘာမှုစရာရှိလဲ?

ယဲ့ကျွင်းလင်၏ မျက်လုံးတွေ အေးစက်သွားပြီး ပြောလာသည်။ "ခေါင်းပြောင်လူအိုကြီး၊ ငါ့ရဲ့ အားခွင်းကို ဘယ်လိုလုပ်ပြီး ထိရဲတာလဲ?"

အားခွင်း?

ဘယ်လိုတောင် အဓိပ္ပာယ်မရှိတဲ့ နာမည်လဲ!

ရွှီယွင် စိတ်ထဲမှာ ပြစ်တင်ကဲ့ရဲ့ပြီး လှောင်ပြောင်လိုက်သည်။ "ငါ ထိတော့ ဘာဖြစ်လဲ? မင်းကိုယ်မင်း ဒီလူအိုကြီးကို ခြိမ်းခြောက်နိုင်တုန်းပဲလို့ ထင်နေတာလား?"

အခုတော့ သူ အနိုင်ရပြီလို့ ယုံကြည်မှု ရှိနေပြီ။

လုံးဝ ထိတ်လန့်စရာမရှိ!

"ဪ? ဒါဆို ဒါလေးမြည်းကြည့်ပါဦး။"

ယဲ့ကျွင်းလင်က လက်တစ်ဖက်နှင့် သင်္ကေတတစ်ခု ဖန်တီးလိုက်ရာ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာသည်။ ချက်ချင်းဆိုသလိုပင် သူ့ခန္ဓာကိုယ်၏ ဘေးနှစ်ဖက်ကနေ ပုံရိပ်နှစ်ခုက တစ်ချိန်တည်း ထွက်ပေါ်လာသည်။

ဗုန်း!

ထိုပုံရိပ်နှစ်ခုက ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အပြည့်ဖြင့် လက်သီးတွေကို ဝှေ့ယမ်းလိုက်ကြပြီး ယဲ့ကျွင်းလင်၏ ဓားချက်တွေနှင့်အတူ လေပေါ်ဝိဇ္ဇာကျောင်းမှ သူတော်စင်သုံးဦးကို တိုက်ရိုက် ပြန်လည်တိုက်ထုတ်လိုက်သည်။

"ဒါ... ဒါက..."

ရွှီယွင်နှင့် တခြားသူများမှာ မျက်စိရှေ့မှ တစ်ထပ်တည်းတူညီနေသော ပုံရိပ်သုံးခုကို ကြောက်လန့်တကြား ကြည့်နေကြသည်။ အကြောက်ဆုံးကတော့ သူတို့ရဲ့ စွမ်းအင်တွေနဲ့ ကျင့်ကြံမှုအဆင့်တွေကပါ အတိအကျ တူညီနေတာပဲ!

ပုံတူနှစ်ခုဟာ သူ့အသိစိတ်နှင့် ဆက်စပ်နေကြောင်း ခံစားလိုက်ရတော့ ယဲ့ကျွင်းလင်ဟာ ဒီကျင့်စဥ်မှာ အတော်လေးအံ့သြဖွယ်ကောင်းသည်ဟု မှတ်ချက်ချက်မိသည်။

"စိတ်ဝင်စားစရာပဲ၊ ဒါက ချီစွမ်းအင်၏သဏ္ဍာန်သုံးသွယ် စွမ်းအင်လား။"

ပုံတူနှစ်ဦးက မူလကိုယ်နှင့် တူညီသောအရည်အသွေးနှင့် တိုက်ရည်ခိုက်ရည်ကို ပိုင်ဆိုင်ထားကြသည်ပင်။

ယဲ့ကျွင်းလင်က မလုံလောက်သေးဘူးလို့ ခံစားရပြီး နည်းနည်းအကြံထုတ်လိုက်သည်။

ဤသို့ဖြင့် ကျန်ပုံတူနှစ်ဦး၏ လက်ထဲတွင် မှော်လက်နက်များ ကိုယ်စီနေရာယူလာကြသည်။

တစ်ခုက ကောင်းကင်သင်္ချိုင်းခေါင်းတလားဖြစ်ပြီး နောက်တစ်ခုက သက်ရှည်ပုလွေဖြစ်၏!

"ကိုးဆင့်မြောက် ဉာဏ်အလင်းမှော်လက်နက်တွေလား? ဘာလို့ အားလုံးက ကိုးဆင့်မြောက် ဉာဏ်အလင်းမှော်လက်နက်တွေ ဖြစ်နေရတာလဲ?!!!" ရွှီယွင် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

လေပေါ်ဝိဇ္ဇာကျောင်း တစ်ခုလုံးမှာ ကိုးဆင့်မြောက် ဉာဏ်အလင်းမှော်လက်နက် တစ်ခုပဲ ရှိတာ၊ ဒါပေမဲ့ ဒီလူမှာ သုံးခုတောင် ရှိနေတယ်!

"ဘာလို့ ဆရာသခင် နှစ်ယောက်တောင် ထပ်ရှိနေတာလဲ?!" အကြီးအကဲ ဆယ်ဦးကျော်ကို သတ်ပြီးနောက် လီဝူကျယ် ကောင်းကင်ကို ကြည့်လိုက်ရာ မှင်တက်မိသွားသည်။

"ခွင်းလွင်နယ်မြေမှာ ဒီလို နက်နဲတဲ့ မဟာနတ်ဘုရားစွမ်းအားတွေ ဘယ်လိုလုပ် ရှိနေတာလဲ? သူ ဘယ်ကနေ သင်ယူခဲ့တာလဲ? ဒါမှမဟုတ် သူကိုယ်တိုင် ဖန်တီးခဲ့တာလား?" ဟုန်ချန်ယဲ့ မှင်တက်သွားပြီး တီးတိုးရေရွတ်နေသည်။

သူသည် စစ်မှန်သောမသေမျိုးတစ်ပါးအဖြစ် ကမ္ဘာကြီးကို နှံ့နှံ့စပ်စပ် ကျင်လည်ကျက်စားခဲ့ဖူးပါသော်ငြား ဒီလူ့နောက်လိုက်မိပြီးကတည်းက တောသားတစ်ယောက်လို ခံစားနေရသည်။

ထိုအချိန်တွင်။

မရေမတွက်နိုင်သော ထိတ်လန့်တုန်လှုပ်နေသည့် လူအများအပြား၏ မျက်လုံးထဲတွင်။

ပုံရိပ်သုံးခုသည် လေဟာနယ်၌ ဘေးချင်းယှဉ်ကာ ရပ်နေကြသည်။ ဘယ်ဘက်မှ ယဲ့ကျွင်းလင်က ကောင်းကင်သင်္ချိုင်းခေါင်းတလားကို ပခုံးပေါ်တင်ထားပြီး သူ၏ဟန်ပန်မှာ မောက်မာလှသည်။ ညာဘက်မှ ယဲ့ကျွင်းလင်က သက်ရှည်ပလွေကို လက်ထဲကိုင်ထားပြီး သူ့ပါးစပ်တွင် အသာတေ့ထားရာ သူ၏အသွင်အပြင်မှာ စွန့်ပစ်ခံနတ်ဘုရားတစ်ပါးကဲ့သို့ အသွင်ရ၏။

အလယ်မှ ယဲ့ကျွင်းလင်က မရဏဓားရှည်ကို လက်ထဲစွဲကိုင်ပြီး ရှေ့သို့ ညွှန်ပြလိုက်ကာ နှုတ်ခမ်းထောင့်တွင် ရွှတ်နောက်နောက်အပြုံးတစ်ခုပေါ်လာသည်။

"ဆက်တိုက်!"

All Chapters