ထင်မှတ်မထားသော ကံဆိုးမှု
Vol. 14 Ch. 195
ယဲ့ကျွင်းလင် ခေါင်းခါလိုက်ပြီး ကောင်းကင်မရဏဓားကို သိမ်းလိုက်သည်။
တစ်ချိန်တည်းမှာပင် သူ လက်ဖျောက်တစ်ချက်တီးလိုက်ရာ ကျန်ပုံတူနှစ်ခုလည်း ပျောက်ကွယ်သွားသည်။
"ပြီးပြီ၊ ပွဲပြီးပြီ!" ယဲ့ကျွင်းလင်က ခပ်ပေါ့ပေါ့ပင်ပြောလိုက်ပြီး ထွက်သွားရန် လှည့်လိုက်သည်။
"ဒါဆို... မင်းတို့က ငါတို့ကို ဒီအတိုင်း လွှတ်ပေးလိုက်တော့မှာလား?" အကြီးအကဲနဂါးဆင် အလွန်အံ့ဩသွားရသည်။ ရလဒ်က သူမျှော်လင့်ထားတာနှင့် လုံးဝ ကွာခြားနေသည်လေ။
"ဒကာယဲ့၊ ဘာကြောင့်ဒီလိုလုပ်တာလဲ...?" အကြီးအဲကစင်ကြယ် အံ့ဩစွာ မေးလိုက်သည်။
ယဲ့ကျွင်းလင်က သူ့တင်ပါးကို ကုတ်ရင်း လမ်းလျှောက်ကာ ဆို၏။ "ဘာလို့ ဒီလောက် ခံစားနေကြတာလဲ? ကျုပ် ကိုးနှစ်တာ မသင်မနေရ ပညာရေးကို သင်ခဲ့ဖူးပါတယ်၊ ကျုပ်က အကြီးတန်း ပညာတတ်တစ်ယောက်ပါ။ မှားတာမှန်တာ ခွဲခြားသိမြင်နိုင်တဲ့ အသိဉာဏ် ရှိပါသေးတယ်။"
"ခင်ဗျားတို့က ပြစ်မှုကျူးလွန်သူတွေ မဟုတ်ဘူး၊ ပူးပေါင်းကြံစည်သူတွေတောင် မဟုတ်ဘူး၊ ခင်ဗျားတို့က ဒီကိစ္စထဲကို အကြောင်းမဲ့ ဆွဲခေါ်ခံရတာ။ အခု ခေါင်းပြောင်ကြီးလည်း သေသွားပြီ၊ လေပေါ်ဝိဇ္ဇာကျောင်းလည်း လုပ်ခဲ့တဲ့မကောင်းမှုတွေကို ပေးဆပ်လိုက်ပြီဆိုတော့ ကျန်တဲ့ကိစ္စတွေကိုတော့ ကိုယ့်ဘာသာကြည့်ရှင်းလိုက်ကြပေါ့။"
"ဒါဆို အားလုံးပဲ ဘိုင့်ဘိုင်။"
ယဲ့ကျွင်းလင်၏ စကားကြောင့် သူတို့အားလုံး မှင်တက်သွားရ၏။
ကိုးနှစ်တာ မသင်မနေရ ပညာရေးနှင့် အကြီးတန်း ပညာတတ်ဆိုသည့် အစပိုင်းစကားတွေကို သိပ်နားမလည်တာကလွဲလို့ နောက်ပိုင်းစကားတွေ၏ အဓိပ္ပာယ်ကိုတော့ သူတို့ နားလည်ခဲ့ကြပါသည်။ အတိုချုပ်ပြောရလျှင် ဒီလူက သူတို့အပေါ် အငြှိုးအတေးမရှိပေ။ ပြစ်မှုကို ပြစ်မှုကျူးလွန်သူကသာ တာဝန်ယူရမည် ဆိုသော ခံယူချက်တစ်ခုရှိသည်။
အခု ရွှီယွင် သေသွားပြီ၊ လေပေါ်ဝိဇ္ဇာကျောင်းလည်း ကြီးမားတဲ့ ဆုံးရှုံးမှုနဲ့ ကြုံတွေ့ခဲ့ရပြီဆိုတော့ ဒါကို အပြစ်ဒဏ်တစ်ခုလို့ သတ်မှတ်လို့ရပြီလေ!
ဝင့်ကြွားစွာ လှည့်ထွက်သွားသောပုံရိပ်ကိုကြည့်ရင်း အကြီးအကဲနဂါးဆင်နှင့် အကြီးအကဲစင်ကြယ်တို့မှာ လက်အုပ်ချီကာ နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရပြီး သက်ပြင်းချလျက် ဆိုလိုက်ကြသည်။ "အော်မီထော်ဖော၊ ဒကာယဲ့ဟာ ဆင်ခြင်တုံတရားနဲ့ အရာရာကိုဆုံးဖြတ်ပေတယ်၊ ချီးကျူးမိပါတယ်လေ"
ပုရှောင်ရှီးက သူမ၏ ခြေတိုလေးတွေနှင့် ယဲ့ကျွင်းလင်နောက်ကို အပြေးအလွှားလိုက်ရင်း ပြောလိုက်သည်။ "ဆရာသခင်၊ ရှုရှုကိုစောင့်ပါဦး!"
အစောကတည်းက တိုက်ရခိုက်ရတာ မကြိုက်သောသူဖြစ်တာကြောင့် ယခုထွက်ခွာမည့်အချိန်တွင် ပုရှောင်ရှီး အလွန်ပျော်နေသည်။
မဟာမှိုဘုရင်လည်း ဒုက္ခခံနေရာမှ လွတ်ငြိမ်းချမ်းသာခွင့်ရသွားသလို ခံစားလိုက်ရပြီး နောက်ကနေ တရွတ်တိုက် လိုက်ပါလာသည်။
"ဒီလောက်နဲ့ပဲ ပြီးသွားတာလား?" ဟုန်ချန်ယဲ့၏ မျက်လုံးထောင့်ကြွက်သွားများ တဆတ်ဆတ်တုန်ယင်သွားပြီး သိပ်မကျေနပ်သေးသလို ခံစားနေရ၏။
သူ့ပုံမှန်ဟန်အတိုင်းဆိုလျှင် လေပေါ်ဝိဇ္ဇာကျောင်းတစ်ခုလုံးကို အမြစ်ဖြတ်ပစ်မည်သာ။ လူသူတော်တွေ ဝိဇ္ဇာသူတော်တွေမချန် အကုန်သတ်ပြီး ကျမ်းဂန်တွေကိုပါ မီးရှို့ပစ်ဦးမှာ။ မှားတာမှန်တာထက် လူသတ်ပွဲကျင်းပရဖို့ကိုပဲ အမြဲဦးစားပေးတတ်သော နတ်ဆိုးဂိုဏ်းချုပ်ပါလေ!
ချွင်၊ လီဝူကျယ်ကတော့ တစ်ခွန်းမှအထွန့်မတက်ဘဲ ဓားရှည်ကို ပြတ်ပြတ်သားသားပင် ဓားအိမ်ထဲ ပြန်ထည့်လိုက်သည်။ ဆရာသခင်၏အမိန့်အတိုင်း တသွေမတိမ်း လိုက်နာလျက်။
"အစ်ကိုကြီးဟုန်၊ သွားကြရအောင်ပါ၊ ဆရာသခင် စိတ်ညစ်အောင်မလုပ်ပါနဲ့" လီဝူကျယ်က ကောင်းစေလိုစိတ်ဖြင့် သတိပေးလိုက်သည်။
"ဟမ့် မင်းကများ ငါ့ကို သင်ပေးဖို့လိုတယ် ထင်နေတာလား? ကိုယ့်ကိုယ်ကိုယ် အရင် ပြန်ကြည့်လိုက်ပါဦး!" ဟုန်ချန်ယဲ့ မျက်လုံးလှန်ပြပြီး လက်ပိုက်လျက် သူ့ဘေးကနေ ဖြတ်လျှောက်သွားသည်။
လီဝူကျယ် ပခုံးတွန့်ပြီးသာ လိုက်သွားလိုက်၏။
အတူတူ အချိန်တစ်ခုထိ ကုန်ဆုံးပြီးနောက် ဆရာတူအစ်ကိုကြီး၏ ထူးဆန်းသောအမူအကျင့်ကို သူကျင့်သားရနေခဲ့လေပြီ။ ဆရာတူညီလေး ညီမလေးတွေအပေါ် သိပ်မဖော်ရွေသော်ငြား ဆရာသခင့်ရှေ့ရောက်လျှင်တော့ စိတ်သဘောထားက ၁၈၀ ဒီဂရီ ပြောင်းလဲသွားတတ်သည်။
ဒါဟာ ဆရာနဲ့တပည့်ကြားက နက်ရှိုင်းတဲ့ ဆက်ဆံရေး ဖြစ်နိုင်တယ်။
"အားခွင်း!"
ယဲ့ကျွင်းလင် အော်ခေါ်လိုက်ပေမဲ့ ဘာအသံမှ မကြားရ။
အနီးကပ် သွားကြည့်လိုက်သော်။
တစ်ချက်မျှ အဖိခံလိုက်ရသော အားခွင်းမှာ ဘယ်အချိန်ကဘယ်လို အိပ်ပျော်သွားမှန်းမသိ။ သူ့အပေါ် ဖိထားသည့် လက်ငါးချောင်းတောင်ကြီး ပျောက်ကွယ်သွားတာကိုတောင် သတိထားမိဟန်မတူ။
"ဆရာသခင်၊ ခွင်းခွင်းက အရမ်းနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာပဲ" ပုရှောင်ရှီးက ချစ်စနိုးဖြင့် ပြောလိုက်သည်။
ယဲ့ကျွင်းလင် ဆွံ့အသွားရ၏။
ဒီအသက်အရွယ်တောင်ရောက်နေပြီ၊ တွေ့ကရာနေရာမှာ အိပ်ပျော်နေတုန်းပဲလား?
"အားခွင်း!!"
ယဲ့ကျွင်းလင် နောက်တစ်ကြိမ် ထပ်အော်လိုက်ရာ သူ့အသံက ကောင်းကင်ကို တုန်လှုပ်စေတော့မတတ်။
ခွင်းဖန်း၏ အိပ်မက်လှလှလေးများ လွင့်စင်သွားပြီး အလန့်တကြားဖြင့် တောင်ပံကိုခတ်လိုက်ရာ သဲတွေ၊ ကျောက်တုံးတွေ လွင့်စင်လာကာ လေပြင်းတွေ တိုက်ခတ်လာသည်။
တော်တော်ဉာဏ်ကောင်းတဲ့ကောင်၊ သူကများ လန့်ရတာနဲ့ စိတ်တိုရတာနဲ့!
သို့ပေမဲ့ ခေါ်နေသူမှာ ဆရာသခင်မှန်းသိလိုက်ရသောကြောင့် ခွင်းဖန်း ချက်ချင်း သတိပြန်ဝင်လာပြီး တိတ်ဆိတ်သွားကာ အပြစ်ရှိသလို ခံစားချက်နှင့် ယဲ့ကျွင်းလင်၏ လက်မောင်းကို ခေါင်းကြီးဖြင့် လာရောက်ပွတ်သပ်လိုက်သည်။
"ဟုတ်ပြီ၊ ဟုတ်ပြီ၊ မင်းဘာပြောချင်လဲ သိပြီ၊ နောက်တစ်ကြိမ် ဂရုစိုက်" ယဲ့ကျွင်းလင် ဒေါသတကြီး ဆူလိုက်သည်။
ထို့နောက် သူတို့အဖွဲ့ ခွင်းဖန်း၏ နောက်ကျောပေါ်ကို တက်လိုက်ကြသည်။ ခွင်းဖန်း ပျော်ရွှင်စွာ အကြိမ်အနည်းငယ် အော်ဟစ်လိုက်ပြီး သူ့ခန္ဓာကိုယ်က မူလအရွယ်အစားကို ပြန်ရောက်ကာ ကောင်းကင်နှင့်နေမင်းကို ဖုံးအုပ်လိုက်ပြီး မိုးမြင့်ထက်က အနက်ရှိုင်းဆုံး တစ်နေရာသို့ ပျံသန်းပျောက်ကွယ်သွားလေသည်။
ထိုအချိန်မှာ။
အပြင်လောကက ဖန်ထို့တောင်ပေါ်က အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြသည်။
တောင်ပေါ်က တိုက်ပွဲက အရမ်းကြောက်မက်ဖွယ်ကောင်းတာကြောင့် ထွက်ပေါ်လာသော စွမ်းအင်စီးဆင်းမှု လေဟာနယ်ထဲတွင် တဖောင်းဖောင်းပေါက်ကွဲလျက်ရှိကာ လူအများအပြား ချဉ်းကပ်ဖို့ ကြောက်ရွံ့စွာဖြင့် အဝေးကသာ စောင့်ကြည့်နိုင်ခဲ့တော့၏။
"ကြည့်စမ်း၊ အဲဒါ ဘာကြီးလဲ?!"
"ဟိတ်၊ အဲဒါ ဘေးဒုက္ခကျော်လွှားခြင်းဆင့် စီးတော်ယာဥ်ပဲ၊ ရန်သူခေါင်းဆောင် လုပ်စရာပြီးသွားလို့ ထွက်လာပြီထင်တယ်!"
"ဒါဆို တိုက်ပွဲပြီးပြီလား?"
"ကျွန်တော် အစိုးရိမ်ဆုံးက လေပေါ်ဝိဇ္ဇာကျောင်း ပျက်စီးသွားမှာကိုပဲ"
အခန်း (၁၉၆)
ကျင့်ထူပြည်ထောင်မှ အင်အားစုအသီးသီးက အချင်းချင်းဆွေးနွေးနေကြသည်။
မရေမတွက်နိုင်သော နတ်ဘုရားအာရုံများ ဖန်ထို့တောင်အပြင်ဘက်တွင် ရစ်ဝဲအာရုံခံနေကြသော်ငြား အထဲထိဝင်ဖို့တော့ မရဲလှပေ။
ဒီအချိန်က အထိမခံနိုင်ဆုံးသောအချိန်ဟု ဆိုရမည်။ လေပေါ်ဝိဇ္ဇာကျောင်းသာ အကောင်းအတိုင်းရှိနေသေးလျှင် သူတို့၏လုပ်ရပ်တိုင်းက ရန်စခြင်းဟု အထင်မှားခံရနိုင်ခြေရှိသည်။
ဒီနှစ်တွေအတွင်း လေပေါ်ဝိဇ္ဇာကျောင်းဟာ သူ၏လက်ရှိအနေအထားတွင် တည်မြဲနေခဲ့သည်ပင်။ ကျင့်ထူပြည်ထောင်ဟာ မင်းဆက်အပြောင်းအလဲ အကြိမ်ရေများစွာကို ကြုံတွေ့ခဲ့ရပေမဲ့ ဆက်ခံရသော ရှင်ဘုရင်အဆက်ဆက်ဟာ လေပေါ်ဝိဇ္ဇာကျောင်းကို မပြောင်းမလဲ လေးစားကိုးကွယ်ခဲ့ကြ၏။
သြဇာလွှမ်းမိုးမှုက ဤမျှကြီးမားပေသည်။
ထို့ကြောင့် အပြည့်အဝမသေချာသရွေ့ ကျင့်ထူအင်အားစုများဟာ ဘာတစ်ခုကိုမှ လက်မလွန်ရဲကြပေ။ မြင့်မြတ်သောဝိဇ္ဇာမြေကို သူတို့ လက်ဖျားနှင့်တောင့် ထိတွေ့စော်ကားမိလို့မဖြစ်။
ဖန်ထို့တောင်ပေါ်တွင်။
လူသူတော်များမှာ စိတ်အင်အားကိုစုစည်းကာ လေးလံနေသောနှလုံးသားများဖြင့် စစ်မြေပြင်ကို ရှင်းလင်းနေကြသည်။
ဤတိုက်ပွဲတွင် ရောင်းရင်းများစွာကို ဆုံးရှုံးခဲ့ရကာ ကျောင်းတော်လည်း တော်တော်ထိခိုက်နစ်နာခဲ့ရ၏။ ကျောင်းတော်တည်ထောင်စဥ်ကတည်းက ကြုံတွေ့ဖူးသမျှထဲ အကြီးမားဆုံးသော သက်ရောက်မှုပါပင်။
သို့သော် လုပ်ခဲ့သည့်အမှားကြောင့် ပြန်ခံရသည်ဖြစ်ရာ သူတို့ မကျေနပ်မှုတစ်စုံတစ်ရာ မရှိကြတော့ပါ။
"အားလုံးပဲ၊ ဝိဇ္ဇာသူတော် ကွယ်လွန်သွားပေမဲ့ အကြီးအကဲနဂါးဆင် နဲ့ အကြီးအကဲစင်ကြယ် ရှိနေသရွေ့ ကျွန်တော်တို့ လေပေါ်ဝိဇ္ဇာကျောင်းဟာ ဂုဏ်ကျက်သရေကို ပြန်လည်ရရှိနိုင်မယ်လို့ ယုံကြည်ပါတယ်" အကြီးအကဲတစ်ဦးက တပည့်များကို နှစ်သိမ့်ရန် ပြောလိုက်သည်။
သို့သော် လေထုမှာ ထိုင်းမှိုင်းလျက် အလွန် စိတ်လက်ညစ်ညူးဖွယ်ပင်။
တရားပွဲပျက်စီးသွားပြီးနောက် အတွင်းရေးတွေ မကြာခင် ပျံ့နှံ့သွားမှာ၊ လေပေါ်ဝိဇ္ဇာကျောင်း၏ ဂုဏ်သိက္ခာ လုံးဝ ပျက်စီးသွားမှာ၊ ပြီးတော့ မြင့်မြတ်သောဝိဇ္ဇာမြေဟူသော နာမည်ပုဒ်ကြီးကိုလည်း ဖယ်ရှားခံရတော့မည်ဆိုတာ အားလုံးသိထားကြပါသည်။
ဂုဏ်ကျက်သရေ ပြန်လည်ရရှိဖို့လား? ဒါကို လွယ်တဲ့ကိစ္စများထင်နေလား?!
အကြီးအကဲနဂါးဆင် သက်ပြင်းချလိုက်သည်။ "အခုတော့၊ ကျွန်တော်တို့ လုပ်စရာတွေအများကြီး ရှိနေပါတယ်"
"ဒီခါးသီးတဲ့အဖြစ်အပျက်ကြီးကို ကျွန်တော်တို့ ရအောင်ချေဖျက်ကြရမှာပေါ့" အကြီးအကဲစင်ကြယ် ခါးသက်သက်ပြောလိုက်သည်။ "တကယ်တော့ လေပေါ်ဝိဇ္ဇာကျောင်းရဲ့ ဒီနေ့အခြေအနေအတွက် ကျွန်တော်တို့မှာလည်း တာဝန်ရှိတယ်။ ဒီအကြောင်းတွေကိုသာ စောစောသိခဲ့ရင် ဒီလိုပစ်ထားခဲ့ပြီ သီးသန့်ကျင့်ကြံနေခဲ့မှာမဟုတ်ပါဘူး"
"အေး၊ အခုမှတော့ ဘာထူးတော့မှာလဲလေ!" အကြီးအကဲနဂါးဆင်က ခေါင်းခါလိုက်ပြီး ရုတ်တရက် တစ်ခုခုကို အာရုံခံလိုက်မိဟန်တူကာ သူ့မျက်ခုံးများ တဆတ်ဆတ်တုန်သွားပြီး ပြင်းထန်သော အန္တရာယ်ခံစားမှုက သူ့နှလုံးသားကို ဖုံးလွှမ်းသွားသည်။
"ဘယ်သူလဲ! ထွက်သွားစမ်း!!!" အကြီးအဲကနဂါးဆင် ကြမ်းတမ်းစွာ ဟိန်းဟောက်လိုက်ရာ သူ့အသံမှာ ခြင်္သေ့ဟိန်းသံကဲ့သို့ သြဇာအပြည့်ပါပြီး ဖုန်တလုံးလုံးထသည်အထိ လှုပ်ခတ်စေသည်။
"ဟင်?!" အကြီးအဲကစင်ကြယ်လည်း တစ်ခုခုကို ခံစားမိလိုက်ရပြီး အံ့လည်း အံ့ဩ၊ ဒေါသလည်း ထွက်လာသည်။
ဒီအချိန်မှာ ဖန်ထို့တောင် ထဲကို ခိုးဝင်ရဲတဲ့သူ ရှိသေးတာလား?
ဒါပေမဲ့ လူတစ်ယောက်တည်းလည်း မကပြန်၊ ခံစားမိသော အရှိန်အဝါအရ ဘေးဒုက္ခကျော်လွှားခြင်းအဆင့် ကျင့်ကြံသူ အများအပြားပင် ပါဝင်လာလေသည်။
လေဟာနယ်ထဲမှ လှိုင်းတွန့်တွေ ထွက်ပေါ်လာသည်။
ထို့နောက် ပုံရိပ်တွေ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြသည်။ သူတို့အားလုံး အနက်ရောင်ဝတ်ရုံတွေ ဝတ်ဆင်ထားပြီး ဦးထုတ်အနားသတ်ဖြင့် ဖုံးအုပ်ထားသောကြောင့် မျက်နှာတွေကို ကောင်းကောင်းမမြင်နိုင်။
"ဟဲဟဲ၊ တစ်ချိန်က အရှေ့ပိုင်းစီရင်စုကို တုန်လှုပ်စေခဲ့တဲ့ လေပေါ်ဝိဇ္ဇာကျောင်းရဲ့ သူတော်စင်သုံးဦး က အခု မင်းတို့နှစ်ယောက်ပဲ ကျန်တော့တာ၊ ဒါဟာ ကံကြမ္မာရဲ့ အလိုအရပဲ" ဦးဆောင်လာသော သတ်လတ်ပိုင်းအရွယ် အနက်ရောင်ဝတ်ရုံနှင့်လူက လက်တွေကို အနောက်ပစ်လျက် လျှောက်လာသည်။ အသံမှာ နူးညံ့ပြီး ဆွဲငင်ဓာတ်တစ်မျိုးဖြင့်။
"ကံဆိုးလိုက်တာ၊ ချောင်ပုန်းနေတဲ့ ဒီကြွက်တွေ ဘယ်ကပေါ်လာပြီး လေပေါ်ဝိဇ္ဇာကျောင်းမှာ ရိုင်းစိုင်းရဲနေတာလဲ!" အကြီးအကဲနဂါးဆင်က အရှိန်အဝါအပြည့်ဖြင့် ကြိမ်းမောင်းကာ နတ်ဆိုးနှိမ်နင်းလှံတံကို မြေပြင်ပေါ်ကို ဗုန်းကနဲ ရိုက်ချလိုက်သည်။ ရင်ဘတ်ကို ကော့ပြီး ရှေ့ကို စူးစူးစိုက်စိုက် စိုက်ကြည့်နေပေမဲ့ သူ့နှလုံးသားက လျှို့ဝှက်စွာ ပူပင်နေရသည်။
ဒီအချိန်မှာ သူ့ရဲ့ စွမ်းအားအခြေအနေက အောက်ဆုံးအဆင့်ကို ရောက်နေပြီ၊ ရန်သူကို ရင်ဆိုင်ဖို့ ဘယ်လိုများ အားရှိတော့မှာလဲ?
သူ မာန်တင်းခြိမ်းခြောက်ရုံပဲ တတ်နိုင်တော့မည်။
"ဆရာနဂါးဆင်၊ ခင်ဗျားရဲ့ စိတ်ထားက အရင်လို ရိုင်းစိုင်းနေတုန်းပဲ၊ မသေမျိုးဂိုဏ်းကြီးဆယ်ခု အရှေ့ပိုင်းစီရင်စုမှာ အဆင့်မြင့်အစည်းအဝေး ကျင်းပတုန်းက ခင်ဗျားက အတော်လေးစကားကြွယ်ခဲ့တာပေါ့၊ အခု ပြန်စဉ်းစားကြည့်တော့ ကမ္ဘာကြီးက ပြောင်းလဲသွားပြီ၊ အရာအားလုံးက အရင်ကနဲ့ မတူတော့ဘူး" အနက်ရောင်ဝတ်ရုံဝတ် ထိုလူက ခံစားတသနေဟန်ဖြင့် ပြောလာသည်။
"မင်း၊ မင်း တကယ်ပဲ ဘယ်သူလဲ?!" အကြီးအဲကနဂါးဆင်၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားရ၏။
အဲ့ဒီတုန်းကသူ့ကို မြင်ဖူးခဲ့မှတော့ တစ်ဖက်လူကလည်း မသေမျိုးဂိုဏ်းတစ်ဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ဦးဖြစ်ရပေမည်။
အနက်ရောင်ဝတ်ရုံနှင့်လူက လှောင်ပြောင်လိုက်ပြီး လက်တစ်ဖက်ဖြင့် သင်္ကေတတစ်ခု ဖန်တီးလိုက်ရာ ကြီးမားသော မီးခိုးရောင် ကုလားကာကြီးတစ်ခုက လေပေါ်ဝိဇ္ဇာကျောင်းကို လွှမ်းခြုံသွားသည်။
နောက်တစ်စက္ကန့်မှာ သူ့နောက်က အနက်ရောင်ဝတ်ရုံဝတ်ထားတဲ့ လူတွေက ချက်ချင်း လှုပ်ရှားပြီး ကျန်ရှိနေတဲ့ ဘုန်းကြီးတွေဆီကို ခုန်ဝင်သွားကြသည်။
ပြင်းထန်တဲ့ သတ်ဖြတ်လိုစိတ် (killing intent) က နေရာလွတ်တိုင်းကို လွှမ်းခြုံသွားသည်။
"ရပ်စမ်း!" အကြီးအကဲနဂါးဆင်နှင့် အကြီးအကဲစင်ကြယ်တို့က ကြားဖြတ်တားဆီးချင်ကြပေမဲ့ တစ်ဖက်လူ ထုတ်လွှတ်လိုက်သော စွမ်းအားဖြင့် ဖိနှိပ်ခံလိုက်ရပြီး မြေပြင်ပေါ်မှာ ဒူးထောက်ချလိုက်ရကာ သည်းမခံနိုင်သော အရှက်ရမှုကြောင့် အံတင်းတင်းကြိတ်လိုက်ကြရ၏။
အခုတော့ သူတို့မှာ ခုခံဖို့ ခွန်အားမရှိတော့ပေ။
လည်စင်းပေးဖို့သာ ကျန်တော့သည်။
ဖန်ထို့တောင် တစ်ခုလုံးမှာ အော်ဟစ်သံတွေ ညည်းတွားသံတွေ ပြည့်နှက်နေပေမဲ့ ဒီမီးခိုးရောင် ကုလားကာ၏ ကန့်သတ်မှုအောက်တွင် အပြင်လောကမှ ဘာတစ်ခုမှကြားရလိမ့်မည်မဟုတ်။
"အား..." လေပေါ်ဝိဇ္ဇာကျောင်း၏ ကျန်ရှိသော အကြီးအကဲများနှင့် တပည့်သူတော်များမှာ အနက်ရောင်ဝတ်ရုံဝတ်လူတစ်စုထံမှ ရက်ရက်စက်စက် သတ်ဖြတ်ခံနေရလေပြီ။
သွေးစီးကြောင်းများက မြေပြင်တစ်ခုကို နီရဲစေပြီး မြင်ကွင်းက ငရဲကျနေသလိုပါပဲ။
"မင်းတို့ ဘယ်သူတွေလဲ? ဘာလို့ ဒီလိုလုပ်ချင်တာလဲ? ငါတို့ရဲ့ လေပေါ်ဝိဇ္ဇာကျောင်း က မင်းတို့ကို ဘယ်နေရာမှာများ စော်ကားမိလို့လဲ?!" အကြီးအကဲနဂါးဆင် နဲ့ အကြီးအကဲစင်ကြယ် ဝမ်းနည်းဒေါသထွက်စွာ မေးလိုက်ကြသည်။
ထို ခေါင်းဆောင်က ခေါင်းခါလိုက်သည်။ "မဟုတ်ဘူး၊ ကျွန်တော်တို့က မဟာမိတ်တွေတောင် ဖြစ်တယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ နောက်လာမယ့် အစီအစဉ်အတွက် မင်းတို့ရဲ့ လေပေါ်ဝိဇ္ဇာကျောင်း က အရမ်း အနှောင့်အယှက်ဖြစ်နေတယ်လေ၊ ဒါကြောင့် ဒီနေ့ကိုအခွင့်အရေးယူပြီး ဖယ်ရှားပစ်ရတာပဲ"။
"မဟာမိတ်၊ မဟာမိတ်?!"
နှစ်ဦးစလုံး မိုးကြိုးပစ်ခံရသလို ခံစားလိုက်ရပြီး သူတို့၏ဦးနှောက်များကို အမြန်အလုပ်ပေးလိုက်သော် လေပေါ်ဝိဇ္ဇာကျောင်းနှင့် မဟာမိတ်ဖွဲ့နိုင်သူက တစ်ဦးသာရှိသည်။
"မင်း၊ မင်းက..."
အသံက ရုတ်တရက် ရပ်တန့်သွားသည်။
ထိုအနက်ရောင်ဝတ်ရုံဝတ် ခေါင်းဆောင်က လျှပ်တပြက် အနားရောက်လာပြီး လက်နှစ်ဖက်နှင့် သူတို့ရဲ့ လည်ချောင်းတွေကို ဆုပ်ကိုင်လိုက်ကာ ဦးထုပ်အနားအောက်မှာ နှုတ်ခမ်းထောင့်တွေက အေးစက်စက် အပြုံးတစ်ခုကို ဖော်ပြနေသည်။ "မင်းတို့နှစ်ယောက်၊ အဲ့ဒီ ထင်တစ်လုံးနဲ့မာန်တက်နေတဲ့ အဘိုးကြီးနောက် လိုက်သွားကြပေတော့"။
ဗုန်း~!!
ကျယ်ပြန့်သော ပင်လယ်ကြီးလို မှော်စွမ်းအင်စီးကြောင်းက ရုတ်တရက် စီးဆင်းလာသည်။
အကြီးအဲကနဂါးဆင်နှင့် အကြီးအဲကစင်ကြယ်တို့မှာ ငွေရောင်အလင်းတန်းတစ်ခုဖြင့် ဖုံးအုပ်ခံလိုက်ရပြီး သူတို့မျက်နှာတွေက နာကျင်မှုကိုဖော်ပြနေကာ မျက်လုံးတွေက မျှော်လင့်ချက်မဲ့မှုတွေ ပြည့်နှက်နေပြီး တစ်ကိုယ်လုံး ဒဏ်ရာအပြည့်ဖြင့် သွေးများဒလဟောပန်းထွက်လာသည်။
ဘန်!
ကျယ်လောင်လှသော အသံကြီးတစ်ခုနှင့်အတူ။
နှစ်ဦးစလုံး ပေါက်ကွဲပျက်စီးသွားပြီး ကမ္ဘာပေါ်ကနေ လုံးဝ ပျောက်ကွယ်သွားကြသည်။
အနက်ရောင်ဝတ်ရုံဝတ် ခေါင်းဆောင်က သူ့လက်ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်လိုက်ရာ ရွှီယွင်၏ ကျန်ရစ်ခဲ့သော မပြည့်မစုံဓာတ်တော်က သူ့လက်ထဲပေါ်ပေါက်လာသည်။
"မင်းသာ ဒီမှာ ရှိနေသေးရင် မင်းကိုတော့ ငါနဲ့အတူဆွဲခေါ်ဖို့ စဉ်းစားမိမှာပဲ၊ ဒါပေမဲ့ ကံမကောင်းစွာပဲ မင်းက အရင်သေသွားခဲ့တာကိုး။ ကျန်နှစ်ယောက်ကတော့ ဒီအစီအစဉ်ကို တားဆီးမှာ သေချာတယ်၊ ဒါကြောင့် ဟဲဟဲ..."
သူ့လက်ဖဝါးကို ဆုပ်ကိုင်လိုက်ပြီး ပြန်လွှတ်လိုက်သောအခါ လက်ဖဝါးထဲက ဓာတ်တော်ဟာ အမှုန့်ဖြစ်သွားပြီး လေထဲမှာ ပျံ့လွင့်သွားခဲ့ပြီ။
သတ်ဖြတ်ပွဲကား ဆက်လက်ဖြစ်ပွားနေသည်။
အချိန်အတော်ကြာပြီးနောက် လေပေါ်ဝိဇ္ဇာကျောင်းတွင် သက်ရှိတစ်ဦးမျှ မကျန်ရှိခဲ့တော့ပေ။
သွေးစီးကြောင်းတွေက မြစ်လို စီးဆင်းနေပြီး သွေးနံ့က ပြင်းပြင်းထန်ထန် လှိုင်ထွက်နေသည်။
သူ့ရှေ့က အသက်ကင်းမဲ့နေသော ရှေးဟောင်းဝိဇ္ဇာကျောင်းကြီးကို ကြည့်ရင်း အနက်ရောင်ဝတ်ရုံဝတ်ခေါင်းဆောင်က လက်နှစ်ဖက်ကိုနောက်ပစ်ကာ အေးစက်စွာ ပြောလိုက်သည်။ "ဒီနေ့ကစပြီး အရှေ့ပိုင်းစီရင်စု မှာ လေပေါ်ဝိဇ္ဇာကျောင်းဆိုတဲ့ မြင့်မြတ်သောဝိဇ္ဇာမြေဆိုတဲ့ နာမ ရှိတော့မှာ မဟုတ်ဘူး"။
"ဂိုဏ်း..." သူ့နောက်က လက်အောက်ငယ်သားတစ်ဦးက တစ်ခုခုပြောချင်ပေမဲ့ ခေါင်းဆောင်၏ စူးရှသောအကြည့်ကြောင့် ကြောက်လန့်သွားကာ ချက်ချင်း စကားကို ပြောင်းလိုက်သည်။ "သခင်၊ ကျွန်တော်တို့ အခု ကျင့်ထူပြည်ထောင်ဘက်ကို သွားပြီး လှုပ်ရှားသင့်ပြီလား?"
ခေါင်းဆောင်က မျက်နှာအမူအရာကင်းမဲ့စွာဖြင့် ပြောလာသည်။ "မစိုးရိမ်ပါနဲ့၊ အဖွဲ့တစ်ဖွဲ့က သွားနှင့်ပြီးသား၊ ကျင့်ထူပြည်ထောင်က အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းပဲ၊ အဲဒါကို မဖြစ်မနေ သိမ်းပိုက်ရမယ်!"
ပြောရင်းဆိုရင်း သူ ခေါင်းမော့ပြီး ကောင်းကင်ကို ကြည့်လိုက်ရာ သူ့မျက်လုံးတွေက မှောင်မိုက်ပြီး မှုန်မှိုင်းနေသော်ငြား လေသံက အဓိပ္ပာယ်ပြည့်ဝနေသည်။
"ခွင်းလွင်မြေက မကြာခင် ပျက်စီးတော့မှာ သေချာတယ်၊ အရှေ့ပိုင်းစီရင်စုရဲ့ ပျက်သုဥ်းမှုက အစပဲရှိသေးတယ်။ ဘိုးဘေးများပြောခဲ့တဲ့စကားဆိုတာ တကယ်မှန်တာပဲ။ လမ်းကြောင်းအတိုင်း အလိုက်သင့်နေနိုင်မှ ရှင်သန်နိုင်ချေရှိမယ်လေ၊ ဒီအတိုင်းဆို ကျွန်တော်တို့ရဲ့၊ ပြီးတော့ ပိုပြီး ကြီးပွားတိုးတက်နိုင်ဦးမှာပဲ!"
"ဒါကြောင့် အားလုံးက ဖြစ်သင့်တဲ့ကိစ္စတွေပဲ"
စာစဉ်ပြီး၏